Chapter 362

1K 101 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (362) ဝိညာဉ်ခြွေသိုင်းကွက်
ရွှစ်!
ဟွမ်ဖူရွှမ်သည် အလွန် ထိတ်လန့်၍ မယုံနိုင်သော မျက်လုံးများနှင့် ဖြစ်နေပြီး သူ့နဖူးအလယ် တည့်တည့်မှ သွေးများ တတောက်တောက် ကျနေကာ တောင့်တင်းလို့သွားသည်။
ယဲ့ဖန်က အကြီးအကဲကိုးယောက်ရှေ့၌ သူ့ကို သတ်ရဲသည်ကို မယုံနိုင်သလို ဖြစ်နေသည်။
“မဖြစ်နိုင်ဘူး”
ဟွမ်ဖူရွှမ် ဗလုံးဗထွေး ရေရွတ်ရင်း မြေကြီးပေါ် လဲကျသွားသည်။
ဘုန်း!
သူ ချက်ချင်း သေဆုံးသွားလေသည်။ ထိုစဉ် တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
ဟွမ်ဖူရွှမ်၏ အလောင်းကို ကြည့်ပြီး အခြားသူများအားလုံးသည် မိမိတို့ နှလုံးမခုန်တော့သယောင် ခံစားလာမိသည်၊ အထူးသဖြင့် ကုန်းစွန်းဝူကျိပင်။
ထို့နောက် သူသည် ချွေးတလုံးလုံးနှင့် ကြောက်လန့်စွာ ရေရွတ်လိုက်မိသည်။
“ဆိုးတာပဲ၊ ယဲ့ဖန်က ကမ္ဘာမြေ အဖွဲ့အစည်းကို ရန်စမိမှာကို ငါ စိုးရိမ်မိတယ်”
သူ စိုးရိမ်နေသည့်အရာက တကယ် ဖြစ်လာခဲ့လေပြီ။ ယခင်တုန်းက ယဲ့ဖန်သည် ကမ္ဘာမြေ အဖွဲ့အစည်းနှင့် ရန်ငြှိုးထားမိမှာကို သူ အလွန် စိုးရိမ်မိခဲ့သည်။
ယခုအခါတွင် သူ စိုးရိမ်နေခဲ့သမျှက တကယ် ဖြစ်လို့လာခဲ့သည်။ အဖြစ်အပျက်များကို သတိပြုမိပြီးနောက် အကြီးအကဲ ကိုးယောက်လုံး ဒေါသူပုန်ထလာကြသည်။
“ခွေးမသား မင်းကများ ဟွမ်ဖူရွှမ်ကို သတ်ရဲတယ်ပေါ့လေ”
ဟွမ်ဖူရွှမ်နှင့် ရင်းနှီးသည့် အကြီးအကဲတစ်ယောက်က ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်ဖော်ရင်း မာန်မဲလာသည်။
ထို့နောက် သူသည် လက်ကို မြှောက်၍ ယဲ့ဖန်အား ရိုက်နှက်ရန် ပြင်လိုက်သည်။
“နိမ့်ကျတဲ့ကောင် မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”
လေတိုက်သံနှင့်အတူ တောင်တစ်ခုလုံးကိုတောင်မှ ချေမွနိုင်သယောင်ရှိသည့် သူ၏ လက်ဖဝါးအရွယ် ချီလှိုင်းက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။
အင်အားကြီးလိုက်သည့် တိုက်ကွက်ပါတကား။
လင်းဒီလော့ဖ်နှင့် အခြား အကြီးအကဲ ခုနစ်ယောက်တို့သည် ယဲ့ဖန်ကို မကျေမနပ်ဖြစ်ကာ သင်ခန်းစာ ပေးချင်နေသဖြင့့် ထိုအကြီးအကဲအား မတားမြစ်ပေ။
ထိုတိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်က လှောင်ရယ်ကာ ထိုကြီးမားသော လက်ဖဝါးအရွယ် ချီလှိုင်းအား သူ့လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း!
လက်ဖဝါးအရွယ် ချီလှိုင်းက ယဲ့ဖန်၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။ ထိုအကြီးအကဲ၏ မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။
ဝှစ်!
