Chapter 302

1.1K 131 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (302) ကျန်းရှီမြို့ကို ပြန်လာပြီ

တောက်! တောက်!
လေညင်းသည် ငြိမ်သက်နေရာမှ ခပ်ဖြည်းဖြည်း တိုက်ခတ်လာပြီး ကျောင်းသားကျောင်းသူများ၏ မျက်နှာနားသို့ ဖြတ်ပြေး၍ တိုက်ခတ်သွားသည်။
နွေးထွေးသည်။ သွေးနံ့ပါ၍ ငန်ကျိကျိနိုင်သည်။
ကျောင်းသား ကျောင်းသူများအားလုံး မှင်တက်သွားကြသည်။ သူတို့အားလုံး သွေးစက်များနှင့် နတ်ဆိုးဆန်သော လူအား ငေးမောကြည့်နေမိကြသည်။
*သေသွားပြီလား*
သူတို့စိတ်ထဲ၌ အလွန် သန်မာသော ပါရမီရှင်ဟု မှတ်ယူထားသူက လက်ချောင်တစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရပြီး အလောင်းဟူ၍ မကျန်ရှိဘဲ သွေးစက်များသာ ကျန်ရစ်ခဲ့သည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် အရာကို သတိပြုမိပြီးနောက် ချက်ချင်း ဆူညံ ပွက်လောရိုက်လာသည်။
ကျောင်းသားကျောင်းသူများသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထကာ တုန်ယင်လာကြသည်။ လူ တော်တော်များများ ကြောက်လွန်းလှသဖြင့် တဆတ်ဆတ်တုန်နေကြသည်။ တစ်ဆက်တည်းလိုလိုပင် ဆီးနံ့များက သူတို့၏ ဘောင်းဘီခွကြားမှ ထွက်ပေါ်လာသည်.
စက္ကန့်ပိုင်းအတွင်းမှာပင် အဖွဲ့၏ လူတစ်ဝက်လောက်ကာ ကြောက်ရွံ့ကာ တုပ်တုပ်မျှ မလှုပ်နိုင်တော့ပေ၊ ကျန်သူများက သရဲနှင့် တွေ့လိုက်ရသကဲ့သို့ မျက်နှာ ဖြူပ်ဖြူရော်ဖြစ်ကာ ပစ်လဲကျသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
မည်သူမျှ ဤကဲ့သို့ ရလဒ်ကို မမျှော်လင့်ထားမိပါ။ ယုဖေးတောင်မှ ကြောက်လန့်ကာ တုန်ယင်နေရသည်။
“သူ … သူက တကယ်ပဲ အင်အားကြီးတာပါလား”
ယုဖေး မချိပြုံးပြုံး၍ ရေရွတ်လိုက်မိသည်။
“သူက အမြဲ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို လုပ်လေ့ရှိတာပဲ”
ယဲ့ဖန်သည် မည်သူမျှ နားမလည်နိုင်သည့် ပဟေဠိတစ်ပုဒ်သာ ဖြစ်သည်။ သို့သော် ယဲ့ဖန်က အခြားသူများ၏ တုံ့ပြန်မှုအား လုံးဝ ဂရုမစိုက်ပေ။ ထိုအစား သူသည် သူ့လက်ချောင်းပေါ်မှ သွေးစက်များကိုသာ ခါထုတ်နေ၏။
ထို့နောက် သူသည် ယုဖေးအား လက်ပြနှုတ်ဆက်၍ အော်ပြောလိုက်သည်။
“နောက်မှ တွေ့ကြတာပေါ့ ယုဖေး”
ထိုသို့ပြောပြီး သူသည် ချက်ချင်း ထွက်ခွာသွားရန် ပြင်လိုက်သည်။
ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ယုဖေးသည် တစ်ခုခုကို စိုးရိမ်တကြီး အော်ပြောလိုက်ချင် သော်လည်း နောက်ဆုံးတွင် စကားလုံးများကို မျိုသိပ်ထားလိုက်တော့သည်။
သူမ သူ့ကို သတိသာ ပေးလိုက်သည်။
“ယဲ့ဖန် သတိထားနော်”
သူ့စကားကြောင့် ယဲ့ဖန် ထွက်သွားနေရာမှ ရပ်တန့်သွားသည်။ ထို့နောက် သူက ယုဖေးအား ပြုံး၍ လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက်တွင်မူ သူ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
*ယဲ့ဖန်တဲ့လား*
ထိုနာမည်ကို ကြားသည်နှင့် ချောက်ကမ်းပါး အစွန်း၌ ရှိနေသော ကျောင်းသားကျောင်းသူများ အားလုံး ချက်ချင်း ကတုန်ကယင် ဖြစ်လာကြသည်။
*သူက တကယ်ပဲကိုး*
*သူက တကယ့် ယဲ့ဖန် အစစ်ပါလား*
