Chapter 360

1K 106 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (360) နတ်ဆိုးများ ရောက်ရှိလာခြင်း

*သေသွားပြီလား*
*ရှေးဟောင်းကလန်တစ်ခုရဲ့ နတ်ဘုရားအဆင့်လည်း ဖြစ်သလို ထိပ်သီးအကြီးအကဲများ အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့လူက ပုရွက်ဆိတ်အုံရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာလား*
အခြားသူများအားလုံး ဤမြင်ကွင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“ဒါ… လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ပုရွက်ဆိတ်တွေက ဘယ်လိုဟာမျိုးတွေလဲ”
ထိုစဉ် ကုန်းစွန်းဝူကျိ ကြောက်လန့်ကာ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားသလို ခံစားလိုက်ရသည်။
တကယ့် နတ်ဘုရားအဆင့် တစ်ယောက်က ဆယ်စက္ကန့်အတွင်း ပုရွက်ဆိတ်အုံရဲ့ သတ်ဖြတ် စားသောက်ခြင်းကို ခံလိုက်ရသည်တဲ့လား။
အိပ်မက်မက်နေသလားဟုတောင် ထင်မှတ်ရသည်။ မယုံနိုင်စရာကောင်းလှ၏။
“အဲ့ကောင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောင်တောင် ရှိနေတာလဲ”
ယခင်တုန်းက ကုန်းစွန်းဝူကျိသည် သူ ယဲ့ဖန်အား ခန့်မှန်းတာ လွန်သွားသည်ဟု ယုံကြည်ခဲ့မိသည်။ မမျှော်လင့်ဘဲ ယဲ့ဖန်တွင် လက်ဖျားခါရလောက်သည့် လျှို့ဝှက်သိုင်းကွက်များစွာ ရှိလို့နေသည်။
ဒဏ္ဍာရီလာအဆင့်တစ်ယောက်ထံတွင် ထိုကဲ့သို့ သိုင်းကွက်များ ရှိနေသည်ဟူသည့် အချက်ကို တွေးလိုက်မိတိုင်း သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားရသည်။
ယခုလိုအချိန်တွင် အထိတ်လန့်ဆုံးသူက ဟွမ်ဖူရွှမ်ပင်။ သူ လုံးဝကို မှင်တက်လို့နေ၏။
သူသည် စစ်မာချန်ဖုန်းနှင့်အတူ ကြီးပြင်းခဲ့ပြီး ရန်သူများကို အတူတကွ တိုက်ခိုက်အနိုင်ယူခဲ့သဖြင့် စစ်မာချန်ဖုန်း၏ တိုက်ပွဲဝင်ခွန်အားက သူ့ထက် အားမနည်းကြောင်း သူ သိသည်။
သို့သော် စစ်မာချန်ဖုန်းသည် ပုရွက်ဆိတ်အုံ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဘာဆိုဘာမှ မကျန်ရှိတော့ပေ။ ဤသည်ကား … အံ့ဩဖွယ်ကောင်းလှပေသည်။
ရှဲ! ရှဲ! ရှဲ!
ယခုလိုအချိန်၌ လေထဲမှ ပုရွက်ဆိတ်အုံလိုက်ကျင်းလိုက်ကို ကြည့်ရင်း ဟွမ်ဖူရှင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။
“ထွက်ပြေးရမယ်”
ဟွမ်ဖူရွှမ် ဆက်၍ လက်စားမချေချင်တော့ဘဲ ထွက်ပြေးချင်နေတော့သည်။ ထို့ကြောင့် ဟွမ်ဖူရွှမ် မြန်နိုင်သမျှ မြန်မြန် ပြေးနေမိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။ ထူးဆန်းသည်က ယဲ့ဖန်က ဟွမ်ဖူရွှမ်အား လုံးဝကို လိုက်ဖမ်းခြင်း မပြုပေ၊ သူ့ပုံစံက လုံးဝစိုးရိမ်ပုံ မပေါ်ချေ။
ယဲ့ဖန်၏ အပြုအမူကြောင့် ထမ်းစင်ပေါ်မှ ဟွမ်ဖူလင်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။
တကယ့် နတ်ဘုရားအဆင့် တစ်ယောက်က သေသွားလေပြီ။ ကျန်တစ်ယောက်ကလည်း ထွက်ပြေးသွားသည်။
….
