Chapter 349

1K 114 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (349) မင်း ယုံသလား

ထို့ပါကလန်၌ နှစ်တစ်သောင်းနီးပါး တည်ရှိခဲ့သော ဟောကိန်းတစ်ခုရှိသည်။
ထိုဟောကိန်း၌ ပိုင်ရှင်အစစ်အမှန် လောကသခင်က နှစ်တစ်သောင်းအတွင်း ရောက်လာလိမ့်မည်ဟု ပြောထားသည်။
လူငယ်ခေါင်းဆောင်သာလျင် ပိုင်ရှင်အစစ်အမှန်၏ နောက်သို့ လိုက်ခွင့်ရှိပြီး စကြဝဠာထဲ၌ ခရီးထွက်ခွင့် ရှိပြီး ထို့ပါကလန်၏ ဂုဏ်ကျက်သရေများကို ပြန်လည် ယူ‌ဆောင်ပေးနိုင်မည် ဖြစ်သည်။
ကုန်လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ထို့ပါကန်၏ နောက်မျိုးဆက်များသည် တစ်ဆက်မှလွဲ၍ မျိုးဆက်များ တစ်ဆင့်ပြီး တစ်ဆင့် တိုးပွားလာခဲ့သည်။
လက်ရှိ မျိုးဆက်များထဲတွင် လူငယ်များသည် အားလုံးနီးပါး အတော်လေး ချည့်နဲ့ကြသည်။
ထို့ပါချန်းရှန်သည် လက်ရှိမျိုးဆက်များထဲတွင် အတော်ဆုံးသူဖြစ်ပြီး တစ်ဦးတည်းသော ဒဏ္ဍာရီလာ အလယ်အလတ်အဆင့် ဖြစ်သည်။
ထို့ကြောင့် ထို့ပါကလန်သည် ထို့ပါကလန်၏ လူငယ်များအားလုံးအတွက် လူငယ်ခေါင်းဆောင် နေရာကို ယှဉ်ပြိုင် ရယူရန် စည်းကမ်းတစ်ခု ချမှတ်ထားသည်။
ထိုစည်းကမ်းမှနေ၍ ထို့ပါချင်းရှန်နှင့် ထို့ပါယွင်တို့၏ ယှဉ်ပြိုင်အနိုင်လုပွဲ ဖြစ်လာရခြင်း ဖြစ်သည်။
အစောပိုင်း သုံးနှစ်တာကာလက ထို့ပါယွင်သည် ရှုံးနိမ့်သွားခဲ့ပြီး သူ့ခြေထောက်တစ်ဘက် ကျိုးသွားခဲ့ရသည်။
လက်ရှိ တိုက်ပွဲများကြားတွင် သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားရန် လိုအပ်ပြီး ရှုံးနိမ့်ပါက သူ့အသက်ကိုပါ ရင်းရလိမ့်မည်။
ဂျိုင်းခနဲ အသံနှင့်အတူ အေးစက်သော ဓားသွားက နီးကပ်လာသည်။
“မင်းလည်ပင်းကို ဘယ်ဘက် သုံးစင်မီတာ ရွှေ့လိုက်၊ ညာလက်နဲ့ ရှေ့ကို ထိုးလိုက်”
ထိုထူးဆန်းသော အသံကို ကြားပြီး ထို့ပါယွင် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုအသံ၌ ကြီးမားသော အားအင်တစ်ခု ပါရှိနေသလိုပင်။
တစ်ချိန်တည်းမှာပင် ထို့ပါယွင်သည် ဘယ်ဘက်သို့ သုံးစင်တီမီတာ ရွှေ့လိုက်သည်။
ဒေါင်!
ထိတ်လန့်ဖွယ် ဓားသွားသည် ပစ်မှတ်ကို လွဲချော်သွားပြီး ထို့ပါယွင်၏ လည်ပင်းနားမှ ကပ်သီးလေး ဖြတ်သွားသည်။
ဤသည်ကို ကြည့်ပြီး ထို့ပါချင်းရှန် အံ့ဩသွားသည်။ ထို့နောက် ဝှစ်ခနဲ အသံနှင့်အတူ ထို့ပါယွင်၏ ဓားသည် ထို့ပါချင်းရှန်၏ ဝမ်းဗိုက်အောက်ပိုင်းအား ပျော့ပျောင်းသော မြွေကဲ့သို့ ရွေ့လျား၍ ထိုးစိုက်သွားသည်။
….
ဤအဖြစ်ကြောင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
တိုက်ပွဲကို ကြည့်နေသော ထို့ပါ တပည့်တပန်းများ မယုံသင်္ကာ ဖြစ်သွားရသည်။
*ဒါ မဖြစ်နိုင်ဘူး*
*သေတော့မလို ဖြစ်နေတဲ့ ထို့ပါယွင်က တန်ပြန်တိုက်စစ်ဆင်ပြီး ထို့ပါချင်းရှန်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းကို ဖောက်ထွင်းသွားအောင် လုပ်လိုက်တယ်*
*အံ့ဩစရာကောင်းလိုက်တာ*
စက္ကန့်ပိုင်းအတွင်း အခြားသူများကြား၌ ပွက်လောရိုက်လာသည်။ သို့သော် ပွဲကား မပြီးသေးပေ။
ထို့ပါယွင်သည် အောင်နိုင်မှု၏ အဟုန်ကြောင့် တက်ကြွကာ ဆက်၍ တိုက်ခိုက်လာသည်။ ထို့နောက် သူသည် လွှားခနဲ ခုန်၍ ထို့ပါချင်းရှန်၏ ရင်ဘက်အား သူ၏ ကောင်းနေသော ခြေထောက်တစ်ဘက်ဖြင့် လျင်မြန်စွာ ကန်ကျောက်လိုက်သည်။
ဂျွတ်!
