Chapter 316

1.2K 125 8
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (316) မင်း သေကိုသေရမယ်

လာမည့်သုံးရက်အတောအတွင်း၌ ဟွာရှတစ်နိုင်ငံလုံးသည် သွေးမြူခိုးတို့ဖြင့် မှုန်ဝါးဝါးဖြစ်လို့နေ၏။
ညအဖွဲ့သည် မြောက်ဘက်မှ မွန်ဂိုလီးယားနယ်မြေ၊ တောင်ဘက်ခြမ်းရှိ ဟွာရှတောင်ပင်လယ်၊ အနောက်ဘက်မှ နယ်စပ်ဒေသနှင့် အရှေ့ဘက်ရှိ ပေါ်ဟိုင် ပင်လယ်ကွေ့ဒေသတို့အား ရှင်းလင်းခဲ့သည်။
ညအဖွဲ့မှ နတ်ဆိုးလူသားများနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ဓားသမားဂိုဏ်း၏ အလောင်းများ တောင်လိုရာလို ပုံ၍ ကျန်ခဲ့သည်။
တစ်မြို့ပြီးတစ်မြို့ရှိ ဓားသမားဂိုဏ်း၏ တပည့်များ ရှင်းလင်းခံလိုက်ရသည်။ သူတို့၏ ရဲရဲတောက်နေသော သွေးများက သူတို့၏ အဖြူရောင်ဝတ်စုံက နီရဲသွားစေခဲ့သည်။
သေမင်း နတ်ဆိုးကျိန်စာက ဓားသမားဂိုဏ်း၏ သေဆုံးသွားသော တပည့်များ၏ ဝိညာဉ်များကို နုတ်ယူသွားခဲ့သည်။
ပြီးခဲ့သည့် နှစ်ဝက်အတောအတွင်း ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံအတွင်း၌ စိတ်ကြီးဝင်၍ ဖိနှိပ်ညှင်းပန်းသော ဟန်ပန်တို့ဖြင့် ကွပ်ကဲ အုပ်ချုပ်ခဲ့သည်။
သူတို့ကို အညံ့မခံသည့် မည်သူမဆိုကို သတ်ပစ်ခဲ့ကြသည်။ သူတို့ကို ဆန့်ကျင်ရဲသည့် မည်သူမဆိုကို သတ်ပစ်ကြသည်။
သိုင်းပညာရှင်များစွာ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ချုပ်ချယ်ခံရပြီး ထောင်သောင်းနှင့်ချီသော သိုင်းပညာရှင် ခေါင်းပင်မမော်နိုင်ခဲ့ချေ။
သူတို့အားလုံး ဓားသမားဂိုဏ်းကို အလွန်အမင်း မုန်းတီးကြသည်။ ကျိုချင်းချန်၏ လက်မောင်းကို ဖြတ်လိုက်ပြီးနောက် ရီကျန့်ထျန်းသည် ဓားသမားဂိုဏ်းမှ မဟုတ်သော ဟွာရှနိုင်ငံရှိ သိုင်းပညာရှင်များ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ညအဖွဲ့မှ နတ်ဆိုးလူသားများ ဖြတ်သွားသည်နှင့် မြို့များရှိ အခြားသိုင်းပညာရှင်များကလည်း ပုန်ကန်ကြသည်။ သူတို့အားလုံး မြို့တံခါးများကို ဖွင့်၍ နတ်ဆိုးလူသားများကို ကြိုဆိုကြသည်။
သူတို့သည် အဓိကရုဏ်းများကို ရူးသွပ်စွာ အစပျိုးခဲ့ပြီး ဓားသမားဂိုဏ်းသားကို သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဓားသမားဂိုဏ်းသည် သေကျေ၊ ဒဏ်ရာရသူများစွာနှင့် ကြုံတွေ့ရတော့သည်။ ညအဖွဲ့သည် ၎င်း၏ အောင်မြင် ကျော်ကြားချိန်သို့ ရောက်ရှိလာလေတော့သည်။
….
ခွန်းလွင်တောင်သည် ဟွာရှနိုင်ငံတွင်း၌ နံပါတ်တစ် မသေမျိုးတောင်အဖြစ် လူသိများလေသည်။ အနောာက်ဘက်ဒေသရှိ အင်မော်တယ် မိခင်ဘုရင်မကြီးက တောင်၏ နက်ရှိုင်းသော တစ်နေရာရာ၌ နေထိုင်ခဲ့သည်ဟု ဆိုကြသေးသည်။
တကယ်တမ်းတွင်တော့ တောင်၏ အတွင်းဘက်၌ ဟွာရှနိုင်ငံ၏ နံပါတ်တစ် ဂိုဏ်းဖြစ်သော ဓားသမားဂိုဏ်း၏ ဌာနချုပ် ပုန်းကွယ်၍ တည်ရှိနေခြင်း ဖြစ်သည်။
ခွန်းလွင်တောင်ရှိ ဓားသမားဂိုဏ်း ဌာနချုပ်၏ ပင်မခန်းမ၌ လေထုသည် အလွန် လေးလံ ထိုင်းမှိုင်းလျက် ရှိသည်။ မဟာ အကြီးအကဲ ခြောက်ယောက်လုံးက သူတို့ လက်အောက်ငယ်သားများ တင်ပြလာသော သတင်းကို ဝမ်းနည်းနေသော မျက်နှာထားများဖြင့် နားထောင်နေကြသည်။
“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် ဝိညာဉ်ရိုင်းက ပေါ်ဟိုင် ပင်လယ်ကွေ့ဒေသက အမဲလိုက်ကွင်းပြင်ကို သူ့နောက်လိုက်တွေနဲ့အတူ သိမ်းပိုက်လိုက်ပါပြီ။ အမဲလိုက်သမားအားလုံးက ညအဖွဲ့ဆီကို အညံ့ခံလိုက်ကြပါပြီ။ ဓားသမားဂိုဏ်းရဲ့ အရှေ့ဘက်ဂိုဏ်းခွဲ သုတ်သင်ခံလိုက်ရပါပြီ”
“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် ဝံပုလွေရိုင်းက အနောက်ဘက် နယ်စပ်ဒေသကို ကျားဘုရင်နဲ့ စပါးကြီးမြွေတို့နဲ့အတူ သွားပြီး ဒဏ်ခတ်ခဲ့ပါတယ်။ ဓားသမားဂိုဏ်းရဲ့ အနောက်ဘက် ဂိုဏ်းခွဲမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်”