ဟွမ်ဖူလင်းသည် သူ၏ အမြင်အာရုံတွေ ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားရသည်ဟု ခံစားလိုက်မိသည်။
ကျန်းရှီမြို့မှာတုန်းက သူ ဘယ်လောက် အထက်စီးဆန်ခဲ့သလဲဆိုတာကို သူ အမှတ်ရမိသည်။ ထိုအချိန်က သူ၏ ရှေးဟောင်းကလန်က တစ်နိုင်ငံလုံးအား သိမ်းပိုက်နိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။
မမျှော်လင့်ဘဲ သူ ဒုက္ခိတဖြစ်သွားခဲ့ပြီး သူ၏ကလန်သည်လည်း အချိန်တိုလေးအတွင်းမှာပင် သုတ်သင်ခံလိုက်ရသည်။
တကယ့် နတ်ဘုရားအဆင့်ဖြစ်သူ သူ့အဘိုးတောင်မှ လမ်းဘေးခွေးကဲ့သို့ ထွက်ပြေးနေရသည်။
ဤမျှ အကြီးအကျယ် ပြောင်းလဲသွားခဲ့မှုက အတုအယောင် ဖြစ်သည်ဟု ထင်ရသည်။ ထိုစဉ် လေတိုးသံ များကို သူ ကြားလိုက်ရသည်။
ဟွမ်ဖူလင်း တစ်ခဏမျှ တွေဝေသွားပြီးမှ တစ်ဘက်သို့ ခပ်သွက်သွက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အဖိုး ဟွမ်ဖူရွှမ် ဦးဆောင်သည့် များစွာသော အင်အားကြီး လူများက တောင်ထိပ်ပေါ် ရောက်ရှိလာသည်ကို သူ သတိပြုလိုက်မိသည်။
သူ့အဖိုး ပြန်လာလေပြီ။ ဟွမ်ဖူလင်း နားဝေတိမ်တောင် ဖြစ်သွားရသည်။
ဟွမ်ဖူရွှမ်နောက်မှ သိုင်းပညာရှင်များကို သတိပြုမိပြီးနောက် သူ ချက်ချင်း အားတက်လာသည်။
တကယ့်နတ်ဘုရားအဆင့် သုံးယောက်၊ ဒါဇင်နှင့်ချီသော နတ်ဘုရားအဆင့်များနှင့် မြောက်များစွာသော ဒဏ္ဍာရီလာအဆင့်များ။
သူတို့က စစ်ကူတွေပါပင်။
သူ့အဖိုးက ထွက်ပြေးသွားပြီး မကြာမီမှာပင် အင်အားကြီးသော စစ်ကူများစွာကို ရှာတွေ့နိုင်လိမ့်မည်ဟု ဟွမ်ဖူလင်း ထင်မထားခဲ့မိပေ။
*ဒါ နံပါတ်တစ် ရှေးဟောင်းကလန် မလား*
ဟွမ်ဖူလင်းသည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် သူက ယဲ့ဖန်အား ဟားတိုက်ရယ်၍ ပြောလိုက်သည်။
“ယဲ့ဖန်၊ မင်း မြင်လား။ ငါ့အဘိုး ပြန်လာပြီ။ မင်း အခု သေရတော့မှာ၊ မင်းရဲ့ ပုရွက်ဆိတ်စစ်ကူတောင်မှ သေရမှာပဲ”
“ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ် ရှေးဟောင်းကလန် ပြန်ပေါ်လာလို့ပဲ။ ဟားဟား…”
ဟွမ်ဖူလင်း အလွန်တက်ကြွလို့နေသည်။
အဝေးမှ ကုန်းစွန်းကလန်သည်လည်း ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။
ကုန်းစွန်းဝူကျိသည် သူ့မျက်ခုံးတွေ တဆတ်ဆတ်လှုပ်နေသလို ခံစားလိုက်မိသည်။ ဟွမ်ဖူရွှမ်နှင့် အခြား တကယ့် နတ်ဘုရားအဆင့် သုံးယောက်ကို ကြည့်ပြီး ကုန်းစွန်းဝူကျိ ကြောက်လန့်ကာ ရေရွတ်မိသည်။
“သူတို့ တကယ်ပဲ ပြန်ပေါ်လာပြီလား။ နံပါတ်တစ် ရှေးဟောင်းကလန်က ဟွာရှတစ်နိုင်ငံလုံးကို ရှင်းလင်းပစ်တော့မှာပဲ။ ယဲ့ဖန်တော့ … ပွဲသိမ်းပြီ”
ထိုကလန်၏ ကြီးမားလှသော အင်အားကို ကုန်းစွန်းဝူကျိ သိထားသည်မှာ ကြာလှပြီဖြစ်သည်။
တကယ့်နတ်ဘုရားအဆင့် သုံးယောက်က ဘယ်နေရာကနေ ဘယ်လိုထွက်ပေါ်လာမှန်း မသိချေ။ ထိုစဉ် ဟွမ်ဖူအိမ်တော်တွင်းရှိ လေထုသည် အလွန် လေးလံ ထိုင်းမှိုင်းလို့လာ၏။
ဟွမ်ဖူရွှမ်က လူငယ်လေးအား မျက်နှာချိုသွေး၍ ပြောလေတော့သည်။
“ခေါင်းဆောင်ငယ်လေး၊ သူပါပဲ။ သူက ယဲ့ဖန်ပါ။ ဟွမ်ဖူကလန်နဲ့ စစ်မာကလန်ကို သုတ်သင်ခဲ့တဲ့ လူသတ်သမားက သူပါ”
ထိုသို့ပြောပြီး ဟွမ်ဖူရွှမ်က လူငယ်လေးကို ဦးညွှတ်၍ အကြံပေးလေသည်။
“ခေါင်းဆောင်ငယ်လေး၊ ကျေးဇူးပြုပြီး အဲ့ခွေးမသားကို သတ်ဖို့ အမိန့်ပေးလိုက်ပြီးတော့ ဟွာရှနိုင်ငံကို ပြန်ပေါင်းစည်းပေးပါ”
ဟွမ်ဖူရွှမ်၏ စကားကြောင့် ထိုလူငယ်လေး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
ထို့နောက် သူသည် လူလတ်ပိုင်းအရွယ် တကယ့် နတ်ဘုရားအဆင့် လူကြီးတစ်ယောက်နှင့် တကယ့် နတ်ဘုရားအဆင့် လူအိုကြီးတို့နှင့်အတူ ယဲ့ဖန်ထံသို့ လျှောက်လှမ်းသွားသည်။
