Chapter 319

1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (319) ပုရွက်ဆိတ်စစ်တပ်၏ အင်အား

*သူ ဘာလို့ အဲ့ဒါကို ကိုက်လိုက်တာလဲ*
*ဟုတ်သားပဲ*
ကြည့်နေသူများ၏ အံ့ဩနေသော မျက်လုံးများအောက်မှာပင် ယဲ့ဖန်က ကောင်းကင်ခွင်းဓားအား ကိုက်ဝါးလိုက်သည်။
သူ၏ ဖြူဖွေးတောက်ပနေသော သွားများက ဓားသွားနှင့် ထိလိုက်သည့်အခါတွင် အက်ကွဲသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ခွင်း ဓားသွားတစ်စိတ်က သူ့ပါးစပ်ထဲ ဝင်သွားသည်။
ဓားသွား၏ ကျိုးပဲ့သွားသော နေရာကို ကြည့်ပြီး ကြည့်ရှုနေသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
အဲ့ဒါက ရှေးဟောင်းလက်နက်လေ။ တိုက်တေနီယမ် သတ္တုထက်တောင် အဆတစ်ရာကျော် ပိုမာသေးတယ်လေ။
တောင်ကိုတောင် ပိုင်းဖြတ်နိုင်တယ်ဆို။
ဒါပေမယ့် ယဲ့ဖန်က ကြောက်ဖို့ကောင်းတဲ့ လက်နက်ရဲ့ အစိတ်အပိုင်းကို သာမန်ကာလျှံကာလို ကိုက်ဝါးနေတယ်။ မ ... မဖြစ်နိုင်တာကြီးကို။
ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပေါင်းစပ်ပြီးနောက် ယဲ့ဖန်၏ သွားများက ပို၍ ထက်ာသည်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပါ။ ကောင်းကင်ခွင်းဓားကို သူ ဖမ်းမိသည်နှင့် သူ ဝါးစားချင်စိတ်ကို ထိန်းလို့မရတော့ချေ။
ဂျွတ်! ဂျွတ်!
ယဲ့ဖန်သည် ကောင်းကင်ခွင်းဓားအား ဆက်၍ ဝါးစားနေသည်။ သူ၏ ဝါးစားသံများက ကြည့်ရှုနေသူများအား ကြက်သီးတဖြန်းဖြန်းထသွားစေသည်။
ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့်တိုင်း လိပ်ပြာလွင့်မတတ်ဖြစ်ကာ ကြက်သီးတဖြန်းဖြန်း ထလာရသည်။
သူတို့၏ နံပါတ်တစ် ရှားပါးရတနာက တစ်စုံတစ်ယောက်၏ အစားအစာ ဖြစ်နေသည် မဟုတ်ပါလား။ အလွန်အမင်း ထိတ်လန့်ကာ သူတို့အားလုံး ငြိမ်ကုပ်နေကြသည်။
ယဲ့ဖန်သည် ကောင်းကင်ခွင်းဓားအား ဝါးစားရင်း ‌ ရှေ့သို့တိုး၍ လျှောက်လှမ်းလာသည် ဤသည်ကို ကြည့်ပြီး ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များအားလုံး အလွန် စိတ်ဓာတ်ကျသွားကြသည်။
“သူက ဒဏ်ရာရနေတာ၊ သူ အားနည်းနေလောက်တယ်၊ သူ့ကို သွားသတ်ကြ”
ဒဏ္ဍာရီလာအဆင့်တစ်ယောက်၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် ဓားသမားဂိုဏ်း၏ ကျန်သိုင်းပညာရှင်များအားလုံး စိတ်ဓာတ် တက်ကြွလာကြသည်။
*ဟုတ်တယ်*
ကောင်းကင်ဓား ခုနစ်လက်၏ ထိုးစိုက်ခြင်းကို ခံရပြီး သူ မသေသေးလျင်တောင်မှ သူ သည့်ထက်ကြာကြာ တိုက်ခိုက်နိုင်လောက်မည် မဟုတ်ပါ။
ထို့ကြောင့် ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များစွာသည် ယဲ့ဖန်ထံသို့ တစ်ဟုန်ထိုး တိုက်ခိုက်လာကြသည်။
များစွာသော ဓားချက်များက ယဲ့ဖန်၏ ဦးခေါင်းထံသို့ ဆက်တိုက်ကျရောက်လာသည်။ ပြင်းထန်လှသည့် တိုက်ပွဲကိုကြည့်ပြီး ဟွာရှနိုင်ငံသားများသည် သူတို့နှလုံးသားအား အားနှင့် တင်းနေအောင် ဆုပ်ကိုင်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဒဏ်ရာအပြင်းအထန် ရထားပြီးနောက် ယဲ့ဖန်က ဘယ်လိုလုပ် ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့်များစွာတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ‌တောင့်ခံနိုင်ပါမည်နည်း။
