Chapter 272

1.3K 145 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (272) လူရိုင်းခေတ်
*အဲ့ဒါ … ယဲ့ဖန်မလား*
ထိုအချိန်တွင် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ အလွန် အံ့ဩသွားကြသည်။ သူတို့ ယဲ့ဖန်ကို အလွန် မုန်းတီးကြသည်။ သူ ပြာဖြစ်သွားလျင်တောင်မှ သူတို့ မှတ်မိပါသည်။
ယခင်က ယဲ့ဖန် မုချ သေရတော့မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။ ထင်မှတ်မထားဘဲ ရန်သူတော်ကြီးက ခလုတ်မထိ ဆူးမညိဘဲ အကောင်းအတိုင်း ရှိနေသည်။
ပို၍ အံ့ဩဖွယ်ကောင်းသည့် အချက်က ယဲ့ဖန်သည် အမှောင်ဂိုဏ်းချုပ်၏ သခင်ကြီး ဖြစ်နေသည်။ ထို့ကြောင့် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေရသည်။
"မဟုတ်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး … ယဲ့ဖန်က အရှင့်ရဲ့သားကို သတ်လိုက်တာလေ … ဘာလို့ အရှင်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာလဲ … အံ့ဩဖို့ ကောင်းလိုက်တာ"
နန်ရှန့်အကြီးအကဲ၏ မျက်နှာက အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဘဏ္ဍာထိန်းကျိုအား မေးလိုက်သည်။
"ဘဏ္ဍာထိန်း … အဲ့ခွေးမသားလေးက ဘာလို့ ဒီကို ရောက်နေတာလဲ"
*အမ်*
သူ့စကားကို ကြားသော် ဘဏ္ဍာထိန်းကျိုသည် တစ်ခဏမျှ မှင်တက်သွားသည်။ နန်ရှန့်အကြီးအကဲက ယဲ့ဖန်ကို ရည်ရွယ်ပြီး ပြောဆိုနေမှန်း သတိထားမိသောအခါ သူ့မျက်နှာက အကြီးအကျယ် ထိတ်လန့်သွားဟန် ပေါက်သွားသည်။
"ခွေးမသား … မင်းက ငါတို့သခင်ကြီးကို စော်ကားရဲတယ်ပေါ့လေ … နန်ရှန့်အကြီးအကဲ … ခင်ဗျား သေချင်နေတာလား"
*ဘာ*
သူ့စကားကြောင့် နန်ရှန့်အကြီးအကဲနှင့် ရင်းလုံတို့ အလွန် ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်သွားကြသည်။
*သ…သခင်ကြီးတဲ့လား*
ကျိုကလန်နှင့် အရှင်၏ သခင်ကြီးက ယဲ့ဖန်တဲ့လား။ ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ အလွန် သွေးပျက်သွားကြသည်။
ဒုန်းခနဲ အသံနှင့်အတူ ကျိုအိမ်တော်၏ ဘဏ္ဍာထိန်းဖြစ်သူ မာစတာကျိုက ယဲ့ဖန်ရှေ့ ဒူးထောက်၍ နှုတ်ဆက်လေသည်။
"ဂါရဝါပြုပါတယ် သခင်ကြီး … ကျွန်တော်က ခင်ဗျားရဲ့ ကျွန်အိုကြီး မာစတာကျိုပါ … အိမ်တော်ကနေ ကြိုဆိုပါတယ်"
သူ၏ နှုတ်ဆက်သံကြောင့် ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့ ကြက်သီးတဖြန်းဖြန်းထကာ ကြမ်းပြင်ပေါ် ဒူးထောက်၍ နှုတ်ဆက်လိုက်ကြသည်။
"ကြိုဆိုပါတယ် သခင်ကြီး"
သူတို့ ယဲ့ဖန်မျက်နှာကို မော်ကြည့်ရန် သတ္တိမရှိသဖြင့် ခေါင်းကို ငုံ့ထားကြသည်။ ထို့အတူ သူတို့နဖူးမှ ချွေးများ တဒီးဒီးကျနေသည်။
သူတို့လည်ချောင်းထဲကနေ သူတို့ နှလုံးသား ခုန်ထွက်လာပြီဟုတောင် သူတို့ ခံစားမိသည်။
"သခင်ကြီး … ကျွန်တော်တို့ ရောက်ပါပြီ … ကျေးဇူးပြုပြီး အထဲဝင်ပါဦး"
အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုချင်းချန်က ယဲ့ဖန်အား ခရီးဦးကြိုပြုလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ပြပြီး ကျိုကလန်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
သူက ရင်းလုံနှင့် နန်ရှန့်အကြီးအကဲတို့အား သူ တစ်ချက်ကလေးတောင် လှည့်ကြည်ရန် မထိုက်တန်သင့် ပုရွက်ဆိတ်များကဲ့သို့ ကြည့်ကို မကြည့်သွားချေ။
ယဲ့ဖန်တို့အဖွဲ့ ခြံတံခါးကို ဖြတ်ကျော် ဝင်ရောက်သွားမှသာ ရင်းလုံနှင့် သူ့ဆရာတို့ စိတ်သက်သာရာ ရကာ သက်ပြင်းချမိကြသည်။
ငရဲမှလွတ်လာသကဲ့သို့ သူတို့နှစ်ဦးလုံး ချွေးသံတရွှဲရွှဲဖြစ်နေသည်။ သူတို့နှစ်ယောက်လုံး ယဲ့ဖန်၏ ကျောပြင်အား အလွန် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။
"ရင်းလုံ … မင်းရဲ့ အမုန်းတရားတွေ အားလုံးကို လွှတ်ချလိုက်တော့ … ငါတို့နဲ့သူက ကမ္ဘာချင်း မတူဘူး"
နန်ရှန့်အကြီးအကဲသည် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာက တုန်လှုပ်စွာ ပြောလိုက်သည်။
"ငါတို့ သူနဲ့ ပတ်သက်ပြီး ဆက်ပြီး မကျေမနပ် ဖြစ်နေဦးမယ်ဆိုရင် ငါတို့ အနာဂတ်မှာ အုတ်ဂူမရှိ၊ ဘာမရှိနဲ့ သေသွားရမှာကို ငါ စိုးရိမ်မိတယ်"
နန်ရှန့်အကြီးအကဲကို သတိရပြီးနောက် ရင်းလုံ ချက်ချင်း တုန်ယင်သွားပြီးနောက် သူ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ရင်းလုံ အောင့်သက်သက် ခံစားလိုက်ရပြီး သူ၏ နာကျည်းမှုသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ဘက်သူက အလွန် အင်အားကြီးနေပြီး သူကတော့ နိမ့်ကျတဲ့သူ တစ်ယောက် ဖြစ်နေချိန်တွင် သူ ဆက်၍ အမုန်းတရားကို ရင်ဝယ်မပိုက်ထားရဲတော့ပါ။
ယဲ့ဖန်နှင့် ယှည်လျင် သူက အလွန် သေးနုပ်သွားသည်။ အကယ်၍ သူသာ ယဲ့ဖန်ကို ဆက်၍ မုန်းတီးနေလျင် သူ မြန်မြန် သေသွားလိမ့်မည်။
"သူ…သူက ကျုပ် မြင်ဖူးသမျှထဲမှာ ကြောက်ဖို့အကောင်းဆုံးသူပဲ"
ရင်းလုံသည် သူ ကျန်းရှီမြို့သို့ သွားခဲ့စဉ်က ယဲ့ဖန်သည် ညအဖွဲ့မှ အရှင်သခင်သုံးယောက်သာ သူ့အစေခံ ဖြစ်ပြီး ပုရွက်ဆိတ်သာသာမျှသာ ရှိခဲ့သည်ကို သူ သတိရမိသည်။
ယခုအခါတွင်တော့ တစ်ဘက်လူသည် ဒဏ္ဍာရီလာများနှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များကို သူ၏ ကျေးကျွန်များအဖြစ် ထားနိုင်နေပြီ ဖြစ်သည်။
အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားမှုနှင့် ပတ်သက်ပြီး သူ တွေးလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်း ထသွားရသည်။
….
ညသန်းခေါင်ချိန်၌ ယန်ကျင့်မြို့၏ ကိုရီးယားပုံစံ ဟိုတယ်တစ်ခုအတွင်းရှိ ခုတင်တစ်ခုပေါ်၌ မိန်းမပျိုလေးတစ်ယောက် လဲလျောင်းလို့နေသည်။ သူမ အခန်းပြတင်းပေါက် အပြင်ဘက် မိုးကောင်းကင်မှ ကြယ်လေးများကို ကြည့်ရင်း မျက်ရည်များ ဆက်တိုက် ကျဆင်းနေ၏။
