Chapter 254

1.3K 157 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (254) ရှင် ကျွန်မကို မတွေ့ချင်ဘူးလား
ကျိုရို့ထျန်းသည် ဟွာရှနိုင်ငံ၏ မြို့တော်မှ နံပါတ်တစ် သခင်လေးဖြစ်သည်။ သူ စင်ပေါ်တက်လာသည်နှင့် ယဲ့ရီယွင်နှင့်အတူ ယဲ့ကလန်၏ မျိုးဆက် လူငယ်များ ချက်ချင်း သုန်မှုန်လာကာ သူတို့မျက်လုံးထဲတွင် အလွန် ကြောက်လန့်နေဟန်များ ပေါ်လွင်လာသည်။
ယန်ကျင့်မြို့တော်မှ မာစတာကျိုသည် ဟွာရှနိုင်ငံ၏ ထောက်တိုင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
သို့သော် ထိုထောက်တိုင်လေးယောက်လုံးသည် သာမန်လူများကို လှည့်စားလေ့ ရှိသည်။ မာစတာကျိုသည် ကျိုကလန်၏ ဘဏ္ဍာထိန်းသာ ဖြစ်ကြောင်း ယန်ကျင့်မြို့မှ အဓိက ကလန်ဝင်များအားလုံး သိကြသည်။
ကျိုကလန်သည် ယန်ကျင့်မြို့၏ နံပါတ်တစ် ကလန်ဖြစ်သည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ကျိုကလန်၏ နောက်ကွယ်၌ အမှောင်ဂိုဏ်း ရှိနေခြင်းပင်။
ကျိုရို့ထျန်းသည် အမှောင်ဂိုဏ်း၏ သခင်လေး ဖြစ်သည်။ ထို့ကြောင့် ယန်ကျင့်မြို့မှ ဘယ်သူမှ ကျိုရို့ထျန်းအား ရန်မစရဲပါ။
ပင်မ ယဲ့ကလန်၏ ကလန်ခေါင်းဆောင် ယဲ့ရှုံးတောင်မှ ကျိုရို့ထျန်းအား လေးစားသမှု ပြရသည်။ သို့သော် ယန်ကျင့်တစ်မြို့လုံးအား တုန်ခါသွားအောင် လုပ်နိုင်သည့် သခင်လေးက စင်ပေါ်သို့ တက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိပါ။
သူ ထပ်ပြောလိုက်သည့် စကားကြောင့် အားကစားရုံတစ်ခုလုံး ထိတ်လန့်သွားကြသည်။
*မတွေ့ရတာ ဆယ့်နှစ်နှစ်တောင် ရှိပြီနော် … မင်း အဆင်ပြေရဲ့လား*
*ဘာရယ်*
ကျိုရို့ထျန်း၏ စကားကြောင့် ကျုံးဝမ်နှင့် ထောင်သောင်းချီသော ပရိသတ်များ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဆယ့်နှစ်နှစ်*
*သူ ဆိုလိုချင်တာက …*
ကျုံးဝမ်က ချက်ချင်း မျက်မှောင်ကုတ်သွားကာ သူ့အား ခပ်တန်းတန်း မေးလိုက်သည်။
"ရှင် ဘာကိုဆိုလိုချင်တာလဲ"
"ဝမ်အာ ,,.. မင်း ကိုယ့်ကို မမှတ်မိဘူးလား"
ကျိုရို့ထျန်းအား သူ၏ ခပ်ချောချော မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ အနည်းငယ် စွန်းထင်းနေဟန်ဖြင့် ရှင်းပြလာသည်။
"လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တုန်းက ကျိုကလန်က ရုတ်တရက် မတော်တဆမှု အကြီးကြီးနဲ့ ကြုံတွေ့ခဲ့ရတယ် … ကျိုကလန်ရဲ့ သခင်လေးဖြစ်တဲ့ ငါ့ကို ဟဲရှန့် စီရင်စုဒေသထဲက မြို့သေးသေးတစ်မြို့ကို ပို့ခဲ့တယ် … ငါ မင်းကို ခေါ်လာခဲ့တဲ့ နေရာပေါ့"
"မင်း မေ့သွားပြီလား"
ကျိုရို့ထျန်း၏ စကားလုံးများက အလွန် ဖြူစင် မှန်ကန်ပြီး ချစ်မြတ်နိုးစိတ်များ ပါဝင်နေသည်။

သူ၏ စကားကြောင့် အားကစားရုံတစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။
"အဲ့ဒါ သူပဲ … အဲ့ကောင်လေးက ယန့်ကျင့်မြို့က နံပါတ်တစ် သခင်လေးကိုး …. မဖြစ်နိုင်လိုက်တာကြီးကွာ"
"အိုး … လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တုန်းက ကျိုကလန်းက အင်အားကြီး ရန်သူတွေရဲ့ အငိုက်ဖမ်း တိုက်ခိုက်ခြင်းကို တကယ် အကြီးအကျယ် ခံခဲ့ရတယ်လို့ ငါ့အဖေ ပြောဖူးတယ် … အဲ့အချိန်တုန်းက ကျိုကလန်ရဲ့ ကလန်သား အားလုံးနီးပါး အသတ်ခံခဲ့ရတယ်တဲ့ … အဲ့ဒါကများ …"

စင်အောက်မှ ပရိသတ်များအားလုံး နီးပါး လုံးဝ ရူးမတတ် ဖြစ်နေကြသည်။ ကျိုးဝမ် ဆယ့်နှစ်နှစ်လုံး လိုက်ရှာနေခဲ့သည့် ထိုကောင်လေးက ယန်ကျင့်မြို့က နာမည်ကြီး ထိပ်တန်း သခင်လေး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပါ။
ကြည်နူးဖွယ်ကောင်းသော စုံတွဲလေးနှစ်ယောက်ကြားမှ ဝမ်းနည်းဖွယ်ကောင်းသည့် အချစ်ဇာတ်လမ်းလေးပါလား။ ချက်ချင်းဆိုသလိုပင် စင်အောက်မှ ပရိသတ်များ ရူးမတတ် ဖြစ်နေကြသည်။
သို့သော် ကျုံးဝမ်က ပို၍ မျက်မှောင်ကုတ်လာပြီး မေးလာသည်။
"ရှင်က ကျွန်မရဲ့ မောင်ငယ်လေးပါလို့ ရှင်ပြောချင်တာလား … ရှင့်မှာ ဘာသက်သေရှိလဲ"
*သက်သေလား*
လူတိုင်းက ကျိုရို့ထျန်းအား မျှော်လင့်တကြီးနှင့် ဝိုင်းကြည့်နေကြသည်။ သို့သော် ကျိုရို့ထျန်းက သူမထံမှ ထိုမေးခွန်း ထွက်လာမည်ကို ကြိုသိနေပုံရသည်။
ထို့နောက် သူက ဝမ်းနည်းနေသော မျက်နှာနှင့် ပြောလိုက်သည်။
"ဝမ်အာ … မင်း ငါ့ကို မမှတ်မိဘူးလား … ညသန်းခေါင်ယံအချိန်တစ်ရက်မှာပေါ့ … ငါ အဖျားမိခဲ့တာကြောင့် မင်းက နှင်းတွေကြားထဲမှာ ခုနစ်မိုင်အထိ ပြေးပြီး ငါ့ကို ကူညီပေးနိုင်မယ့် ဆေးခန်းကို လိုက်ရှာခဲ့တယ်လေ … မင်းက ခြေဗလာနဲ့ ပြေးခဲ့တာလေ"
"ဆရာဝန်တွေက မင်းကို သူတောင်းစားလေးလို့ ထင်ခဲ့တယ်လေ … အဲ့ဒါကြောင့် သူတို့က မင်းဆီက ပိုက်ဆံ အရင်တောင်းတယ် … မင်းက ပိုက်ဆံ မရှိဘူးလို့လည်း ပြောရော သူတို့က မင်းကို မောင်းထုတ်ခဲ့ကြတာလေ"