သို့သော် သူတို့ ကြည့်နေစဉ်တွင် ယဲ့ဖန်က မသိမသာ ရက်စက်သော မျက်နှာထားဖြင့် လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူ၏ အင်္ကျီလက်စထဲမှ များစွာသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာများသည်ကား ပုရွက်ဆိတ်များပင်။
ထိုပုရွက်ဆိတ်များသည် အလွန်နက်မှောင်ပြီး အလွန် ကောင်းသော သံမဏိလိုပင်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မဟူရာလွင်ပြင်ကြီးအလား မှတ်ရသည်။
*ပုရွက်ဆိတ်လား*
ပုရွက်ဆိတ်များကို မြင်ပြီးနောက် ကြည့်နေသူများအားလုံး တွေဝေသွားကြသည်။ လူအုပ်ထဲမှ ညအဖွဲ့သားများသာ ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အင်အားကို မျက်ဝါးထင်ထင် မြင်ဖူးကြသည်။
ကျန်အခြားသူများကတော့ ၎င်းတို့အား သာမန်ပုရွက်ဆိတ်များဟုသာ မှတ်ထင်နေကြသည်။ ကြည့်ရှုနေသူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
**ယဲ့ဖန်က ပုရွက်ဆိတ်တွေကို သူ့အစား တိုက်ခိုက်မှုတွေကို ခုခံစေချင်နေတာလား*
*မဖြစ်နိုင်ဘူးလေ*
ဖန်သားပြင်ရှေ့မှ ဟွာရှသိုင်းပညာရှင်များ စိတ်ဓာတ်ကျသွားကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ဓားသမားဂိုဏ်း၏ ကျန်သိုင်းပညာရှင်များ တက်ကြွလာကာ စကားစ လာကြသည်။
“ဟားဟား … ယဲ့ဖန်ကတော့ အဆုံးသတ်ပြီဟေ့။ သူက ဘယ်လိုလုပ် ဒီပုရွက်ဆိတ်လေးနဲ့ ငါတို့ကို ခုခံနိုင်မှာလဲ။ သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“သူ့ကိုသတ်။ သူ့ခေါင်းနဲ့အတူ ဓားသမားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖြန့်ရမယ်”
“ဒါ ဒီအတိုင်း ပုရွက်ဆိတ်အုံလေးပဲ။ ငါ သူတို့ကို ငါ့လက်ချည်းသက်သက်နဲ့ ရှင်းပစ်လိုက်လို့ ရတယ်”
ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များက အလွန် ဝမ်းသာဟန်ဖြင့် လှောင်ရယ်ရင်း ထိုပုရွက်ဆိတ်တပ်အား သူတို့၏ ဓားများဖြင့် ခုတ်ပိုင်းလိုက်သည်။
“သွားသေလိုက်…”
ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များက အထင်သေးစွာ ပြုံးရယ်နေကြသည်။ ပုရွက်ဆိတ်အုံကြီးအား တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်နေကြသည်။
ချွင်! ချွင်! ချွင်!
သူတို့၏ ဓားများက ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင်တော့ သူတို့၏ အထင်သေးသော မျက်နှာထားများက အေးခဲသွားကြသည်။
သူတို့၏ ဓားများက ပုရွက်ဆိတ်များပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များက တိုက်တေနီယမ် သတ္တုများထက် ပို၍ မာကျောသကဲ့သို့ အရပ်မျက်နှာအနှံ့သို့ မီးပွားများ လွင့်စဉ်ထွက်သွားသည်။
“ဒါ … မဖြစ်နိုင်ဘူး”
ထိုအချိန်တွင် ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များနှင့် ဖန်သားပြင်ရှေ့မှ ဟွာရှသိုင်းပညာရှင်များ အပါအဝင် ကြည့်ရှုနေသူများအားလုံး တွေဝေသွားသည်။
သူတို့ ယခင်က ဗီဇပြောင်းလဲထားသော ပုရွက်ဆိတ်များကို မြင်ဖူးသော်လည်း သည်လောက် ကြောက်ဖို့ကောင်းသည့် ပုရွက်ဆိတ်မျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကား တကယ့်ကို အိပ်မက်ဆိုးပင်။
ကျွိ! ကျွိ! ကျွိ!
