Chapter 296

1K 129 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123

စာစဉ် (20) CHAPTER (296) ကမ္ဘာဦးချောက်နက်ထဲမှ ရတနာ

“အင်မော်တယ် နဂါး ... သူတော်စင် နဂါးနဲ့ ဝူနဂါး”
“စိတ်ဝင်စားစရာပဲ ... တကယ်ကို စိတ်ဝင်စားစရာပဲ”
အလင်းတော် ဘုန်းတော်ကြီးသည် သူ့နှုတ်ခမ်းကို တွန့်ရုံပြုံး၍ ကျန်းရှီ မြူနီစီပယ် အလယ်တန်းကျောင်း၌ ရပ်နေင်း မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်နေ၏။
လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် အခြားသူနှစ်ယောက်ကလည်း ယဲ့ဖန်ကို ခြေရာခံနေခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
အမှန်တရားကား အင်မတန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ အလင်းတော် ဘုရားကျောင်း၏ အင်မော်တယ် နဂါး စိတ်ဝိညာဉ်၊ အနောက်ဘက် နတ်ဘုရားမ ဒေသရဲ့ ကောင်းကင်နဂါး စိတ်ဝိညာဉ် နဲ့ ထိုင်းနိုင်ငံ ဝူနတ်ဘုရား ဘုရားကျောင်းရဲ့ ဝူနဂါးရဲ့ စိတ်ဝိညာဉ်တို့သည် တကယ်တော့ နဂါးတစ်ကောင်တည်း၏ စိတ်ဝိညာဉ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
အံ့ဩစရာကောင်းလှပါဘိ။
ထိုစဉ် ဥရောပ နတ်ဘုရားမနှင့် မှော်နက် နက်ဘုရားမတို့သည် အလွန် မျက်နှာထား တင်းမာနေကြသည်။ သူတို့အားလုံးသည် မိုးမခပင်အောက်ရှိ ကျင်းပေါက်တစ်ပေါက်အား တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ထိုကျင်းပေါက်သည် အန္တရာယ်ပေးနိုင်ပုံပေါ်ပြီး ဘေးပတ်လည်တွင် အလွန် များပြားသော ရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသေးသည်။
“နဂါးစိတ်ဝိညာဉ်က အခုလေးတင် ထွက်လာပြီပဲ … အဲ့ဒါက အခု အရမ်း အားနည်းနေတယ် … အဲ့ဒါကို ရယူဖို့ ငါတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ”
ဥရောပ နတ်ဘုရားက အခြားသူနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“ဒီတစ်ခေါက်တော့ ဒါကို ပထမဆုံး ရတဲ့သူက ဒါကို အပိုင်ရရမယ် … ဘယ်လိုလဲ”
သူတို့သုံးယောက်လုံးသည် တစ်ယောက်ကိုတစ်ယောက် အလွန်အမင်း ကြောက်ရွံ့ကြသည်။ ဥရောပ နတ်ဘုရားမ၏ အကြံပေးစကားကို ကြားပြီးနောက် ကျန်နှစ်ယောက်သည် တစ်ပြိုင်တည်း ခေါင်းညိတ်ပြကြသည်။
“သွားကြစို့ … နဂါး စိတ်ဝိညာဉ်က ကျန်းရှီမြို့ထဲမှာပဲ … ငါ အဲ့ဒါကို အာရုံခံမိတယ်”
အလင်းတော် ဘုန်းတော်ကြီးက လောဘတက်နေသော အကြည့်များ ထုတ်ဖော်လာသည်။ လှစ်ခနဲ ဆိုသို သူ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် ဥရောပ နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့သည်လည်း အသီးသီး ပျောက်ကွယ်သွားကြသည်။
တစ်ခဏအကြာတွင် သူတို့သုံးယောက်လုံးသည် ယဲ့ဖန်၏ အိမ်တော်နား၌ နတ်ဘုရားများကဲ့သို့ ပေါ်ထွက်လာကြသည်။
တည်ငြိမ်သော ခြေလှမ်းများနှင့်အတူ သူတို့သည် ယဲ့ဖန်၏ အိမ်တော်ထံသို့ တစ်လှမ်းချင်းလှမ်းကာ လျှောက်လာကြသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နဂါးစိတ်ဝိညာဉ်၏ ချီဓာတ်များ ပို၍ များပြားလာသည်ကို သူတို့ ခံစားမိကြသည်။
သို့သော် သူတို့ ယဲ့ဖန်၏ အိမ်တော်နှင့် မီတာ တစ်ထောင့်ခြောက်ရာခန့် အကွာသို့ ရောက်စဉ်တွင် အမှောင်ဂိုဏ်းသားများ၏ တားမြစ်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
“မင်းတို့က ဘယ်သူလဲ”
အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်က ခက်ထန်သော မျက်နှာထားဖြင့် မေးလိုက်သည်။ ထိုလူသုံးယောက်၏ ချီဓာတ်က အလွန် သန်မာသည်ကို သူ ခံစားမိသည်။
ကျိုချင်းချန်၏ အနောက်မှ မဟာ အကြီးအကဲ လေးယောက်သည်လည်း သေမင်းနတ်ဘုရားနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကြသည်။
အမှောင်ဂိုဏ်းသားများကို ကြည့်ပြီး အလင်းတော် ဘုန်းတော်ကြီးက လှောင်ရယ်သံနှင့် ပြောလိုက်သည်။
“ရွေးချယ်စရာ ရှိတယ် … ဒီနေရာက ထွက်သွားမလား … အသေခံမလား”