*အစ်ကိုကြီး*
*ဖေဖေ*
*ဘိုးဘိုး*
ပုံရိပ်သုံးခုက သူမ စိတ်ထဲ ဆက်တိုက် ပေါ်နေပြီး သူမအား သူမရန်သူကို အချိန်တိုင်း သတိပေးနေသည်။
*သူက နင်အချစ်ရဆုံးသူတွေကို သတ်ခဲ့တာလေ*
*နင် သူ့ကို မုန်းသင့်တယ် … နင် သူ့ကို မုန်းရုံပဲ တတ်နိုင်တာလေ*
"မောင်ငယ်လေး … ဘာလို့ …"
ဝမ်အာသည် အိပ်မက်ကမ္ဘာထဲ ရောက်ရှိသွားပြီး ရှိုက်ငိုနေဆဲ ဖြစ်သည်။ သူမ၏ အပြစ်ကင်းစင်၍ လှပသော မျက်နှာလေးက မျက်ရည်များနှင့် တောက်ပလို့နေပြီး သူမမျက်နှာလေးက ချစ်ဖွယ်ကောင်းလှသည်။
သို့သော် ခန်းစီးက အနည်းငယ် လှုပ်ခတ်သွားသည်ကို သူမ သတိမမူမိချေ။ ထို့နောက်တွင် အဘိုးအိုတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် သူမ အခန်းတွင်း၌ ပေါ်လာသည်။
ယဲ့ဖန်သာ ဒီမှာ ရှိနေမည်ဆိုလျင် ထိုသူတို့သည် သူ့အား နတ်ဆိုးတောင်ကြားအား ဝင်ရောက်ရန် ရွှေအိုရောင် ကဒ်ပြားပေးခဲ့သည့် သူတောင်းစား နှစ်ယောက်ဖြစ်သည်ကို ချက်ချင်း သတိပြုမိလောက်သည်။
"ဘိုးဘိုး … မမက သိပ်သနားဖို့ကောင်းတာပဲ"
ယန်အာသည် သူမ ပါးစပ်သေးသေးလေးကို လက်ဖြင့်အုပ်ရင်း ဝမ်အာ၏ မျက်နှာလေးကို ကြည့်ပြီး ငိုတော့မလို ဖြစ်နေသည်။
သူမ စကားကြောင့် သူတောင်းစားအိုကြီးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခက်ထန်သော အကြည့်မျာ ခပ်မှိန်မှိန်လင်းသွားသည်။ ထို့နောက် သူက ဝမ်အာအား ခပ်အက်အက်ဖြစ်သော လူကြီးအသံဖြင့် ပြောလိုက်သည်။
"ကလေးမ … မင်း သူ့ကို မုန်းသလား"
သူမအိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က သူမအား မေးခွန်းမေးလာသည်ဟု ဝမ်အာ ခံစားမိသည်။ ထို့နောက် သူမသည် မျက်လုံး မှိတ်ထားသော်လည်း ပြန်ဖြေလိုက်သည်။
"မုန်းတယ် … ကျွန်မ သူ့ကို မုန်းတယ် … ဒါပေမယ့် … ကျွန်မ သူ့ကို ချစ်လည်းချစ်တယ်…"
တစ်ချိန်တည်းမှာပင် သူမ၏ မှိတ်ထားသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ဤမြင်ကွင်းကြောင့် သူတောင်းစားအိုကြီးက သက်ပြင်းချ၍ ပြောလိုက်သည်။
"အချစ်က လူတစ်ယောက်ရဲ့ သေခြင်း သို့မဟုတ် ရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ် ၊ အချစ်ကပဲ သူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊‌ ဝမ်းနည်းမှုတွေကို ဆုံးဖြတ်ပေးနိုင်တယ်"
"ကလေးမ … ငါတို့နဲ့ လိုက်ခဲ့ပါ … ငါတို့ မင်း ကြီးပြင်းလာအောင် ကူညီပေးမယ် … ငါတို့ မင်း သန်မာလာအောင် ကူညီပေးမယ်"
"မင်း တစ်နေ့ သူနဲ့ ပြန်ဆုံမှာပါ"
ထိုသို့ပြောပြီးနောက် သူတောင်းစားအိုကြီးက ယန်အာကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယန်အာက ရှေ့သို့ တိုးလာပြီး ဝမ်အာအား ချက်ချင်း ပိုက်ချီလိုက်ပြီး ဝမ်အာက ယန်အာ၏ လက်မောင်းတွင်း၌ အလေးချိန်မဲ့သလို ရောက်ရှိသွားသည်။
