Chapter 263

1.2K 149 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (263) ဒဏ္ဍာရီအဆင့်များ ကမ္ဘာပျက်သောနေ့
ရွှစ်!
ထိုအသံတစ်ချက်နှင့်အတူ ကျင်းတကျုံး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။
တောက်! တောက်!
ရဲရဲနီနေသော သွေးများက သူ၏ နဖူးအလယ်တည့်တည့်မှ တစ်စက်ချင်း စီးကျလာသည်။ နတ်ဆိုးလက်သည်းသည် သူ၏ မျက်ကွယ်နေရာမှ သူ့ဦးခေါင်းသို့ ထိုးဖောက်လာခြင်း ဖြစ်သည်။
"ဒါ မဖြစ်နိုင်ဘူး"
ကျင်းတကျုံးက အံ့ဩထိတ်လန့်နေသော မျက်နှာဖြင့် ရေရွတ်မိသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်၏ ဝိုင်းထားခြင်း ခံထားရသော ယဲ့ဖန်၏ လက်ထဲ သူ အသတ်ခံလိုက်ရသည်ကို သူ လက်မခံနိုင် ဖြစ်နေသည်။
ဘုန်း!
ကျင်းတကျုံး၏ အလောင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ တစ်ချိန်တည်းမှာပင် စည်းဝိုင်းတစ်ခုလုံး စိတ်မချမ်းမသာ ဖြစ်သွားကြသည်။
လူတိုင်းသည် ကျင်းတကျုံး၏ အလောင်းဘေး၌ ရပ်နေသော နတ်ဆိုးပုံရိပ်တစ်ခုကို ကြည့်နေမိကြသည်။
ထိုလူ၏ လက်ဖဝါးမှ သွေးများ စီးကျလို့နေသည်။ ကျင်းတကျုံး၏ မူလ သလင်းကျောက်က သူ့လက်ထဲ ရောက်လို့နေ၏။
"တကျုံး … မင်း တကျုံးကို သတ်လိုက်တယ်"
လီကျိုးကော အလွန် ဒေါကန်သွားသည်။ ဤမျှ အချိန်တိုလေးအတွင်း၌ ယဲ့ဖန်က သူ့ညီအစ်ကို နှစ်ယောက်ကို သတ်လိုက်နိုင်မည်ဟု သူ ထင်မထားခဲ့မိပါ။
"သောက်ခွေးမသားလေး … သေပေတော့"
လီကျင်းကောက ချက်ချင်း သူ၏ ချွန်ထက်သော လက်သည်းများအား ယဲ့ဖန်ထံသို့ အားနှင့် ထိုးစိုက်သည်။
အခြားသူ သုံးယောက်သည်လည်း တစ်ဟုန်ထိုး တိုးတက်လာသော ကြမ်းကြုတ်သည့် ချီဓာတ်များနှင့်အတူ သူတို့၏ သေစေနိုင်သော သိုင်းကွက်များကို အသုံးပြုလာကြသည်။
ထို့နောက်သည် သူတို့သည် ရူးသွပ်နေသော သားရဲရိုင်းကြီး လေးကောင်ကဲ့သို့ ယဲ့ဖန်အား အားနှင့် ဝိုင်း၍ တိုက်ခိုက်လေသည်။ သူတို့သည် သူတို့၏ လက်သီး၊ တံတောင်ဆစ်၊ ဒူးနှင့် လက်ဖဝါးတို့၌ ခွန်အားအကုန် ထည့်၍ တိုက်ခိုက်နေကြသည်။
တိုက်ကွက်တစ်ကွက်ချင်းစီက စည်းဝိုင်း၏ ထောင့်နေရာတိုင်းအား ဖျက်စီးပစ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် စည်းဝိုင်းသည် တစ်စစီ ကျိုးပျက်သွားလေတော့သည်။
ယဲ့ဖန်က ကျင်းတကျုံး၏ မူလ သလင်းကျောက်ကို ချက်ချင်း ကောက်ဝါးလိုက်သည်။ ထို့နောက် သူသည် သူတို့၏ သာမန်တိုက်ကွက်များက ရှောင်ရှားရင်း အရှိန်မြှင့်၍ နောက်သို့ ပြန်ဆုတ်နေသည်။
ကိုရီးယားလူမျိုးလေးယောက်လုံးသည် ဒဏ္ဍာရီ နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။ သူတို့ အတူပူးပေါင်း၍ တိုက်ခိုက်ကြသောအခါ သူတို့၏ တိုက်ပွဲဝင်ခွန်အားများက တစ်ဟုန်ထိုး တိုးပွားလာတော့သည်။
ယဲ့ဖန် အရင်က ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များကို သတ်ခဲ့ဖူးတာတောင်မှ သူက ဆရာသခင် ဖြစ်ခါနီးအဆင့် ဖြစ်နေသောကြောင့် သူ မုချသေရပေမည်။
သူတို့၏ ရက်စက်သော တိုက်ကွက်များနှင့် ရင်ဆိုင်ရသောကြောင့် ယဲ့ဖန်သည် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူ့မျက်လုံးများက အလွန် တောက်ပလာကာ သူ့ပုံစံက ပိုပိုပြီး စိတ်လှုပ်ရှားနေပုံရသည်။
"မဖြစ်ဘူး …. ယဲ့ဖန် ဒဏ်ရာရသွားပြီ"
ဟွာရှ သိုင်းသမားများ နားနေရာ နေရာမှ လူတိုင်း အလွန် ပူပင်လာကြသည်။ သူတို့သည် ချွေးတဒီးဒီးကျရင်း ဂနာမငြိမ်နိုင်သော မျက်လုံးများနှင့် စည်းဝိုင်းထဲအား ကြည့်နေမိကြသည်။
ယဲ့ဖန်၏ ပါးစပ်မှ ရဲရဲနီနေသော သေါးကို ကြည့်ပြီး သူတို့ အလွန် စိုးရိမ်လာကြသည်။
"ဟီးဟီး … အဲ့ခွေးမသားလေး သေတော့မှာပဲ"
ကျိုဟမ့်ရှန်သည် ရက်စက်သော လှောင်ပြုံးပြုံးရင်း ယဲ့ဖန် သေမည်ကို မစောင့်နိုင်တော့သည့်ဟန်ဖြင့် ပြောဆိုနေသည်။
