Chapter 317

1K 119 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (317) သွေးယဇ်ပူဇော်ပွဲကြီး စတင်လေပြီ
“ကြည့်ရှုသူများခင်ဗျား၊ အခု တင်ဆက်နေတာကတော့ ဟွာရှ တိုက်ခိုက်ရေးသမားများ တီဗွီရုပ်သံလိုင်းကပါ”
“ဒဏ္ဍာရီလာအဆင့် အယောက် ငါးဆယ်ကျော်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် အယောက်တစ်ရာနဲ့ ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် အယောက်တစ်ထောင်ကျော်တို့ ခွန်းလွင်တောင်ပေါ်မှာ စုစည်းရောက်ရှိနေပါပြီ။ ယခုလို အချိန်မှာဆိုရင်ဖြင့် ဓားသမားဂိုဏ်းက သိုင်းပညာရှင်အားလုံးကို ယဲ့ဖန်နဲ့ တိုက်ခိုက်ဖို့ တာဝန်ပေးထားပြီးသားပါ။ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ်အင်အားစုအတွက် တိုက်ပွဲမစခင် နိုင်ခြေကတော့ ဓားသမားဂိုဏ်းဘက်က ယိမ်းနေပါပြီ”
“ယဲ့ဖန်နှင့် ဓားသမားဂိုဏ်း၊ ဒီတစ်ခါမှာတော့ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်းက ဆိုးရွားတဲ့ ဖြစ်လာနိုင်ချေတွေအတွက် ဗျာများနေလောက်ပါပြီ”
“ဓားသမားဂိုဏ်းက ယဲ့ဖန်ကို ဘယ်လိုသတ်မလဲ။ ယဲ့ဖန်က ဒီလိုဘေးကျပ်နံကျပ် အခြေအနေကို ကျော်လွှားနိုင်ပါ့မလား။ မကြာခင် သိလာရတော့မှာပါ….”
“….”
ထိုအချိန်တွင် ဟွာရှ မီဒီယာအဖွဲ့တိုင်းက ခွန်းလွင်တောင်ခြေ၌ အခြေချ၍ တိုက်ပွဲအား တိုက်ရိုက် ထုတ်လွှင့်နေကြသည်။
ဓားသမားဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းလောက်သော တိုက်ပွဲ ဖွဲ့စည်းပုံကို ကြည့်ပြီး ယဲ့ဖန် နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ရဲတော့ချေ။
မည်သို့ပင် ဆိုစေကာမူ နှစ်ဘက်တွင် အင်အားနှင့် လူဦးရေက အလွန်ကွာခြားနေသည်။ ဟွာရှနိုင်ငံ၏ နိုင်ငံသားတိုင်းက ရင်ပြင်များ၌ စုဝေး၍ ဧရာမ ဖန်သားပြင်မှ တင်ဆက်နေသော သတင်းများကို ကြည့်ရှုနေကြသည်။
သူတို့အားလုံး အလွန် ထိတ်လန့်နေကြသည်။
“ဘုရားရေ ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ ဓားသမားဂိုဏ်းမှာ ဘယ်လိုလုပ် ရှိနေတာလဲ။ အံ့ဩဖို့ကောင်းလိုက်တာ”
“ဆိုးတာပဲ၊ ယဲ့ဖန်တော့ သေမှာပဲ။ ဒဏ္ဍာရီလာအဆင့် ငါးဆယ်ကျော်တယ်၊ သူ … သူ ဘယ်လို တိုက်မှာလဲ”
“ဓားသမားဂိုဏ်းက ခွေးမသားတွေချည်းပဲ။ သူတို့က လူဦးရေ ပိုများတာကို အခွင့်ကောင်းယူပြီး ယဲ့ဖန်ကို သတ်ပစ်ချင်နေတာ။ ဒါ သိုင်းလောကအတွက် အရမ်းရှက်ဖို့ကောင်းတယ်”

ဟွာရှနိုင်ငံမှ သိုင်းပညာရှင်များအားလုံး ဓားသမားဂိုဏ်းကို အလွန် မုန်းတီးလာကြသည်။ သို့သော် သူတို့ ယဲ့ဖန်ကို ကူညီရန် ဘာမှမလုပ်ပေးနိုင်ပေ။
“ကြည့်စမ်း၊ အဲ့ဒါ ယဲ့ဖန်ပဲ”
ထို့နောက် စိတ်လှုပ်ရှားနေသော မြို့သူမြို့သားတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အခြားသူများက အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က တောင်ခြေထံသို့ ခြင်းတစ်လုံးကို ကျောတွင်သယ်လာရင်း လျှောက်လာနေသည်။
*တောင်းတစ်လုံးလား*
လူတိုင်း အံ့ဩသွားကြသည်။ ယဲ့ဖန်က လက်နက်အစား ဘာကြောင့် ခြင်းဟောင်းတစ်လုံးကို ကျောတွင် သယ်လာမှန်း သူတို့ နားမလည်ကြပေ။
ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်တိုင်းက အားပါးတရ ရယ်မောကြလေသည်။
