Chapter 242

1.3K 162 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (242) စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်ပြီ၊ ည ၈နာရီမှာ လာယူလိုက်
"ဒါ… ဒါ ကျွန်မလား"
မှန်ထဲမှ သူမ ပုံရိပ်ကို ကြည့်ရင်း ဖန့်ယင်း၏ လှပသော မျက်ဝန်းလေး၌ မယုံသင်္ကာဟန်များ စွန်းထင်းလို့နေ၏။
သူမ၏ လှပသော မျက်နှာလေးက ပြိုင်ဘက်ကင်းလှပေသည်။ သူမ၏ လှပသော မျက်နှာလေးက မိခင် သဘာဝတရားက ထုဆစ်ထားသော အနုပညာ လက်ရာလေးအမလား လှပနေပြီး အသက်ရှူဖို့တောင် မေ့လျော့လို့နေသည်။
သူမ၏ အသားအရေက ပိုးသားကဲ့သို့ စွတ်စွတ်ဖြူနေသည်။သူမမျက်လုံးလေးများက ကြယ်ကဲ့သို့ တောက်ပလို့နေသည်။ သူမ ပါးစပ်လေးက သေးသွယ်၍ သူမ နှာခေါင်းလေးက ပုံစံကျလို့‌နေ၏။
သူမ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ပြီးပြည့်စုံလှပေသည်။ အမျိုးသမီးတစ်ယောက်သာ ဖန့်ယင်းကို မြင်မိပါက ရှက်သွေးဖြာသွားလောက်သည်။
တောက်! တောက်!
ဖန့်ယင်း၏ လှပသော မျက်ဝန်းမှ မျက်ရည်များ စီးကျလို့လာသည်။ သူမ၏ ပါးစပ်သေးသေးလေးကို လက်ဖြင့် အုပ်ရင်း ရှိုက်ငိုရင်း ခန္ဓာကိုယ်လေးက တုန်ယင်နေသည်။
ပြီးခဲ့သည့်ရက်များက ရာစုနှစ်လောက် ကြာမြင့်သည်ဟု ခံစားခဲ့ရသည်။ သူမ အိုမင်းလာသည်နှင့်အမျှ သူမ မိတ်ဆွေ အပေါင်းအသင်းများနှင့် မိသားစုဝင်များ၏ မျက်လုံးထဲတွင် သူမက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့ရသည်။
ထိုကြောက်လန့်၊ရွံ့ရှာပြီး မနှစ်မြို့သော အကြည့်များက သူမအား ရှက်ရွံ့စေသလို ဒေါသလည်း ထွက်စေသည်။
သူမ၏ ဖခင်အရင်းကတောင်မှ သူမကို ရွံ့ရှာခဲ့ပြီး သူမ အသက်ရှင်ဖို့ကိုတောင် သံသယဝင်ခဲ့သည်။
*သူတစ်ယောက်တည်းကပဲ*
*ထပ်ပြီးတော့ သူပဲ*
*သူက ငါရဲ့ စိတ်ကူးယဉ် အနာဂတ် သတို့သားလောင်းနဲ့ တူလိုက်တာ … သူက ငါ့ကို ဒီပြဿနာထဲကနေ ဆွဲထုတ်ပေးခဲ့တာ*
"ယဲ့ဖန်…"
ယခုအခါတွင် ဖန့်ယင်းက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ ပစ်ဝင်ကာ ရှိုက်ကြီးတငင် အော်ငိုမိသည်။
သူမ၏ ရှိုက်သံများက သေခါနီးလူတစ်ယောက် ပြန်လည် ရှင်သန်လာသကဲ့သို့ အလွန် စိတ်သောကရောက်ခဲ့ရပြီး ပျော်ရွှင်နေဟန်များ ပျော်ဝင်နေသည်။ လုံးဝကြီးကို ပြောင်းလဲသွားသော အခြေအနေကြောင့် သူမ စိတ်ခံစားချက် အားလုံးကို မထိန်းချုပ်နိုင်ပါ။
ဖန့်ယင်း၏ တုန်ယင်နေသော ခန္ဓာကိုယ်လေးကို ခံစားမိပြီး ယဲ့ဖန် စိတ်သက်သာရာ ရသွားဟန်ဖြင့် အသာ သက်ပြင်းချပြီး သူမ၏ နက်မှောင် တောက်ပသော ဆံနွယ်လေးများကို အသာ ပွတ်သပ်ပေးလိုက်သည်။
"ဒီနေ့က မင်းရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ နေ့ဖြစ်သလို မင်း ပြန်လည် မွေးဖွားလာတဲ့နေပဲ"
*ပြန်လည်မွေးဖွားလာတာ*
သူ့စကားကြောင့် ဖန့်ယင်း ငိုကြွေးနေရာမှ ရပ်သွားကာ သူမ၏ လှပသော မျက်နှာလေးဖြင့် မော့ကြည့်လို့လာသည်။
