Chapter 373

984 106 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (373) တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲခြင်း

ဥရောပဒေသရှိ ချောက်နက်တစ်ခု၏ တောင်ဥမင်ထဲရှိ ကျောက်သားစင်မြင့်တစ်ခုပေါ်တွင် သွေးသံတရဲရဲနှင့် အသားဖတ်တစ်ခု ရှိနေသည်ကို မည်သူမျှ မသိကြပေ။
ကောင်းကင်အလင်းသခင်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ ပျက်ဆီးသွားသည်နှင့် ထိုသွေးသံတရဲရဲ အသားဖတ်မှ ပြင်းထန်သော အဖြူရောင် အလင်းတန်းများ ဖြာထွက်လာ၏။
ထို့နောက်တွင် ထိုသွေးသံတရဲရဲနှင့် အသားဖတ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သက်ရှိ လူသားအသွင်သို့ ဖြစ်တည်လာသည်။
ခန္ဓာကိုယ်သည် မသန်မစွမ်း ဖြစ်နေ၏။ ၎င်း၌ ခြေတစ်ဘက်နှင့် လက်တစ်ဘက်သာ ရှိသည်။ ၎င်း၏မျက်နှာတောင်မှ အတော်လေး ဆိုးရွားလို့နေသည်။
“သေစမ်း၊ ဒီအသားဖတ်က အရမ်းသေးလွန်းတယ်။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် မဖွဲ့စည်းနိုင်ဘူး”
၎င်းသည် ကောင်းကင်အလင်းသခင်ပင်။
လွန်ခဲ့သည့် နှစ်ဝက်က နတ်ဘုရားမမြို့တော်တွင် သူသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် အရေးပေါ် အခြေအနေတစ်ခု၌ သူ့ကိုယ်သူ ကယ်တင်နိုင်ရန် ဗျူဟာတစ်ခု တွေးတော့ခဲ့၏။
သူ၏ အစီအစဉ်ကား ဥမင်ထဲ၌ အသားဖတ်တစ်ဖတ် ထားခဲ့ရန် ဖြစ်သည်။
သူ၏ ကိုယ်ပွားက ဖျက်ဆီးခံလိုက်ရချိန်တွင် ထိုအသားဖတ်မှနေ၍ သူ့ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။
သနားစရာကောင်းလောက်အောင် သူ ဆိုးရွားလှသော နည်းလမ်းဖြင့် ထပ်၍ အသတ်ခံလိုက်ရပြန်သည်။
ထို့ကြောင့် ဤကဲ့သို့ သေးငယ်သော အသားဖတ်တစ်ဖတ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ပြန်လည်ဖွဲ့စည်းရန် မစွမ်းဆောင်နိုင်သဖြင့် သူ မသန်မစွမ်း ဖြစ်နေရသည်။
“မျိုးမစစ်ကောင်၊ အခုချိန်ကစပြီး ငါ့မှာ ဒီဆိုးရွားတဲ့ ခန္ဓာကိုယ်ကိုပဲ သုံးရတော့မယ်”
ကောင်းကင်အလင်းသခင်သည် အလွန် မလိုလား၍ ရန်လိုသော မျက်လုံးများနှင့် ကျယ်လောင်စွာ ကျိန်ဆဲလေတော့သည်။
ထိုသို့သောအချိန်တွင် တစ်ကမ္ဘာလုံး၌ နာမည်တစ်လုံးသာ ပျံ့နှံ့လျက် ရှိသည်။
“ယဲ့ဖန်”
“ယဲ့ဖန်”
….
ကမ္ဘာမြေသားများက သူတို့ နတ်ဘုရား၏ နာမည်အား အလွန် ရူးသွပ် လေးစားစွာဖြင့် ဟစ်အော်နေကြသည်။
သူတို့၏ အသံများကို ကြားပြီး ကောင်းကင်အလင်းသခင်က ယဲ့ဖန်ကို အလွန်မုန်းတီးလာသည်။
“ငါက ပါရမီရှင်ကွ။ ငါက မင်းတို့လို နိမ့်ကျတဲ့ ကမ္ဘာမြေသားတွေရဲ့ ကယ်တင်ရှင်ပဲ၊ သောက်ယဲ့ဖန်၊ ငါ မင်းကို သတ်မယ်ကွ”
“ငါက စကြဝဠာထဲမှ အသန်မာဆုံးသူ ဖြစ်လာပြီးရင် တစ်နေ့တော့ မင်းနဲ့ တိုက်ခိုက်မယ်”
ကောင်းကင်အလင်းသခင်သည် အလွန် ရူးသွပ်နေသော မျက်လုံးများနှင့် သန္နိဋ္ဌာန်ချလိုက်ရင်း တောင်ဥမင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။
ဤဥမင်သည် သူ အလင်းတော် လျှို့ဝှက်သိုင်းကျမ်းအား ရှာတွေ့ခဲ့သည့် နေရာဖြစ်သည်။ ဥမင်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ကျောက်သား စင်္ကြံတစ်ခု ရှိသည်။
၎င်းသည် ပျက်စီးနေသော ရှေးဟောင်းနေရာ အရွှေ့အပြောင်း အစီအရင်တစ်ခု ဖြစ်သ်ည။
ထို့နောက် ကောင်းကင်အလင်းသခင်သည် ကျောက်သားစင်္ကြံပေါ်သို့ တက်နင်းလိုက်သည်။ ထို့နောက်တွင်မူ သူသည် ဘေးပတ်လည်မှ မှော်စာလုံးများအား ခပ်မှိန်မှိန် လင်းလက်နေသော သူ့လက်ဖျားထိပ်ဖြင့် ချိန်ရွယ်လိုက်သည်။