ယန်အာ၏ ခွန်အားသည် အံ့ဩဖွယ်ကောင်းလှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့သည် ဖျောင်ကျုံးဝမ်နှင့်အတူ ဟိုတယ်ထဲမှ ထွက်ခွာလာခဲ့သည်။
ရှင်းလင်းနေသော လမ်းမထက်၌ ရပ်နေရင်း သူတောင်းစားအိုကြီးသည် မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချလိုက်သည်။
"ယန်အာ … ရေခီစွမ်းအင်တွေ အရင်ကထက် ပေါများလာတာကို မင်း သတိထားမိလာ … ကြည့်ရတာ အဲ့နေ့က စောစောရောက်လာတော့မယ်နဲ့ တူပါရဲ့"
*ဟင်*
သူတောင်းစားအိုကြီးရဲ့ စကားကြောင့် ယန်အာ မှင်တက်သွားသည်။ ထို့နောက် သူမသည် လေကို နှာတရှုံ့ရှုံ့နှင့် အနံ့ခံလိုက်ပြီး မေးလာသည်။
"ဘိုးဘိုး … ဟောကိန်းထုတ်ထားတဲ့နေ့က တကယ်ပဲ ရောက်လာတော့မှာလား … ဒါပေမယ့် သမီးတို့ ပါရမီရှင်ကို ရှာမတွေ့သေးဘူးလေ"
ပါရမီရှင်။
သူမစကားကြောင့် သူတောင်းစားအိုကြီး၏ အမူအရာက ပို၍ ပို၍ လေးနက်လာပြီး ပြန်ဖြေလိုက်သည်။
"ကမ္ဘာကြီးက ထင်မှတ်မထားတဲ့ ပြောင်းလဲမှုနဲ့ ကြုံတွေ့ရလိမ့်မယ် … ရေခီစွမ်းအင်းက ကမ္ဘာမြေကြီးကနေ ငေါက်ခနဲ ပန်းထွက်နေပြီ … ဖြစ်ထွန်းစည်ပင်တဲ့ ခေတ်ကြီး ရောက်လာတော့မယ်"
"လျှို့နှက်ရှေးဟောင်းကလန်တွေ အားလုံး ပေါ်ထွက်လာတော့မယ် … အလွန် ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေလည်း အမွေ ဆက်ခံလိမ့်မယ်"
"ဘိုးဘိုး သိထားသလောက်တော့ လူခြောက်ယောက်က အလွန် ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကို ရရှိသွားပြီးပြီ"
"အနောက်အရပ်က အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပက နတ်ဘုရားမ၊ ဆိုက်ဘေးရီးယားက ဝံပုလွေဘုရင်၊ အမေရိကားက ဒုစရိုက်ဧကရာဇ်၊ အိန္ဒိယက ဧကရာဇ် ကာရိုလ်းနဲ့ ထိုင်းနိုင်ငံက မှော်နက် နတ်ဘုရားမ"
"အဲ့လူရှစ်ယောက်က ကြောက်မက်ဖွယ်ကောင်းတဲ့ အလွန် ရှေးကျတဲ့ လျှို့ဝှက် သိုင်းကျမ်းတွေကို ပိုင်ဆိုင်သွားကြပြီးတော့ သူတို့ အောင်မြင် ကျော်ကြားတဲ့အချိန်ကို ရောက်လာပြီ"
"ပါရမီရှင်က သူတို့ထဲက တစ်ယောက် ဖြစ်လောက်တယ်"
*ဘယ်လို*
သူတောင်းစားအိုကြီး၏ စကားကြောင့် ယန်အာ၏ မျက်နှာသေးသေးလေးက ပို၍ တည်ကြည် လေးနက်လာသည်။
အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းများ ပြန်လည်ပေါ်ပေါက်လာမှုက တစ်ကမ္ဘာလုံး အနှံ့တွင် ဖြစ်ထွန်းစည်ပင်လာသော ခေတ်၏ အစဖြစ်သည်ကို သူမ သိပါသည်။ ရှေးဦးအင်အားစုများက အမိန့်သစ် ထုတ်ပြန်လာလောက်သည်။
သန်မာသော သူများသာ အသက်ရှင်ကျန်ရစ်လိမ့်မည်။ အားနည်းတဲ့သူများ သေဆုံးလိမ့်မည်။
ကမ္ဘာမြေကြီးသည် လူရိုင်းခေတ်သို့ ဝင်ရောက်လာလိမ့်မည်၊ ဤသည်မှာ ကမ္ဘာမြေ၏ အရက်စက်ဆုံး ခေတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုစဉ် သူတောင်းစားအိုကြီးက သူ့ခေါင်းအား အလှမ်းမကမ်း မှောင်ရိပ်ထဲသို့ အနည်းငယ် ငဲ့ကြည်ပြီး သုန်မှုန်စွာ ပြောလိုက်သည်။