ယဲ့ဖန်၏ သေဆုံးခြင်းနှင့်အတူ အမှောင်ဂိုဏ်းသည် သူတို့၏ သေဆုံးသွားသော သခင်လေးအတွက် ဘာထိခိုက်ဒဏ်ရာမှ မရဘဲ လက်စားချေနိုင်တော့မှာပင်။
ယဲ့မုန့်ထန်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ ယဲ့ဖန်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်ကို သတ်လိုက်သည့်အချက်က သူ့အား အလွန် ထိတ်လန့်သွားစေခဲ့သည်။
"ခွေးမသားလေး … မြန်မြန် သေစမ်းပါကွာ … မင်း သေသွားရင် ယဲ့ကလန်ကို ငါ ယန့်မုန့်ထန်လက်ထဲ ရောက်လာတော့မှာ"
ယဲ့မုန့်ထန်က မနှစ်မြို့ဖွယ်ကောင်းသော သရော်ပြုံးမျိုး ပြုံးလိုက်သည်။ သို့သော် ထိုစဉ် သူ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သူ့အပြုံးသည် အေးခဲသွားလေတော့သည်။
"မဟုတ်ဘူး … ကျုံးကော သတိထား"
ဖျောင်ထိုက်ရှင်းသည် စည်းဝိုင်းထဲမှ လီကျုံးကောကို စိုးရိမ်တကြီး အော်၍ ပြောလိုက်သည်။ သို့ပေမဲ့ သူ့စကားအဆုံးတွင် ယဲ့ဖန်က သန်မာသော ချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။
ဆရာသခင်အဆင့်ပါလား။
ယဲ့ဖန် အဆင့်တက်သွားလေပြီ။
တစ်ချိန်တည်းမှာပင် သူသည် အားပါသော လက်သီးတစ်ချက် ထုတ်သုံးလိုက်သဖြင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်သည် အင်အားပြင်းထန်သော ချီဓာတ်၏ ဖိနှိပ်ခြင်း ခံရသဖြင့် အဝေးသို့ လွင့်ထွက်သွားသည်။
ထို့နောက် ယဲ့ဖန်က လီကျုံးကောအား သူ၏ သံမဏိလက်ဖဝါးဖြင့် ကြမ်းကြုတ်စွာ ရိုက်နှက်လိုက်သည်။
"သေစမ်း"
လီကျုံးကော သေမတတ် ကြောက်လန့်သွားသည်။ သူ့ကိုယ်သူ သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခြင်းကို ခံရရသည်ဟု ခံစားမိပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားရသည်။ ထို့နောက် သူသည် လက်ကို မြှောက်၍ ယဲ့ဖန်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်လိုက်သည်။
ရွှစ်!
ယဲ့ဖန်၏ လက်ဖဝါးက လီကျုံးကော၏ လက်မောင်းထံသို့ ချွန်ထက်သော လက်နက်ကဲ့သို့ တိုက်ရိုက် ထိုးဖောက်သွားသည်။ တစ်ခဏမျှ ကြာသော် သူ၏ လက်ဖဝါးက လီကျုံးကော၏ နှလုံးသားသို့ ထိုးဖောက်သွားသည်။
ထိုအချိန်တွင် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားရသည်။ ယဲ့ဖန်သည် တိုက်ပွဲအတွင်း အဆင့်တက်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပါ။
ထို့အပြင် ဘာမဟုတ်သည့် ဆရာသခင်အဆင့်လေးက ဤမျှ ကြောက်ဖို့ ကောင်းလိမ့်မည်ဟုလည်း ထင်မထားခဲ့မိကြပါ။
လီကျုံးကောသည် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်မိပြီးနောက် သူ၏ မျက်နှာသည် အလွန် ထိတ်လန့်ဟန်ပေါ်နေပြီး ပြာနှမ်းလို့နေ၏။
သူ ခေါင်းငုံ့၍ သူ့ရင်ဘတ်အတွင်း ထိုးဖောက်သွားသော လက်ဖဝါးအား တုန်လှုပ်၍ မလိုလားဟန်ဖြင့် ကြည့်နေမိသည်။ ထို့နောက် သူ ရေရွတ်လိုက်မိသည်။
"အရမ်း … အရမ်း ခွန်အားကြီးတာပဲ"
ထိုသို့ပြောပြီးနောက် လီကျုံးကောသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။ သူ သေသွားချေပြီ။
ထို့နောက် သူ့ရင်ဘတ်မှ ရဲရဲနီနေသော သွေးများ ပန်းထွက်လာသည်။ ဆိုးရွား နံစော်သော အနံ့အသက်က တိုက်ခိုက်ရေး ကလပ်အတွင်းရှိ လူတိုင်းအား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်လုံး အချိန်တိုလေးအတွင်း၌ ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဤသည်ကား အံ့ဩဖွယ်ကောင်းလှသည်။
ယဲ့ဖန်က လီကျုံးကော၏ မူလ သလင်းကျောက်အား သူ၏ နဖူးအလယ်တည့်တည့်မှ ထုတ်ယူပြီးနောက် ပါးစပ်ထဲ ကောက်ထည့်လိုက်သဖြင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များအားလုံး ငြိမ်ကုပ်သွားကြသည်။
