Chapter 332

1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (332) ဘာဖြစ်လို့လဲဆိုတော့ ငါက …. ယဲ့ဖန်လေ

*ဟုတ်တယ်၊ အဲ့ဒါ ငါပဲ*
ယဲ့ဖန်၏ စကားကြောင့် အခြားသူများအားလုံး တစ်ခဏမျှ မှင်တက်သွားရသည်။
ခဲလ်ဆာနှင့် သူ့လူများ သတိပြန်ဝင်လာသည့်အခါ၌ ဟားတိုက်ရယ်မောကြလေသည်။
“ဟားဟား ... မင်းက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့ ပြောလိုက်တာလား။ ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ။ ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကများ သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ပါလို့ ပြောရဲသေးတယ်”
“မင်းက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဆိုရင် ငါက အလင်းတော် ဘုန်းတော်ကြီးပဲကွ”
“ဟားဟား ... ငါက မဟာ ကာရိုးလ် သခင်ကြီးကွ”
ခဲလ်ဆာနှင့် အခြားသူများသည် ရယ်ရလွန်း၍ အသက်ပင် မရှူနိုင်တော့ချေ။ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အကြောင်း အရင်က သူတို့ ကြားခဲ့ဖူးပါသည်။
သူက အလွန်တရာကို ကြမ်းကြုတ်၍ အင်အားကြီးသူများစွာကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ သူက လက်တစ်ဘက်တည်းဖြင့် ဒဏ္ဍာရီလာအဆင့်များကို သတ်နိုင်သည်။ သားရဲဧကရာဇ်များတောင်မှ သူ့လက်မှ မလွတ်နိုင်ပေ။
သူက နတ်ဘုရားမနှင့်တောင်မှ ယှဉ်နိုင်သည်။ သူလိုလူက ဘယ်လိုလုပ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်နိုင်ပါမည်နည်း။
သို့သော် သူ့စကားကြောင့် ခရီနာ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ သူမ တွေဝေနေရင်း သားရဲဘုရင် ဖြစ်ခါနီးအဆင့်ကို နှာတစ်ချက်ချီ၍ ပြာအဖြစ်သို့ ရောက်အောင် ပြုလုပ်ခဲ့သည်ကို သတိရသွားသည်။
*သူက တကယ်ပဲ ...*
ထိုဖြစ်နိုင်ချေကို သူမ သတိထားလိုက်မိသောအခါ ခရီနာသည် အလွန် ထိတ်လန့်သွားသော မျက်နှာလေး ဖြစ်သွားသည်။
“ယဲ့ဖန်၊ ကျွန်မ ... ရှင့်ကို ယုံတယ်”
ဘာရယ်ကြောင့်မှန်းမသိသော်လည်း ခရီနာ ယဲ့ဖန်ကို အကြွင်းမဲ့ ယုံကြည်မိသွားသည်။ သူ့လက်မောင်းကို ကိုင်လိုက်ရင်း သူမ တောက်ပစွာ ပြုံးလိုက်မိသည်။
*ဘာ*
ခရီနာ၏ စကားကြောင့် ခဲလ်ဆာနှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့အားလုံး ခရီနာ ရူးသွားပြီဟု ထင်လိုက်ကြသည်။
သို့သော် သူတို့ ခရီနာကို ပြန်၍ ချေပတော့မည်အချိန်တွင် နားဝင်ချိုလှသည့် ခေါင်းလောင်းထိုးသံကို ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်နှာများက အလေးအနက် ဖြစ်သွားပြီး ပြောဆိုလိုက်သည်။
“ဒါ နတ်ဘုရားမ ဌာနက ခေါင်းလောင်းသံပဲ။ နတ်ဘုရားမ မြို့တော်က ပိတ်တော့မယ်”
နတ်ဘုရားမ မြို့တော်သည် အရုဏ်တက်ချိန်တွင် ဖွင့်၍ နေဝင်ရီတရော အချိန်၌ ပြန်ပိတ်လေ့ရှိသည်။
ထို့ကြောင့် ခဲလ်ဆာက မရအရ ပြောလာသည်။
“ခရီနာ၊ အခု နောက်ကျနေပြီ။ ငါတို့ ပြန်သွားမှ ဖြစ်မယ်”
ခရီနာက ခေါင်းညိတ်လိုက်သည်၊ သို့သော် သူမက ယဲ့ဖန်ကို ကြည့်ကာ အကြံပြုလိုက်သည်။
“ယဲ့ဖန် ရှင် ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား”
“ကောင်းသားပဲ”
ယဲ့ဖန်က ခေါင်းညိတ်၍ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