"ဟိုကောင်လေး လာနေပြီ …"
ထိုအချိန်တွင် မှောင်ရိပ်ထဲမှ အရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
#ZAWGYI
စာစဥ္ (19) CHAPTER (272) လူ႐ိုင္းေခတ္
*အဲ့ဒါ … ယဲ့ဖန္မလား*
ထိုအခ်ိန္တြင္ ရင္းလုံႏွင့္ နန္ရွန႔္အႀကီးအကဲတို႔ အလြန္ အံ့ဩသြားၾကသည္။ သူတို႔ ယဲ့ဖန္ကို အလြန္ မုန္းတီးၾကသည္။ သူ ျပာျဖစ္သြားလ်င္ေတာင္မွ သူတို႔ မွတ္မိပါသည္။
ယခင္က ယဲ့ဖန္ မုခ် ေသရေတာ့မည္ဟု သူတို႔ ယုံၾကည္ခဲ့ၾကသည္။ ထင္မွတ္မထားဘဲ ရန္သူေတာ္ႀကီးက ခလုတ္မထိ ဆူးမညိဘဲ အေကာင္းအတိုင္း ရွိေနသည္။
ပို၍ အံ့ဩဖြယ္ေကာင္းသည့္ အခ်က္က ယဲ့ဖန္သည္ အေမွာင္ဂိုဏ္းခ်ဳပ္၏ သခင္ႀကီး ျဖစ္ေနသည္။ ထို႔ေၾကာင့္ ရင္းလုံႏွင့္ နန္ရွန႔္အႀကီးအကဲတို႔ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနရသည္။
"မဟုတ္ဘူး … ဒါ လုံးဝ မျဖစ္ႏိုင္ဘူး … ယဲ့ဖန္က အရွင့္ရဲ႕သားကို သတ္လိုက္တာေလ … ဘာလို႔ အရွင္က သူ႔ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေနတာလဲ … အံ့ဩဖို႔ ေကာင္းလိုက္တာ"
နန္ရွန႔္အႀကီးအကဲ၏ မ်က္ႏွာက အလြန္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနၿပီး ဘ႑ာထိန္းက်ိဳအား ေမးလိုက္သည္။
"ဘ႑ာထိန္း … အဲ့ေခြးမသားေလးက ဘာလို႔ ဒီကို ေရာက္ေနတာလဲ"
*အမ္*
သူ႔စကားကို ၾကားေသာ္ ဘ႑ာထိန္းက်ိဳသည္ တစ္ခဏမွ် မွင္တက္သြားသည္။ နန္ရွန႔္အႀကီးအကဲက ယဲ့ဖန္ကို ရည္႐ြယ္ၿပီး ေျပာဆိုေနမွန္း သတိထားမိေသာအခါ သူ႔မ်က္ႏွာက အႀကီးအက်ယ္ ထိတ္လန႔္သြားဟန္ ေပါက္သြားသည္။
"ေခြးမသား … မင္းက ငါတို႔သခင္ႀကီးကို ေစာ္ကားရဲတယ္ေပါ့ေလ … နန္ရွန႔္အႀကီးအကဲ … ခင္ဗ်ား ေသခ်င္ေနတာလား"
*ဘာ*
သူ႔စကားေၾကာင့္ နန္ရွန႔္အႀကီးအကဲႏွင့္ ရင္းလုံတို႔ အလြန္ ထိတ္လန႔္ကာ သတိလစ္မတတ္ ျဖစ္သြားၾကသည္။
*သ…သခင္ႀကီးတဲ့လား*
က်ိဳကလန္ႏွင့္ အရွင္၏ သခင္ႀကီးက ယဲ့ဖန္တဲ့လား။ ရင္းလုံႏွင့္ နန္ရွန႔္အႀကီးအကဲတို႔ အလြန္ ေသြးပ်က္သြားၾကသည္။
ဒုန္းခနဲ အသံႏွင့္အတူ က်ိဳအိမ္ေတာ္၏ ဘ႑ာထိန္းျဖစ္သူ မာစတာက်ိဳက ယဲ့ဖန္ေရွ႕ ဒူးေထာက္၍ ႏႈတ္ဆက္ေလသည္။
"ဂါရဝါျပဳပါတယ္ သခင္ႀကီး … ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ ကြၽန္အိုႀကီး မာစတာက်ိဳပါ … အိမ္ေတာ္ကေန ႀကိဳဆိုပါတယ္"
သူ၏ ႏႈတ္ဆက္သံေၾကာင့္ ရင္းလုံႏွင့္ နန္ရွန႔္အႀကီးအကဲတို႔ ၾကက္သီးတျဖန္းျဖန္းထကာ ၾကမ္းျပင္ေပၚ ဒူးေထာက္၍ ႏႈတ္ဆက္လိုက္ၾကသည္။
"ႀကိဳဆိုပါတယ္ သခင္ႀကီး"
သူတို႔ ယဲ့ဖန္မ်က္ႏွာကို ေမာ္ၾကည့္ရန္ သတၱိမရွိသျဖင့္ ေခါင္းကို ငုံ႔ထားၾကသည္။ ထို႔အတူ သူတို႔နဖူးမွ ေခြၽးမ်ား တဒီးဒီးက်ေနသည္။
သူတို႔လည္ေခ်ာင္းထဲကေန သူတို႔ ႏွလုံးသား ခုန္ထြက္လာၿပီဟုေတာင္ သူတို႔ ခံစားမိသည္။
"သခင္ႀကီး … ကြၽန္ေတာ္တို႔ ေရာက္ပါၿပီ … ေက်းဇူးျပဳၿပီး အထဲဝင္ပါဦး"