“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် သွေးစွန်းတစ္ဆေက ဟွာရှတောင်ပင်လယ်ဘက်ကို ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ ဓားသမားဂိုဏ်းရဲ့ တောင်ဘက် ဂိုဏ်းခွဲက တပည့်တွေအားလုံး အသက်ပေးပြီး တိုက်ခိုက်ခဲ့ကြပါတယ်”
“နောက်ဆုံးရသတင်း၊ ရိုစ့်၊ အနားဆန်နဲ့ ဝံပုလွေလူသား သုံးယောက်က မွန်ဂိုလီးယားက ဝူတမြို့ကို ရှင်းလင်းပစ်ခဲ့ပါတယ်၊ ဓားသမားဂိုဏ်းရဲ့ မြောက်ဘက်ဂိုဏ်းခွဲက တပည့်အားလုံး သေသွားပါပြီ”
သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရရှိပြီးနောက် ဓားသမားဂိုဏ်း၏ မဟာအကြီးအကဲ ခြောက်ယောက်လုံး ပို၍ပို၍ ဝမ်းနည်းရိပ်သန်းလာကြသည်။
နှစ်ရက်။
ဤနှစ်ရက်ကလေးအတွင်း၌ ဓားသမားဂိုဏ်း၏ ဂိုဏ်းခွဲလေးခုလုံး သုတ်သင်ခံရလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။
ဓားသမားဂိုဏ်း၏ ဂိုဏ်းခွဲလေးခုလုံးမှ တပည့်အားလုံး အသတ်ခံလိုက်ရချေပြီ။ ညအဖွဲ့၏ လျင်မြန်လှသော ဒဏ်ခတ်ခြင်းက သူတို့ ထင်ထားသည်ထက်ကို ကျော်လွန်လို့နေ၏။
“ခွေးမသား”
မဟာအကြီးအကဲ တစ်ယောက်က လက်ဘက်ရည်အိုးကို ဒေါသတကြီး ဖျစ်ညှစ်လိုက်သည်။ ထို့အတူ ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သည့် အကြည့်များနှင့်အတူ သူ၏ မျက်ခွံက တဆတ်ဆတ်လှုပ်နေ၏။
“သောက်ယဲ့ဖန်၊ သောက်ညအဖွဲ့၊ ဓားသမားဂိုဏ်းက ငါတို့ဆုံးရှုံးခဲ့ရတာတွေအတွက် လက်စားချေရမယ်”
ထိုသို့ပြောပြီး ထိုမဟာအကြီးအကဲက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဓားသမားဂိုဏ်းက ဒဏ္ဍာရီလာအဆင့် အားလုံးကို ဆင့်ခေါ်လိုက်၊ ငါနဲ့အတူ ကျန်းရှီမြို့ကို လိုက်ခဲ့၊ ငါ ယဲ့ဖန်ကို သွားသတ်မယ်”
သူ့စကားကြောင့် ဆက်သား (သတင်းပို့ဆောင်သူ) သည် ချက်ချင်း နောက်လှည့်ကာ ထိုအမိန့်ကို ဖြန့်ရန် ပြင်လိုက်သည်။
ထိုစဉ် နောက်ထပ် အသံတစ်ခုကို သူ ကြားလိုက်ရသည်။
“ခဏနေဦး”
ထိုရိုးရှင်းလှသည့် စကား၌ အတောမသတ်နိုင်သော အာဏာများ ပါဝင်နေသဖြင့် အခြားသူများအားလုံး ချက်ချင်း တုန်ယင်သွားကြသည်။
ထို့နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လေးထောင့်ကျကျ မျက်နှာနှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ပင်မခန်းမထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။
ထိုအမျိုးသားကို မြင်သည်နှင့် မဟာ အကြီးအကဲ ခြောက်ယောက်နှင့် တပည့်များက လျင်မြန်စွာ ကိုယ်ကို ရို့၍ အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။
“အရှင်”
ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသားသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ရီကျန့်ထျန်းပင် ဖြစ်လေသည်။
သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပြီး ဟွာရှတစ်နိုင်ငံလုံး၏ အသန်မာဆုံးသူအဖြစ် အတော်များများက လက်ခံထားကြသည့် သူဖြစ်သည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း ခန်းမထဲမှ လူတိုင်း ကြောက်လန့်ကာ တုန်လှုပ်သွားကြပြီး သူ့ရှေ့၌ ဒူးထောက် ဝပ်တွားချင်စိတ်ပင် ဖြစ်လာရသည်။
ဤသည်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်၏ ခွန်အားဖြစ်သည်။ ရီကျန့်ထျန်းကို မြင်သည်နှင့် ဒေါသထွက်နေသော မဟာအကြီးအကဲက လျင်မြန်စွာ ကိုယ်ကိုရို့၍ အရိုအသေပေးပြီးနောက် ပြောလိုက်သည်။
“အရှင်၊ ဓားသမားဂိုဏ်းက ဟွာရှနိုင်ငံမှာ နံပါတ်တစ် အင်အားစုပါ၊ ဘယ်လိုလုပ် ကျွန်တော်တို့က ယဲ့ဖန် သောင်းကျန်းနေတာကို သည်းခံနိုင်ရမှာလဲ”
“အရှင်၊ ကျေးဇူးပြုပြီး ဓားသမားဂိုဏ်းက ဒဏ္ဍာရီလာအဆင့် အားလုံးကို အဲ့ခွေးမသားကို သတ်ဖို့ အမိန့်ပေးလိုက်ပါ”
ဤသည်ကို ကြည့်ပြီး ကျန် မဟာအကြီးအကဲငါးယောက်နှင့် ဓားသမားဂိုဏ်း၏ တပည့်များက ရီကျန့်ထျန်းအား အရိုအသေပေး၍ တစ်ပြိုင်နက် စောဒက တက်လာကြသည်။