ကျောင်းသား ကျောင်းသူများအားလုံး ပွက်လောရိုက်သွားကြသည်။
ယခုအခါမှသာ ထိုလူငယ်က သူတို့၏ စံပြပုဂ္ဂိုလ်အား လက်ချောင်းတစ်ချောင်းတည်းဖြင့် ဘယ်လိုလုပ် သတ်လိုက်နိုင်သည်ဆိုတာကို သူတို့ နားလည်သွားကြသည်။ သူသည် ဒဏ္ဍာရီလာအဆင့်မှသူအား လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် လုပ်နိုင်ခဲ့သည့် ဟွာရှနိုင်ငံ၏ အရင် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်နေသည်ကိုး။
ကျောင်းသားတိုင်းသည် အကြီးအကျယ် ထိတ်လန့်နေသည့်အပြင် အလွန် ရူးသွပ်ပြီး လေးစား အားကျသည့် မျက်လုံးများဖြင့် ဖြစ်နေကြသည်။
နှစ်ဝက်ကြာပြီးနောက် နံပါတ်တစ် သိုင်းပညာရှင် ပြန်လာလေတော့သည်။ ထို့နောက် ယုဖေးက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်မိသည်။
“ကြည့်ရတာ ငါတို့နှစ်ယောက်ကြားက ခြားနားမှုက အခုကစပြီး ပိုပြီး ကြီးမားလာတော့မယ်နဲ့ တူတယ်”
“ဟွာရှနိုင်ငံတော့ သူ့ကြောင့် ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းနဲ့ သွေးမိုးရွာတာတွေကို ကြုံတွေ့ရတော့မှာ သေချာတယ်”

လူသားနှင့် မှင်စာများကြားရှိ စစ်ပွဲသည် အလွန် ပြင်းထန်လာခဲ့သည်။ ပင်လယ်ကွေ့ နိုင်ငံများ ပိုပို၍ သုတ်သင်ခံခဲ့ရပြီးနောက် ကမ္ဘာမြေ၏ နိုင်ငံများသည် မကြာခင်မှာပင် ကမ္ဘာ့အဖွဲ့အစည်းချုပ်၏ လက်အောက်ခံနိုင်ငံများ ဖြစ်လာကြသည်။
ကမ္ဘာ့အဖွဲ့အစည်းချုပ်၌ ဌာနချုပ် ရှစ်ခု ပါဝင်သည်။ ဟွာရှ ဌာနသည် ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။
ထိုစဉ် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ဖုန်တထောင်းထောင်းထနေသော ခရီးရှည်ကြီးအား ဖြတ်သန်းရင်း ကျန်းရှီမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
သူသည် ယဲ့ဖန်ပင် ဖြစ်သည်။ သေမင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ဟွာရှနိုင်ငံတို့ကြားတွင် မည်သည့် လေကြောင်းလိုင်းမျှ မရှိတော့ချေ။
ထို့ပြင် ကမ္ဘာပေါ်တွင် ရေခီစွမ်းအင်များ အလွန်အမင်း ပေါများလာခြင်းကြောင့် ကောင်းကင်၌ ပျံဝဲနေသော ငှက်များစွာတို့သည် ကြမ်းကြုတ်သော ဧရာမ သားရဲငှက်များအဖြစ်သို့ မျိုးရိုးဗီဇ ပြောင်းလဲသွားကြသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းမှ လေကြောင်းလိုင်းများ အားလုံး အချည်းနှီး ဖြစ်သွားကြသည်။ ယဲ့ဖန်သည် ကျန်းရှီမြို့သို့ ခြေကျင် လျှောက်လာခဲ့ရသည်။
အပြန်လမ်းတစ်လျှောက်တွင် အလွန် သန်မာသော မျိုးစိတ်များဖြင့် ကြုံတွေ့ခဲ့ရသည်။ တောထဲတွင် သားရဲဘုရင်များက ဟိန်းဟောက်နေကြသည်။ မြစ်ကမ်းနံဘေး၌ သားရဲငှက်များကိုလည်း မြင်တွေ့ရသည်။
ယခုသည် မျိုးစိတ်အားလုံး လျင်မြန်စွာ တိုးတက်လာသော ထိပ်တန်းခေတ်သစ်တစ်ခု ဖြစ်နေ၏။
ကျန်းရှီမြို့သို့ ဝင်လိုက်သည်နှင့် ယဲ့ဖန်သည် ထင်ရှားသော ပြောင်းလဲမှုကို သတိထားမိသည်။ လမ်းမပေါ်ရှိ ဖြတ်သွားဖြတ်လာ လူများအားလုံးက သန်မာသော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။