အေမွာင္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ က်ိဳခ်င္းခ်န္က ယဲ့ဖန္အား ခရီးဦးႀကိဳျပဳလိုက္သည္။ သူ႔စကားေၾကာင့္ ယဲ့ဖန္က ေခါင္းညိတ္ျပၿပီး က်ိဳကလန္ထဲသို႔ ခ်က္ခ်င္း ဝင္ေရာက္သြားသည္။
သူက ရင္းလုံႏွင့္ နန္ရွန႔္အႀကီးအကဲတို႔အား သူ တစ္ခ်က္ကေလးေတာင္ လွည့္ၾကည္ရန္ မထိုက္တန္သင့္ ပု႐ြက္ဆိတ္မ်ားကဲ့သို႔ ၾကည့္ကို မၾကည့္သြားေခ်။
ယဲ့ဖန္တို႔အဖြဲ႕ ၿခံတံခါးကို ျဖတ္ေက်ာ္ ဝင္ေရာက္သြားမွသာ ရင္းလုံႏွင့္ သူ႔ဆရာတို႔ စိတ္သက္သာရာ ရကာ သက္ျပင္းခ်မိၾကသည္။
ငရဲမွလြတ္လာသကဲ့သို႔ သူတို႔ႏွစ္ဦးလုံး ေခြၽးသံတ႐ႊဲ႐ႊဲျဖစ္ေနသည္။ သူတို႔ႏွစ္ေယာက္လုံး ယဲ့ဖန္၏ ေက်ာျပင္အား အလြန္ ရႈပ္ေထြးေသာ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္မိၾကသည္။
"ရင္းလုံ … မင္းရဲ႕ အမုန္းတရားေတြ အားလုံးကို လႊတ္ခ်လိုက္ေတာ့ … ငါတို႔နဲ႔သူက ကမာၻခ်င္း မတူဘူး"
နန္ရွန႔္အႀကီးအကဲသည္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာက တုန္လႈပ္စြာ ေျပာလိုက္သည္။
"ငါတို႔ သူနဲ႔ ပတ္သက္ၿပီး ဆက္ၿပီး မေက်မနပ္ ျဖစ္ေနဦးမယ္ဆိုရင္ ငါတို႔ အနာဂတ္မွာ အုတ္ဂူမရွိ၊ ဘာမရွိနဲ႔ ေသသြားရမွာကို ငါ စိုးရိမ္မိတယ္"
နန္ရွန႔္အႀကီးအကဲကို သတိရၿပီးေနာက္ ရင္းလုံ ခ်က္ခ်င္း တုန္ယင္သြားၿပီးေနာက္ သူ ျပန္ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ ဆရာ"
ရင္းလုံ ေအာင့္သက္သက္ ခံစားလိုက္ရၿပီး သူ၏ နာက်ည္းမႈသည္လည္း ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။ တစ္ဘက္သူက အလြန္ အင္အားႀကီးေနၿပီး သူကေတာ့ နိမ့္က်တဲ့သူ တစ္ေယာက္ ျဖစ္ေနခ်ိန္တြင္ သူ ဆက္၍ အမုန္းတရားကို ရင္ဝယ္မပိုက္ထားရဲေတာ့ပါ။
ယဲ့ဖန္ႏွင့္ ယွည္လ်င္ သူက အလြန္ ေသးႏုပ္သြားသည္။ အကယ္၍ သူသာ ယဲ့ဖန္ကို ဆက္၍ မုန္းတီးေနလ်င္ သူ ျမန္ျမန္ ေသသြားလိမ့္မည္။
"သူ…သူက က်ဳပ္ ျမင္ဖူးသမွ်ထဲမွာ ေၾကာက္ဖို႔အေကာင္းဆုံးသူပဲ"
ရင္းလုံသည္ သူ က်န္းရွီၿမိဳ႕သို႔ သြားခဲ့စဥ္က ယဲ့ဖန္သည္ ညအဖြဲ႕မွ အရွင္သခင္သုံးေယာက္သာ သူ႔အေစခံ ျဖစ္ၿပီး ပု႐ြက္ဆိတ္သာသာမွ်သာ ရွိခဲ့သည္ကို သူ သတိရမိသည္။
ယခုအခါတြင္ေတာ့ တစ္ဘက္လူသည္ ဒ႑ာရီလာမ်ားႏွင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္မ်ားကို သူ၏ ေက်းကြၽန္မ်ားအျဖစ္ ထားႏိုင္ေနၿပီ ျဖစ္သည္။
အံ့ဩစရာေကာင္းေလာက္ေအာင္ ေျပာင္းလဲသြားမႈႏွင့္ ပတ္သက္ၿပီး သူ ေတြးလိုက္တိုင္း သူ႔ခႏၶာကိုယ္တစ္ခုလုံး ၾကက္သီးေမြးညင္း ထသြားရသည္။
….
ညသန္းေခါင္ခ်ိန္၌ ယန္က်င့္ၿမိဳ႕၏ ကိုရီးယားပုံစံ ဟိုတယ္တစ္ခုအတြင္းရွိ ခုတင္တစ္ခုေပၚ၌ မိန္းမပ်ိဳေလးတစ္ေယာက္ လဲေလ်ာင္းလို႔ေနသည္။ သူမ အခန္းျပတင္းေပါက္ အျပင္ဘက္ မိုးေကာင္းကင္မွ ၾကယ္ေလးမ်ားကို ၾကည့္ရင္း မ်က္ရည္မ်ား ဆက္တိုက္ က်ဆင္းေန၏။