“ဟားဟား … သူက တောင်ပေါ်ကို ခြင်းတစ်လုံး သယ်ပြီး တက်လာတယ်၊ ဒီလူက ခွန်းလွင်တောင်ပေါ်က ထင်းခြောက်တွေကို ကောက်ချင်နေတာလား”
“အရူး၊ ဓားမော့ ဒါမှမဟုတ် ဓားရှည်အစား ချာတူးလံ ခြင်းတောင်းတစ်လုံးကို သယ်လာရတယ်လို့။လက်စသတ်တော့ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်းက အရူး ဖြစ်နေတာကိုး”
“ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်”
ဓားသမားဂိုဏ်းရဲ့ သိုင်းပညာရှင်များ ဟားတိုက်ရယ်မောကြလေသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် တကယ့်ကို အရူးတစ်ယောက်လို ပြုမူနေသည်ဟု ထင်နေကြသည်။
သို့သော် ဤမျှ လှောင်ပြောင်သရော်မှု များနှင့် ကြုံရတာတောင်မှ ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပင်။ သူက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လာသည်။
မီတာ နှစ်ရာ၊ မီတာ တစ်ရာ၊ မီတာ ငါးဆယ်။
ဓားသမားဂိုဏ်း၏ ဌာနချုပ်နှင့် နီးကပ်လာသည်နှင့်အမျှ သူ၏ မျက်လုံးများသည် ပို၍ အေးစက်လာသည်။
တောင်ခြေသို့ ရောက်သောအခါ သူက ခေါင်းကိုမော့၍ ဒဏ္ဍာရီလာအဆင့်နှင့်ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့အား ကြည့်၍ ကြုံးဝါးလိုက်သည်။
“ဒီနေ့ ခွေးတွေဝက်လို နိမ့်ကျတဲ့ ဓားသမားဂိုဏ်းက သိုင်းပညာရှင်တွေရဲ့ အသက်ကို အသုံးပြုပြီး ညအဖွဲ့က သေသွားတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေကို ကျေနပ်စေရမယ်”

သူ၏ မိုက်ရူးရဲဆန်၍ သူရဲကောင်းဆန်သော စိတ်ဆန္ဒက ဟွာရှနိုင်ငံ တစ်ဝှမ်းက သိုင်းပညာရှင်များ စိတ်လှုပ်ရှားမှုများ တိုးပွားလာသည်။
ရန်သူ အယောက်တစ်ထောင်ကျော် ရှိနေသော်ငြားလည်း သူက အကြောက်အလန့်ကင်းနေဆဲပင်။ ဤမျှ သူရဲကောင်းဆန်သော ပင်ကိုစရိုက်က ဟွာရှနိုင်ငံတစ်ဝှမ်းမှ အခြားသိုင်းပညာရှင်များ ရူးမတတ် ဖြစ်လာကြသည်။
ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များသည် သွေးများ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျယ်လောင်စွာ သံပြိုင်ကြွေးကြော်လာကြသည်။
“ယဲ့ဖန်”
“ယဲ့ဖန်”
“ယဲ့ဖန်”
ယဲ့ဖန်က ဟွာရှတစ်နိုင်ငံလုံးအား ကိုယ်စားပြုသကဲ့သို့ ဟွာရှနိုင်ငံရှိ မြို့တိုင်းတွင် ထိုနာမည်တစ်လုံးသာ ပဲ့တင်ထပ်နေသည်။
သတင်းထောက်များတောင်မှ သူတို့၏ လေးစားမှုကို ပြသနေကြသည်။ လူတစ်ယောက်က ဒဏ္ဍာရီလာအဆင့်နှင့်ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့အား မကြောက်သည့်အပြင် ခွေးလိုဝက်လို နှိမ်ချစွာ ဆက်ဆံလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိကြပေ။
ယဲ့ဖန်၏ အသံကို ကြားပြီးနောက် ဒဏ္ဍာရီလာအဆင့်နှင့်ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့ ချက်ချင်း မျက်နှာများ တင်းမာလာကြသည်။
ရဲတင်းလိုက်တာ။
ဤကဲ့သို့ အင်အားတောင့်လှသော အဖွဲ့အစည်းရှေ့၌ ယဲ့ဖန်က ဆက်၍ မောက်မာရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။
“ယဲ့ဖန် သွားသေလိုက်တော့”
ထိုစဉ် ဒဏ္ဍာရီလာအဆင့် တစ်ယောက်က လှစ်ခနဲ ပြေးထွက်လာကာ လျှပ်စီးထက် မြန်သော နှုန်းဖြင့် သူ၏ ဓားရှည်ကို ထုတ်ကာ ယဲ့ဖန်အား ခုတ်ပိုင်းလိုက်သည်။
သို့သော် ထင်မှတ်မထားသည်က ယဲ့ဖန်သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းမှု မပြုခြင်းပင်၊ သူ့ထံ ဝဲလာနေသော ဓားအား ခက်ထန်သော အကြည့်များဖြင့် ကြည့်နေသည်။