ထူးဆန်းလိုက်တဲ့ကောင်။
သည်လောက် ရက်စက်သည့် လူထူးလူဆန်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ သူ လူမဟုတ်လောက်။
"ကျုံးကော"
ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်သည် ထိတ်လန့် ဒေါသထွက်နေပြီး သူတို့ မြင်နေရသည်များကို မယုံချင်သလို ဖြစ်နေသည်။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်အဖွဲ့က တိုက်ပွဲအား ရှုံးနိမ့်လို့သွားလေပြီ။
*အဲ့ကောင် လူမှ ဟုတ်ရဲ့လား*
"အခု သူ သေသွားပြီဆိုတော့ မင်းတို့ သူ့ကို သွားအဖော်လုပ်ပေးသင့်တယ်"
ထိုစဉ် ယဲ့ဖန်၏ တင်းမာသော အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ထံသို့ အသံထက်မြန်သော နှုန်းဖြင့် ပြေးဝင်းသွားသည်။
"မင်းတော့ အသေပဲကွာ"
ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ထဲမှ တစ်ယောက်သည် အလွန် ဒေါကန်နေသဖြင့် ကြုံးဝါး ပြောဆိုလိုက်သည်။
တစ်ဟုန်ထိုး တောက်လောင်နေသော အခြေခံ စွမ်းအင်များ၊ သွေးများနှင့်အတူ သူသည် ယဲ့ဖန်ထံသို့ အရူးအမူး ပြေးဝင်သွားသည်။ သူ့နောက်မှ ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ လိုက်ပါလာသည်။
ဒုန်း! ဒုန်း! ဒုန်း!
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ ယဲ့ဖန်နှင့် ထိပ်တိုက် တိုက်ပွဲဝင်သွားကြသည်။ ထို့နောက် သူတို့၏ ရင်ဆိုင်တိုက်ပွဲကြောင့် စည်းဝိုင်းတစ်ခုလုံး ပြိုကျကာ ကျောက်တုံး အပိုင်းအစများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။
ဝဲပျံနေသော ကြောက်မက်ဖွယ်ကောင်းသည့် ချီမျှင်စုများက အခြားသိုင်းပညာရှင်များအား သေမတတ် ထိတ်လန့်လာစေသည်။
သူတို့ မြင်လိုက်ရသည့်အရာကြောင့် သူတို့ အသားကုန် တုန်လှုပ်နေကြသည်။ ယဲ့ဖန်သည် တိုက်ပွဲအတွင်းမှာပင် ပို၍ ပို၍ သန်မာလာသည်။
သူသည် တိုက်ကွက်တစ်ကွက် ထုတ်လိုက်တိုင်း လေထဲသို့ သွေးစများနှင့် အသားစများကို လွင့်ပျံသွားစေပြီး ငရဲမှ ထွက်ပေါ်လာသော စစ်နတ်ဘုရားနှင့် ဆင်တူလှသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။
ယဲ့ဖန် ရှေ့သို့ တက်လာတိုင်း ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်အား နောက်သို့ ဆုတ်သွားစေသည်။
ဤသည်ကား တစ်ဖတ်သတ် တိုက်ပွဲပင်။ ယဲ့ဖန်က ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ကို ဖိနှိပ်လို့ထားသည်။
ကြည့်ရှုနေသည့် လူအုပ်ကြီးက အလွန်ထိတ်လန့်သွားစေသည်။ သို့သော်လည်း ဤမျှနှင့် အဆုံးမသတ်သေးချေ။
ဝုန်း!
ဖျောင်ကျုံးရွှင်း ယဲ့ဖန်ကို တိုက်ခိုက်သည်က လွဲသွားသည်၊ ထို့နောက် ယဲ့ဖန်က သူ့ကို အားနှင့် ပြန်၍ တိုက်ခိုက်လာသည်။
ဂျွတ်!
ဖျောင်ကျုံးရွှင်း၏ ကျောရိုး ဂျွတ်ခနဲ ကျိုးသွားကာ အရိုးကျိုးသံက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအကျိုးဆက်ကြောင့် ဖျောင်ကျုံးရွှမ်သည် မြေကြီးပေါ်သို့ ရွှံ့စေးကဲ့သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။
ရွှစ်!
ယဲ့ဖန်သည် သူ၏ နတ်ဆိုးလက်သည်းဖြင့် ထိုလူ၏ နဖူးအလယ်တည့်တည့်ကို ဖောက်၍ မူလ သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
လေးယောက်မြောက် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် အသတ်ခံလိုက်ရလေပြီ။ တစ်ခဏမျှကြာသော် ယဲ့ဖန်က သူ၏ သလင်းကျောက်ကို မြိုချပြီး ကျင်းတချမ်းနှင့် ဖျောင်ကျုံးချမ်းတို့ ထံသို့ ပြေးဝင်သွားသည်။
"သေပေတော့"
ယဲ့ဖန်က တလက်လက်တောက်နေသော မျက်လုံးများဖြင့် ကျင်းတချမ်း၏ လက်ဖဝါးအား အားနှင့် ထိုးနှက်လိုက်သည်။
ထို့နောက် သူသည် ပြိုင်ဘက်၏ ဦးခေါင်းအား သူ၏ သံမဏိလက်သီးဖြင့် ကျိုးကြေအောင် ထိုးနှက်လိုက်သည်။
အုန်း!
