Chapter 323

1K 126 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (323) ဘာပဲဖြစ်ဖြစ် မင်းက တိရိစ္ဆာန်ပဲကို

တောင်ထိပ်မှ အရိပ်တစ်ခု ပျံသန်းလာသည်။ ထိုအရိပ်သည် ယဲ့ဖန်ထံသို့ ဦးတည်ပျံသန်းလာခြင်း ဖြစ်သည်။
ခရမ်းရောင် မြူခိုးများနှင့် ဖုံးအုပ်ထားသဖြင့် သူ၏ ပုံရိပ်သည် မမြင်ရလုနီးပါး ဖြစ်သည်။ ထိုခရမ်းရောင် မြူခိုးသည် ထိုအရိပ်၏ ဘေးပတ်လည်၌ ရေထဲကူးနေသော မြွေတစ်ကောင်ကဲ့သို့ လေထဲ၌ ပတ်၍ ဝဲနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ခွန်းလွင်တောင်ပေါ်သို့ ဆင်းသက်လို့လာသည်။ လေပြင်း မုန်တိုင်းတစ်ခုကလည်း ခွန်းလွင်တောင်ပေါ်၌ တိုက်ခတ်လို့လာသည်။
လေပြင်းကြောင့် လက်သီးဆုပ်အရွယ် ကျောက်တုံးများ လွင့်ပျံလာ၏။ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် အောက်မှ သိုင်းပညာရှင်များ မတ်တပ်ပင် မရပ်နိုင်တော့ပေ။
ကြောက်မက်ဖွယ်ကောင်းလှ၏။ ကြည့်ရှုနေသူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့် လာကြသည်။
“သူ...သူက ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးလား။ ဘယ်...ဘယ်လိုလုပ် သူက အသက်ရှင်နေသေးတာလဲ”
ဖန်သားပြင်ရှေ့မှ ဟွာရှ သိုင်းပညာရှင်များ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။
*နတ်ဘုရား*
သူသည် သေချာပေါက်ကို နတ်ဘုရားအဆင့် ဖြစ်နိုင်သည်၊ သို့မဟုတ်ပါက သူ၏ အရှိန်အဟုန်သည် သည်လောက် ပြင်းထန်နေမည် မဟုတ်ပေ။
“မဟုတ်ဘူး”
ကမ္ဘာအနှံ့ အကြိမ်များစွာ လှည့်လည်သွားလာဖူးသည့် နှံ့စပ်သော သိုင်းပညာရှင်တစ်ဖွဲ့သည် တစ်ခုခုတော့ မှားနေမှန်း ရိပ်စားမိကာ ကြောက်လန့်တကြား ဖြစ်နေကြသည်။
“တကယ့် နတ်ဘုရားအဆင့်တွေတောင်မှ မပျံနိုင်တာ၊ သူ ... သူက နတ်ဘုရားအဆင့် အထက်က တည်ရှိမှုမျိုးလား”
“ဘာ”
သူတို့စကားကို ကြားလိုက်ရပြီးနောက် ဘေးပတ်လည်မှ လူများ အလွန် ကြောက်လန့်သွားကြသည်။ နတ်ဘုရားအဆင့်သည် တကယ့်ကို ရှားပါးလှသည့် တည်ရှိမှုမျိုး ဖြစ်နေပြီးပြီ ဖြစ်၏။ အကယ်၍ ပြိုင်ဘက်က တကယ်ကို နတ်ဘုရားအဆင့်ထက် ပိုမြင့်နေသည်ဆိုပါက ယဲ့ဖန် ... မုချ သေဆုံးရလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ဟွာရှ သိုင်းပညာရှင်များအားလုံး ဝမ်းနည်းပူဆွေးလာကြသည်။
“ဘိုးဘေးကို ဂါဝရပြုပါတယ်”
ထိုအချိန်တွင် တက်ကြွပျော်ရွှင်သော အော်သံများက ခွန်းလွင်တောင်ထိပ်အနှံ့ ပဲ့တင်ထပ်လို့နေသည်။ ဓားသမားဂိုဏ်း၏ ကျန်ရှိနေသော သိုင်းပညာရှင်များအားလုံးသည် ရူးသွပ်နေသော မျက်နှာထားဖြင့် လေးဘက်ထောက် ဝပ်တွားနေကြသည်။
ဘိုးဘေးသည် ဓားသမားဂိုဏ်း၏ အင်အား ကျယ်ပြောလာစေရန် ထွက်ပေါ်လို့လာချေပြီ။
ယဲ့ဖန် သေကို သေရလိမ့်မည်။
ထိုကြောင့် ခွန်းလွင်တောင်ထိပ်သည် ကြောက်မက်ဖွယ်ကောင်းသော လေထု၏ လွှမ်းမိုးခြင်းကို ခံနေရသည်။ ကောင်းကင်မှ ခရမ်းရောင် မြူခိုးကို ကြည့်ပြီး တောင်ထိပ်ပေါ်ရှိ လူတိုင်း ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။
“သခင်ကြီး မြန်မြန်သွားပါတော့။ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ပါ”
ကျိုချင်းချန်သည် အလွန်တရာ ပြူးကျယ်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ထံသို့ ဟစ်အော်လိုက်သည်။ သူ ကြောက်နေသည်။ ယဲ့ဖန်က သူ့အတွက်နှင့် ခွင်းလွင်တောင်ထိပ်ပေါ်၌ အသက်ဆုံးရှုံးရမည်ကို သူ ကြောက်ရွံ့နေ၏။
