Chapter 374

1.1K 114 5
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (374) ရူးသွပ်ဖွယ်ကောင်းသော ထောင်ချောက်နှင့် သတ်ဖြတ်ခြင်း

ထိတ်လန့်ဖွယ်ကောင်းလှသည်။
ယခုအချိန်၌ စစ်သင်္ဘောပေါ်ရှိ ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်များ အားလုံး ထိတ်လန့်စိတ်များဖြင့် ပြည့်နှက်နေကြသည်။
“အိုး… ဝိုး … အိန္ဒိယ အခြေစိုက်စခန်းက သိုင်းပညာရှင်အားလုံး အဆင့်တက်သွားကြပြီ။ အံ့ဩဖို့ကောင်းလိုက်တာ”
တထာဂတက အလွန် ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။ လင်းဒီလော့ဖ်သည်လည်း ပါးစပ်အဟောင်းသားနှင့် ပြောလိုက်မိသည်။
“အခြားအခြေစိုက်စခန်းက လူတွေကိုလည်း ကြည့်လိုက်ကြဦး၊ သူတို့အားလုံးလည်း အဆင့်တက်နေကြပြီ။ အင်အားကြီးတယ်၊ ဒါက အင်အားကြီးလွန်းတယ်”
နဂါးနက် ဘုရင်မသည်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။
ပြင်းထန်သော ချီဓာတ်များကြောင့် လှိုင်းထနေသော သမုဒ္ဒရာထဲမှ မာန်ဖီနေသော ပင်လယ်သားရဲများကို သူမ ကြည့်နေမိသည်။
“သမုဒ္ဒရာထဲက ပင်လယ်သားရဲအားလုံး ဆင့်ကဲပြောင်းလဲနေကြပြီ”
သူတောင်းစားအိုကြီးတောင်မှ ထိတ်လန့်မှုများနှင့် ပြည့်နှက်လို့နေသည်။
ထိတ်လန့်ဖွယ်ကောင်းသည့် တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်လာသည်။
ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံး မိနစ်ပိုင်းအတွင်း၌ ပိုမိုမြင့်မားသော အဆင့်သို့ အဆင့်တက်လာကြသည်။
ပိုမိုကြောက်မက်ဖွယ်ကောင်းသည့်အချက်ကား တစ်ကမ္ဘာလုံးမှ ရေခီစွမ်းအင်များ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
“ယဲ့ဖန်၊ ဒီ … ဒီ အသက်ဓာတ်ပျော်ရည်က ဘယ်လိုဟာကြီးလဲ”
သူတောင်းစားအိုကြီးက နီမြန်းနေသော မျက်နှာနှင့် ယဲ့ဖန်ကို မေးလိုက်သည်။
အသက်ဓာတ်ပျော်ရည်ထဲမှ စွမ်းအင်များသည် လူတိုင်း၏ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေသည်။
သူတောင်းစားအိုကြီး၏ မေးခွန်းစကားကြောင့် အခြားသူများအားလုံးက ယဲ့ဖန်ကို တစ်ပြိုင်တည်း ဝိုင်းကြည့်လာကြသည်။
“အသက်ဓာတ် ပျော်ရည်လား”
ယဲ့ဖန်က ပြုံး၍ အေးစက်စက်နှင့် တောက်ပနေသော မျက်လုံးများဖြင့် ပြန်ရှင်းပြလိုက်သည်။
“ကမ္ဘာခြား ဓားပြတွေက သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေဆီက သက်ရှိအားလုံးကို ဓားပြတိုက်ရုံတင် မကဘူး၊ ဂြိုဟ်တွေရဲ့ အသက်ဓာတ် စွမ်းအင်အားလုံးကိုပါ စုပ်ယူပြီးတော့ အသက်ဓာတ် ပျော်ရည်အဖြစ် သန့်စင်ကြတယ်။ ဒါတွေက ကမ္ဘာခြား ဓားပြတွေ အမြဲ လုယက်ခဲ့တဲ့ သယံဇာတ အရင်းအမြစ်တွေပဲ”
ထို့နောက် ယဲ့ဖန်က တင်းမာသော မျက်လုံးများနှင့် ဆက်ပြောလာသည်။