တောင်ထိပ်ပေါ်မှ ဒါဇင်နှင့်ချီသော နတ်ဘုရားအဆင့်များအားလုံးကလည်း သူတို့နောက်မှ လိုက်ပါလာသည်။ တိကျလှသော ခြေသံတို့နှင့်အတူ သူတို့၏ ချီဓာတ်များကလည်း တစ်ဟုန်ထိုး တိုးပွားလာသည်။
ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ် အလွန် ပီတိဖြစ်လာသည်။ ဟွမ်ဖူရွှမ် ကိုယ်တိုင်တောင်မှ နံပါတ်တစ် ရှေးဟောင်းကလန်နှင့် တွေ့ဆုံလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
လက်တုံ့ပြန်ဖို့ မည်မျှ ကောင်းလိုက်သည့် အခွင့်အရေးပါလိမ့်။
“သွားသေလိုက်တော့၊ ခွေးမသားလေး နောက်ဆုံးတော့ သေရမှာပဲ”
ဟွမ်ဖူရွှမ်က အလွန်ကျေနပ်နေသော မျက်လုံးများနှင့် ပြောလာသည်။ ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ တကယ့် နတ်ဘုရားအဆင့် သုံးယောက်နှင့် နံပါတ်တစ် ရှေးဟောင်းကလန်မှ သိုင်းပညာရှင်များအားလုံးတို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဘက် ထောက်လာကြသည်။
“ထို့ပါကလန်က လောကသခင်ကို အရိုအသေပေးပါတယ်”
သူတို့၏ အသံက တောင်တစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
တိတ်ဆိတ်လို့နေသည်။
ထိုသို့သော အချိန်တွင် ဟွမ်ဖူရွှမ်၏ ပီတိဖြာနေသော ရယ်သံက ရပ်တန့်လို့နေသည်။
နံပါတ်တစ်ကလန်မှ သိုင်းပညာရှင်များ မြေကြီးပေါ် ဒူးတစ်ဘက်ထောက်နေသည်ကို ကြည့်ပြီး သူ ပုံရိပ်ယောင်ကမ္ဘာထဲ ပိတ်မိနေသည်ဟု ခံစားမိသွားရသည်။
*ဒါ မဖြစ်နို်ငဘူးလေ*
“ခေါင်းဆောင်ငယ်လေး၊ ခင်ဗျား … ခင်ဗျား အမှတ်မှားနေပြီ ထင်တယ်။ သူက ခင်ဗျားရဲ့ လောကသခင် မဟုတ်ပါဘူး၊ သူက ဟွမ်ဖူကလန်နဲ့ စစ်မာကလန်တို့ရဲ့ ဘုံရန်သူပါ”
ဟွမ်ဖူရွှမ်က အလွန်ထိတ်လန့်နေသော မျက်နှာနှင့် စောဒက တက်လိုက်သည်။
*ထို့ပါကလန်က တောင်တွေရဲ့ အတွင်းဘက်ထဲမှာ အမြဲ သီးသန့်နေနေတာလေ။ သူတို့မှာ ဘာလောကသခင်မှ မရှိခဲ့ဖူးဘူး။ ပြီးတော့ သူတို့က တောင်ပေါ်ကို လက်စားချေဖို့ ရောက်လာတာလေ။ သူတို့က ရုတ်တရက်ကြီး ယဲ့ဖန်ကို ဘယ်လိုလုပ် လောကသခင်လို့ နာမည်တပ်ခေါ်နေတာလဲ*
ဟွမ်ဖူရွှမ်၏ စောဒကတက်လာသော စကားကြောင့် ထို့ပါယွင်က အထင်သေးသလို အပြုံးနှင့် ပြောလာသည်။
“အရူး၊ သူက ထို့ပါကလန်က နှစ်တစ်သောင်းကျော် စောင့်နေခဲ့ရတဲ့ လောကသခင်ပဲ”
“မင်းဘာသာမင်း ဆုံးရှုံးခဲ့ရတာတွေအတွက် ငါတို့က လက်စားချေပေးဖို့ လာတယ်လို့များ မင်း ထင်နေတာလား”
“အမှန်က ငါတို့က မင်းကို သတ်ဖို့ ရောက်လာတာပဲ”
ထို့ပါယွင်၏ စကားကြောင့် ဟွမ်ဖူရွှမ်သည် နေခြစ်ခြစ်တောက်ပူနေသော အချိန်၌ မိုးကြိုးပစ်ချ ခံလိုက်ရသလို ခံစားလိုက်ရသည်။
*ငါနားလည်သွားပြီ။ အမြဲ သီးသန့်နေနေတဲ့ နံပါတ်တစ် ရှေးဟောင်းကလန်က ဘာကြောင့် ဒီတစ်ခေါက် ငါ့တောင်းဆိုမှုကို ကတိပေးလိုက်တယ်ဆိုတာကို ငါ နားလည်ပြီ”
*သူတို့က ငါနဲ့ ယဲ့ဖန်ကြားက ရန်ဟောင်းတွေကို သိနေတာပဲ*
*သူတို့က ငါ့ကို ကူညီတာ မဟုတ်ဘူး*
*သူတို့က ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ*
*ဒါကို ငါ ဘာလို့ အစောကြီးကတည်းက မရိပ်မိရတာလဲ*
*တုံးအလိုက်တဲ့ငါပါလား*
ဟွမ်ဖူရွှမ်သည် စိတ်ဓာတ်ကျကာ သွေးအန်တော့မလို ဖြစ်သွားရသည်။ သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
မြန်မြန်၊ မြန်မြန်၊ မြန်မြန်။
ဟွမ်ဖူရွှမ်သည် အလင်းကဲ့သို့ အလျင်နှင့် ရှေ့သို့ ပြေးနေမိသည်။ သူ ပြေးလို့လွတ်နိုင်မည့် တောင်စွန်းနားသို့ နီးကပ်လာသည်။
သို့သော် သူ ခုန်ကျလိုက်စဉ်တွင် အနက်ရောင် မြူခိုးထုက လေထဲ ရုတ်တရက် ပေါ်လာကာ နတ်ဆိုးချီများဖြင့် ပေါ်လာသော ဧရာမ ခြေထောက်တစ်ဘက်က သူ့ရင်ဘတ်အား ကန်ကျောက်လာသည်။
ဂျွတ်!