သူ့လက်တစ်ခုလုံးသည် ကြီးမားသော အင်အားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ နီရဲလို့လာ၏။ ထိုတိုက်ခိုက်မှုအဆုံးတွင် သူ့လက်ဖဝါး ပေါက်ကွဲသွားသည်။
ယဲ့ဖန်၏ ထိတ်လန့်ဖွယ်ကောင်းသော သံမဏိလက်သီးက သူ့ဦးခေါင်းထဲသို့ ဖောက်ထွင်း ဝင်ရောက်လာသည်။
“မလုပ်နဲ့”
ကြောက်စိတ်မွှန်နေသော အော်သံအဆုံးတွင် တကယ့် နတ်ဘုရားအဆင့် လူတစ်ယောက်၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ထွက်သွားသည်။
ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် လဲကျသွားချိန်တွင် တောင်ထိပ်တစ်ခုလုံး၌ ထပ်မံ၍ တိတ်ဆိတ်လို့သွားရသည်။
“ဒါ… လုံးဝ မဖြစ်နိုင်ဘူး”
လင်းဒီလော့ဖ်နှင့် အခြား အကြီးအကဲ ခုနစ်ယောက်လုံး မှင်တက်သွားကြသည်။ ယခင်တုန်းက ယဲ့ဖန် ဟွမ်ဖူရွှမ်ကို သတ်နိုင်ခဲ့ခြင်းက ကံကောင်းသွား၍ ဖြစ်သည်ဟု သူတို့ ထင်ခဲ့မိသည်။ ထို့ကြောင့် သူတို့က ထိုအကြီးအကဲ တိုက်ခိုက်ခြင်းကို မတားခဲ့ခြင်း ဖြစ်သည်။
သို့သော် နိမ့်ကျသော ဒဏ္ဍာရီလာအဆင့် တစ်ယောက်က တကယ့် နတ်ဘုရားအဆင့် တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ စိတ်ကူးနဲ့တောင် မတွေးခဲ့ဖူးပေ။
ဤသည်မှာ အဆင့်ဆယ်ဆင့်ကျော်၍ ဖိနှိပ်တိုက်ခိုက်သော တိုက်ပွဲပင်။
*အံ့ဩစရာပဲ*
ထိုစဉ် အခြားသူများအားလုံးက ယဲ့ဖန်က မျက်ခုံးတလှုပ်လှုပ်နှင့် စိုက်ကြည့်နေကြသည်။ ယခုအခါမှသာ သူတို့ ယဲ့ဖန်၏ ခွန်အားကို လျော့တွက်ခဲ့မိကြောင်း သတိပြုမိလိုက်ကြသည်။
“ယဲ့ဖန် မင်း အကြီးအကဲဟန့်ကို သတ်ရဲတယ်ပေါ့။ မင်း…”
လင်းဒီလော့ဖ်သည် ဒေါသကြောင့် နီမြန်းနေသော မျက်နှာနှင့် အော်ဟစ်လိုက်သည်။
ရဲတင်းလွန်းလှသည်။
ယဲ့ဖန်သည် သူ မြင်ဖူးသမျှထဲတွင် အရဲတင်းဆုံးလူ ဖြစ်သည်။
ယဲ့ဖန်သည် အချိန်တိုလေးအတွင်း၌ ကမ္ဘာမြေ အဖွဲ့အစည်း၏ အကြီးအကဲ နှစ်ယောက်ကို သတ်လိုက်လေသည်။ မယုံနိုင်စရာ ကောင်းလှလေသည်။
ထိုစဉ် ယဲ့ဖန်သည် ထိုအကြီးအကဲ၏ ဦးခေါင်းထဲမှ နတ်ဘုရားအဆင့် အမြုတေကို ထုတ်၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
နတ်ဘုရားအဆင့် အမြုတေကို ဝါးနေရင်း ယဲ့ဖန်က လင်းဒီလော့ဖ်နှင့် အခြားသူ ခုနစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“သူက ကျုပ်ကို သတ်ချင်နေတာလေ။ ကျုပ်က သူ ကျုပ်ကို သတ်ခွင့် ပေးလိုက်ရမှာလား”
“ဘာလဲ၊ ခင်ဗျားတို့လည်း လိုက်သေချင်လို့လား”

ယဲ့ဖန်၏ စကားကြောင့် လင်းဒီလော့ဖ်နှင့် အခြားအကြီးအကဲ ခုနစ်ယောက်လုံး အလွန် မှင်တက်သွားကြသည်။
ထူးဆန်းလိုက်သည့်လူပါလား။
ယဲ့ဖန်သည် ကမ္ဘာမြေ အဖွဲ့အစည်းမှ အကြီးအကဲများ၏ မျက်လုံးထဲတွင် အထူးဆန်းဆုံးသူပင် ဖြစ်သည်။
နတ်ဘုရားအဆင့်၏ အမြုတေကို စားနေသည့်အပြင် သူက ကျန်ရှိနေသော အကြီးအကဲများအား အရသာရှိသော တစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ စိတ်ဝင်တစား ကြည့်နေသေးသည်။
ထို့ကြောင့် ကျန်အကြီးအကဲ ရှစ်ယောက်လုံး ကြက်သီးထလာကြသည်။
“ယဲ့ဖန် မှတ်ထားလိုက်၊ ဒီကိစ္စက ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ဘူး”
လင်းဒီလော့ဖ်သည် ယဲ့ဖန်အား သတိပေးလိုက်ရင်း သူနှင့် ကမ္ဘာမြေ အဖွဲ့အစည်းမှ ကျန်အကြီးအကဲ ခုနစ်ယောက်လုံး ကြောက်စိတ်မွှန်နေကြသည်။
ကြောက်သည်။ ယဲ့ဖန်က သူတို့အားလုံးကိုပါ သတ်၍ သူတို့၏ နတ်ဘုရားအဆင့် အမြုတေကို ထုတ်ယူသွားမည်ကို သူတို့အားလုံး ကြောက်နေကြသည။ ထို့ကြောင့် သူတို့အားလုံး ထွက်ပြေးချင်နေကြသည်။
….
ထို့နောက် သူတို့သည် လေဆာရောင်ခြည်သုံး စစ်သင်္ဘောပေါ် ခပ်သုတ်သုတ် ပြန်တက်သွားကြသည်။
ဝီ!