ပုရွက်ဆိတ်စစ်တပ်ကြီးသည် အလွန့်ကို ဒေါသထွက်သွားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက တုန်ခါလာပြီး ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်များထံသို့ ပြေးဝင်သွားကြသည်။
အလွန် များပြားလှသည့် ဝိညာဉ်စား ပုရွက်ဆိတ်များက ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်များအား ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် သူတို့သည် အတောမသတ်နိုင်အောင် ကိုက်ဖဲ့ စားသောက်ကြလေတော့သည်။ ထို့အတူ သူတို့သည် သူတို့၏ ချွန်ထက်နေသော လက်သည်းများကို ဝှေ့ယမ်းလိုက်သဖြင့် လေနှင့်အတူ သွေးမိုး ရွာသွန်းလေတော့သည်။
….
“အား…အား…အား”
ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ ငယ်သံပါအောင် အော်ဟစ်နေရသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
ပုရွက်ဆိတ်များ သူတို့ကိုယ်ပေါ် ရောက်လာသည်နှင့် သူတို့၏ အသားများက လျင်မြန်စွာ ပျောက်ဆုံးသွားကြသည်။ ဒဏ္ဍာရီလာအဆင့်များတောင် ထိုကြမ်းကြုတ်သော ပုရွက်ဆိတ်များအား ခုခံရန် အခွင့်အရေးပင် မရလိုက်ပေ။
ပုရွက်ဆိတ်တစ်ကောင်က သိုင်းပညာရှင်တစ်ယောက်ကို ဝါးမျိုပြီးသည်နှင့် နောက်တစ်ယောက်ထံသို့ ကူးပြောင်းသွားကြသည်။
သူတို့၏ သွေးသံတရဲရဲနှင့် အသားစများက တစ်လက်မချင်းစီ ဝါးမျိုခံလိုက်ရသည်။ သူတို့၏ အရိုးများသည်လည်း တစ်ခုပြီးတစ်ခု ကျိုးကြေလို့သွားသည်။
ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့သည် အရှင်လတ်လတ် ကြေးချွတ် သန့်စင်ဘုံသို့ ရောက်နေသကဲ့သို့ မချိမဆံ့ ဝေဒနာတို့ကို ခံစားနေရသည်။
တစ်မိနစ်။ တစ်မိနစ်လေးအတွင်းမှာပင် အော်သံများက တိခနဲ ရပ်သွားသည။ အကြောင်းမူကား ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ ပျောက်ကွယ်သွားပြီး မြေကြီးပေါ်၌ သွေးကွက်များသာ ကျန်နေခဲ့သောကြောင့်ပင်။

ထိုအချိန်တွင် ခွန်းလွင်တောင်တစ်ခုလုံးသာမက ဟွာရှတစ်နိုင်ငံလုံးပါ ငြိမ်သက်လို့နေသည်။ ဓားသမားဂိုဏ်းမှ ကျန်ရှိနေသော သိုင်းပညာရှင်များ တွေဝေသွားကြရသည်။ ဟွာရှသိုင်းပညာရှင်များ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
ဂလု!
သိုင်းပညာရှင်များသည် ထိတ်လန့်နေသော မျက်နှာထားများဖြင့် တံတွေး မျိုချလိုက်ကြသည်။
*သေပြီ … သူတို့အားလုံး သေကုန်ပြီလား*
တစ်မိနစ်လေးဆိုသည့် အချိန်လေးအတွင်း၌ ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်များ အသတ်ခံလိုက်ရသည်တဲ့လား။
*ဒါ … မဖြစ်နိုင်ပါဘူး*

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကြည့်ရှုနေသူများကြား၌ ပွက်လောရိုက်လာသည်။ ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ ကြောက်ဒူးတုန်နေကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီးက ရှေ့သို့ တိုးလာသည်ကို မြင်ပြီး သူတို့သည် ခေါင်းစခြေဆုံး အေးစက်စက် ချီဓာတ်တစ်ချို့က ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
ဟွာရှသိုင်းပညာရှင်များသည်လည်း ကြက်သီးမွေးညင်းထလို့လာသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ကျွိ! ကျွိ! ကျွိ!