ထို့ပါချင်းရှန်၏ ရင်ညွန့်ရိုး ချက်ချင်း ကျိုးကြေသွားပြီ သူသည်လည်း နောက်သို့ လွင့်ထွက်သွားရသည်။ မြေကြီးပေါ်သို့ ပြုတ်ကျလာပြီးနောက် ထို့ပါချင်းရှန်သည် ဆက်၍ တိုက်ခိုက်ရန် ခွန်အားများ မရှိတော့ပေ။
တိုက်ပွဲကို ကြည့်ရင်း ဘေးပတ်လည်မှ ထို့ပါ တပည့်တပန်းများ ငြိမ်သက်လို့နေ၏။
ဒုက္ခိတအရှုံးသမားက လူငယ်မျိုးဆက်များကြားမှ အသန်မာဆုံး ထို့ပါချင်းရှန်ကို အနိုင်ယူနိုင်မည်ဟု မည်သူမျှ ထင်မှတ်မထားကြပေ။
အံ့ဩစရာကောင်းလှသည်။
ထိုသို့ရှိနေစဉ်တွင် ထို့ပါယွင်က စိတ်လှုပ်ရှားမှုကြောင့် ဘေးဘီဝဲယာကို လိုက်ကြည့်ရင်း ဟစ်အော်လိုက်သဖြင့် တိတ်ဆိတ်မှုက ပြိုကွဲလို့သွားသည်။
“ဘယ်သူလုပ်ပေးတာလဲ၊ ဘယ်သူ ကျုပ်ကို ကယ်ပေးတာလဲ”
*ဘာ*
ထို့ပါယွင်၏ စကားကြောင့် အကြီးအကျယ် ဒဏ်ရာရထားသော ထို့ပါချင်းရှန်နှင့် အခြား ထို့ပါ တပည့်တပန်းများအားလုံး ချက်ချင်း မျက်နှာ ပျက်သွားကြသည်။
မည်သူ့ အကူအညီမှ မရခဲ့လျင် ထို့ပါယွင် သေမည်မှာ အသေအချာပင်။ ထို့ကြောင့် ထို့ပါချင်းရှန် ဒေါသတကြီး ဖြစ်လာရသည်။
သူနှင့် ဆန့်ကျင်ဘက် ထို့ပါယွင်ကတော့ အလွန့်ကို ပီတိဖြစ်လို့နေသည်။ သူ့အသက်ကို ကယ်တင်၍ သူ့သိက္ခာကို ပြန်ဆယ်ပေးခဲ့သော ကယ်တင်ရှင် ရှိနေပြီပင်။
အားလုံး၏ အကြည့်များအောက်၌ ခြေသံနှင့်အတူ လူတစ်ယောက် ထွက်ပေါ်လာသည်။
လူငယ်လေးပါလား။ ထိုသူစိမ်းသည် တိုက်ခိုက်နေသူများထက်ပင် ပိုငယ်နေသေးသည်။
“ခင်ဗျား … ကျုပ်ကို ကယ်လိုက်တာလား”
ထို့ပါယွင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“မင်းကို ကယ်လိုက်တာ ငါ မဟုတ်ဘူး၊ မင်းရဲ့ ကိုယ်ပိုင် သတ္တိပဲ”
ယဲ့ဖန်၏ ချီးမွမ်းစကားကို ကြားလိုက်ရသဖြင့် ထို့ပါ တပည့်တပန်းများ အားလုံး ထိတ်လန့်ကာ မျက်လုံးပြူးသွားကြသည်။
*ဘယ်လိုလုပ် ဒီလိုလူငယ်လေးက ထို့ပါယွင်ကို ထို့ပါချင်းရှန်ကို အနိုင်ရအောင် စကားလေးနဲ့တင် ကူညီပေးနိုင်မှာလဲ*
အခြားသူများ တွေဝေသွားကြသည်။ သို့သော် ထို့ပါယွင်ကတော့ တက်ကြွလို့နေ၏။
သူ့ကိုယ်သူ တရွတ်တိုက်ဆွဲ၍ ယဲ့ဖန်အနားသို့ လျှောက်လာသည်။ ထို့နောက် သူက ယဲ့ဖန်အား အရိုအသေပေး၍ ပြောလိုက်သည်။
“ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့ သိပ်ကို ကျေးဇူးတင်ပါတယ် ဆာ။ ကျွန်တော် ထို့ပါယွင်က ခင်ဗျားရဲ့ အပြုအမူကို တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး”
ထိုသို့သော အချိန်တွင် ထို့ပါယွင်က သူ့ဘဝတွင် အရေးအပါဆုံးသော ကတိအား ပေးလိုက်ပြီးပြီ ဖြစ်သည်။
ထို့ပါယွင်၏ ကျေးဇူးတင်စကားကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“ဒါ အသေးအဖွဲလေးပါ။ ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်၊ ငါ့ကို ထို့ပါကလန် ဌာနချုပ်ကို ခေါ်သွားပေး”