“ကမ္ဘာခြား စစ်သင်္ဘောတစ်စီးရဲ့ အသက်ဓာတ် ပျော်ရည်က တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲမှု စတင်နိုင်အောင် လုပ်နိုင်တယ်။ ဒီလိုဆို စစ်သင်္ဘော ဆယ်စီး ဒါမှမဟုတ် အစီးနှစ်ဆယ်လောက်ဆို ဘယ်လိုနေမလဲ”
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားပြီး အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
*ဆယ်စီးလား*
*အစီးနှစ်ဆယ်လား*
*မဖြစ်နိုင်ဘူးလေ*
အကယ်၍ သူ့စကားသာ အမှန်ဖြစ်နေခဲ့လျင် အသက်ဓာတ်ပျော်ရည်များက ကမ္ဘာပေါ်၌ နေ့တိုင်း ရွာသွန်းနေမည် ဖြစ်သည်။
လူသားများနှင့် ပင်လယ်သားရဲများအားလုံး ဒီရေအလား ဆင့်ကဲ ပြောင်းလဲတိုးတက် လာကြလောက်သည်။
သူတို့၏ တိုက်ပွဲဝင် ခွန်အားများက ထိတ်လန့်ဖွယ်နှုန်းဖြင့် တိုးပွားနေမည် ဖြစ်ပြီး သူတို့ စားနေ၊ အိပ်နေစဉ်တောင်မှ တိုးပွားနေလောက်သည်။
အဓိက ထိန်းချုပ်ခန်းမှ ထိပ်တန်း သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
“ယဲ့ဖန် မင်းမှာ အစီအစဉ်ရှိလို့လား”
သူတောင်းစားအိုကြီးက ယဲ့ဖန်အား နတ်ဘုရားအသွင် မှတ်ယူမိပြီး လေးစားစွာ ကြည့်၍ မေးလိုက်သည်။
အခြားသူများအားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာကြသည်။ ယခုအချိန်တွင် ယဲ့ဖန်က သူတို့အားလုံး၏ ဘုရင်ဖြစ်လာသည်။
“ကျုပ်မှာ အစီအစဉ် ရှိတယ်”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“ဒါပေမယ့် အဲ့ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်”
*ရူးကြောင်ကြောင်နိုင်တယ်*
သူ၏ဆိုလိုရင်းကို သူတို့ နားမလည်ကြပေ။
ထို့နောက် ယဲ့ဖန်က လက်ကို ဝှေ့ယမ်း၍ မိုတာအား အမိန့်လှမ်းပေးလိုက်သည်။
“ကမ္ဘာမြေရဲ့ ကိုဩဒိနိတ်ကို စကြဝဠာအနှံ့ ဖြန့်ပြီးတော့ နဂါးငွေ့တန်း အင်ပါယာရဲ့ ဂရေးကလန်ကို SOS (Save Our Ship) သင်္ကေတ ပို့လိုက်”
သူ၏ အမိန့်ကြောင့် ထိန်းချုပ်ခန်းထဲမှ လူများ တွေဝေသွားကြသည်။
*ဂရေးကလန်ကို ဆက်သွယ်မယ်*
*သူက မြွေကို တွင်းထဲက ထွက်လာစေချင်တာပဲ*
*ချီးပဲ*
အခန်းထဲမှ လူတိုင်းသည် ယဲ့ဖန်၏ ရူးသွပ်သော ဆန္ဒကြောင့် ထိတ်လန့်သွားကြသည်။
ကမ္ဘာခြား ဓားပြတစ်ဖွဲ့ကပင် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့သည်၊ အကယ်၍များ ကမ္ဘာခြား ဓားပြ အဖွဲ့ တစ်ဆယ်ကျော်၊ နှစ်ဆယ်ကျော်သာ ရောက်လာပါက သူတို့နဲ့တင် ကောင်းကင်က ပြည့်နှက်သွားလောက်သည်။
ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးအား သူတို့ တွေးမကြည့်နိုင်ချေ။ ကမ္ဘာပေါ်က သိုင်းပညာရှင်တိုင်း စိုးရိမ်ပူပန်လာကြသည်။
ထို့စဉ် ယဲ့ဖန်က တလက်လက်တောက်ပနေသော မျက်လုံးများနှင့် ကြမ်းကြုတ်ရက်စက်စွာ ပြောလာသည်။
“လာလေ၊ မင်းတို့ များများလာလေ မြန်မြန်သေလေပဲ၊ ပြီးတော့ ငါလည်း ပိုပြီး သန်မာလာလေပဲ”