ထိုပြီးပြည့်စုံသော မျက်နှာလေး၌ မျက်ရည်များနှင့် စိုရွှဲနေပုံက မိုးရွာပြီးနောက် မက်မွန်ပင်လေးများ ဖူးပွင့်လာဟန်နှင့် သဏ္ဌာန်တူလှပြီး သူမကို ပိုမို လှပလာအောင် ဖြည့်ဆွက်ပေးလိုက်သလိုပင်။
"ယဲ့ဖန် … ရှင်ပြောချင်တာက…"
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ခေါင်းမော့လိုက်ပြီးနောက် သွေးပုလင်းကို မော့ကြည့်လိုက်သည်။
ထိုသွေးပုလင်းထဲမှ ပြာလဲ့လဲ အရည်များကို ကြည့်ပြီး သူ့မျက်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
"ဒီဆေးပုလင်းကို ဘယ်သူယူလာတာလဲ"
*ဟင်*
ဖန့်ယင်း တစ်ခဏမျှ ကြာသွားသည်။ ထို့နောက် သူမ ပြန်ဖြေလိုက်သည်။
"အဲ့ဒါကို ဒေါက်တာ မော်ဆန်က ပြင်သစ်ကနေ ယူလာတာ … သူပြောတာတော့ အဲ့ဒါက အသက်ကြီးလာတာကို ဟန်တားတဲ့ နောက်ဆုံး သုတေသန ရလဒ်တဲ့"
*အသက်ကြီးတာကို ဟန့်တားတယ်*
သူမစကားကြောင့် ယဲ့ဖန်၏ မျက်နှာက အလွန် ဝမ်းနည်းသွားပုံရပြီး သူက ထပ်ပြောလိုက်သည်။
"အသက်ကြီးတာကို ဟန့်တားတယ် ဟုတ်လား … ကောင်းတယ် … သိပ်တော်တဲ့ ဆရာဝန်ပါလား"
"မမလေးဖန့် သူ့ကို အပြင်ထွက်ပြီး တွေ့ကြရအောင်"
ထိုသို့ပြောပြီး ယဲ့ဖန်က မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
….
ထိုအချိန်တွင် ဖန့်ကျုံးရှန့်က အခန်းအပြင်ဘက်၌ ကြေးစား ဧကရာဇ် ဝုဒ်အား မျက်နှာချိုသွေးနေသည်။
"မစ္စတာဝုဒ် … ဝုဒ် စီးပွားရေး လုပ်ငန်းစုကြီးက သခင်မလေး ဝုဒ်ရဲ့ ဦးဆောင်မှုအောက်မှာ အလျင်အမြန် ကျယ်ပြန့် ကြီးပွားလာတာကို သိရဲ့လားဗျ … သခင်မလေးဝုဒ်သာ ခင်ဗျား အသက်ရှင်နေမှန်း သိရင် သူမ သိပ်ပျော်သွားမှာ"
သို့သော် သူ့စကားကို ကြားပြီးနောက် ကြေးစား ဧကရာဇ်ဝုဒ်က စက်ဆုပ်ဟန်ဖြင့် ပြောလိုက်သည်။
"မင်း မမလေးဖန့်ကို ပိုဂရုစိုက်ရင် ကောင်းမယ်"
"ဖန့်ယင်းလား … ဟူး…"
ဖန့်ကျုံးရှန့်က သက်ပြင်းရှည်ကြီး ချကာ စိတ်ပျက်နေဟန်ဖြင့်‌ ခေါင်းကိုခါရင်း မချိတင်ကဲ မျက်နှာထားဖြင့် ဆက်ပြောလာသည်။
"သူမက ကံမကောင်းတာပဲဗျာ … ယင်းကတော့ သွားရှာတော့မှာ … သူမ အသက်ရှင်မယ်ဆိုရင်ရော ဘာထူးမှာမို့လို့လဲ … သည်လို အိုမင်းနေတဲ့ ရုပ်ရည်နဲ့ ဆိုရင်တော့ သေသွားတာကမှ ပိုကောင်းပါဦးမယ်လေ"
ဖန့်ယင်း၏ ရောဂါကို ကုသရာ၌ ထားသော မျှော်လင့်ချက်အားလုံးကို သူ လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
သူ့စကားကြောင့် ဒေါက်တာ မော်ဆန်က လှောင်ရယ်၍ ပြောလိုက်သည်။
"အိုမင်းနေတဲ့ ရုပ်ရည် ဟုတ်လား … ဟီးဟီး … စိတ်ဝိညာဉ် သန္ဓေသားလောင်းက သူမကိုယ်ထဲက ဖောက်ပြီး ထွက်လာရင် ဖန့်ယင်းက အရိုးပဲ ကျန်ခဲ့တော့မှာ … ပြီးရင်တော့ ရွတ်တနေတဲ့ အသားအရေကို‌တောင် မထိန်းသိမ်းနိုင်မှာကို ကျုပ် စိုးရိမ်မိတယ်"
ထို့နောက် ဒေါက်တာမော်ဆန်က အခန်းတံခါးကို ကြည့်ရင်း မလိုမုန်းထားဟန်ဖြင့် ပြောလိုက်သည်။
"အဲ့ဟွာရှ ငနာလေး သခင်လေးရဲ့ သိုင်းကွက်ကို ရင်ဆိုင်ဖို့ ဘယ်နည်းလမ်း သုံးမလဲဆိုတာ ကျုပ် မြင်ချင်သား"
ကျွီ!