*ဟမ်*
ယဲ့ဖန်စကားကြောင့် အားလုံး မှင်တက်သွားကြသည်။ ထို့နောက် ထို့ပါယွင်က ယဲ့ဖန်အား ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဆာ ဘာကြောင့်များလဲ”
*ဘာလို့လဲတဲ့လား*
ယဲ့ဖန် တစ်ခဏမျှ ဆိုင်းငံ့သွားသည်။ ထို့နောက် သူက ရှုပ်ထွေးသော ခံစားချက်များ ပါဝင်သည့် မျက်လုံးများဖြင့် ခေါင်းညိတ်လာသည်။
“ဟင်း၊ ငါက ငါ့မိတ်ဆွေဟောင်းတွေထဲက တစ်ယောက်ရဲ့ နောက်မျိုးဆက်တွေနဲ့ တွေ့ချင်ရုံလေးပါ။ ပြီးတော့ ငါ့ဆန္ဒကိုလည်း ဖြည့်ဆည်းချင်လို့”
*မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ နောက်မျိုးဆက်တွေ*
ထိုသို့ပြောနေချိန်တွင် ယဲ့ဖန်သည် အတွေ့အကြုံ ရင့်သန်နေသည့် လူအိုကြီးတစ်ယောက်ကဲ့သို့ စကားပြောနေသည်။
သူ့မိတ်ဆွေဟောင်း၏ နောက်မျိုးဆက်များနှင့် ဆုံတွေ့ချင်နေသည့် နှစ်ပေါင်းများစွာ အသက်ရှင်နေသည့် လူတစ်ယောက်လိုပင်။
သူ၏ ငယ်ရွယ်သော မျက်နှာနှင့် လူကြီးလို လေသံက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသလို ဖြစ်နေသဖြင့် ထို့ပါချင်းရှန် မှလွဲ၍ အခြားသူများ နားဝေတိမ်တောင် ဖြစ်နေကြသည်။
သူသည် အလွန်မုန်းတီးသော မျက်လုံးများဖြင့် မြေကြီးပေါ်၌ လဲနေသည်။ ယဲ့ဖန်က ထို့ပါကလန်နေရာကို ရှာနေသည်ဟု သူ ကြားလိုက်ရစဉ်တွင် သူ၏ မျက်လုံးများက ပို၍ အန္တရာယ် ပေးချင်လာပုံ ရသည်။
….
ထို့ပါကလန်သည် နှစ်တစ်သောင်းကြာ လူသူဝေးရာ၌ နေခဲ့ခြင်း ဖြစ်သည်။ ကလန်၌ များစွာသော သိုင်းပညာရှင်များ ရှိနေသည်။
ယဲ့ဖန်သည် ကလန်ထဲသို့ ထို့ပါယွင်နှင့်အတူ ဝင်လာစဉ်တွင် နတ်ဘုရားအဆင့် များစွာကို သူ သတိထားလိုက်မိသည်။
အကယ်၍ ဤဌာနေကိုသာ အပြင်လောကက သိသွားပါက အကြီးအကျယ် ထိတ်လန့် သွားစေလောက်သည်။
နတ်ဘုရားအဆင့်များစွာအပြင် ယဲ့ဖန်သည် သစ်ပင်အောက်၌ အဘိုးအိုတစ်ယောက် ထိုင်နေပြီး ဘေးပတ်လည်၌ ကလေးများစွာက သူတို့ကို ပုံပြင်ပြောပြရန် တိုက်တွန်းနေကြသည်။
“ဘိုးဘိုးခီ ကျွန်တော်တို့ကို နတ်ဆိုးဧကရာဇ်အကြောင်း ပြောပြပါ။ ကျွန်တော့်အဖေ ပြောတာကတော့ နတ်ဆိုးဧကရာဇ်က တစ်ချိန်က စကြဝဠာအနှံ့ ပြိုင်ဘက်ကင်းခဲ့ပြီးတော့ ကျွန်တော်တို့ ဘိုးဘေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆို”
“မဟုတ်ဘူး၊ ငါက နတ်ဆိုးဧကရီအကြောင်း ပုံပြင်နားထောင်ချင်တာ။ သူမကမှ သူရဲကောင်းတစ်ယောက်ပဲ။ ငါ ကြီးလာရင် သူမလိုပဲ သန်မာချင်တယ်”
“တိတ်ကြ၊ ငါက လောကသခင်အကြောင်း တစ်ခုခု နားထောင်ချင်တာ၊ မကြာခင် နှစ်တစ်ထောင် ပြည့်တော့မှာ ဆိုတော့ လူကြီးတွေအားလုံးက လောကသခင်ရဲ့ မျိုးဆက်အကြောင်း ပြောနေကြတာ”
“…”
ထိုကလေးများ၏ စကားက ယဲ့ဖန်အား ထိတ်လန့်သွားစေခဲ့သည်။