ထို့နောက် သူ လက်တစ်ဘက် ဝှေ့လိုက်သည်။ ပြီးနောက်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များက ခေလန်၏ အမြုတေအား ယဲ့ဖန်ထံသို့ အပ်နှင်းလာသည်။
ဂျွတ်!
ယဲ့ဖန်က အမြုတေအား သကြားလုံးကို စားသကဲ့သို့ ဖြည်းဖြည်းချင်းစီ ဝါးစားနေသည်။ ထို့နောက်တွင်မူ သူ၏ ချီဓာတ်က ပိုပို၍ ထိတ်လန့်ဖွယ်ကောင်းလာသည်။
“ဂရေးကလန်ကို သုတ်သင်ပြီးတာနဲ့ ကမ္ဘာဂြိုဟ်ရဲ့ ဂုဏ်ကျက်သရေက စကြဝဠာထဲမှာ ပျံနှံ့လာမှာပဲ”

ထိုသို့သောအချိန်တွင် နဂါးငွေ့တန်း ကြယ်အစုအဝေးရှိ ရှေးဟောင်းဂြိုဟ်တစ်လုံး၏ အမြင်ဆုံးထောင်ထိပ်၌ အိမ်တော်ဟောင်း တစ်ခု ရှိနေသည်၊ ထိုအိမ်တော်သည် ဂြိုဟ်တစ်ခုလုံးအား သားရဲဘုရင်ကဲ့သို့ အပေါ်စီးကနေ ကြည့်သကဲ့သို့ ဖြစ်နေ၏။
ထိုအိမ်တော်မှ ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။
ထိုအိမ်တော်သည် နဂါးငွေ့တန်း အင်ပါယာရှိ ဂရေးကလန်၏ အခြေစိုက်စခန်း ဖြစ်သည်။
ဂရေးကလန်၏ လက်ရှိ ကလန်ခေါင်းဆောင် ဂရေဆန်သည် လှပသော နတ်သူငယ်လေးမလေး နှစ်ယောက်၏ အကူအညီနှင့် ရေချိုးလျက် ရှိသည်။
ရေချိုးကန်ထဲမှ ရေစက်တစ်စက်ချင်းစီသည် အလွန် အဖိုးတန်သော အသက်ဓာတ် အဆီအနှစ် ဖြစ်သည်။
အသက်ဓာတ် ပျော်ရည် တစ်တန်မှနေ၍ အသက်ဓာတ် အဆီအနှစ် တစ်စက်သာ ရရှိနိုင်သည်။
အသက်ဓာတ် အဆီအနှစ်သည် အလွန် တန်ဖိုးကြီးလှ၏။
ထိုစဉ် ခြေသံများနှင့်အတူ အစိမ်းရောင် အသားအရေနှင့် အမျိုးသားတစ်ယောက် ခပ်သုတ်သုတ် ဝင်လာသည်။
ဒုန်းခနဲ အသံနှင့်အတူ ဂရေးကလန်၏ ကာကွယ်စောင့်ရှောက်သူ အကြီးအကဲက ဂရေဆန်ရှေ့ ဒူးတစ်ဘက်ထောက်၍ တလေးတစားနှင့် ပြောလိုက်သည်။
“ကလန်ခေါင်းဆောင်၊ ခေလန်က အခုလေးတင် သတင်းပို့လာပါတယ်။ နတ်ဘုရားတွေ သေဆုံးခဲ့တဲ့ နေရာကို သူ ရှာတွေ့ပါပြီတဲ့”
*ဘာ*
သူ့စကားကြောင့် ဂရေဆန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သဖြင့် သူ့မျက်လုံးသည် ကောင်းကင် နတ်ဘုရားအဆင့် အလင်းများဖြင့် တောက်ပလျက် ရှိသည်။
“ဘယ်နေရာမှာလဲ”
ရိုးစင်းလှသော မေးခွန်းကို ကြားလိုက်သဖြင့် ကာကွယ်စောင့်ရှောက်သူ အကြီးအကဲသည် မသိမသာ တုန်လှုပ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
“ကမ္ဘာဂြိုဟ်ပါ”
“ဒါပေမယ့် …”
*ဟမ်*
ဂရေဆန်က မျက်မှောင်ကြုတ်၍ အေးတိအေးစက် မျက်လုံးများဖြင့် မေးလိုက်သည်။
“ဘာလဲ၊ ခေလန်က မအောင်မြင်လို့လား”
“ကလန်ခေါင်းဆောင် ခေလန်က ဒုက္ခတစ်ခုခုနဲ့ ကြုံနေရသလိုမျိုး SOS သင်္ကေတကိုပါ ပို့လွှတ်လာပါတယ်”
*ဒုက္ခတစ်ခုခု*
ထို့နောက် ဂရေဆန်က အထင်သေးသော မျက်နှာထားဖြင့် ပြောလာသည်။
“ခေလန်က တကယ်ကို အသုံးမကျတာပဲ။ ငါတို့ကလန်က သူ့ကို လေ့ကျင့်ပေးထားတာ နှစ်ကို ရာနဲ့ချီနေပြီ။ ဒါပေမယ့် သူက သည်လောက် သယံဇာတ ပေါတဲ့ ဂြိုဟ်သေးသေးလေးကိုတောင်မှ မကိုင်တွယ်နိုင်ဘူး”