ပုရွက်ဆိတ်လေးက အစွယ်ကို လှပ်ပြ၍ အော်ဟစ်လာသည်။ ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ် ခြောက်ထောင်ကျော်သော ပုရွက်ဆိတ် စစ်တပ်ကြီးသည် တောင်ပေါ်မှ အသက်ရှင်နေသေးသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ထံသို့ နိုင်လိုမင်းထက်ဆန်သော ဟန်ပန်များဖြင့် ပြေးဝင်သွားသည်။
ထို့နောက်တွင်ကား သေမင်းနတ်ဘုရား ဆင်းသက်လို့လာသည်။
“ပြေး”
ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာအဆင့်တစ်ယောက်က အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် တောင်ထိပ်ပေါ်သို့ ကြောက်လန့်တကြား ပြေးတက်သွားသည်။
သို့သော် ဝိညာဉ်စား ပုရွက်ဆိတ်များက သူ့ထက် ပိုမြန်နေသည်။ ဒါဇင်နှင့်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ထိုဒဏ္ဍာရီလာအဆင့်လူအား ချက်ချင်း မှီသွားသည်။
ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ အစွယ်များကို လှပ်ပြ၍ သူ့အား အငမ်းမရ ကိုက်ဖြတ်လေတော့သည်။
“အား…”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ထိုဒဏ္ဍာရီလာအဆင့်သည် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။
သူ၏ ခြေလက်များသည် လျင်မြန်လှသော နှုန်းဖြင့် အစားခံလိုက်ရသည်။ ထို့နောက် သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်အောက်ပိုင်း … သည့်နောက်တွင်တော့ သူ၏ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများ။
ပုရွက်ဆိတ်အုံ ဖြတ်သွားသည့်နေရာတိုင်း၌ သွေးအိုင်များ ကျန်ရစ်ခဲ့သည်။ ယခုအချိန်တွင် ခွန်းလွင်တောင်ပေါ်၌ သေခြင်းတရားနှင့် ပြည့်နှက်လို့နေ၏။
အော်သံများက တောင်အနှံ့ ဆက်တိုက် ပဲ့တင်ထပ်လို့နေ၏။ ဤသည်ကား တကယ့်ကို ထိတ်ထိတ်ပျာပျာ ဖြစ်စေလောက်သည့် ကြေးချွတ်သန့်စင်ဘုံလိုပင်။
#ZAWGYI
စာစဥ္ (22) CHAPTER (319) ပု႐ြက္ဆိတ္စစ္တပ္၏ အင္အား
*သူ ဘာလို႔ အဲ့ဒါကို ကိုက္လိုက္တာလဲ*
*ဟုတ္သားပဲ*
ၾကည့္ေနသူမ်ား၏ အံ့ဩေနေသာ မ်က္လုံးမ်ားေအာက္မွာပင္ ယဲ့ဖန္က ေကာင္းကင္ခြင္းဓားအား ကိုက္ဝါးလိုက္သည္။
သူ၏ ျဖဴေဖြးေတာက္ပေနေသာ သြားမ်ားက ဓားသြားႏွင့္ ထိလိုက္သည့္အခါတြင္ အက္ကြဲသံ တစ္ခု က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ ထို႔ေနာက္ ေကာင္းကင္ခြင္း ဓားသြားတစ္စိတ္က သူ႔ပါးစပ္ထဲ ဝင္သြားသည္။
ဓားသြား၏ က်ိဳးပဲ့သြားေသာ ေနရာကို ၾကည့္ၿပီး ၾကည့္ရႈေနသူမ်ားအားလုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
အဲ့ဒါက ေရွးေဟာင္းလက္နက္ေလ။ တိုက္ေတနီယမ္ သတၱဳထက္ေတာင္ အဆတစ္ရာေက်ာ္ ပိုမာေသးတယ္ေလ။
ေတာင္ကိုေတာင္ ပိုင္းျဖတ္ႏိုင္တယ္ဆို။
ဒါေပမယ့္ ယဲ့ဖန္က ေၾကာက္ဖို႔ေကာင္းတဲ့ လက္နက္ရဲ႕ အစိတ္အပိုင္းကို သာမန္ကာလွ်ံကာလို ကိုက္ဝါးေနတယ္။ မ ... မျဖစ္ႏိုင္တာႀကီးကို။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ အေသြးအသားမ်ားႏွင့္ ေပါင္းစပ္ၿပီးေနာက္ ယဲ့ဖန္၏ သြားမ်ားက ပို၍ ထက္ာသည္ကို မည္သူမွ် နားလည္ႏိုင္မည္ မဟုတ္ပါ။ ေကာင္းကင္ခြင္းဓားကို သူ ဖမ္းမိသည္ႏွင့္ သူ ဝါးစားခ်င္စိတ္ကို ထိန္းလို႔မရေတာ့ေခ်။
ဂြၽတ္! ဂြၽတ္!