*နတ်မိမယ်ချင်းက လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက မသေခဲ့ဘူးပဲ၊ သူက ကမ္ဘာပေါ်က တစ်နေရာရာမှ ပုန်းကွယ်နေခဲ့တာပဲ*
သူ၏ သံသယအတွေးအား သူ သေချာသိသွားခဲ့သည့်အခါတွင် ယဲ့ဖန်၏ မျက်လုံးများက ပို၍ ရှုပ်ထွေးလာရသည်။
ကမ္ဘာကြီးအကြောင်း သူ ပိုပို၍ သိချင်လာမိသည်။ ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်၊ အမှောင်သခင်နှင့် နတ်မိမယ်ချင်းတို့အား ကမ္ဘာမြေသို့ ရောက်လာအောင် ဆွဲဆောင်ခဲ့သော လျှို့ဝှက်ချက်များကို သိချင်မိသည်။
ယဲ့ဖန်၏ သံသယဝင်သော မျက်လုံးများကို သတိထားမိသဖြင့် ထို့ပါယွင်က ပြုံး၍ ပြောလိုက်သည်။
“ဆာ အံ့ဩစရာမလိုပါဘူး၊ နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးဧကရီနဲ့ ပိုင်ရှင် အစစ်အမှန်တို့က ထို့ပါကလန်ရဲ့ ဟောကိန်းထဲက ဒဏ္ဍာရီလာလူတွေပါ။ သူတို့ရဲ့ ဒဏ္ဍာရီလာ ပုံပြင်တွေနဲ့ ကျုပ်တို့က ကြီးပြင်း လာရတာဆိုတော့ ကျုပ်တို့က သူတို့ကို ကျုပ်တို့ရဲ့ နတ်ဘုရားတွေအဖြစ် သတ်မှတ်ထားကြတာ”
သူ့စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက တစ်ဘက်လှည့်၍ ထို့ပါယွင်အား ပြုံးကာ မေးလိုက်သည်။
“မင်းတို့ နှစ်တစ်သောင်းနီးပါး စောင့်နေတဲ့ လောကသခင် ဆိုတာက ဒီကမ္ဘာပေါ်မှာ ရှိနေမယ်လို့ မင်း ယုံလား”
“အင်း ကျုပ် ယုံတယ်”
ထို့ပါယွင်က လေးနက်သော မျက်နှာထားနှင့် တောက်ပသော မျက်လုံးများဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျုပ်တင် မကဘူး၊ ကျုပ်မိဘတွေတောင်မှ လောကသခင်နဲ့ ပတ်သတ်တဲ့ ဟောကိန်းကို ယုံကြည်ကြတယ်”
ထိုသို့ပြောပြီး ထို့ပါယွင် မျက်မှောင်ကြုတ်သွားသည်။
“ကျုပ်တို့ ဂိုဏ်းခွဲက အမြဲ လူငယ်ခေါင်းဆောင်တွေကို ကျုပ်တို့ ဂုဏ်ယူစရာ အဖြစ် မှတ်ယူထားကြတာ။ ကျုပ်အဖေက လူငယ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရင်း သေသွားခဲ့ရတာ”
“ကျုပ်အမေက တစ်နေ့ ကျုပ် လူငယ်ခေါင်းဆောင် ဖြစ်လာမယ်လို့ မျှော်လင့်ရင်း ပြုစုပျိုးထောင်ခဲ့တာ။ ဒါမှ ကျုပ်အဖေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ”
“ဒါက ကျုပ်တို့ လောကသခင် နောက်လိုက်ပြီး ထို့ပါကလန်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”
ထို့ပါယွင်က တက်ကြွသော မျက်နှာထားဖြင့် လောကသခင်နှင့် စကြဝဠာအကြောင်း စပ်စုလိုသည့်ဟန်နှင့် ဆက်ပြောလာသည်။ သူ့စကားကြောင့် ယဲ့ဖန်က ပြုံး၍ နောက်လိုက်သည်။
“ငါက မင်း စောင့်မျှော်နေတဲ့ လောကသခင်ပဲလို့ ငါ မင်းကို ပြောရင် မင်း ယုံမှာလား”
#Zawgyi
စာစဥ္ (24) CHAPTER (349) မင္း ယုံသလား
ထို႔ပါကလန္၌ ႏွစ္တစ္ေသာင္းနီးပါး တည္ရွိခဲ့ေသာ ေဟာကိန္းတစ္ခုရွိသည္။
ထိုေဟာကိန္း၌ ပိုင္ရွင္အစစ္အမွန္ ေလာကသခင္က ႏွစ္တစ္ေသာင္းအတြင္း ေရာက္လာလိမ့္မည္ဟု ေျပာထားသည္။