စစ်သင်္ဘောသည် ကောင်းကင်ပေါ် ထိုးတက်သွားပြီး ကြောက်လန့်နေသော ယုန်သဖွယ် ပျောက်ကွယ်လို့သွားသည်။
ယဲ့ဖန်က ကျန်အကြီးအကဲ ရှစ်ယောက်ကို မသတ်လိုက်ပါ။ သူတို့တွင် သူနှင့် မည်သည့်ရန်ကြွေးမျှ မရှိပေ။ ထို့အပြင် သူသည် မကောင်းဆိုးဝါးများကို အနိုင်ယူသတ်ဖြတ်၍ အခြားလူသားများကို ကာကွယ်ပေးနိုင်ရန် လူတစ်ချို့ကို အသက်ရှင်လျက် ထားချင်နေခဲ့သေး၍ ဖြစ်သည်။
“သွားကြစို့”
ယဲ့ဖန်သည် ကုန်းစွန်ကလန်ရှိရာ တောင်ထိပ်သို့ တစ်ချက်မျှ ခပ်ကြာကြာ စိုက်ကြည့်နေပြီးမှ သူ့လူများနှင့်အတူ တောင်ထိပ်မှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
ယဲ့ဖန်နှင့် သူ့လူများ ထွက်ခွာသွားသည့် အခါမှသာ ကုန်းစွန်းဝူကျိနှင့် သူ့ကလန်သားများ သက်ပြင်းချနိုင်တော့သည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းမှ အကြီးအကဲ သုံးယောက်လုံး အချိန်တိုလေးအတွင်း၌ ယဲ့ဖန်၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည်ဟု သူတို့ ထင်မထားခဲ့မိပါ။

ကျန်းရှီမြို့၌။
ယဲ့ဖန် ပြန်လာပြီးနောက် ကျန်းရှီမြို့သည် တစ်ဖန်ပြန်လည်၍ အေးချမ်းလာသည်။
အမှောင်သခင်သည် တကယ့် နတ်ဘုရားအဆင့်သို့ အဆင့်တက်လာနိုင်ပြီးနောက် နတ်ဆိုးတောင်ကြားရှိ သူ၏ မူလကိုယ်ပေါ်အား ချိပ်ပိတ်ထားသော စည်းတံဆိပ်များ အားလျော့လာသည်ကို ခံစားလိုက်မိသည်။
မူလကိုယ် စည်းတံဆိပ်အား ချိုးဖျက်နိုင်ရန်အတွက် အကူအညီပေးလိုသဖြင့် သူ၏ ကိုယ်ပွားက ချက်ချင်း နတ်ဆိုးတောင်ကြားသို့ ပြန်သွားလေသည်။
ကြာပန်း၏ အကူအညီဖြင့် ပိုင်ယီသည်လည်း သူမမှတ်ဉာဏ်များ ပြန်ရလာသည်။ ထို့ပြင် သူမ၏ တိုက်ပွဲဝင် ခွန်အားသည်လည်း ထပ်မံ၍ တိုးပွားလာပြန်သည်။
ထို့နောက် သူမသည် သူ၏ တံခါးပိတ် ကျင့်ကြံခြင်း ခရီးရှည်အား စတင်လေတော့သည်။
ကျန်းရှီမြို့မှ နတ်ဆိုးများအားလုံး ရေကုန်ရေခမ်း ကြိုးပမ်း၍ ကျင့်ကြံကြလေသည်။
ကျယ်ပြောသော ရေခီနှင့် နတ်ဆိုးချီဓာတ် ပေါင်းစပ်ထားသော ဝင်္ကပါအတွင်း၌ သူတို့၏ သိုင်းအဆင့်များက နေ့တိုင်း တိုးတက်လို့လာသည်။
ယဲ့ဖန်တစ်ယောက်တည်းသာလျင် သူ၏ နောက်ဘေး မြေကွက်လပ်၌ တိတ်ဆိတ်စွာ ထိုင်နေရင်း မြေကြီးထဲ စိုက်ထားသော ဓားကျိုးအပိုင်းအစကို စိုက်ကြည့်လျက် ရှိသည်။
ဓားကျိုးသည် အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပ နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့ကြောင့် သုံးပိုင်း ကျိုးသွားခဲ့ပြီး ဖြစ်သည်။
ထိုဓားကျိုး အပိုင်းအစ သုံးခုအား နတ်ဘုရားမ ဌာနရှိ နတ်ဘုရားမတို့၏ ဧကရီရုပ်တု၊ အလင်းတော် ဘုရားကျောင်းရှိ အင်မော်တယ် နဂါးရုပ်တုနှင့် ဝူနတ်ဘုရားကျောင်းတော်ရှိ ဝူနတ်ဘုရားရုပ်တုတို့၌ အသီးသီး စိုက်ထူထားခဲ့ကြသည်။
ယဲ့ဖန်က ထိုအင်အားစု သုံးခုကို ရှင်းပစ်ခဲ့ပြီးနောက် ဓားကျိုး၏ အပိုင်းအစ သုံးခုအား ပြန်သိမ်းယူလာခဲ့ခြင်း ဖြစ်သည်။
ထူးဆန်းစွာပင် ဓားကျိုးထဲမှ နတ်ဆိုးနဂါးသည် ပျောက်ကွယ်နေကာ တိတ်ဆိတ်လို့နေသည်။
*ဒီငတုံးကြီးမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတာ၊ သူ သည်လောက် အကြာကြီး အသက်ရှင်နေခဲ့တာဆိုတော့ အလွယ်တကူ လျှောသွားမှာ မဟုတ်ဘူး*