ယဲ့ဖန်သာ သူ့အတွက်နှင့် သေဆုံးသွားရမည်ဆိုလျင် သူ ဘယ်တော့မှ အပြစ်ကို ပြေပျောက်အောင် ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။ သူ့စကားကြောင့် ရီကျန့်ထျန်းက ဟားတိုက်ရယ်မောလေသည်။
“ပြေးမယ်၊ ဟားဟား ... ဘယ်သူမှ ဘိုးဘေးရဲ့ လက်ကနေ လွတ်အောင် မပြေးနိုင်ဘူးကွ”
“ယဲ့ဖန်၊ မင်း သေပြီပဲ၊ မင်း သေကိုသေရမယ်”
ရီကျန့်ထျန်းက ကျေနပ်နေသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သော သူသည် ယဲ့ဖန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ရှက်ဖို့ကောင်းလိုက်လေခြင်း။ သူ့ရန်သူ ကြောက်လန့်တကြားနှင့် အသက်ဆုံးရှုံးသွားရသည်ကို မြင်ရဖို့က သေချာပေါက်ကို သူ၏ အကြီးမားဆုံး အိပ်မက်ပင် ဖြစ်သည်။
သူ့စကားကြောင့် ကျိုချင်းချန်၏ မျက်နှာက ပြာနှမ်းလာသည်။ ထိုစဉ် ခရမ်းရောင် မြူခိုးထဲမှ လွှမ်းမိုးနိုင်သော အသံတစ်သံ ထွက်ပေါ်လာပြီး အေးစက်၍ ခက်ထန်သော မျက်လုံးတစ်စုံကလည်း ပွင့်လို့လာသည်။
“မင်းက ယဲ့ဖန်လား”
သို့သော် အခြားသူများ၏ ကြောက်လန့်နေသော မျက်နှာထားများနှင့် ယှဉ်လျင် ယဲ့ဖန်သည် မသိမသာနှင့် မခိုးမခန့် မျက်နှာပေးမျိုး ဖြစ်လို့နေသည်။
သူသည် ခရမ်းရောင် မြူခိုးထဲမှ အရိပ်ကို ရယ်စရာတစ်ခုသဖွယ် ကြည့်နေ၏။
“ဟုတ်တယ်၊ ငါပဲ”
ယဲ့ဖန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ယဲ့ဖန်က သူ၏ သရုပ်မှန်ကို ဝန်ခံသည်ကို မြင်ပြီးနောက် ရီကျန့်ထျန်းက လှောင်ရယ်သံနှင့်အတူ အော်ပြောလိုက်သည်။
“ဘိုးဘေးခင်ဗျား၊ အဲ့ခွေးမသားက ဓားသမားဂိုဏ်းရဲ့ တပည့် တော်တော်များများကို သတ်ခဲ့ပါတယ်၊ သူ့ကို သတ်လိုက်ပါ။ သူ့ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းလိုက်ပါ။ သူ့ကို သေတာထက် ဆိုးတဲ့ အဖြစ်မျိုးနဲ့ သေခိုင်းလိုက်ပါ”
ရီကျန့်ဖန်း၏ အသံသည် မကျေမချမ်း ဖြစ်နေပုံပင်။ သူ့စကားကြောင့် ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် ရပ်တန့်သွားသည်။ ထို့နောက် ထိုအရိပ်သည် အရိုးအေးကွဲမတတ် ချီဓာတ်ကို ထုတ်လွှတ်လာသဖြင့် ရီကျန့်ထျန်း ကတုန်ကယင် ဖြစ်သွားသည်။
“အသုံးမကျဘူး။ မင်းတို့အားလုံး သုံးစားမရဘူး”
“လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်ကတည်းက ဟွာရှနိုင်ငံထဲမှာ တည်ထောင်ခဲ့ပြီးကတည်းက ဘယ်သူကမှ ရန်စရဲခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် အသုံးမကျတဲ့ မင်း အုပ်ချုပ်မှုအောက်လည်း ရောက်ရော မင်းက ဒီလူလေးကိုတောင် မရင်ဆိုင်နိုင်ဘူး”
ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် အလွန် ဒေါသထွက်နေပုံပေါက်သည်။ သူ၏ ခက်ထန်သော အသံသည် ရီကျန့်ထျန်းအား ချက်ချင်း တုန်လှုပ်သွားစေသည်။
သို့သော် ဓားသမားဂိုဏ်း၏ ဘိုးဘေးသည် ရီကျန့်ထျန်းအား လုံးဝ စိတ်ဝင်စားပုံမရပေ။ ခရမ်းရောင်မြူခိုးထဲမှ အရိပ်သည် ယဲ့ဖန်အား အေးစက်သော မျက်ဝန်းများနှင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
“ယဲ့ဖန်၊ မင်း ငါ့ကို မင်းရဲ့ လျှို့ဝှက်သိုင်းကျမ်းကို ပေးလိုက်တာနဲ့ မင်း ဓားသမားဂိုဏ်းက တပည့်တွေကို သတ်ခဲ့တဲ့ အချက်ကို ငါ ခွင့်လွှတ်ပေးနိုင်တယ်”
“ပြီးတော့ မင်းက ပါရမီရှင် ဖြစ်နေတော့ မင်းကို ငါ့တပည့်အဖြစ် မှတ်ယူပြီး မင်းကို ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဖြစ် ထားပေးမယ်”
*ဘာ*
သူ့စကားကြောင့် ကြည့်ရှုနေသူများ မျက်နှာပျက်သွားကြသည်၊ အထူးသဖြင့် သူတို့၏ ဘိုးဘေးက ယဲ့ဖန်အား သူ့ဘေးသို့ ဆွဲထားချင်လိမ့်မည်ဟု ထင်မှတ်မထားသည့် ဓားသမားဂိုဏ်းမှ တပည့်များပင် ဖြစ်သည်။
...