“ကျုပ်က နတ်ဘုရားမ ဌာနကို တစ်ခါလောက်တော့ အလည်သွားဖို့ စဉ်းစားနေတာ”
ယဲ့ဖန်၏ စကားကြောင့် ခဲလ်ဆာ၏ မျက်နှာက မည်းမှောင်သွားသည်။ သူ ခရီနာကို ပိုးပန်းနေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူမနှင့် နီးကပ်သော အခြား မည်သည့် ယောကျ်ားသားကိုမျှ သူ မနှစ်မြို့ပါ။
သို့သော် ခရီနာက ယဲ့ဖန်ကို တစ်ဖက်သက် ကြိတ်ကြွေနေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ခဲလ်ဆာသည် ယဲ့ဖန်အား အလွန် မနာလိုဖြစ်လာရသည်။
ထို့နောက် သူတို့တစ်တွေ နတ်ဘုရားမမြို့တော်သို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်း၌ ခဲလ်ဆာ၏ မျက်နှာက ပိုပို၍ သုန်မှုန်လာသည်။
ခရီနာက အမြဲ ယဲ့ဖန်အနား၌ ကပ်နေပြီး သူ့ကို မေးခွန်းတွေ မေးနေသည်ကို သူ မြင်နေရသည်။ သူတို့သည် ရင်းနှီးကျွမ်းဝင်နေပုံ ရသည်။ ခရီနာ၏ တက်ကြွနေသော အမူအရာက ခဲလ်ဆာအား ဒေါသထွက်မတတ် ဖြစ်စေသည်။
ယဲ့ဖန်နှင့် ခရီနာသည် ခဲလ်ဆာနှင့် အခြားသူများ ရှေ့မှ လျှေက်နေကြခြင်း ဖြစ်သည်။ ခဲလ်ဆာ၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ပြီး ကျန်လူငယ်များအားလုံးက ယဲ့ဖန်အား ရန်သူလို စ၍ ပြောဆိုလေတော့သည်။
“ခဲလ်ဆာ အဲ့ဟွာရှ ငနာကောင်က မင်းနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူ။ ဘာလို့ ခရီနာက သူ့ကို ဒီလောက် ရင်းရင်းနှီးနှီး ဆက်ဆံနေရာတာလဲ။ သူတို့က မင်းကို လုံးဝ မလေးစားဘူးပဲကွ”
“ဟုတ်တယ် ခဲလ်ဆာ၊ ဒီဟွာရှကောင်ကို အကြောင်းပြချက် တစ်ခုခုရှာပြီး သတ်လိုက်ရင်ကော။ ငါ သူ့ကို ကြည့်မရတာ တော်တော်ကြာနေပြီ”
...
လူငယ် သိုင်းပညာရှင်များ အားလုံးသည် ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။ ချီဓာတ်အရ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်သာ ရှိသော ယဲ့ဖန်အား သတ်လိုက်ခြင်းက ကြက်တစ်ကောင်ကို သတ်တာထက် လွယ်ကူပေလိမ့်မည်ဟု သူတို့ ထင်နေကြသည်။
ခဲလ်ဆာသာ အမိန့်ပေးလိုက်ပါက သူတို့ သေချာပေါက် ယဲ့ဖန်ကို ပျောက်ကွယ်သွားအောင် လုပ်မည်ဖြစ်၏။
သူတို့၏ စကားများကို ကြားပြီးနောက် ခဲလ်ဆာက ရက်စက်လိုသော ဆန္ဒရှိသည့် မျက်လုံးများဖြင့် ပြောလာသည်။
“သူ့ကို သတ်ရမှာလား။ ဒါ အရမ်း ကြင်နာလွန်းနေပြီ”
“ခရီနာကို ငါနဲ့ ယှဉ်လုဖို့ ဘယ်သူကိုမှ ခွင့်မပြုနိုင်ဘူး။ အဲ့လို လုပ်ရဲတဲ့သူတိုင်း သေကို သေရမယ်”
“ကြည့်ကြသေးတာပေါ့။ ငါတို့ နတ်ဘုရားမ မြို့တော်ကို ပြန်ရောက်ရင်း သူ သေသွားတာကမှ ကောင်းဦးမယ်လို့ တွေးရလောက်အောင်ကို လုပ်ပေးမယ်”
ထိုသို့ပြောပြီး ခဲလ်ဆာက သရော်ပြုံး ပြုံးလိုက်သည်။ ယဲ့ဖန်က သူတို့ပြောနေသည့် စကားများ၏ ဦးတည်ရာကို လုံးဝ မသိပုံ ပေါ်သည်။
မကြာခင်မှာပင် သူတို့ နတ်ဘုရားမမြို့တော်သို့ ရောက်လာကြသည်။
နတ်ဘုရားမမြို့တော်၏ မြို့တံတိုင်းသည် မီတာ ဒါဇင်နှင့်ချီ၍ မြင့်မားသည်။ မြို့တစ်ခုလုံး၏ တံတိုင်းသည် သံမဏိကဲ့သို့ သန်မာလှသည်။
ကျယ်ပြောသော တောအုပ်အတွင်း၌ တည်ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည့် ဧရာမ သားရဲကောင်ကြီး ပုန်းလျှိုးကွယ်လျှိုး ရှိနေသလိုပင်။
သူတို့ မြို့ထဲရောက်ပြီး မကြာခင်မှာပင် မြို့တံခါး ပိတ်သွားသည်။ ထိုအချိန်တွင် ခဲလ်ဆာက မြို့လယ်ခေါင်မှ အမြင့်ဆုံး သံတိုင်တစ်ခုကို လက်ညှိုးထိုးပြပြီး ယဲ့ဖန်အား သရော်သလိုလိုနှင့်‌ မေးလိုက်သည်။