ထို့နောက်တွင်မူ ကျောက်သားစင်္ကြံမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်အလင်းသခင် ပျောက်ကွယ်သွားပြီး မနှစ်မျို့ဖွယ်ကောင်းသော အသံတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ငါက မသေမျိုးပဲ၊ ငါ တစ်နေ့ ပြန်လာမှာ”

တောင်ဥမင်ထဲမှ ဖြစ်ပျက်သွားခဲ့သမျှကို ယဲ့ဖန် လုံးလုံးလျားလျား မသိပေ။
သူ သိခဲ့သည်ဆိုလျင်တောင်မှ ထိုကိစ္စများကို သူ အလေးထားမည် မဟုတ်ပါ။ မသေမျိုး ခန္ဓာကိုယ်အား သူ စိတ်ရှိသလို အချိန်တိုင်း ဖျက်ဆီးနိုင်သည်ကို သူ သိနေသောကြောင့်ပင်။
ယခုအချိန်၌ ယဲ့ဖန်သည် သူ၏ လက်အောက်ငယ်သား ရှစ်ယောက်နှင့်အတူ ကမ္ဘာခြား စစ်သင်္ဘောထဲသို့ ဝင်ရောက်လာသည်။
စစ်သင်္ဘော၏ အတွင်းဘက် တည်ဆောက်ပုံသည် အလွန် ရှုပ်ထွေးလှသည်။ စစ်သင်္ဘောတစ်ခုလုံးအား ခေတ်ရှေ့ပြေး အလင်းကွန်ပျူတာဖြင့် ထိန်းချုပ်ထားသည်။
ယဲ့ဖန်နှင့် သူ့လူများ တံခါးဝမှ ဝင်လာသည်နှင့် ချက်ချင်းဆိုသလို စက်ရုပ်သံတစ်သံက ထွက်ပေါ်လာ၏။
“သတိပေးချက်၊ သတိပေးချက်”
“ရန်သူတွေ ကုန်းပက်ထဲ ဝင်လာပြီ”
အဖြူရောင် အလင်းတန်းများစွာကို ယဲ့ဖန်တို့ အဖွဲ့ထံသို့ ပစ်လွှတ်လာသည်။ အဖြူရောင် အလင်းတန်းတစ်ခုချင်းစီ၌ အဖျက်စွမ်းအင် ချီဓာတ်များ ပါဝင်နေသည်။ ကောင်းကင်နတ်ဘုရား အဆင့်များတောင်မှ ဤအလင်းတန်းနှင့် ထိမိလျင် သေသွားလောက်သည်။
သွေးစွန်း တစ္ဆေနှင့် အခြား လက်အောက်ငယ်သား ခုနစ်ယောက်လုံး ထိတ်လန့်သွားကြပြီး ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန် ပြင်လိုက်သည်။
ထိုစဉ် များစွာသော နတ်ဆိုးချီမျှင်စုများက အလင်းကွန်ပျူတာထဲသို့ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အလင်းကွန်ပျူတာထဲသို့ ဝင်ရောက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
တဖြောက်ဖြောက် မြည်သံများနှင့်အတူ အဓိက ကွန်ပျူတာက မီးပွားများ ထွက်ပေါ်လာ၏။
ထို့နောက်တွင် အဖျက်စွမ်းအင် အလင်းတန်းက ချက်ချင်း ရပ်တန့်ကာ ပျောက်ကွယ်သွားသည်။ ထိုအခါမှသာ သွေးစွန်းတစ္ဆေနှင့် ကျန်လက်အောက်ငယ်သား ခုနစ်ယောက်တို့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
သူတို့ ကြောက်လန့်တကြားနှင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
ထိုစဉ် အဓိကအလင်းကွန်ပျူတာ၏ အပေါ်၌ အရိပ်ပမာ ကောင်လေးတစ်ယောက်ပုံ ထွက်ပေါ်လာသည်။
သူသည် အနက်ရောင်ဝတ်စုံနှင့် နတ်ဆိုးလေးလိုပင်။ သူသည် ထွက်ပေါ်လာသည်နှင့် ယဲ့ဖန်ထံသို့ ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လာသည်။
“မင်္ဂလာပါ သခင်၊ ကျွန်တောက် E – Class အဆင့် နတ်ဘုရား အလင်းတော် စစ်သင်္ဘောရဲ့ အီလက်ထရောနစ် သက်ရှိဖြစ်တဲ့ မိုတာပါ။ သခင့်ဆီမှာ အမှုထမ်းရတဲ့အတွက် ဂုဏ်ယူမိပါတယ်”
ယဲ့ဖန်က စက္ကန့်ပိုင်းအတွင်း၌ ခေတ်ရှေ့ပြေး ကွန်ပျူတာ၏ တည်ဆောက်ပုံကို လုံးဝ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
စစ်သင်္ဘော၏ အဓိက ကွန်ပျူတာသည် သူ့ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလေပြီ။
ဤမြင်ကွင်းကြောင့် စစ်သင်္ဘောထဲ ပိတ်မိနေသည့် သူတောင်းစားအိုကြီးနှင့် အခြားသူများအားလုံး အလွန် ထိတ်လန့်သွားကြသည်။
ယဲ့ဖန်က ကမ္ဘာခြား စစ်သင်္ဘောတစ်ခုအား ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။
*အံ့ဩဖို့ကောင်းလိုက်တာ*