အချိန်တစ်ခဏမျှ တွေးတောနေပြီးနောက် ယဲ့ဖန်သည် ဆန်းကြယ်ရေခဲ ချီဓာတ်အချို့အား ဓားကျိုးထဲသို့ ပို့လွှတ်လိုက်သည်။
သို့သော် မည်သို့သော တုံ့ပြန်မှုမျှ မရှိပေ။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ခေါင်းတခါခါနှင့် သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“ဟူး နတ်ဆိုးနဂါး ခင်ဗျားက တော်တော် သနားဖို့ကောင်းတဲ့ ယောကျ်ားပဲ။ ကောင်းပြီလေ၊ ခင်ဗျားအတွက် ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ ကျုပ်က ဒီဓားကျိုးကို ဝိညာဉ်ခြွေ သိုင်းကွက်နဲ့အတူ အရည်ဖျော်ပစ်လိုက်ပါ့မယ်”
ဝိညာဉ်ခြွေ သိုင်းကွက်သည် ကျန်ရစ်နေသော ဝိညာဉ်များအား ဖြေရှင်းရာတွင် အသုံးပြုသည့် အရက်စက်ဆုံး သိုင်းကွက်ဖြစ်သည်။
ဤသိုင်းကွက်နှင့်ဆိုလျင် လူတစ်ယောက်သည် ကျန်ရစ်နေသော ဝိညာဉ်အား လေးဆယ့်ကိုးရက် သန့်စင်မွမ်းမံနိုင်သည်။ ထို့ကြောင့် ကျန်ရစ်နေသော ဝိညာဉ်သည် ကယောင်ချောက်ချား အော်ဟစ်နေရမည် ဖြစ်ပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားခြင်း ပြုနိုင်မည် မဟုတ်ပေ။
ယဲ့ဖန်က သူ့လက်ဖဝါးကို ချက်ချင်း လှုပ်ခါလိုက်သည်။ ထို့နောက် မည်းနက်နေသည့် နတ်ဆိုးဆန်သော မှော်စာလုံးတစ်လုံးက လေထဲပေါ်လာလေသည်။
ထို့နောက် ဓားကျိုးအား ထိုမှော်စာလုံးနှင့် ထိခိုက်စေရန် ကြံရွယ်လိုက်သည်။
“အား..အား…အား”
သို့သော် ယဲ့ဖန်၏ လက်ဖဝါးက ဓားကျိုးအပိုင်းအစများနှင့် မထိမိခင်တွင် အနက်ရောင် ချီမျှင်စုများက လေထဲ ပေါ်ထွက်လို့လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုချီဓာတ်များက နဂါးဦးခေါင်းအသွင်သို့ ပြောင်းလဲသွားသည်။
နဂါး၏ မျက်နှာက တုန်လှုပ်လို့နေပြီး ကြောက်လန့်တကြား ငယ်သံပါအောင် အော်ဟစ်နေသည်။
“လူငယ်လေးယဲ့၊ မင်း … မင်း ဒီလောက် မရက်စက်သင့်ဘူးနော်။ မင်း အကြီးတွေကို လေးစားရမယ်ဆိုတာကို မသိဘူးလား။ ငါက သုံးပိုင်း အပိုင်းခံလိုက်ရပြီးတော့ ငါ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တာကွ။ ငါ ဒဏ်ရာရနေတာ”
နဂါး၏ မျက်နှာသည် အလွန် မခံချိမခံသာ ဖြစ်နေပုံရပြီး မျက်ရည်များ ဝဲလို့နေ၏။
“လူအိုကြီး နောက်ဆုံးတော့ ခင်ဗျား ပေါ်လာပြီပဲ”
ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ နတ်ဆိုးနဂါး၏ မျက်လုံးအား စေ့စေ့ကြည့်ကာ ဆက်ပြောလိုက်သည်။
“ကျုပ်ကို အင်မော်တယ် နဂါး၊ ကောင်းကင် နဂါးနဲ့ ဝူနဂါးအကြောင်း ပြောပြ”
ထိုစဉ် ဝိညာဉ်ခြွေ မှော်စာလုံးက ယဲ့ဖန်၏ လက်ဖဝါးပေါ်သို့ ပြန်ရောက်လာပြီး နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ထဲသို့ အချိန်မရွေး ခုန်ဝင်တော့မည့်ပုံပေါ်နေသည်။
#Zawgyi
စာစဥ္ (25) CHAPTER (362) ဝိညာဥ္ေႁခြသိုင္းကြက္
႐ႊစ္!
ဟြမ္ဖူ႐ႊမ္သည္ အလြန္ ထိတ္လန႔္၍ မယုံႏိုင္ေသာ မ်က္လုံးမ်ားႏွင့္ ျဖစ္ေနၿပီး သူ႔နဖူးအလယ္ တည့္တည့္မွ ေသြးမ်ား တေတာက္ေတာက္ က်ေနကာ ေတာင့္တင္းလို႔သြားသည္။
ယဲ့ဖန္က အႀကီးအကဲကိုးေယာက္ေရွ႕၌ သူ႔ကို သတ္ရဲသည္ကို မယုံႏိုင္သလို ျဖစ္ေနသည္။
“မျဖစ္ႏိုင္ဘူး”
ဟြမ္ဖူ႐ႊမ္ ဗလုံးဗေထြး ေရ႐ြတ္ရင္း ေျမႀကီးေပၚ လဲက်သြားသည္။
ဘုန္း!