ထိုတိုက်ခိုက်မှုကို မြင်သည်နှင့် အနီးဝန်းကျင်မှ သတင်းထောက်များကြား၌ ပွက်လောရိုက်သွားသည်။
*သူတော့ သွားပြီ*
*ဒဏ္ဍာရီလာအဆင့်ရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတာတောင် သူက ရှောင်ဖို့ မကြိုးစားဘူး။ ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မထူးခြားနားပဲလေ*
“တိုက်ပွဲကြီး စတောင်မစလိုက်ရသေးခင် ပွဲက ပြီးသွားမှာလား”
ဟွာရှ သတင်းထောက်များ မျက်နှာသုန်မှုန်လာကြသည်။ တစ်ဘက်တွင်တော့ တိုက်ခိုက်လာသည့် ဒဏ္ဍာရီလာအဆင့်က အလွန် တက်ကြွနေ၏။
သူသည် ယဲ့ဖန်ကို တိုက်ခိုက်လာသည့် ပထမဆုံးသူ ဖြစ်သည်။ အကယ်၍ သူသာ ယဲ့ဖန်ကို တစ်ချက်တည်း သတ်လိုက်နိုင်ပါက သူ၏ ဂုဏ်သတင်းသည် ဟွာရှတစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။
ထို့နောက် ထိုဒဏ္ဍာရီလာအဆင့်သည် သူ၏ ချီဓာတ်အား ဓားရှည်ထဲသို့ ပို့လွှတ်လိုက်သည်။
“သေပေတော့”
ခက်ထန်သော‌ အော်သံနှင့်အတူ ဓားရှည်က ယဲ့ဖန်၏ လည်ပင်းအား လျင်မြန်လှသော နှုန်းဖြင့် ခုတ်ပိုင်းလာသည်။ ထိုဒဏ္ဍာရီလာအဆင့်သည် သူ၏ ပစ်မှတ်အား တစ်ချက်တည်းဖြင့် ထိမှန်ခဲ့သည်။
ဤသည်ကို ကြည့်ပြီး ထိုဒဏ္ဍာရီလာအဆင့်လူက ပျော်ရွှင်လာသည်။ သို့သော် တစ်ခဏမျှ အကြာတွင် သူ၏ ပြုံးပျော်နေသော မျက်နှာက ချက်ချင်း အေးခဲသွားသည်။
ဓားသွားက ယဲ့ဖန်၏ လည်ပင်းနှင့် ထိမိသည့်နှင့် သူ၏ လည်ပင်းက ရှေးဟောင်း သတ္တုတစ်ခု ပြုလုပ်ထားသကဲ့သို့ ပြန်ကန်ထွက်လာသည်။
“မ…မဖြစ်နိုင်ဘူး”
ထိုဒဏ္ဍာရီလာအဆင့်လူက လုံးဝကို နားဝေတိမ်တောင် ဖြစ်နေသည်။ အလွန်ရှားပါးသည့် လက်နက်တောင်မှ ဤတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သေးသည်။ သို့သော် ယဲ့ဖန်က မည်သို့မျှ ဒုက္ခမရောက်ပေ။
*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*
သတင်းထောက်များ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
နောက်ထပ် ဖြစ်ပေါ်လာသည်က သတင်းထောက်များအား လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားစေခဲ့သည်။
“မဟုတ်ဘူး”
ထိုဒဏ္ဍာရီလာအဆင့်လူသည် သူ့တစ်ကိုယ်လုံး သေမင်းချီဓာတ်များဖြင့် ဖုံးအုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ရွှစ်!
သွေးများက မြေကြီးပေါ်သို့ ဖုံးလွှမ်းသွားသည်။ ဒဏ္ဍာရီလာအဆင့်လူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းအေးခဲသွားသည်။
တောက်! တောက်!
ထိုဒဏ္ဍာရီလာအဆင့်လူ၏ သွေးများက မြေကြီးပေါ် ဖုံးလွှမ်းသွားသည်နှင့် ဘေးပတ်လည်၌ တိတ်ဆိတ်လို့သွား၏။
တစ်ချက်တည်း။
ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့်ကို တစ်ချက်တည်းနှင့် သတ်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြချေ။ ထို့နောက် ကျန်လူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်သဖြင့် သွေးများ ပေကျံနေသော သူ့လက်ထဲ၌ မူလ သလင်းကျောက်တစ်ခု ပါလာသည်။
ဒဏ္ဍာရီလာအဆင့်၏ မူလသလင်းကျောက်။
“ပထမဆုံးတစ်ယောက်”
ယဲ့ဖန်က တင်းမာစွာပြော၍ ထိုမူလသလင်းကျောက်အား သူ့ကျောပေါ်မှ ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။
….
