Chapter 280

1.1K 151 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (280) နတ်ဆိုးဘုရင် ပြန်လည်ထွက်ပေါ်လာခြင်း

လမ်းကြားအပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ မဟူရာ ဧကရာဇ်နှင့် သူ့လူများ အလွန် မှင်တက်သွားကြသည်။

"မဖြစ်နိုင်ဘူး … သူ့မှာ ကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် သုံးယောက်တောင် ရှိပြီးနေပြီလေ … အဲ့ခွေးမသားလေးမှာ နောက်ထပ် ဒဏ္ဍာရီလာအဆင့် အစေခံ နောက်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မယုံဘူးကွာ"

မဟူရာ ဧကရာဇ်သည် မျက်ခုံးတလှုပ်လှုပ်နှင့် ရေရွတ်လိုက်မိသည်။

ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိသွားသည့် လူနှစ်ယောက်က ယဲ့ဖန်၏ အစေခံ ဖြစ်နေသည်။ ထို့ပြင် အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်ကလည်း သူ့အစေခံ ဖြစ်နေသေးသည်။

ဤလူများ ထွက်ပေါ်လာခြင်းက မဟူရာ ဧကရာဇ်အား အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ အကယ်၍များ နောက်ထပ် ကြောက်စရာကောင်းသော  ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ရှိနေဦးမည်ဆိုပါက မဟူရာ ဧကရာဇ် သေချာပေါက် ကြောက်လန့်သွားလိမ့်မည်။

သူ့ဘေးမှ မရဏ အစေခံ ခုနစ်ယောက်လုံးသည် အသစ်ကြားလာရသော ခြေသံများကြောင့် အလွန် ရင်လေးလာကြသည်။ ထို့အပြင် သူတို့နဖူးမှ ချွေးတဒီးဒီးကျနေကြသည်။

မြေအောက်သခင်သည် သူ့နှလုံးသားက အစာအိမ်ထဲ၌ ပတ်ချာလည် လှည့်နေသည်ဟု ခံစားနေရသည်။ ယနေ့သည် မြေအောက်သခင်၏ ဘဝတွင် ထိတ်လန့်ဖွယ် အကောင်းဆုံးနေ့တစ်နေ့ ဖြစ်နေသည်။

သို့သော် ရာနှင့်ချီသော လူများ၏အကြည့်အောက်မှပင် ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်က လမ်းကြားလေးထဲသို့ ဖြည်းညှင်းစွာ ဝင်လာသည်။

ဟောင်းနွမ်း စုတ်ပြတ်နေသော အဝတ်အစားများနှင့် သူမသည် ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ပြီးပုံ ပေါ်သည်။

သူမ၏ လှပသော မျက်နှာသေးသေးလေးက ပေရေလို့နေသည်။ သူမသည် ချစ်စဖွယ်ကောင်းသော သူတောင်းစား အသေးစားလေးနှင့် တူနေ၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now