“အရှင်၊ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ”
သူတို့၏ အသံများနှင့် ကြမ်းကြုတ်သော ဆန္ဒများ ပါဝင်လို့နေသည်။ သို့သော် သူတို့စကားကြောင့် ရီကျန့်ထျန်းက လှောင်ရယ်၍ ပြောလိုက်သည်။
“ဒါတွေအားလုံးကို ငါ စီစဉ်ခဲ့တာ”
*ဘယ်လို*
ရီကျန့်ထျန်း၏ စကားကြောင့် ခန်းမထဲရှိ ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။ ရီကျန့်ထျန်း၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြပေ။
“အဲ့ဒီဗွီဒီယိုကို ထုတ်လွှင့်ပြီး နောက်ပိုင်း ဂိုဏ်းခဲလေးခုလုံးက ဒဏ္ဍာရီလာအဆင့် အားလုံးကို ပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားခဲ့ပြီးပြီ”
ရီကျန့်ထျန်းက အေးစက်၊ခက်ထန်သော အကြည့်များဖြင့် ပြောလိုက်သဖြင့် သူ၏ နောက်လိုက်တပည့်သားများ ရင်တုန်သွားကြရသည်။
“ငါက ညအဖွဲ့ကို ငါတို့ ဂိုဏ်းခွဲလေးခုလုံးကို သုတ်သင်ခွင့်ပေးလိုက်တာ”
“ဒီနည်းနဲ့မှပဲ ဘယ်သူတွေက ဓားသမားဂိုဏ်းကို သစ္စာရှိသလဲဆိုတာကို ငါတို့သိနိုင်မှာ”
သူ့စကားကို ကြားပြီးမှသာ ခန်းမထဲမှ အခြားသူများ သူ၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ ထို့နောက် ရီကျန့်ထျန်းက ဆက်ပြောလာသည်။
“ဓားသမားဂိုဏ်းမှာ သိုင်းပညာရှင်တွေ နည်းပါးမနေဘူး၊ သိုင်းပညာရှင် တစ်သုတ်သေသွားရင် နောက်တစ်သုတ် ထွက်ပေါ်လာလိမ့်မယ်”
“ညအဖွဲ့က ဝံပုလွေအုပ်စုသာသာပဲ၊ ငါတို့ သိုင်းပညာရှင်တွေကို စုစည်းပြီး ဝံပုလွေဘုရင်ဖြစ်တဲ့ ယဲ့ဖန်ကို သတ်လိုက်မယ်ဆိုရင် ဝံပုလွေအုပ်ကြီးက ပြိုကွဲသွားမှာပဲ”
“ဒါဆို ဟွာရှက ငါတို့အပိုင် ဆက်ဖြစ်နေဦးမှာပဲ၊ ငါတို့ကို ဆန့်ကျင်တဲ့သူတွေအားလုံး ... သေရမယ်”
...
ထိုအချိန်မှသာ ပင်မခန်းမထဲရှိ အခြားသူများအားလုံး သူ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ အဘယ်ကြောင့် ရီကျန့်ထျန်းက ယဲ့ဖန်ကို တစ်ယောက်တည်း လာခိုင်းခဲ့သလဲဆိုတာကို သူတို့ နားလည်သွားကြသည်။
သူက ဓားသမားဂိုဏ်းမှ ထိပ်တန်း သိုင်းပညာရှင်များအား စုစည်းပြီး ယဲ့ဖန်အား အတူပူးပေါင်း၍ သတ်ချင်နေသည်ကိုး။
ယဲ့ဖန် တောင်ပေါ်သို့ ရောက်လာသည့် အချိန်ရောက်လျင် ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာအဆင့်များ အားလုံးက အတူ တန်ပြန်တိုက်စစ်ဆင်၍ ညအဖွဲ့အား အပြီးတိုင် သုတ်သင်ပစ်မည် ဖြစ်သည်။ ရန်သူများအားလုံး ချက်ချင်းဆိုသလို အသတ်ခံရပေလိမ့်မည်။
ချောင်ပိတ်မိခြင်းပင်။ ဤသည်ကား ယဲ့ဖန်ကို ပစ်မှတ်ထားသော ချောင်ပိတ်တိုက်ခိုက်ခြင်းပင်။
ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့်များ အတူ တိုက်ခိုက်သည့်အခါ ယဲ့ဖန်သည် မည်မျှ သန်မာနေပါစေ၊ သူတို့ သူ့အား သတ်နိုင်မည်သာ။
ထို့နောက် ပင်မခန်းမထဲမှ သိုင်းပညာရှင်များအားလုံး ရီကျန့်ထျန်းအား အလွန် လေးစားသွားကြသည်။ ထိုစဉ် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် အေးစက်စက် ခံစားချက်က သူတို့အား လွှမ်းမိုးလာသည်။
ယဲ့ဖန်ကို သတ်ရန်အတွက် ရီကျန့်ထျန်းသည် ဓားသမားဂိုဏ်းမှ တပည့်များ၏ အသက်ကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ရက်စက်မှုကြောင့် ပင်မခန်းမထဲရှိ လူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။
သို့သော် ရီကျန့်ထျန်းသည် သူ့နောက်လိုက်များ၏ ခံစားချက်များကို ဥပေက္ခာပြုထားသည်။ ထိုအစား သူသည် ကျန်းရှီမြို့ရှိရာ အရပ်သို့ လှမ်းကြည့်ကာ ရက်စက်စွာ လှောင်ရယ်၍ ပြောလိုက်သည်။
“ယဲ့ဖန်၊ ငါ့ကို အပြစ်မတင်နဲ့၊ မင်းရဲ့ ထူးဆန်းတဲ့ လျှို့ဝှက်သိုင်းကျမ်းက မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တာပဲ”
“တစ်ယောက်သောသူက မင်းရဲ့ လျှို့ဝှက်သိုင်းကျမ်းကို လိုချင်နေတာ၊ အဲ့ဒီအတွက် မင်း သေကိုသေရမယ်”
ရီကျန့်ထျန်း၏ စကားလုံးများက အေးစက်ကာ ခက်ထန်လှသည်။
....