သို့သော် ယဲ့ဖန်က အခုထိ မျက်နှာထား တည်နေသေးသည်။
“အစေခံတွေအတွက် နေရာလပ်ကို ဖွင့်ပြီးတော့ ကမ္ဘာပေါ်က လူသားတွေကို ပြန်လွှတ်လိုက်”
“ဟုတ်ကဲ့ပါ သခင်”
ထို့နောက် မိုတာက သူ့နောက်မှ အစေခံများအတွက် နေရာလပ်ကို လက်ညှိုးထိုးလိုက်သည်။
ထို့နောက်တွင် အလင်းတန်းတစ်ခုက မြေပြင်သို့ ဖြာကျလာသည်။ ကျွိခနဲ အသံနှင့်အတူ ကမ္ဘာခြား စစ်သင်္ဘောက ဖြည်းဖြည်းချင်း တက်လာသည်။
ထို့နောက် စစ်သင်္ဘော၏ တံခါးပေါက် ပွင့်လာပြီး စွမ်းအင်တစ်ခုက အစေခံများ၏ နေရာလပ်အား ဖွင့်၍ ကမ္ဘာမြေသားများ အပြင်သို့ ထုတ်လာသည်။
ကမ္ဘာမြေသားများသည် တောက်ပသော အလုံးများထဲ ရောက်နေကြပြီး သမုဒ္ဒရာထဲသို့ တစ်ခုပြီးတစ်ခု တွန်းချခြင်း ခံလိုက်ရသည်။
ကမ္ဘာမြေသား တစ်ယောက်ချင်းစီသည် လေထီးများ ရှိကြပြီး အောက်သို့ ဖြည်းဖြည်းချင်း ကျလာသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံး၌ လူများနှင့် ပြည့်နှက်လာသည်။
ကမ္ဘာမြေသားများ ကမ္ဘာပေါ်ရှိ သူတို့၏ မူလအိမ်များသို့ တစ်နာရီအတွင်း ပြန်ရောက်သွားကြသည်။
လူသားများအားလုံး သူတို့၏ အခြေစိုက်စခန်းသို့ ပြန်ရောက်သွားကြသည်။
ပင်လယ်သားရဲများ သမုဒ္ဒရာထဲသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သူတောင်းစားအိုကြီး၊ လင်းဒီလော့ဖ်၊ တထာဂတနှင့် နဂါးနက်ဘုရင်မတို့သာ အဓိက ထိန်းချုပ်ခန်းထဲ၌ ကျန်ရှိနေခဲ့သည်။
သူတို့သည် ထိန်းချုပ်ခန်းထဲသို့ ရောက်သည်နှင့် ချက်ချင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်လာကြသည်။
နဂါးနက်ဘုရင်မသည်လည်း သူမဦးခေါင်းအား ကြမ်းပြင်နှင့် ထိကပ်ထားသည်။ သူတို့၏ မျက်နှာပေါ်၌ အလွန် လေးစားကြည်ညိုဟန်များ ထင်ဟပ်နေသည်။
“မစ္စတာယဲ့၊ ကမ္ဘာပေါ်က သက်ရှိအားလုံးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကမ္ဘာဂြိုဟ်၏ ထိပ်သီးသိုင်းပညာရှင် သုံးယောက်က ယဲ့ဖန်အား အလွန် ကျေးဇူးတင်ရှိနေကြသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူတို့ ကျေးကျွန်များ ဖြစ်သွားလောက်ပြီး သူတို့၏ မိသားစုဝင်နှင့် မိတ်ဆွေများအားလုံး စကြဝဠာထဲရှိ အခြားဂြိုဟ်များတွင် အစေခံများအဖြစ် တစ်သက်လုံး ရောင်းချခံရလောက်သည်။
ဇဝေဇဝါဖြစ်နေသော မျက်နှာနှင့် သူတောင်းစားအိုကြီးတောင်မှ ကျေးဇူးတင်စကား ပြောလာသည်။
“ယဲ့ဖန် ကျေးဇူးတင်ပါတယ်”
ယခုအချိန်တွင် သူသည် သူ၏ ရွေးချယ်မှုအတွက် အလွန် နောင်တရသလို ခံစားနေရသည်။
သူ ယဲ့ဖန်အား ယုံကြည်ခဲ့သင့်သည်၊ သို့သော် သူက ပါရမီရှင် ကောင်းကင်သားတော်ကိုသာ ရွေးချယ်ခဲ့မိသည်။
ထိပ်သီး သိုင်းပညာရှင်လေးယောက်ကို ကြည့်ပြီး ယဲ့ဖန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ပျော်ရွှင်မူနဲ့ ဝမ်းနည်းမှုက အမြဲ ဒွန်တွဲနေတာပဲလေ။ ကမ္ဘာဂြိုဟ်က သိပ်ကို အရေးပါတဲ့ အချိန်ကာလထဲ ရောက်လာပြီပဲ”
*ဘာ*
သူတောင်းစားအိုကြီးနှင့် အခြားသူများ ယဲ့ဖန်၏ ဆိုလိုရင်းကို နားမလည်ကြပေ။
သို့သော် ယဲ့ဖန်က ရှင်းပြမနေပေ။ ထို့နောက် သူက တစ်ဘက်လှည့်၍ မိုတာအား ပြောလိုက်သည်။
“မိုတာ အသက်ဓာတ်ပျော်ရည်ကို ထုတ်လွှတ်လိုက်။ တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲခြင်းကို စတင်လိုက်တော့”
“ဟုတ်ကဲ့ပါ သခင်”
မိုတာက ချက်ချင်းဆိုသလို ထိန်းချုပ်ခလုတ်ခုံဆီသွား၍ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။
ကျွီ!