“ယဲ့ဖန် အဲ့တိုင်က ဘာအတွက်သုံးလဲ မင်းသိလား”
*တိုင်*
သူ့စကားကြောင့် ခဲလ်၏ လူများ တစ်ခဏမျှ တွေဝေသွားကြသည်။ ထို့နောက် သူတို့သည် ခဲလ်ဆာ၏ ရည်ရွယ်ချက်ကို သိသွားဟန်ဖြင့် မကောင်းဆိုးဝါးသဖွယ် လှောင်ရယ်လာကြသည်။
“ဟီးဟီး .... မင်း မသိဘူးမလား။ ဒါဆိုလည်း ငါက မင်းကို ပြောပြပေးရတာပေါ့”
ခဲလ်ဆာက အလွန်ခက်ထန်သော အကြည့်များဖြင့် ပြောလာသည်။
“အဲ့ဒီတိုင်က နတ်ဘုရားမမြို့တော်ရဲ့ ရန်သူတွေအတွက် ပြင်ထားတာ”
“နတ်ဘုရားမြို့တော်ရဲ့ ရန်သူအားလုံး အဲ့တိုင်မှာ ချည်နှောင်ခံရပြီး သေတဲ့အထိ မီးရှို့ခံရတာ”
“မင်းက နောက်သားကောင် ဖြစ်လာမှာ”
*ဘာ*
သူ့စကားကြောင့် ခရီနာ၏ မျက်နှာ၌ ကြောက်စိတ်များနှင့် ပြည့်နှက်လာကာ မေးလိုက်သည်။
“ခဲလ်ဆာ နင် ဘာပြောချင်တာလဲ”
“ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ပြောပြရုံပါ ... “
ခဲလ်ဆာက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ဘေးပတ်လည်မှ နတ်ဘုရားမ မြို့တော်၏ အစောင့်များကို အော်ပြောလိုက်သည်။
“ကျုပ် ဟွာရှသူလျှို ရှာတွေ့ခဲ့တယ်”
“သူက ယဲ့ဖန်အတွက် အလုပ်လုပ်နေတာ ပြီးတော့ နတ်ဘုရားမ မြို့တော်ကို ဖယ်ရှားဖို့ ဒီကို ရောက်နေတာ”
....
သူ့စကားများက ဘေးပတ်လည်အား ချက်ချင်းဆိုသလို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။
နတ်ဘုရားမမြို့တော်မှ လူတိုင်းနီးပါးသည် နတ်ဘုရားမများကို ရိုသေကိုင်းရှိုင်းကြသည်။ ယဲ့ဖန်သည် နတ်ဘုရားမများနှင့် နတ်ဘုရားမများကို ကိုးကွယ်သူအားလုံးတို့၏ ရန်သူ ဖြစ်သည်။
အခြားသူများအားလုံးက သူတို့နားသို့ ချက်ချင်း ဝိုင်းလာကြသည်။ ထိုသို့ဝိုင်းထားသော သူများအားလုံးသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ကြမ်းကြုတ်သော ချီဓာတ်များနှင့်အတူ ခဲလ်ဆာအား မေးလာကြသည်။
“သူလျှို ဘယ်မလဲ။ ဘယ်သူက ယဲ့ဖန်အတွက် အလုပ်လုပ်တာလဲ”
ဤသည်ကို ကြည့်ပြီး ခဲလ်ဆာက ယဲ့ဖန်ကို လက်ညှိုးထိုးကာ သရော်သံနှင့်အတူ ပြောလိုက်သည်။
“သူပဲ၊ သူက ယဲ့ဖန်အတွက် အလုပ်လုပ်တာ။ သူက မြင့်မြတ်တဲ့ မြို့တော်ထဲကို သတင်းလိုချင်လို့ ခိုးဝင်လာတာ။ သူကို ဖမ်းကြပါ။ သူ့ကို သေတဲ့အထိ မီးရှို့သတ်လိုက်ကြပါ”
....
ခဲလ်ဆာ၏ စကားကို ကြားပြီး အနီးအနားမှ အခြားသူများအားလုံး ကျွတ်ကျွတ်ညံလာကြသည်။
သိုင်းပညာရှင်များစွာက ယဲ့ဖန်ထံသို့ ချက်ချင်း ပြေးဝင်လာကြသည်။ ဤမြင်ကွင်းကြောင့် ခရီနာ၏ မျက်နှာက အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
ခဲလ်ဆာက သည်လောက် အန္တရာယ်များသည့် လုပ်ရပ်ကို လုပ်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ယဲ့ဖန်အတွက် သူမ ချေပပေးရန် နောက်ကျသွားချေပြီ။ သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်က ယဲ့ဖန်ထံသို့ ပြေးဝင်သွားပြီ မဟုတ်ပါလား။
သို့သော် ထိုအချိန်တွင် အေးစက်စက် အလင်းတန်းတစ်ခု လျစ်ခနဲ ဖြတ်ပြေးသွားသည်။ လူအယောက် နှစ်ဆယ်တို့ ရုတ်တရက် အေးစက် တောင့်တင်းသွားကြသည်။
ထို့နောက် သူတို့အားလုံး၏ လည်ပင်း၌ သွေးမျာား စိမ့်ထွက်လာသော ပြတ်ရာများ ပေါ်ပေါက်လာသည်။
ဂလု!