ကျင်းတချမ်း၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားလေသည်။ သူ၏ ခေါင်းပြတ်နေသော ကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ အမှိုက်အိတ်သဖွယ် ပြုတ်ကျသွားသည်။
ထိုအချိန်တွင် အလောင်းငါးလောင်းက စည်းဝိုင်းထဲ၌ လဲကျလို့နေပြီး ဖျောင်ကျုံးချမ်းတစ်ယောက်သာ ကျန်နေခဲ့သည်။
"သရဲ …မင်း … မင်းက သရဲပဲ"
ဖျောင်ကျုံးချမ်း သေမတတ် ချောက်ချားလို့နေသည်။ သူ ထပ်၍ မတိုက်ချင်တော့ပါ။
*ထွက်ပြေးရမယ် … ထွက်ပြေးရမယ် … ထွက်ပြေးရမယ်*
သူသည် ယဲ့ဖန်နှင့် တိုက်ခိုက်ရန် လက်လျှော့၍ သူ အသက်ရှင်ရေးကိုသာ လိုချင်မိသည်။ ထို့ကြောင့် သူသည် ဖျောင်ထိုက်ရှင်းထံသို့ ကြောက်စိတ်မွှန်နေသော ယုန်ကဲ့သို့ ပြေးထွက်သွားသည်။
ဆယ်မီတာ၊ ငါးမီတာ၊ သုံးမီတာ။
ဖျောင်ကျုံးချမ်းသည် ဖျောင်ထိုက်ရှင်းနှင့် နီးကပ်လာသဖြင့် သူ့အသက်ရှင်ရန် အခွင့်အရေး ပိုရလာသလို ခံစားလိုက်ရသည်။
သို့သော် စည်းဝိုင်း၏ အစွန်းသို့ ရောက်ချိန်တွင် သူ အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် သူ့ရင်ဘတ်မှ သွေးများက ငေါက်ခနဲ ပန်းထွက်လာသည်။
ထို့နောက် သူ တောင့်ခနဲ ဖြစ်သွားသည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ လက်ဖဝါးတစ်ဘက်က သူ့ရင်ဘတ်အား ဖောက်ထွင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာပေါ်၌ အကြောက်တရားနှင့် မလိုလားဟန်များ ဖုံးလွှမ်းလာသည်။
"ငါ…. ထွက်ပြေးတာ … မအောင်မြင်ပါလား"
ဘုန်းခနဲ အသံနှင့်အတူ ဖျောင်ကျုံးချမ်း၏ အသက်မဲ့နေ‌သော ခန္ဓာကိုယ်က လဲကျသွားသည်။ အသက်မဲ့နေသော အလောင်းခြောက်လောင်းက စည်းဝိုင်းတွင် လဲနေပြီး လတ်ဆတ်သော သွေးစီးကြောင်းများက ကြမ်းပြင်ကို ဖုံးလွှမ်းလို့ နေ၏။
#ZAWGYI
CHAPTER (263) ဒ႑ာရီအဆင့္မ်ား ကမာၻပ်က္ေသာေန႔
႐ႊစ္!
ထိုအသံတစ္ခ်က္ႏွင့္အတူ က်င္းတက်ဳံး၏ ခႏၶာကိုယ္ တုန္ယင္သြားသည္။
ေတာက္! ေတာက္!
ရဲရဲနီေနေသာ ေသြးမ်ားက သူ၏ နဖူးအလယ္တည့္တည့္မွ တစ္စက္ခ်င္း စီးက်လာသည္။ နတ္ဆိုးလက္သည္းသည္ သူ၏ မ်က္ကြယ္ေနရာမွ သူ႔ဦးေခါင္းသို႔ ထိုးေဖာက္လာျခင္း ျဖစ္သည္။
"ဒါ မျဖစ္ႏိုင္ဘူး"
က်င္းတက်ဳံးက အံ့ဩထိတ္လန႔္ေနေသာ မ်က္ႏွာျဖင့္ ေရ႐ြတ္မိသည္။ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ငါးေယာက္၏ ဝိုင္းထားျခင္း ခံထားရေသာ ယဲ့ဖန္၏ လက္ထဲ သူ အသတ္ခံလိုက္ရသည္ကို သူ လက္မခံႏိုင္ ျဖစ္ေနသည္။
ဘုန္း!