လူငယ္ေခါင္းေဆာင္သာလ်င္ ပိုင္ရွင္အစစ္အမွန္၏ ေနာက္သို႔ လိုက္ခြင့္ရွိၿပီး စၾကဝဠာထဲ၌ ခရီးထြက္ခြင့္ ရွိၿပီး ထို႔ပါကလန္၏ ဂုဏ္က်က္သေရမ်ားကို ျပန္လည္ ယူေဆာင္ေပးႏိုင္မည္ ျဖစ္သည္။
ကုန္လြန္ခဲ့သည့္ ႏွစ္တစ္ေသာင္းအတြင္း ထို႔ပါကန္၏ ေနာက္မ်ိဳးဆက္မ်ားသည္ တစ္ဆက္မွလြဲ၍ မ်ိဳးဆက္မ်ား တစ္ဆင့္ၿပီး တစ္ဆင့္ တိုးပြားလာခဲ့သည္။
လက္ရွိ မ်ိဳးဆက္မ်ားထဲတြင္ လူငယ္မ်ားသည္ အားလုံးနီးပါး အေတာ္ေလး ခ်ည့္နဲ႔ၾကသည္။
ထို႔ပါခ်န္းရွန္သည္ လက္ရွိမ်ိဳးဆက္မ်ားထဲတြင္ အေတာ္ဆုံးသူျဖစ္ၿပီး တစ္ဦးတည္းေသာ ဒ႑ာရီလာ အလယ္အလတ္အဆင့္ ျဖစ္သည္။
ထို႔ေၾကာင့္ ထို႔ပါကလန္သည္ ထို႔ပါကလန္၏ လူငယ္မ်ားအားလုံးအတြက္ လူငယ္ေခါင္းေဆာင္ ေနရာကို ယွဥ္ၿပိဳင္ ရယူရန္ စည္းကမ္းတစ္ခု ခ်မွတ္ထားသည္။
ထိုစည္းကမ္းမွေန၍ ထို႔ပါခ်င္းရွန္ႏွင့္ ထို႔ပါယြင္တို႔၏ ယွဥ္ၿပိဳင္အႏိုင္လုပြဲ ျဖစ္လာရျခင္း ျဖစ္သည္။
အေစာပိုင္း သုံးႏွစ္တာကာလက ထို႔ပါယြင္သည္ ရႈံးနိမ့္သြားခဲ့ၿပီး သူ႔ေျခေထာက္တစ္ဘက္ က်ိဳးသြားခဲ့ရသည္။
လက္ရွိ တိုက္ပြဲမ်ားၾကားတြင္ သူသည္ အဆိုးဆုံးအတြက္ ျပင္ဆင္ထားရန္ လိုအပ္ၿပီး ရႈံးနိမ့္ပါက သူ႔အသက္ကိုပါ ရင္းရလိမ့္မည္။
ဂ်ိဳင္းခနဲ အသံႏွင့္အတူ ေအးစက္ေသာ ဓားသြားက နီးကပ္လာသည္။
“မင္းလည္ပင္းကို ဘယ္ဘက္ သုံးစင္မီတာ ေ႐ႊ႕လိုက္၊ ညာလက္နဲ႔ ေရွ႕ကို ထိုးလိုက္”
ထိုထူးဆန္းေသာ အသံကို ၾကားၿပီး ထို႔ပါယြင္ တစ္ကိုယ္လုံး တုန္ယင္သြားသည္။ ထိုအသံ၌ ႀကီးမားေသာ အားအင္တစ္ခု ပါရွိေနသလိုပင္။
တစ္ခ်ိန္တည္းမွာပင္ ထို႔ပါယြင္သည္ ဘယ္ဘက္သို႔ သုံးစင္တီမီတာ ေ႐ႊ႕လိုက္သည္။
ေဒါင္!
ထိတ္လန႔္ဖြယ္ ဓားသြားသည္ ပစ္မွတ္ကို လြဲေခ်ာ္သြားၿပီး ထို႔ပါယြင္၏ လည္ပင္းနားမွ ကပ္သီးေလး ျဖတ္သြားသည္။
ဤသည္ကို ၾကည့္ၿပီး ထို႔ပါခ်င္းရွန္ အံ့ဩသြားသည္။ ထို႔ေနာက္ ဝွစ္ခနဲ အသံႏွင့္အတူ ထို႔ပါယြင္၏ ဓားသည္ ထို႔ပါခ်င္းရွန္၏ ဝမ္းဗိုက္ေအာက္ပိုင္းအား ေပ်ာ့ေပ်ာင္းေသာ ေႁမြကဲ့သို႔ ေ႐ြ႕လ်ား၍ ထိုးစိုက္သြားသည္။
….
ဤအျဖစ္ေၾကာင့္ အျခားသူမ်ားအားလုံး ထိတ္လန႔္သြားၾကသည္။
တိုက္ပြဲကို ၾကည့္ေနေသာ ထို႔ပါ တပည့္တပန္းမ်ား မယုံသကၤာ ျဖစ္သြားရသည္။
*ဒါ မျဖစ္ႏိုင္ဘူး*
*ေသေတာ့မလို ျဖစ္ေနတဲ့ ထို႔ပါယြင္က တန္ျပန္တိုက္စစ္ဆင္ၿပီး ထို႔ပါခ်င္းရွန္ရဲ႕ ဝမ္းဗိုက္ေအာက္ပိုင္းကို ေဖာက္ထြင္းသြားေအာင္ လုပ္လိုက္တယ္*
*အံ့ဩစရာေကာင္းလိုက္တာ*
စကၠန႔္ပိုင္းအတြင္း အျခားသူမ်ားၾကား၌ ပြက္ေလာ႐ိုက္လာသည္။ သို႔ေသာ္ ပြဲကား မၿပီးေသးေပ။
ထို႔ပါယြင္သည္ ေအာင္ႏိုင္မႈ၏ အဟုန္ေၾကာင့္ တက္ႂကြကာ ဆက္၍ တိုက္ခိုက္လာသည္။ ထို႔ေနာက္ သူသည္ လႊားခနဲ ခုန္၍ ထို႔ပါခ်င္းရွန္၏ ရင္ဘက္အား သူ၏ ေကာင္းေနေသာ ေျခေထာက္တစ္ဘက္ျဖင့္ လ်င္ျမန္စြာ ကန္ေက်ာက္လိုက္သည္။
ဂြၽတ္!