*ဘာ*
ကျိုချင်းချန်နှင့် သူ့နောက်လိုက်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုလူသုံးယောက်က သည်လောက် မောက်မာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပါ။
ထို့နောက် မှော်နက် နတ်ဘုရားက ပြောလာသည်။
“သူတို့က ဒီအတိုင်း ပုရွက်ဆိတ်သာသာလေးပဲကို … သူတို့ကို သတ်ပစ်လိုက်”
ထိုသို့ပြောပြီး မှော်နက် နတ်ဘုရားမက သူမ၏ ဝိညာဉ်သတ် အရိုးတုတ်အား ကျိုချင်းချန်၏ နဖူးဆီသို့ အားနှင့် ဝှေ့ယမ်းလိုက်သည်။
စစ်ပွဲက စတင်လေတော့သည်။

တစ်ရက်အကြာတွင် နောက်ထပ် သတင်းတစ်ပုဒ်က ဟွာရှတစ်နိုင်ငံလုံးအား ထိတ်လန့်သွားစေခဲ့သည်။
ထိုသတင်းကား လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် လူသုံးယောက်က ကျန်းရှီမြို့သို့ ရောက်လာပြီး အမှောင်ဂိုဏ်းနှင့် ရက်စက်စွာ တိုက်ခိုက်ခဲ့သည် ဟူသည့် သတင်းပင်။
ထိုအဖြစ်ကြောင့် အမှောင်ဂိုဏ်းချုပ် ဖြစ်သူ ကျိုချင်းချန် အကြီးအကျယ် ဒဏ်ရာရကာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ အမှောင်ဂိုဏ်း၏ မဟာ အကြီးအကဲလေးယောက်လုံး အသတ်ခံလိုက်ရလေ၏။
အမှောင်ဂိုဏ်းသည် သုတ်သင်ခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုသို့ သေရေးရှင်ရေး အခြေအနေတွင် သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုးဘုရင် အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့ ရောက်ရှိလာခဲ့ကြသည်။
လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသော လူခြောက်ယောက်သည် ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲအား ဆက်လက် ဆင်နွှဲခဲံကြသည်။
တိုက်ပွဲက အရှိန်ပြင်းပြင်းနှင့် ပြင်းထန်နေချိန်တွင် ခွန်းလွင် ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ် ရောက်ရှိလာခဲ့သည်။ သူသည် ရန်သူများဘက်မှ ဝင်ကူညီ၍ အိပ်မက်ဆိုးဘုရင်အား တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအရှန် လျော့ကျသွားစဉ်တွင် အိန္ဒိယလူမျိုး ကာရိုးလ်တို့၏ ဘိုးဘေး ရောက်ရှိလာသည်။
သူသည် အလင်းတော် ဘုန်းတော်ကြီး ၊ ဥရောပ နတ်ဘုရားမ ၊ မှော်နက် နတ်ဘုရားမနှင့် ခွန်းလွင် ဓားသမား ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းတို့နှင့် ပူးပေါင်း၍ ကျန်းရှီမြို့၏ သိုင်းပညာရှင်များအား ဝိုင်း၍ တိုက်ခိုက်လေသည်။
ထို့ကြောင့် အိပ်မက်ဆိုးဘုရင်အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့ များစွာ ထိခိုက်နစ်နာကြလေသည်။
ကျန်းရှီတစ်မြို့လုံး သုတ်သင် ရှင်းလင်းခံရလေတော့သည်။ တစ်ရက်အတွင်းမှာပင် အမှောင်ဂိုဏ်းသည် သုတ်သင်ခံလိုက်ရပြီး အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန် သေသလား သို့မဟုတ် အသက်ရှင်သေးသလား ဆိုသည်ကို မည်သူမျ မသိနိုင်ကြတော့ပေ။
အိပ်မက်ဆိုး ဘုရင်အသစ်၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက် ဧကရာဇ်တို့အားလုံး အပြင်းအထန် ဒဏ်ရာရကာ ခပ်ဝေးဝေးသို့ ထွက်ပြေးသွားကြသည်။
ထို့ကြောင့် ခွန်းလွင် ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံတွင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာလေသည်။
ခွန်းလွင် ဓားသမား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းက သူ့ကိုယ်သူ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဟု ခေါ်ဆိုလေသည်။
….
ကျန်းရှီမြို့ရှိ အင်အားစုများစွာသည် မုန်တိုင်းထန်နေသကဲ့သို့ ဖြစ်ပွားနေချိန်တွင် ယဲ့ဖန်၏ အလောင်းသည် တားမြစ်စနစ်ထဲရှိ မြေကြီးပေါ်တွင် တစ်နေ့ပြီးတစ်နေ့ ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။
သူ့ခန္ဓာကိုယ်အား ဝိညာဉ်စား ပုရွက်ဆိတ်တို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
ကျွိ! ကျွိ!