"မင်းမှာ ဆေးခန်းတစ်ခုထဲ ခိုးဝင်ပြီး ဆေးတွေ ခိုးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူးလေ … ဒါပေမယ့် မင်း လူမိသွားပြီး အရိုက်ခံခဲ့ရတယ် … မင်း တစ်ကိုယ်လုံး မည်းနက် ပြာနှမ်းတဲ့အထိ အရိုက်ခံရပြီး သွေးတွေနဲ့ ပေကျံနေခဲ့တာလေ"
"မင်း ဒါတွေ အားလုံးကို မေ့သွားခဲ့တာလား"
ကျိုရို့ထျန်း၏ စကားကြောင့် ကျုံးဝမ် နားဝေတိမ်တောင် ဖြစ်သွားရသည်။ ဖန်သားပြင်ပေါ်မှ ကျုံးဝမ်၏ အမူအရာကို မြင်လိုက်ရသော စင်အောက်မှ ပရိသတ်များအားလုံး ရူးသွပ်မတတ် ဖြစ်သွားကြသည်။
*တကယ်ပဲကိုး*
*အဲ့ဒါတွေအားလုံးက အမှန်တွေပဲ*
*ကျိုရို့ထျန်းက တကယ်ပဲ ကျုံးဝမ် လိုက်ရှာနေခဲ့တဲ့ မောင်ငယ်လေးကိုး*
*မဟုတ်ရင် သူက သူမတို့ရဲ့ လျှို့ဝှက်ချက်တွေကို သိမှာမဟုတ်ဘူး*
ကျိုရို့ထျန်းက ဆက်ပြောလာခဲ့သည်။
"ကိုယ်တို့ အပြင်ထွက်ပြီး အစာရှာတုန်းက ကိုယ်တို့ အိမ်ခြေရာမဲ့တစ်ယောက်ရဲ့ လုယက်တာကို ခံခဲ့ရတယ်လေ … ကိုယ်တို့ ရိုက်နှက်ခံရပြီး သွေးအလိမ်းလိမ်း ဖြစ်ခဲ့တယ် … မင်းက အဲ့အိမ်ခြေရာမဲ့ရဲ့ ခြေထောက်ကို မင်းအသက်နဲ့ ရင်းပြီး ဖက်ထားပြီးတော့ ကိုယ့်ကို ထွက်ပြေးဖို့ ပြောခဲ့တယ်လေ … မင်းက မင်းအသက်နဲ့ ကိုယ့်အသက်ကို လဲချင်ခဲ့တာလေ"
"မင်း အဲ့ဒါတွေ အားလုံးကိုရော မေ့သွားတာပဲလား"
ကျိုရို့ထျန်းက အလွန် ချစ်ခင်ဟန်ဖြင့် ပြောနေသည်။ ထို့နောက် သူက သူ့နောက်လိုက်တစ်ယောက်ကို အချက်ပြလိုက်သည်။ ချက်ချင်းပင် ထိုနောက်လိုက်က လီလီပန်း ကိုးရာကိုးဆယ့်ကိုးပွင့်ကို သူ့ထံသို့ လာပေးသည်။
ကျန်နောက်လိုက်တစ်ယောက်က သစ်သားဘူးလေးကို ဖွင့်၍ စိန်လက်စွပ်လေးကို ထုတ်ပေးသည်။
ကျိုရို့ထျန်းက ပန်းပွင့်ကို ဘယ်လက်နှင့်ကိုင်ကာ ညာလက်နှင့် စိန်လက်စွပ်ကို ကိုင်၍ ကျုံးဝမ်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ပြောလာသည်။
"ဝမ်အာ … ကိုယ်မင်းကို ဒီဆယ့်နှစ်နှစ်ကျော် ကာလအတွင်း သတိရနေခဲ့တာပါ … ကျေးဇူးပြုပြီး ကျန်ကိုယ့်ဘဝတစ်လျှောက်လုံး ဒီအတွက် ပြုပြင်ခွင့်ပေးပါ … ကိုယ် မင်းကို ကိုယ့်အချစ်တွေ၊ မြတ်နိုးမှုတွေနဲ့ ပေးဆပ်ပါ့မယ်"
"ကျေးဇူးပြုပြီး ကိုယ့်ကို လက်ထပ်ပါ"
*သူ လက်ထပ်ခွင့်တောင်းနေတာပဲ*
….