ယဲ့ဖန္သည္ ေကာင္းကင္ခြင္းဓားအား ဆက္၍ ဝါးစားေနသည္။ သူ၏ ဝါးစားသံမ်ားက ၾကည့္ရႈေနသူမ်ားအား ၾကက္သီးတျဖန္းျဖန္းထသြားေစသည္။
ဓားသမားဂိုဏ္းမွ ဒ႑ာရီလာအဆင့္ႏွင့္ ဒ႑ာရီအဆင့္တိုင္း လိပ္ျပာလြင့္မတတ္ျဖစ္ကာ ၾကက္သီးတျဖန္းျဖန္း ထလာရသည္။
သူတို႔၏ နံပါတ္တစ္ ရွားပါးရတနာက တစ္စုံတစ္ေယာက္၏ အစားအစာ ျဖစ္ေနသည္ မဟုတ္ပါလား။ အလြန္အမင္း ထိတ္လန႔္ကာ သူတို႔အားလုံး ၿငိမ္ကုပ္ေနၾကသည္။
ယဲ့ဖန္သည္ ေကာင္းကင္ခြင္းဓားအား ဝါးစားရင္း ‌ ေရွ႕သို႔တိုး၍ ေလွ်ာက္လွမ္းလာသည္ ဤသည္ကို ၾကည့္ၿပီး ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားအားလုံး အလြန္ စိတ္ဓာတ္က်သြားၾကသည္။
“သူက ဒဏ္ရာရေနတာ၊ သူ အားနည္းေနေလာက္တယ္၊ သူ႔ကို သြားသတ္ၾက”
ဒ႑ာရီလာအဆင့္တစ္ေယာက္၏ က်ယ္ေလာင္ေသာ ေအာ္ဟစ္သံေၾကာင့္ ဓားသမားဂိုဏ္း၏ က်န္သိုင္းပညာရွင္မ်ားအားလုံး စိတ္ဓာတ္ တက္ႂကြလာၾကသည္။
*ဟုတ္တယ္*
ေကာင္းကင္ဓား ခုနစ္လက္၏ ထိုးစိုက္ျခင္းကို ခံရၿပီး သူ မေသေသးလ်င္ေတာင္မွ သူ သည့္ထက္ၾကာၾကာ တိုက္ခိုက္ႏိုင္ေလာက္မည္ မဟုတ္ပါ။
ထို႔ေၾကာင့္ ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားစြာသည္ ယဲ့ဖန္ထံသို႔ တစ္ဟုန္ထိုး တိုက္ခိုက္လာၾကသည္။
မ်ားစြာေသာ ဓားခ်က္မ်ားက ယဲ့ဖန္၏ ဦးေခါင္းထံသို႔ ဆက္တိုက္က်ေရာက္လာသည္။ ျပင္းထန္လွသည့္ တိုက္ပြဲကိုၾကည့္ၿပီး ဟြာရွႏိုင္ငံသားမ်ားသည္ သူတို႔ႏွလုံးသားအား အားႏွင့္ တင္းေနေအာင္ ဆုပ္ကိုင္ျခင္း ခံလိုက္ရသလို ခံစားလိုက္ရသည္။
ဒဏ္ရာအျပင္းအထန္ ရထားၿပီးေနာက္ ယဲ့ဖန္က ဘယ္လိုလုပ္ ဒ႑ာရီလာအဆင့္ႏွင့္ ဒ႑ာရီအဆင့္မ်ားစြာတို႔၏ ဝိုင္းဝန္းတိုက္ခိုက္ျခင္းကို ‌ေတာင့္ခံႏိုင္ပါမည္နည္း။
သို႔ေသာ္ သူတို႔ ၾကည့္ေနစဥ္တြင္ ယဲ့ဖန္က မသိမသာ ရက္စက္ေသာ မ်က္ႏွာထားျဖင့္ လက္တစ္ဘက္ကို ေဝွ႔ယမ္းလိုက္သည္။
ထို႔ေနာက္ သူ၏ အက်ႌလက္စထဲမွ မ်ားစြာေသာ အနက္ေရာင္ အလင္းတန္းမ်ား ထြက္ေပၚလာသည္။ ထိုအရာမ်ားသည္ကား ပု႐ြက္ဆိတ္မ်ားပင္။
ထိုပု႐ြက္ဆိတ္မ်ားသည္ အလြန္နက္ေမွာင္ၿပီး အလြန္ ေကာင္းေသာ သံမဏိလိုပင္။ သူတို႔သည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ မဟူရာလြင္ျပင္ႀကီးအလား မွတ္ရသည္။
*ပု႐ြက္ဆိတ္လား*
ပု႐ြက္ဆိတ္မ်ားကို ျမင္ၿပီးေနာက္ ၾကည့္ေနသူမ်ားအားလုံး ေတြေဝသြားၾကသည္။ လူအုပ္ထဲမွ ညအဖြဲ႕သားမ်ားသာ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ အင္အားကို မ်က္ဝါးထင္ထင္ ျမင္ဖူးၾကသည္။