ချက်ချင်းဆိုသလိုပင် ရီကျန့်ထျန်း၏ မျက်နှာသည် ပြာနှမ်းလို့လာ၏။
*ငါတော့ သွားပြီ*
*ဘိုးဘေးက အဲ့ခွေးသားကို ငါနဲ့ အစားထိုးချင်နေတာလား*
ရီကျန့်ထျန်း ဝမ်းနည်းပူဆွေးသလို ဖြစ်လာသည်။ သူနှင့် ဆန့်ကျင်ဘက်တွင်တော့ ဖန်သားပြင်ရှေ့ရှိ ဟွာရှသိုင်းပညာရှင်များသည် အူမြူးလို့လာသည်။
*ကောင်းသားပဲ*
*ကောင်းကင်မှ ငွေမိုးရွာချလိုက်သလိုပဲ*
*သူ့ရဲ့လျှို့ဝှက်သိုင်းကျမ်းကို ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးဆီ လွှဲပေးလိုက်တာနဲ့ သူက နတ်ဘုရားအဆင့်ရဲ့ တပည့်ဖြစ်လာမယ်။ ဘယ်သူကမှ သူ့လို အခြေအနေမျိုးကို ငြင်းပယ်မှာ မဟုတ်ဘူး*
ထို့ကြောင့် ကြည့်ရှုနေသူများက ယဲ့ဖန်ကို ချက်ချင်း ဝိုင်းကြည့်လာကြသည်။ ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည်လည်း ယဲ့ဖန်အား အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သို့သော် ယဲ့ဖန်က ပြုံးနေသည်။ တကယ်တမ်းတွင် သူသည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဓားသမားဂိုဏ်း၏ ဘိုးဘေးကို ရယ်သွေးသွမ်းချင်နေ၏။
*ဟမ်*
“မင်း ဘယ်သူ့ကို လှောင်ချင်နေတာလဲ”
ခရမ်းရောင် မြူခိုးထဲမှ အရိပ်က ယဲ့ဖန်၏ အပြုအမူကြောင့် ဒေါသထွက်သွားသည်။
“ကျုပ်က တိရိစ္ဆာန်တစ်ကောင်က ဓားသမားဂိုဏ်းက ထောင်သောင်းချီတဲ့ လူတွေရဲ့ ဘိုးဘေးအဖြစ် ခံယူပြီး ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ရဲ့ ကိုးကွယ်ခြင်း ခံနေရတာကို ရယ်ချင်တာ”
....
ယဲ့ဖန်၏ စကားက ကြည့်ရှုနေသူများအား ထိတ်လန့်သွားစေခဲ့သည်။
*တိရစ္ဆာန်*
*ယဲ့ဖန်က ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးကို တိရစ္ဆာန်လို့ ခေါ်လိုက်တယ်*
*သူ ... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
....
စက္ကန့်ပိုင်းအတွင်းမှာပင် ကြည့်ရှုနေသူများ ကြား၌ ဆူညံလာသည်။ ဓားသမားဂိုဏ်း၏ အသက်ရှင်နေသေးသော ဂိုဏ်းသားများ ဒေါသထွက်လာသည်။
“မောက်မာလိုက်တဲ့ ခွေးသူတောင်းစားလေး၊ မင်းကများ ဓားသမားဂိုဏ်းရဲ့ ဘိုးဘေးကို စော်ကားဝံ့တယ်ပေါ့။ မင်း သေချင်နေတာပဲ”
“ဘိုးဘေး သူ့ကို သတ်ပြီး ဓားသမားဂိုဏ်းရဲ့ အင်အားကို ဖြန့်ကျက်လိုက်ပါ”
“သည်လောက် စိတ်ပျက်စရာကောင်းတဲ့ကောင်က ဘယ်လိုလုပ် လူ့လောကကြီးထဲမှာ ရှိနေရတာလဲ”
...
ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော ဂိုဏ်းသားများ ဒေါသမီးတို့ တောက်လောင်လာ၏။ ရီကျန့်ထျန်း ဟားတိုက်ရယ်မောလုနီးပါး ဖြစ်နေသည်။
ယခင်တုန်းက သူသည် ယဲ့ဖန်က သူ့ဘိုးဘေး၏ အကြံပြုချက်ကို လိုက်နာပြီး ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့မိသည်။
သို့သော် ယဲ့ဖန်က သေတွင်းတူးချင်နေသည့်အပြင် သူ့ဘိုးဘေးကိုတောင်မှ ကျိန်ဆဲရဲနေသည်။ ယခုအချိန်တွင် ရီကျန့်ထျန်းသည် သူ့ဘိုးဘေးက ဒေါသတကြီးနှင့် ယဲ့ဖန်ကို သတ်သည်ကို မျှော်လင့်လို့နေသည်။
“သေလိုက်တော့၊ မင်း သေသင့်တာ ကြာလှပြီ”
ရီကျန့်ထျန်းသည် ယဲ့ဖန်အား မုန်းတီးသော အကြည့်များဖြင့် ကြည့်ရင်း ကျိန်ဆဲလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ယဲ့ဖန်၏ စကားအဆုံး၌ ခရမ်းရောင် မြူခိုးထဲမှ အရိပ်သည် ဒေါသတကြီး အော်ဟစ်လာသည်။
“ဟေ့ကောင် မင်းက ငါ့ကို စော်ကားဝံ့တယ်ပေါ့”
ထိုစကားသံအဆုံးတွင် ခရမ်းရောင် အလင်းတန်းတစ်ခုက မိုးကောင်းကင်မှ သက်ဆင်းလာပြီး ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ရက်စက်သည်၊ ကြမ်းကြုတ်လှ၏။
ထိုခရမ်းရောင်အလင်းတန်း ဆင်းသက်လာစဉ်တွင် ခွန်းလွင်တောင်ထိပ်မှ မြက်ပင်နှင့် သစ်ပင်များအားလုံး တောက်လောင်လာသည်။
ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင် အလင်းတန်းက ယဲ့ဖန်၏ ဧရာမ ပုရွက်ဆိတ်ဓားကို ရိုက်ချိုးလာသည်။ ထိုတိုက်ခိုက်မှုအဆုံးတွင် ယဲ့ဖန် နောက်သို့ ဆယ်လှမ်းဆုတ်လိုက်ရသည်
တိုက်ခိုက်မှုကြောင့် သူ့အရိုးများ အက်ကွဲသွားသကဲ့သို့ သူ့လက်မောင်းများသည် အနည်းငယ် နာကျင်လို့နေ၏။ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်မှ သွေးများ စီးကျနေသည်။
ယဲ့ဖန် တစ်ချက်တည်းနှင့် ဒဏ်ရာရသွားသည်။ ဤမြင်ကွင်းက ကြည့်ရှုနေသူများအား အလွန် ထိတ်လန့်သွားစေခဲ့သည်။
ယဲ့ဖန်က အစောပိုင်းလေးတင် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဖိနှိပ်နေခဲ့သည်ကို သူတို့ မြင်ခဲ့သည်။ သို့သော် ခရမ်းရောင်မြူခိုးထဲမှ အရိပ်က ယဲ့ဖန်အား တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်။ အဖြစ်အပျက်ကား ချောက်ချားစရာ ကောင်းလှ၏။
“ဒူးထောက်စမ်း၊ ငါ့ကို တောင်းပန် ပြီးတော့ လျှို့ဝှက်သိုင်းကျမ်းကို ငါ့ကို ပေး မဟုတ်လို့ကတော့ မင်း သေရမယ်”
ထိုစဉ် ခရမ်းရောင် မြူခိုးထဲမှ ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင်က ခက်ထန်စွာ ဆိုလာ၏။ သူ့စကားကြောင့် ယဲ့ဖန်က သူ့ပါးစပ်ထောင့်မှ သွေးကို လျက်၍ နတ်ဆိုးဆန်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းက တိရစ္ဆာန်ပါပဲကွာ၊ ဒီနေ့ ငါ မင်းကို အရေခွံနွှာ၊ မင်း အသားကိုစား၊ မင်းရဲ့သွေးကို သောက်ပြီး မင်းရဲ့ အရိုးကို ချိုးပစ်မယ်”
#ZAWGYI
စာစဥ္ (22) CHAPTER (323) ဘာပဲျဖစ္ျဖစ္ မင္းက တိရိစာၦန္ပဲကို
ေတာင္ထိပ္မွ အရိပ္တစ္ခု ပ်ံသန္းလာသည္။ ထိုအရိပ္သည္ ယဲ့ဖန္ထံသို႔ ဦးတည္ပ်ံသန္းလာျခင္း ျဖစ္သည္။