ချက်ချင်းဆိုသလိုပင် အားကစားရုံတစ်ခုလုံး ပွက်လောရိုက်သွားသည်။ ထောင်သောင်းနှင့်ချီသော ပရိသတ်များက စိတ်လှုပ်ရှားမှုကြောင့် ရူးသွားမလားဟု ထင်မှတ်နေရသည်။
သူတို့၏ နတ်ဘုရားမလေးက သူမ လိုက်ရှာနေခဲ့သည့် မောင်ငယ်လေးအား တကယ် ပြန်ရှာတွေ့မည်ဟု မထင်ထားမိသလို ထိုကောင်လေးက ယန်ကျန့်မြို့မှ နံပါတ်တစ် သခင်လေး ဖြစ်နေလိမ့်မည်ဟုလည်း မည်သူမှ ထင်မထားခဲ့မိပါ။
မယုံနိုင်စရာကောင်းလှပါဘိ။
"သူ့ကိုလက်ထပ်လိုက်ပါ"
"သူ့ကိုလက်ထပ်လိုက်ပါ"
"သူ့ကိုလက်ထပ်လိုက်ပါ"
အားပေးသံများက အားကစားရုံတွင်း ပဲ့တင်ထပ်နေသည်။ လူတိုင်းက ကြည်ဖူးဖွယ် ကောင်းသော စုံတွဲလေးအတွက် ပျော်မြူးနေကြသည်။ ဤမြင်ကွင်းကြောင့် ကျိုရို့ထျန်းက ပြီတီတီပြုံးလိုက်မိသည်။ ဤသည်ကား သူ စောင့်နေသည့် အခိုက်အတန့်လေး ဖြစ်သည်။
သို့သော် စန္ဒရားပညာရှင်၏ မျက်နှာက သုန်မှုန်နေကာ ပြောဆိုနေသည်။
""သူ့ကို လက်မထပ်နဲ့ … အဲ့ဒါ အမှန်မဟုတ်ဘူး … သူက မင်း ရှာနေတဲ့သူ လုံးဝ မဟုတ်ဘူး"
စန္ဒရားပညာရှင်သည် စကားတစ်ခွန်းချင်းစီကို လုံးဝ မယုံပါ။ ထိုကောင်လေးက ယဲ့ဖန်သာ ဖြစ်မည်ဟု သူ ယုံကြည်ထားသည်။
စန္ဒရား ပညာရှင်သာမက ရှေ့ဆုံးတန်းမှ ယဲ့လန်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များပါ မယုံသင်္ကာ အကြည့်များဖြင့် ကြည့်နေကြသည်။
ယဲ့ဖန်က ထိုကောင်လေးဖြစ်မည်ဟု သူတို့ ခန့်မှန်းထားခဲ့မိပြီးသား ဖြစ်သည်၊ သို့သော် ကျိုရို့ထျန်းက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူတို့ လုံးတ ထင်မှတ်မထားခဲ့မိပါ။
"ဝမ်အာ … ကိုယ့်ကို လက်ထပ်ပါ … ကိုယ် မင်းကို လက်ကျန်ဘဝတစ်လျှောက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"
ကျိုရို့ထျန်းက အလွန် မြတ်နိုးဟန်ဖြင့် တောင်းဆိုနေသည်။ သူ၏ အကြည့်များအောက်တွင် ကျုံးဝမ်က ရှေ့သို့ လျှောက်လာပြီး လီလီပန်း ကိုးရာကိုးဆယ့်ကိုးပွင့်နှင့် စိန်လက်စွပ်ကို ယူလိုက်သည်။
….
သူမ ရှေ့သို့ တိုးသွားသည်ကို မြင်ပြီး စန္ဒရား ပညာရှင်သည် ဗုံးထိမှန်သွားသကဲ့သို့ ဖင်ထိုင်ရက လဲကျသွားသည်။
*သူမ အလိမ်ခံလိုက်ရပြီ*
*ငါ့နတ်ဘုရားမလေး လှည့်စားခံလိုက်ရပြီ*
သူ စင်ပေါ်သို့ ပြေးတက်သွားပြီး ရိုကျို့ထျန်းက ထိုကောင်လေး လုံးဝ မဟုတ်ဟု သူ ကျုံးဝမ်ကို ပြောပြချင်နေမိသည်။
ယဲ့လန်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များ အလွန် စိတ်ပျက်သွားကြသည်။ တစ်ဘက်တွင်တော့ ကျိုရို့ထျန်း၏ မျက်နှာက စိတ်လှုပ်ရှားမှု၊ ကြည်နူးမှုများနှင့် ပြည့်နှက်နေကာ တောက်ပစွာ ပြုံးလိုက်မိသည်။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်ကြောင့် သူ့အပြုံးများ အေးခဲသွားရသည်။
