Chapter 220

1.4K 167 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

Chapter (220) ဘယ်သူ့မှာ လူပိုများလဲ ကြည့်ရသေးတာပေါ့

ဝူနတ်ဘုရားတောင်နှင့် ယဲ့ဖန် တဖြည်းဖြည်း နီးကပ်လို့လာသည်။
ထိုသို့ လာရာ လမ်းတစ်လျှောက်တွင် ယဲ့ဖန်က လူပေါင်းများစွာအား ထုတ်ချင်းဖောက် သွားစေခဲ့သော သံမဏိ ကျာပွတ်ကို ဆက်၍ တရွတ်တိုက် ဆွဲလာသည်။

"အား …. အား … အား …. ယဲ့ဖန် မင်း သေချင်နေပြီပဲ … မင်းက ငါ့ကိုရော ငါ့အဘိုးကိုပါ ထိခိုက်အောင် လုပ်တယ် … မင်း ဝူနတ်ဘုရားတွေရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး … မင်း ငါတို့အရှင်ရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး"

ဂျူနီယာ ဝူနတ်ဘုရား၏ ရင်ဘတ်တွင် လက်သီးဆုပ်အရွယ် အပေါက်ကြီး တစ်ပေါက် ရှိနေသည်။

သံမဏိကျာပွတ်က သူ့ရင်ဘတ်မှ ထုတ်ချင်းဖောက်နေပြီး သူ့အား ခွေးသေတစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း ရှေ့သို့ ဆွဲသွားသည်။

တစ်ယောက်။ ငါးယောက်။ ဆယ်ယောက်။ အယောက် နှစ်ဆယ်။

သံမဏိ ကျာပွတ်က အယောက် နှစ်ဆယ်ကျော်၏ရင်ဘတ်အား ထုတ်ချင်းဖောက်သွားသည်။ စူးရှသော အော်သံများက ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်က ကျာပွတ်ကို ဆက်၍ ဆွဲလာကာ ဝူနတ်ဘုရားတောင်သို့ ဆက်လျှောက်လာသည်။

အနီးအနားမှ ဒေသခံများအားလုံး ကြက်သီး တဖြန်းဖြန်း ထသွားကြသည်။

*ရက်စက်လိုက်တာ*

ဤမျှ ရက်စက် ကြမ်းကြုတ်သည့် သူမျိုး သူတို့ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ဖန်က လူတွေအား ကျိုင်းကောင်တွေကဲ့သို့ ကျာပွတ်နှင့် လွှဲရမ်း ရိုက်နှက်ကာ ထုတ်ချင်းဖောက်သွားစေပြီး သူတို့အားလုံးကို တောင်ဆီသို့ ဆွဲခေါ်လာခဲ့သည်။

ဤမျှ ရက်စက်မှုမျိုးကြောင့် ဝူမျိုးနွယ် သိုင်းပညာရှင်များ ချမ်းစိမ့်စိမ့် ဖြစ်သွားကြသည်။ ရဲရဲနီသော သွေးရောင်များက မြေကြီးအား ဆေးရောင်ခြယ်ထားသလိုပင်။

ရာပေါင်းများစွာသော ဝူကလန် သိုင်းပညာရှင်များက ယဲ့ဖန်နောက်မှ နီးကပ်စွာ လိုက်ပါလာသော်လည်း မည်သူမျှ သူ့နား မချဉ်းကပ်ရဲပါ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now