သူ့အသားများသည် တတိတိနှင့် ကိုက်စားခံရလျက် ရှိသည်။ ထို့ကြောင့် သူ့တွင် သွေးသံတရဲရဲ ဒဏ်ရာများနှင့် ပြည့်နှက်လျက် ရှိသည်။
သို့သော် ယဲ့ဖန်သည် အသိစိတ် ရှိနေပုံမပေါ်ပေ။ သူသည် သည်အတိုင်း လူသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်၌ လဲနေသည်။
သို့သော် သူ၏ စိတ်ဝိညာဉ်သည် သူ၏ အသိစိတ်ပင်လယ်ထဲရှိ မမြင်နိုင်သော ဧရာမ ခေါင်းလောင်းကြီးအတွင်း၌ ပုန်းအောင်းလျက် ရှိသည်။
*ကောင်းကင်ခွင်းခေါင်းလောင်း*
ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် တုန်ခါလို့သွားရသည်။ ကမ္ဘာဦး ချောက်နက်ထဲမှ ကောင်းကင်ကွင်း ခေါင်းလောင်းအား သူ ကျော်ကြားခဲ့စဉ်အခါက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ခွင်း ခေါင်းလောင်းအား ရရှိရန် သူသည် ကမ္ဘာခြား အုပ်ချုပ်သူ သုံးယောက်နှင့် ကမ္ဘာဦး ချောက်နက်ထဲရှိ နတ်ဘုရား ဆယ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည်။
နောက်ဆုံးတွင် သူသည် ကောင်းကင်ခွင်းခေါင်းလောင်းအား ရရှိရန် နတ်ဘုရား ဆယ်ယောက်အား သတ်ဖြတ်ခဲ့ပြီး အုပ်ချုပ်သူ သုံးယောက်အား ကြီးစွာ အနာတရ ဖြစ်စေခဲ့သည်။
ထိုအကျိုးဆက်အနေဖြင့် အုပ်ချုပ်သူ သုံးယောက်သည် သူတို့၏ အသက်ကို စွန့်စား၍ သူ့အား ကမ္ဘာဦးချောက်နက်ထဲသို့ ရိုက်နှက်၍ ထားခဲ့သည်။
ထို့နောက်တွင် သူသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ကူးပြောင်းခံလိုက်ရသည်။ ထိုကောင်းကင်ခွင်း ခေါင်းလောင်းသည် ကမ္ဘာဦးချောက်နက်ထဲ၌ ကျန်ရစ်ခဲ့ပြီဟု အစက သူ ထင်ထားခဲ့မိသည်။
သို့သော် ထိုခေါင်းလောင်းက သူ၏ အသိစိတ်ပင်လယ်ထဲ၌ အမြဲတမ်း ပုန်းကွယ်နေခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“သေစမ်း”
ယဲ့ဖန် အလွန် သုန်မှုန်လို့နေပြီး ကမ္ဘာဦးချောက်နက်ထဲက ရတနာက ထောင်ချောက် အကြီးကြီး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိပါ။
ချက်ချင်းပင် သူသည် သူ့စိတ်ဝိညာဉ်၏ ခြေထောက်ဖြင့် ခေါင်းလောင်းအား ကန်လေတော့သည်။
“ချီးပဲ ... မင်းက ကောင်းကင်ခွင်း ခေါင်းလောင်းဆိုတာထက် ထောင်ချောက် ခေါင်းလောင်းဆိုတာကမှ ပိုဟုတ်နေဦးမယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် အလွန်တရာ ဒေါသထွက်လို့နေ၏။ သူ၏ ယခင်ဘဝသည် ကောင်းကင်ခွင်းခေါင်းလောင်းကြောင့် အကြီးအကျယ် ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရပြီး သူ၏ လက်ရှိဘဝသည်လည်း ထိုနည်းတူပင် ဖြစ်နေလေသည်။
သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မသွားနိုင်ပေ။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်သည် သူ့အသားနှင့် ကလီစာတွေ အစားခံနေရသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့၏။
သို့သော် ယဲ့ဖန်က ကောင်းကင်ခွင်းခေါင်းလောင်းအား သူ့စိတ်ဝိညာဉ်၏ ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ချိန်တွင် ရုတ်တရက် ဒိန်းခနဲ အသံတစ်သံ ထွက်လာသည်ကို သူ ကြားလိုက်ရသည်။
ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။
အဆုံးမရှိသော မှော်ပညာများအား သယ်ဆောင်ထားသော အသံလှိုင်းတစ်လှိုင်း ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးအား ရေခဲကန်ထဲသို့ ပစ်ချခံလိုက်ရသလို အေးခဲ တောင့်တင်းသွားစေသည်။
ထို့နောက် ပုရွက်ဆိတ်အားလုံး ယဲ့ဖန်၏ ကိုယ်ပေါ်မှ ပြုတ်ကျသွားကြသည်။
‘....’