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်မြောက်နေ့သို့ ရောက်ရှိလာသည်။ ဟွာရှနိုင်ငံတစ်ဝန်းမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေကြသည်။
သိုင်းပညာရှင်များစွာတို့သည် ခွန်းလွင်တောင်ပေါ်မှ တိုက်ပွဲအား ကိုယ်တိုင်ကိုယ်ကျ မကြည့်ရှုနိုင်သော်လည်း သူတို့သည် အရာအားလုံးအား ကြီးမားသော ဖန်သားပြင်ပေါ်မှ ကြည့်ရှုနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ဓားသမားဂိုဏ်းသည် ဟွာရှမီဒီယာအား အရှင်သခင် နှစ်ယောက် တိုက်ခိုက်သော တိုက်ပွဲအား ထုတ်လွှင့်ပေးပါရန် တောင်းဆိုထားသောကြောင့်ပင်။
ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် အင်အားစုဖြစ်သည်ကို သူတို့ သက်သေပြချင်နေသည်။
....
ဓားသမားဂိုဏ်း ဌာနချုပ်၏ ပင်မဝင်ပေါက်အဝ၌ များစွာသော လူတို့က ကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြားလှသည့် ချီဓာတ်များဖြင့် ရပ်နေကြသည်။
များပြားလှသည့် ဒဏ္ဍာရီလာအဆင့်များက ပင်မဝင်ပေါက်၏ အဝ၌ ရပ်ကာ အထဲဝင်မည့် လမ်းအား ပိတ်ဆို့ထားကြသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့် အယောက်ငါးဆယ်ကျော် ရှိနေပြီဖြစ်သည်။
သိုင်းပညာရှင်တစ်ယောက်ချင်းစီသည် သူတို့ ဂိုဏ်းထဲ ဝင်ခဲ့သည့် လွန်ခဲ့သည့် နှစ်ဝက်ခန့်က ဒဏ္ဍာရီအဆင့်များသာ ဖြစ်သည်။
များစွာသော ဆေးလုံးများနှင့် အင်မော်တယ် သစ်သီးများအား မှီဝဲစားသုံးပြီးနောက် သူတို့အားလုံး ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားခဲ့ကြသည်။
ထို့အပြင် သူတို့၌ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တစ်ရာကျော် ရှိသေးသည်။ မည်မျှ ထည်ဝါလိုက်သည့် ဖွဲ့စည်းပုံ ပုံစံပါလိမ့်။
ထို့အအတူ ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် တစ်ထောင်ကျော် ရှိနေသေးသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲဝင် ပုံစံက အခြား ဟွာရှ သိုင်းပညာရှင်အားလုံး ငြိမ်ကုပ်သွားစေခဲ့သည်။
သို့သော် သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယော်က ခွန်းလွန်တောင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ထိုလူငယ်သည်ကား ယဲ့ဖန်ပင်။
#ZAWGYI
စာစဥ္ (22) CHAPTER (316) မင္း ေသကိုေသရမယ္
လာမည့္သုံးရက္အေတာအတြင္း၌ ဟြာရွတစ္ႏိုင္ငံလုံးသည္ ေသြးျမဴခိုးတို႔ျဖင့္ မႈန္ဝါးဝါးျဖစ္လို႔ေန၏။
ညအဖြဲ႕သည္ ေျမာက္ဘက္မွ မြန္ဂိုလီးယားနယ္ေျမ၊ ေတာင္ဘက္ျခမ္းရွိ ဟြာရွေတာင္ပင္လယ္၊ အေနာက္ဘက္မွ နယ္စပ္ေဒသႏွင့္ အေရွ႕ဘက္ရွိ ေပၚဟိုင္ ပင္လယ္ေကြ႕ေဒသတို႔အား ရွင္းလင္းခဲ့သည္။
ညအဖြဲ႕မွ နတ္ဆိုးလူသားမ်ားႏွင့္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား ျဖတ္သန္းသြားသည့္ ေနရာတိုင္း၌ ဓားသမားဂိုဏ္း၏ အေလာင္းမ်ား ေတာင္လိုရာလို ပုံ၍ က်န္ခဲ့သည္။
တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ရွိ ဓားသမားဂိုဏ္း၏ တပည့္မ်ား ရွင္းလင္းခံလိုက္ရသည္။ သူတို႔၏ ရဲရဲေတာက္ေနေသာ ေသြးမ်ားက သူတို႔၏ အျဖဴေရာင္ဝတ္စုံက နီရဲသြားေစခဲ့သည္။