“အဲ့ဒီ နတ်ဘုရားတွေ သေဆုံးတဲ့ နေရာက ချိပ်ပိတ်ခံထားရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ အဲ့ဂြိုဟ်ထဲက သိုင်းပညာရှင်တွေရဲ့ တိုက်ပွဲဝင် ခွန်အားက တော်တော်လေး ကျဆင်းနေလောက်ပြီ”
ထို့နောက် သူက လက်ကိုခါ၍ အမိန့်ပေးလိုက်သည်။
“ကမ္ဘာခြား မုဆိုးအားလုံးကို နေအဖွဲ့အစည်းထဲ သွားခိုင်းပြီးတော့ သူ့ကို ကူညီပေးလိုက်”
“ရတနာတွေကို ဘယ်နည်းနဲ့မဆို ရအောင်သိမ်းလာခဲ့”
အမိန့်ရပြီးသည်နှင့် ကာကွယ်စောင့်ရှောက်သူ အကြီးအကဲက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါ ကလန်ခေါင်းဆောင်”
ထို့နောက် သူက မတ်တပ်ပြန်ရပ်၍ အမိန့်ကို ထုတ်ပြန်ရန် ထွက်သွားသည်။ ကာကွယ်စောင့်ရှောက်သူ အကြီးအကဲ ထွက်သွားသည်နှင့် ဂရေဆန်သည် လှပသော နတ်သူငယ်မလေး နှစ်ယောက်၏ နှိပ်နယ်ပေးခြင်းခြင်းကို ခံယူရင်း ရေချိုးကန်ထဲ၌ နားနားနေနေ နေရင်း လောဘတက်၍ ကျေနပ်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
“အဲ့ဒီ နတ်ဘုရားတွေ သေဆုံးတဲ့ နေရာမှာ ကျဆုံးသွားတဲ့ နတ်ဘုရားတွေရဲ့ အရိုးတွေ မြှုပ်နှံထားတယ်လို့ ပြောကြတယ်။ ရတနာတွေကလည်း အဲ့အနီးအနားမှာ ရှိနေမလား ငါ သိချင်မိတယ်”
“အများကြီး ရှိနေမယ်လို့ ငါ မျှော်လင့်တယ်”

ထိုသို့သောအချိန်တွင်။
သတင်းစကားတစ်ခုက စက္ကန့်ပိုင်းအတွင်း၌ နေအဖွဲ့အစည်းနှင့် နီးသော ကမ္ဘာခြား စစ်သင်္ဘောများအားလုံးထံသို့ ပျံ့နှံ့သွားသည်။
စစ်သင်္ဘောများစွာက နေအဖွဲ့အစည်းထံသို့ ဦးတည်လာကြသည်။
တစ်စီး၊ နှစ်စီး၊ သုံးစီး။

မကြာခင်မှာပင် ကမ္ဘာခြား စစ်သင်္ဘော ဆယ့်သုံးစီးက နေအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသည်။
စစ်သင်္ဘောတိုင်းမှ ကမ္ဘာခြား မုဆိုးတိုင်း အလွန်တက်ကြွနေကြသည်။
“ကမ္ဘာဂြိုဟ်။ နတ်ဘုရားတွေ သေဆုံးတဲ့ နေရာ။ ဟားဟား … မိုနာဒို လာနေပြီကွ။ နိမ့်ကျတဲ့ သတ္တဝါတွေ စိုးရိမ်ထိတ်လန့်နေလိုက်တော့”
“ခေလန်က တကယ့်ကို အရူးပဲ။ ဘယ်လိုလုပ် သူက ဒီလောက် သယံဇာတ ပေါတဲ့ဂြိုဟ်ကို ငါတို့ဆီ လက်ဆောင်လာပေးရတာလဲ။ ဒါက လျှို့ဝှက်နယ်ပယ်လေ”
“နတ်ဘုရားအဆင့် ရတနာတွေ။ ငါ တွေးလိုက်တိုင်း စိတ်တွေ တက်ကြွလာတယ်ကွာ။ ပြီးတော့ ကမ္ဘာဂြိုဟ်ပေါ်က မိန်းမတွေက လှတယ်ဆိုပဲ။ ဆာခါဆိုတဲ့ ငါ လာပြီဟေ့”

စစ်သင်္ဘောအတွင်းရှိ တက်ကြွနေသော နတ်ဘုရား သေနာပတိအဆင့်များက တက်ကြွစွာ ဟစ်ကြွေးနေကြသည်။
သူတို့စိတ်ထဲတွင် ကမ္ဘာဂြိုဟ်သည် စတုဒီသာကြီးလိုပင်။
ကမ္ဘာခြား မုဆိုးတိုင်း လောဘတက်နေပုံ ပေါ်သည်။ သူတို့အားလုံး ကမ္ဘာဂြိုဟ်ပေါ်မှ ရတနာများကို လုယက်၍ မိန်းမတိုင်းကို သိမ်းပိုက်က ယောကျ်ားအားလုံးကို အစေခံအဖြစ် ရောင်းစားချင်နေကြသည်။
ဝီ! ဝီ! ဝီ!