တစ်ချို့ သန်မာသော တိုက်ခိုက်ရေးသမားများက သားရဲကောင်များ၏ အသားနှင့် သွေးများကိုတောင် လမ်းဘေး၌ ရောင်းချနေကြသည်။
ကျန်းရှီမြို့၏ မြင်ကွင်းအသစ်ကို ကြည့်ရင်း ယဲ့ဖန် တီးတိုးရေရွတ်မိသည်။
“သူတို့ရော ဘယ်လိုနေကြလဲ မသိဘူး”
ယဲ့ဖန် ဘားတစ်ခု၏ တံခါးဝကို ဖြတ်လာချိန်တွင် သူ တစ်ခဏမျှ မှင်တက်သွားရသည်။
“ဟမ် … ဒါ အရင်က ရိုစ့်ရဲ့ ဘား မဟုတ်ဘူးလား”
သူ့ဘေးမှ ဘားသည် အရင်က ရို့စ်၏ ဘားဖြစ်သည်။ သို့သော် ယခုအခါတွင် ထိုဘားသည် အစ်ကိုဟုန်၏ ဘားဟု နာမည်ပြောင်းနေ၏။
ထိုနာမည်ကို မြင်သည်နှင့် ယဲ့ဖန်သည် ရုတ်တရက် မကောင်းသော အတိတ်နိမိတ်ကို ခံစားမိသွားသည်။ ထို့နောက် သူ ဘားထဲသို့ ချက်ချင်း ဝင်သွားလိုက်သည်။
ဘားထဲသို့ ဝင်သွားလိုက်သည်နှင့် ရောခ့်ဂီတသံ၊ ဟစ်ကြွေးသံနှင့် အော်သံများကို ကြားလိုက်ရသည်။ ဘားအား နှစ်ပိုင်း ခွဲထားသည်။ ပထမနေရာသည် သောက်စားကခုန်ရန်အတွက် ဖြစ်ပြီး ကျန်တစ်ခုက တိုက်ခိုက်ရန်အတွက် ဖြစ်သည်။
ဘားထဲ ဝင်လာပြီးနောက် ယဲ့ဖန်သည် ထောင့်နား၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် ဘားထဲမှ တိုက်ခိုက်ရေးသမားများ အားလုံးက ရင်ဘတ်၌ ဓားပုံ ရေးထိုးထားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်ကို သူ သတိပြုလိုက်မိသည်။
သူတို့အားလုံးသည် သန်မာသော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။
ထိုစဉ် သူတို့အားလုံးသည် ကြိုးဝိုင်းထဲကို ကြည့်ကာ အရူးအမူး အော်ဟစ်နေကြသည်။
“ခွေးဖက်တီး … အဲ့ထိပ်ပြောင် လူ့ဘီလူးကို သတ်ပစ်လိုက် … သူ့ရဲ့သွေးနဲ့ ဓားသမားဂိုဏ်းရဲ့ အင်အားကို ပြလိုက်”
“ဟားဟား … အဲ့လောက် အထင်သေးမနေကြပါနဲ့ကွာ … သူက အရင် ညအဖွဲ့သား ထိပ်ပြောင် အားဆန်လေကွာ … သူက တစ်ခါတုန်းက သေသွားတဲ့ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်နောက်ကို လိုက်အမှုထမ်းခဲ့တာလေကွာ”
“ညအဖွဲ့ ဟုတ်လား … သောက် ညအဖွဲ့ဆိုတာ ဘာကြီးလဲ … ယဲ့ဖန်ဆိုတာ ကန်ထုတ်ခံလိုက်ရတာ ကြာလှပြီ … အဲ့စောက်ယဲ့ဖန်ဆိုတာကကော ဘာကောင်လဲ”
သူတို့၏ အော်သံများကြောင့် ယဲ့ဖန် ချက်ချင်း မျက်နှာပျက်သွားသည်။
*ထိပ်ပြောင် အားဆန်လား*
ယဲ့ဖန် သူ့ကို မှတ်မိသည်။ သူသည် ဝံပုလွေရိုင်း၏ နောက်လိုက်ဖြစ်ပြီး သူ ကုန်းယွင်ဖေးကို သတ်ခဲ့စဉ်က ထိပ်ပြောင်အားဆန် ရှိခဲ့သည်။
သူ ကျန်းပေ စီရင်စုဒေသကို ရှင်းလင်းခဲ့စဉ်ကလည်း အားဆန် ရှိနေခဲ့သည်။ သူသည် အကြောက်အလန့် ကင်းသော လူမိုက်တစ်ယောက် ဖြစ်သည်။
ယဲ့ဖန် ချက်ချင်း တစ်ဘက်လှည့်ကာ ကြိုးဝိုင်းထဲကို ကြည့်လိုက်သည်။ ကြိုးဝိုင်းထဲက မြင်ကွင်းကို မြင်လိုက်ရပြီးနောက် ယဲ့ဖန် ထိတ်လန့်သွားရသည်။
ကြိုးဝိုင်းထဲ၌ လူနှစ်ယောက် ရှိသည်။ ပိန်သေးသေးလူက ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှင့်နေ၏။ သူသည် ဆရာသခင် အထွတ်အထိပ်အဆင့် ရှိသူ ဖြစ်သည်။
ဆရာသခင် အစောပိုင်းအဆင့် ရှိသူ ထိပ်ပြောင်ပြောင်နှင့် လူမိုက်တစ်ယောက်က အလွန် ချုပ်ကိုင်ခံထားရသော အမူအရာဖြင့် ဖိနှိပ်ခံနေရသည်။
ထိုသူသည်ကား ထိပ်ပြောင်အားဆန်ပင်။
ဘုန်း!