ခရမ္းေရာင္ ျမဴခိုးမ်ားႏွင့္ ဖုံးအုပ္ထားသျဖင့္ သူ၏ ပုံရိပ္သည္ မျမင္ရလုနီးပါး ျဖစ္သည္။ ထိုခရမ္းေရာင္ ျမဴခိုးသည္ ထိုအရိပ္၏ ေဘးပတ္လည္၌ ေရထဲကူးေနေသာ ေႁမြတစ္ေကာင္ကဲ့သို႔ ေလထဲ၌ ပတ္၍ ဝဲေနသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူသည္ ခြန္းလြင္ေတာင္ေပၚသို႔ ဆင္းသက္လို႔လာသည္။ ေလျပင္း မုန္တိုင္းတစ္ခုကလည္း ခြန္းလြင္ေတာင္ေပၚ၌ တိုက္ခတ္လို႔လာသည္။
ေလျပင္းေၾကာင့္ လက္သီးဆုပ္အ႐ြယ္ ေက်ာက္တုံးမ်ား လြင့္ပ်ံလာ၏။ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေအာက္မွ သိုင္းပညာရွင္မ်ား မတ္တပ္ပင္ မရပ္ႏိုင္ေတာ့ေပ။
ေၾကာက္မက္ဖြယ္ေကာင္းလွ၏။ ၾကည့္ရႈေနသူမ်ားအားလုံး လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္ လာၾကသည္။
“သူ...သူက ဓားသမားဂိုဏ္းရဲ႕ ဘိုးေဘးလား။ ဘယ္...ဘယ္လိုလုပ္ သူက အသက္ရွင္ေနေသးတာလဲ”
ဖန္သားျပင္ေရွ႕မွ ဟြာရွ သိုင္းပညာရွင္မ်ား ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ျဖစ္ေနၾကသည္။
*နတ္ဘုရား*
သူသည္ ေသခ်ာေပါက္ကို နတ္ဘုရားအဆင့္ ျဖစ္ႏိုင္သည္၊ သို႔မဟုတ္ပါက သူ၏ အရွိန္အဟုန္သည္ သည္ေလာက္ ျပင္းထန္ေနမည္ မဟုတ္ေပ။
“မဟုတ္ဘူး”
ကမာၻအႏွံ႔ အႀကိမ္မ်ားစြာ လွည့္လည္သြားလာဖူးသည့္ ႏွံ႔စပ္ေသာ သိုင္းပညာရွင္တစ္ဖြဲ႕သည္ တစ္ခုခုေတာ့ မွားေနမွန္း ရိပ္စားမိကာ ေၾကာက္လန႔္တၾကား ျဖစ္ေနၾကသည္။
“တကယ့္ နတ္ဘုရားအဆင့္ေတြေတာင္မွ မပ်ံႏိုင္တာ၊ သူ ... သူက နတ္ဘုရားအဆင့္ အထက္က တည္ရွိမႈမ်ိဳးလား”
“ဘာ”
သူတို႔စကားကို ၾကားလိုက္ရၿပီးေနာက္ ေဘးပတ္လည္မွ လူမ်ား အလြန္ ေၾကာက္လန႔္သြားၾကသည္။ နတ္ဘုရားအဆင့္သည္ တကယ့္ကို ရွားပါးလွသည့္ တည္ရွိမႈမ်ိဳး ျဖစ္ေနၿပီးၿပီ ျဖစ္၏။ အကယ္၍ ၿပိဳင္ဘက္က တကယ္ကို နတ္ဘုရားအဆင့္ထက္ ပိုျမင့္ေနသည္ဆိုပါက ယဲ့ဖန္ ... မုခ် ေသဆုံးရလိမ့္မည္။
ခ်က္ခ်င္းဆိုသလိုပင္ ဟြာရွ သိုင္းပညာရွင္မ်ားအားလုံး ဝမ္းနည္းပူေဆြးလာၾကသည္။
“ဘိုးေဘးကို ဂါဝရျပဳပါတယ္”
ထိုအခ်ိန္တြင္ တက္ႂကြေပ်ာ္႐ႊင္ေသာ ေအာ္သံမ်ားက ခြန္းလြင္ေတာင္ထိပ္အႏွံ႔ ပဲ့တင္ထပ္လို႔ေနသည္။ ဓားသမားဂိုဏ္း၏ က်န္ရွိေနေသာ သိုင္းပညာရွင္မ်ားအားလုံးသည္ ႐ူးသြပ္ေနေသာ မ်က္ႏွာထားျဖင့္ ေလးဘက္ေထာက္ ဝပ္တြားေနၾကသည္။
ဘိုးေဘးသည္ ဓားသမားဂိုဏ္း၏ အင္အား က်ယ္ေျပာလာေစရန္ ထြက္ေပၚလို႔လာေခ်ၿပီ။
ယဲ့ဖန္ ေသကို ေသရလိမ့္မည္။
ထိုေၾကာင့္ ခြန္းလြင္ေတာင္ထိပ္သည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေလထု၏ လႊမ္းမိုးျခင္းကို ခံေနရသည္။ ေကာင္းကင္မွ ခရမ္းေရာင္ ျမဴခိုးကို ၾကည့္ၿပီး ေတာင္ထိပ္ေပၚရွိ လူတိုင္း ေၾကာက္လန႔္ကာ ကတုန္ကယင္ ျဖစ္လာသည္။
“သခင္ႀကီး ျမန္ျမန္သြားပါေတာ့။ ကြၽန္ေတာ့္ကို တစ္ေယာက္တည္း ထားခဲ့ပါ”
က်ိဳခ်င္းခ်န္သည္ အလြန္တရာ ျပဴးက်ယ္ေနေသာ မ်က္လုံးမ်ားျဖင့္ ယဲ့ဖန္ထံသို႔ ဟစ္ေအာ္လိုက္သည္။ သူ ေၾကာက္ေနသည္။ ယဲ့ဖန္က သူ႔အတြက္ႏွင့္ ခြင္းလြင္ေတာင္ထိပ္ေပၚ၌ အသက္ဆုံးရႈံးရမည္ကို သူ ေၾကာက္႐ြံ႕ေန၏။
ယဲ့ဖန္သာ သူ႔အတြက္ႏွင့္ ေသဆုံးသြားရမည္ဆိုလ်င္ သူ ဘယ္ေတာ့မွ အျပစ္ကို ေျပေပ်ာက္ေအာင္ ျပဳလုပ္ႏိုင္ေတာ့မည္ မဟုတ္ပါ။ သူ႔စကားေၾကာင့္ ရီက်န႔္ထ်န္းက ဟားတိုက္ရယ္ေမာေလသည္။
“ေျပးမယ္၊ ဟားဟား ... ဘယ္သူမွ ဘိုးေဘးရဲ႕ လက္ကေန လြတ္ေအာင္ မေျပးႏိုင္ဘူးကြ”