စစ်သင်္ဘောများ အရှိန်တင်လာကြသည်။ သို့သော် ထိုသို့ဖြစ်နေစဉ်တွင် သူတို့ မသိလိုက်သည်က နတ်ဆိုးများက သူတို့၏ သွေးဆာနေသော ပါးစပ်များအား ဖွင့်ဟထားပြီးပြီ ဟူသော အချက်ပင်။
သေခြင်းတရား ရောက်ရှိလို့လာလေပြီ။
#Zawgyi
စာစဥ္ (25) CHAPTER (374) ႐ူးသြပ္ဖြယ္ေကာင္းေသာ ေထာင္ေခ်ာက္ႏွင့္ သတ္ျဖတ္ျခင္း
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ယခုအခ်ိန္၌ စစ္သေဘၤာေပၚရွိ ကမာၻ႔ထိပ္တန္း သိုင္းပညာရွင္မ်ား အားလုံး ထိတ္လန႔္စိတ္မ်ားျဖင့္ ျပည့္ႏွက္ေနၾကသည္။
“အိုး… ဝိုး … အိႏၵိယ အေျခစိုက္စခန္းက သိုင္းပညာရွင္အားလုံး အဆင့္တက္သြားၾကၿပီ။ အံ့ဩဖို႔ေကာင္းလိုက္တာ”
တထာဂတက အလြန္ ထိတ္လန႔္စြာ ေရ႐ြတ္လိုက္မိသည္။ လင္းဒီေလာ့ဖ္သည္လည္း ပါးစပ္အေဟာင္းသားႏွင့္ ေျပာလိုက္မိသည္။
“အျခားအေျခစိုက္စခန္းက လူေတြကိုလည္း ၾကည့္လိုက္ၾကဦး၊ သူတို႔အားလုံးလည္း အဆင့္တက္ေနၾကၿပီ။ အင္အားႀကီးတယ္၊ ဒါက အင္အားႀကီးလြန္းတယ္”
နဂါးနက္ ဘုရင္မသည္လည္း နားေဝတိမ္ေတာင္ ျဖစ္ေနသည္။
ျပင္းထန္ေသာ ခ်ီဓာတ္မ်ားေၾကာင့္ လႈိင္းထေနေသာ သမုဒၵရာထဲမွ မာန္ဖီေနေသာ ပင္လယ္သားရဲမ်ားကို သူမ ၾကည့္ေနမိသည္။
“သမုဒၵရာထဲက ပင္လယ္သားရဲအားလုံး ဆင့္ကဲေျပာင္းလဲေနၾကၿပီ”
သူေတာင္းစားအိုႀကီးေတာင္မွ ထိတ္လန႔္မႈမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။
ထိတ္လန႔္ဖြယ္ေကာင္းသည့္ တစ္ကမာၻလုံး ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္ကို ၾကည့္ၿပီး သူ႔တစ္ကိုယ္လုံး ၾကက္သီးတျဖန္းျဖန္းထကာ တုန္ယင္လာသည္။
ကမာၻေပၚရွိ သက္ရွိမ်ားအားလုံး မိနစ္ပိုင္းအတြင္း၌ ပိုမိုျမင့္မားေသာ အဆင့္သို႔ အဆင့္တက္လာၾကသည္။
ပိုမိုေၾကာက္မက္ဖြယ္ေကာင္းသည့္အခ်က္ကား တစ္ကမာၻလုံးမွ ေရခီစြမ္းအင္မ်ား ေပါက္ကြဲထြက္လာျခင္း ျဖစ္သည္။
“ယဲ့ဖန္၊ ဒီ … ဒီ အသက္ဓာတ္ေပ်ာ္ရည္က ဘယ္လိုဟာႀကီးလဲ”
သူေတာင္းစားအိုႀကီးက နီျမန္းေနေသာ မ်က္ႏွာႏွင့္ ယဲ့ဖန္ကို ေမးလိုက္သည္။
အသက္ဓာတ္ေပ်ာ္ရည္ထဲမွ စြမ္းအင္မ်ားသည္ လူတိုင္း၏ ခန႔္မွန္းႏိုင္စြမ္းထက္ ေက်ာ္လြန္ေနသည္။
သူေတာင္းစားအိုႀကီး၏ ေမးခြန္းစကားေၾကာင့္ အျခားသူမ်ားအားလုံးက ယဲ့ဖန္ကို တစ္ၿပိဳင္တည္း ဝိုင္းၾကည့္လာၾကသည္။
“အသက္ဓာတ္ ေပ်ာ္ရည္လား”
ယဲ့ဖန္က ၿပဳံး၍ ေအးစက္စက္ႏွင့္ ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ ျပန္ရွင္းျပလိုက္သည္။
“ကမာၻျခား ဓားျပေတြက သယံဇာတ ေပါႂကြယ္ဝတဲ့ ၿဂိဳဟ္ေတြဆီက သက္ရွိအားလုံးကို ဓားျပတိုက္႐ုံတင္ မကဘူး၊ ၿဂိဳဟ္ေတြရဲ႕ အသက္ဓာတ္ စြမ္းအင္အားလုံးကိုပါ စုပ္ယူၿပီးေတာ့ အသက္ဓာတ္ ေပ်ာ္ရည္အျဖစ္ သန႔္စင္ၾကတယ္။ ဒါေတြက ကမာၻျခား ဓားျပေတြ အၿမဲ လုယက္ခဲ့တဲ့ သယံဇာတ အရင္းအျမစ္ေတြပဲ”
ထို႔ေနာက္ ယဲ့ဖန္က တင္းမာေသာ မ်က္လုံးမ်ားႏွင့္ ဆက္ေျပာလာသည္။