ထိုစဉ် ခွေးဖက်တီးက ထိပ်ပြောင်အားဆန်ကို ကန်လိုက်သဖြင့် သူ လေထဲ လွင့်ထွက်သွားရသည်။ ထိပ်ပြောင်အားဆန်၏ နံရိုးများစွာက ကျိုးပဲ့လို့နေသည်။ သူသည် ဆိုးရွားစွာ ဒဏ်ရာရနေပြီး အခြေအနေမှာလည်း ဆိုးလှသည်။
ထိုအချိန်တွင် ထိပ်ပြောင်အားဆန် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိသည်။ သူ ကြမ်းပြင်ပေါ်မှ ရုန်းကန်၍ ပြန်ထလာစဉ် သူ့ဦးခေါင်းအား ခြေထောက်တစ်ဘက်က ချက်ချင်း ဖိနင်းလာသည်။
ထို့နောက် ခွေးဖက်တီးက လှောင်ရယ်သံနှင့်အတူ ချုပ်ချယ်လိုသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ထိပ်ပြောင်အားဆန်လား … ညအဖွဲ့သား တစ်ယောက်ပေါ့ ဟုတ်လား … မင်းက အရင် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်နောက်ကို လိုက်ခဲ့တယ် ဟုတ်စ”
“မင်းက ဒီအတိုင်း ပုရွက်ဆိတ်သာသာ ကောင်ပါပဲကွာ”
ခွေးဖက်တီးက ထိပ်ပြောင်အားဆန်အား စိုက်ကြည့်၍ ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်သည်။
“ညအဖွဲ့က အမှိုက်ပဲလို့ ပြောစမ်း … အရင်ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်က ချီးပဲလို့ ပြောစမ်း … မင်း အဲ့လိုပြောရင် အသက်ရှင်နိုင်မယ် … မဟုတ်လို့က‌တော့ မင်း သေရမယ်”
*ဘာ*
သူ့စကားကြောင့် ထိပ်ပြောင်အားဆန်၏ မျက်နှာ၌ မလိုလားဟန်များဖြင့် ပြည့်နှက်သွားသည်။
“ခွေးမသား … မင်းကများ ငါ့သခင်ကြီးကို ကျိန်ဆဲရဲတယ်ပေါ့လေ”
ထိပ်ပြောင်အားဆန် ဒေါသူပုန်ထကာ အော်ဟစ်လေတော့သည်။
“မင်း သေချင်နေတာလား”
ထိပ်ပြောင်အားဆန်သည် အစွမ်းကုန် ရုန်းကန်နေပြီး သူ၏ ကြမ်းကြုတ်သော မျက်လုံးများက ခွေးဖက်တီးအား တစ်စစီဆွဲဖြဲချင်သလို ကြည့်နေသည်။
ထိပ်ပြောင်အားဆန်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ခွေးဖက်တီးအား ကြည့်နေ၏။
ခွေးဖက်တီးသည် သူ့ရန်သူက ဒီလို အပြုအမူမျိုး လုပ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။ ထို့နောက်တွင်မူ သူက မသိမသာ သွေးဆာနေသော အကြည့်များဖြင့် ပြောလိုက်သည်။
“ဟိုးဟိုး … မင်းက ငါနဲ့ သေတဲ့အထိ တိုက်ခိုက်ချင်တာလား … မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
“ဒါ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ … ညအဖွဲ့က အမှိုက်လို့ ပြောလိုက် … ယဲ့ဖန်က ချီးထုပ်လို့ ပြောစမ်း”
ခွေးဖက်တီးက ထိပ်ပြောင်အားဆန်၏ ခေါင်းအား အားထည့်နင်း၍ ထပ်ပြောလိုက်သည်။ အကယ်၍ ထိပ်ပြောင်အားဆန် ငြင်းဆန်ပါက သူ့ဦးခေါင်းသည် ချက်ချင်း နင်းခြေခံရမည် ဖြစ်သည်။
သို့သော် သူ့စကားအဆုံးတွင် ထိပ်ပြောင်အားဆန်သည် အလွန်ရူးသွပ်သော မျက်လုံးများဖြင့် ပြန်၍ ချေပလိုက်သည်။
“ီးပဲ … ငါ့သခင်ကြီးက မသေနိုင်ဘူးကွ … သူ မကြာခင် ပြန်လာပြီး မင်းတို့အားလုံးကို အနှေးနဲ့အမြန် လာသတ်မှာ”
“မင်းတို့ အားလုံး သေရမှာ”
*ဘာ*
သူ့စကားကြောင့် ခွေးဖက်တီး အံ့ဩသွားကာ သန်မာ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြန်အော်လိုက်သည်။
“မင်းက သေချင်နေတာကိုး”
ထို့နောက် သူသည် ထိပ်ပြောင်အားဆန်၏ ဦးခေါင်းအား အားနှင့် နင်းချေကာ အားဆန်၏ ဦးခေါင်းကို ပြားထွက်သွားအောင် နင်းချေရန် ပြင်လိုက်သည်။
#zawgyi
စာစဥ္ (21) CHAPTER (302) က်န္းရွီၿမိဳ႕ကို ျပန္လာၿပီ
ေတာက္! ေတာက္!
ေလညင္းသည္ ၿငိမ္သက္ေနရာမွ ခပ္ျဖည္းျဖည္း တိုက္ခတ္လာၿပီး ေက်ာင္းသားေက်ာင္းသူမ်ား၏ မ်က္ႏွာနားသို႔ ျဖတ္ေျပး၍ တိုက္ခတ္သြားသည္။
ေႏြးေထြးသည္။ ေသြးနံ႔ပါ၍ ငန္က်ိက်ိႏိုင္သည္။
ေက်ာင္းသား ေက်ာင္းသူမ်ားအားလုံး မွင္တက္သြားၾကသည္။ သူတို႔အားလုံး ေသြးစက္မ်ားႏွင့္ နတ္ဆိုးဆန္ေသာ လူအား ေငးေမာၾကည့္ေနမိၾကသည္။
*ေသသြားၿပီလား*
သူတို႔စိတ္ထဲ၌ အလြန္ သန္မာေသာ ပါရမီရွင္ဟု မွတ္ယူထားသူက လက္ေခ်ာင္တစ္ေခ်ာင္းတည္းျဖင့္ အသတ္ခံလိုက္ရၿပီး အေလာင္းဟူ၍ မက်န္ရွိဘဲ ေသြးစက္မ်ားသာ က်န္ရစ္ခဲ့သည္။
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူး*
သူတို႔ မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရသည့္ အရာကို သတိျပဳမိၿပီးေနာက္ ခ်က္ခ်င္း ဆူညံ ပြက္ေလာ႐ိုက္လာသည္။
ေက်ာင္းသားေက်ာင္းသူမ်ားသည္ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္းထကာ တုန္ယင္လာၾကသည္။ လူ ေတာ္ေတာ္မ်ားမ်ား ေၾကာက္လြန္းလွသျဖင့္ တဆတ္ဆတ္တုန္ေနၾကသည္။ တစ္ဆက္တည္းလိုလိုပင္ ဆီးနံ႔မ်ားက သူတို႔၏ ေဘာင္းဘီခြၾကားမွ ထြက္ေပၚလာသည္.