က်င္းတက်ဳံး၏ အေလာင္းသည္ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်လာသည္။ တစ္ခ်ိန္တည္းမွာပင္ စည္းဝိုင္းတစ္ခုလုံး စိတ္မခ်မ္းမသာ ျဖစ္သြားၾကသည္။
လူတိုင္းသည္ က်င္းတက်ဳံး၏ အေလာင္းေဘး၌ ရပ္ေနေသာ နတ္ဆိုးပုံရိပ္တစ္ခုကို ၾကည့္ေနမိၾကသည္။
ထိုလူ၏ လက္ဖဝါးမွ ေသြးမ်ား စီးက်လို႔ေနသည္။ က်င္းတက်ဳံး၏ မူလ သလင္းေက်ာက္က သူ႔လက္ထဲ ေရာက္လို႔ေန၏။
"တက်ဳံး … မင္း တက်ဳံးကို သတ္လိုက္တယ္"
လီက်ိဳးေကာ အလြန္ ေဒါကန္သြားသည္။ ဤမွ် အခ်ိန္တိုေလးအတြင္း၌ ယဲ့ဖန္က သူ႔ညီအစ္ကို ႏွစ္ေယာက္ကို သတ္လိုက္ႏိုင္မည္ဟု သူ ထင္မထားခဲ့မိပါ။
"ေသာက္ေခြးမသားေလး … ေသေပေတာ့"
လီက်င္းေကာက ခ်က္ခ်င္း သူ၏ ခြၽန္ထက္ေသာ လက္သည္းမ်ားအား ယဲ့ဖန္ထံသို႔ အားႏွင့္ ထိုးစိုက္သည္။
အျခားသူ သုံးေယာက္သည္လည္း တစ္ဟုန္ထိုး တိုးတက္လာေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ားႏွင့္အတူ သူတို႔၏ ေသေစႏိုင္ေသာ သိုင္းကြက္မ်ားကို အသုံးျပဳလာၾကသည္။
ထို႔ေနာက္သည္ သူတို႔သည္ ႐ူးသြပ္ေနေသာ သားရဲ႐ိုင္းႀကီး ေလးေကာင္ကဲ့သို႔ ယဲ့ဖန္အား အားႏွင့္ ဝိုင္း၍ တိုက္ခိုက္ေလသည္။ သူတို႔သည္ သူတို႔၏ လက္သီး၊ တံေတာင္ဆစ္၊ ဒူးႏွင့္ လက္ဖဝါးတို႔၌ ခြန္အားအကုန္ ထည့္၍ တိုက္ခိုက္ေနၾကသည္။
တိုက္ကြက္တစ္ကြက္ခ်င္းစီက စည္းဝိုင္း၏ ေထာင့္ေနရာတိုင္းအား ဖ်က္စီးပစ္လိုက္သည္။ စကၠန႔္ပိုင္းအတြင္းမွာပင္ စည္းဝိုင္းသည္ တစ္စစီ က်ိဳးပ်က္သြားေလေတာ့သည္။
ယဲ့ဖန္က က်င္းတက်ဳံး၏ မူလ သလင္းေက်ာက္ကို ခ်က္ခ်င္း ေကာက္ဝါးလိုက္သည္။ ထို႔ေနာက္ သူသည္ သူတို႔၏ သာမန္တိုက္ကြက္မ်ားက ေရွာင္ရွားရင္း အရွိန္ျမႇင့္၍ ေနာက္သို႔ ျပန္ဆုတ္ေနသည္။
ကိုရီးယားလူမ်ိဳးေလးေယာက္လုံးသည္ ဒ႑ာရီ ေနာက္ဆုံးအဆင့္မ်ား ျဖစ္ၾကသည္။ သူတို႔ အတူပူးေပါင္း၍ တိုက္ခိုက္ၾကေသာအခါ သူတို႔၏ တိုက္ပြဲဝင္ခြန္အားမ်ားက တစ္ဟုန္ထိုး တိုးပြားလာေတာ့သည္။
ယဲ့ဖန္ အရင္က ဒ႑ာရီ အထြတ္အထိပ္အဆင့္ သိုင္းပညာရွင္မ်ားကို သတ္ခဲ့ဖူးတာေတာင္မွ သူက ဆရာသခင္ ျဖစ္ခါနီးအဆင့္ ျဖစ္ေနေသာေၾကာင့္ သူ မုခ်ေသရေပမည္။
သူတို႔၏ ရက္စက္ေသာ တိုက္ကြက္မ်ားႏွင့္ ရင္ဆိုင္ရေသာေၾကာင့္ ယဲ့ဖန္သည္ ပါးစပ္ေထာင့္မွ ေသြးမ်ား စီးက်လာသည္။ သို႔ေသာ္ သူ႔မ်က္လုံးမ်ားက အလြန္ ေတာက္ပလာကာ သူ႔ပုံစံက ပိုပိုၿပီး စိတ္လႈပ္ရွားေနပုံရသည္။
"မျဖစ္ဘူး …. ယဲ့ဖန္ ဒဏ္ရာရသြားၿပီ"
ဟြာရွ သိုင္းသမားမ်ား နားေနရာ ေနရာမွ လူတိုင္း အလြန္ ပူပင္လာၾကသည္။ သူတို႔သည္ ေခြၽးတဒီးဒီးက်ရင္း ဂနာမၿငိမ္ႏိုင္ေသာ မ်က္လုံးမ်ားႏွင့္ စည္းဝိုင္းထဲအား ၾကည့္ေနမိၾကသည္။
ယဲ့ဖန္၏ ပါးစပ္မွ ရဲရဲနီေနေသာ ေသါးကို ၾကည့္ၿပီး သူတို႔ အလြန္ စိုးရိမ္လာၾကသည္။
"ဟီးဟီး … အဲ့ေခြးမသားေလး ေသေတာ့မွာပဲ"
က်ိဳဟမ့္ရွန္သည္ ရက္စက္ေသာ ေလွာင္ၿပဳံးၿပဳံးရင္း ယဲ့ဖန္ ေသမည္ကို မေစာင့္ႏိုင္ေတာ့သည့္ဟန္ျဖင့္ ေျပာဆိုေနသည္။
ယဲ့ဖန္၏ ေသဆုံးျခင္းႏွင့္အတူ အေမွာင္ဂိုဏ္းသည္ သူတို႔၏ ေသဆုံးသြားေသာ သခင္ေလးအတြက္ ဘာထိခိုက္ဒဏ္ရာမွ မရဘဲ လက္စားေခ်ႏိုင္ေတာ့မွာပင္။