ယဲ့ဖန် လုံးဝ ငိုင်ကျသွားသည်။ ကောင်းကင်ခွင်းခေါင်းလောင်းက တစ်ချက်တည်းဖြင့် ပုရွက်ဆိတ်များ၏ စိတ်ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နိုင်သည်အထိ အင်အားကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။
အံ့ဩစရာ ကောင်းလိုက်လေခြင်း။
ယဲ့ဖန်၏ ကိုယ်ပေါ်မှ ခါကျသွားပြီးနောက် ပုရွက်ဆိတ်အားလုံးသည် ယဲ့ဖန်အား ထိတ်လန့်ပြီး ဒေါသထွက်ကာ ဝိုင်းကြည့်နေကြသည်။
ပုရွက်ဆိတ်အချို့က ယဲ့ဖန်၏ ကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်လာကြသည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးက တလက်လက်တောက်လာကာ ခေါင်းလောင်းအား ထပ်၍ ကန်လိုက်သည်။
ဒိန်း!
နောက်ထပ် အသံကျယ်တစ်ခုနှင့်အတူ ယဲ့ဖန်၏ ကိုယ်ပေါ်သို့ ပြန်တက်လာသော ဝိညာဉ်စား ပုရွက်ဆိတ်များ ထပ်မံ၍ အေးခဲသွားလေတော့သည်။
ဤတစ်ကြိမ်တွင်တော့ ပုရွက်ဆိတ်အုံတစ်ခုလုံး ဒေါသထွက်သွားကြသည်။ အမြဲ ပြိုင်ဘက်ကင်းနေခဲ့သဖြင့် သူတို့သည် သူတို့ အလိုရှိသည့် အရာဟူသမျှကို ဝါးမျိုနိုင်ခဲ့သည်။
သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် အလောင်းတစ်လောင်းက သူတို့အား ထပ်ခါထပ်ခါ အနိုင်ယူနေသည်။ ဤသည်ကား သူတို့အတွက် ရှက်ဖွယ်အတိပင်။
ထို့နောက် အနက်ရောင် ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးသည် မနှစ်မြို့ဖွယ်ကောင်းသည့် အေးစက်စက် အလင်းများကို ထုတ်ဖော်‌၍ ယဲ့ဖန်၏ အလောင်းပေါ်သို့ အုံတက်လာကြသည်။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ အလောင်း နှစ်မြုပ်သွားသည်။ သို့သော် ထိုခဏမှာပင် ကောင်းကင်ခွင်း ခေါင်းလောင်းက ထပ်ကာတလဲလဲ ခေါင်းလောင်းထိုးလေတော့သည်။
#ZAWGYI
စာစဥ္ (20) CHAPTER (296) ကမာၻဦးေခ်ာက္နက္ထဲမွ ရတနာ
“အင္ေမာ္တယ္ နဂါး ... သူေတာ္စင္ နဂါးနဲ႔ ဝူနဂါး”
“စိတ္ဝင္စားစရာပဲ ... တကယ္ကို စိတ္ဝင္စားစရာပဲ”
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ သူ႔ႏႈတ္ခမ္းကို တြန႔္႐ုံၿပဳံး၍ က်န္းရွီ ျမဴနီစီပယ္ အလယ္တန္းေက်ာင္း၌ ရပ္ေနင္း မ်က္လုံးမွ ေအးစက္စက္ အလင္းမ်ား ျဖာထြက္ေန၏။
လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိထားသည့္ အျခားသူႏွစ္ေယာက္ကလည္း ယဲ့ဖန္ကို ေျခရာခံေနခဲ့လိမ့္မည္ဟု သူ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
အမွန္တရားကား အင္မတန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။ အလင္းေတာ္ ဘုရားေက်ာင္း၏ အင္ေမာ္တယ္ နဂါး စိတ္ဝိညာဥ္၊ အေနာက္ဘက္ နတ္ဘုရားမ ေဒသရဲ႕ ေကာင္းကင္နဂါး စိတ္ဝိညာဥ္ နဲ႔ ထိုင္းႏိုင္ငံ ဝူနတ္ဘုရား ဘုရားေက်ာင္းရဲ႕ ဝူနဂါးရဲ႕ စိတ္ဝိညာဥ္တို႔သည္ တကယ္ေတာ့ နဂါးတစ္ေကာင္တည္း၏ စိတ္ဝိညာဥ္ ျဖစ္ေနလိမ့္မည္ဟု မည္သူက ထင္မွတ္ထားမိမည္နည္း။
အံ့ဩစရာေကာင္းလွပါဘိ။
ထိုစဥ္ ဥေရာပ နတ္ဘုရားမႏွင့္ ေမွာ္နက္ နက္ဘုရားမတို႔သည္ အလြန္ မ်က္ႏွာထား တင္းမာေနၾကသည္။ သူတို႔အားလုံးသည္ မိုးမခပင္ေအာက္ရွိ က်င္းေပါက္တစ္ေပါက္အား တလက္လက္ ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနၾကသည္။