စကၠန႔္ပိုင္းအတြင္းမွာပင္ အဖြဲ႕၏ လူတစ္ဝက္ေလာက္ကာ ေၾကာက္႐ြံ႕ကာ တုပ္တုပ္မွ် မလႈပ္ႏိုင္ေတာ့ေပ၊ က်န္သူမ်ားက သရဲႏွင့္ ေတြ႕လိုက္ရသကဲ့သို႔ မ်က္ႏွာ ျဖဴပ္ျဖဴေရာ္ျဖစ္ကာ ပစ္လဲက်သြားၾကသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
မည္သူမွ် ဤကဲ့သို႔ ရလဒ္ကို မေမွ်ာ္လင့္ထားမိပါ။ ယုေဖးေတာင္မွ ေၾကာက္လန႔္ကာ တုန္ယင္ေနရသည္။
“သူ … သူက တကယ္ပဲ အင္အားႀကီးတာပါလား”
ယုေဖး မခ်ိၿပဳံးၿပဳံး၍ ေရ႐ြတ္လိုက္မိသည္။
“သူက အၿမဲ ထိတ္လန႔္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြကို လုပ္ေလ့ရွိတာပဲ”
ယဲ့ဖန္သည္ မည္သူမွ် နားမလည္ႏိုင္သည့္ ပေဟဠိတစ္ပုဒ္သာ ျဖစ္သည္။ သို႔ေသာ္ ယဲ့ဖန္က အျခားသူမ်ား၏ တုံ႔ျပန္မႈအား လုံးဝ ဂ႐ုမစိုက္ေပ။ ထိုအစား သူသည္ သူ႔လက္ေခ်ာင္းေပၚမွ ေသြးစက္မ်ားကိုသာ ခါထုတ္ေန၏။
ထို႔ေနာက္ သူသည္ ယုေဖးအား လက္ျပႏႈတ္ဆက္၍ ေအာ္ေျပာလိုက္သည္။
“ေနာက္မွ ေတြ႕ၾကတာေပါ့ ယုေဖး”
ထိုသို႔ေျပာၿပီး သူသည္ ခ်က္ခ်င္း ထြက္ခြာသြားရန္ ျပင္လိုက္သည္။
ယဲ့ဖန္၏ ေနာက္ေက်ာကို ၾကည့္ၿပီး ယုေဖးသည္ တစ္ခုခုကို စိုးရိမ္တႀကီး ေအာ္ေျပာလိုက္ခ်င္ ေသာ္လည္း ေနာက္ဆုံးတြင္ စကားလုံးမ်ားကို မ်ိဳသိပ္ထားလိုက္ေတာ့သည္။
သူမ သူ႔ကို သတိသာ ေပးလိုက္သည္။
“ယဲ့ဖန္ သတိထားေနာ္”
သူ႔စကားေၾကာင့္ ယဲ့ဖန္ ထြက္သြားေနရာမွ ရပ္တန႔္သြားသည္။ ထို႔ေနာက္ သူက ယုေဖးအား ၿပဳံး၍ လက္ျပႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္တြင္မူ သူ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားေတာ့သည္။
*ယဲ့ဖန္တဲ့လား*
ထိုနာမည္ကို ၾကားသည္ႏွင့္ ေခ်ာက္ကမ္းပါး အစြန္း၌ ရွိေနေသာ ေက်ာင္းသားေက်ာင္းသူမ်ား အားလုံး ခ်က္ခ်င္း ကတုန္ကယင္ ျဖစ္လာၾကသည္။
*သူက တကယ္ပဲကိုး*
*သူက တကယ့္ ယဲ့ဖန္ အစစ္ပါလား*
ေက်ာင္းသား ေက်ာင္းသူမ်ားအားလုံး ပြက္ေလာ႐ိုက္သြားၾကသည္။
ယခုအခါမွသာ ထိုလူငယ္က သူတို႔၏ စံျပပုဂၢိဳလ္အား လက္ေခ်ာင္းတစ္ေခ်ာင္းတည္းျဖင့္ ဘယ္လိုလုပ္ သတ္လိုက္ႏိုင္သည္ဆိုတာကို သူတို႔ နားလည္သြားၾကသည္။ သူသည္ ဒ႑ာရီလာအဆင့္မွသူအား လက္သီးတစ္ခ်က္တည္းျဖင့္ ေပါက္ကြဲသြားေအာင္ လုပ္ႏိုင္ခဲ့သည့္ ဟြာရွႏိုင္ငံ၏ အရင္ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္ေနသည္ကိုး။
ေက်ာင္းသားတိုင္းသည္ အႀကီးအက်ယ္ ထိတ္လန႔္ေနသည့္အျပင္ အလြန္ ႐ူးသြပ္ၿပီး ေလးစား အားက်သည့္ မ်က္လုံးမ်ားျဖင့္ ျဖစ္ေနၾကသည္။
ႏွစ္ဝက္ၾကာၿပီးေနာက္ နံပါတ္တစ္ သိုင္းပညာရွင္ ျပန္လာေလေတာ့သည္။ ထို႔ေနာက္ ယုေဖးက စိတ္ရႈပ္ေထြးစြာ ေရ႐ြတ္လိုက္မိသည္။