*အစ္ကိုႀကီး*
*ေဖေဖ*
*ဘိုးဘိုး*
ပုံရိပ္သုံးခုက သူမ စိတ္ထဲ ဆက္တိုက္ ေပၚေနၿပီး သူမအား သူမရန္သူကို အခ်ိန္တိုင္း သတိေပးေနသည္။
*သူက နင္အခ်စ္ရဆုံးသူေတြကို သတ္ခဲ့တာေလ*
*နင္ သူ႔ကို မုန္းသင့္တယ္ … နင္ သူ႔ကို မုန္း႐ုံပဲ တတ္ႏိုင္တာေလ*
"ေမာင္ငယ္ေလး … ဘာလို႔ …"
ဝမ္အာသည္ အိပ္မက္ကမာၻထဲ ေရာက္ရွိသြားၿပီး ရႈိက္ငိုေနဆဲ ျဖစ္သည္။ သူမ၏ အျပစ္ကင္းစင္၍ လွပေသာ မ်က္ႏွာေလးက မ်က္ရည္မ်ားႏွင့္ ေတာက္ပလို႔ေနၿပီး သူမမ်က္ႏွာေလးက ခ်စ္ဖြယ္ေကာင္းလွသည္။
သို႔ေသာ္ ခန္းစီးက အနည္းငယ္ လႈပ္ခတ္သြားသည္ကို သူမ သတိမမူမိေခ်။ ထို႔ေနာက္တြင္ အဘိုးအိုတစ္ေယာက္ႏွင့္ မိန္းမငယ္ေလးတစ္ေယာက္ သူမ အခန္းတြင္း၌ ေပၚလာသည္။
ယဲ့ဖန္သာ ဒီမွာ ရွိေနမည္ဆိုလ်င္ ထိုသူတို႔သည္ သူ႔အား နတ္ဆိုးေတာင္ၾကားအား ဝင္ေရာက္ရန္ ေ႐ႊအိုေရာင္ ကဒ္ျပားေပးခဲ့သည့္ သူေတာင္းစား ႏွစ္ေယာက္ျဖစ္သည္ကို ခ်က္ခ်င္း သတိျပဳမိေလာက္သည္။
"ဘိုးဘိုး … မမက သိပ္သနားဖို႔ေကာင္းတာပဲ"
ယန္အာသည္ သူမ ပါးစပ္ေသးေသးေလးကို လက္ျဖင့္အုပ္ရင္း ဝမ္အာ၏ မ်က္ႏွာေလးကို ၾကည့္ၿပီး ငိုေတာ့မလို ျဖစ္ေနသည္။
သူမ စကားေၾကာင့္ သူေတာင္းစားအိုႀကီးက သက္ျပင္းရွည္ႀကီး ခ်လိုက္ၿပီး ခက္ထန္ေသာ အၾကည့္မ်ာ ခပ္မွိန္မွိန္လင္းသြားသည္။ ထို႔ေနာက္ သူက ဝမ္အာအား ခပ္အက္အက္ျဖစ္ေသာ လူႀကီးအသံျဖင့္ ေျပာလိုက္သည္။
"ကေလးမ … မင္း သူ႔ကို မုန္းသလား"
သူမအိပ္မက္ထဲတြင္ တစ္စုံတစ္ေယာက္က သူမအား ေမးခြန္းေမးလာသည္ဟု ဝမ္အာ ခံစားမိသည္။ ထို႔ေနာက္ သူမသည္ မ်က္လုံး မွိတ္ထားေသာ္လည္း ျပန္ေျဖလိုက္သည္။
"မုန္းတယ္ … ကြၽန္မ သူ႔ကို မုန္းတယ္ … ဒါေပမယ့္ … ကြၽန္မ သူ႔ကို ခ်စ္လည္းခ်စ္တယ္…"
တစ္ခ်ိန္တည္းမွာပင္ သူမ၏ မွိတ္ထားေသာ မ်က္လုံးမ်ားမွ မ်က္ရည္မ်ား စီးက်လာသည္။ ဤျမင္ကြင္းေၾကာင့္ သူေတာင္းစားအိုႀကီးက သက္ျပင္းခ်၍ ေျပာလိုက္သည္။
"အခ်စ္က လူတစ္ေယာက္ရဲ႕ ေသျခင္း သို႔မဟုတ္ ရွင္ျခင္းကို ဆုံးျဖတ္ႏိုင္တယ္ ၊ အခ်စ္ကပဲ သူတစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈေတြကို ဆုံးျဖတ္ေပးႏိုင္တယ္"
"ကေလးမ … ငါတို႔နဲ႔ လိုက္ခဲ့ပါ … ငါတို႔ မင္း ႀကီးျပင္းလာေအာင္ ကူညီေပးမယ္ … ငါတို႔ မင္း သန္မာလာေအာင္ ကူညီေပးမယ္"
"မင္း တစ္ေန႔ သူနဲ႔ ျပန္ဆုံမွာပါ"
ထိုသို႔ေျပာၿပီးေနာက္ သူေတာင္းစားအိုႀကီးက ယန္အာကို ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ ယန္အာက ေရွ႕သို႔ တိုးလာၿပီး ဝမ္အာအား ခ်က္ခ်င္း ပိုက္ခ်ီလိုက္ၿပီး ဝမ္အာက ယန္အာ၏ လက္ေမာင္းတြင္း၌ အေလးခ်ိန္မဲ့သလို ေရာက္ရွိသြားသည္။
ယန္အာ၏ ခြန္အားသည္ အံ့ဩဖြယ္ေကာင္းလွသည္။ မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ သူေတာင္းစားအိုႀကီးႏွင့္ သူေတာင္းစားငယ္ေလးတို႔သည္ ေဖ်ာင္က်ဳံးဝမ္ႏွင့္အတူ ဟိုတယ္ထဲမွ ထြက္ခြာလာခဲ့သည္။