သူ ခ်က္ခ်င္း ေသဆုံးသြားေလသည္။ ထိုစဥ္ ေတာင္ထိပ္တစ္ခုလုံး တိတ္ဆိတ္လို႔သြားသည္။
ဟြမ္ဖူ႐ႊမ္၏ အေလာင္းကို ၾကည့္ၿပီး အျခားသူမ်ားအားလုံးသည္ မိမိတို႔ ႏွလုံးမခုန္ေတာ့သေယာင္ ခံစားလာမိသည္၊ အထူးသျဖင့္ ကုန္းစြန္းဝူက်ိပင္။
ထို႔ေနာက္ သူသည္ ေခြၽးတလုံးလုံးႏွင့္ ေၾကာက္လန႔္စြာ ေရ႐ြတ္လိုက္မိသည္။
“ဆိုးတာပဲ၊ ယဲ့ဖန္က ကမာၻေျမ အဖြဲ႕အစည္းကို ရန္စမိမွာကို ငါ စိုးရိမ္မိတယ္”
သူ စိုးရိမ္ေနသည့္အရာက တကယ္ ျဖစ္လာခဲ့ေလၿပီ။ ယခင္တုန္းက ယဲ့ဖန္သည္ ကမာၻေျမ အဖြဲ႕အစည္းႏွင့္ ရန္ျငႇိဳးထားမိမွာကို သူ အလြန္ စိုးရိမ္မိခဲ့သည္။
ယခုအခါတြင္ သူ စိုးရိမ္ေနခဲ့သမွ်က တကယ္ ျဖစ္လို႔လာခဲ့သည္။ အျဖစ္အပ်က္မ်ားကို သတိျပဳမိၿပီးေနာက္ အႀကီးအကဲ ကိုးေယာက္လုံး ေဒါသူပုန္ထလာၾကသည္။
“ေခြးမသား မင္းကမ်ား ဟြမ္ဖူ႐ႊမ္ကို သတ္ရဲတယ္ေပါ့ေလ”
ဟြမ္ဖူ႐ႊမ္ႏွင့္ ရင္းႏွီးသည့္ အႀကီးအကဲတစ္ေယာက္က ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ထုတ္ေဖာ္ရင္း မာန္မဲလာသည္။
ထို႔ေနာက္ သူသည္ လက္ကို ေျမႇာက္၍ ယဲ့ဖန္အား ႐ိုက္ႏွက္ရန္ ျပင္လိုက္သည္။
“နိမ့္က်တဲ့ေကာင္ မင္း ကိုယ့္ေသတြင္းကိုယ္တူးေနတာပဲ”
ေလတိုက္သံႏွင့္အတူ ေတာင္တစ္ခုလုံးကိုေတာင္မွ ေခ်မြႏိုင္သေယာင္ရွိသည့္ သူ၏ လက္ဖဝါးအ႐ြယ္ ခ်ီလႈိင္းက ယဲ့ဖန္ထံသို႔ ေျပးဝင္သြားသည္။
အင္အားႀကီးလိုက္သည့္ တိုက္ကြက္ပါတကား။
လင္းဒီေလာ့ဖ္ႏွင့္ အျခား အႀကီးအကဲ ခုနစ္ေယာက္တို႔သည္ ယဲ့ဖန္ကို မေက်မနပ္ျဖစ္ကာ သင္ခန္းစာ ေပးခ်င္ေနသျဖင့့္ ထိုအႀကီးအကဲအား မတားျမစ္ေပ။
ထိုတိုက္ခိုက္မႈကို ၾကည့္ၿပီး ယဲ့ဖန္က ေလွာင္ရယ္ကာ ထိုႀကီးမားေသာ လက္ဖဝါးအ႐ြယ္ ခ်ီလႈိင္းအား သူ႔လက္သီးျဖင့္ ထိုးႏွက္လိုက္သည္။
ဝုန္း!
လက္ဖဝါးအ႐ြယ္ ခ်ီလႈိင္းက ယဲ့ဖန္၏ လက္သီးႏွင့္ ထိပ္တိုက္ေတြ႕ဆုံသြားေလသည္။ ထိုအႀကီးအကဲ၏ မ်က္ႏွာ၌ ထိတ္လန႔္မႈမ်ားႏွင့္ ျပည့္ႏွက္လာသည္။
ဝွစ္!
သူ႔လက္တစ္ခုလုံးသည္ ႀကီးမားေသာ အင္အားတစ္ခုႏွင့္ ရင္ဆိုင္လိုက္ရသကဲ့သို႔ နီရဲလို႔လာ၏။ ထိုတိုက္ခိုက္မႈအဆုံးတြင္ သူ႔လက္ဖဝါး ေပါက္ကြဲသြားသည္။
ယဲ့ဖန္၏ ထိတ္လန႔္ဖြယ္ေကာင္းေသာ သံမဏိလက္သီးက သူ႔ဦးေခါင္းထဲသို႔ ေဖာက္ထြင္း ဝင္ေရာက္လာသည္။
“မလုပ္နဲ႔”
ေၾကာက္စိတ္မႊန္ေနေသာ ေအာ္သံအဆုံးတြင္ တကယ့္ နတ္ဘုရားအဆင့္ လူတစ္ေယာက္၏ ဦးေခါင္းသည္ ဖရဲသီးကဲ့သို႔ ေပါက္ထြက္သြားသည္။
ေခါင္းျပတ္ေနေသာ အေလာင္းက ေျမႀကီးေပၚ လဲက်သြားခ်ိန္တြင္ ေတာင္ထိပ္တစ္ခုလုံး၌ ထပ္မံ၍ တိတ္ဆိတ္လို႔သြားရသည္။
“ဒါ… လုံးဝ မျဖစ္ႏိုင္ဘူး”