ဟွမ်ဖူရွှမ်၏ ရင်ဘတ်တစ်ခုလုံး နိမ့်ဝင်သွားကာ ကြိုးပြတ်သွားသော စွန်သဖွယ် အနောက်သို့ လွင့်ထွက်သွားပြီး ယဲ့ဖန်ရှေ့ ပြုတ်ကျလာသည်။
ထို့နောက်တွင်မူ နတ်ဆိုးဆန်သော လူတစ်စု ရောက်ရှိလာ၏။ ထိုသူတို့သည် အမှောင်သခင်၊ ဘုရင်မ ပိုင်ယီ၊ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် ကျန်းရှီမြို့မှ အခြားသော နတ်ဆိုးလူသားများ ဖြစ်ကြသည်။
သူတို့သည် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ တောင်သို့ထွက်ပြေးလာသည့် တောက်လျှောက် လိုက်လာခဲ့ခြင်း ဖြစ်သည်။
“ကျန်းရှီမြို့က နတ်ဆိုးတွေက သခင်ကြီးကို ဂါဝရပြုပါတယ်”
ထိုစဉ် အမှောင်သခင်နှင့် အခြားသူများအားလုံးက ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်လာကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
နံပါတ်တစ် ရှေးဟောင်းကလန်မှ တကယ့် နတ်ဘုရားအဆင့် သုံးယောက်နှင့် ကျန်းရှီမြို့ရှိ နတ်ဆိုးများထဲမှ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်။
ဤမျှ အချိန်တိုလေးအတွင်း၌ ယဲ့ဖန်ဘက်တွင် ထိတ်လန့်ဖွယ် တကယ့် နတ်ဘုရားအဆင့် ငါးယောက် ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဟွမ်ဖူရွှမ်နှင့် သူ့မြေးတို့နှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။ ထို့အပြင် တောင်ထိပ်ပေါ်ကနေ ကြည့်နေသည့် ကုန်းစွန်ကလန်သားများသည်လည်း ဤမြင်ကွင်းကြောင့် ကြောက်ရွံ့သွားကြသည်။
#Zawgyi
စာစဥ္ (24) CHAPTER (360) နတ္ဆိုးမ်ား ေရာက္ရွိလာျခင္း
*ေသသြားၿပီလား*
*ေရွးေဟာင္းကလန္တစ္ခုရဲ႕ နတ္ဘုရားအဆင့္လည္း ျဖစ္သလို ထိပ္သီးအႀကီးအကဲမ်ား အဖြဲ႕အစည္းရဲ႕ အႀကီးအကဲတစ္ေယာက္ျဖစ္တဲ့လူက ပု႐ြက္ဆိတ္အုံရဲ႕ ဝါးမ်ိဳျခင္းကို ခံလိုက္ရတာလား*
အျခားသူမ်ားအားလုံး ဤျမင္ကြင္းေၾကာင့္ အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
“ဒါ… လုံးဝ မျဖစ္ႏိုင္ဘူး။ အဲ့ပု႐ြက္ဆိတ္ေတြက ဘယ္လိုဟာမ်ိဳးေတြလဲ”
ထိုစဥ္ ကုန္းစြန္းဝူက်ိ ေၾကာက္လန႔္ကာ တစ္ကိုယ္လုံး ခ်မ္းစိမ့္စိမ့္ ျဖစ္သြားသလို ခံစားလိုက္ရသည္။
တကယ့္ နတ္ဘုရားအဆင့္ တစ္ေယာက္က ဆယ္စကၠန႔္အတြင္း ပု႐ြက္ဆိတ္အုံရဲ႕ သတ္ျဖတ္ စားေသာက္ျခင္းကို ခံလိုက္ရသည္တဲ့လား။
အိပ္မက္မက္ေနသလားဟုေတာင္ ထင္မွတ္ရသည္။ မယုံႏိုင္စရာေကာင္းလွ၏။
“အဲ့ေကာင္ေလးမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ ဘယ္ေလာင္ေတာင္ ရွိေနတာလဲ”
ယခင္တုန္းက ကုန္းစြန္းဝူက်ိသည္ သူ ယဲ့ဖန္အား ခန႔္မွန္းတာ လြန္သြားသည္ဟု ယုံၾကည္ခဲ့မိသည္။ မေမွ်ာ္လင့္ဘဲ ယဲ့ဖန္တြင္ လက္ဖ်ားခါရေလာက္သည့္ လွ်ိဳ႕ဝွက္သိုင္းကြက္မ်ားစြာ ရွိလို႔ေနသည္။