ေသမင္း နတ္ဆိုးက်ိန္စာက ဓားသမားဂိုဏ္း၏ ေသဆုံးသြားေသာ တပည့္မ်ား၏ ဝိညာဥ္မ်ားကို ႏုတ္ယူသြားခဲ့သည္။
ၿပီးခဲ့သည့္ ႏွစ္ဝက္အေတာအတြင္း ဓားသမားဂိုဏ္းသည္ ဟြာရွႏိုင္ငံအတြင္း၌ စိတ္ႀကီးဝင္၍ ဖိႏွိပ္ညႇင္းပန္းေသာ ဟန္ပန္တို႔ျဖင့္ ကြပ္ကဲ အုပ္ခ်ဳပ္ခဲ့သည္။
သူတို႔ကို အညံ့မခံသည့္ မည္သူမဆိုကို သတ္ပစ္ခဲ့ၾကသည္။ သူတို႔ကို ဆန႔္က်င္ရဲသည့္ မည္သူမဆိုကို သတ္ပစ္ၾကသည္။
သိုင္းပညာရွင္မ်ားစြာ အႏိုင္က်င့္ခံရၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံရၿပီး ေထာင္ေသာင္းႏွင့္ခ်ီေသာ သိုင္းပညာရွင္ ေခါင္းပင္မေမာ္ႏိုင္ခဲ့ေခ်။
သူတို႔အားလုံး ဓားသမားဂိုဏ္းကို အလြန္အမင္း မုန္းတီးၾကသည္။ က်ိဳခ်င္းခ်န္၏ လက္ေမာင္းကို ျဖတ္လိုက္ၿပီးေနာက္ ရီက်န႔္ထ်န္းသည္ ဓားသမားဂိုဏ္းမွ မဟုတ္ေသာ ဟြာရွႏိုင္ငံရွိ သိုင္းပညာရွင္မ်ား၏ ေဒါသကို ဆြေပးလိုက္သလို ျဖစ္သြားခဲ့သည္။
ညအဖြဲ႕မွ နတ္ဆိုးလူသားမ်ား ျဖတ္သြားသည္ႏွင့္ ၿမိဳ႕မ်ားရွိ အျခားသိုင္းပညာရွင္မ်ားကလည္း ပုန္ကန္ၾကသည္။ သူတို႔အားလုံး ၿမိဳ႕တံခါးမ်ားကို ဖြင့္၍ နတ္ဆိုးလူသားမ်ားကို ႀကိဳဆိုၾကသည္။
သူတို႔သည္ အဓိက႐ုဏ္းမ်ားကို ႐ူးသြပ္စြာ အစပ်ိဳးခဲ့ၿပီး ဓားသမားဂိုဏ္းသားကို သတ္ျဖတ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ဓားသမားဂိုဏ္းသည္ ေသေက်၊ ဒဏ္ရာရသူမ်ားစြာႏွင့္ ႀကဳံေတြ႕ရေတာ့သည္။ ညအဖြဲ႕သည္ ၎၏ ေအာင္ျမင္ ေက်ာ္ၾကားခ်ိန္သို႔ ေရာက္ရွိလာေလေတာ့သည္။
….
ခြန္းလြင္ေတာင္သည္ ဟြာရွႏိုင္ငံတြင္း၌ နံပါတ္တစ္ မေသမ်ိဳးေတာင္အျဖစ္ လူသိမ်ားေလသည္။ အေနာာက္ဘက္ေဒသရွိ အင္ေမာ္တယ္ မိခင္ဘုရင္မႀကီးက ေတာင္၏ နက္ရႈိင္းေသာ တစ္ေနရာရာ၌ ေနထိုင္ခဲ့သည္ဟု ဆိုၾကေသးသည္။
တကယ္တမ္းတြင္ေတာ့ ေတာင္၏ အတြင္းဘက္၌ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ ဂိုဏ္းျဖစ္ေသာ ဓားသမားဂိုဏ္း၏ ဌာနခ်ဳပ္ ပုန္းကြယ္၍ တည္ရွိေနျခင္း ျဖစ္သည္။
ခြန္းလြင္ေတာင္ရွိ ဓားသမားဂိုဏ္း ဌာနခ်ဳပ္၏ ပင္မခန္းမ၌ ေလထုသည္ အလြန္ ေလးလံ ထိုင္းမႈိင္းလ်က္ ရွိသည္။ မဟာ အႀကီးအကဲ ေျခာက္ေယာက္လုံးက သူတို႔ လက္ေအာက္ငယ္သားမ်ား တင္ျပလာေသာ သတင္းကို ဝမ္းနည္းေနေသာ မ်က္ႏွာထားမ်ားျဖင့္ နားေထာင္ေနၾကသည္။
“ေနာက္ဆုံးရသတင္း၊ ညအဖြဲ႕ရဲ႕ ဒ႑ာရီလာအဆင့္ ဝိညာဥ္႐ိုင္းက ေပၚဟိုင္ ပင္လယ္ေကြ႕ေဒသက အမဲလိုက္ကြင္းျပင္ကို သူ႔ေနာက္လိုက္ေတြနဲ႔အတူ သိမ္းပိုက္လိုက္ပါၿပီ။ အမဲလိုက္သမားအားလုံးက ညအဖြဲ႕ဆီကို အညံ့ခံလိုက္ၾကပါၿပီ။ ဓားသမားဂိုဏ္းရဲ႕ အေရွ႕ဘက္ဂိုဏ္းခြဲ သုတ္သင္ခံလိုက္ရပါၿပီ”
“ေနာက္ဆုံးရသတင္း၊ ညအဖြဲ႕ရဲ႕ ဒ႑ာရီလာအဆင့္ ဝံပုေလြ႐ိုင္းက အေနာက္ဘက္ နယ္စပ္ေဒသကို က်ားဘုရင္နဲ႔ စပါးႀကီးေႁမြတို႔နဲ႔အတူ သြားၿပီး ဒဏ္ခတ္ခဲ့ပါတယ္။ ဓားသမားဂိုဏ္းရဲ႕ အေနာက္ဘက္ ဂိုဏ္းခြဲမွာ အႀကီးအက်ယ္ ဆုံးရႈံးမႈေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္”
“ေနာက္ဆုံးရသတင္း၊ ညအဖြဲ႕ရဲ႕ ဒ႑ာရီလာအဆင့္ ေသြးစြန္းတေစၦက ဟြာရွေတာင္ပင္လယ္ဘက္ကို ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေျခာက္ေယာက္နဲ႔အတူ ေရာက္ရွိခဲ့ပါတယ္။ ဓားသမားဂိုဏ္းရဲ႕ ေတာင္ဘက္ ဂိုဏ္းခြဲက တပည့္ေတြအားလုံး အသက္ေပးၿပီး တိုက္ခိုက္ခဲ့ၾကပါတယ္”