လင္းဒီေလာ့ဖ္ႏွင့္ အျခား အႀကီးအကဲ ခုနစ္ေယာက္လုံး မွင္တက္သြားၾကသည္။ ယခင္တုန္းက ယဲ့ဖန္ ဟြမ္ဖူ႐ႊမ္ကို သတ္ႏိုင္ခဲ့ျခင္းက ကံေကာင္းသြား၍ ျဖစ္သည္ဟု သူတို႔ ထင္ခဲ့မိသည္။ ထို႔ေၾကာင့္ သူတို႔က ထိုအႀကီးအကဲ တိုက္ခိုက္ျခင္းကို မတားခဲ့ျခင္း ျဖစ္သည္။
သို႔ေသာ္ နိမ့္က်ေသာ ဒ႑ာရီလာအဆင့္ တစ္ေယာက္က တကယ့္ နတ္ဘုရားအဆင့္ တစ္ေယာက္ကို လက္သီးတစ္ခ်က္တည္းျဖင့္ ေပါက္ကြဲေအာင္ လုပ္ႏိုင္လိမ့္မည္ဟု သူတို႔ စိတ္ကူးနဲ႔ေတာင္ မေတြးခဲ့ဖူးေပ။
ဤသည္မွာ အဆင့္ဆယ္ဆင့္ေက်ာ္၍ ဖိႏွိပ္တိုက္ခိုက္ေသာ တိုက္ပြဲပင္။
*အံ့ဩစရာပဲ*
ထိုစဥ္ အျခားသူမ်ားအားလုံးက ယဲ့ဖန္က မ်က္ခုံးတလႈပ္လႈပ္ႏွင့္ စိုက္ၾကည့္ေနၾကသည္။ ယခုအခါမွသာ သူတို႔ ယဲ့ဖန္၏ ခြန္အားကို ေလ်ာ့တြက္ခဲ့မိေၾကာင္း သတိျပဳမိလိုက္ၾကသည္။
“ယဲ့ဖန္ မင္း အႀကီးအကဲဟန႔္ကို သတ္ရဲတယ္ေပါ့။ မင္း…”
လင္းဒီေလာ့ဖ္သည္ ေဒါသေၾကာင့္ နီျမန္းေနေသာ မ်က္ႏွာႏွင့္ ေအာ္ဟစ္လိုက္သည္။
ရဲတင္းလြန္းလွသည္။
ယဲ့ဖန္သည္ သူ ျမင္ဖူးသမွ်ထဲတြင္ အရဲတင္းဆုံးလူ ျဖစ္သည္။
ယဲ့ဖန္သည္ အခ်ိန္တိုေလးအတြင္း၌ ကမာၻေျမ အဖြဲ႕အစည္း၏ အႀကီးအကဲ ႏွစ္ေယာက္ကို သတ္လိုက္ေလသည္။ မယုံႏိုင္စရာ ေကာင္းလွေလသည္။
ထိုစဥ္ ယဲ့ဖန္သည္ ထိုအႀကီးအကဲ၏ ဦးေခါင္းထဲမွ နတ္ဘုရားအဆင့္ အျမဳေတကို ထုတ္၍ ပါးစပ္ထဲ ေကာက္ထည့္လိုက္သည္။
နတ္ဘုရားအဆင့္ အျမဳေတကို ဝါးေနရင္း ယဲ့ဖန္က လင္းဒီေလာ့ဖ္ႏွင့္ အျခားသူ ခုနစ္ေယာက္ကို ၾကည့္၍ ေျပာလိုက္သည္။
“သူက က်ဳပ္ကို သတ္ခ်င္ေနတာေလ။ က်ဳပ္က သူ က်ဳပ္ကို သတ္ခြင့္ ေပးလိုက္ရမွာလား”
“ဘာလဲ၊ ခင္ဗ်ားတို႔လည္း လိုက္ေသခ်င္လို႔လား”

ယဲ့ဖန္၏ စကားေၾကာင့္ လင္းဒီေလာ့ဖ္ႏွင့္ အျခားအႀကီးအကဲ ခုနစ္ေယာက္လုံး အလြန္ မွင္တက္သြားၾကသည္။
ထူးဆန္းလိုက္သည့္လူပါလား။
ယဲ့ဖန္သည္ ကမာၻေျမ အဖြဲ႕အစည္းမွ အႀကီးအကဲမ်ား၏ မ်က္လုံးထဲတြင္ အထူးဆန္းဆုံးသူပင္ ျဖစ္သည္။
နတ္ဘုရားအဆင့္၏ အျမဳေတကို စားေနသည့္အျပင္ သူက က်န္ရွိေနေသာ အႀကီးအကဲမ်ားအား အရသာရွိေသာ တစ္စုံတစ္ခုကို ၾကည့္ေနသကဲ့သို႔ စိတ္ဝင္တစား ၾကည့္ေနေသးသည္။
ထို႔ေၾကာင့္ က်န္အႀကီးအကဲ ရွစ္ေယာက္လုံး ၾကက္သီးထလာၾကသည္။
“ယဲ့ဖန္ မွတ္ထားလိုက္၊ ဒီကိစၥက ဘယ္ေတာ့မွ အဆုံးသတ္မွာမဟုတ္ဘူး”
လင္းဒီေလာ့ဖ္သည္ ယဲ့ဖန္အား သတိေပးလိုက္ရင္း သူႏွင့္ ကမာၻေျမ အဖြဲ႕အစည္းမွ က်န္အႀကီးအကဲ ခုနစ္ေယာက္လုံး ေၾကာက္စိတ္မႊန္ေနၾကသည္။
ေၾကာက္သည္။ ယဲ့ဖန္က သူတို႔အားလုံးကိုပါ သတ္၍ သူတို႔၏ နတ္ဘုရားအဆင့္ အျမဳေတကို ထုတ္ယူသြားမည္ကို သူတို႔အားလုံး ေၾကာက္ေနၾကသည။ ထို႔ေၾကာင့္ သူတို႔အားလုံး ထြက္ေျပးခ်င္ေနၾကသည္။
….
ထို႔ေနာက္ သူတို႔သည္ ေလဆာေရာင္ျခည္သုံး စစ္သေဘၤာေပၚ ခပ္သုတ္သုတ္ ျပန္တက္သြားၾကသည္။
ဝီ!