“ယဲ့ဖန္၊ မင္း ေသၿပီပဲ၊ မင္း ေသကိုေသရမယ္”
ရီက်န႔္ထ်န္းက ေက်နပ္ေနေသာ မ်က္ႏွာထားျဖင့္ ေအာ္ေျပာလိုက္သည္။ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္ေသာ သူသည္ ယဲ့ဖန္၏ ဖိႏွိပ္ျခင္းကို ခံခဲ့ရသည္။
ရွက္ဖို႔ေကာင္းလိုက္ေလျခင္း။ သူ႔ရန္သူ ေၾကာက္လန႔္တၾကားႏွင့္ အသက္ဆုံးရႈံးသြားရသည္ကို ျမင္ရဖို႔က ေသခ်ာေပါက္ကို သူ၏ အႀကီးမားဆုံး အိပ္မက္ပင္ ျဖစ္သည္။
သူ႔စကားေၾကာင့္ က်ိဳခ်င္းခ်န္၏ မ်က္ႏွာက ျပာႏွမ္းလာသည္။ ထိုစဥ္ ခရမ္းေရာင္ ျမဴခိုးထဲမွ လႊမ္းမိုးႏိုင္ေသာ အသံတစ္သံ ထြက္ေပၚလာၿပီး ေအးစက္၍ ခက္ထန္ေသာ မ်က္လုံးတစ္စုံကလည္း ပြင့္လို႔လာသည္။
“မင္းက ယဲ့ဖန္လား”
သို႔ေသာ္ အျခားသူမ်ား၏ ေၾကာက္လန႔္ေနေသာ မ်က္ႏွာထားမ်ားႏွင့္ ယွဥ္လ်င္ ယဲ့ဖန္သည္ မသိမသာႏွင့္ မခိုးမခန႔္ မ်က္ႏွာေပးမ်ိဳး ျဖစ္လို႔ေနသည္။
သူသည္ ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္ကို ရယ္စရာတစ္ခုသဖြယ္ ၾကည့္ေန၏။
“ဟုတ္တယ္၊ ငါပဲ”
ယဲ့ဖန္က တည္ၿငိမ္စြာ ေခါင္းညိတ္လိုက္သည္။ ယဲ့ဖန္က သူ၏ သ႐ုပ္မွန္ကို ဝန္ခံသည္ကို ျမင္ၿပီးေနာက္ ရီက်န႔္ထ်န္းက ေလွာင္ရယ္သံႏွင့္အတူ ေအာ္ေျပာလိုက္သည္။
“ဘိုးေဘးခင္ဗ်ား၊ အဲ့ေခြးမသားက ဓားသမားဂိုဏ္းရဲ႕ တပည့္ ေတာ္ေတာ္မ်ားမ်ားကို သတ္ခဲ့ပါတယ္၊ သူ႔ကို သတ္လိုက္ပါ။ သူ႔ကို တစ္စစီျဖစ္ေအာင္ ခုတ္ပိုင္းလိုက္ပါ။ သူ႔ကို ေသတာထက္ ဆိုးတဲ့ အျဖစ္မ်ိဳးနဲ႔ ေသခိုင္းလိုက္ပါ”
ရီက်န႔္ဖန္း၏ အသံသည္ မေက်မခ်မ္း ျဖစ္ေနပုံပင္။ သူ႔စကားေၾကာင့္ ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္သည္ ရပ္တန႔္သြားသည္။ ထို႔ေနာက္ ထိုအရိပ္သည္ အ႐ိုးေအးကြဲမတတ္ ခ်ီဓာတ္ကို ထုတ္လႊတ္လာသျဖင့္ ရီက်န႔္ထ်န္း ကတုန္ကယင္ ျဖစ္သြားသည္။
“အသုံးမက်ဘူး။ မင္းတို႔အားလုံး သုံးစားမရဘူး”
“လြန္ခဲ့တဲ့ ႏွစ္ႏွစ္ရာေက်ာ္ကတည္းက ဟြာရွႏိုင္ငံထဲမွာ တည္ေထာင္ခဲ့ၿပီးကတည္းက ဘယ္သူကမွ ရန္စရဲခဲ့တာ မဟုတ္ဘူး။ ဒါေပမယ့္ အသုံးမက်တဲ့ မင္း အုပ္ခ်ဳပ္မႈေအာက္လည္း ေရာက္ေရာ မင္းက ဒီလူေလးကိုေတာင္ မရင္ဆိုင္ႏိုင္ဘူး”
ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္သည္ အလြန္ ေဒါသထြက္ေနပုံေပါက္သည္။ သူ၏ ခက္ထန္ေသာ အသံသည္ ရီက်န႔္ထ်န္းအား ခ်က္ခ်င္း တုန္လႈပ္သြားေစသည္။
သို႔ေသာ္ ဓားသမားဂိုဏ္း၏ ဘိုးေဘးသည္ ရီက်န႔္ထ်န္းအား လုံးဝ စိတ္ဝင္စားပုံမရေပ။ ခရမ္းေရာင္ျမဴခိုးထဲမွ အရိပ္သည္ ယဲ့ဖန္အား ေအးစက္ေသာ မ်က္ဝန္းမ်ားႏွင့္ ၾကည့္ကာ ဆက္ေျပာလိုက္သည္။
“ယဲ့ဖန္၊ မင္း ငါ့ကို မင္းရဲ႕ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ေပးလိုက္တာနဲ႔ မင္း ဓားသမားဂိုဏ္းက တပည့္ေတြကို သတ္ခဲ့တဲ့ အခ်က္ကို ငါ ခြင့္လႊတ္ေပးႏိုင္တယ္”
“ၿပီးေတာ့ မင္းက ပါရမီရွင္ ျဖစ္ေနေတာ့ မင္းကို ငါ့တပည့္အျဖစ္ မွတ္ယူၿပီး မင္းကို ဓားသမားဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ အျဖစ္ ထားေပးမယ္”
*ဘာ*
သူ႔စကားေၾကာင့္ ၾကည့္ရႈေနသူမ်ား မ်က္ႏွာပ်က္သြားၾကသည္၊ အထူးသျဖင့္ သူတို႔၏ ဘိုးေဘးက ယဲ့ဖန္အား သူ႔ေဘးသို႔ ဆြဲထားခ်င္လိမ့္မည္ဟု ထင္မွတ္မထားသည့္ ဓားသမားဂိုဏ္းမွ တပည့္မ်ားပင္ ျဖစ္သည္။
...