ထို႔ပါခ်င္းရွန္၏ ရင္ၫြန႔္႐ိုး ခ်က္ခ်င္း က်ိဳးေၾကသြားၿပီ သူသည္လည္း ေနာက္သို႔ လြင့္ထြက္သြားရသည္။ ေျမႀကီးေပၚသို႔ ျပဳတ္က်လာၿပီးေနာက္ ထို႔ပါခ်င္းရွန္သည္ ဆက္၍ တိုက္ခိုက္ရန္ ခြန္အားမ်ား မရွိေတာ့ေပ။
တိုက္ပြဲကို ၾကည့္ရင္း ေဘးပတ္လည္မွ ထို႔ပါ တပည့္တပန္းမ်ား ၿငိမ္သက္လို႔ေန၏။
ဒုကၡိတအရႈံးသမားက လူငယ္မ်ိဳးဆက္မ်ားၾကားမွ အသန္မာဆုံး ထို႔ပါခ်င္းရွန္ကို အႏိုင္ယူႏိုင္မည္ဟု မည္သူမွ် ထင္မွတ္မထားၾကေပ။
အံ့ဩစရာေကာင္းလွသည္။
ထိုသို႔ရွိေနစဥ္တြင္ ထို႔ပါယြင္က စိတ္လႈပ္ရွားမႈေၾကာင့္ ေဘးဘီဝဲယာကို လိုက္ၾကည့္ရင္း ဟစ္ေအာ္လိုက္သျဖင့္ တိတ္ဆိတ္မႈက ၿပိဳကြဲလို႔သြားသည္။
“ဘယ္သူလုပ္ေပးတာလဲ၊ ဘယ္သူ က်ဳပ္ကို ကယ္ေပးတာလဲ”
*ဘာ*
ထို႔ပါယြင္၏ စကားေၾကာင့္ အႀကီးအက်ယ္ ဒဏ္ရာရထားေသာ ထို႔ပါခ်င္းရွန္ႏွင့္ အျခား ထို႔ပါ တပည့္တပန္းမ်ားအားလုံး ခ်က္ခ်င္း မ်က္ႏွာ ပ်က္သြားၾကသည္။
မည္သူ႔ အကူအညီမွ မရခဲ့လ်င္ ထို႔ပါယြင္ ေသမည္မွာ အေသအခ်ာပင္။ ထို႔ေၾကာင့္ ထို႔ပါခ်င္းရွန္ ေဒါသတႀကီး ျဖစ္လာရသည္။
သူႏွင့္ ဆန႔္က်င္ဘက္ ထို႔ပါယြင္ကေတာ့ အလြန႔္ကို ပီတိျဖစ္လို႔ေနသည္။ သူ႔အသက္ကို ကယ္တင္၍ သူ႔သိကၡာကို ျပန္ဆယ္ေပးခဲ့ေသာ ကယ္တင္ရွင္ ရွိေနၿပီပင္။
အားလုံး၏ အၾကည့္မ်ားေအာက္၌ ေျခသံႏွင့္အတူ လူတစ္ေယာက္ ထြက္ေပၚလာသည္။
လူငယ္ေလးပါလား။ ထိုသူစိမ္းသည္ တိုက္ခိုက္ေနသူမ်ားထက္ပင္ ပိုငယ္ေနေသးသည္။
“ခင္ဗ်ား … က်ဳပ္ကို ကယ္လိုက္တာလား”
ထို႔ပါယြင္ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ျဖစ္ေနသည္။ သူ႔စကားေၾကာင့္ ယဲ့ဖန္က ၿပဳံး၍ ေျပာလိုက္သည္။
“မင္းကို ကယ္လိုက္တာ ငါ မဟုတ္ဘူး၊ မင္းရဲ႕ ကိုယ္ပိုင္ သတၱိပဲ”
ယဲ့ဖန္၏ ခ်ီးမြမ္းစကားကို ၾကားလိုက္ရသျဖင့္ ထို႔ပါ တပည့္တပန္းမ်ား အားလုံး ထိတ္လန႔္ကာ မ်က္လုံးျပဴးသြားၾကသည္။
*ဘယ္လိုလုပ္ ဒီလိုလူငယ္ေလးက ထို႔ပါယြင္ကို ထို႔ပါခ်င္းရွန္ကို အႏိုင္ရေအာင္ စကားေလးနဲ႔တင္ ကူညီေပးႏိုင္မွာလဲ*
အျခားသူမ်ား ေတြေဝသြားၾကသည္။ သို႔ေသာ္ ထို႔ပါယြင္ကေတာ့ တက္ႂကြလို႔ေန၏။
သူ႔ကိုယ္သူ တ႐ြတ္တိုက္ဆြဲ၍ ယဲ့ဖန္အနားသို႔ ေလွ်ာက္လာသည္။ ထို႔ေနာက္ သူက ယဲ့ဖန္အား အ႐ိုအေသေပး၍ ေျပာလိုက္သည္။
“က်ဳပ္အသက္ကို ကယ္တင္ေပးခဲ့တဲ့ သိပ္ကို ေက်းဇူးတင္ပါတယ္ ဆာ။ ကြၽန္ေတာ္ ထို႔ပါယြင္က ခင္ဗ်ားရဲ႕ အျပဳအမူကို တစ္သက္လုံး ေမ့မွာမဟုတ္ပါဘူး”
ထိုသို႔ေသာ အခ်ိန္တြင္ ထို႔ပါယြင္က သူ႔ဘဝတြင္ အေရးအပါဆုံးေသာ ကတိအား ေပးလိုက္ၿပီးၿပီ ျဖစ္သည္။
ထို႔ပါယြင္၏ ေက်းဇူးတင္စကားကို ၾကားၿပီးေနာက္ ယဲ့ဖန္က ၿပဳံး၍ ေျပာလိုက္သည္။