ဒ႑ာရီလာအဆင့္တစ္ေယာက္ထံတြင္ ထိုကဲ့သို႔ သိုင္းကြက္မ်ား ရွိေနသည္ဟူသည့္ အခ်က္ကို ေတြးလိုက္မိတိုင္း သူ႔တစ္ကိုယ္လုံး ၾကက္သီးေမြးညင္း ထသြားရသည္။
ယခုလိုအခ်ိန္တြင္ အထိတ္လန႔္ဆုံးသူက ဟြမ္ဖူ႐ႊမ္ပင္။ သူ လုံးဝကို မွင္တက္လို႔ေန၏။
သူသည္ စစ္မာခ်န္ဖုန္းႏွင့္အတူ ႀကီးျပင္းခဲ့ၿပီး ရန္သူမ်ားကို အတူတကြ တိုက္ခိုက္အႏိုင္ယူခဲ့သျဖင့္ စစ္မာခ်န္ဖုန္း၏ တိုက္ပြဲဝင္ခြန္အားက သူ႔ထက္ အားမနည္းေၾကာင္း သူ သိသည္။
သို႔ေသာ္ စစ္မာခ်န္ဖုန္းသည္ ပု႐ြက္ဆိတ္အုံ၏ ဝါးမ်ိဳျခင္းကို ခံလိုက္ရၿပီး ဘာဆိုဘာမွ မက်န္ရွိေတာ့ေပ။ ဤသည္ကား … အံ့ဩဖြယ္ေကာင္းလွေပသည္။
ရွဲ! ရွဲ! ရွဲ!
ယခုလိုအခ်ိန္၌ ေလထဲမွ ပု႐ြက္ဆိတ္အုံလိုက္က်င္းလိုက္ကို ၾကည့္ရင္း ဟြမ္ဖူရွင္း လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္ေနသည္။
“ထြက္ေျပးရမယ္”
ဟြမ္ဖူ႐ႊမ္ ဆက္၍ လက္စားမေခ်ခ်င္ေတာ့ဘဲ ထြက္ေျပးခ်င္ေနေတာ့သည္။ ထို႔ေၾကာင့္ ဟြမ္ဖူ႐ႊမ္ ျမန္ႏိုင္သမွ် ျမန္ျမန္ ေျပးေနမိသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူသည္ ေတာင္ထိပ္မွ ေပ်ာက္ကြယ္သြားသည္။ ထူးဆန္းသည္က ယဲ့ဖန္က ဟြမ္ဖူ႐ႊမ္အား လုံးဝကို လိုက္ဖမ္းျခင္း မျပဳေပ၊ သူ႔ပုံစံက လုံးဝစိုးရိမ္ပုံ မေပၚေခ်။
ယဲ့ဖန္၏ အျပဳအမူေၾကာင့္ ထမ္းစင္ေပၚမွ ဟြမ္ဖူလင္းသည္ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာသည္။
တကယ့္ နတ္ဘုရားအဆင့္ တစ္ေယာက္က ေသသြားေလၿပီ။ က်န္တစ္ေယာက္ကလည္း ထြက္ေျပးသြားသည္။
….
ဟြမ္ဖူလင္းသည္ သူ၏ အျမင္အာ႐ုံေတြ ေျပာင္းျပန္လွန္လိုက္သလို ျဖစ္သြားရသည္ဟု ခံစားလိုက္မိသည္။
က်န္းရွီၿမိဳ႕မွာတုန္းက သူ ဘယ္ေလာက္ အထက္စီးဆန္ခဲ့သလဲဆိုတာကို သူ အမွတ္ရမိသည္။ ထိုအခ်ိန္က သူ၏ ေရွးေဟာင္းကလန္က တစ္ႏိုင္ငံလုံးအား သိမ္းပိုက္ႏိုင္မည္ဟု သူ ယုံၾကည္ခဲ့သည္။
မေမွ်ာ္လင့္ဘဲ သူ ဒုကၡိတျဖစ္သြားခဲ့ၿပီး သူ၏ကလန္သည္လည္း အခ်ိန္တိုေလးအတြင္းမွာပင္ သုတ္သင္ခံလိုက္ရသည္။
တကယ့္ နတ္ဘုရားအဆင့္ျဖစ္သူ သူ႔အဘိုးေတာင္မွ လမ္းေဘးေခြးကဲ့သို႔ ထြက္ေျပးေနရသည္။
ဤမွ် အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့မႈက အတုအေယာင္ ျဖစ္သည္ဟု ထင္ရသည္။ ထိုစဥ္ ေလတိုးသံ မ်ားကို သူ ၾကားလိုက္ရသည္။
ဟြမ္ဖူလင္း တစ္ခဏမွ် ေတြေဝသြားၿပီးမွ တစ္ဘက္သို႔ ခပ္သြက္သြက္ လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ သူ႔အဖိုး ဟြမ္ဖူ႐ႊမ္ ဦးေဆာင္သည့္ မ်ားစြာေသာ အင္အားႀကီး လူမ်ားက ေတာင္ထိပ္ေပၚ ေရာက္ရွိလာသည္ကို သူ သတိျပဳလိုက္မိသည္။