ထိုအခါမှသာ ယဲ့ဖန်က ဘာကြောင့် ခြင်းတောင်းတစ်ခုကို သူ့ကျောပေါ်၌ လွယ်လာမှန်း ကြည့်နေသူများ နားလည်သွားကြသည်။
တောင်ပေါ်ရှိ သိုင်းသမားအားလုံး၏ မူလသလင်းကျောက်ကို ထည့်ရန် ထိုခြင်းတောင်းလေးက အနေတော်ဖြစ်သည်ဟု ပြောလို့ရသည်။
“ခွေးမသား”
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ ဒဏ္ဍာရီလာအဆင့်များ ဒေါသမီးတို့ တောက်လောင်လာသည်။ ဒဏ္ဍာရီလာအဆင့် သုံးယောက်က ချက်ချင်း သူတို့၏ ဓားရှည်များကို ထုတ်၍ ယဲ့ဖန်အား ရူးသွပ်စွာ ခုတ်ပိုင်းလာကြသည်။
သို့သော် ဤတိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်က မကောင်းဆိုးဝါးသဖွယ် အပြုံးနှင့် ပြုံး၍ ပြောလာသည်။
“နောက်ထပ် သွေးယဇ်ပူဇော်ပွဲ လာပြီပဲ”
ထို့နောက် ယဲ့ဖန်က လှစ်ခနဲ ပျောက်သွားသည်။ သူတို့ သူ့အား ရှာဖွေရန် ကြိုးစားနေချိန်တွင် ယဲ့ဖန်က ရှေ့နားမှ အနီးဆုံး ဒဏ္ဍာရီလာအဆင့်သူနားသို့ ရောက်ရှိနေသည်ကို သတိထားလိုက်မိကြသည်။
ထို့ပြင် သူက သူ၏ ချွန်ထက်သော လက်သည်းများကို ဆန့်ထုတ်လာသည်။
ရွှစ်!
ဒုတိယမြောက် ဒဏ္ဍာရီလာအဆင့်လူ၏ နဖူး အလယ်တည့်တည့်သည်လည်း စူးဝင်လို့သွားသည်။
ထို့နောက် ယဲ့ဖန်က အခြား ဒဏ္ဍာရီလာအဆင့် နှစ်ယောက်နောက်မှ အရှိန်ဖြင့် ပြိုင်တူ ထိုးဖောက်လိုက်သည်။

မည်မျှ မယုံနိုင်စရာ ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။ သူက ဒဏ္ဍာရီလာအဆင့် သုံးယောက်အား တစ်ချက်တည်းဖြင့် သတ်လိုက်ခြင်းပင်။
ဒဏ္ဍာရီလာအဆင့်များ၏ ဦးခေါင်းများမှ သွေးများက တုတ်ချောင်းပေါ်မှ အပေါ်ယံ ရွှေမှုန်ကြဲထားသော ဆူးချွန်များနှင့်တူသော ယဲ့ဖန်၏ လက်မောင်းပေါ်သို့ ဒလဟော စီးကျလို့နေသည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။ ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ကြည့်ရှုနေသူများအားလုံး အလွန် မှင်တက်သွားကြသည်။
#ZAWGYI
စာစဥ္ (22) CHAPTER (317) ေသြးယဇ္ပူေဇာ္ပြဲႀကီး စတင္ေလၿပီ
“ၾကည့္ရႈသူမ်ားခင္ဗ်ား၊ အခု တင္ဆက္ေနတာကေတာ့ ဟြာရွ တိုက္ခိုက္ေရးသမားမ်ား တီဗြီ႐ုပ္သံလိုင္းကပါ”
“ဒ႑ာရီလာအဆင့္ အေယာက္ ငါးဆယ္ေက်ာ္၊ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ အေယာက္တစ္ရာနဲ႔ ဒ႑ာရီ အထြတ္အထိပ္အဆင့္ အေယာက္တစ္ေထာင္ေက်ာ္တို႔ ခြန္းလြင္ေတာင္ေပၚမွာ စုစည္းေရာက္ရွိေနပါၿပီ။ ယခုလို အခ်ိန္မွာဆိုရင္ျဖင့္ ဓားသမားဂိုဏ္းက သိုင္းပညာရွင္အားလုံးကို ယဲ့ဖန္နဲ႔ တိုက္ခိုက္ဖို႔ တာဝန္ေပးထားၿပီးသားပါ။ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္အင္အားစုအတြက္ တိုက္ပြဲမစခင္ ႏိုင္ေျခကေတာ့ ဓားသမားဂိုဏ္းဘက္က ယိမ္းေနပါၿပီ”
“ယဲ့ဖန္ႏွင့္ ဓားသမားဂိုဏ္း၊ ဒီတစ္ခါမွာေတာ့ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ေဟာင္းက ဆိုး႐ြားတဲ့ ျဖစ္လာႏိုင္ေခ်ေတြအတြက္ ဗ်ာမ်ားေနေလာက္ပါၿပီ”
“ဓားသမားဂိုဏ္းက ယဲ့ဖန္ကို ဘယ္လိုသတ္မလဲ။ ယဲ့ဖန္က ဒီလိုေဘးက်ပ္နံက်ပ္ အေျခအေနကို ေက်ာ္လႊားႏိုင္ပါ့မလား။ မၾကာခင္ သိလာရေတာ့မွာပါ….”
“….”