ရုတ်တရက်ဆိုသလို ကမ္ဘာခြား စစ်သင်္ဘော၏ အောက်ခြေမှ တံခါးတစ်ခု ပွင့်လာ၏။ ထို့နောက် အစိမ်းရောင် ပျော်ရည်များက တံခါးဝမှ စီးကျလာသည်။
ထို့နောက် ကမ္ဘာမြေပေါ်သို့ မိုးကဲ့သို့ ရွာကျလာသည်။ ဤသည်မှာ အသက်ဓာတ် ပျော်ရည် ရွာသွန်းခြင်း ဖြစ်သည်။
အေးစက်သော လေညင်းနှင့်အတူ အသက်ဓာတ်ပျော်ရည်က ကမ္ဘာ၏ နေရာလပ်မကျန် စိုရွှဲအောင် ရွာသွန်းလာ၏။
ဝုန်း! ဝုန်း! ဝုန်း!
သက်တမ်းရင့် သစ်ပင်များ လျင်မြန်စွာ ကြီးထွားလာသည်။
မိုးစက်များနှင့် ထိပြီးသည်နှင့် ကမ္ဘာပေါ်ရှိ လူသားများထံမှ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာသည်။
ဒဏ္ဍာရီအဆင့်။
ဒဏ္ဍာရီ အလယ်အလတ်အဆင့်။
ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်။

မိုးစက်များက သမုဒ္ဒရာထဲသို့ ကျဆင်းလာသည်နှင့် ပင်လယ်သားရဲများ ဆင့်ကဲ ပြောင်းလဲလာကြသည်။
သားရဲ သေနာပတိအဆင့်။
သားရဲ သေနာပတိ အလယ်အလတ်အဆင့်။
သားရဲ သေနာပတိ အကြီးအကဲအဆင့်။
သားရဲ သေနာပတိ အထွတ်အထိပ်အဆင့်။
သားရဲဘုရင် တစ်ပိုင်းအဆင့်။
ယခုအချိန်တွင် ကမ္ဘာပေါ်တွင် အသက်ဓာတ် စွမ်းအင်များနှင့် ပေါကြွယ်ဝနေပြီး လူသားများ၏ အော်သံများနှင့် သားရဲများ၏ မာန်ဖီသံများက ကောင်းကင်ထိတိုင်အောင် ပဲ့တင်ထပ်လာ၏။
တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲခြင်း စတင်လေတော့သည်။
#Zawgyi
စာစဥ္ (25) CHAPTER (373) တစ္ကမာၻလုံး ဆင့္ကဲေျပာင္းလဲျခင္း
ဥေရာပေဒသရွိ ေခ်ာက္နက္တစ္ခု၏ ေတာင္ဥမင္ထဲရွိ ေက်ာက္သားစင္ျမင့္တစ္ခုေပၚတြင္ ေသြးသံတရဲရဲႏွင့္ အသားဖတ္တစ္ခု ရွိေနသည္ကို မည္သူမွ် မသိၾကေပ။
ေကာင္းကင္အလင္းသခင္၏ ခႏၶာကိုယ္ႏွင့္ စိတ္ဝိညာဥ္တို႔ ပ်က္ဆီးသြားသည္ႏွင့္ ထိုေသြးသံတရဲရဲ အသားဖတ္မွ ျပင္းထန္ေသာ အျဖဴေရာင္ အလင္းတန္းမ်ား ျဖာထြက္လာ၏။
ထို႔ေနာက္တြင္ ထိုေသြးသံတရဲရဲႏွင့္ အသားဖတ္သည္ တျဖည္းျဖည္း က်ယ္ျပန႔္လာၿပီး သက္ရွိ လူသားအသြင္သို႔ ျဖစ္တည္လာသည္။
ခႏၶာကိုယ္သည္ မသန္မစြမ္း ျဖစ္ေန၏။ ၎၌ ေျခတစ္ဘက္ႏွင့္ လက္တစ္ဘက္သာ ရွိသည္။ ၎၏မ်က္ႏွာေတာင္မွ အေတာ္ေလး ဆိုး႐ြားလို႔ေနသည္။
“ေသစမ္း၊ ဒီအသားဖတ္က အရမ္းေသးလြန္းတယ္။ ငါ့ခႏၶာကိုယ္တစ္ခုလုံးကိုေတာင္ မဖြဲ႕စည္းႏိုင္ဘူး”
၎သည္ ေကာင္းကင္အလင္းသခင္ပင္။
လြန္ခဲ့သည့္ ႏွစ္ဝက္က နတ္ဘုရားမၿမိဳ႕ေတာ္တြင္ သူသည္ ယဲ့ဖန္၏ သတ္ျဖတ္ျခင္းကို ခံရလုနီးပါး ျဖစ္ခဲ့သည္။ ထိုေနာက္ပိုင္းတြင္ အေရးေပၚ အေျခအေနတစ္ခု၌ သူ႔ကိုယ္သူ ကယ္တင္ႏိုင္ရန္ ဗ်ဴဟာတစ္ခု ေတြးေတာ့ခဲ့၏။