ခ်က္ခ်င္းဆိုသလိုပင္ ရီက်န႔္ထ်န္း၏ မ်က္ႏွာသည္ ျပာႏွမ္းလို႔လာ၏။
*ငါေတာ့ သြားၿပီ*
*ဘိုးေဘးက အဲ့ေခြးသားကို ငါနဲ႔ အစားထိုးခ်င္ေနတာလား*
ရီက်န႔္ထ်န္း ဝမ္းနည္းပူေဆြးသလို ျဖစ္လာသည္။ သူႏွင့္ ဆန႔္က်င္ဘက္တြင္ေတာ့ ဖန္သားျပင္ေရွ႕ရွိ ဟြာရွသိုင္းပညာရွင္မ်ားသည္ အူျမဴးလို႔လာသည္။
*ေကာင္းသားပဲ*
*ေကာင္းကင္မွ ေငြမိုး႐ြာခ်လိုက္သလိုပဲ*
*သူ႔ရဲ႕လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ဓားသမားဂိုဏ္းရဲ႕ ဘိုးေဘးဆီ လႊဲေပးလိုက္တာနဲ႔ သူက နတ္ဘုရားအဆင့္ရဲ႕ တပည့္ျဖစ္လာမယ္။ ဘယ္သူကမွ သူ႔လို အေျခအေနမ်ိဳးကို ျငင္းပယ္မွာ မဟုတ္ဘူး*
ထို႔ေၾကာင့္ ၾကည့္ရႈေနသူမ်ားက ယဲ့ဖန္ကို ခ်က္ခ်င္း ဝိုင္းၾကည့္လာၾကသည္။ ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္သည္လည္း ယဲ့ဖန္အား ေအးစက္စက္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
သို႔ေသာ္ ယဲ့ဖန္က ၿပဳံးေနသည္။ တကယ္တမ္းတြင္ သူသည္ ဟာသတစ္ခုကို ၾကားလိုက္ရသကဲ့သို႔ ဓားသမားဂိုဏ္း၏ ဘိုးေဘးကို ရယ္ေသြးသြမ္းခ်င္ေန၏။
*ဟမ္*
“မင္း ဘယ္သူ႔ကို ေလွာင္ခ်င္ေနတာလဲ”
ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္က ယဲ့ဖန္၏ အျပဳအမူေၾကာင့္ ေဒါသထြက္သြားသည္။
“က်ဳပ္က တိရိစာၦန္တစ္ေကာင္က ဓားသမားဂိုဏ္းက ေထာင္ေသာင္းခ်ီတဲ့ လူေတြရဲ႕ ဘိုးေဘးအျဖစ္ ခံယူၿပီး ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ရဲ႕ ကိုးကြယ္ျခင္း ခံေနရတာကို ရယ္ခ်င္တာ”
....
ယဲ့ဖန္၏ စကားက ၾကည့္ရႈေနသူမ်ားအား ထိတ္လန႔္သြားေစခဲ့သည္။
*တိရစာၦန္*
*ယဲ့ဖန္က ဓားသမားဂိုဏ္းရဲ႕ ဘိုးေဘးကို တိရစာၦန္လို႔ ေခၚလိုက္တယ္*
*သူ ... ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ*
....
စကၠန႔္ပိုင္းအတြင္းမွာပင္ ၾကည့္ရႈေနသူမ်ား ၾကား၌ ဆူညံလာသည္။ ဓားသမားဂိုဏ္း၏ အသက္ရွင္ေနေသးေသာ ဂိုဏ္းသားမ်ား ေဒါသထြက္လာသည္။
“ေမာက္မာလိုက္တဲ့ ေခြးသူေတာင္းစားေလး၊ မင္းကမ်ား ဓားသမားဂိုဏ္းရဲ႕ ဘိုးေဘးကို ေစာ္ကားဝံ့တယ္ေပါ့။ မင္း ေသခ်င္ေနတာပဲ”
“ဘိုးေဘး သူ႔ကို သတ္ၿပီး ဓားသမားဂိုဏ္းရဲ႕ အင္အားကို ျဖန႔္က်က္လိုက္ပါ”
“သည္ေလာက္ စိတ္ပ်က္စရာေကာင္းတဲ့ေကာင္က ဘယ္လိုလုပ္ လူ႔ေလာကႀကီးထဲမွာ ရွိေနရတာလဲ”
...