ထိုက်င္းေပါက္သည္ အႏၲရာယ္ေပးႏိုင္ပုံေပၚၿပီး ေဘးပတ္လည္တြင္ အလြန္ မ်ားျပားေသာ ေရွးေဟာင္းစာလုံးမ်ားျဖင့္ ေရးသားထားေသးသည္။
“နဂါးစိတ္ဝိညာဥ္က အခုေလးတင္ ထြက္လာၿပီပဲ … အဲ့ဒါက အခု အရမ္း အားနည္းေနတယ္ … အဲ့ဒါကို ရယူဖို႔ ငါတို႔အတြက္ အေကာင္းဆုံး အခြင့္အေရးပဲ”
ဥေရာပ နတ္ဘုရားက အျခားသူႏွစ္ေယာက္ကို ၾကည့္၍ ေျပာလိုက္သည္။
“ဒီတစ္ေခါက္ေတာ့ ဒါကို ပထမဆုံး ရတဲ့သူက ဒါကို အပိုင္ရရမယ္ … ဘယ္လိုလဲ”
သူတို႔သုံးေယာက္လုံးသည္ တစ္ေယာက္ကိုတစ္ေယာက္ အလြန္အမင္း ေၾကာက္႐ြံ႕ၾကသည္။ ဥေရာပ နတ္ဘုရားမ၏ အႀကံေပးစကားကို ၾကားၿပီးေနာက္ က်န္ႏွစ္ေယာက္သည္ တစ္ၿပိဳင္တည္း ေခါင္းညိတ္ျပၾကသည္။
“သြားၾကစို႔ … နဂါး စိတ္ဝိညာဥ္က က်န္းရွီၿမိဳ႕ထဲမွာပဲ … ငါ အဲ့ဒါကို အာ႐ုံခံမိတယ္”
အလင္းေတာ္ ဘုန္းေတာ္ႀကီးက ေလာဘတက္ေနေသာ အၾကည့္မ်ား ထုတ္ေဖာ္လာသည္။ လွစ္ခနဲ ဆိုသို သူ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။ ထို႔ေနာက္ ဥေရာပ နတ္ဘုရားမႏွင့္ ေမွာ္နက္ နတ္ဘုရားမတို႔သည္လည္း အသီးသီး ေပ်ာက္ကြယ္သြားၾကသည္။
တစ္ခဏအၾကာတြင္ သူတို႔သုံးေယာက္လုံးသည္ ယဲ့ဖန္၏ အိမ္ေတာ္နား၌ နတ္ဘုရားမ်ားကဲ့သို႔ ေပၚထြက္လာၾကသည္။
တည္ၿငိမ္ေသာ ေျခလွမ္းမ်ားႏွင့္အတူ သူတို႔သည္ ယဲ့ဖန္၏ အိမ္ေတာ္ထံသို႔ တစ္လွမ္းခ်င္းလွမ္းကာ ေလွ်ာက္လာၾကသည္။
ေျခတစ္လွမ္း လွမ္းလိုက္တိုင္း နဂါးစိတ္ဝိညာဥ္၏ ခ်ီဓာတ္မ်ား ပို၍ မ်ားျပားလာသည္ကို သူတို႔ ခံစားမိၾကသည္။
သို႔ေသာ္ သူတို႔ ယဲ့ဖန္၏ အိမ္ေတာ္ႏွင့္ မီတာ တစ္ေထာင့္ေျခာက္ရာခန႔္ အကြာသို႔ ေရာက္စဥ္တြင္ အေမွာင္ဂိုဏ္းသားမ်ား၏ တားျမစ္ျခင္းကို ခ်က္ခ်င္း ခံလိုက္ရသည္။
“မင္းတို႔က ဘယ္သူလဲ”
အေမွာင္ဂိုဏ္းခ်ဳပ္ က်ိဳခ်င္းခ်န္က ခက္ထန္ေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။ ထိုလူသုံးေယာက္၏ ခ်ီဓာတ္က အလြန္ သန္မာသည္ကို သူ ခံစားမိသည္။
က်ိဳခ်င္းခ်န္၏ အေနာက္မွ မဟာ အႀကီးအကဲ ေလးေယာက္သည္လည္း ေသမင္းနတ္ဘုရားႏွင့္ ဆုံေတြ႕လိုက္ရသကဲ့သို႔ မ်က္ခုံး တလႈပ္လႈပ္ ျဖစ္ေနၾကသည္။
အေမွာင္ဂိုဏ္းသားမ်ားကို ၾကည့္ၿပီး အလင္းေတာ္ ဘုန္းေတာ္ႀကီးက ေလွာင္ရယ္သံႏွင့္ ေျပာလိုက္သည္။
“ေ႐ြးခ်ယ္စရာ ရွိတယ္ … ဒီေနရာက ထြက္သြားမလား … အေသခံမလား”
*ဘာ*
က်ိဳခ်င္းခ်န္ႏွင့္ သူ႔ေနာက္လိုက္မ်ား အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ ထိုလူသုံးေယာက္က သည္ေလာက္ ေမာက္မာလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားမိၾကပါ။
ထို႔ေနာက္ ေမွာ္နက္ နတ္ဘုရားက ေျပာလာသည္။
“သူတို႔က ဒီအတိုင္း ပု႐ြက္ဆိတ္သာသာေလးပဲကို … သူတို႔ကို သတ္ပစ္လိုက္”
ထိုသို႔ေျပာၿပီး ေမွာ္နက္ နတ္ဘုရားမက သူမ၏ ဝိညာဥ္သတ္ အ႐ိုးတုတ္အား က်ိဳခ်င္းခ်န္၏ နဖူးဆီသို႔ အားႏွင့္ ေဝွ႔ယမ္းလိုက္သည္။
စစ္ပြဲက စတင္ေလေတာ့သည္။

တစ္ရက္အၾကာတြင္ ေနာက္ထပ္ သတင္းတစ္ပုဒ္က ဟြာရွတစ္ႏိုင္ငံလုံးအား ထိတ္လန႔္သြားေစခဲ့သည္။