သူ႔အဖိုး ျပန္လာေလၿပီ။ ဟြမ္ဖူလင္း နားေဝတိမ္ေတာင္ ျဖစ္သြားရသည္။
ဟြမ္ဖူ႐ႊမ္ေနာက္မွ သိုင္းပညာရွင္မ်ားကို သတိျပဳမိၿပီးေနာက္ သူ ခ်က္ခ်င္း အားတက္လာသည္။
တကယ့္နတ္ဘုရားအဆင့္ သုံးေယာက္၊ ဒါဇင္ႏွင့္ခ်ီေသာ နတ္ဘုရားအဆင့္မ်ားႏွင့္ ေျမာက္မ်ားစြာေသာ ဒ႑ာရီလာအဆင့္မ်ား။
သူတို႔က စစ္ကူေတြပါပင္။
သူ႔အဖိုးက ထြက္ေျပးသြားၿပီး မၾကာမီမွာပင္ အင္အားႀကီးေသာ စစ္ကူမ်ားစြာကို ရွာေတြ႕ႏိုင္လိမ့္မည္ဟု ဟြမ္ဖူလင္း ထင္မထားခဲ့မိေပ။
*ဒါ နံပါတ္တစ္ ေရွးေဟာင္းကလန္ မလား*
ဟြမ္ဖူလင္းသည္ တစ္စုံတစ္ခုကို မွတ္မိသြားပုံရၿပီးေနာက္ ဝမ္းသာအားရ ျဖစ္သြားသည္။ ထို႔ေနာက္ သူက ယဲ့ဖန္အား ဟားတိုက္ရယ္၍ ေျပာလိုက္သည္။
“ယဲ့ဖန္၊ မင္း ျမင္လား။ ငါ့အဘိုး ျပန္လာၿပီ။ မင္း အခု ေသရေတာ့မွာ၊ မင္းရဲ႕ ပု႐ြက္ဆိတ္စစ္ကူေတာင္မွ ေသရမွာပဲ”
“ဘာျဖစ္လို႔လဲဆိုေတာ့ နံပါတ္တစ္ ေရွးေဟာင္းကလန္ ျပန္ေပၚလာလို႔ပဲ။ ဟားဟား…”
ဟြမ္ဖူလင္း အလြန္တက္ႂကြလို႔ေနသည္။
အေဝးမွ ကုန္းစြန္းကလန္သည္လည္း ထိတ္လန႔္မႈမ်ားႏွင့္ ျပည့္ႏွက္သြားသည္။
ကုန္းစြန္းဝူက်ိသည္ သူ႔မ်က္ခုံးေတြ တဆတ္ဆတ္လႈပ္ေနသလို ခံစားလိုက္မိသည္။ ဟြမ္ဖူ႐ႊမ္ႏွင့္ အျခား တကယ့္ နတ္ဘုရားအဆင့္ သုံးေယာက္ကို ၾကည့္ၿပီး ကုန္းစြန္းဝူက်ိ ေၾကာက္လန႔္ကာ ေရ႐ြတ္မိသည္။
“သူတို႔ တကယ္ပဲ ျပန္ေပၚလာၿပီလား။ နံပါတ္တစ္ ေရွးေဟာင္းကလန္က ဟြာရွတစ္ႏိုင္ငံလုံးကို ရွင္းလင္းပစ္ေတာ့မွာပဲ။ ယဲ့ဖန္ေတာ့ … ပြဲသိမ္းၿပီ”
ထိုကလန္၏ ႀကီးမားလွေသာ အင္အားကို ကုန္းစြန္းဝူက်ိ သိထားသည္မွာ ၾကာလွၿပီျဖစ္သည္။
တကယ့္နတ္ဘုရားအဆင့္ သုံးေယာက္က ဘယ္ေနရာကေန ဘယ္လိုထြက္ေပၚလာမွန္း မသိေခ်။ ထိုစဥ္ ဟြမ္ဖူအိမ္ေတာ္တြင္းရွိ ေလထုသည္ အလြန္ ေလးလံ ထိုင္းမႈိင္းလို႔လာ၏။
ဟြမ္ဖူ႐ႊမ္က လူငယ္ေလးအား မ်က္ႏွာခ်ိဳေသြး၍ ေျပာေလေတာ့သည္။
“ေခါင္းေဆာင္ငယ္ေလး၊ သူပါပဲ။ သူက ယဲ့ဖန္ပါ။ ဟြမ္ဖူကလန္နဲ႔ စစ္မာကလန္ကို သုတ္သင္ခဲ့တဲ့ လူသတ္သမားက သူပါ”
ထိုသို႔ေျပာၿပီး ဟြမ္ဖူ႐ႊမ္က လူငယ္ေလးကို ဦးၫႊတ္၍ အႀကံေပးေလသည္။
“ေခါင္းေဆာင္ငယ္ေလး၊ ေက်းဇူးျပဳၿပီး အဲ့ေခြးမသားကို သတ္ဖို႔ အမိန႔္ေပးလိုက္ၿပီးေတာ့ ဟြာရွႏိုင္ငံကို ျပန္ေပါင္းစည္းေပးပါ”
ဟြမ္ဖူ႐ႊမ္၏ စကားေၾကာင့္ ထိုလူငယ္ေလး၏ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာသည္။
ထို႔ေနာက္ သူသည္ လူလတ္ပိုင္းအ႐ြယ္ တကယ့္ နတ္ဘုရားအဆင့္ လူႀကီးတစ္ေယာက္ႏွင့္ တကယ့္ နတ္ဘုရားအဆင့္ လူအိုႀကီးတို႔ႏွင့္အတူ ယဲ့ဖန္ထံသို႔ ေလွ်ာက္လွမ္းသြားသည္။