ထိုစဉ် အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။ အခန်းအပြင်ဘက်မှ လူတိုင်းက တံခါးအား ပြိုင်တူ ကြည့်လိုက်မိသည်။
ယဲ့ဖန်ကို မြင်သည်နှင့် ဖန့်ကျုံးရှန့်က ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာပြီး မေးလိုက်သည်။
"မစ္စတာယဲ့ … ခင်ဗျား ကျုပ်သမီးရဲ့ အသက်ကို မကယ်နိုင်ခဲ့ဖူးမလား … ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး … သူမက …"
သို့သော် ဖန့်ကျုံးရှန့် စကားမဆုံးခင်တွင် ယဲ့ဖန်အနောက်မှ လူကို မြင်လိုက်ရပြီး တအံ့တဩဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ချင်ရွှယ်တောင်မှ တွေဝေသွားရသည်။
ဒေါက်တာ မော်ဆန်သည်လည်း သစ်သားပြားကြီးလို နေရာမှာတင် ငူငိုင်ငိုင်ကြီး ရပ်နေမိသည်။
*အလှလေးပါလား*
ပန်းချီကားထဲမှ အလှနတ်ဘုရားမလေး ထွက်လာသည်ဟုတောင် ထင်မှတ်မှားရသည်။ လူအုပ်ကြီးရဲ့ ရင်တွေ ချက်ချင်း ခုန်လာကြသည်။
"ဖန့်…ဖန့်ယင်းလား"
ဖန့်ကျုံးရှန့်နှင့် အခြားသူများ ထင်ယောင်ထင်မှား ဖြစ်နေကြသည်ဟုတောင် ထင်မိကြသည်။ လွန်ခဲ့သည့် ဆယ်မိနစ်ကျော်တုန်းက သူမသည် ဆံပင်ဖြူဖွေး၍ အသားအရေက ရှုံ့တွနေသည်။ သူမ သည်လောက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားရတာပါလိမ့်"
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
"ဖန့်ယင်း … တကယ်ပဲ မင်းလား"
ဖန့်ကျုံးရှန့်သည် ထိတ်လန့်နေသလို ပျော်လည်းပျော်ရွှင်မိသည်။ သို့သော် ဖန့်ယင်းက သူမအဖေကို အရေးပင် မလုပ်ပါ။
သူမ၏ အကြည့်ခံရဖို့ ယဲ့ဖန် တစ်ဦးတည်းကသာ ထိုက်တန်သည့် ဟန်ဖြင့် ယဲ့ဖန် တစ်ယောက်တည်းကိုသာ ကြည့်လို့နေသည်။
ထိုစဉ် ယဲ့ဖန်က ဒေါက်တာ မော်ဆန်ထံသို့ လျှောက်သွားသည်၊ သူ့နောက်မှ ဖန့်ယင်းလည်း လိုက်ပါလာ၏။
"မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး"
ထိုအချိန်တွင် ဒေါက်တာ မော်ဆန်သည် နဖူးမှ ချွေးတဒီးဒီးကျလို့နေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်သည ထိတ်လန့်မှုကြောင့် တုန်ယင်နေပြီး မျက်လုံးများက ယောင်တိယောင်ချာ ဖြစ်နေသည်။
သူ့သခင်လေး၏ စိတ်ဝိညာဉ် သန္ဓေသားလောင်းက ပျက်ဆီးသွားပြီး ဖန့်ယင်းသည်လည်း လုံးဝ နေကောင်းလာမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
*အံ့ဩစရာပါလား*
ယဲ့ဖန်နှင့် ဖန့်ယင်းတို့က ဒေါက်တာ မော်ဆန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ဒေါက်တာ မော်ဆန်က တစ်ချက် တုန်သွားပြီးမှ ဖန့်ယင်းက အားပါးတရ ပြုံးပြ၍ ပြောလိုက်သည်။
"ဖန့်…ဖန့်ယင်း … မင်း နေပြန်ကောင်းလာတဲ့အတွက် ဂုဏ်ပြုပါတယ်"
ဖြန်း!