“ေနာက္ဆုံးရသတင္း၊ ႐ိုစ့္၊ အနားဆန္နဲ႔ ဝံပုေလြလူသား သုံးေယာက္က မြန္ဂိုလီးယားက ဝူတၿမိဳ႕ကို ရွင္းလင္းပစ္ခဲ့ပါတယ္၊ ဓားသမားဂိုဏ္းရဲ႕ ေျမာက္ဘက္ဂိုဏ္းခြဲက တပည့္အားလုံး ေသသြားပါၿပီ”
သတင္းဆိုးမ်ား တစ္ခုၿပီးတစ္ခု ရရွိၿပီးေနာက္ ဓားသမားဂိုဏ္း၏ မဟာအႀကီးအကဲ ေျခာက္ေယာက္လုံး ပို၍ပို၍ ဝမ္းနည္းရိပ္သန္းလာၾကသည္။
ႏွစ္ရက္။
ဤႏွစ္ရက္ကေလးအတြင္း၌ ဓားသမားဂိုဏ္း၏ ဂိုဏ္းခြဲေလးခုလုံး သုတ္သင္ခံရလိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့မိၾကပါ။
ဓားသမားဂိုဏ္း၏ ဂိုဏ္းခြဲေလးခုလုံးမွ တပည့္အားလုံး အသတ္ခံလိုက္ရေခ်ၿပီ။ ညအဖြဲ႕၏ လ်င္ျမန္လွေသာ ဒဏ္ခတ္ျခင္းက သူတို႔ ထင္ထားသည္ထက္ကို ေက်ာ္လြန္လို႔ေန၏။
“ေခြးမသား”
မဟာအႀကီးအကဲ တစ္ေယာက္က လက္ဘက္ရည္အိုးကို ေဒါသတႀကီး ဖ်စ္ညႇစ္လိုက္သည္။ ထို႔အတူ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ပါဝင္သည့္ အၾကည့္မ်ားႏွင့္အတူ သူ၏ မ်က္ခြံက တဆတ္ဆတ္လႈပ္ေန၏။
“ေသာက္ယဲ့ဖန္၊ ေသာက္ညအဖြဲ႕၊ ဓားသမားဂိုဏ္းက ငါတို႔ဆုံးရႈံးခဲ့ရတာေတြအတြက္ လက္စားေခ်ရမယ္”
ထိုသို႔ေျပာၿပီး ထိုမဟာအႀကီးအကဲက လက္ကို ေဝွ႔ယမ္း၍ ေျပာလိုက္သည္။
“ဓားသမားဂိုဏ္းက ဒ႑ာရီလာအဆင့္ အားလုံးကို ဆင့္ေခၚလိုက္၊ ငါနဲ႔အတူ က်န္းရွီၿမိဳ႕ကို လိုက္ခဲ့၊ ငါ ယဲ့ဖန္ကို သြားသတ္မယ္”
သူ႔စကားေၾကာင့္ ဆက္သား (သတင္းပို႔ေဆာင္သူ) သည္ ခ်က္ခ်င္း ေနာက္လွည့္ကာ ထိုအမိန႔္ကို ျဖန႔္ရန္ ျပင္လိုက္သည္။
ထိုစဥ္ ေနာက္ထပ္ အသံတစ္ခုကို သူ ၾကားလိုက္ရသည္။
“ခဏေနဦး”
ထို႐ိုးရွင္းလွသည့္ စကား၌ အေတာမသတ္ႏိုင္ေသာ အာဏာမ်ား ပါဝင္ေနသျဖင့္ အျခားသူမ်ားအားလုံး ခ်က္ခ်င္း တုန္ယင္သြားၾကသည္။
ထို႔ေနာက္ အျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ထားေသာ ေလးေထာင့္က်က် မ်က္ႏွာႏွင့္ သတ္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသား တစ္ေယာက္ ပင္မခန္းမထဲမွ ျဖည္းျဖည္းခ်င္း ထြက္လာသည္။
ထိုအမ်ိဳးသားကို ျမင္သည္ႏွင့္ မဟာ အႀကီးအကဲ ေျခာက္ေယာက္ႏွင့္ တပည့္မ်ားက လ်င္ျမန္စြာ ကိုယ္ကို ႐ို႕၍ အ႐ိုအေသေပးကာ ႏႈတ္ဆက္လိုက္ၾကသည္။
“အရွင္”
ထိုသတ္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ ရီက်န႔္ထ်န္းပင္ ျဖစ္ေလသည္။
သူသည္ နတ္ဘုရားတစ္ပိုင္းအဆင့္ ျဖစ္ၿပီး ဟြာရွတစ္ႏိုင္ငံလုံး၏ အသန္မာဆုံးသူအျဖစ္ အေတာ္မ်ားမ်ားက လက္ခံထားၾကသည့္ သူျဖစ္သည္။
သူ ေျခတစ္လွမ္း လွမ္းလိုက္သည့္အခါတိုင္း ခန္းမထဲမွ လူတိုင္း ေၾကာက္လန႔္ကာ တုန္လႈပ္သြားၾကၿပီး သူ႔ေရွ႕၌ ဒူးေထာက္ ဝပ္တြားခ်င္စိတ္ပင္ ျဖစ္လာရသည္။
ဤသည္မွာ နတ္ဘုရားတစ္ပိုင္းအဆင့္၏ ခြန္အားျဖစ္သည္။ ရီက်န႔္ထ်န္းကို ျမင္သည္ႏွင့္ ေဒါသထြက္ေနေသာ မဟာအႀကီးအကဲက လ်င္ျမန္စြာ ကိုယ္ကို႐ို႕၍ အ႐ိုအေသေပးၿပီးေနာက္ ေျပာလိုက္သည္။
“အရွင္၊ ဓားသမားဂိုဏ္းက ဟြာရွႏိုင္ငံမွာ နံပါတ္တစ္ အင္အားစုပါ၊ ဘယ္လိုလုပ္ ကြၽန္ေတာ္တို႔က ယဲ့ဖန္ ေသာင္းက်န္းေနတာကို သည္းခံႏိုင္ရမွာလဲ”