"လူလိမ်"
ကျုံးဝမ်၏ လူသိရှင်ကြား စွပ်စွဲ ရှုတ်ချမှုနှင့်အတူ လီလီပန်း ကိုးရာကိုးဆယ့်ကိုးပွင့်နှင့်အတူ စိန်လက်စွပ်သည် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခံလိုက်ရသည်။
ဤမြင်ကွင်းကြောင့် ပွဲကြည့်ပရိသတ်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
*မဖြစ်နိုင်လိုက်တာ*
"ဝမ်အာ … မင်း …"
ကျိုရို့ထျန်းက မယုံသင်္ကာဟန်ဖြင့် ရေရွတ်လိုက်သည်။ သူ၏ သရုပ်တောင်ခြင်းက ပီပြင်လှသည်။ သူ့အစီအစဉ်က ဘယ်လိုမှားသွားသလဲဆိုတာ သူ စဉ်းစားမရ ဖြစ်နေသည်။
"ပါးစပ်ပိတ်ထား … ကျွန်မကို ဝမ်အာလို့ မခေါ်နဲ့"
ကျုံးဝမ်၏ လှပသော မျက်နှာလေးက အလွန်အမင်း ဖြူဖပ်ဖြူရော်ဖြစ်နေကာ ကျိုရို့ထျန်းအား စိုက်ကြည့်ပြီး တုန်ယင်စွာ ပြောလိုက်သည်။
"ကျွန်မအကြောင်း သိပြီးရုံနဲ့ ကျွန်မကို လှည့်စားလို့ ရမယ်လို့ ရှင်ထင်နေတာလား"
"ရှင် မှားနေပြီ … လက်စသတ်တော့ ဒါ ကျွန်မဘက်က စီးပွားရေး အကျိုးဆောင်သမားရဲ့ လက်ချက်ကိုး"
"နှင်းကျနေတဲ့ လမ်းမပေါ်မှာ ခုနစ်မိုင်ကို လမ်းလျှောက်ပြီး ကျွန်မအတွက် ဆေးသွားရှာပေးခဲ့တာ သူ"
"ဆေးခန်းထဲ ခိုးဝင်ပြီး ကျွန်မအတွက် ဆေးဝင်ခိုးပေးခဲ့တာ သူပဲ … သူပဲ ရိုက်နှက်ခံရပြီး သွေးအလိမ်းလိမ်း ဖြစ်နေခဲ့တာ"
"အိမ်ရာမဲ့ လူရဲ့ လုယက်တာကို ခံရတုန်းက အဲ့လူရဲ့ ခြေထောက်ကို ကျွန်မအသက်ဘေးအတွက် ဖက်ထားခဲ့တာ သူပဲ"
*ဘာ*
သူမ စကားကြောင့် ကျိုရို့ထျန်း လုံးဝ တွေဝေသွားရသည်။
"ကျွန်မ ဒိုင်ယာရီစာအုပ်ကို ကျွန်မရဲ့ စီးပွားရေး အကျိုးဆောင်ဆီကနေ ဝယ်လိုက်ရုံနဲ့ ကျွန်မရဲ့ သုံးလတာ အချိန်ကာလကို ရှင် တကယ် နားလည်နိုင်လိမ့်မယ်လို့ ရှင် ထင်နေတာလား"
"ရှင် ထင်တာ မှားသလို … သူမလည်း မှားနေတယ် … ကျွန်မ ဒိုင်ယာရီထဲက သူဆိုတဲ့ နာမ်စားက ကျွန်မကိုယ်ကျွန်မ သုံးထားတာ၊ ကျွန်မဆိုတဲ့ နာမ်စားက သူ့ကို ရည်ညွှန်းထားတာ"

သူမ၏ ရှင်းပြချက်ကို ကြားရပြီးနောက် ကျိုရို့ထျန်းက နေသောနေသော နေ့၌ မိုးကြိုးပစ်ခံလိုက်ရသလို အလွန် အံ့ဩသွားသည်။
ကျုံးဝမ်က ထိုလူကို သည်လောက် ချစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပါ။ ကျုံးဝမ်က ဒိုင်ယာရီထဲတွင် ထိုသူ၏ နေရာ၌ သူမကိုယ်သူမ အစားထိုး၍ ရေးထားလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထားခဲ့မိပါ။
သို့သော် ဤမျှနှင့် မပြီးသေးပါ။ ထို့နောက် ကျုံးဝမ်က စင်အစွန်းရှိ မှောင်ရိပ်ထဲ၌ ရှိနေသော ယဲ့ဖန်ကို လှမ်းကြည့်ကာ သနားစဖွယ် ငိုကြွေးလေတော့သည်။
"မောင်ငယ်လေး …. မင်း … မင်း မမကို မတွေ့ချင်တော့တာလား"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now