သို့သော် သူ့စကားအဆုံးတွင် ဖန့်ယင်းက သူ့မျက်နှာအား အားနှင့် ရိုက်ချလိုက်သည်။
"မင်း…"
ဒေါက်တာ မော်ဆန်သည် မျက်နှာအား လက်ဖြင့် အုပ်ရင်း ဒေါသထွက်သွားသည်။ သူမ နေပြန်ကောင်းလာသည်နှင့် သူ့အား ပါးချလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
ထို့နောက် ယဲ့ဖန်၏ အရိုးကွဲမတတ် အသံကြောင့် သူ ချက်ချင်း တုန်လှုပ်သွားသည်။
"မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်း အရွယ်ရောက်ဆေး …. ဒေါက်တာ မော်ဆန် ခင်ဗျားက တော်တော်လေး အတွေ့အကြုံ နုသေးတာပဲ"
*ဘာ*
ယဲ့ဖန်၏စကားကြောင့် ဒေါက်တာ မော်ဆန်၏ ခေါင်းမွေးထောင်သွားရပြီး ကြောက်စိတ်များနှင့် ပြည့်လာရသည်။
*သူ သိသွားတယ်*
*သူ ဘယ်လို သိသွားတာလဲ*
ဒေါက်တာ‌မော်ဆန် မယုံနိုင်ပါ။ ထိုစဉ် ယဲ့ဖန်က လက်ကို ရှေ့သို့ ဆန့်လိုက်ပြီးနောက် ဖုန်းတစ်လုံးက သူ့လက်ထဲ ရောက်လာသည်။
"ငါ့…ငါ့ဖုန်း … ဟေ့ကောင် … ငါ့ကို ပြန်ပေးစမ်း"
ဒေါက်တာ မော်ဆန် ထိတ်လန့်သွားကာ ချက်ချင်း ရှေ့သို့တိုး၍ ဖုန်းပြန်လုရန် ကြိုးစားလို်ကသည်။
သို့သော် ယဲ့ဖန်က ရုတ်တရက် သူ့လည်ပင်းကို ညှစ်၍ သူ့အား ကြက်ကလေး တစ်ကောင်လို ကောက်မြှောက်လိုက်သည်။
ထို့နောက် ယဲ့ဖန်က ဖုန်းကောက်ဆက်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် ဒေါက်တာ မော်ဆန် အလွန် ထိတ်လန့်သွားသည်။
"ဟေ့ … မော်ဆန် … စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်မရောက်သေးဘူးလား"
ဖုန်းတစ်ဘက်မှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက် ယဲ့ဖန်က နှုတ်ခမ်းတွန့်၍ တည်ငြိမ်စွာ‌ ပြောလိုက်သည်။
"စိတ်ဝိညာဉ် သန္ဓေသားလောင်းက အရွယ်ရောက်နေပြီ … ည ၈နာရီမှာ လာယူပါ"
သူ့အသံက ဒေါက်တာ မော်ဆန်၏ လေသံနှင့် တစ်ထပ်တည်းပင်။ ထိုသို့ပြောပြီး ယဲ့ဖန်က ဖုန်းချလိုက်သည်။
#ZAWGYI
စာစဥ္ (17) Chapter (242) စိတ္ဝိညာဥ္ သေႏၶသားေလာင္းက အ႐ြယ္ေရာက္ၿပီ၊ ည ၈နာရီမွာ လာယူလိုက္
"ဒါ… ဒါ ကြၽန္မလား"
မွန္ထဲမွ သူမ ပုံရိပ္ကို ၾကည့္ရင္း ဖန႔္ယင္း၏ လွပေသာ မ်က္ဝန္းေလး၌ မယုံသကၤာဟန္မ်ား စြန္းထင္းလို႔ေန၏။
သူမ၏ လွပေသာ မ်က္ႏွာေလးက ၿပိဳင္ဘက္ကင္းလွေပသည္။ သူမ၏ လွပေသာ မ်က္ႏွာေလးက မိခင္ သဘာဝတရားက ထုဆစ္ထားေသာ အႏုပညာ လက္ရာေလးအမလား လွပေနၿပီး အသက္ရႉဖို႔ေတာင္ ေမ့ေလ်ာ့လို႔ေနသည္။
သူမ၏ အသားအေရက ပိုးသားကဲ့သို႔ စြတ္စြတ္ျဖဴေနသည္။သူမမ်က္လုံးေလးမ်ားက ၾကယ္ကဲ့သို႔ ေတာက္ပလို႔ေနသည္။ သူမ ပါးစပ္ေလးက ေသးသြယ္၍ သူမ ႏွာေခါင္းေလးက ပုံစံက်လို႔ေန၏။
သူမ ခႏၶာကိုယ္ အစိတ္အပိုင္းတိုင္းက ၿပီးျပည့္စုံလွေပသည္။ အမ်ိဳးသမီးတစ္ေယာက္သာ ဖန႔္ယင္းကို ျမင္မိပါက ရွက္ေသြးျဖာသြားေလာက္သည္။
ေတာက္! ေတာက္!