“အရွင္၊ ေက်းဇူးျပဳၿပီး ဓားသမားဂိုဏ္းက ဒ႑ာရီလာအဆင့္ အားလုံးကို အဲ့ေခြးမသားကို သတ္ဖို႔ အမိန႔္ေပးလိုက္ပါ”
ဤသည္ကို ၾကည့္ၿပီး က်န္ မဟာအႀကီးအကဲငါးေယာက္ႏွင့္ ဓားသမားဂိုဏ္း၏ တပည့္မ်ားက ရီက်န႔္ထ်န္းအား အ႐ိုအေသေပး၍ တစ္ၿပိဳင္နက္ ေစာဒက တက္လာၾကသည္။
“အရွင္၊ ေက်းဇူးျပဳၿပီး အမိန႔္ေပးလိုက္ပါ”
သူတို႔၏ အသံမ်ားႏွင့္ ၾကမ္းၾကဳတ္ေသာ ဆႏၵမ်ား ပါဝင္လို႔ေနသည္။ သို႔ေသာ္ သူတို႔စကားေၾကာင့္ ရီက်န႔္ထ်န္းက ေလွာင္ရယ္၍ ေျပာလိုက္သည္။
“ဒါေတြအားလုံးကို ငါ စီစဥ္ခဲ့တာ”
*ဘယ္လို*
ရီက်န႔္ထ်န္း၏ စကားေၾကာင့္ ခန္းမထဲရွိ ဓားသမားဂိုဏ္း၏ သိုင္းပညာရွင္မ်ားအားလုံး မွင္တက္သြားၾကသည္။ ရီက်န႔္ထ်န္း၏ ဆိုလိုရင္းကို သူတို႔ နားမလည္ၾကေပ။
“အဲ့ဒီဗြီဒီယိုကို ထုတ္လႊင့္ၿပီး ေနာက္ပိုင္း ဂိုဏ္းခဲေလးခုလုံးက ဒ႑ာရီလာအဆင့္ အားလုံးကို ျပန္ေခၚလာဖို႔ အမိန႔္ထုတ္ထားခဲ့ၿပီးၿပီ”
ရီက်န႔္ထ်န္းက ေအးစက္၊ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သျဖင့္ သူ၏ ေနာက္လိုက္တပည့္သားမ်ား ရင္တုန္သြားၾကရသည္။
“ငါက ညအဖြဲ႕ကို ငါတို႔ ဂိုဏ္းခြဲေလးခုလုံးကို သုတ္သင္ခြင့္ေပးလိုက္တာ”
“ဒီနည္းနဲ႔မွပဲ ဘယ္သူေတြက ဓားသမားဂိုဏ္းကို သစၥာရွိသလဲဆိုတာကို ငါတို႔သိႏိုင္မွာ”
သူ႔စကားကို ၾကားၿပီးမွသာ ခန္းမထဲမွ အျခားသူမ်ား သူ၏ ရည္႐ြယ္ခ်က္ကို နားလည္သြားၾကသည္။ ထို႔ေနာက္ ရီက်န႔္ထ်န္းက ဆက္ေျပာလာသည္။
“ဓားသမားဂိုဏ္းမွာ သိုင္းပညာရွင္ေတြ နည္းပါးမေနဘူး၊ သိုင္းပညာရွင္ တစ္သုတ္ေသသြားရင္ ေနာက္တစ္သုတ္ ထြက္ေပၚလာလိမ့္မယ္”
“ညအဖြဲ႕က ဝံပုေလြအုပ္စုသာသာပဲ၊ ငါတို႔ သိုင္းပညာရွင္ေတြကို စုစည္းၿပီး ဝံပုေလြဘုရင္ျဖစ္တဲ့ ယဲ့ဖန္ကို သတ္လိုက္မယ္ဆိုရင္ ဝံပုေလြအုပ္ႀကီးက ၿပိဳကြဲသြားမွာပဲ”
“ဒါဆို ဟြာရွက ငါတို႔အပိုင္ ဆက္ျဖစ္ေနဦးမွာပဲ၊ ငါတို႔ကို ဆန႔္က်င္တဲ့သူေတြအားလုံး ... ေသရမယ္”
...
ထိုအခ်ိန္မွသာ ပင္မခန္းမထဲရွိ အျခားသူမ်ားအားလုံး သူ၏ ရည္႐ြယ္ခ်က္ကို နားလည္သြားသည္။ အဘယ္ေၾကာင့္ ရီက်န႔္ထ်န္းက ယဲ့ဖန္ကို တစ္ေယာက္တည္း လာခိုင္းခဲ့သလဲဆိုတာကို သူတို႔ နားလည္သြားၾကသည္။
သူက ဓားသမားဂိုဏ္းမွ ထိပ္တန္း သိုင္းပညာရွင္မ်ားအား စုစည္းၿပီး ယဲ့ဖန္အား အတူပူးေပါင္း၍ သတ္ခ်င္ေနသည္ကိုး။
ယဲ့ဖန္ ေတာင္ေပၚသို႔ ေရာက္လာသည့္ အခ်ိန္ေရာက္လ်င္ ဓားသမားဂိုဏ္းမွ ဒ႑ာရီလာအဆင့္မ်ား အားလုံးက အတူ တန္ျပန္တိုက္စစ္ဆင္၍ ညအဖြဲ႕အား အၿပီးတိုင္ သုတ္သင္ပစ္မည္ ျဖစ္သည္။ ရန္သူမ်ားအားလုံး ခ်က္ခ်င္းဆိုသလို အသတ္ခံရေပလိမ့္မည္။
ေခ်ာင္ပိတ္မိျခင္းပင္။ ဤသည္ကား ယဲ့ဖန္ကို ပစ္မွတ္ထားေသာ ေခ်ာင္ပိတ္တိုက္ခိုက္ျခင္းပင္။
ဓားသမားဂိုဏ္း၏ ဒ႑ာရီလာအဆင့္မ်ား အတူ တိုက္ခိုက္သည့္အခါ ယဲ့ဖန္သည္ မည္မွ် သန္မာေနပါေစ၊ သူတို႔ သူ႔အား သတ္ႏိုင္မည္သာ။
ထို႔ေနာက္ ပင္မခန္းမထဲမွ သိုင္းပညာရွင္မ်ားအားလုံး ရီက်န႔္ထ်န္းအား အလြန္ ေလးစားသြားၾကသည္။ ထိုစဥ္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ ေအးစက္စက္ ခံစားခ်က္က သူတို႔အား လႊမ္းမိုးလာသည္။
