Chapter 235

1.4K 150 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (16) Chapter (235) မင်းက ငါ့ရန်သူဆိုရင် သေကို သေရမယ်

ဂျွတ်ခနဲ အသံနှင့်အတူ ဒဏ္ဍာရီအဆင့် လူအိုကြီး၏ ပခုံးတစ်ဘက် ပြုတ်ထွက်သွားသဖြင့် သွေးများက ပန်းထွက်လာသည်။

"အား…အား…အား"

လူအိုကြီးသည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်ညည်းညူနေသည်။

*လူထူးလူဆန်း*

သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် သေချာပေါက်ကို လူထူးလူဆန်း တစ်ယောက် ဖြစ်သည်။

ကုန်းကျန့်ထျန်းနှင့် ကျန် ဒဏ္ဍာရီအဆင့် တစ်ယောက်တို့ အလွန် ထိတ်လန့်သွားကြသည်။

ဂျွတ်! ဂျွတ်! ဂျွတ်!

ယဲ့ဖန်က မုန်ယိုနေသော သားရဲကောင်ကြီးကဲ့သို့ ထိုဒဏ္ဍာရီအဆင့် လူအိုကြီးအား သူ၏ အလွန် ချွန်ထက်နေသော သံမဏိ လက်သည်းများနှင့် ဆက်၍ တစ်စစီ ဆွဲဖြုတ်နေသောကြောင့် သွေးများက လေထုထဲ လွင့်စဉ်ထွက်လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

လတ်လတ်ဆတ်ဆတ် သွေးများက ရေတံခွန်ကဲ့သို့ ပန်းထွက်လာသဖြင့် သွေးမိုးရွာသွန်းသကဲ့သို့ ဖြစ်သွားရသည်။ လေထုထဲမှ သွေးနံ့များကို ရှူရှိုက်မိရင်း ဘေးမှသူများ ကြောက်ရွံ့ကာ တုန်ယင်လာကြသည်။

"သေစမ်းကွာ"

ကုန်းကျန့်ထျန်း မှင်တက်အံ့ဩသွားရသည်။
သူက ချက်ချင်းဆိုသလို ကျန်နေသော ဒဏ္ဍာရီအဆင့် နောက်တစ်ယောက်နှင့်အတူ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သို့သော် ယဲ့ဖန်က သူတို့၏ တိုက်ခိုက်မှုများကို မသိချင်ယောင်ဆောင်ကာ အနာခံလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ၏ ခန္ဓာကိုယ်ကား သံမဏိကဲ့သို့ မာကျောလှပေ၏။ ရန်သူ၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်လာလေလေ သူက ဒဏ္ဍာရီအဆင့် လူအိုကြီးအား ပို၍ ရက်စက်စွာ တစ်စစီ ဆွဲဖြုတ်လေဖြစ်သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now