ဖန႔္ယင္း၏ လွပေသာ မ်က္ဝန္းမွ မ်က္ရည္မ်ား စီးက်လို႔လာသည္။ သူမ၏ ပါးစပ္ေသးေသးေလးကို လက္ျဖင့္ အုပ္ရင္း ရႈိက္ငိုရင္း ခႏၶာကိုယ္ေလးက တုန္ယင္ေနသည္။
ၿပီးခဲ့သည့္ရက္မ်ားက ရာစုႏွစ္ေလာက္ ၾကာျမင့္သည္ဟု ခံစားခဲ့ရသည္။ သူမ အိုမင္းလာသည္ႏွင့္အမွ် သူမ မိတ္ေဆြ အေပါင္းအသင္းမ်ားႏွင့္ မိသားစုဝင္မ်ား၏ မ်က္လုံးထဲတြင္ သူမက မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္လာခဲ့ရသည္။
ထိုေၾကာက္လန႔္၊႐ြံ႕ရွာၿပီး မႏွစ္ၿမိဳ႕ေသာ အၾကည့္မ်ားက သူမအား ရွက္႐ြံ႕ေစသလို ေဒါသလည္း ထြက္ေစသည္။
သူမ၏ ဖခင္အရင္းကေတာင္မွ သူမကို ႐ြံ႕ရွာခဲ့ၿပီး သူမ အသက္ရွင္ဖို႔ကိုေတာင္ သံသယဝင္ခဲ့သည္။
*သူတစ္ေယာက္တည္းကပဲ*
*ထပ္ၿပီးေတာ့ သူပဲ*
*သူက ငါရဲ႕ စိတ္ကူးယဥ္ အနာဂတ္ သတို႔သားေလာင္းနဲ႔ တူလိုက္တာ … သူက ငါ့ကို ဒီျပႆနာထဲကေန ဆြဲထုတ္ေပးခဲ့တာ*
"ယဲ့ဖန္…"
ယခုအခါတြင္ ဖန႔္ယင္းက သူမ၏ မ်က္ရည္မ်ားကို သုတ္လိုက္ၿပီးေနာက္ ယဲ့ဖန္၏ ရင္ခြင္တြင္းသို႔ ပစ္ဝင္ကာ ရႈိက္ႀကီးတငင္ ေအာ္ငိုမိသည္။
သူမ၏ ရႈိက္သံမ်ားက ေသခါနီးလူတစ္ေယာက္ ျပန္လည္ ရွင္သန္လာသကဲ့သို႔ အလြန္ စိတ္ေသာကေရာက္ခဲ့ရၿပီး ေပ်ာ္႐ႊင္ေနဟန္မ်ား ေပ်ာ္ဝင္ေနသည္။ လုံးဝႀကီးကို ေျပာင္းလဲသြားေသာ အေျခအေနေၾကာင့္ သူမ စိတ္ခံစားခ်က္ အားလုံးကို မထိန္းခ်ဳပ္ႏိုင္ပါ။
ဖန႔္ယင္း၏ တုန္ယင္ေနေသာ ခႏၶာကိုယ္ေလးကို ခံစားမိၿပီး ယဲ့ဖန္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ အသာ သက္ျပင္းခ်ၿပီး သူမ၏ နက္ေမွာင္ ေတာက္ပေသာ ဆံႏြယ္ေလးမ်ားကို အသာ ပြတ္သပ္ေပးလိုက္သည္။
"ဒီေန႔က မင္းရဲ႕ ကံဆိုးမိုးေမွာင္က်တဲ့ ေန႔ျဖစ္သလို မင္း ျပန္လည္ ေမြးဖြားလာတဲ့ေနပဲ"
*ျပန္လည္ေမြးဖြားလာတာ*
သူ႔စကားေၾကာင့္ ဖန႔္ယင္း ငိုေႂကြးေနရာမွ ရပ္သြားကာ သူမ၏ လွပေသာ မ်က္ႏွာေလးျဖင့္ ေမာ့ၾကည့္လို႔လာသည္။
ထိုၿပီးျပည့္စုံေသာ မ်က္ႏွာေလး၌ မ်က္ရည္မ်ားႏွင့္ စို႐ႊဲေနပုံက မိုး႐ြာၿပီးေနာက္ မက္မြန္ပင္ေလးမ်ား ဖူးပြင့္လာဟန္ႏွင့္ သဏၭာန္တူလွၿပီး သူမကို ပိုမို လွပလာေအာင္ ျဖည့္ဆြက္ေပးလိုက္သလိုပင္။
"ယဲ့ဖန္ … ရွင္ေျပာခ်င္တာက…"
ယဲ့ဖန္က ႏႈတ္ခမ္းတြန႔္႐ုံ ၿပဳံး၍ ေခါင္းေမာ့လိုက္ၿပီးေနာက္ ေသြးပုလင္းကို ေမာ့ၾကည့္လိုက္သည္။
ထိုေသြးပုလင္းထဲမွ ျပာလဲ့လဲ အရည္မ်ားကို ၾကည့္ၿပီး သူ႔မ်က္လုံးမွ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေအးစက္စက္ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားသည္။