သိုင်းပညာရှင်များ၏ ဦးခေါင်းတို့သည် သူတို့၏ လည်ပင်းမှ ဖြည်းဖြည်းချင်း ပြတ်ကျလို့လာသည်။ မြေကြီးပေါ်၌ ခေါင်းပြတ် နှစ်ဆယ်ကျော် ရှိနေသည်။
ထို့အပြင် မြေကြီးပေါ်၌ သွေးများဖြင့် ဖုံးလွှမ်းလို့နေ၏။
ဘုတ်!
သူတို့၏ ခေါင်းပြတ်အလောင်းများ မြေကြီးပေါ် ပြုတ်ကျသွားသည်နှင့် ထိုနေရာတစ်ခုလုံး တိတ်ကျသွားသည်။
မြန်သည်။ တိုက်ခိုက်မှုက မြန်လွန်းအားကြီးလှသည်။
မည်သူမျှ တိုက်ခိုက်မှုကို မမြင်လိုက်ကြပေ။ ယဲ့ဖန်လက်ထဲ၌ ဓားတစ်လက် ရှိနေသည်ကိုသာ သူတို့ မြင်လိုက်ရသည်။
ထိုဓားသည် ပုရွက်ဆိတ်များနှင့် ဖွဲ့စည်းထားသည့် ဧရာမ ဓားတစ်လက် ဖြစ်သည်။
တောက်! တောက်!
ထိုဧရာမဓားကြီးမှ ရဲရဲနီသော သွေးများက တစက်စက် ကျနေသဖြင့် မြေကြီးပေါ်၌ သွေးစီးကြောင်းတစ်ခု ဖြစ်လို့နေသည်။
….
ဘေးမှ ကြည့်နေသူများ အားလုံး ဆွံ့အကာ အံ့ဩနေသော အကြည့်များဖြင့် ဖြစ်နေကြသည်။
*သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်တောင် ရှိတာလေ၊ အဲ့ထဲက တစ်ချို့တွေဆို ဒဏ္ဍာရီလာအဆင့်တွေလေ*
*မဖြစ်နိုင်ဘူး*
*သူတို့အားလုံး ဓားချက် တစ်ချက်တည်းနဲ့ ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ*
ခဲလ်ဆာနှင့် အနီးအနားမှ အခြားသူများအားလုံး သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။
ယခုအချိန်တွင် ယဲ့ဖန်က အခြားသူများ၏ အပြုအမူကို လုံးတ ဂရုမစိုက်ဘဲ သေမင်းနတ်ဘုရားကဲ့သို့ ခဲလ်ဆာကိုသာ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ကြည့်နေသည်။
“မင်း မှားနေပြီ၊ ငါက ယဲ့ဖန်အတွက် အလုပ်မလုပ်ဘူး ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန် ဖြစ်နေလို့လေ”
#ZAWGYI
စာစဥ္ (23) CHAPTER (332) ဘာျဖစ္လို႔လဲဆိုေတာ့ ငါက …. ယဲ့ဖန္ေလ
*ဟုတ္တယ္၊ အဲ့ဒါ ငါပဲ*
ယဲ့ဖန္၏ စကားေၾကာင့္ အျခားသူမ်ားအားလုံး တစ္ခဏမွ် မွင္တက္သြားရသည္။
ခဲလ္ဆာႏွင့္ သူ႔လူမ်ား သတိျပန္ဝင္လာသည့္အခါ၌ ဟားတိုက္ရယ္ေမာၾကေလသည္။
“ဟားဟား ... မင္းက ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္လို႔ ေျပာလိုက္တာလား။ ငါ ရယ္ရလြန္းလို႔ အူေတာင္နာတယ္ကြာ။ ဒ႑ာရီတစ္ပိုင္းအဆင့္ကမ်ား သူက ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ပါလို႔ ေျပာရဲေသးတယ္”
“မင္းက ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ဆိုရင္ ငါက အလင္းေတာ္ ဘုန္းေတာ္ႀကီးပဲကြ”
“ဟားဟား ... ငါက မဟာ ကာ႐ိုးလ္ သခင္ႀကီးကြ”