ဓားသမားဂိုဏ္းမွ အသက္ရွင္ေနေသးေသာ ဂိုဏ္းသားမ်ား ေဒါသမီးတို႔ ေတာက္ေလာင္လာ၏။ ရီက်န႔္ထ်န္း ဟားတိုက္ရယ္ေမာလုနီးပါး ျဖစ္ေနသည္။
ယခင္တုန္းက သူသည္ ယဲ့ဖန္က သူ႔ဘိုးေဘး၏ အႀကံျပဳခ်က္ကို လိုက္နာၿပီး ဓားသမားဂိုဏ္း၏ ဂိုဏ္းခ်ဳပ္အသစ္ ျဖစ္လာလိမ့္မည္ဟု ယုံၾကည္ခဲ့မိသည္။
သို႔ေသာ္ ယဲ့ဖန္က ေသတြင္းတူးခ်င္ေနသည့္အျပင္ သူ႔ဘိုးေဘးကိုေတာင္မွ က်ိန္ဆဲရဲေနသည္။ ယခုအခ်ိန္တြင္ ရီက်န႔္ထ်န္းသည္ သူ႔ဘိုးေဘးက ေဒါသတႀကီးႏွင့္ ယဲ့ဖန္ကို သတ္သည္ကို ေမွ်ာ္လင့္လို႔ေနသည္။
“ေသလိုက္ေတာ့၊ မင္း ေသသင့္တာ ၾကာလွၿပီ”
ရီက်န႔္ထ်န္းသည္ ယဲ့ဖန္အား မုန္းတီးေသာ အၾကည့္မ်ားျဖင့္ ၾကည့္ရင္း က်ိန္ဆဲလိုက္သည္။ ထင္ထားသည့္အတိုင္းပင္ ယဲ့ဖန္၏ စကားအဆုံး၌ ခရမ္းေရာင္ ျမဴခိုးထဲမွ အရိပ္သည္ ေဒါသတႀကီး ေအာ္ဟစ္လာသည္။
“ေဟ့ေကာင္ မင္းက ငါ့ကို ေစာ္ကားဝံ့တယ္ေပါ့”
ထိုစကားသံအဆုံးတြင္ ခရမ္းေရာင္ အလင္းတန္းတစ္ခုက မိုးေကာင္းကင္မွ သက္ဆင္းလာၿပီး ယဲ့ဖန္ထံသို႔ ေျပးဝင္လာသည္။
ရက္စက္သည္၊ ၾကမ္းၾကဳတ္လွ၏။
ထိုခရမ္းေရာင္အလင္းတန္း ဆင္းသက္လာစဥ္တြင္ ခြန္းလြင္ေတာင္ထိပ္မွ ျမက္ပင္ႏွင့္ သစ္ပင္မ်ားအားလုံး ေတာက္ေလာင္လာသည္။
ဝုန္း!
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ခရမ္းေရာင္ အလင္းတန္းက ယဲ့ဖန္၏ ဧရာမ ပု႐ြက္ဆိတ္ဓားကို ႐ိုက္ခ်ိဳးလာသည္။ ထိုတိုက္ခိုက္မႈအဆုံးတြင္ ယဲ့ဖန္ ေနာက္သို႔ ဆယ္လွမ္းဆုတ္လိုက္ရသည္
တိုက္ခိုက္မႈေၾကာင့္ သူ႔အ႐ိုးမ်ား အက္ကြဲသြားသကဲ့သို႔ သူ႔လက္ေမာင္းမ်ားသည္ အနည္းငယ္ နာက်င္လို႔ေန၏။ တစ္ခ်ိန္တည္းမွာပင္ သူ႔ပါးစပ္မွ ေသြးမ်ား စီးက်ေနသည္။
ယဲ့ဖန္ တစ္ခ်က္တည္းႏွင့္ ဒဏ္ရာရသြားသည္။ ဤျမင္ကြင္းက ၾကည့္ရႈေနသူမ်ားအား အလြန္ ထိတ္လန႔္သြားေစခဲ့သည္။
ယဲ့ဖန္က အေစာပိုင္းေလးတင္ နတ္ဘုရားတစ္ပိုင္းအဆင့္ကို ဖိႏွိပ္ေနခဲ့သည္ကို သူတို႔ ျမင္ခဲ့သည္။ သို႔ေသာ္ ခရမ္းေရာင္ျမဴခိုးထဲမွ အရိပ္က ယဲ့ဖန္အား တစ္ခ်က္တည္းျဖင့္ ဒဏ္ရာရေစခဲ့သည္။ အျဖစ္အပ်က္ကား ေခ်ာက္ခ်ားစရာ ေကာင္းလွ၏။
“ဒူးေထာက္စမ္း၊ ငါ့ကို ေတာင္းပန္ ၿပီးေတာ့ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ငါ့ကို ေပး မဟုတ္လို႔ကေတာ့ မင္း ေသရမယ္”
ထိုစဥ္ ခရမ္းေရာင္ ျမဴခိုးထဲမွ ထိတ္လန႔္ဖြယ္ေကာင္းေသာ သိုင္းပညာရွင္က ခက္ထန္စြာ ဆိုလာ၏။ သူ႔စကားေၾကာင့္ ယဲ့ဖန္က သူ႔ပါးစပ္ေထာင့္မွ ေသြးကို လ်က္၍ နတ္ဆိုးဆန္ေသာ အၿပဳံးျဖင့္ ျပန္ေျပာလိုက္သည္။
“ဘာပဲျဖစ္ျဖစ္ မင္းက တိရစာၦန္ပါပဲကြာ၊ ဒီေန႔ ငါ မင္းကို အေရခြံႏႊာ၊ မင္း အသားကိုစား၊ မင္းရဲ႕ေသြးကို ေသာက္ၿပီး မင္းရဲ႕ အ႐ိုးကို ခ်ိဳးပစ္မယ္”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now