“ၾကည့္ရတာ ငါတို႔ႏွစ္ေယာက္ၾကားက ျခားနားမႈက အခုကစၿပီး ပိုၿပီး ႀကီးမားလာေတာ့မယ္နဲ႔ တူတယ္”
“ဟြာရွႏိုင္ငံေတာ့ သူ႔ေၾကာင့္ ျပင္းထန္တဲ့ ေလျပင္းမုန္တိုင္းနဲ႔ ေသြးမိုး႐ြာတာေတြကို ႀကဳံေတြ႕ရေတာ့မွာ ေသခ်ာတယ္”

လူသားႏွင့္ မွင္စာမ်ားၾကားရွိ စစ္ပြဲသည္ အလြန္ ျပင္းထန္လာခဲ့သည္။ ပင္လယ္ေကြ႕ ႏိုင္ငံမ်ား ပိုပို၍ သုတ္သင္ခံခဲ့ရၿပီးေနာက္ ကမာၻေျမ၏ ႏိုင္ငံမ်ားသည္ မၾကာခင္မွာပင္ ကမာၻ႔အဖြဲ႕အစည္းခ်ဳပ္၏ လက္ေအာက္ခံႏိုင္ငံမ်ား ျဖစ္လာၾကသည္။
ကမာၻ႔အဖြဲ႕အစည္းခ်ဳပ္၌ ဌာနခ်ဳပ္ ရွစ္ခု ပါဝင္သည္။ ဟြာရွ ဌာနသည္ ၎တို႔ထဲမွ တစ္ခု ျဖစ္သည္။
ထိုစဥ္ အနက္ေရာင္ ဝတ္စုံႏွင့္ လူငယ္ေလးတစ္ေယာက္က ဖုန္ထေထာင္းေထာင္းထေနေသာ ခရီးရွည္ႀကီးအား ျဖတ္သန္းရင္း က်န္းရွီၿမိဳ႕ထဲသို႔ ဝင္ေရာက္လာခဲ့သည္။
သူသည္ ယဲ့ဖန္ပင္ ျဖစ္သည္။ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသႏွင့္ ဟြာရွႏိုင္ငံတို႔ၾကားတြင္ မည္သည့္ ေလေၾကာင္းလိုင္းမွ် မရွိေတာ့ေခ်။
ထို႔ျပင္ ကမာၻေပၚတြင္ ေရခီစြမ္းအင္မ်ား အလြန္အမင္း ေပါမ်ားလာျခင္းေၾကာင့္ ေကာင္းကင္၌ ပ်ံဝဲေနေသာ ငွက္မ်ားစြာတို႔သည္ ၾကမ္းၾကဳတ္ေသာ ဧရာမ သားရဲငွက္မ်ားအျဖစ္သို႔ မ်ိဳး႐ိုးဗီဇ ေျပာင္းလဲသြားၾကသည္။
ထို႔ေၾကာင့္ ကမာၻတစ္ဝန္းမွ ေလေၾကာင္းလိုင္းမ်ား အားလုံး အခ်ည္းႏွီး ျဖစ္သြားၾကသည္။ ယဲ့ဖန္သည္ က်န္းရွီၿမိဳ႕သို႔ ေျခက်င္ ေလွ်ာက္လာခဲ့ရသည္။
အျပန္လမ္းတစ္ေလွ်ာက္တြင္ အလြန္ သန္မာေသာ မ်ိဳးစိတ္မ်ားျဖင့္ ႀကဳံေတြ႕ခဲ့ရသည္။ ေတာထဲတြင္ သားရဲဘုရင္မ်ားက ဟိန္းေဟာက္ေနၾကသည္။ ျမစ္ကမ္းနံေဘး၌ သားရဲငွက္မ်ားကိုလည္း ျမင္ေတြ႕ရသည္။
ယခုသည္ မ်ိဳးစိတ္အားလုံး လ်င္ျမန္စြာ တိုးတက္လာေသာ ထိပ္တန္းေခတ္သစ္တစ္ခု ျဖစ္ေန၏။
က်န္းရွီၿမိဳ႕သို႔ ဝင္လိုက္သည္ႏွင့္ ယဲ့ဖန္သည္ ထင္ရွားေသာ ေျပာင္းလဲမႈကို သတိထားမိသည္။ လမ္းမေပၚရွိ ျဖတ္သြားျဖတ္လာ လူမ်ားအားလုံးက သန္မာေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ေနၾကသည္။
တစ္ခ်ိဳ႕ သန္မာေသာ တိုက္ခိုက္ေရးသမားမ်ားက သားရဲေကာင္မ်ား၏ အသားႏွင့္ ေသြးမ်ားကိုေတာင္ လမ္းေဘး၌ ေရာင္းခ်ေနၾကသည္။
က်န္းရွီၿမိဳ႕၏ ျမင္ကြင္းအသစ္ကို ၾကည့္ရင္း ယဲ့ဖန္ တီးတိုးေရ႐ြတ္မိသည္။
“သူတို႔ေရာ ဘယ္လိုေနၾကလဲ မသိဘူး”
ယဲ့ဖန္ ဘားတစ္ခု၏ တံခါးဝကို ျဖတ္လာခ်ိန္တြင္ သူ တစ္ခဏမွ် မွင္တက္သြားရသည္။
“ဟမ္ … ဒါ အရင္က ႐ိုစ့္ရဲ႕ ဘား မဟုတ္ဘူးလား”
သူ႔ေဘးမွ ဘားသည္ အရင္က ႐ို႕စ္၏ ဘားျဖစ္သည္။ သို႔ေသာ္ ယခုအခါတြင္ ထိုဘားသည္ အစ္ကိုဟုန္၏ ဘားဟု နာမည္ေျပာင္းေန၏။