ခဲလ္ဆာႏွင့္ အျခားသူမ်ားသည္ ရယ္ရလြန္း၍ အသက္ပင္ မရႉႏိုင္ေတာ့ေခ်။ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္အေၾကာင္း အရင္က သူတို႔ ၾကားခဲ့ဖူးပါသည္။
သူက အလြန္တရာကို ၾကမ္းၾကဳတ္၍ အင္အားႀကီးသူမ်ားစြာကို သတ္ျဖတ္ခဲ့သည္ဟု ဆိုၾကသည္။ သူက လက္တစ္ဘက္တည္းျဖင့္ ဒ႑ာရီလာအဆင့္မ်ားကို သတ္ႏိုင္သည္။ သားရဲဧကရာဇ္မ်ားေတာင္မွ သူ႔လက္မွ မလြတ္ႏိုင္ေပ။
သူက နတ္ဘုရားမႏွင့္ေတာင္မွ ယွဥ္ႏိုင္သည္။ သူလိုလူက ဘယ္လိုလုပ္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ျဖစ္ႏိုင္ပါမည္နည္း။
သို႔ေသာ္ သူ႔စကားေၾကာင့္ ခရီနာ တစ္ဒဂၤမွ် မွင္တက္သြားသည္။ သူမ ေတြေဝေနရင္း သားရဲဘုရင္ ျဖစ္ခါနီးအဆင့္ကို ႏွာတစ္ခ်က္ခ်ီ၍ ျပာအျဖစ္သို႔ ေရာက္ေအာင္ ျပဳလုပ္ခဲ့သည္ကို သတိရသြားသည္။
*သူက တကယ္ပဲ ...*
ထိုျဖစ္ႏိုင္ေခ်ကို သူမ သတိထားလိုက္မိေသာအခါ ခရီနာသည္ အလြန္ ထိတ္လန႔္သြားေသာ မ်က္ႏွာေလး ျဖစ္သြားသည္။
“ယဲ့ဖန္၊ ကြၽန္မ ... ရွင့္ကို ယုံတယ္”
ဘာရယ္ေၾကာင့္မွန္းမသိေသာ္လည္း ခရီနာ ယဲ့ဖန္ကို အႂကြင္းမဲ့ ယုံၾကည္မိသြားသည္။ သူ႔လက္ေမာင္းကို ကိုင္လိုက္ရင္း သူမ ေတာက္ပစြာ ၿပဳံးလိုက္မိသည္။
*ဘာ*
ခရီနာ၏ စကားေၾကာင့္ ခဲလ္ဆာႏွင့္ အျခားသူမ်ား နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။ သူတို႔အားလုံး ခရီနာ ႐ူးသြားၿပီဟု ထင္လိုက္ၾကသည္။
သို႔ေသာ္ သူတို႔ ခရီနာကို ျပန္၍ ေခ်ပေတာ့မည္အခ်ိန္တြင္ နားဝင္ခ်ိဳလွသည့္ ေခါင္းေလာင္းထိုးသံကို ၾကားလိုက္ရသည္။
ခ်က္ခ်င္းဆိုသလိုပင္ သူတို႔၏ မ်က္ႏွာမ်ားက အေလးအနက္ ျဖစ္သြားၿပီး ေျပာဆိုလိုက္သည္။
“ဒါ နတ္ဘုရားမ ဌာနက ေခါင္းေလာင္းသံပဲ။ နတ္ဘုရားမ ၿမိဳ႕ေတာ္က ပိတ္ေတာ့မယ္”
နတ္ဘုရားမ ၿမိဳ႕ေတာ္သည္ အ႐ုဏ္တက္ခ်ိန္တြင္ ဖြင့္၍ ေနဝင္ရီတေရာ အခ်ိန္၌ ျပန္ပိတ္ေလ့ရွိသည္။
ထို႔ေၾကာင့္ ခဲလ္ဆာက မရအရ ေျပာလာသည္။
“ခရီနာ၊ အခု ေနာက္က်ေနၿပီ။ ငါတို႔ ျပန္သြားမွ ျဖစ္မယ္”
ခရီနာက ေခါင္းညိတ္လိုက္သည္၊ သို႔ေသာ္ သူမက ယဲ့ဖန္ကို ၾကည့္ကာ အႀကံျပဳလိုက္သည္။
“ယဲ့ဖန္ ရွင္ ကြၽန္မတို႔နဲ႔ လိုက္ခဲ့ပါလား”
“ေကာင္းသားပဲ”
ယဲ့ဖန္က ေခါင္းညိတ္၍ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးျဖင့္ ေျပာလိုက္သည္။
“က်ဳပ္က နတ္ဘုရားမ ဌာနကို တစ္ခါေလာက္ေတာ့ အလည္သြားဖို႔ စဥ္းစားေနတာ”
ယဲ့ဖန္၏ စကားေၾကာင့္ ခဲလ္ဆာ၏ မ်က္ႏွာက မည္းေမွာင္သြားသည္။ သူ ခရီနာကို ပိုးပန္းေနသည္မွာ အေတာ္ၾကာၿပီ ျဖစ္သည္။ သူမႏွင့္ နီးကပ္ေသာ အျခား မည္သည့္ ေယာက်္ားသားကိုမွ် သူ မႏွစ္ၿမိဳ႕ပါ။
