Chapter 277

1.2K 138 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (277) ဒီတစ္ဆေက ငါ့အပိုင်ပဲ

ကျန်းရှီမြို့တွင် နေဝင်ဆည်းဆာအလင်းက လမ်းမများထက် ထွန်းလင်းလျက် ရှိသည်။ ပျားပန်းခပ်နေသေ လူအုပ်များကြားတွင် အနက်ရောင် ဝတ်စုံနှင့် လူသုံးယောက်က အနည်းငယ်‌ အေးစိမ့်သော ချီဓာတ်ကို ထုတ်လွှင့်ရင်း အေးအေးလူလူ လမ်းလျှောက်နေသည်။

သူတို့ဘေးမှ ဖြတ်သွားသူတိုင်း ကြောက်စိတ်ကြောင့် တုန်ယင်သွားရသည်။

သာမန်လူများသည် ထိုလူသုံးယောက်အား ရေခဲ ပန်းပုရုပ် သုံးရုပ်ဟု ထင်မြင်ပြီး အလွန် ကြောက်လန့်နေကြသည်။

ညီညာသော ခြေလှမ်းများနှင့်အတူ သူတို့သုံးယောက်သည် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးလာသည်။

ထိုစဉ် သူတို့သည် တစ်စုံတစ်ယောက်ကို ရှာဖွေနေဟန်ဖြင့် လမ်းသွားလမ်းလာများအား လိုက်ကြည့်နေသည်။

"အဇူရာ … မဟူရာ ဧကရာဇ် ကျန်းရှီမြို့ကို ရောက်လာပြီဆိုတာ သေချာလား"

အဖွဲ့ကို ဦးဆောင်လာသော လူဖြူ အဘိုးအိုက အနောက်မှ လူမည်း လူငယ်လေးကို မေးလိုက်သည်။ သူ့မျက်နှာသည် အလွန် အိုမင်း ရွတ်တလို့နေပြီး နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့ရပုံပေါ်သည်။  ထို့အပြင် သူသည် အနည်းငယ် မရဏဆန်၍ ဆိုးရွားသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။

သူ့စကားကြောင့် လူမည်း လူငယ်လေးက လေးစားစွာဖြင့် ကိုယ်ကိုကိုင်း၍ ပြန်ဖြေလိုက်သည်။

"ဥက္ကဋ္ဌ … ကျွန်တော်တို့ ရထားတဲ့ နောက်ဆုံသတင်းအရ မဟူရာ ကြက်ခြေခတ်အဖွဲ့က ဟွာရှ ကုန်းတွင်းပိုင်းထဲသို့ ဝင်ရောက်ပြီး လူစုခွဲထားကြပါတယ်"

"မဟူရာ ဧကရာဇ်နဲ့ သူ့ရဲ့ ကျေးကျွန် ခုနစ်ယောက်က အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်ကို ရန်မစချင်တဲ့အတွက် သူတို့က သာမန် ခရီးသွားတွေအဖြစ် ရုပ်ဖျက်ပြီး ကျန်းရှီမြို့ထဲကို အသီးသီး ခိုးဝင်လာတာပါ"

ထိုစဉ် လူမည်း လူငယ်လေးက ဘေးပတ်လည်မှ လူများကို အေးစက်စက် အကြည့်များဖြင့် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now