"ဒီေဆးပုလင္းကို ဘယ္သူယူလာတာလဲ"
*ဟင္*
ဖန႔္ယင္း တစ္ခဏမွ် ၾကာသြားသည္။ ထို႔ေနာက္ သူမ ျပန္ေျဖလိုက္သည္။
"အဲ့ဒါကို ေဒါက္တာ ေမာ္ဆန္က ျပင္သစ္ကေန ယူလာတာ … သူေျပာတာေတာ့ အဲ့ဒါက အသက္ႀကီးလာတာကို ဟန္တားတဲ့ ေနာက္ဆုံး သုေတသန ရလဒ္တဲ့"
*အသက္ႀကီးတာကို ဟန႔္တားတယ္*
သူမစကားေၾကာင့္ ယဲ့ဖန္၏ မ်က္ႏွာက အလြန္ ဝမ္းနည္းသြားပုံရၿပီး သူက ထပ္ေျပာလိုက္သည္။
"အသက္ႀကီးတာကို ဟန႔္တားတယ္ ဟုတ္လား … ေကာင္းတယ္ … သိပ္ေတာ္တဲ့ ဆရာဝန္ပါလား"
"မမေလးဖန႔္ သူ႔ကို အျပင္ထြက္ၿပီး ေတြ႕ၾကရေအာင္"
ထိုသို႔ေျပာၿပီး ယဲ့ဖန္က မတ္တပ္ရပ္ကာ အခန္းထဲမွ ထြက္လာခဲ့သည္။
….
ထိုအခ်ိန္တြင္ ဖန႔္က်ဳံးရွန႔္က အခန္းအျပင္ဘက္၌ ေၾကးစား ဧကရာဇ္ ဝုဒ္အား မ်က္ႏွာခ်ိဳေသြးေနသည္။
"မစၥတာဝုဒ္ … ဝုဒ္ စီးပြားေရး လုပ္ငန္းစုႀကီးက သခင္မေလး ဝုဒ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ အလ်င္အျမန္ က်ယ္ျပန႔္ ႀကီးပြားလာတာကို သိရဲ႕လားဗ် … သခင္မေလးဝုဒ္သာ ခင္ဗ်ား အသက္ရွင္ေနမွန္း သိရင္ သူမ သိပ္ေပ်ာ္သြားမွာ"
သို႔ေသာ္ သူ႔စကားကို ၾကားၿပီးေနာက္ ေၾကးစား ဧကရာဇ္ဝုဒ္က စက္ဆုပ္ဟန္ျဖင့္ ေျပာလိုက္သည္။
"မင္း မမေလးဖန႔္ကို ပိုဂ႐ုစိုက္ရင္ ေကာင္းမယ္"
"ဖန႔္ယင္းလား … ဟူး…"
ဖန႔္က်ဳံးရွန႔္က သက္ျပင္းရွည္ႀကီး ခ်ကာ စိတ္ပ်က္ေနဟန္ျဖင့္ ေခါင္းကိုခါရင္း မခ်ိတင္ကဲ မ်က္ႏွာထားျဖင့္ ဆက္ေျပာလာသည္။
"သူမက ကံမေကာင္းတာပဲဗ်ာ … ယင္းကေတာ့ သြားရွာေတာ့မွာ … သူမ အသက္ရွင္မယ္ဆိုရင္ေရာ ဘာထူးမွာမို႔လို႔လဲ … သည္လို အိုမင္းေနတဲ့ ႐ုပ္ရည္နဲ႔ ဆိုရင္ေတာ့ ေသသြားတာကမွ ပိုေကာင္းပါဦးမယ္ေလ"
ဖန႔္ယင္း၏ ေရာဂါကို ကုသရာ၌ ထားေသာ ေမွ်ာ္လင့္ခ်က္အားလုံးကို သူ လုံးဝ စြန႔္လႊတ္လိုက္ၿပီ ျဖစ္သည္။
သူ႔စကားေၾကာင့္ ေဒါက္တာ ေမာ္ဆန္က ေလွာင္ရယ္၍ ေျပာလိုက္သည္။
"အိုမင္းေနတဲ့ ႐ုပ္ရည္ ဟုတ္လား … ဟီးဟီး … စိတ္ဝိညာဥ္ သေႏၶသားေလာင္းက သူမကိုယ္ထဲက ေဖာက္ၿပီး ထြက္လာရင္ ဖန႔္ယင္းက အ႐ိုးပဲ က်န္ခဲ့ေတာ့မွာ … ၿပီးရင္ေတာ့ ႐ြတ္တေနတဲ့ အသားအေရကိုေတာင္ မထိန္းသိမ္းႏိုင္မွာကို က်ဳပ္ စိုးရိမ္မိတယ္"
ထို႔ေနာက္ ေဒါက္တာေမာ္ဆန္က အခန္းတံခါးကို ၾကည့္ရင္း မလိုမုန္းထားဟန္ျဖင့္ ေျပာလိုက္သည္။
"အဲ့ဟြာရွ ငနာေလး သခင္ေလးရဲ႕ သိုင္းကြက္ကို ရင္ဆိုင္ဖို႔ ဘယ္နည္းလမ္း သုံးမလဲဆိုတာ က်ဳပ္ ျမင္ခ်င္သား"
ကြၽီ!