ယဲ့ဖန္ကို သတ္ရန္အတြက္ ရီက်န႔္ထ်န္းသည္ ဓားသမားဂိုဏ္းမွ တပည့္မ်ား၏ အသက္ကို လုံးဝ ဂ႐ုမစိုက္ေပ။ သူ၏ ရက္စက္မႈေၾကာင့္ ပင္မခန္းမထဲရွိ လူမ်ားအားလုံး ေၾကာက္လန႔္ကာ တုန္လႈပ္လာၾကသည္။
သို႔ေသာ္ ရီက်န႔္ထ်န္းသည္ သူ႔ေနာက္လိုက္မ်ား၏ ခံစားခ်က္မ်ားကို ဥေပကၡာျပဳထားသည္။ ထိုအစား သူသည္ က်န္းရွီၿမိဳ႕ရွိရာ အရပ္သို႔ လွမ္းၾကည့္ကာ ရက္စက္စြာ ေလွာင္ရယ္၍ ေျပာလိုက္သည္။
“ယဲ့ဖန္၊ ငါ့ကို အျပစ္မတင္နဲ႔၊ မင္းရဲ႕ ထူးဆန္းတဲ့ လွ်ိဳ႕ဝွက္သိုင္းက်မ္းက မင္းကို ဒီလိုျဖစ္ေအာင္ လုပ္လိုက္တာပဲ”
“တစ္ေယာက္ေသာသူက မင္းရဲ႕ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို လိုခ်င္ေနတာ၊ အဲ့ဒီအတြက္ မင္း ေသကိုေသရမယ္”
ရီက်န႔္ထ်န္း၏ စကားလုံးမ်ားက ေအးစက္ကာ ခက္ထန္လွသည္။
....
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သုံးရက္ေျမာက္ေန႔သို႔ ေရာက္ရွိလာသည္။ ဟြာရွႏိုင္ငံတစ္ဝန္းမွ သိုင္းပညာရွင္မ်ားအားလုံး ထိတ္လန႔္ေနၾကသည္။
သိုင္းပညာရွင္မ်ားစြာတို႔သည္ ခြန္းလြင္ေတာင္ေပၚမွ တိုက္ပြဲအား ကိုယ္တိုင္ကိုယ္က် မၾကည့္ရႈႏိုင္ေသာ္လည္း သူတို႔သည္ အရာအားလုံးအား ႀကီးမားေသာ ဖန္သားျပင္ေပၚမွ ၾကည့္ရႈႏိုင္ေသးသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဓားသမားဂိုဏ္းသည္ ဟြာရွမီဒီယာအား အရွင္သခင္ ႏွစ္ေယာက္ တိုက္ခိုက္ေသာ တိုက္ပြဲအား ထုတ္လႊင့္ေပးပါရန္ ေတာင္းဆိုထားေသာေၾကာင့္ပင္။
ဓားသမားဂိုဏ္းသည္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ အင္အားစုျဖစ္သည္ကို သူတို႔ သက္ေသျပခ်င္ေနသည္။
....
ဓားသမားဂိုဏ္း ဌာနခ်ဳပ္၏ ပင္မဝင္ေပါက္အဝ၌ မ်ားစြာေသာ လူတို႔က ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ မ်ားျပားလွသည့္ ခ်ီဓာတ္မ်ားျဖင့္ ရပ္ေနၾကသည္။
မ်ားျပားလွသည့္ ဒ႑ာရီလာအဆင့္မ်ားက ပင္မဝင္ေပါက္၏ အဝ၌ ရပ္ကာ အထဲဝင္မည့္ လမ္းအား ပိတ္ဆို႔ထားၾကသည္။
တစ္ေယာက္၊ ဆယ္ေယာက္၊ အေယာက္ႏွစ္ဆယ္။

မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ ဓားသမားဂိုဏ္း၏ ဒ႑ာရီလာအဆင့္ အေယာက္ငါးဆယ္ေက်ာ္ ရွိေနၿပီျဖစ္သည္။
သိုင္းပညာရွင္တစ္ေယာက္ခ်င္းစီသည္ သူတို႔ ဂိုဏ္းထဲ ဝင္ခဲ့သည့္ လြန္ခဲ့သည့္ ႏွစ္ဝက္ခန႔္က ဒ႑ာရီအဆင့္မ်ားသာ ျဖစ္သည္။
မ်ားစြာေသာ ေဆးလုံးမ်ားႏွင့္ အင္ေမာ္တယ္ သစ္သီးမ်ားအား မွီဝဲစားသုံးၿပီးေနာက္ သူတို႔အားလုံး ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္သြားခဲ့ၾကသည္။
ထို႔အျပင္ သူတို႔၌ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ တစ္ရာေက်ာ္ ရွိေသးသည္။ မည္မွ် ထည္ဝါလိုက္သည့္ ဖြဲ႕စည္းပုံ ပုံစံပါလိမ့္။
ထို႔အအတူ ဒ႑ာရီ အထြတ္အထိပ္အဆင့္ တစ္ေထာင္ေက်ာ္ ရွိေနေသးသည္။ ဤမွ် ေၾကာက္မက္ဖြယ္ေကာင္းသည့္ တိုက္ပြဲဝင္ ပုံစံက အျခား ဟြာရွ သိုင္းပညာရွင္အားလုံး ၿငိမ္ကုပ္သြားေစခဲ့သည္။
သို႔ေသာ္ သူတို႔၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ အနက္ေရာင္ဝတ္စုံႏွင့္ လူငယ္တစ္ေယာ္က ခြန္းလြန္ေတာင္ဆီသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္လာသည္။
ထိုလူငယ္သည္ကား ယဲ့ဖန္ပင္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now