က်န္အျခားသူမ်ားကေတာ့ ၎တို႔အား သာမန္ပု႐ြက္ဆိတ္မ်ားဟုသာ မွတ္ထင္ေနၾကသည္။ ၾကည့္ရႈေနသူမ်ား ဇေဝဇဝါ ျဖစ္သြားၾကသည္။
**ယဲ့ဖန္က ပု႐ြက္ဆိတ္ေတြကို သူ႔အစား တိုက္ခိုက္မႈေတြကို ခုခံေစခ်င္ေနတာလား*
*မျဖစ္ႏိုင္ဘူးေလ*
ဖန္သားျပင္ေရွ႕မွ ဟြာရွသိုင္းပညာရွင္မ်ား စိတ္ဓာတ္က်သြားၾကသည္။ သူတို႔ႏွင့္ ဆန႔္က်င္ဘက္တြင္ေတာ့ ဓားသမားဂိုဏ္း၏ က်န္သိုင္းပညာရွင္မ်ား တက္ႂကြလာကာ စကားစ လာၾကသည္။
“ဟားဟား … ယဲ့ဖန္ကေတာ့ အဆုံးသတ္ၿပီေဟ့။ သူက ဘယ္လိုလုပ္ ဒီပု႐ြက္ဆိတ္ေလးနဲ႔ ငါတို႔ကို ခုခံႏိုင္မွာလဲ။ သူက ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ”
“သူ႔ကိုသတ္။ သူ႔ေခါင္းနဲ႔အတူ ဓားသမားဂိုဏ္းရဲ႕ ဂုဏ္သိကၡာကို ျဖန႔္ရမယ္”
“ဒါ ဒီအတိုင္း ပု႐ြက္ဆိတ္အုံေလးပဲ။ ငါ သူတို႔ကို ငါ့လက္ခ်ည္းသက္သက္နဲ႔ ရွင္းပစ္လိုက္လို႔ ရတယ္”
ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားက အလြန္ ဝမ္းသာဟန္ျဖင့္ ေလွာင္ရယ္ရင္း ထိုပု႐ြက္ဆိတ္တပ္အား သူတို႔၏ ဓားမ်ားျဖင့္ ခုတ္ပိုင္းလိုက္သည္။
“သြားေသလိုက္…”
ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားက အထင္ေသးစြာ ၿပဳံးရယ္ေနၾကသည္။ ပု႐ြက္ဆိတ္အုံႀကီးအား တစ္ခ်က္တည္းႏွင့္ သတ္ႏိုင္လိမ့္မည္ဟု သူတို႔ ထင္ေနၾကသည္။
ခြၽင္! ခြၽင္! ခြၽင္!
သူတို႔၏ ဓားမ်ားက ပု႐ြက္ဆိတ္မ်ား၏ ခႏၶာကိုယ္ေပၚသို႔ က်ေရာက္သြားခ်ိန္တြင္ေတာ့ သူတို႔၏ အထင္ေသးေသာ မ်က္ႏွာထားမ်ားက ေအးခဲသြားၾကသည္။
သူတို႔၏ ဓားမ်ားက ပု႐ြက္ဆိတ္မ်ားေပၚသို႔ က်ေရာက္သြားသည္ႏွင့္ ၎တို႔၏ ခႏၶာကိုယ္မ်ားက တိုက္ေတနီယမ္ သတၱဳမ်ားထက္ ပို၍ မာေက်ာသကဲ့သို႔ အရပ္မ်က္ႏွာအႏွံ႔သို႔ မီးပြားမ်ား လြင့္စဥ္ထြက္သြားသည္။
“ဒါ … မျဖစ္ႏိုင္ဘူး”
ထိုအခ်ိန္တြင္ ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားႏွင့္ ဖန္သားျပင္ေရွ႕မွ ဟြာရွသိုင္းပညာရွင္မ်ား အပါအဝင္ ၾကည့္ရႈေနသူမ်ားအားလုံး ေတြေဝသြားသည္။
သူတို႔ ယခင္က ဗီဇေျပာင္းလဲထားေသာ ပု႐ြက္ဆိတ္မ်ားကို ျမင္ဖူးေသာ္လည္း သည္ေလာက္ ေၾကာက္ဖို႔ေကာင္းသည့္ ပု႐ြက္ဆိတ္မ်ိဳးကို သူတို႔ တစ္ခါမွ မျမင္ခဲ့ဖူးေခ်။
ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္ကား တကယ့္ကို အိပ္မက္ဆိုးပင္။
ကြၽိ! ကြၽိ! ကြၽိ!