ထိုစဥ္ အခန္းတံခါးက ႐ုတ္တရက္ ပြင့္လာသည္။ အခန္းအျပင္ဘက္မွ လူတိုင္းက တံခါးအား ၿပိဳင္တူ ၾကည့္လိုက္မိသည္။
ယဲ့ဖန္ကို ျမင္သည္ႏွင့္ ဖန႔္က်ဳံးရွန႔္က ေရွ႕သို႔ လ်င္ျမန္စြာ ေျပးတက္လာၿပီး ေမးလိုက္သည္။
"မစၥတာယဲ့ … ခင္ဗ်ား က်ဳပ္သမီးရဲ႕ အသက္ကို မကယ္ႏိုင္ခဲ့ဖူးမလား … ခင္ဗ်ား ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စရာ မလိုပါဘူး … သူမက …"
သို႔ေသာ္ ဖန႔္က်ဳံးရွန႔္ စကားမဆုံးခင္တြင္ ယဲ့ဖန္အေနာက္မွ လူကို ျမင္လိုက္ရၿပီး တအံ့တဩျဖစ္ကာ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။
ခ်င္႐ႊယ္ေတာင္မွ ေတြေဝသြားရသည္။
ေဒါက္တာ ေမာ္ဆန္သည္လည္း သစ္သားျပားႀကီးလို ေနရာမွာတင္ ငူငိုင္ငိုင္ႀကီး ရပ္ေနမိသည္။
*အလွေလးပါလား*
ပန္းခ်ီကားထဲမွ အလွနတ္ဘုရားမေလး ထြက္လာသည္ဟုေတာင္ ထင္မွတ္မွားရသည္။ လူအုပ္ႀကီးရဲ႕ ရင္ေတြ ခ်က္ခ်င္း ခုန္လာၾကသည္။
"ဖန႔္…ဖန႔္ယင္းလား"
ဖန႔္က်ဳံးရွန႔္ႏွင့္ အျခားသူမ်ား ထင္ေယာင္ထင္မွား ျဖစ္ေနၾကသည္ဟုေတာင္ ထင္မိၾကသည္။ လြန္ခဲ့သည့္ ဆယ္မိနစ္ေက်ာ္တုန္းက သူမသည္ ဆံပင္ျဖဴေဖြး၍ အသားအေရက ရႈံ႕တြေနသည္။ သူမ သည္ေလာက္ ျပင္းျပင္းထန္ထန္ ေျပာင္းလဲသြားရတာပါလိမ့္"
*ဒါ… လုံးဝ မျဖစ္ႏိုင္ဘူး*
"ဖန႔္ယင္း … တကယ္ပဲ မင္းလား"
ဖန႔္က်ဳံးရွန႔္သည္ ထိတ္လန႔္ေနသလို ေပ်ာ္လည္းေပ်ာ္႐ႊင္မိသည္။ သို႔ေသာ္ ဖန႔္ယင္းက သူမအေဖကို အေရးပင္ မလုပ္ပါ။
သူမ၏ အၾကည့္ခံရဖို႔ ယဲ့ဖန္ တစ္ဦးတည္းကသာ ထိုက္တန္သည့္ ဟန္ျဖင့္ ယဲ့ဖန္ တစ္ေယာက္တည္းကိုသာ ၾကည့္လို႔ေနသည္။
ထိုစဥ္ ယဲ့ဖန္က ေဒါက္တာ ေမာ္ဆန္ထံသို႔ ေလွ်ာက္သြားသည္၊ သူ႔ေနာက္မွ ဖန႔္ယင္းလည္း လိုက္ပါလာ၏။
"မျဖစ္ႏိုင္ဘူး … လုံးဝ မျဖစ္ႏိုင္ဘူး"
ထိုအခ်ိန္တြင္ ေဒါက္တာ ေမာ္ဆန္သည္ နဖူးမွ ေခြၽးတဒီးဒီးက်လို႔ေနသည္။ ထို႔ျပင္ သူ႔ခႏၶာကိုယ္သည ထိတ္လန႔္မႈေၾကာင့္ တုန္ယင္ေနၿပီး မ်က္လုံးမ်ားက ေယာင္တိေယာင္ခ်ာ ျဖစ္ေနသည္။
သူ႔သခင္ေလး၏ စိတ္ဝိညာဥ္ သေႏၶသားေလာင္းက ပ်က္ဆီးသြားၿပီး ဖန႔္ယင္းသည္လည္း လုံးဝ ေနေကာင္းလာမည္ဟု သူ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
*အံ့ဩစရာပါလား*
ယဲ့ဖန္ႏွင့္ ဖန႔္ယင္းတို႔က ေဒါက္တာ ေမာ္ဆန္ႏွင့္ ထိပ္တိုက္ ရင္ဆိုင္လိုက္သည္။ ေဒါက္တာ ေမာ္ဆန္က တစ္ခ်က္ တုန္သြားၿပီးမွ ဖန႔္ယင္းက အားပါးတရ ၿပဳံးျပ၍ ေျပာလိုက္သည္။
"ဖန႔္…ဖန႔္ယင္း … မင္း ေနျပန္ေကာင္းလာတဲ့အတြက္ ဂုဏ္ျပဳပါတယ္"
ျဖန္း!