သူ၏ အစီအစဥ္ကား ဥမင္ထဲ၌ အသားဖတ္တစ္ဖတ္ ထားခဲ့ရန္ ျဖစ္သည္။
သူ၏ ကိုယ္ပြားက ဖ်က္ဆီးခံလိုက္ရခ်ိန္တြင္ ထိုအသားဖတ္မွေန၍ သူ႔ခႏၶာကိုယ္အား ျပန္လည္ ဖြဲ႕စည္းႏိုင္မည္ ျဖစ္သည္။
သနားစရာေကာင္းေလာက္ေအာင္ သူ ဆိုး႐ြားလွေသာ နည္းလမ္းျဖင့္ ထပ္၍ အသတ္ခံလိုက္ရျပန္သည္။
ထို႔ေၾကာင့္ ဤကဲ့သို႔ ေသးငယ္ေသာ အသားဖတ္တစ္ဖတ္က သူ႔ခႏၶာကိုယ္တစ္ခုလုံးအား ျပန္လည္ဖြဲ႕စည္းရန္ မစြမ္းေဆာင္ႏိုင္သျဖင့္ သူ မသန္မစြမ္း ျဖစ္ေနရသည္။
“မ်ိဳးမစစ္ေကာင္၊ အခုခ်ိန္ကစၿပီး ငါ့မွာ ဒီဆိုး႐ြားတဲ့ ခႏၶာကိုယ္ကိုပဲ သုံးရေတာ့မယ္”
ေကာင္းကင္အလင္းသခင္သည္ အလြန္ မလိုလား၍ ရန္လိုေသာ မ်က္လုံးမ်ားႏွင့္ က်ယ္ေလာင္စြာ က်ိန္ဆဲေလေတာ့သည္။
ထိုသို႔ေသာအခ်ိန္တြင္ တစ္ကမာၻလုံး၌ နာမည္တစ္လုံးသာ ပ်ံ႕ႏွံ႔လ်က္ ရွိသည္။
“ယဲ့ဖန္”
“ယဲ့ဖန္”
….
ကမာၻေျမသားမ်ားက သူတို႔ နတ္ဘုရား၏ နာမည္အား အလြန္ ႐ူးသြပ္ ေလးစားစြာျဖင့္ ဟစ္ေအာ္ေနၾကသည္။
သူတို႔၏ အသံမ်ားကို ၾကားၿပီး ေကာင္းကင္အလင္းသခင္က ယဲ့ဖန္ကို အလြန္မုန္းတီးလာသည္။
“ငါက ပါရမီရွင္ကြ။ ငါက မင္းတို႔လို နိမ့္က်တဲ့ ကမာၻေျမသားေတြရဲ႕ ကယ္တင္ရွင္ပဲ၊ ေသာက္ယဲ့ဖန္၊ ငါ မင္းကို သတ္မယ္ကြ”
“ငါက စၾကဝဠာထဲမွ အသန္မာဆုံးသူ ျဖစ္လာၿပီးရင္ တစ္ေန႔ေတာ့ မင္းနဲ႔ တိုက္ခိုက္မယ္”
ေကာင္းကင္အလင္းသခင္သည္ အလြန္ ႐ူးသြပ္ေနေသာ မ်က္လုံးမ်ားႏွင့္ သႏၷိ႒ာန္ခ်လိုက္ရင္း ေတာင္ဥမင္ထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္သြားသည္။
ဤဥမင္သည္ သူ အလင္းေတာ္ လွ်ိဳ႕ဝွက္သိုင္းက်မ္းအား ရွာေတြ႕ခဲ့သည့္ ေနရာျဖစ္သည္။ ဥမင္၏ အနက္ရႈိင္းဆုံး တစ္ေနရာတြင္ ေက်ာက္သား စႀကႍတစ္ခု ရွိသည္။
၎သည္ ပ်က္စီးေနေသာ ေရွးေဟာင္းေနရာ အေ႐ႊ႕အေျပာင္း အစီအရင္တစ္ခု ျဖစ္သ္ည။
ထို႔ေနာက္ ေကာင္းကင္အလင္းသခင္သည္ ေက်ာက္သားစႀကႍေပၚသို႔ တက္နင္းလိုက္သည္။ ထို႔ေနာက္တြင္မူ သူသည္ ေဘးပတ္လည္မွ ေမွာ္စာလုံးမ်ားအား ခပ္မွိန္မွိန္ လင္းလက္ေနေသာ သူ႔လက္ဖ်ားထိပ္ျဖင့္ ခ်ိန္႐ြယ္လိုက္သည္။
ထို႔ေနာက္တြင္မူ ေက်ာက္သားစႀကႍမွ ျပင္းထန္ေသာ အလင္းတန္းမ်ား ထြက္ေပၚလာသည္။
ခ်က္ခ်င္းဆိုသလိုပင္ ေကာင္းကင္အလင္းသခင္ ေပ်ာက္ကြယ္သြားၿပီး မႏွစ္မ်ိဳ႕ဖြယ္ေကာင္းေသာ အသံတစ္ခုသာ က်န္ရစ္ခဲ့သည္။
ငါက မေသမ်ိဳးပဲ၊ ငါ တစ္ေန႔ ျပန္လာမွာ”