ပု႐ြက္ဆိတ္စစ္တပ္ႀကီးသည္ အလြန႔္ကို ေဒါသထြက္သြားသည္။ ထို႔ေနာက္ သူတို႔၏ ခႏၶာကိုယ္မ်ားက တုန္ခါလာၿပီး ဓားသမားဂိုဏ္း၏ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္မ်ားထံသို႔ ေျပးဝင္သြားၾကသည္။
အလြန္ မ်ားျပားလွသည့္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္မ်ားအား ခ်က္ခ်င္း ဖုံးလႊမ္းသြားသည္။
ထို႔ေနာက္ သူတို႔သည္ အေတာမသတ္ႏိုင္ေအာင္ ကိုက္ဖဲ့ စားေသာက္ၾကေလေတာ့သည္။ ထို႔အတူ သူတို႔သည္ သူတို႔၏ ခြၽန္ထက္ေနေသာ လက္သည္းမ်ားကို ေဝွ႔ယမ္းလိုက္သျဖင့္ ေလႏွင့္အတူ ေသြးမိုး ႐ြာသြန္းေလေတာ့သည္။
….
“အား…အား…အား”
ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ ငယ္သံပါေအာင္ ေအာ္ဟစ္ေနရသည္။ သူတို႔ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနၾကသည္။
ပု႐ြက္ဆိတ္မ်ား သူတို႔ကိုယ္ေပၚ ေရာက္လာသည္ႏွင့္ သူတို႔၏ အသားမ်ားက လ်င္ျမန္စြာ ေပ်ာက္ဆုံးသြားၾကသည္။ ဒ႑ာရီလာအဆင့္မ်ားေတာင္ ထိုၾကမ္းၾကဳတ္ေသာ ပု႐ြက္ဆိတ္မ်ားအား ခုခံရန္ အခြင့္အေရးပင္ မရလိုက္ေပ။
ပု႐ြက္ဆိတ္တစ္ေကာင္က သိုင္းပညာရွင္တစ္ေယာက္ကို ဝါးမ်ိဳၿပီးသည္ႏွင့္ ေနာက္တစ္ေယာက္ထံသို႔ ကူးေျပာင္းသြားၾကသည္။
သူတို႔၏ ေသြးသံတရဲရဲႏွင့္ အသားစမ်ားက တစ္လက္မခ်င္းစီ ဝါးမ်ိဳခံလိုက္ရသည္။ သူတို႔၏ အ႐ိုးမ်ားသည္လည္း တစ္ခုၿပီးတစ္ခု က်ိဳးေၾကလို႔သြားသည္။
ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔သည္ အရွင္လတ္လတ္ ေၾကးခြၽတ္ သန႔္စင္ဘုံသို႔ ေရာက္ေနသကဲ့သို႔ မခ်ိမဆံ့ ေဝဒနာတို႔ကို ခံစားေနရသည္။
တစ္မိနစ္။ တစ္မိနစ္ေလးအတြင္းမွာပင္ ေအာ္သံမ်ားက တိခနဲ ရပ္သြားသည။ အေၾကာင္းမူကား ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ ေပ်ာက္ကြယ္သြားၿပီး ေျမႀကီးေပၚ၌ ေသြးကြက္မ်ားသာ က်န္ေနခဲ့ေသာေၾကာင့္ပင္။

ထိုအခ်ိန္တြင္ ခြန္းလြင္ေတာင္တစ္ခုလုံးသာမက ဟြာရွတစ္ႏိုင္ငံလုံးပါ ၿငိမ္သက္လို႔ေနသည္။ ဓားသမားဂိုဏ္းမွ က်န္ရွိေနေသာ သိုင္းပညာရွင္မ်ား ေတြေဝသြားၾကရသည္။ ဟြာရွသိုင္းပညာရွင္မ်ား အားလုံး ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
ဂလု!