“ကမာၻျခား စစ္သေဘၤာတစ္စီးရဲ႕ အသက္ဓာတ္ ေပ်ာ္ရည္က တစ္ကမာၻလုံး ဆင့္ကဲေျပာင္းလဲမႈ စတင္ႏိုင္ေအာင္ လုပ္ႏိုင္တယ္။ ဒီလိုဆို စစ္သေဘၤာ ဆယ္စီး ဒါမွမဟုတ္ အစီးႏွစ္ဆယ္ေလာက္ဆို ဘယ္လိုေနမလဲ”
*ဘာ*
ယဲ့ဖန္၏ စကားကို ၾကားၿပီး အျခားသူမ်ားအားလုံး ထိတ္လန႔္သြားၾကသည္။
*ဆယ္စီးလား*
*အစီးႏွစ္ဆယ္လား*
*မျဖစ္ႏိုင္ဘူးေလ*
အကယ္၍ သူ႔စကားသာ အမွန္ျဖစ္ေနခဲ့လ်င္ အသက္ဓာတ္ေပ်ာ္ရည္မ်ားက ကမာၻေပၚ၌ ေန႔တိုင္း ႐ြာသြန္းေနမည္ ျဖစ္သည္။
လူသားမ်ားႏွင့္ ပင္လယ္သားရဲမ်ားအားလုံး ဒီေရအလား ဆင့္ကဲ ေျပာင္းလဲတိုးတက္ လာၾကေလာက္သည္။
သူတို႔၏ တိုက္ပြဲဝင္ ခြန္အားမ်ားက ထိတ္လန႔္ဖြယ္ႏႈန္းျဖင့္ တိုးပြားေနမည္ ျဖစ္ၿပီး သူတို႔ စားေန၊ အိပ္ေနစဥ္ေတာင္မွ တိုးပြားေနေလာက္သည္။
အဓိက ထိန္းခ်ဳပ္ခန္းမွ ထိပ္တန္း သိုင္းပညာရွင္မ်ားအားလုံး ၾကက္သီးတျဖန္းျဖန္း ထသြားၾကသည္။
“ယဲ့ဖန္ မင္းမွာ အစီအစဥ္ရွိလို႔လား”
သူေတာင္းစားအိုႀကီးက ယဲ့ဖန္အား နတ္ဘုရားအသြင္ မွတ္ယူမိၿပီး ေလးစားစြာ ၾကည့္၍ ေမးလိုက္သည္။
အျခားသူမ်ားအားလုံး စိတ္လႈပ္ရွားမႈေၾကာင့္ တုန္ယင္လာၾကသည္။ ယခုအခ်ိန္တြင္ ယဲ့ဖန္က သူတို႔အားလုံး၏ ဘုရင္ျဖစ္လာသည္။
“က်ဳပ္မွာ အစီအစဥ္ ရွိတယ္”
ယဲ့ဖန္က ၿပဳံး၍ ေျပာလိုက္သည္။
“ဒါေပမယ့္ အဲ့ဒါက နည္းနည္းေတာ့ ႐ူးေၾကာင္ေၾကာင္ႏိုင္တယ္”
*႐ူးေၾကာင္ေၾကာင္ႏိုင္တယ္*
သူ၏ဆိုလိုရင္းကို သူတို႔ နားမလည္ၾကေပ။
ထို႔ေနာက္ ယဲ့ဖန္က လက္ကို ေဝွ႔ယမ္း၍ မိုတာအား အမိန႔္လွမ္းေပးလိုက္သည္။
“ကမာၻေျမရဲ႕ ကိုဩဒိနိတ္ကို စၾကဝဠာအႏွံ႔ ျဖန႔္ၿပီးေတာ့ နဂါးေငြ႕တန္း အင္ပါယာရဲ႕ ဂေရးကလန္ကို SOS (Save Our Ship) သေကၤတ ပို႔လိုက္”
သူ၏ အမိန႔္ေၾကာင့္ ထိန္းခ်ဳပ္ခန္းထဲမွ လူမ်ား ေတြေဝသြားၾကသည္။
*ဂေရးကလန္ကို ဆက္သြယ္မယ္*
*သူက ေႁမြကို တြင္းထဲက ထြက္လာေစခ်င္တာပဲ*
*ခ်ီးပဲ*
အခန္းထဲမွ လူတိုင္းသည္ ယဲ့ဖန္၏ ႐ူးသြပ္ေသာ ဆႏၵေၾကာင့္ ထိတ္လန႔္သြားၾကသည္။
ကမာၻျခား ဓားျပတစ္ဖြဲ႕ကပင္ ကမာၻတစ္ခုလုံးကို ဖ်က္ဆီးႏိုင္စြမ္း ရွိေနခဲ့သည္၊ အကယ္၍မ်ား ကမာၻျခား ဓားျပ အဖြဲ႕ တစ္ဆယ္ေက်ာ္၊ ႏွစ္ဆယ္ေက်ာ္သာ ေရာက္လာပါက သူတို႔နဲ႔တင္ ေကာင္းကင္က ျပည့္ႏွက္သြားေလာက္သည္။
ထိုကဲ့သို႔ ေသြးပ်က္ဖြယ္ေကာင္းေသာ ျမင္ကြင္းမ်ိဳးအား သူတို႔ ေတြးမၾကည့္ႏိုင္ေခ်။ ကမာၻေပၚက သိုင္းပညာရွင္တိုင္း စိုးရိမ္ပူပန္လာၾကသည္။
ထို႔စဥ္ ယဲ့ဖန္က တလက္လက္ေတာက္ပေနေသာ မ်က္လုံးမ်ားႏွင့္ ၾကမ္းၾကဳတ္ရက္စက္စြာ ေျပာလာသည္။
“လာေလ၊ မင္းတို႔ မ်ားမ်ားလာေလ ျမန္ျမန္ေသေလပဲ၊ ၿပီးေတာ့ ငါလည္း ပိုၿပီး သန္မာလာေလပဲ”
ထို႔ေနာက္ သူ လက္တစ္ဘက္ ေဝွ႔လိုက္သည္။ ၿပီးေနာက္တြင္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက ေခလန္၏ အျမဳေတအား ယဲ့ဖန္ထံသို႔ အပ္ႏွင္းလာသည္။
ဂြၽတ္!