ေတာင္ဥမင္ထဲမွ ျဖစ္ပ်က္သြားခဲ့သမွ်ကို ယဲ့ဖန္ လုံးလုံးလ်ားလ်ား မသိေပ။
သူ သိခဲ့သည္ဆိုလ်င္ေတာင္မွ ထိုကိစၥမ်ားကို သူ အေလးထားမည္ မဟုတ္ပါ။ မေသမ်ိဳး ခႏၶာကိုယ္အား သူ စိတ္ရွိသလို အခ်ိန္တိုင္း ဖ်က္ဆီးႏိုင္သည္ကို သူ သိေနေသာေၾကာင့္ပင္။
ယခုအခ်ိန္၌ ယဲ့ဖန္သည္ သူ၏ လက္ေအာက္ငယ္သား ရွစ္ေယာက္ႏွင့္အတူ ကမာၻျခား စစ္သေဘၤာထဲသို႔ ဝင္ေရာက္လာသည္။
စစ္သေဘၤာ၏ အတြင္းဘက္ တည္ေဆာက္ပုံသည္ အလြန္ ရႈပ္ေထြးလွသည္။ စစ္သေဘၤာတစ္ခုလုံးအား ေခတ္ေရွ႕ေျပး အလင္းကြန္ပ်ဴတာျဖင့္ ထိန္းခ်ဳပ္ထားသည္။
ယဲ့ဖန္ႏွင့္ သူ႔လူမ်ား တံခါးဝမွ ဝင္လာသည္ႏွင့္ ခ်က္ခ်င္းဆိုသလို စက္႐ုပ္သံတစ္သံက ထြက္ေပၚလာ၏။
“သတိေပးခ်က္၊ သတိေပးခ်က္”
“ရန္သူေတြ ကုန္းပက္ထဲ ဝင္လာၿပီ”
အျဖဴေရာင္ အလင္းတန္းမ်ားစြာကို ယဲ့ဖန္တို႔ အဖြဲ႕ထံသို႔ ပစ္လႊတ္လာသည္။ အျဖဴေရာင္ အလင္းတန္းတစ္ခုခ်င္းစီ၌ အဖ်က္စြမ္းအင္ ခ်ီဓာတ္မ်ား ပါဝင္ေနသည္။ ေကာင္းကင္နတ္ဘုရား အဆင့္မ်ားေတာင္မွ ဤအလင္းတန္းႏွင့္ ထိမိလ်င္ ေသသြားေလာက္သည္။
ေသြးစြန္း တေစၦႏွင့္ အျခား လက္ေအာက္ငယ္သား ခုနစ္ေယာက္လုံး ထိတ္လန႔္သြားၾကၿပီး ထိုတိုက္ခိုက္မႈကို ေရွာင္ရွားရန္ ျပင္လိုက္သည္။
ထိုစဥ္ မ်ားစြာေသာ နတ္ဆိုးခ်ီမွ်င္စုမ်ားက အလင္းကြန္ပ်ဴတာထဲသို႔ လွ်ပ္စီးကဲ့သို႔ အရွိန္ျဖင့္ အလင္းကြန္ပ်ဴတာထဲသို႔ ဝင္ေရာက္သြားသည္ကို သူတို႔ ျမင္ေတြ႕လိုက္ရသည္။
တေျဖာက္ေျဖာက္ ျမည္သံမ်ားႏွင့္အတူ အဓိက ကြန္ပ်ဴတာက မီးပြားမ်ား ထြက္ေပၚလာ၏။
ထို႔ေနာက္တြင္ အဖ်က္စြမ္းအင္ အလင္းတန္းက ခ်က္ခ်င္း ရပ္တန႔္ကာ ေပ်ာက္ကြယ္သြားသည္။ ထိုအခါမွသာ ေသြးစြန္းတေစၦႏွင့္ က်န္လက္ေအာက္ငယ္သား ခုနစ္ေယာက္တို႔ စိတ္သက္သာရာရကာ သက္ျပင္းခ်လိုက္မိသည္။
သူတို႔ ေၾကာက္လန႔္တၾကားႏွင့္ တစ္ေယာက္ကိုတစ္ေယာက္ လွမ္းၾကည့္လိုက္ၾကသည္။
ထိုစဥ္ အဓိကအလင္းကြန္ပ်ဴတာ၏ အေပၚ၌ အရိပ္ပမာ ေကာင္ေလးတစ္ေယာက္ပုံ ထြက္ေပၚလာသည္။
သူသည္ အနက္ေရာင္ဝတ္စုံႏွင့္ နတ္ဆိုးေလးလိုပင္။ သူသည္ ထြက္ေပၚလာသည္ႏွင့္ ယဲ့ဖန္ထံသို႔ ဒူးတစ္ဘက္ေထာက္၍ ႏႈတ္ဆက္လာသည္။
“မဂၤလာပါ သခင္၊ ကြၽန္ေတာက္ E – Class အဆင့္ နတ္ဘုရား အလင္းေတာ္ စစ္သေဘၤာရဲ႕ အီလက္ထေရာနစ္ သက္ရွိျဖစ္တဲ့ မိုတာပါ။ သခင့္ဆီမွာ အမႈထမ္းရတဲ့အတြက္ ဂုဏ္ယူမိပါတယ္”
ယဲ့ဖန္က စကၠန႔္ပိုင္းအတြင္း၌ ေခတ္ေရွ႕ေျပး ကြန္ပ်ဴတာ၏ တည္ေဆာက္ပုံကို လုံးဝ ေျပာင္းလဲလိုက္ျခင္း ျဖစ္သည္။