ေတာင္ထိပ္ေပၚမွ ဒါဇင္ႏွင့္ခ်ီေသာ နတ္ဘုရားအဆင့္မ်ားအားလုံးကလည္း သူတို႔ေနာက္မွ လိုက္ပါလာသည္။ တိက်လွေသာ ေျခသံတို႔ႏွင့္အတူ သူတို႔၏ ခ်ီဓာတ္မ်ားကလည္း တစ္ဟုန္ထိုး တိုးပြားလာသည္။
ထိတ္လန႔္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဟြမ္ဖူ႐ႊမ္ အလြန္ ပီတိျဖစ္လာသည္။ ဟြမ္ဖူ႐ႊမ္ ကိုယ္တိုင္ေတာင္မွ နံပါတ္တစ္ ေရွးေဟာင္းကလန္ႏွင့္ ေတြ႕ဆုံလိမ့္မည္ဟု ထင္မထားခဲ့မိပါ။
လက္တုံ႔ျပန္ဖို႔ မည္မွ် ေကာင္းလိုက္သည့္ အခြင့္အေရးပါလိမ့္။
“သြားေသလိုက္ေတာ့၊ ေခြးမသားေလး ေနာက္ဆုံးေတာ့ ေသရမွာပဲ”
ဟြမ္ဖူ႐ႊမ္က အလြန္ေက်နပ္ေနေသာ မ်က္လုံးမ်ားႏွင့္ ေျပာလာသည္။ ထိုစဥ္ ဒုန္းခနဲ အသံႏွင့္အတူ တကယ့္ နတ္ဘုရားအဆင့္ သုံးေယာက္ႏွင့္ နံပါတ္တစ္ ေရွးေဟာင္းကလန္မွ သိုင္းပညာရွင္မ်ားအားလုံးတို႔သည္ ယဲ့ဖန္ေရွ႕၌ ဒူးတစ္ဘက္ ေထာက္လာၾကသည္။
“ထို႔ပါကလန္က ေလာကသခင္ကို အ႐ိုအေသေပးပါတယ္”
သူတို႔၏ အသံက ေတာင္တစ္ခုလုံးအား တုန္လႈပ္သြားေစခဲ့သည္။
ထိတ္လန႔္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါတကား။
တိတ္ဆိတ္လို႔ေနသည္။
ထိုသို႔ေသာ အခ်ိန္တြင္ ဟြမ္ဖူ႐ႊမ္၏ ပီတိျဖာေနေသာ ရယ္သံက ရပ္တန႔္လို႔ေနသည္။
နံပါတ္တစ္ကလန္မွ သိုင္းပညာရွင္မ်ား ေျမႀကီးေပၚ ဒူးတစ္ဘက္ေထာက္ေနသည္ကို ၾကည့္ၿပီး သူ ပုံရိပ္ေယာင္ကမာၻထဲ ပိတ္မိေနသည္ဟု ခံစားမိသြားရသည္။
*ဒါ မျဖစ္ႏို္ငဘူးေလ*
“ေခါင္းေဆာင္ငယ္ေလး၊ ခင္ဗ်ား … ခင္ဗ်ား အမွတ္မွားေနၿပီ ထင္တယ္။ သူက ခင္ဗ်ားရဲ႕ ေလာကသခင္ မဟုတ္ပါဘူး၊ သူက ဟြမ္ဖူကလန္နဲ႔ စစ္မာကလန္တို႔ရဲ႕ ဘုံရန္သူပါ”
ဟြမ္ဖူ႐ႊမ္က အလြန္ထိတ္လန႔္ေနေသာ မ်က္ႏွာႏွင့္ ေစာဒက တက္လိုက္သည္။
*ထို႔ပါကလန္က ေတာင္ေတြရဲ႕ အတြင္းဘက္ထဲမွာ အၿမဲ သီးသန႔္ေနေနတာေလ။ သူတို႔မွာ ဘာေလာကသခင္မွ မရွိခဲ့ဖူးဘူး။ ၿပီးေတာ့ သူတို႔က ေတာင္ေပၚကို လက္စားေခ်ဖို႔ ေရာက္လာတာေလ။ သူတို႔က ႐ုတ္တရက္ႀကီး ယဲ့ဖန္ကို ဘယ္လိုလုပ္ ေလာကသခင္လို႔ နာမည္တပ္ေခၚေနတာလဲ*
ဟြမ္ဖူ႐ႊမ္၏ ေစာဒကတက္လာေသာ စကားေၾကာင့္ ထို႔ပါယြင္က အထင္ေသးသလို အၿပဳံးႏွင့္ ေျပာလာသည္။
“အ႐ူး၊ သူက ထို႔ပါကလန္က ႏွစ္တစ္ေသာင္းေက်ာ္ ေစာင့္ေနခဲ့ရတဲ့ ေလာကသခင္ပဲ”
“မင္းဘာသာမင္း ဆုံးရႈံးခဲ့ရတာေတြအတြက္ ငါတို႔က လက္စားေခ်ေပးဖို႔ လာတယ္လို႔မ်ား မင္း ထင္ေနတာလား”
“အမွန္က ငါတို႔က မင္းကို သတ္ဖို႔ ေရာက္လာတာပဲ”
ထို႔ပါယြင္၏ စကားေၾကာင့္ ဟြမ္ဖူ႐ႊမ္သည္ ေနျခစ္ျခစ္ေတာက္ပူေနေသာ အခ်ိန္၌ မိုးႀကိဳးပစ္ခ် ခံလိုက္ရသလို ခံစားလိုက္ရသည္။