ယဲ့ဖန္က အျမဳေတအား သၾကားလုံးကို စားသကဲ့သို႔ ျဖည္းျဖည္းခ်င္းစီ ဝါးစားေနသည္။ ထို႔ေနာက္တြင္မူ သူ၏ ခ်ီဓာတ္က ပိုပို၍ ထိတ္လန႔္ဖြယ္ေကာင္းလာသည္။
“ဂေရးကလန္ကို သုတ္သင္ၿပီးတာနဲ႔ ကမာၻၿဂိဳဟ္ရဲ႕ ဂုဏ္က်က္သေရက စၾကဝဠာထဲမွာ ပ်ံႏွံ႔လာမွာပဲ”

ထိုသို႔ေသာအခ်ိန္တြင္ နဂါးေငြ႕တန္း ၾကယ္အစုအေဝးရွိ ေရွးေဟာင္းၿဂိဳဟ္တစ္လုံး၏ အျမင္ဆုံးေထာင္ထိပ္၌ အိမ္ေတာ္ေဟာင္း တစ္ခု ရွိေနသည္၊ ထိုအိမ္ေတာ္သည္ ၿဂိဳဟ္တစ္ခုလုံးအား သားရဲဘုရင္ကဲ့သို႔ အေပၚစီးကေန ၾကည့္သကဲ့သို႔ ျဖစ္ေန၏။
ထိုအိမ္ေတာ္မွ ေၾကာက္မက္ဖြယ္ ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည္။
ထိုအိမ္ေတာ္သည္ နဂါးေငြ႕တန္း အင္ပါယာရွိ ဂေရးကလန္၏ အေျခစိုက္စခန္း ျဖစ္သည္။
ဂေရးကလန္၏ လက္ရွိ ကလန္ေခါင္းေဆာင္ ဂေရဆန္သည္ လွပေသာ နတ္သူငယ္ေလးမေလး ႏွစ္ေယာက္၏ အကူအညီႏွင့္ ေရခ်ိဳးလ်က္ ရွိသည္။
ေရခ်ိဳးကန္ထဲမွ ေရစက္တစ္စက္ခ်င္းစီသည္ အလြန္ အဖိုးတန္ေသာ အသက္ဓာတ္ အဆီအႏွစ္ ျဖစ္သည္။
အသက္ဓာတ္ ေပ်ာ္ရည္ တစ္တန္မွေန၍ အသက္ဓာတ္ အဆီအႏွစ္ တစ္စက္သာ ရရွိႏိုင္သည္။
အသက္ဓာတ္ အဆီအႏွစ္သည္ အလြန္ တန္ဖိုးႀကီးလွ၏။
ထိုစဥ္ ေျခသံမ်ားႏွင့္အတူ အစိမ္းေရာင္ အသားအေရႏွင့္ အမ်ိဳးသားတစ္ေယာက္ ခပ္သုတ္သုတ္ ဝင္လာသည္။
ဒုန္းခနဲ အသံႏွင့္အတူ ဂေရးကလန္၏ ကာကြယ္ေစာင့္ေရွာက္သူ အႀကီးအကဲက ဂေရဆန္ေရွ႕ ဒူးတစ္ဘက္ေထာက္၍ တေလးတစားႏွင့္ ေျပာလိုက္သည္။
“ကလန္ေခါင္းေဆာင္၊ ေခလန္က အခုေလးတင္ သတင္းပို႔လာပါတယ္။ နတ္ဘုရားေတြ ေသဆုံးခဲ့တဲ့ ေနရာကို သူ ရွာေတြ႕ပါၿပီတဲ့”
*ဘာ*
သူ႔စကားေၾကာင့္ ဂေရဆန္က ႐ုတ္တရက္ မ်က္လုံးဖြင့္လိုက္သျဖင့္ သူ႔မ်က္လုံးသည္ ေကာင္းကင္ နတ္ဘုရားအဆင့္ အလင္းမ်ားျဖင့္ ေတာက္ပလ်က္ ရွိသည္။
“ဘယ္ေနရာမွာလဲ”
႐ိုးစင္းလွေသာ ေမးခြန္းကို ၾကားလိုက္သျဖင့္ ကာကြယ္ေစာင့္ေရွာက္သူ အႀကီးအကဲသည္ မသိမသာ တုန္လႈပ္သြားၿပီးမွ ျပန္ေျဖလိုက္သည္။
“ကမာၻၿဂိဳဟ္ပါ”
“ဒါေပမယ့္ …”
*ဟမ္*
ဂေရဆန္က မ်က္ေမွာင္ၾကဳတ္၍ ေအးတိေအးစက္ မ်က္လုံးမ်ားျဖင့္ ေမးလိုက္သည္။
“ဘာလဲ၊ ေခလန္က မေအာင္ျမင္လို႔လား”
“ကလန္ေခါင္းေဆာင္ ေခလန္က ဒုကၡတစ္ခုခုနဲ႔ ႀကဳံေနရသလိုမ်ိဳး SOS သေကၤတကိုပါ ပို႔လႊတ္လာပါတယ္”
*ဒုကၡတစ္ခုခု*
ထို႔ေနာက္ ဂေရဆန္က အထင္ေသးေသာ မ်က္ႏွာထားျဖင့္ ေျပာလာသည္။
“ေခလန္က တကယ္ကို အသုံးမက်တာပဲ။ ငါတို႔ကလန္က သူ႔ကို ေလ့က်င့္ေပးထားတာ ႏွစ္ကို ရာနဲ႔ခ်ီေနၿပီ။ ဒါေပမယ့္ သူက သည္ေလာက္ သယံဇာတ ေပါတဲ့ ၿဂိဳဟ္ေသးေသးေလးကိုေတာင္မွ မကိုင္တြယ္ႏိုင္ဘူး”
“အဲ့ဒီ နတ္ဘုရားေတြ ေသဆုံးတဲ့ ေနရာက ခ်ိပ္ပိတ္ခံထားရတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ။ အဲ့ၿဂိဳဟ္ထဲက သိုင္းပညာရွင္ေတြရဲ႕ တိုက္ပြဲဝင္ ခြန္အားက ေတာ္ေတာ္ေလး က်ဆင္းေနေလာက္ၿပီ”