ထိုသတင္းကား လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိထားသည့္ လူသုံးေယာက္က က်န္းရွီၿမိဳ႕သို႔ ေရာက္လာၿပီး အေမွာင္ဂိုဏ္းႏွင့္ ရက္စက္စြာ တိုက္ခိုက္ခဲ့သည္ ဟူသည့္ သတင္းပင္။
ထိုအျဖစ္ေၾကာင့္ အေမွာင္ဂိုဏ္းခ်ဳပ္ ျဖစ္သူ က်ိဳခ်င္းခ်န္ အႀကီးအက်ယ္ ဒဏ္ရာရကာ ေသလုနီးပါး ျဖစ္ခဲ့ရသည္။ အေမွာင္ဂိုဏ္း၏ မဟာ အႀကီးအကဲေလးေယာက္လုံး အသတ္ခံလိုက္ရေလ၏။
အေမွာင္ဂိုဏ္းသည္ သုတ္သင္ခံရလုနီးပါး ျဖစ္သြားခဲ့ရသည္။ ထိုသို႔ ေသေရးရွင္ေရး အေျခအေနတြင္ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသ၏ အိပ္မက္ဆိုးဘုရင္ အသစ္၊ ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္ႏွင့္ ဒုစ႐ိုက္ ဧကရာဇ္တို႔ ေရာက္ရွိလာခဲ့ၾကသည္။
လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိထားေသာ လူေျခာက္ေယာက္သည္ ရက္စက္ ၾကမ္းၾကဳတ္ေသာ တိုက္ပြဲအား ဆက္လက္ ဆင္ႏႊဲခဲံၾကသည္။
တိုက္ပြဲက အရွိန္ျပင္းျပင္းႏွင့္ ျပင္းထန္ေနခ်ိန္တြင္ ခြန္းလြင္ ဓားသမားဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ ေရာက္ရွိလာခဲ့သည္။ သူသည္ ရန္သူမ်ားဘက္မွ ဝင္ကူညီ၍ အိပ္မက္ဆိုးဘုရင္အား တိုက္ခိုက္ခဲ့သည္။
တိုက္ပြဲအရွန္ ေလ်ာ့က်သြားစဥ္တြင္ အိႏၵိယလူမ်ိဳး ကာ႐ိုးလ္တို႔၏ ဘိုးေဘး ေရာက္ရွိလာသည္။
သူသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး ၊ ဥေရာပ နတ္ဘုရားမ ၊ ေမွာ္နက္ နတ္ဘုရားမႏွင့္ ခြန္းလြင္ ဓားသမား ဂိုဏ္းခ်ဳပ္ျဖစ္သူ ရီက်န႔္ထ်န္းတို႔ႏွင့္ ပူးေပါင္း၍ က်န္းရွီၿမိဳ႕၏ သိုင္းပညာရွင္မ်ားအား ဝိုင္း၍ တိုက္ခိုက္ေလသည္။
ထို႔ေၾကာင့္ အိပ္မက္ဆိုးဘုရင္အသစ္၊ ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္ႏွင့္ ဒုစ႐ိုက္ ဧကရာဇ္တို႔ မ်ားစြာ ထိခိုက္နစ္နာၾကေလသည္။
က်န္းရွီတစ္ၿမိဳ႕လုံး သုတ္သင္ ရွင္းလင္းခံရေလေတာ့သည္။ တစ္ရက္အတြင္းမွာပင္ အေမွာင္ဂိုဏ္းသည္ သုတ္သင္ခံလိုက္ရၿပီး အေမွာင္ဂိုဏ္းခ်ဳပ္ က်ိဳခ်င္းခ်န္ ေသသလား သို႔မဟုတ္ အသက္ရွင္ေသးသလား ဆိုသည္ကို မည္သူမ် မသိႏိုင္ၾကေတာ့ေပ။
အိပ္မက္ဆိုး ဘုရင္အသစ္၊ ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္ႏွင့္ ဒုစ႐ိုက္ ဧကရာဇ္တို႔အားလုံး အျပင္းအထန္ ဒဏ္ရာရကာ ခပ္ေဝးေဝးသို႔ ထြက္ေျပးသြားၾကသည္။
ထို႔ေၾကာင့္ ခြန္းလြင္ ဓားသမားဂိုဏ္းသည္ ဟြာရွႏိုင္ငံတြင္ အင္အားအႀကီးဆုံး အဖြဲ႕အစည္း ျဖစ္လာေလသည္။
ခြန္းလြင္ ဓားသမား ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ျဖစ္သူ ရီက်န႔္ထ်န္းက သူ႔ကိုယ္သူ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ဟု ေခၚဆိုေလသည္။
….
က်န္းရွီၿမိဳ႕ရွိ အင္အားစုမ်ားစြာသည္ မုန္တိုင္းထန္ေနသကဲ့သို႔ ျဖစ္ပြားေနခ်ိန္တြင္ ယဲ့ဖန္၏ အေလာင္းသည္ တားျမစ္စနစ္ထဲရွိ ေျမႀကီးေပၚတြင္ တစ္ေန႔ၿပီးတစ္ေန႔ ၿငိမ္သက္စြာ ထိုင္ေနလ်က္ ရွိသည္။
သူ႔ခႏၶာကိုယ္အား ဝိညာဥ္စား ပု႐ြက္ဆိတ္တို႔ျဖင့္ ဖုံးလႊမ္းလ်က္ရွိသည္။
ကြၽိ! ကြၽိ!