သို႔ေသာ္ ခရီနာက ယဲ့ဖန္ကို တစ္ဖက္သက္ ႀကိတ္ေႂကြေနသည္မွာ ထင္ရွားလွသည္။ ထို႔ေၾကာင့္ ခဲလ္ဆာသည္ ယဲ့ဖန္အား အလြန္ မနာလိုျဖစ္လာရသည္။
ထို႔ေနာက္ သူတို႔တစ္ေတြ နတ္ဘုရားမၿမိဳ႕ေတာ္သို႔ ျပန္လာခဲ့ၾကသည္။ အျပန္လမ္း၌ ခဲလ္ဆာ၏ မ်က္ႏွာက ပိုပို၍ သုန္မႈန္လာသည္။
ခရီနာက အၿမဲ ယဲ့ဖန္အနား၌ ကပ္ေနၿပီး သူ႔ကို ေမးခြန္းေတြ ေမးေနသည္ကို သူ ျမင္ေနရသည္။ သူတို႔သည္ ရင္းႏွီးကြၽမ္းဝင္ေနပုံ ရသည္။ ခရီနာ၏ တက္ႂကြေနေသာ အမူအရာက ခဲလ္ဆာအား ေဒါသထြက္မတတ္ ျဖစ္ေစသည္။
ယဲ့ဖန္ႏွင့္ ခရီနာသည္ ခဲလ္ဆာႏွင့္ အျခားသူမ်ား ေရွ႕မွ ေလွ်က္ေနၾကျခင္း ျဖစ္သည္။ ခဲလ္ဆာ၏ သုန္မႈန္ေနေသာ မ်က္ႏွာကို ၾကည့္ၿပီး က်န္လူငယ္မ်ားအားလုံးက ယဲ့ဖန္အား ရန္သူလို စ၍ ေျပာဆိုေလေတာ့သည္။
“ခဲလ္ဆာ အဲ့ဟြာရွ ငနာေကာင္က မင္းနဲ႔ ဘယ္လိုမွ ယွဥ္ႏိုင္မွာ မဟုတ္ဘူ။ ဘာလို႔ ခရီနာက သူ႔ကို ဒီေလာက္ ရင္းရင္းႏွီးႏွီး ဆက္ဆံေနရာတာလဲ။ သူတို႔က မင္းကို လုံးဝ မေလးစားဘူးပဲကြ”
“ဟုတ္တယ္ ခဲလ္ဆာ၊ ဒီဟြာရွေကာင္ကို အေၾကာင္းျပခ်က္ တစ္ခုခုရွာၿပီး သတ္လိုက္ရင္ေကာ။ ငါ သူ႔ကို ၾကည့္မရတာ ေတာ္ေတာ္ၾကာေနၿပီ”
...
လူငယ္ သိုင္းပညာရွင္မ်ား အားလုံးသည္ ဒ႑ာရီအဆင့္မ်ား ျဖစ္ၾကသည္။ ခ်ီဓာတ္အရ ဒ႑ာရီ တစ္ပိုင္းအဆင့္သာ ရွိေသာ ယဲ့ဖန္အား သတ္လိုက္ျခင္းက ၾကက္တစ္ေကာင္ကို သတ္တာထက္ လြယ္ကူေပလိမ့္မည္ဟု သူတို႔ ထင္ေနၾကသည္။
ခဲလ္ဆာသာ အမိန႔္ေပးလိုက္ပါက သူတို႔ ေသခ်ာေပါက္ ယဲ့ဖန္ကို ေပ်ာက္ကြယ္သြားေအာင္ လုပ္မည္ျဖစ္၏။
သူတို႔၏ စကားမ်ားကို ၾကားၿပီးေနာက္ ခဲလ္ဆာက ရက္စက္လိုေသာ ဆႏၵရွိသည့္ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
“သူ႔ကို သတ္ရမွာလား။ ဒါ အရမ္း ၾကင္နာလြန္းေနၿပီ”
“ခရီနာကို ငါနဲ႔ ယွဥ္လုဖို႔ ဘယ္သူကိုမွ ခြင့္မျပဳႏိုင္ဘူး။ အဲ့လို လုပ္ရဲတဲ့သူတိုင္း ေသကို ေသရမယ္”
“ၾကည့္ၾကေသးတာေပါ့။ ငါတို႔ နတ္ဘုရားမ ၿမိဳ႕ေတာ္ကို ျပန္ေရာက္ရင္း သူ ေသသြားတာကမွ ေကာင္းဦးမယ္လို႔ ေတြးရေလာက္ေအာင္ကို လုပ္ေပးမယ္”
ထိုသို႔ေျပာၿပီး ခဲလ္ဆာက သေရာ္ၿပဳံး ၿပဳံးလိုက္သည္။ ယဲ့ဖန္က သူတို႔ေျပာေနသည့္ စကားမ်ား၏ ဦးတည္ရာကို လုံးဝ မသိပုံ ေပၚသည္။
မၾကာခင္မွာပင္ သူတို႔ နတ္ဘုရားမၿမိဳ႕ေတာ္သို႔ ေရာက္လာၾကသည္။
နတ္ဘုရားမၿမိဳ႕ေတာ္၏ ၿမိဳ႕တံတိုင္းသည္ မီတာ ဒါဇင္ႏွင့္ခ်ီ၍ ျမင့္မားသည္။ ၿမိဳ႕တစ္ခုလုံး၏ တံတိုင္းသည္ သံမဏိကဲ့သို႔ သန္မာလွသည္။
က်ယ္ေျပာေသာ ေတာအုပ္အတြင္း၌ တည္ရွိေနၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည့္ ဧရာမ သားရဲေကာင္ႀကီး ပုန္းလွ်ိဳးကြယ္လွ်ိဳး ရွိေနသလိုပင္။