ထိုအခ်ိန္တြင္ ဟြာရွ မီဒီယာအဖြဲ႕တိုင္းက ခြန္းလြင္ေတာင္ေျခ၌ အေျခခ်၍ တိုက္ပြဲအား တိုက္႐ိုက္ ထုတ္လႊင့္ေနၾကသည္။
ဓားသမားဂိုဏ္း၏ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေသာ တိုက္ပြဲ ဖြဲ႕စည္းပုံကို ၾကည့္ၿပီး ယဲ့ဖန္ ႏိုင္လိမ့္မည္ဟု မည္သူမွ် မယုံၾကည္ရဲေတာ့ေခ်။
မည္သို႔ပင္ ဆိုေစကာမူ ႏွစ္ဘက္တြင္ အင္အားႏွင့္ လူဦးေရက အလြန္ကြာျခားေနသည္။ ဟြာရွႏိုင္ငံ၏ ႏိုင္ငံသားတိုင္းက ရင္ျပင္မ်ား၌ စုေဝး၍ ဧရာမ ဖန္သားျပင္မွ တင္ဆက္ေနေသာ သတင္းမ်ားကို ၾကည့္ရႈေနၾကသည္။
သူတို႔အားလုံး အလြန္ ထိတ္လန႔္ေနၾကသည္။
“ဘုရားေရ ဒီေလာက္မ်ားတဲ့ သိုင္းပညာရွင္ေတြ ဓားသမားဂိုဏ္းမွာ ဘယ္လိုလုပ္ ရွိေနတာလဲ။ အံ့ဩဖို႔ေကာင္းလိုက္တာ”
“ဆိုးတာပဲ၊ ယဲ့ဖန္ေတာ့ ေသမွာပဲ။ ဒ႑ာရီလာအဆင့္ ငါးဆယ္ေက်ာ္တယ္၊ သူ … သူ ဘယ္လို တိုက္မွာလဲ”
“ဓားသမားဂိုဏ္းက ေခြးမသားေတြခ်ည္းပဲ။ သူတို႔က လူဦးေရ ပိုမ်ားတာကို အခြင့္ေကာင္းယူၿပီး ယဲ့ဖန္ကို သတ္ပစ္ခ်င္ေနတာ။ ဒါ သိုင္းေလာကအတြက္ အရမ္းရွက္ဖို႔ေကာင္းတယ္”

ဟြာရွႏိုင္ငံမွ သိုင္းပညာရွင္မ်ားအားလုံး ဓားသမားဂိုဏ္းကို အလြန္ မုန္းတီးလာၾကသည္။ သို႔ေသာ္ သူတို႔ ယဲ့ဖန္ကို ကူညီရန္ ဘာမွမလုပ္ေပးႏိုင္ေပ။
“ၾကည့္စမ္း၊ အဲ့ဒါ ယဲ့ဖန္ပဲ”
ထို႔ေနာက္ စိတ္လႈပ္ရွားေနေသာ ၿမိဳ႕သူၿမိဳ႕သားတစ္ေယာက္က စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။ အျခားသူမ်ားက အံ့အားသင့္စြာျဖင့္ ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ အနက္ေရာင္ ဝတ္စုံႏွင့္ လူငယ္တစ္ေယာက္က ေတာင္ေျခထံသို႔ ျခင္းတစ္လုံးကို ေက်ာတြင္သယ္လာရင္း ေလွ်ာက္လာေနသည္။
*ေတာင္းတစ္လုံးလား*
လူတိုင္း အံ့ဩသြားၾကသည္။ ယဲ့ဖန္က လက္နက္အစား ဘာေၾကာင့္ ျခင္းေဟာင္းတစ္လုံးကို ေက်ာတြင္ သယ္လာမွန္း သူတို႔ နားမလည္ၾကေပ။
ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္တိုင္းက အားပါးတရ ရယ္ေမာၾကေလသည္။
“ဟားဟား … သူက ေတာင္ေပၚကို ျခင္းတစ္လုံး သယ္ၿပီး တက္လာတယ္၊ ဒီလူက ခြန္းလြင္ေတာင္ေပၚက ထင္းေျခာက္ေတြကို ေကာက္ခ်င္ေနတာလား”
“အ႐ူး၊ ဓားေမာ့ ဒါမွမဟုတ္ ဓားရွည္အစား ခ်ာတူးလံ ျခင္းေတာင္းတစ္လုံးကို သယ္လာရတယ္လို႔။လက္စသတ္ေတာ့ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ေဟာင္းက အ႐ူး ျဖစ္ေနတာကိုး”
“ငါ ရယ္ရလြန္းလို႔ အူေတာင္နာတယ္”
ဓားသမားဂိုဏ္းရဲ႕ သိုင္းပညာရွင္မ်ား ဟားတိုက္ရယ္ေမာၾကေလသည္။ သူတို႔စိတ္ထဲတြင္ ယဲ့ဖန္သည္ တကယ့္ကို အ႐ူးတစ္ေယာက္လို ျပဳမူေနသည္ဟု ထင္ေနၾကသည္။