ရွင္းလင္းေနေသာ လမ္းမထက္၌ ရပ္ေနရင္း သူေတာင္းစားအိုႀကီးသည္ မ်က္ေမွာင္ၾကဳတ္သြားၿပီး သက္ျပင္းခ်လိုက္သည္။
"ယန္အာ … ေရခီစြမ္းအင္ေတြ အရင္ကထက္ ေပါမ်ားလာတာကို မင္း သတိထားမိလာ … ၾကည့္ရတာ အဲ့ေန႔က ေစာေစာေရာက္လာေတာ့မယ္နဲ႔ တူပါရဲ႕"
*ဟင္*
သူေတာင္းစားအိုႀကီးရဲ႕ စကားေၾကာင့္ ယန္အာ မွင္တက္သြားသည္။ ထို႔ေနာက္ သူမသည္ ေလကို ႏွာတရႈံ႕ရႈံ႕ႏွင့္ အနံ႔ခံလိုက္ၿပီး ေမးလာသည္။
"ဘိုးဘိုး … ေဟာကိန္းထုတ္ထားတဲ့ေန႔က တကယ္ပဲ ေရာက္လာေတာ့မွာလား … ဒါေပမယ့္ သမီးတို႔ ပါရမီရွင္ကို ရွာမေတြ႕ေသးဘူးေလ"
ပါရမီရွင္။
သူမစကားေၾကာင့္ သူေတာင္းစားအိုႀကီး၏ အမူအရာက ပို၍ ပို၍ ေလးနက္လာၿပီး ျပန္ေျဖလိုက္သည္။
"ကမာၻႀကီးက ထင္မွတ္မထားတဲ့ ေျပာင္းလဲမႈနဲ႔ ႀကဳံေတြ႕ရလိမ့္မယ္ … ေရခီစြမ္းအင္းက ကမာၻေျမႀကီးကေန ေငါက္ခနဲ ပန္းထြက္ေနၿပီ … ျဖစ္ထြန္းစည္ပင္တဲ့ ေခတ္ႀကီး ေရာက္လာေတာ့မယ္"
"လွ်ိဳ႕ႏွက္ေရွးေဟာင္းကလန္ေတြ အားလုံး ေပၚထြက္လာေတာ့မယ္ … အလြန္ ေရွးက်တဲ့ လွ်ိဳ႕ဝွက္သိုင္းက်မ္းေတြလည္း အေမြ ဆက္ခံလိမ့္မယ္"
"ဘိုးဘိုး သိထားသေလာက္ေတာ့ လူေျခာက္ေယာက္က အလြန္ ေရွးက်တဲ့ လွ်ိဳ႕ဝွက္သိုင္းက်မ္းေတြကို ရရွိသြားၿပီးၿပီ"
"အေနာက္အရပ္က အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ ဥေရာပက နတ္ဘုရားမ၊ ဆိုက္ေဘးရီးယားက ဝံပုေလြဘုရင္၊ အေမရိကားက ဒုစ႐ိုက္ဧကရာဇ္၊ အိႏၵိယက ဧကရာဇ္ ကာ႐ိုလ္းနဲ႔ ထိုင္းႏိုင္ငံက ေမွာ္နက္ နတ္ဘုရားမ"
"အဲ့လူရွစ္ေယာက္က ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အလြန္ ေရွးက်တဲ့ လွ်ိဳ႕ဝွက္ သိုင္းက်မ္းေတြကို ပိုင္ဆိုင္သြားၾကၿပီးေတာ့ သူတို႔ ေအာင္ျမင္ ေက်ာ္ၾကားတဲ့အခ်ိန္ကို ေရာက္လာၿပီ"
"ပါရမီရွင္က သူတို႔ထဲက တစ္ေယာက္ ျဖစ္ေလာက္တယ္"
*ဘယ္လို*
သူေတာင္းစားအိုႀကီး၏ စကားေၾကာင့္ ယန္အာ၏ မ်က္ႏွာေသးေသးေလးက ပို၍ တည္ၾကည္ ေလးနက္လာသည္။
အလြန္ ေရွးက်ေသာ လွ်ိဳ႕ဝွက္သိုင္းက်မ္းမ်ား ျပန္လည္ေပၚေပါက္လာမႈက တစ္ကမာၻလုံး အႏွံ႔တြင္ ျဖစ္ထြန္းစည္ပင္လာေသာ ေခတ္၏ အစျဖစ္သည္ကို သူမ သိပါသည္။ ေရွးဦးအင္အားစုမ်ားက အမိန႔္သစ္ ထုတ္ျပန္လာေလာက္သည္။
သန္မာေသာ သူမ်ားသာ အသက္ရွင္က်န္ရစ္လိမ့္မည္။ အားနည္းတဲ့သူမ်ား ေသဆုံးလိမ့္မည္။
ကမာၻေျမႀကီးသည္ လူ႐ိုင္းေခတ္သို႔ ဝင္ေရာက္လာလိမ့္မည္၊ ဤသည္မွာ ကမာၻေျမ၏ အရက္စက္ဆုံး ေခတ္တစ္ခု ျဖစ္လာေပလိမ့္မည္။
ထိုစဥ္ သူေတာင္းစားအိုႀကီးက သူ႔ေခါင္းအား အလွမ္းမကမ္း ေမွာင္ရိပ္ထဲသို႔ အနည္းငယ္ ငဲ့ၾကည္ၿပီး သုန္မႈန္စြာ ေျပာလိုက္သည္။
"ဟိုေကာင္ေလး လာေနၿပီ …"
ထိုအခ်ိန္တြင္ ေမွာင္ရိပ္ထဲမွ အရိပ္တစ္ခု ျဖည္းျဖည္းခ်င္း ထြက္ေပၚလာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now