သူတို႔ ၿမိဳ႕ထဲေရာက္ၿပီး မၾကာခင္မွာပင္ ၿမိဳ႕တံခါး ပိတ္သြားသည္။ ထိုအခ်ိန္တြင္ ခဲလ္ဆာက ၿမိဳ႕လယ္ေခါင္မွ အျမင့္ဆုံး သံတိုင္တစ္ခုကို လက္ညႇိဳးထိုးျပၿပီး ယဲ့ဖန္အား သေရာ္သလိုလိုႏွင့္‌ ေမးလိုက္သည္။
“ယဲ့ဖန္ အဲ့တိုင္က ဘာအတြက္သုံးလဲ မင္းသိလား”
*တိုင္*
သူ႔စကားေၾကာင့္ ခဲလ္၏ လူမ်ား တစ္ခဏမွ် ေတြေဝသြားၾကသည္။ ထို႔ေနာက္ သူတို႔သည္ ခဲလ္ဆာ၏ ရည္႐ြယ္ခ်က္ကို သိသြားဟန္ျဖင့္ မေကာင္းဆိုးဝါးသဖြယ္ ေလွာင္ရယ္လာၾကသည္။
“ဟီးဟီး .... မင္း မသိဘူးမလား။ ဒါဆိုလည္း ငါက မင္းကို ေျပာျပေပးရတာေပါ့”
ခဲလ္ဆာက အလြန္ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ေျပာလာသည္။
“အဲ့ဒီတိုင္က နတ္ဘုရားမၿမိဳ႕ေတာ္ရဲ႕ ရန္သူေတြအတြက္ ျပင္ထားတာ”
“နတ္ဘုရားၿမိဳ႕ေတာ္ရဲ႕ ရန္သူအားလုံး အဲ့တိုင္မွာ ခ်ည္ေႏွာင္ခံရၿပီး ေသတဲ့အထိ မီးရႈိ႕ခံရတာ”
“မင္းက ေနာက္သားေကာင္ ျဖစ္လာမွာ”
*ဘာ*
သူ႔စကားေၾကာင့္ ခရီနာ၏ မ်က္ႏွာ၌ ေၾကာက္စိတ္မ်ားႏွင့္ ျပည့္ႏွက္လာကာ ေမးလိုက္သည္။
“ခဲလ္ဆာ နင္ ဘာေျပာခ်င္တာလဲ”
“ဘာမွမဟုတ္ပါဘူး ဒီအတိုင္း ေျပာျပ႐ုံပါ ... “
ခဲလ္ဆာက ၿပဳံး၍ ေျပာလိုက္သည္။ ထို႔ေနာက္ သူက ေဘးပတ္လည္မွ နတ္ဘုရားမ ၿမိဳ႕ေတာ္၏ အေစာင့္မ်ားကို ေအာ္ေျပာလိုက္သည္။
“က်ဳပ္ ဟြာရွသူလွ်ိဳ ရွာေတြ႕ခဲ့တယ္”
“သူက ယဲ့ဖန္အတြက္ အလုပ္လုပ္ေနတာ ၿပီးေတာ့ နတ္ဘုရားမ ၿမိဳ႕ေတာ္ကို ဖယ္ရွားဖို႔ ဒီကို ေရာက္ေနတာ”
....
သူ႔စကားမ်ားက ေဘးပတ္လည္အား ခ်က္ခ်င္းဆိုသလို ထိတ္လန႔္တၾကား ျဖစ္သြားေစခဲ့သည္။
နတ္ဘုရားမၿမိဳ႕ေတာ္မွ လူတိုင္းနီးပါးသည္ နတ္ဘုရားမမ်ားကို ႐ိုေသကိုင္းရႈိင္းၾကသည္။ ယဲ့ဖန္သည္ နတ္ဘုရားမမ်ားႏွင့္ နတ္ဘုရားမမ်ားကို ကိုးကြယ္သူအားလုံးတို႔၏ ရန္သူ ျဖစ္သည္။
အျခားသူမ်ားအားလုံးက သူတို႔နားသို႔ ခ်က္ခ်င္း ဝိုင္းလာၾကသည္။ ထိုသို႔ဝိုင္းထားေသာ သူမ်ားအားလုံးသည္ ဒ႑ာရီလာအဆင့္မ်ား ျဖစ္ၾကသည္။ သူတို႔သည္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားႏွင့္အတူ ခဲလ္ဆာအား ေမးလာၾကသည္။
“သူလွ်ိဳ ဘယ္မလဲ။ ဘယ္သူက ယဲ့ဖန္အတြက္ အလုပ္လုပ္တာလဲ”
ဤသည္ကို ၾကည့္ၿပီး ခဲလ္ဆာက ယဲ့ဖန္ကို လက္ညႇိဳးထိုးကာ သေရာ္သံႏွင့္အတူ ေျပာလိုက္သည္။
“သူပဲ၊ သူက ယဲ့ဖန္အတြက္ အလုပ္လုပ္တာ။ သူက ျမင့္ျမတ္တဲ့ ၿမိဳ႕ေတာ္ထဲကို သတင္းလိုခ်င္လို႔ ခိုးဝင္လာတာ။ သူကို ဖမ္းၾကပါ။ သူ႔ကို ေသတဲ့အထိ မီးရႈိ႕သတ္လိုက္ၾကပါ”
....