“ဒါ အေသးအဖြဲေလးပါ။ ဒါေပမယ့္ ငါ့မွာ ေတာင္းဆိုစရာ တစ္ခုရွိတယ္၊ ငါ့ကို ထို႔ပါကလန္ ဌာနခ်ဳပ္ကို ေခၚသြားေပး”
*ဟမ္*
ယဲ့ဖန္စကားေၾကာင့္ အားလုံး မွင္တက္သြားၾကသည္။ ထို႔ေနာက္ ထို႔ပါယြင္က ယဲ့ဖန္အား ဇေဝဇဝါျဖင့္ ေမးလိုက္သည္။
“ဆာ ဘာေၾကာင့္မ်ားလဲ”
*ဘာလို႔လဲတဲ့လား*
ယဲ့ဖန္ တစ္ခဏမွ် ဆိုင္းငံ့သြားသည္။ ထို႔ေနာက္ သူက ရႈပ္ေထြးေသာ ခံစားခ်က္မ်ား ပါဝင္သည့္ မ်က္လုံးမ်ားျဖင့္ ေခါင္းညိတ္လာသည္။
“ဟင္း၊ ငါက ငါ့မိတ္ေဆြေဟာင္းေတြထဲက တစ္ေယာက္ရဲ႕ ေနာက္မ်ိဳးဆက္ေတြနဲ႔ ေတြ႕ခ်င္႐ုံေလးပါ။ ၿပီးေတာ့ ငါ့ဆႏၵကိုလည္း ျဖည့္ဆည္းခ်င္လို႔”
*မိတ္ေဆြေဟာင္းတစ္ေယာက္ရဲ႕ ေနာက္မ်ိဳးဆက္ေတြ*
ထိုသို႔ေျပာေနခ်ိန္တြင္ ယဲ့ဖန္သည္ အေတြ႕အႀကဳံ ရင့္သန္ေနသည့္ လူအိုႀကီးတစ္ေယာက္ကဲ့သို႔ စကားေျပာေနသည္။
သူ႔မိတ္ေဆြေဟာင္း၏ ေနာက္မ်ိဳးဆက္မ်ားႏွင့္ ဆုံေတြ႕ခ်င္ေနသည့္ ႏွစ္ေပါင္းမ်ားစြာ အသက္ရွင္ေနသည့္ လူတစ္ေယာက္လိုပင္။
သူ၏ ငယ္႐ြယ္ေသာ မ်က္ႏွာႏွင့္ လူႀကီးလို ေလသံက တစ္ခုႏွင့္တစ္ခု ဆန႔္က်င္ေနသလို ျဖစ္ေနသျဖင့္ ထို႔ပါခ်င္းရွန္ မွလြဲ၍ အျခားသူမ်ား နားေဝတိမ္ေတာင္ ျဖစ္ေနၾကသည္။
သူသည္ အလြန္မုန္းတီးေသာ မ်က္လုံးမ်ားျဖင့္ ေျမႀကီးေပၚ၌ လဲေနသည္။ ယဲ့ဖန္က ထို႔ပါကလန္ေနရာကို ရွာေနသည္ဟု သူ ၾကားလိုက္ရစဥ္တြင္ သူ၏ မ်က္လုံးမ်ားက ပို၍ အႏၲရာယ္ ေပးခ်င္လာပုံ ရသည္။
….
ထို႔ပါကလန္သည္ ႏွစ္တစ္ေသာင္းၾကာ လူသူေဝးရာ၌ ေနခဲ့ျခင္း ျဖစ္သည္။ ကလန္၌ မ်ားစြာေသာ သိုင္းပညာရွင္မ်ား ရွိေနသည္။
ယဲ့ဖန္သည္ ကလန္ထဲသို႔ ထို႔ပါယြင္ႏွင့္အတူ ဝင္လာစဥ္တြင္ နတ္ဘုရားအဆင့္ မ်ားစြာကို သူ သတိထားလိုက္မိသည္။
အကယ္၍ ဤဌာေနကိုသာ အျပင္ေလာကက သိသြားပါက အႀကီးအက်ယ္ ထိတ္လန႔္ သြားေစေလာက္သည္။
နတ္ဘုရားအဆင့္မ်ားစြာအျပင္ ယဲ့ဖန္သည္ သစ္ပင္ေအာက္၌ အဘိုးအိုတစ္ေယာက္ ထိုင္ေနၿပီး ေဘးပတ္လည္၌ ကေလးမ်ားစြာက သူတို႔ကို ပုံျပင္ေျပာျပရန္ တိုက္တြန္းေနၾကသည္။
“ဘိုးဘိုးခီ ကြၽန္ေတာ္တို႔ကို နတ္ဆိုးဧကရာဇ္အေၾကာင္း ေျပာျပပါ။ ကြၽန္ေတာ့္အေဖ ေျပာတာကေတာ့ နတ္ဆိုးဧကရာဇ္က တစ္ခ်ိန္က စၾကဝဠာအႏွံ႔ ၿပိဳင္ဘက္ကင္းခဲ့ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘိုးေဘးနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြဆို”
“မဟုတ္ဘူး၊ ငါက နတ္ဆိုးဧကရီအေၾကာင္း ပုံျပင္နားေထာင္ခ်င္တာ။ သူမကမွ သူရဲေကာင္းတစ္ေယာက္ပဲ။ ငါ ႀကီးလာရင္ သူမလိုပဲ သန္မာခ်င္တယ္”
“တိတ္ၾက၊ ငါက ေလာကသခင္အေၾကာင္း တစ္ခုခု နားေထာင္ခ်င္တာ၊ မၾကာခင္ ႏွစ္တစ္ေထာင္ ျပည့္ေတာ့မွာ ဆိုေတာ့ လူႀကီးေတြအားလုံးက ေလာကသခင္ရဲ႕ မ်ိဳးဆက္အေၾကာင္း ေျပာေနၾကတာ”
“…”