ယဲ့မုန႔္ထန္သည္ သူ႔နဖူးမွ ေခြၽးမ်ားကို သုတ္လိုက္ရင္း သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။ ယဲ့ဖန္က ဒ႑ာရီအဆင့္ သိုင္းပညာရွင္ႏွစ္ေယာက္ကို သတ္လိုက္သည့္အခ်က္က သူ႔အား အလြန္ ထိတ္လန႔္သြားေစခဲ့သည္။
"ေခြးမသားေလး … ျမန္ျမန္ ေသစမ္းပါကြာ … မင္း ေသသြားရင္ ယဲ့ကလန္ကို ငါ ယန႔္မုန႔္ထန္လက္ထဲ ေရာက္လာေတာ့မွာ"
ယဲ့မုန႔္ထန္က မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ သေရာ္ၿပဳံးမ်ိဳး ၿပဳံးလိုက္သည္။ သို႔ေသာ္ ထိုစဥ္ သူ ေအာ္ဟစ္သံတစ္ခုကို ၾကားလိုက္ရသည္။ ထို႔ေနာက္ သူ႔အၿပဳံးသည္ ေအးခဲသြားေလေတာ့သည္။
"မဟုတ္ဘူး … က်ဳံးေကာ သတိထား"
ေဖ်ာင္ထိုက္ရွင္းသည္ စည္းဝိုင္းထဲမွ လီက်ဳံးေကာကို စိုးရိမ္တႀကီး ေအာ္၍ ေျပာလိုက္သည္။ သို႔ေပမဲ့ သူ႔စကားအဆုံးတြင္ ယဲ့ဖန္က သန္မာေသာ ခ်ီဓာတ္ကို ထုတ္လႊတ္လိုက္သည္။
ဆရာသခင္အဆင့္ပါလား။
ယဲ့ဖန္ အဆင့္တက္သြားေလၿပီ။
တစ္ခ်ိန္တည္းမွာပင္ သူသည္ အားပါေသာ လက္သီးတစ္ခ်က္ ထုတ္သုံးလိုက္သျဖင့္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္သည္ အင္အားျပင္းထန္ေသာ ခ်ီဓာတ္၏ ဖိႏွိပ္ျခင္း ခံရသျဖင့္ အေဝးသို႔ လြင့္ထြက္သြားသည္။
ထို႔ေနာက္ ယဲ့ဖန္က လီက်ဳံးေကာအား သူ၏ သံမဏိလက္ဖဝါးျဖင့္ ၾကမ္းၾကဳတ္စြာ ႐ိုက္ႏွက္လိုက္သည္။
"ေသစမ္း"
လီက်ဳံးေကာ ေသမတတ္ ေၾကာက္လန႔္သြားသည္။ သူ႔ကိုယ္သူ ေသမင္းနတ္ဘုရား၏ စိုက္ၾကည့္ျခင္းကို ခံရရသည္ဟု ခံစားမိၿပီး သူ႔တစ္ကိုယ္လုံး ၾကက္သီးေမြးညင္း ထသြားရသည္။ ထို႔ေနာက္ သူသည္ လက္ကို ေျမႇာက္၍ ယဲ့ဖန္၏ တိုက္ခိုက္မႈကို ခုခံရန္ ျပင္လိုက္သည္။
႐ႊစ္!
ယဲ့ဖန္၏ လက္ဖဝါးက လီက်ဳံးေကာ၏ လက္ေမာင္းထံသို႔ ခြၽန္ထက္ေသာ လက္နက္ကဲ့သို႔ တိုက္႐ိုက္ ထိုးေဖာက္သြားသည္။ တစ္ခဏမွ် ၾကာေသာ္ သူ၏ လက္ဖဝါးက လီက်ဳံးေကာ၏ ႏွလုံးသားသို႔ ထိုးေဖာက္သြားသည္။
ထိုအခ်ိန္တြင္ တိုက္ခိုက္ေရး ကလပ္တစ္ခုလုံး တစ္ဖန္ျပန္၍ တိတ္ဆိတ္သြားရသည္။ ယဲ့ဖန္သည္ တိုက္ပြဲအတြင္း အဆင့္တက္သြားလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိၾကပါ။
ထို႔အျပင္ ဘာမဟုတ္သည့္ ဆရာသခင္အဆင့္ေလးက ဤမွ် ေၾကာက္ဖို႔ ေကာင္းလိမ့္မည္ဟုလည္း ထင္မထားခဲ့မိၾကပါ။
လီက်ဳံးေကာသည္ ပါးစပ္အျပည့္ ေသြးတစ္လုတ္ အန္လိုက္မိၿပီးေနာက္ သူ၏ မ်က္ႏွာသည္ အလြန္ ထိတ္လန႔္ဟန္ေပၚေနၿပီး ျပာႏွမ္းလို႔ေန၏။
သူ ေခါင္းငုံ႔၍ သူ႔ရင္ဘတ္အတြင္း ထိုးေဖာက္သြားေသာ လက္ဖဝါးအား တုန္လႈပ္၍ မလိုလားဟန္ျဖင့္ ၾကည့္ေနမိသည္။ ထို႔ေနာက္ သူ ေရ႐ြတ္လိုက္မိသည္။
"အရမ္း … အရမ္း ခြန္အားႀကီးတာပဲ"
ထိုသို႔ေျပာၿပီးေနာက္ လီက်ဳံးေကာသည္ ၾကမ္းျပင္ေပၚသို႔ ဘုန္းခနဲ လဲက်သြားေလေတာ့သည္။ သူ ေသသြားေခ်ၿပီ။
ထို႔ေနာက္ သူ႔ရင္ဘတ္မွ ရဲရဲနီေနေသာ ေသြးမ်ား ပန္းထြက္လာသည္။ ဆိုး႐ြား နံေစာ္ေသာ အနံ႔အသက္က တိုက္ခိုက္ေရး ကလပ္အတြင္းရွိ လူတိုင္းအား ေၾကာက္လန႔္ကာ တုန္ယင္သြားေစသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွပါဘိ။
ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္ သုံးေယာက္လုံး အခ်ိန္တိုေလးအတြင္း၌ ယဲ့ဖန္၏ သတ္ျဖတ္ျခင္းကို ခံလိုက္ရသည္။