ထို႔ေနာက္ သူက လက္ကိုခါ၍ အမိန႔္ေပးလိုက္သည္။
“ကမာၻျခား မုဆိုးအားလုံးကို ေနအဖြဲ႕အစည္းထဲ သြားခိုင္းၿပီးေတာ့ သူ႔ကို ကူညီေပးလိုက္”
“ရတနာေတြကို ဘယ္နည္းနဲ႔မဆို ရေအာင္သိမ္းလာခဲ့”
အမိန႔္ရၿပီးသည္ႏွင့္ ကာကြယ္ေစာင့္ေရွာက္သူ အႀကီးအကဲက ေလးနက္ေသာ ေလသံျဖင့္ ျပန္ေျဖလိုက္သည္။
“အမိန႔္အတိုင္းပါ ကလန္ေခါင္းေဆာင္”
ထို႔ေနာက္ သူက မတ္တပ္ျပန္ရပ္၍ အမိန႔္ကို ထုတ္ျပန္ရန္ ထြက္သြားသည္။ ကာကြယ္ေစာင့္ေရွာက္သူ အႀကီးအကဲ ထြက္သြားသည္ႏွင့္ ဂေရဆန္သည္ လွပေသာ နတ္သူငယ္မေလး ႏွစ္ေယာက္၏ ႏွိပ္နယ္ေပးျခင္းျခင္းကို ခံယူရင္း ေရခ်ိဳးကန္ထဲ၌ နားနားေနေန ေနရင္း ေလာဘတက္၍ ေက်နပ္ေနေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လိုက္သည္။
“အဲ့ဒီ နတ္ဘုရားေတြ ေသဆုံးတဲ့ ေနရာမွာ က်ဆုံးသြားတဲ့ နတ္ဘုရားေတြရဲ႕ အ႐ိုးေတြ ျမႇဳပ္ႏွံထားတယ္လို႔ ေျပာၾကတယ္။ ရတနာေတြကလည္း အဲ့အနီးအနားမွာ ရွိေနမလား ငါ သိခ်င္မိတယ္”
“အမ်ားႀကီး ရွိေနမယ္လို႔ ငါ ေမွ်ာ္လင့္တယ္”

ထိုသို႔ေသာအခ်ိန္တြင္။
သတင္းစကားတစ္ခုက စကၠန႔္ပိုင္းအတြင္း၌ ေနအဖြဲ႕အစည္းႏွင့္ နီးေသာ ကမာၻျခား စစ္သေဘၤာမ်ားအားလုံးထံသို႔ ပ်ံ႕ႏွံ႔သြားသည္။
စစ္သေဘၤာမ်ားစြာက ေနအဖြဲ႕အစည္းထံသို႔ ဦးတည္လာၾကသည္။
တစ္စီး၊ ႏွစ္စီး၊ သုံးစီး။

မၾကာခင္မွာပင္ ကမာၻျခား စစ္သေဘၤာ ဆယ့္သုံးစီးက ေနအဖြဲ႕အစည္းထဲသို႔ ဝင္ေရာက္လာသည္။
စစ္သေဘၤာတိုင္းမွ ကမာၻျခား မုဆိုးတိုင္း အလြန္တက္ႂကြေနၾကသည္။
“ကမာၻၿဂိဳဟ္။ နတ္ဘုရားေတြ ေသဆုံးတဲ့ ေနရာ။ ဟားဟား … မိုနာဒို လာေနၿပီကြ။ နိမ့္က်တဲ့ သတၱဝါေတြ စိုးရိမ္ထိတ္လန႔္ေနလိုက္ေတာ့”
“ေခလန္က တကယ့္ကို အ႐ူးပဲ။ ဘယ္လိုလုပ္ သူက ဒီေလာက္ သယံဇာတ ေပါတဲ့ၿဂိဳဟ္ကို ငါတို႔ဆီ လက္ေဆာင္လာေပးရတာလဲ။ ဒါက လွ်ိဳ႕ဝွက္နယ္ပယ္ေလ”
“နတ္ဘုရားအဆင့္ ရတနာေတြ။ ငါ ေတြးလိုက္တိုင္း စိတ္ေတြ တက္ႂကြလာတယ္ကြာ။ ၿပီးေတာ့ ကမာၻၿဂိဳဟ္ေပၚက မိန္းမေတြက လွတယ္ဆိုပဲ။ ဆာခါဆိုတဲ့ ငါ လာၿပီေဟ့”

စစ္သေဘၤာအတြင္းရွိ တက္ႂကြေနေသာ နတ္ဘုရား ေသနာပတိအဆင့္မ်ားက တက္ႂကြစြာ ဟစ္ေႂကြးေနၾကသည္။
သူတို႔စိတ္ထဲတြင္ ကမာၻၿဂိဳဟ္သည္ စတုဒီသာႀကီးလိုပင္။
ကမာၻျခား မုဆိုးတိုင္း ေလာဘတက္ေနပုံ ေပၚသည္။ သူတို႔အားလုံး ကမာၻၿဂိဳဟ္ေပၚမွ ရတနာမ်ားကို လုယက္၍ မိန္းမတိုင္းကို သိမ္းပိုက္က ေယာက်္ားအားလုံးကို အေစခံအျဖစ္ ေရာင္းစားခ်င္ေနၾကသည္။
ဝီ! ဝီ! ဝီ!
စစ္သေဘၤာမ်ား အရွိန္တင္လာၾကသည္။ သို႔ေသာ္ ထိုသို႔ျဖစ္ေနစဥ္တြင္ သူတို႔ မသိလိုက္သည္က နတ္ဆိုးမ်ားက သူတို႔၏ ေသြးဆာေနေသာ ပါးစပ္မ်ားအား ဖြင့္ဟထားၿပီးၿပီ ဟူေသာ အခ်က္ပင္။
ေသျခင္းတရား ေရာက္ရွိလို႔လာေလၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now