ထိုနာမည္ကို ျမင္သည္ႏွင့္ ယဲ့ဖန္သည္ ႐ုတ္တရက္ မေကာင္းေသာ အတိတ္နိမိတ္ကို ခံစားမိသြားသည္။ ထို႔ေနာက္ သူ ဘားထဲသို႔ ခ်က္ခ်င္း ဝင္သြားလိုက္သည္။
ဘားထဲသို႔ ဝင္သြားလိုက္သည္ႏွင့္ ေရာခ့္ဂီတသံ၊ ဟစ္ေႂကြးသံႏွင့္ ေအာ္သံမ်ားကို ၾကားလိုက္ရသည္။ ဘားအား ႏွစ္ပိုင္း ခြဲထားသည္။ ပထမေနရာသည္ ေသာက္စားကခုန္ရန္အတြက္ ျဖစ္ၿပီး က်န္တစ္ခုက တိုက္ခိုက္ရန္အတြက္ ျဖစ္သည္။
ဘားထဲ ဝင္လာၿပီးေနာက္ ယဲ့ဖန္သည္ ေထာင့္နား၌ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ဘားထဲမွ တိုက္ခိုက္ေရးသမားမ်ား အားလုံးက ရင္ဘတ္၌ ဓားပုံ ေရးထိုးထားေသာ အျဖဴေရာင္ ဝတ္စုံကို ဝတ္ဆင္ထားၾကသည္ကို သူ သတိျပဳလိုက္မိသည္။
သူတို႔အားလုံးသည္ သန္မာေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ေနၾကသည္။
ထိုစဥ္ သူတို႔အားလုံးသည္ ႀကိဳးဝိုင္းထဲကို ၾကည့္ကာ အ႐ူးအမူး ေအာ္ဟစ္ေနၾကသည္။
“ေခြးဖက္တီး … အဲ့ထိပ္ေျပာင္ လူ႔ဘီလူးကို သတ္ပစ္လိုက္ … သူ႔ရဲ႕ေသြးနဲ႔ ဓားသမားဂိုဏ္းရဲ႕ အင္အားကို ျပလိုက္”
“ဟားဟား … အဲ့ေလာက္ အထင္ေသးမေနၾကပါနဲ႔ကြာ … သူက အရင္ ညအဖြဲ႕သား ထိပ္ေျပာင္ အားဆန္ေလကြာ … သူက တစ္ခါတုန္းက ေသသြားတဲ့ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ ယဲ့ဖန္ေနာက္ကို လိုက္အမႈထမ္းခဲ့တာေလကြာ”
“ညအဖြဲ႕ ဟုတ္လား … ေသာက္ ညအဖြဲ႕ဆိုတာ ဘာႀကီးလဲ … ယဲ့ဖန္ဆိုတာ ကန္ထုတ္ခံလိုက္ရတာ ၾကာလွၿပီ … အဲ့ေစာက္ယဲ့ဖန္ဆိုတာကေကာ ဘာေကာင္လဲ”
သူတို႔၏ ေအာ္သံမ်ားေၾကာင့္ ယဲ့ဖန္ ခ်က္ခ်င္း မ်က္ႏွာပ်က္သြားသည္။
*ထိပ္ေျပာင္ အားဆန္လား*
ယဲ့ဖန္ သူ႔ကို မွတ္မိသည္။ သူသည္ ဝံပုေလြ႐ိုင္း၏ ေနာက္လိုက္ျဖစ္ၿပီး သူ ကုန္းယြင္ေဖးကို သတ္ခဲ့စဥ္က ထိပ္ေျပာင္အားဆန္ ရွိခဲ့သည္။
သူ က်န္းေပ စီရင္စုေဒသကို ရွင္းလင္းခဲ့စဥ္ကလည္း အားဆန္ ရွိေနခဲ့သည္။ သူသည္ အေၾကာက္အလန႔္ ကင္းေသာ လူမိုက္တစ္ေယာက္ ျဖစ္သည္။
ယဲ့ဖန္ ခ်က္ခ်င္း တစ္ဘက္လွည့္ကာ ႀကိဳးဝိုင္းထဲကို ၾကည့္လိုက္သည္။ ႀကိဳးဝိုင္းထဲက ျမင္ကြင္းကို ျမင္လိုက္ရၿပီးေနာက္ ယဲ့ဖန္ ထိတ္လန႔္သြားရသည္။
ႀကိဳးဝိုင္းထဲ၌ လူႏွစ္ေယာက္ ရွိသည္။ ပိန္ေသးေသးလူက ထိတ္လန႔္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊင့္ေန၏။ သူသည္ ဆရာသခင္ အထြတ္အထိပ္အဆင့္ ရွိသူ ျဖစ္သည္။
ဆရာသခင္ အေစာပိုင္းအဆင့္ ရွိသူ ထိပ္ေျပာင္ေျပာင္ႏွင့္ လူမိုက္တစ္ေယာက္က အလြန္ ခ်ဳပ္ကိုင္ခံထားရေသာ အမူအရာျဖင့္ ဖိႏွိပ္ခံေနရသည္။
ထိုသူသည္ကား ထိပ္ေျပာင္အားဆန္ပင္။
ဘုန္း!