ထိုကေလးမ်ား၏ စကားက ယဲ့ဖန္အား ထိတ္လန႔္သြားေစခဲ့သည္။
*နတ္မိမယ္ခ်င္းက လြန္ခဲ့တဲ့ ႏွစ္တစ္ေသာင္းေလာက္တုန္းက မေသခဲ့ဘူးပဲ၊ သူက ကမာၻေပၚက တစ္ေနရာရာမွ ပုန္းကြယ္ေနခဲ့တာပဲ*
သူ၏ သံသယအေတြးအား သူ ေသခ်ာသိသြားခဲ့သည့္အခါတြင္ ယဲ့ဖန္၏ မ်က္လုံးမ်ားက ပို၍ ရႈပ္ေထြးလာရသည္။
ကမာၻႀကီးအေၾကာင္း သူ ပိုပို၍ သိခ်င္လာမိသည္။ ေကာင္းကင္မိစာၦ ကြၽန္မ်ိဳးႏြယ္၊ အေမွာင္သခင္ႏွင့္ နတ္မိမယ္ခ်င္းတို႔အား ကမာၻေျမသို႔ ေရာက္လာေအာင္ ဆြဲေဆာင္ခဲ့ေသာ လွ်ိဳ႕ဝွက္ခ်က္မ်ားကို သိခ်င္မိသည္။
ယဲ့ဖန္၏ သံသယဝင္ေသာ မ်က္လုံးမ်ားကို သတိထားမိသျဖင့္ ထို႔ပါယြင္က ၿပဳံး၍ ေျပာလိုက္သည္။
“ဆာ အံ့ဩစရာမလိုပါဘူး၊ နတ္ဆိုးဧကရာဇ္၊ နတ္ဆိုးဧကရီနဲ႔ ပိုင္ရွင္ အစစ္အမွန္တို႔က ထို႔ပါကလန္ရဲ႕ ေဟာကိန္းထဲက ဒ႑ာရီလာလူေတြပါ။ သူတို႔ရဲ႕ ဒ႑ာရီလာ ပုံျပင္ေတြနဲ႔ က်ဳပ္တို႔က ႀကီးျပင္း လာရတာဆိုေတာ့ က်ဳပ္တို႔က သူတို႔ကို က်ဳပ္တို႔ရဲ႕ နတ္ဘုရားေတြအျဖစ္ သတ္မွတ္ထားၾကတာ”
သူ႔စကားေၾကာင့္ ယဲ့ဖန္ ေခါင္းညိတ္ျပလိုက္သည္။
ထို႔ေနာက္ သူက တစ္ဘက္လွည့္၍ ထို႔ပါယြင္အား ၿပဳံးကာ ေမးလိုက္သည္။
“မင္းတို႔ ႏွစ္တစ္ေသာင္းနီးပါး ေစာင့္ေနတဲ့ ေလာကသခင္ ဆိုတာက ဒီကမာၻေပၚမွာ ရွိေနမယ္လို႔ မင္း ယုံလား”
“အင္း က်ဳပ္ ယုံတယ္”
ထို႔ပါယြင္က ေလးနက္ေသာ မ်က္ႏွာထားႏွင့္ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ခ်က္ခ်င္း ျပန္ေျဖလိုက္သည္။
“က်ဳပ္တင္ မကဘူး၊ က်ဳပ္မိဘေတြေတာင္မွ ေလာကသခင္နဲ႔ ပတ္သတ္တဲ့ ေဟာကိန္းကို ယုံၾကည္ၾကတယ္”
ထိုသို႔ေျပာၿပီး ထို႔ပါယြင္ မ်က္ေမွာင္ၾကဳတ္သြားသည္။
“က်ဳပ္တို႔ ဂိုဏ္းခြဲက အၿမဲ လူငယ္ေခါင္းေဆာင္ေတြကို က်ဳပ္တို႔ ဂုဏ္ယူစရာ အျဖစ္ မွတ္ယူထားၾကတာ။ က်ဳပ္အေဖက လူငယ္ေခါင္းေဆာင္ေနရာအတြက္ ယွဥ္ၿပိဳင္ရင္း ေသသြားခဲ့ရတာ”
“က်ဳပ္အေမက တစ္ေန႔ က်ဳပ္ လူငယ္ေခါင္းေဆာင္ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရင္း ျပဳစုပ်ိဳးေထာင္ခဲ့တာ။ ဒါမွ က်ဳပ္အေဖရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးႏိုင္မွာ”
“ဒါက က်ဳပ္တို႔ ေလာကသခင္ ေနာက္လိုက္ၿပီး ထို႔ပါကလန္ရဲ႕ ဂုဏ္က်က္သေရကို ျပန္လည္ရယူႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းပဲ”
ထို႔ပါယြင္က တက္ႂကြေသာ မ်က္ႏွာထားျဖင့္ ေလာကသခင္ႏွင့္ စၾကဝဠာအေၾကာင္း စပ္စုလိုသည့္ဟန္ႏွင့္ ဆက္ေျပာလာသည္။ သူ႔စကားေၾကာင့္ ယဲ့ဖန္က ၿပဳံး၍ ေနာက္လိုက္သည္။
“ငါက မင္း ေစာင့္ေမွ်ာ္ေနတဲ့ ေလာကသခင္ပဲလို႔ ငါ မင္းကို ေျပာရင္ မင္း ယုံမွာလား”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now