*ငါနားလည္သြားၿပီ။ အၿမဲ သီးသန႔္ေနေနတဲ့ နံပါတ္တစ္ ေရွးေဟာင္းကလန္က ဘာေၾကာင့္ ဒီတစ္ေခါက္ ငါ့ေတာင္းဆိုမႈကို ကတိေပးလိုက္တယ္ဆိုတာကို ငါ နားလည္ၿပီ”
*သူတို႔က ငါနဲ႔ ယဲ့ဖန္ၾကားက ရန္ေဟာင္းေတြကို သိေနတာပဲ*
*သူတို႔က ငါ့ကို ကူညီတာ မဟုတ္ဘူး*
*သူတို႔က ငါ့ကို သတ္ဖို႔ ႀကိဳးစားေနတာပဲ*
*ဒါကို ငါ ဘာလို႔ အေစာႀကီးကတည္းက မရိပ္မိရတာလဲ*
*တုံးအလိုက္တဲ့ငါပါလား*
ဟြမ္ဖူ႐ႊမ္သည္ စိတ္ဓာတ္က်ကာ ေသြးအန္ေတာ့မလို ျဖစ္သြားရသည္။ သူ ခ်က္ခ်င္း ေနာက္လွည့္ကာ ထြက္ေျပးရန္ ျပင္လိုက္သည္။
ျမန္ျမန္၊ ျမန္ျမန္၊ ျမန္ျမန္။
ဟြမ္ဖူ႐ႊမ္သည္ အလင္းကဲ့သို႔ အလ်င္ႏွင့္ ေရွ႕သို႔ ေျပးေနမိသည္။ သူ ေျပးလို႔လြတ္ႏိုင္မည့္ ေတာင္စြန္းနားသို႔ နီးကပ္လာသည္။
သို႔ေသာ္ သူ ခုန္က်လိုက္စဥ္တြင္ အနက္ေရာင္ ျမဴခိုးထုက ေလထဲ ႐ုတ္တရက္ ေပၚလာကာ နတ္ဆိုးခ်ီမ်ားျဖင့္ ေပၚလာေသာ ဧရာမ ေျခေထာက္တစ္ဘက္က သူ႔ရင္ဘတ္အား ကန္ေက်ာက္လာသည္။
ဂြၽတ္!
ဟြမ္ဖူ႐ႊမ္၏ ရင္ဘတ္တစ္ခုလုံး နိမ့္ဝင္သြားကာ ႀကိဳးျပတ္သြားေသာ စြန္သဖြယ္ အေနာက္သို႔ လြင့္ထြက္သြားၿပီး ယဲ့ဖန္ေရွ႕ ျပဳတ္က်လာသည္။
ထို႔ေနာက္တြင္မူ နတ္ဆိုးဆန္ေသာ လူတစ္စု ေရာက္ရွိလာ၏။ ထိုသူတို႔သည္ အေမွာင္သခင္၊ ဘုရင္မ ပိုင္ယီ၊ ဝံပုေလြ႐ိုင္း၊ ေသြးစြန္းတေစၦႏွင့္ က်န္းရွီၿမိဳ႕မွ အျခားေသာ နတ္ဆိုးလူသားမ်ား ျဖစ္ၾကသည္။
သူတို႔သည္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ေတာင္သို႔ထြက္ေျပးလာသည့္ ေတာက္ေလွ်ာက္ လိုက္လာခဲ့ျခင္း ျဖစ္သည္။
“က်န္းရွီၿမိဳ႕က နတ္ဆိုးေတြက သခင္ႀကီးကို ဂါဝရျပဳပါတယ္”
ထိုစဥ္ အေမွာင္သခင္ႏွင့္ အျခားသူမ်ားအားလုံးက ယဲ့ဖန္ေရွ႕ ဒူးတစ္ဘက္ေထာက္လာၾကသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ထိတ္လန႔္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါတကား။
နံပါတ္တစ္ ေရွးေဟာင္းကလန္မွ တကယ့္ နတ္ဘုရားအဆင့္ သုံးေယာက္ႏွင့္ က်န္းရွီၿမိဳ႕ရွိ နတ္ဆိုးမ်ားထဲမွ တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္။
ဤမွ် အခ်ိန္တိုေလးအတြင္း၌ ယဲ့ဖန္ဘက္တြင္ ထိတ္လန႔္ဖြယ္ တကယ့္ နတ္ဘုရားအဆင့္ ငါးေယာက္ ရွိေနၿပီ ျဖစ္သည္။
ထိုအခ်ိန္တြင္ ဟြမ္ဖူ႐ႊမ္ႏွင့္ သူ႔ေျမးတို႔ႏွစ္ေယာက္လုံး လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္ေနၾကသည္။ ထို႔အျပင္ ေတာင္ထိပ္ေပၚကေန ၾကည့္ေနသည့္ ကုန္းစြန္ကလန္သားမ်ားသည္လည္း ဤျမင္ကြင္းေၾကာင့္ ေၾကာက္႐ြံ႕သြားၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now