သူ႔အသားမ်ားသည္ တတိတိႏွင့္ ကိုက္စားခံရလ်က္ ရွိသည္။ ထို႔ေၾကာင့္ သူ႔တြင္ ေသြးသံတရဲရဲ ဒဏ္ရာမ်ားႏွင့္ ျပည့္ႏွက္လ်က္ ရွိသည္။
သို႔ေသာ္ ယဲ့ဖန္သည္ အသိစိတ္ ရွိေနပုံမေပၚေပ။ သူသည္ သည္အတိုင္း လူေသတစ္ေကာင္ကဲ့သို႔ ၾကမ္းျပင္ေပၚ၌ လဲေနသည္။
သို႔ေသာ္ သူ၏ စိတ္ဝိညာဥ္သည္ သူ၏ အသိစိတ္ပင္လယ္ထဲရွိ မျမင္ႏိုင္ေသာ ဧရာမ ေခါင္းေလာင္းႀကီးအတြင္း၌ ပုန္းေအာင္းလ်က္ ရွိသည္။
*ေကာင္းကင္ခြင္းေခါင္းေလာင္း*
ယဲ့ဖန္၏ စိတ္ဝိညာဥ္သည္ တုန္ခါလို႔သြားရသည္။ ကမာၻဦး ေခ်ာက္နက္ထဲမွ ေကာင္းကင္ကြင္း ေခါင္းေလာင္းအား သူ ေက်ာ္ၾကားခဲ့စဥ္အခါက ရွာေတြ႕ခဲ့ျခင္း ျဖစ္သည္။
ေကာင္းကင္ခြင္း ေခါင္းေလာင္းအား ရရွိရန္ သူသည္ ကမာၻျခား အုပ္ခ်ဳပ္သူ သုံးေယာက္ႏွင့္ ကမာၻဦး ေခ်ာက္နက္ထဲရွိ နတ္ဘုရား ဆယ္ေယာက္ႏွင့္ တိုက္ခိုက္ခဲ့ရသည္။
ေနာက္ဆုံးတြင္ သူသည္ ေကာင္းကင္ခြင္းေခါင္းေလာင္းအား ရရွိရန္ နတ္ဘုရား ဆယ္ေယာက္အား သတ္ျဖတ္ခဲ့ၿပီး အုပ္ခ်ဳပ္သူ သုံးေယာက္အား ႀကီးစြာ အနာတရ ျဖစ္ေစခဲ့သည္။
ထိုအက်ိဳးဆက္အေနျဖင့္ အုပ္ခ်ဳပ္သူ သုံးေယာက္သည္ သူတို႔၏ အသက္ကို စြန႔္စား၍ သူ႔အား ကမာၻဦးေခ်ာက္နက္ထဲသို႔ ႐ိုက္ႏွက္၍ ထားခဲ့သည္။
ထို႔ေနာက္တြင္ သူသည္ ကမာၻၿဂိဳဟ္ေပၚသို႔ ကူးေျပာင္းခံလိုက္ရသည္။ ထိုေကာင္းကင္ခြင္း ေခါင္းေလာင္းသည္ ကမာၻဦးေခ်ာက္နက္ထဲ၌ က်န္ရစ္ခဲ့ၿပီဟု အစက သူ ထင္ထားခဲ့မိသည္။
သို႔ေသာ္ ထိုေခါင္းေလာင္းက သူ၏ အသိစိတ္ပင္လယ္ထဲ၌ အၿမဲတမ္း ပုန္းကြယ္ေနခဲ့လိမ့္မည္ဟု သူ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
“ေသစမ္း”
ယဲ့ဖန္ အလြန္ သုန္မႈန္လို႔ေနၿပီး ကမာၻဦးေခ်ာက္နက္ထဲက ရတနာက ေထာင္ေခ်ာက္ အႀကီးႀကီး ျဖစ္ေနလိမ့္မည္ဟု သူ လုံးဝ ထင္မွတ္မထားမိပါ။
ခ်က္ခ်င္းပင္ သူသည္ သူ႔စိတ္ဝိညာဥ္၏ ေျခေထာက္ျဖင့္ ေခါင္းေလာင္းအား ကန္ေလေတာ့သည္။
“ခ်ီးပဲ ... မင္းက ေကာင္းကင္ခြင္း ေခါင္းေလာင္းဆိုတာထက္ ေထာင္ေခ်ာက္ ေခါင္းေလာင္းဆိုတာကမွ ပိုဟုတ္ေနဦးမယ္”
ယဲ့ဖန္၏ စိတ္ဝိညာဥ္သည္ အလြန္တရာ ေဒါသထြက္လို႔ေန၏။ သူ၏ ယခင္ဘဝသည္ ေကာင္းကင္ခြင္းေခါင္းေလာင္းေၾကာင့္ အႀကီးအက်ယ္ ဆုံးရႈံးမႈတစ္ခုကို ခံစားခဲ့ရၿပီး သူ၏ လက္ရွိဘဝသည္လည္း ထိုနည္းတူပင္ ျဖစ္ေနေလသည္။
သူ႔စိတ္ဝိညာဥ္သည္ သူ႔ခႏၶာကိုယ္ထဲသို႔ ျပန္မသြားႏိုင္ေပ။ ထို႔ေၾကာင့္ သူ၏ စိတ္ဝိညာဥ္သည္ သူ႔အသားႏွင့္ ကလီစာေတြ အစားခံေနရသည္ကို ထိုင္ၾကည့္ေန႐ုံသာ တတ္ႏိုင္ေတာ့၏။