သို႔ေသာ္ သူ႔စကားအဆုံးတြင္ ဖန႔္ယင္းက သူ႔မ်က္ႏွာအား အားႏွင့္ ႐ိုက္ခ်လိုက္သည္။
"မင္း…"
ေဒါက္တာ ေမာ္ဆန္သည္ မ်က္ႏွာအား လက္ျဖင့္ အုပ္ရင္း ေဒါသထြက္သြားသည္။ သူမ ေနျပန္ေကာင္းလာသည္ႏွင့္ သူ႔အား ပါးခ်လိမ့္မည္ဟု သူ ထင္မထားခဲ့မိပါ။
ထို႔ေနာက္ ယဲ့ဖန္၏ အ႐ိုးကြဲမတတ္ အသံေၾကာင့္ သူ ခ်က္ခ်င္း တုန္လႈပ္သြားသည္။
"မိစာၦ စိတ္ဝိညာဥ္ သေႏၶသားေလာင္း အ႐ြယ္ေရာက္ေဆး …. ေဒါက္တာ ေမာ္ဆန္ ခင္ဗ်ားက ေတာ္ေတာ္ေလး အေတြ႕အႀကဳံ ႏုေသးတာပဲ"
*ဘာ*
ယဲ့ဖန္၏စကားေၾကာင့္ ေဒါက္တာ ေမာ္ဆန္၏ ေခါင္းေမြးေထာင္သြားရၿပီး ေၾကာက္စိတ္မ်ားႏွင့္ ျပည့္လာရသည္။
*သူ သိသြားတယ္*
*သူ ဘယ္လို သိသြားတာလဲ*
ေဒါက္တာေမာ္ဆန္ မယုံႏိုင္ပါ။ ထိုစဥ္ ယဲ့ဖန္က လက္ကို ေရွ႕သို႔ ဆန႔္လိုက္ၿပီးေနာက္ ဖုန္းတစ္လုံးက သူ႔လက္ထဲ ေရာက္လာသည္။
"ငါ့…ငါ့ဖုန္း … ေဟ့ေကာင္ … ငါ့ကို ျပန္ေပးစမ္း"
ေဒါက္တာ ေမာ္ဆန္ ထိတ္လန႔္သြားကာ ခ်က္ခ်င္း ေရွ႕သို႔တိုး၍ ဖုန္းျပန္လုရန္ ႀကိဳးစားလို္ကသည္။
သို႔ေသာ္ ယဲ့ဖန္က ႐ုတ္တရက္ သူ႔လည္ပင္းကို ညႇစ္၍ သူ႔အား ၾကက္ကေလး တစ္ေကာင္လို ေကာက္ေျမႇာက္လိုက္သည္။
ထို႔ေနာက္ ယဲ့ဖန္က ဖုန္းေကာက္ဆက္လိုက္သည္။ ဖုန္းဝင္သြားသည္ႏွင့္ ေဒါက္တာ ေမာ္ဆန္ အလြန္ ထိတ္လန႔္သြားသည္။
"ေဟ့ … ေမာ္ဆန္ … စိတ္ဝိညာဥ္ သေႏၶသားေလာင္းက အ႐ြယ္မေရာက္ေသးဘူးလား "
ဖုန္းတစ္ဘက္မွ လူငယ္တစ္ေယာက္၏ အသံ ထြက္ေပၚလာသည္။ ထို႔ေနာက္ ယဲ့ဖန္က ႏႈတ္ခမ္းတြန႔္၍ တည္ၿငိမ္စြာ ေျပာလိုက္သည္။
"စိတ္ဝိညာဥ္ သေႏၶသားေလာင္းက အ႐ြယ္ေရာက္ေနၿပီ … ည ၈နာရီမွာ လာယူပါ"
သူ႔အသံက ေဒါက္တာ ေမာ္ဆန္၏ ေလသံႏွင့္ တစ္ထပ္တည္းပင္။ ထိုသို႔ေျပာၿပီး ယဲ့ဖန္က ဖုန္းခ်လိုက္သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now