သို႔ေသာ္ ဤမွ် ေလွာင္ေျပာင္သေရာ္မႈ မ်ားႏွင့္ ႀကဳံရတာေတာင္မွ ယဲ့ဖန္က တိတ္ဆိတ္ၿမဲ တိတ္ဆိတ္ဆဲပင္။ သူက တည္ၿငိမ္စြာျဖင့္ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာသည္။
မီတာ ႏွစ္ရာ၊ မီတာ တစ္ရာ၊ မီတာ ငါးဆယ္။
ဓားသမားဂိုဏ္း၏ ဌာနခ်ဳပ္ႏွင့္ နီးကပ္လာသည္ႏွင့္အမွ် သူ၏ မ်က္လုံးမ်ားသည္ ပို၍ ေအးစက္လာသည္။
ေတာင္ေျခသို႔ ေရာက္ေသာအခါ သူက ေခါင္းကိုေမာ့၍ ဒ႑ာရီလာအဆင့္ႏွင့္ဒ႑ာရီအဆင့္ အေယာက္ တစ္ေထာင္တို႔အား ၾကည့္၍ ႀကဳံးဝါးလိုက္သည္။
“ဒီေန႔ ေခြးေတြဝက္လို နိမ့္က်တဲ့ ဓားသမားဂိုဏ္းက သိုင္းပညာရွင္ေတြရဲ႕ အသက္ကို အသုံးျပဳၿပီး ညအဖြဲ႕က ေသသြားတဲ့ သူရဲေကာင္းေတြရဲ႕ ဝိညာဥ္ေတြကို ေက်နပ္ေစရမယ္”

သူ၏ မိုက္႐ူးရဲဆန္၍ သူရဲေကာင္းဆန္ေသာ စိတ္ဆႏၵက ဟြာရွႏိုင္ငံ တစ္ဝွမ္းက သိုင္းပညာရွင္မ်ား စိတ္လႈပ္ရွားမႈမ်ား တိုးပြားလာသည္။
ရန္သူ အေယာက္တစ္ေထာင္ေက်ာ္ ရွိေနေသာ္ျငားလည္း သူက အေၾကာက္အလန႔္ကင္းေနဆဲပင္။ ဤမွ် သူရဲေကာင္းဆန္ေသာ ပင္ကိုစ႐ိုက္က ဟြာရွႏိုင္ငံတစ္ဝွမ္းမွ အျခားသိုင္းပညာရွင္မ်ား ႐ူးမတတ္ ျဖစ္လာၾကသည္။
ခ်က္ခ်င္းဆိုသလိုပင္ သိုင္းပညာရွင္မ်ားသည္ ေသြးမ်ား ပြက္ပြက္ဆူလာသလို ခံစားရၿပီး က်ယ္ေလာင္စြာ သံၿပိဳင္ေႂကြးေၾကာ္လာၾကသည္။
“ယဲ့ဖန္”
“ယဲ့ဖန္”
“ယဲ့ဖန္”
ယဲ့ဖန္က ဟြာရွတစ္ႏိုင္ငံလုံးအား ကိုယ္စားျပဳသကဲ့သို႔ ဟြာရွႏိုင္ငံရွိ ၿမိဳ႕တိုင္းတြင္ ထိုနာမည္တစ္လုံးသာ ပဲ့တင္ထပ္ေနသည္။
သတင္းေထာက္မ်ားေတာင္မွ သူတို႔၏ ေလးစားမႈကို ျပသေနၾကသည္။ လူတစ္ေယာက္က ဒ႑ာရီလာအဆင့္ႏွင့္ဒ႑ာရီအဆင့္ အေယာက္ တစ္ေထာင္တို႔အား မေၾကာက္သည့္အျပင္ ေခြးလိုဝက္လို ႏွိမ္ခ်စြာ ဆက္ဆံလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားမိၾကေပ။
ယဲ့ဖန္၏ အသံကို ၾကားၿပီးေနာက္ ဒ႑ာရီလာအဆင့္ႏွင့္ဒ႑ာရီအဆင့္ အေယာက္ တစ္ေထာင္တို႔ ခ်က္ခ်င္း မ်က္ႏွာမ်ား တင္းမာလာၾကသည္။
ရဲတင္းလိုက္တာ။
ဤကဲ့သို႔ အင္အားေတာင့္လွေသာ အဖြဲ႕အစည္းေရွ႕၌ ယဲ့ဖန္က ဆက္၍ ေမာက္မာရဲလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိၾကေပ။
“ယဲ့ဖန္ သြားေသလိုက္ေတာ့”
ထိုစဥ္ ဒ႑ာရီလာအဆင့္ တစ္ေယာက္က လွစ္ခနဲ ေျပးထြက္လာကာ လွ်ပ္စီးထက္ ျမန္ေသာ ႏႈန္းျဖင့္ သူ၏ ဓားရွည္ကို ထုတ္ကာ ယဲ့ဖန္အား ခုတ္ပိုင္းလိုက္သည္။