စစ္သေဘၤာ၏ အဓိက ကြန္ပ်ဴတာသည္ သူ႔ထိန္းခ်ဳပ္မႈေအာက္သို႔ ေရာက္ရွိသြားေလၿပီ။
ဤျမင္ကြင္းေၾကာင့္ စစ္သေဘၤာထဲ ပိတ္မိေနသည့္ သူေတာင္းစားအိုႀကီးႏွင့္ အျခားသူမ်ားအားလုံး အလြန္ ထိတ္လန႔္သြားၾကသည္။
ယဲ့ဖန္က ကမာၻျခား စစ္သေဘၤာတစ္ခုအား ထိန္းခ်ဳပ္ႏိုင္လိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိၾကပါ။
*အံ့ဩဖို႔ေကာင္းလိုက္တာ*
သို႔ေသာ္ ယဲ့ဖန္က အခုထိ မ်က္ႏွာထား တည္ေနေသးသည္။
“အေစခံေတြအတြက္ ေနရာလပ္ကို ဖြင့္ၿပီးေတာ့ ကမာၻေပၚက လူသားေတြကို ျပန္လႊတ္လိုက္”
“ဟုတ္ကဲ့ပါ သခင္”
ထို႔ေနာက္ မိုတာက သူ႔ေနာက္မွ အေစခံမ်ားအတြက္ ေနရာလပ္ကို လက္ညႇိဳးထိုးလိုက္သည္။
ထို႔ေနာက္တြင္ အလင္းတန္းတစ္ခုက ေျမျပင္သို႔ ျဖာက်လာသည္။ ကြၽိခနဲ အသံႏွင့္အတူ ကမာၻျခား စစ္သေဘၤာက ျဖည္းျဖည္းခ်င္း တက္လာသည္။
ထို႔ေနာက္ စစ္သေဘၤာ၏ တံခါးေပါက္ ပြင့္လာၿပီး စြမ္းအင္တစ္ခုက အေစခံမ်ား၏ ေနရာလပ္အား ဖြင့္၍ ကမာၻေျမသားမ်ား အျပင္သို႔ ထုတ္လာသည္။
ကမာၻေျမသားမ်ားသည္ ေတာက္ပေသာ အလုံးမ်ားထဲ ေရာက္ေနၾကၿပီး သမုဒၵရာထဲသို႔ တစ္ခုၿပီးတစ္ခု တြန္းခ်ျခင္း ခံလိုက္ရသည္။
ကမာၻေျမသား တစ္ေယာက္ခ်င္းစီသည္ ေလထီးမ်ား ရွိၾကၿပီး ေအာက္သို႔ ျဖည္းျဖည္းခ်င္း က်လာသည္။
ခ်က္ခ်င္းဆိုသလိုပင္ ေကာင္းကင္တစ္ခုလုံး၌ လူမ်ားႏွင့္ ျပည့္ႏွက္လာသည္။
ကမာၻေျမသားမ်ား ကမာၻေပၚရွိ သူတို႔၏ မူလအိမ္မ်ားသို႔ တစ္နာရီအတြင္း ျပန္ေရာက္သြားၾကသည္။
လူသားမ်ားအားလုံး သူတို႔၏ အေျခစိုက္စခန္းသို႔ ျပန္ေရာက္သြားၾကသည္။
ပင္လယ္သားရဲမ်ား သမုဒၵရာထဲသို႔ ျပန္လည္ေရာက္ရွိသြားၾကသည္။
သူေတာင္းစားအိုႀကီး၊ လင္းဒီေလာ့ဖ္၊ တထာဂတႏွင့္ နဂါးနက္ဘုရင္မတို႔သာ အဓိက ထိန္းခ်ဳပ္ခန္းထဲ၌ က်န္ရွိေနခဲ့သည္။
သူတို႔သည္ ထိန္းခ်ဳပ္ခန္းထဲသို႔ ေရာက္သည္ႏွင့္ ခ်က္ခ်င္း ယဲ့ဖန္ေရွ႕၌ ဒူးေထာက္လာၾကသည္။
နဂါးနက္ဘုရင္မသည္လည္း သူမဦးေခါင္းအား ၾကမ္းျပင္ႏွင့္ ထိကပ္ထားသည္။ သူတို႔၏ မ်က္ႏွာေပၚ၌ အလြန္ ေလးစားၾကည္ညိဳဟန္မ်ား ထင္ဟပ္ေနသည္။
“မစၥတာယဲ့၊ ကမာၻေပၚက သက္ရွိအားလုံးကို ကယ္တင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္”
ကမာၻၿဂိဳဟ္၏ ထိပ္သီးသိုင္းပညာရွင္ သုံးေယာက္က ယဲ့ဖန္အား အလြန္ ေက်းဇူးတင္ရွိေနၾကသည္။
ယဲ့ဖန္ေၾကာင့္သာ မဟုတ္လ်င္ သူတို႔ ေက်းကြၽန္မ်ား ျဖစ္သြားေလာက္ၿပီး သူတို႔၏ မိသားစုဝင္ႏွင့္ မိတ္ေဆြမ်ားအားလုံး စၾကဝဠာထဲရွိ အျခားၿဂိဳဟ္မ်ားတြင္ အေစခံမ်ားအျဖစ္ တစ္သက္လုံး ေရာင္းခ်ခံရေလာက္သည္။