ထိုစဥ္ ေခြးဖက္တီးက ထိပ္ေျပာင္အားဆန္ကို ကန္လိုက္သျဖင့္ သူ ေလထဲ လြင့္ထြက္သြားရသည္။ ထိပ္ေျပာင္အားဆန္၏ နံ႐ိုးမ်ားစြာက က်ိဳးပဲ့လို႔ေနသည္။ သူသည္ ဆိုး႐ြားစြာ ဒဏ္ရာရေနၿပီး အေျခအေနမွာလည္း ဆိုးလွသည္။
ထိုအခ်ိန္တြင္ ထိပ္ေျပာင္အားဆန္ ပါးစပ္အျပည့္ ေသြးတစ္လုပ္ အန္လိုက္မိသည္။ သူ ၾကမ္းျပင္ေပၚမွ ႐ုန္းကန္၍ ျပန္ထလာစဥ္ သူ႔ဦးေခါင္းအား ေျခေထာက္တစ္ဘက္က ခ်က္ခ်င္း ဖိနင္းလာသည္။
ထို႔ေနာက္ ေခြးဖက္တီးက ေလွာင္ရယ္သံႏွင့္အတူ ခ်ဳပ္ခ်ယ္လိုေသာ ဟန္ပန္ျဖင့္ ေျပာလိုက္သည္။
“ထိပ္ေျပာင္အားဆန္လား … ညအဖြဲ႕သား တစ္ေယာက္ေပါ့ ဟုတ္လား … မင္းက အရင္ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ေနာက္ကို လိုက္ခဲ့တယ္ ဟုတ္စ”
“မင္းက ဒီအတိုင္း ပု႐ြက္ဆိတ္သာသာ ေကာင္ပါပဲကြာ”
ေခြးဖက္တီးက ထိပ္ေျပာင္အားဆန္အား စိုက္ၾကည့္၍ ၾကမ္းၾကဳတ္ခက္ထန္စြာ ေျပာလိုက္သည္။
“ညအဖြဲ႕က အမႈိက္ပဲလို႔ ေျပာစမ္း … အရင္ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္က ခ်ီးပဲလို႔ ေျပာစမ္း … မင္း အဲ့လိုေျပာရင္ အသက္ရွင္ႏိုင္မယ္ … မဟုတ္လို႔က‌ေတာ့ မင္း ေသရမယ္”
*ဘာ*
သူ႔စကားေၾကာင့္ ထိပ္ေျပာင္အားဆန္၏ မ်က္ႏွာ၌ မလိုလားဟန္မ်ားျဖင့္ ျပည့္ႏွက္သြားသည္။
“ေခြးမသား … မင္းကမ်ား ငါ့သခင္ႀကီးကို က်ိန္ဆဲရဲတယ္ေပါ့ေလ”
ထိပ္ေျပာင္အားဆန္ ေဒါသူပုန္ထကာ ေအာ္ဟစ္ေလေတာ့သည္။
“မင္း ေသခ်င္ေနတာလား”
ထိပ္ေျပာင္အားဆန္သည္ အစြမ္းကုန္ ႐ုန္းကန္ေနၿပီး သူ၏ ၾကမ္းၾကဳတ္ေသာ မ်က္လုံးမ်ားက ေခြးဖက္တီးအား တစ္စစီဆြဲၿဖဲခ်င္သလို ၾကည့္ေနသည္။
ထိပ္ေျပာင္အားဆန္၏ မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ေခြးဖက္တီးအား ၾကည့္ေန၏။
ေခြးဖက္တီးသည္ သူ႔ရန္သူက ဒီလို အျပဳအမူမ်ိဳး လုပ္လိမ့္မည္ဟု လုံးဝ ထင္မထားခဲ့မိပါ။ ထို႔ေနာက္တြင္မူ သူက မသိမသာ ေသြးဆာေနေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
“ဟိုးဟိုး … မင္းက ငါနဲ႔ ေသတဲ့အထိ တိုက္ခိုက္ခ်င္တာလား … မင္း ကိုယ့္ေသတြင္းကိုယ္ တူးေနတာပဲ”
“ဒါ မင္းရဲ႕ ေနာက္ဆုံး အခြင့္အေရးပဲ … ညအဖြဲ႕က အမႈိက္လို႔ ေျပာလိုက္ … ယဲ့ဖန္က ခ်ီးထုပ္လို႔ ေျပာစမ္း”
ေခြးဖက္တီးက ထိပ္ေျပာင္အားဆန္၏ ေခါင္းအား အားထည့္နင္း၍ ထပ္ေျပာလိုက္သည္။ အကယ္၍ ထိပ္ေျပာင္အားဆန္ ျငင္းဆန္ပါက သူ႔ဦးေခါင္းသည္ ခ်က္ခ်င္း နင္းေျခခံရမည္ ျဖစ္သည္။
သို႔ေသာ္ သူ႔စကားအဆုံးတြင္ ထိပ္ေျပာင္အားဆန္သည္ အလြန္႐ူးသြပ္ေသာ မ်က္လုံးမ်ားျဖင့္ ျပန္၍ ေခ်ပလိုက္သည္။
“ီးပဲ … ငါ့သခင္ႀကီးက မေသႏိုင္ဘူးကြ … သူ မၾကာခင္ ျပန္လာၿပီး မင္းတို႔အားလုံးကို အေႏွးနဲ႔အျမန္ လာသတ္မွာ”
“မင္းတို႔ အားလုံး ေသရမွာ”
*ဘာ*
သူ႔စကားေၾကာင့္ ေခြးဖက္တီး အံ့ဩသြားကာ သန္မာ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားျဖင့္ ျပန္ေအာ္လိုက္သည္။
“မင္းက ေသခ်င္ေနတာကိုး”
ထို႔ေနာက္ သူသည္ ထိပ္ေျပာင္အားဆန္၏ ဦးေခါင္းအား အားႏွင့္ နင္းေခ်ကာ အားဆန္၏ ဦးေခါင္းကို ျပားထြက္သြားေအာင္ နင္းေခ်ရန္ ျပင္လိုက္သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now