ဤသည္ကား အံ့ဩဖြယ္ေကာင္းလွသည္။
ယဲ့ဖန္က လီက်ဳံးေကာ၏ မူလ သလင္းေက်ာက္အား သူ၏ နဖူးအလယ္တည့္တည့္မွ ထုတ္ယူၿပီးေနာက္ ပါးစပ္ထဲ ေကာက္ထည့္လိုက္သျဖင့္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ားအားလုံး ၿငိမ္ကုပ္သြားၾကသည္။
ထူးဆန္းလိုက္တဲ့ေကာင္။
သည္ေလာက္ ရက္စက္သည့္ လူထူးလူဆန္းမ်ိဳး သူတို႔ တစ္ခါမွ မျမင္ခဲ့ဖူးပါ။ သူ လူမဟုတ္ေလာက္။
"က်ဳံးေကာ"
က်န္ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္သည္ ထိတ္လန႔္ ေဒါသထြက္ေနၿပီး သူတို႔ ျမင္ေနရသည္မ်ားကို မယုံခ်င္သလို ျဖစ္ေနသည္။
ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္အဖြဲ႕က တိုက္ပြဲအား ရႈံးနိမ့္လို႔သြားေလၿပီ။
*အဲ့ေကာင္ လူမွ ဟုတ္ရဲ႕လား*
"အခု သူ ေသသြားၿပီဆိုေတာ့ မင္းတို႔ သူ႔ကို သြားအေဖာ္လုပ္ေပးသင့္တယ္"
ထိုစဥ္ ယဲ့ဖန္၏ တင္းမာေသာ အသံက ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။ ထို႔ေနာက္ သူသည္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္ထံသို႔ အသံထက္ျမန္ေသာ ႏႈန္းျဖင့္ ေျပးဝင္းသြားသည္။
"မင္းေတာ့ အေသပဲကြာ"
ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္ထဲမွ တစ္ေယာက္သည္ အလြန္ ေဒါကန္ေနသျဖင့္ ႀကဳံးဝါး ေျပာဆိုလိုက္သည္။
တစ္ဟုန္ထိုး ေတာက္ေလာင္ေနေသာ အေျခခံ စြမ္းအင္မ်ား၊ ေသြးမ်ားႏွင့္အတူ သူသည္ ယဲ့ဖန္ထံသို႔ အ႐ူးအမူး ေျပးဝင္သြားသည္။ သူ႔ေနာက္မွ က်န္ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ား လိုက္ပါလာသည္။
ဒုန္း! ဒုန္း! ဒုန္း!
မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ သူတို႔ ယဲ့ဖန္ႏွင့္ ထိပ္တိုက္ တိုက္ပြဲဝင္သြားၾကသည္။ ထို႔ေနာက္ သူတို႔၏ ရင္ဆိုင္တိုက္ပြဲေၾကာင့္ စည္းဝိုင္းတစ္ခုလုံး ၿပိဳက်ကာ ေက်ာက္တုံး အပိုင္းအစမ်ားက ေနရာအႏွံ႔သို႔ လြင့္ပ်ံသြားသည္။
ဝဲပ်ံေနေသာ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ခ်ီမွ်င္စုမ်ားက အျခားသိုင္းပညာရွင္မ်ားအား ေသမတတ္ ထိတ္လန႔္လာေစသည္။
သူတို႔ ျမင္လိုက္ရသည့္အရာေၾကာင့္ သူတို႔ အသားကုန္ တုန္လႈပ္ေနၾကသည္။ ယဲ့ဖန္သည္ တိုက္ပြဲအတြင္းမွာပင္ ပို၍ ပို၍ သန္မာလာသည္။
သူသည္ တိုက္ကြက္တစ္ကြက္ ထုတ္လိုက္တိုင္း ေလထဲသို႔ ေသြးစမ်ားႏွင့္ အသားစမ်ားကို လြင့္ပ်ံသြားေစၿပီး ငရဲမွ ထြက္ေပၚလာေသာ စစ္နတ္ဘုရားႏွင့္ ဆင္တူလွသည္။
တစ္လွမ္း၊ ႏွစ္လွမ္း၊ သုံးလွမ္း။
ယဲ့ဖန္ ေရွ႕သို႔ တက္လာတိုင္း ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္အား ေနာက္သို႔ ဆုတ္သြားေစသည္။
ဤသည္ကား တစ္ဖတ္သတ္ တိုက္ပြဲပင္။ ယဲ့ဖန္က ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္သုံးေယာက္ကို ဖိႏွိပ္လို႔ထားသည္။
ၾကည့္ရႈေနသည့္ လူအုပ္ႀကီးက အလြန္ထိတ္လန႔္သြားေစသည္။ သို႔ေသာ္လည္း ဤမွ်ႏွင့္ အဆုံးမသတ္ေသးေခ်။
ဝုန္း!
ေဖ်ာင္က်ဳံး႐ႊင္း ယဲ့ဖန္ကို တိုက္ခိုက္သည္က လြဲသြားသည္၊ ထို႔ေနာက္ ယဲ့ဖန္က သူ႔ကို အားႏွင့္ ျပန္၍ တိုက္ခိုက္လာသည္။
ဂြၽတ္!