သို႔ေသာ္ ယဲ့ဖန္က ေကာင္းကင္ခြင္းေခါင္းေလာင္းအား သူ႔စိတ္ဝိညာဥ္၏ ေျခေထာက္ျဖင့္ ေဆာင့္ကန္လိုက္ခ်ိန္တြင္ ႐ုတ္တရက္ ဒိန္းခနဲ အသံတစ္သံ ထြက္လာသည္ကို သူ ၾကားလိုက္ရသည္။
ထို႔ေနာက္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာေလသည္။
အဆုံးမရွိေသာ ေမွာ္ပညာမ်ားအား သယ္ေဆာင္ထားေသာ အသံလႈိင္းတစ္လႈိင္း ႐ုတ္တရက္ ထြက္ေပၚလာၿပီး ဝိညာဥ္စား ပု႐ြက္ဆိတ္အားလုံးအား ေရခဲကန္ထဲသို႔ ပစ္ခ်ခံလိုက္ရသလို ေအးခဲ ေတာင့္တင္းသြားေစသည္။
ထို႔ေနာက္ ပု႐ြက္ဆိတ္အားလုံး ယဲ့ဖန္၏ ကိုယ္ေပၚမွ ျပဳတ္က်သြားၾကသည္။
‘....’
ယဲ့ဖန္ လုံးဝ ငိုင္က်သြားသည္။ ေကာင္းကင္ခြင္းေခါင္းေလာင္းက တစ္ခ်က္တည္းျဖင့္ ပု႐ြက္ဆိတ္မ်ား၏ စိတ္ဝိညာဥ္ကို ေအးခဲသြားေအာင္ လုပ္ႏိုင္သည္အထိ အင္အားႀကီးမားလိမ့္မည္ဟု သူ လုံးဝ ထင္မထားခဲ့မိပါ။
အံ့ဩစရာ ေကာင္းလိုက္ေလျခင္း။
ယဲ့ဖန္၏ ကိုယ္ေပၚမွ ခါက်သြားၿပီးေနာက္ ပု႐ြက္ဆိတ္အားလုံးသည္ ယဲ့ဖန္အား ထိတ္လန႔္ၿပီး ေဒါသထြက္ကာ ဝိုင္းၾကည့္ေနၾကသည္။
ပု႐ြက္ဆိတ္အခ်ိဳ႕က ယဲ့ဖန္၏ ကိုယ္ေပၚသို႔ ေနာက္တစ္ႀကိမ္ ျပန္တက္လာၾကသည္။ ဤသည္ကို ၾကည့္ၿပီး ယဲ့ဖန္၏ မ်က္လုံးက တလက္လက္ေတာက္လာကာ ေခါင္းေလာင္းအား ထပ္၍ ကန္လိုက္သည္။
ဒိန္း!
ေနာက္ထပ္ အသံက်ယ္တစ္ခုႏွင့္အတူ ယဲ့ဖန္၏ ကိုယ္ေပၚသို႔ ျပန္တက္လာေသာ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား ထပ္မံ၍ ေအးခဲသြားေလေတာ့သည္။
ဤတစ္ႀကိမ္တြင္ေတာ့ ပု႐ြက္ဆိတ္အုံတစ္ခုလုံး ေဒါသထြက္သြားၾကသည္။ အၿမဲ ၿပိဳင္ဘက္ကင္းေနခဲ့သျဖင့္ သူတို႔သည္ သူတို႔ အလိုရွိသည့္ အရာဟူသမွ်ကို ဝါးမ်ိဳႏိုင္ခဲ့သည္။
သို႔ျဖစ္ပါလ်က္ႏွင့္ ယခုအခါတြင္ အေလာင္းတစ္ေလာင္းက သူတို႔အား ထပ္ခါထပ္ခါ အႏိုင္ယူေနသည္။ ဤသည္ကား သူတို႔အတြက္ ရွက္ဖြယ္အတိပင္။
ထို႔ေနာက္ အနက္ေရာင္ ဝိညာဥ္စား ပု႐ြက္ဆိတ္အားလုံးသည္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းသည့္ ေအးစက္စက္ အလင္းမ်ားကို ထုတ္ေဖာ္‌၍ ယဲ့ဖန္၏ အေလာင္းေပၚသို႔ အုံတက္လာၾကသည္။
ခ်က္ခ်င္းဆိုသလိုပင္ ယဲ့ဖန္၏ အေလာင္း ႏွစ္ျမဳပ္သြားသည္။ သို႔ေသာ္ ထိုခဏမွာပင္ ေကာင္းကင္ခြင္း ေခါင္းေလာင္းက ထပ္ကာတလဲလဲ ေခါင္းေလာင္းထိုးေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now