သို႔ေသာ္ ထင္မွတ္မထားသည္က ယဲ့ဖန္သည္ ထိုတိုက္ခိုက္မႈကို ေရွာင္တိမ္းမႈ မျပဳျခင္းပင္၊ သူ႔ထံ ဝဲလာေနေသာ ဓားအား ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနသည္။
ထိုတိုက္ခိုက္မႈကို ျမင္သည္ႏွင့္ အနီးဝန္းက်င္မွ သတင္းေထာက္မ်ားၾကား၌ ပြက္ေလာ႐ိုက္သြားသည္။
*သူေတာ့ သြားၿပီ*
*ဒ႑ာရီလာအဆင့္ရဲ႕ တိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ရတာေတာင္ သူက ေရွာင္ဖို႔ မႀကိဳးစားဘူး။ ဒါ ကိုယ့္ေသတြင္း ကိုယ္တူးတာနဲ႔ မထူးျခားနားပဲေလ*
“တိုက္ပြဲႀကီး စေတာင္မစလိုက္ရေသးခင္ ပြဲက ၿပီးသြားမွာလား”
ဟြာရွ သတင္းေထာက္မ်ား မ်က္ႏွာသုန္မႈန္လာၾကသည္။ တစ္ဘက္တြင္ေတာ့ တိုက္ခိုက္လာသည့္ ဒ႑ာရီလာအဆင့္က အလြန္ တက္ႂကြေန၏။
သူသည္ ယဲ့ဖန္ကို တိုက္ခိုက္လာသည့္ ပထမဆုံးသူ ျဖစ္သည္။ အကယ္၍ သူသာ ယဲ့ဖန္ကို တစ္ခ်က္တည္း သတ္လိုက္ႏိုင္ပါက သူ၏ ဂုဏ္သတင္းသည္ ဟြာရွတစ္ႏိုင္ငံလုံးသို႔ ပ်ံ႕ႏွံ႔သြားေပလိမ့္မည္။
ထို႔ေနာက္ ထိုဒ႑ာရီလာအဆင့္သည္ သူ၏ ခ်ီဓာတ္အား ဓားရွည္ထဲသို႔ ပို႔လႊတ္လိုက္သည္။
“ေသေပေတာ့”
ခက္ထန္ေသာ‌ ေအာ္သံႏွင့္အတူ ဓားရွည္က ယဲ့ဖန္၏ လည္ပင္းအား လ်င္ျမန္လွေသာ ႏႈန္းျဖင့္ ခုတ္ပိုင္းလာသည္။ ထိုဒ႑ာရီလာအဆင့္သည္ သူ၏ ပစ္မွတ္အား တစ္ခ်က္တည္းျဖင့္ ထိမွန္ခဲ့သည္။
ဤသည္ကို ၾကည့္ၿပီး ထိုဒ႑ာရီလာအဆင့္လူက ေပ်ာ္႐ႊင္လာသည္။ သို႔ေသာ္ တစ္ခဏမွ် အၾကာတြင္ သူ၏ ၿပဳံးေပ်ာ္ေနေသာ မ်က္ႏွာက ခ်က္ခ်င္း ေအးခဲသြားသည္။
ဓားသြားက ယဲ့ဖန္၏ လည္ပင္းႏွင့္ ထိမိသည့္ႏွင့္ သူ၏ လည္ပင္းက ေရွးေဟာင္း သတၱဳတစ္ခု ျပဳလုပ္ထားသကဲ့သို႔ ျပန္ကန္ထြက္လာသည္။
“မ…မျဖစ္ႏိုင္ဘူး”
ထိုဒ႑ာရီလာအဆင့္လူက လုံးဝကို နားေဝတိမ္ေတာင္ ျဖစ္ေနသည္။ အလြန္ရွားပါးသည့္ လက္နက္ေတာင္မွ ဤတိုက္ခိုက္မႈေၾကာင့္ ပ်က္စီးသြားခဲ့ေသးသည္။ သို႔ေသာ္ ယဲ့ဖန္က မည္သို႔မွ် ဒုကၡမေရာက္ေပ။
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူးေလ*
သတင္းေထာက္မ်ား အံ့အားသင့္ကာ ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။ သူတို႔ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
ေနာက္ထပ္ ျဖစ္ေပၚလာသည္က သတင္းေထာက္မ်ားအား လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားေစခဲ့သည္။
“မဟုတ္ဘူး”
ထိုဒ႑ာရီလာအဆင့္လူသည္ သူ႔တစ္ကိုယ္လုံး ေသမင္းခ်ီဓာတ္မ်ားျဖင့္ ဖုံးအုပ္ခံလိုက္ရသလို ခံစားလိုက္ရသည္။
႐ႊစ္!
ေသြးမ်ားက ေျမႀကီးေပၚသို႔ ဖုံးလႊမ္းသြားသည္။ ဒ႑ာရီလာအဆင့္လူ၏ ခႏၶာကိုယ္သည္လည္း ခ်က္ခ်င္းေအးခဲသြားသည္။
ေတာက္! ေတာက္!