စစ္သေဘၤာသည္ ေကာင္းကင္ေပၚ ထိုးတက္သြားၿပီး ေၾကာက္လန႔္ေနေသာ ယုန္သဖြယ္ ေပ်ာက္ကြယ္လို႔သြားသည္။
ယဲ့ဖန္က က်န္အႀကီးအကဲ ရွစ္ေယာက္ကို မသတ္လိုက္ပါ။ သူတို႔တြင္ သူႏွင့္ မည္သည့္ရန္ေႂကြးမွ် မရွိေပ။ ထို႔အျပင္ သူသည္ မေကာင္းဆိုးဝါးမ်ားကို အႏိုင္ယူသတ္ျဖတ္၍ အျခားလူသားမ်ားကို ကာကြယ္ေပးႏိုင္ရန္ လူတစ္ခ်ိဳ႕ကို အသက္ရွင္လ်က္ ထားခ်င္ေနခဲ့ေသး၍ ျဖစ္သည္။
“သြားၾကစို႔”
ယဲ့ဖန္သည္ ကုန္းစြန္ကလန္ရွိရာ ေတာင္ထိပ္သို႔ တစ္ခ်က္မွ် ခပ္ၾကာၾကာ စိုက္ၾကည့္ေနၿပီးမွ သူ႔လူမ်ားႏွင့္အတူ ေတာင္ထိပ္မွ ျဖည္းျဖည္းခ်င္း ထြက္ခြာသြားသည္။
ယဲ့ဖန္ႏွင့္ သူ႔လူမ်ား ထြက္ခြာသြားသည့္ အခါမွသာ ကုန္းစြန္းဝူက်ိႏွင့္ သူ႔ကလန္သားမ်ား သက္ျပင္းခ်ႏိုင္ေတာ့သည္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
ထိပ္သီး အႀကီးအကဲမ်ား အဖြဲ႕အစည္းမွ အႀကီးအကဲ သုံးေယာက္လုံး အခ်ိန္တိုေလးအတြင္း၌ ယဲ့ဖန္၏ သတ္ျဖတ္ျခင္း ခံလိုက္ရမည္ဟု သူတို႔ ထင္မထားခဲ့မိပါ။

က်န္းရွီၿမိဳ႕၌။
ယဲ့ဖန္ ျပန္လာၿပီးေနာက္ က်န္းရွီၿမိဳ႕သည္ တစ္ဖန္ျပန္လည္၍ ေအးခ်မ္းလာသည္။
အေမွာင္သခင္သည္ တကယ့္ နတ္ဘုရားအဆင့္သို႔ အဆင့္တက္လာႏိုင္ၿပီးေနာက္ နတ္ဆိုးေတာင္ၾကားရွိ သူ၏ မူလကိုယ္ေပၚအား ခ်ိပ္ပိတ္ထားေသာ စည္းတံဆိပ္မ်ား အားေလ်ာ့လာသည္ကို ခံစားလိုက္မိသည္။
မူလကိုယ္ စည္းတံဆိပ္အား ခ်ိဳးဖ်က္ႏိုင္ရန္အတြက္ အကူအညီေပးလိုသျဖင့္ သူ၏ ကိုယ္ပြားက ခ်က္ခ်င္း နတ္ဆိုးေတာင္ၾကားသို႔ ျပန္သြားေလသည္။
ၾကာပန္း၏ အကူအညီျဖင့္ ပိုင္ယီသည္လည္း သူမမွတ္ဉာဏ္မ်ား ျပန္ရလာသည္။ ထို႔ျပင္ သူမ၏ တိုက္ပြဲဝင္ ခြန္အားသည္လည္း ထပ္မံ၍ တိုးပြားလာျပန္သည္။
ထို႔ေနာက္ သူမသည္ သူ၏ တံခါးပိတ္ က်င့္ႀကံျခင္း ခရီးရွည္အား စတင္ေလေတာ့သည္။
က်န္းရွီၿမိဳ႕မွ နတ္ဆိုးမ်ားအားလုံး ေရကုန္ေရခမ္း ႀကိဳးပမ္း၍ က်င့္ႀကံၾကေလသည္။
က်ယ္ေျပာေသာ ေရခီႏွင့္ နတ္ဆိုးခ်ီဓာတ္ ေပါင္းစပ္ထားေသာ ဝကၤပါအတြင္း၌ သူတို႔၏ သိုင္းအဆင့္မ်ားက ေန႔တိုင္း တိုးတက္လို႔လာသည္။
ယဲ့ဖန္တစ္ေယာက္တည္းသာလ်င္ သူ၏ ေနာက္ေဘး ေျမကြက္လပ္၌ တိတ္ဆိတ္စြာ ထိုင္ေနရင္း ေျမႀကီးထဲ စိုက္ထားေသာ ဓားက်ိဳးအပိုင္းအစကို စိုက္ၾကည့္လ်က္ ရွိသည္။
ဓားက်ိဳးသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ ဥေရာပ နတ္ဘုရားမႏွင့္ ေမွာ္နက္ နတ္ဘုရားမတို႔ေၾကာင့္ သုံးပိုင္း က်ိဳးသြားခဲ့ၿပီး ျဖစ္သည္။
ထိုဓားက်ိဳး အပိုင္းအစ သုံးခုအား နတ္ဘုရားမ ဌာနရွိ နတ္ဘုရားမတို႔၏ ဧကရီ႐ုပ္တု၊ အလင္းေတာ္ ဘုရားေက်ာင္းရွိ အင္ေမာ္တယ္ နဂါး႐ုပ္တုႏွင့္ ဝူနတ္ဘုရားေက်ာင္းေတာ္ရွိ ဝူနတ္ဘုရား႐ုပ္တုတို႔၌ အသီးသီး စိုက္ထူထားခဲ့ၾကသည္။
ယဲ့ဖန္က ထိုအင္အားစု သုံးခုကို ရွင္းပစ္ခဲ့ၿပီးေနာက္ ဓားက်ိဳး၏ အပိုင္းအစ သုံးခုအား ျပန္သိမ္းယူလာခဲ့ျခင္း ျဖစ္သည္။