သိုင္းပညာရွင္မ်ားသည္ ထိတ္လန႔္ေနေသာ မ်က္ႏွာထားမ်ားျဖင့္ တံေတြး မ်ိဳခ်လိုက္ၾကသည္။
*ေသၿပီ … သူတို႔အားလုံး ေသကုန္ၿပီလား*
တစ္မိနစ္ေလးဆိုသည့္ အခ်ိန္ေလးအတြင္း၌ ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္မ်ား အသတ္ခံလိုက္ရသည္တဲ့လား။
*ဒါ … မျဖစ္ႏိုင္ပါဘူး*

တစ္ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ ၾကည့္ရႈေနသူမ်ားၾကား၌ ပြက္ေလာ႐ိုက္လာသည္။ ဓားသမားဂိုဏ္းမွ အသက္ရွင္ေနေသးေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ ေၾကာက္ဒူးတုန္ေနၾကသည္။ ဝိညာဥ္စား ပု႐ြက္ဆိတ္အုံႀကီးက ေရွ႕သို႔ တိုးလာသည္ကို ျမင္ၿပီး သူတို႔သည္ ေခါင္းစေျခဆုံး ေအးစက္စက္ ခ်ီဓာတ္တစ္ခ်ိဳ႕က ျဖတ္သန္းသြားသလို ခံစားလိုက္ရသည္။
ဟြာရွသိုင္းပညာရွင္မ်ားသည္လည္း ၾကက္သီးေမြးညင္းထလို႔လာသည္။ သို႔ေသာ္ ဤသည္ကား အစသာ ရွိေသးသည္။
ကြၽိ! ကြၽိ! ကြၽိ!
ပု႐ြက္ဆိတ္ေလးက အစြယ္ကို လွပ္ျပ၍ ေအာ္ဟစ္လာသည္။ ထို႔ေနာက္ ဝိညာဥ္စား ပု႐ြက္ဆိတ္ ေျခာက္ေထာင္ေက်ာ္ေသာ ပု႐ြက္ဆိတ္ စစ္တပ္ႀကီးသည္ ေတာင္ေပၚမွ အသက္ရွင္ေနေသးေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ထံသို႔ ႏိုင္လိုမင္းထက္ဆန္ေသာ ဟန္ပန္မ်ားျဖင့္ ေျပးဝင္သြားသည္။
ထို႔ေနာက္တြင္ကား ေသမင္းနတ္ဘုရား ဆင္းသက္လို႔လာသည္။
“ေျပး”
ဓားသမားဂိုဏ္းမွ ဒ႑ာရီလာအဆင့္တစ္ေယာက္က ေအာ္ဟစ္လိုက္ၿပီး ခ်က္ခ်င္းဆိုသလိုပင္ ေတာင္ထိပ္ေပၚသို႔ ေၾကာက္လန႔္တၾကား ေျပးတက္သြားသည္။
သို႔ေသာ္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက သူ႔ထက္ ပိုျမန္ေနသည္။ ဒါဇင္ႏွင့္ခ်ီေသာ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက ထိုဒ႑ာရီလာအဆင့္လူအား ခ်က္ခ်င္း မွီသြားသည္။
ထို႔ေနာက္ ၎တို႔သည္ ၎တို႔၏ အစြယ္မ်ားကို လွပ္ျပ၍ သူ႔အား အငမ္းမရ ကိုက္ျဖတ္ေလေတာ့သည္။
“အား…”
က်ယ္ေလာင္ေသာ ေအာ္ဟစ္သံႏွင့္အတူ ထိုဒ႑ာရီလာအဆင့္သည္ ေျမႀကီးေပၚသို႔ လဲက်သြားေလေတာ့သည္။
သူ၏ ေျခလက္မ်ားသည္ လ်င္ျမန္လွေသာ ႏႈန္းျဖင့္ အစားခံလိုက္ရသည္။ ထို႔ေနာက္ သူ၏ ရင္ဘတ္၊ ဝမ္းဗိုက္ေအာက္ပိုင္း … သည့္ေနာက္တြင္ေတာ့ သူ၏ က်န္ခႏၶာကိုယ္ အစိတ္အပိုင္းမ်ား။
ပု႐ြက္ဆိတ္အုံ ျဖတ္သြားသည့္ေနရာတိုင္း၌ ေသြးအိုင္မ်ား က်န္ရစ္ခဲ့သည္။ ယခုအခ်ိန္တြင္ ခြန္းလြင္ေတာင္ေပၚ၌ ေသျခင္းတရားႏွင့္ ျပည့္ႏွက္လို႔ေန၏။
ေအာ္သံမ်ားက ေတာင္အႏွံ႔ ဆက္တိုက္ ပဲ့တင္ထပ္လို႔ေန၏။ ဤသည္ကား တကယ့္ကို ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေစေလာက္သည့္ ေၾကးခြၽတ္သန႔္စင္ဘုံလိုပင္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now