ေဖ်ာင္က်ဳံး႐ႊင္း၏ ေက်ာ႐ိုး ဂြၽတ္ခနဲ က်ိဳးသြားကာ အ႐ိုးက်ိဳးသံက ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။ ထိုအက်ိဳးဆက္ေၾကာင့္ ေဖ်ာင္က်ဳံး႐ႊမ္သည္ ေျမႀကီးေပၚသို႔ ႐ႊံ႕ေစးကဲ့သို႔ ဘုတ္ခနဲ ျပဳတ္က်သြားသည္။
႐ႊစ္!
ယဲ့ဖန္သည္ သူ၏ နတ္ဆိုးလက္သည္းျဖင့္ ထိုလူ၏ နဖူးအလယ္တည့္တည့္ကို ေဖာက္၍ မူလ သလင္းေက်ာက္ကို ထုတ္ယူလိုက္သည္။
ေလးေယာက္ေျမာက္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ အသတ္ခံလိုက္ရေလၿပီ။ တစ္ခဏမွ်ၾကာေသာ္ ယဲ့ဖန္က သူ၏ သလင္းေက်ာက္ကို ၿမိဳခ်ၿပီး က်င္းတခ်မ္းႏွင့္ ေဖ်ာင္က်ဳံးခ်မ္းတို႔ ထံသို႔ ေျပးဝင္သြားသည္။
"ေသေပေတာ့"
ယဲ့ဖန္က တလက္လက္ေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ က်င္းတခ်မ္း၏ လက္ဖဝါးအား အားႏွင့္ ထိုးႏွက္လိုက္သည္။
ထို႔ေနာက္ သူသည္ ၿပိဳင္ဘက္၏ ဦးေခါင္းအား သူ၏ သံမဏိလက္သီးျဖင့္ က်ိဳးေၾကေအာင္ ထိုးႏွက္လိုက္သည္။
အုန္း!
က်င္းတခ်မ္း၏ ဦးေခါင္းသည္ ဖရဲသီးကဲ့သို႔ ေပါက္ကြဲထြက္သြားေလသည္။ သူ၏ ေခါင္းျပတ္ေနေသာ ကိုယ္ႀကီးက ၾကမ္းျပင္ေပၚသို႔ အမႈိက္အိတ္သဖြယ္ ျပဳတ္က်သြားသည္။
ထိုအခ်ိန္တြင္ အေလာင္းငါးေလာင္းက စည္းဝိုင္းထဲ၌ လဲက်လို႔ေနၿပီး ေဖ်ာင္က်ဳံးခ်မ္းတစ္ေယာက္သာ က်န္ေနခဲ့သည္။
"သရဲ …မင္း … မင္းက သရဲပဲ"
ေဖ်ာင္က်ဳံးခ်မ္း ေသမတတ္ ေခ်ာက္ခ်ားလို႔ေနသည္။ သူ ထပ္၍ မတိုက္ခ်င္ေတာ့ပါ။
*ထြက္ေျပးရမယ္ … ထြက္ေျပးရမယ္ … ထြက္ေျပးရမယ္*
သူသည္ ယဲ့ဖန္ႏွင့္ တိုက္ခိုက္ရန္ လက္ေလွ်ာ့၍ သူ အသက္ရွင္ေရးကိုသာ လိုခ်င္မိသည္။ ထို႔ေၾကာင့္ သူသည္ ေဖ်ာင္ထိုက္ရွင္းထံသို႔ ေၾကာက္စိတ္မႊန္ေနေသာ ယုန္ကဲ့သို႔ ေျပးထြက္သြားသည္။
ဆယ္မီတာ၊ ငါးမီတာ၊ သုံးမီတာ။
ေဖ်ာင္က်ဳံးခ်မ္းသည္ ေဖ်ာင္ထိုက္ရွင္းႏွင့္ နီးကပ္လာသျဖင့္ သူ႔အသက္ရွင္ရန္ အခြင့္အေရး ပိုရလာသလို ခံစားလိုက္ရသည္။
သို႔ေသာ္ စည္းဝိုင္း၏ အစြန္းသို႔ ေရာက္ခ်ိန္တြင္ သူ အသံတစ္သံကို ၾကားလိုက္ရသည္။ ထို႔ေနာက္ သူ႔ရင္ဘတ္မွ ေသြးမ်ားက ေငါက္ခနဲ ပန္းထြက္လာသည္။
ထို႔ေနာက္ သူ ေတာင့္ခနဲ ျဖစ္သြားသည္။ ေခါင္းငုံ႔ၾကည့္လိုက္ေသာအခါ လက္ဖဝါးတစ္ဘက္က သူ႔ရင္ဘတ္အား ေဖာက္ထြင္းေနသည္ကို ေတြ႕လိုက္ရသျဖင့္ သူ႔မ်က္ႏွာေပၚ၌ အေၾကာက္တရားႏွင့္ မလိုလားဟန္မ်ား ဖုံးလႊမ္းလာသည္။
"ငါ…. ထြက္ေျပးတာ … မေအာင္ျမင္ပါလား"
ဘုန္းခနဲ အသံႏွင့္အတူ ေဖ်ာင္က်ဳံးခ်မ္း၏ အသက္မဲ့ေနေသာ ခႏၶာကိုယ္က လဲက်သြားသည္။ အသက္မဲ့ေနေသာ အေလာင္းေျခာက္ေလာင္းက စည္းဝိုင္းတြင္ လဲေနၿပီး လတ္ဆတ္ေသာ ေသြးစီးေၾကာင္းမ်ားက ၾကမ္းျပင္ကို ဖုံးလႊမ္းလို႔ ေန၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now