ဇေဝဇဝါျဖစ္ေနေသာ မ်က္ႏွာႏွင့္ သူေတာင္းစားအိုႀကီးေတာင္မွ ေက်းဇူးတင္စကား ေျပာလာသည္။
“ယဲ့ဖန္ ေက်းဇူးတင္ပါတယ္”
ယခုအခ်ိန္တြင္ သူသည္ သူ၏ ေ႐ြးခ်ယ္မႈအတြက္ အလြန္ ေနာင္တရသလို ခံစားေနရသည္။
သူ ယဲ့ဖန္အား ယုံၾကည္ခဲ့သင့္သည္၊ သို႔ေသာ္ သူက ပါရမီရွင္ ေကာင္းကင္သားေတာ္ကိုသာ ေ႐ြးခ်ယ္ခဲ့မိသည္။
ထိပ္သီး သိုင္းပညာရွင္ေလးေယာက္ကို ၾကည့္ၿပီး ယဲ့ဖန္က ၿပဳံး၍ ေခါင္းညိတ္လိုက္သည္။
“ေပ်ာ္႐ႊင္မူနဲ႔ ဝမ္းနည္းမႈက အၿမဲ ဒြန္တြဲေနတာပဲေလ။ ကမာၻၿဂိဳဟ္က သိပ္ကို အေရးပါတဲ့ အခ်ိန္ကာလထဲ ေရာက္လာၿပီပဲ”
*ဘာ*
သူေတာင္းစားအိုႀကီးႏွင့္ အျခားသူမ်ား ယဲ့ဖန္၏ ဆိုလိုရင္းကို နားမလည္ၾကေပ။
သို႔ေသာ္ ယဲ့ဖန္က ရွင္းျပမေနေပ။ ထို႔ေနာက္ သူက တစ္ဘက္လွည့္၍ မိုတာအား ေျပာလိုက္သည္။
“မိုတာ အသက္ဓာတ္ေပ်ာ္ရည္ကို ထုတ္လႊတ္လိုက္။ တစ္ကမာၻလုံး ဆင့္ကဲေျပာင္းလဲျခင္းကို စတင္လိုက္ေတာ့”
“ဟုတ္ကဲ့ပါ သခင္”
မိုတာက ခ်က္ခ်င္းဆိုသလို ထိန္းခ်ဳပ္ခလုတ္ခုံဆီသြား၍ ခလုပ္တစ္ခုကို ႏွိပ္လိုက္သည္။
ကြၽီ!
႐ုတ္တရက္ဆိုသလို ကမာၻျခား စစ္သေဘၤာ၏ ေအာက္ေျခမွ တံခါးတစ္ခု ပြင့္လာ၏။ ထို႔ေနာက္ အစိမ္းေရာင္ ေပ်ာ္ရည္မ်ားက တံခါးဝမွ စီးက်လာသည္။
ထို႔ေနာက္ ကမာၻေျမေပၚသို႔ မိုးကဲ့သို႔ ႐ြာက်လာသည္။ ဤသည္မွာ အသက္ဓာတ္ ေပ်ာ္ရည္ ႐ြာသြန္းျခင္း ျဖစ္သည္။
ေအးစက္ေသာ ေလညင္းႏွင့္အတူ အသက္ဓာတ္ေပ်ာ္ရည္က ကမာၻ၏ ေနရာလပ္မက်န္ စို႐ႊဲေအာင္ ႐ြာသြန္းလာ၏။
ဝုန္း! ဝုန္း! ဝုန္း!
သက္တမ္းရင့္ သစ္ပင္မ်ား လ်င္ျမန္စြာ ႀကီးထြားလာသည္။
မိုးစက္မ်ားႏွင့္ ထိၿပီးသည္ႏွင့္ ကမာၻေပၚရွိ လူသားမ်ားထံမွ တဖ်စ္ဖ်စ္ တေျဖာက္ေျဖာက္ ျမည္သံမ်ား ထြက္ေပၚလာသည္။
ဒ႑ာရီအဆင့္။
ဒ႑ာရီ အလယ္အလတ္အဆင့္။
ဒ႑ာရီ အထြတ္အထိပ္အဆင့္။

မိုးစက္မ်ားက သမုဒၵရာထဲသို႔ က်ဆင္းလာသည္ႏွင့္ ပင္လယ္သားရဲမ်ား ဆင့္ကဲ ေျပာင္းလဲလာၾကသည္။
သားရဲ ေသနာပတိအဆင့္။
သားရဲ ေသနာပတိ အလယ္အလတ္အဆင့္။
သားရဲ ေသနာပတိ အႀကီးအကဲအဆင့္။
သားရဲ ေသနာပတိ အထြတ္အထိပ္အဆင့္။
သားရဲဘုရင္ တစ္ပိုင္းအဆင့္။
ယခုအခ်ိန္တြင္ ကမာၻေပၚတြင္ အသက္ဓာတ္ စြမ္းအင္မ်ားႏွင့္ ေပါႂကြယ္ဝေနၿပီး လူသားမ်ား၏ ေအာ္သံမ်ားႏွင့္ သားရဲမ်ား၏ မာန္ဖီသံမ်ားက ေကာင္းကင္ထိတိုင္ေအာင္ ပဲ့တင္ထပ္လာ၏။
တစ္ကမာၻလုံး ဆင့္ကဲေျပာင္းလဲျခင္း စတင္ေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now