ခဲလ္ဆာ၏ စကားကို ၾကားၿပီး အနီးအနားမွ အျခားသူမ်ားအားလုံး ကြၽတ္ကြၽတ္ညံလာၾကသည္။
သိုင္းပညာရွင္မ်ားစြာက ယဲ့ဖန္ထံသို႔ ခ်က္ခ်င္း ေျပးဝင္လာၾကသည္။ ဤျမင္ကြင္းေၾကာင့္ ခရီနာ၏ မ်က္ႏွာက အလြန္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္လာသည္။
ခဲလ္ဆာက သည္ေလာက္ အႏၲရာယ္မ်ားသည့္ လုပ္ရပ္ကို လုပ္လိမ့္မည္ဟု သူမ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
သို႔ေသာ္ ယဲ့ဖန္အတြက္ သူမ ေခ်ပေပးရန္ ေနာက္က်သြားေခ်ၿပီ။ သိုင္းပညာရွင္ အေယာက္ႏွစ္ဆယ္ေက်ာ္က ယဲ့ဖန္ထံသို႔ ေျပးဝင္သြားၿပီ မဟုတ္ပါလား။
သို႔ေသာ္ ထိုအခ်ိန္တြင္ ေအးစက္စက္ အလင္းတန္းတစ္ခု လ်စ္ခနဲ ျဖတ္ေျပးသြားသည္။ လူအေယာက္ ႏွစ္ဆယ္တို႔ ႐ုတ္တရက္ ေအးစက္ ေတာင့္တင္းသြားၾကသည္။
ထို႔ေနာက္ သူတို႔အားလုံး၏ လည္ပင္း၌ ေသြးမ်ာား စိမ့္ထြက္လာေသာ ျပတ္ရာမ်ား ေပၚေပါက္လာသည္။
ဂလု!
သိုင္းပညာရွင္မ်ား၏ ဦးေခါင္းတို႔သည္ သူတို႔၏ လည္ပင္းမွ ျဖည္းျဖည္းခ်င္း ျပတ္က်လို႔လာသည္။ ေျမႀကီးေပၚ၌ ေခါင္းျပတ္ ႏွစ္ဆယ္ေက်ာ္ ရွိေနသည္။
ထို႔အျပင္ ေျမႀကီးေပၚ၌ ေသြးမ်ားျဖင့္ ဖုံးလႊမ္းလို႔ေန၏။
ဘုတ္!
သူတို႔၏ ေခါင္းျပတ္အေလာင္းမ်ား ေျမႀကီးေပၚ ျပဳတ္က်သြားသည္ႏွင့္ ထိုေနရာတစ္ခုလုံး တိတ္က်သြားသည္။
ျမန္သည္။ တိုက္ခိုက္မႈက ျမန္လြန္းအားႀကီးလွသည္။
မည္သူမွ် တိုက္ခိုက္မႈကို မျမင္လိုက္ၾကေပ။ ယဲ့ဖန္လက္ထဲ၌ ဓားတစ္လက္ ရွိေနသည္ကိုသာ သူတို႔ ျမင္လိုက္ရသည္။
ထိုဓားသည္ ပု႐ြက္ဆိတ္မ်ားႏွင့္ ဖြဲ႕စည္းထားသည့္ ဧရာမ ဓားတစ္လက္ ျဖစ္သည္။
ေတာက္! ေတာက္!
ထိုဧရာမဓားႀကီးမွ ရဲရဲနီေသာ ေသြးမ်ားက တစက္စက္ က်ေနသျဖင့္ ေျမႀကီးေပၚ၌ ေသြးစီးေၾကာင္းတစ္ခု ျဖစ္လို႔ေနသည္။
….
ေဘးမွ ၾကည့္ေနသူမ်ား အားလုံး ဆြံ႕အကာ အံ့ဩေနေသာ အၾကည့္မ်ားျဖင့္ ျဖစ္ေနၾကသည္။
*သိုင္းပညာရွင္ အေယာက္ ႏွစ္ဆယ္ေက်ာ္ေတာင္ ရွိတာေလ၊ အဲ့ထဲက တစ္ခ်ိဳ႕ေတြဆို ဒ႑ာရီလာအဆင့္ေတြေလ*
*မျဖစ္ႏိုင္ဘူး*
*သူတို႔အားလုံး ဓားခ်က္ တစ္ခ်က္တည္းနဲ႔ ဘယ္လိုလုပ္ အသတ္ခံလိုက္ရတာလဲ*
ခဲလ္ဆာႏွင့္ အနီးအနားမွ အျခားသူမ်ားအားလုံး သရဲသဘက္ကို ျမင္လိုက္ရသကဲ့သို႔ ယဲ့ဖန္အား ဝိုင္းၾကည့္ေနၾကသည္။
ယခုအခ်ိန္တြင္ ယဲ့ဖန္က အျခားသူမ်ား၏ အျပဳအမူကို လုံးတ ဂ႐ုမစိုက္ဘဲ ေသမင္းနတ္ဘုရားကဲ့သို႔ ခဲလ္ဆာကိုသာ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးမ်ိဳးႏွင့္ ၾကည့္ေနသည္။
“မင္း မွားေနၿပီ၊ ငါက ယဲ့ဖန္အတြက္ အလုပ္မလုပ္ဘူး ဘာလို႔လဲဆိုေတာ့ ငါက ယဲ့ဖန္ ျဖစ္ေနလို႔ေလ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now