ထိုဒ႑ာရီလာအဆင့္လူ၏ ေသြးမ်ားက ေျမႀကီးေပၚ ဖုံးလႊမ္းသြားသည္ႏွင့္ ေဘးပတ္လည္၌ တိတ္ဆိတ္လို႔သြား၏။
တစ္ခ်က္တည္း။
ယဲ့ဖန္က ဒ႑ာရီလာအဆင့္ကို တစ္ခ်က္တည္းႏွင့္ သတ္လိုက္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိၾကေခ်။ ထို႔ေနာက္ က်န္လူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ယဲ့ဖန္က သူ႔လက္ဖဝါးကို ျပန္ဆြဲထုတ္လိုက္သျဖင့္ ေသြးမ်ား ေပက်ံေနေသာ သူ႔လက္ထဲ၌ မူလ သလင္းေက်ာက္တစ္ခု ပါလာသည္။
ဒ႑ာရီလာအဆင့္၏ မူလသလင္းေက်ာက္။
“ပထမဆုံးတစ္ေယာက္”
ယဲ့ဖန္က တင္းမာစြာေျပာ၍ ထိုမူလသလင္းေက်ာက္အား သူ႔ေက်ာေပၚမွ ျခင္းထဲသို႔ ပစ္ထည့္လိုက္သည္။
….
ထိုအခါမွသာ ယဲ့ဖန္က ဘာေၾကာင့္ ျခင္းေတာင္းတစ္ခုကို သူ႔ေက်ာေပၚ၌ လြယ္လာမွန္း ၾကည့္ေနသူမ်ား နားလည္သြားၾကသည္။
ေတာင္ေပၚရွိ သိုင္းသမားအားလုံး၏ မူလသလင္းေက်ာက္ကို ထည့္ရန္ ထိုျခင္းေတာင္းေလးက အေနေတာ္ျဖစ္သည္ဟု ေျပာလို႔ရသည္။
“ေခြးမသား”
ဤျမင္ကြင္းေၾကာင့္ ေဘးပတ္လည္မွ ဒ႑ာရီလာအဆင့္မ်ား ေဒါသမီးတို႔ ေတာက္ေလာင္လာသည္။ ဒ႑ာရီလာအဆင့္ သုံးေယာက္က ခ်က္ခ်င္း သူတို႔၏ ဓားရွည္မ်ားကို ထုတ္၍ ယဲ့ဖန္အား ႐ူးသြပ္စြာ ခုတ္ပိုင္းလာၾကသည္။
သို႔ေသာ္ ဤတိုက္ခိုက္မႈကို ၾကည့္ၿပီး ယဲ့ဖန္က မေကာင္းဆိုးဝါးသဖြယ္ အၿပဳံးႏွင့္ ၿပဳံး၍ ေျပာလာသည္။
“ေနာက္ထပ္ ေသြးယဇ္ပူေဇာ္ပြဲ လာၿပီပဲ”
ထို႔ေနာက္ ယဲ့ဖန္က လွစ္ခနဲ ေပ်ာက္သြားသည္။ သူတို႔ သူ႔အား ရွာေဖြရန္ ႀကိဳးစားေနခ်ိန္တြင္ ယဲ့ဖန္က ေရွ႕နားမွ အနီးဆုံး ဒ႑ာရီလာအဆင့္သူနားသို႔ ေရာက္ရွိေနသည္ကို သတိထားလိုက္မိၾကသည္။
ထို႔ျပင္ သူက သူ၏ ခြၽန္ထက္ေသာ လက္သည္းမ်ားကို ဆန႔္ထုတ္လာသည္။
႐ႊစ္!
ဒုတိယေျမာက္ ဒ႑ာရီလာအဆင့္လူ၏ နဖူး အလယ္တည့္တည့္သည္လည္း စူးဝင္လို႔သြားသည္။
ထို႔ေနာက္ ယဲ့ဖန္က အျခား ဒ႑ာရီလာအဆင့္ ႏွစ္ေယာက္ေနာက္မွ အရွိန္ျဖင့္ ၿပိဳင္တူ ထိုးေဖာက္လိုက္သည္။

မည္မွ် မယုံႏိုင္စရာ ေကာင္းလိုက္သည့္ ျမင္ကြင္းပါလိမ့္။ သူက ဒ႑ာရီလာအဆင့္ သုံးေယာက္အား တစ္ခ်က္တည္းျဖင့္ သတ္လိုက္ျခင္းပင္။
ဒ႑ာရီလာအဆင့္မ်ား၏ ဦးေခါင္းမ်ားမွ ေသြးမ်ားက တုတ္ေခ်ာင္းေပၚမွ အေပၚယံ ေ႐ႊမႈန္ႀကဲထားေသာ ဆူးခြၽန္မ်ားႏွင့္တူေသာ ယဲ့ဖန္၏ လက္ေမာင္းေပၚသို႔ ဒလေဟာ စီးက်လို႔ေနသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွ၏။ ထိတ္လန႔္ဖြယ္ေကာင္းလွပါဘိ။
ၾကည့္ရႈေနသူမ်ားအားလုံး အလြန္ မွင္တက္သြားၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now