ထူးဆန္းစြာပင္ ဓားက်ိဳးထဲမွ နတ္ဆိုးနဂါးသည္ ေပ်ာက္ကြယ္ေနကာ တိတ္ဆိတ္လို႔ေနသည္။
*ဒီငတုံးႀကီးမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ အမ်ားႀကီးရွိတာ၊ သူ သည္ေလာက္ အၾကာႀကီး အသက္ရွင္ေနခဲ့တာဆိုေတာ့ အလြယ္တကူ ေလွ်ာသြားမွာ မဟုတ္ဘူး*
အခ်ိန္တစ္ခဏမွ် ေတြးေတာေနၿပီးေနာက္ ယဲ့ဖန္သည္ ဆန္းၾကယ္ေရခဲ ခ်ီဓာတ္အခ်ိဳ႕အား ဓားက်ိဳးထဲသို႔ ပို႔လႊတ္လိုက္သည္။
သို႔ေသာ္ မည္သို႔ေသာ တုံ႔ျပန္မႈမွ် မရွိေပ။
ဤသည္ကို ၾကည့္ၿပီး ယဲ့ဖန္က ႏႈတ္ခမ္းကို တြန႔္၍ ေခါင္းတခါခါႏွင့္ သက္ျပင္းခ်ကာ ေရ႐ြတ္လိုက္သည္။
“ဟူး နတ္ဆိုးနဂါး ခင္ဗ်ားက ေတာ္ေတာ္ သနားဖို႔ေကာင္းတဲ့ ေယာက်္ားပဲ။ ေကာင္းၿပီေလ၊ ခင္ဗ်ားအတြက္ ဝမ္းနည္းပူေဆြးတဲ့အေနနဲ႔ က်ဳပ္က ဒီဓားက်ိဳးကို ဝိညာဥ္ေႁခြ သိုင္းကြက္နဲ႔အတူ အရည္ေဖ်ာ္ပစ္လိုက္ပါ့မယ္”
ဝိညာဥ္ေႁခြ သိုင္းကြက္သည္ က်န္ရစ္ေနေသာ ဝိညာဥ္မ်ားအား ေျဖရွင္းရာတြင္ အသုံးျပဳသည့္ အရက္စက္ဆုံး သိုင္းကြက္ျဖစ္သည္။
ဤသိုင္းကြက္ႏွင့္ဆိုလ်င္ လူတစ္ေယာက္သည္ က်န္ရစ္ေနေသာ ဝိညာဥ္အား ေလးဆယ့္ကိုးရက္ သန႔္စင္မြမ္းမံႏိုင္သည္။ ထို႔ေၾကာင့္ က်န္ရစ္ေနေသာ ဝိညာဥ္သည္ ကေယာင္ေခ်ာက္ခ်ား ေအာ္ဟစ္ေနရမည္ ျဖစ္ၿပီး ဘယ္ေသာအခါမွ ျပန္လည္ဝင္စားျခင္း ျပဳႏိုင္မည္ မဟုတ္ေပ။
ယဲ့ဖန္က သူ႔လက္ဖဝါးကို ခ်က္ခ်င္း လႈပ္ခါလိုက္သည္။ ထို႔ေနာက္ မည္းနက္ေနသည့္ နတ္ဆိုးဆန္ေသာ ေမွာ္စာလုံးတစ္လုံးက ေလထဲေပၚလာေလသည္။
ထို႔ေနာက္ ဓားက်ိဳးအား ထိုေမွာ္စာလုံးႏွင့္ ထိခိုက္ေစရန္ ႀကံ႐ြယ္လိုက္သည္။
“အား..အား…အား”
သို႔ေသာ္ ယဲ့ဖန္၏ လက္ဖဝါးက ဓားက်ိဳးအပိုင္းအစမ်ားႏွင့္ မထိမိခင္တြင္ အနက္ေရာင္ ခ်ီမွ်င္စုမ်ားက ေလထဲ ေပၚထြက္လို႔လာ၏။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ထိုခ်ီဓာတ္မ်ားက နဂါးဦးေခါင္းအသြင္သို႔ ေျပာင္းလဲသြားသည္။
နဂါး၏ မ်က္ႏွာက တုန္လႈပ္လို႔ေနၿပီး ေၾကာက္လန႔္တၾကား ငယ္သံပါေအာင္ ေအာ္ဟစ္ေနသည္။
“လူငယ္ေလးယဲ့၊ မင္း … မင္း ဒီေလာက္ မရက္စက္သင့္ဘူးေနာ္။ မင္း အႀကီးေတြကို ေလးစားရမယ္ဆိုတာကို မသိဘူးလား။ ငါက သုံးပိုင္း အပိုင္းခံလိုက္ရၿပီးေတာ့ ငါ့အသက္ကို ဆုံးရႈံးလုနီးပါး ျဖစ္ခဲ့တာကြ။ ငါ ဒဏ္ရာရေနတာ”
နဂါး၏ မ်က္ႏွာသည္ အလြန္ မခံခ်ိမခံသာ ျဖစ္ေနပုံရၿပီး မ်က္ရည္မ်ား ဝဲလို႔ေန၏။
“လူအိုႀကီး ေနာက္ဆုံးေတာ့ ခင္ဗ်ား ေပၚလာၿပီပဲ”
ယဲ့ဖန္က မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးမ်ိဳး ၿပဳံး၍ နတ္ဆိုးနဂါး၏ မ်က္လုံးအား ေစ့ေစ့ၾကည့္ကာ ဆက္ေျပာလိုက္သည္။
“က်ဳပ္ကို အင္ေမာ္တယ္ နဂါး၊ ေကာင္းကင္ နဂါးနဲ႔ ဝူနဂါးအေၾကာင္း ေျပာျပ”
ထိုစဥ္ ဝိညာဥ္ေႁခြ ေမွာ္စာလုံးက ယဲ့ဖန္၏ လက္ဖဝါးေပၚသို႔ ျပန္ေရာက္လာၿပီး နတ္ဆိုးနဂါး၏ ခႏၶာကိုယ္ထဲသို႔ အခ်ိန္မေ႐ြး ခုန္ဝင္ေတာ့မည့္ပုံေပၚေနသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now