Chapter 367

966 99 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (367) တားမြစ်စနစ် ပျက်ဆီးသွားပြီ

“ကောင်းကင်အလင်းသခင် သူတို့တွေ မင်းဖင်ကို မီးကင်ပစ်ပါစေလို့ ငါ မျှော်လင့်တယ်ကွာ”
“ချီးထုပ်၊ မင်းက တကယ့်ကို ချီးထုပ်ပဲ”
“မင်း အနှေးနဲ့အမြန် ဝဋ်ပြန်လည်မှာပဲကွ”

ယခုအချိန်တွင် စစ်သင်္ဘောထဲရှိ ကျွန်များ ထားရာအခန်းတွင် စုပ်ယူခြင်း ခံထားရသည့် လူသား သိုင်းပညာရှင်များက ကောင်းကင်အလင်းသခင်အား ကျယ်လောင်စွာ ကျိန်ဆဲနေကြသည်။
သူတို့ သူ့ကို အလွန် မုန်းတီးနေကြသည်။
သူက သူ၏ ကိုယ်ရေးကိုယ်တာ နာကြည်းမှုအတွက် ထွက်ပေါက်ရှာရန် ကျန်းရှီမြို့ရှိ လူများစွာကို သတ်ဖြတ်ချင်နေခဲ့သည်။ သူသည် အလွန့်ကို ဒေါသစိတ် ကြီးမားသောသူ ဖြစ်သည်။
သို့သော် ကောင်းကင်အလင်းသခင်က အခြားသူများအားလုံး၏ ဆဲဆိုမှုတွေကို လုံးဝ အလေးမထားပေ။
ယဲ့ဖန် ပုံဆိုးပန်းဆိုး နည်းလမ်းဖြင့် အသတ်ခံရမည်ကိုသာ သူ မြင်ချင်နေခဲ့သည်။
“ဟီးဟီး၊ ယဲ့ဖန် မင်းလုပ်ခဲ့တာတွေကို မင်း မှတ်မိသေးလား။ မင်း ငါ့ကို နတ်ဘုရားမမြို့တော်မှာ ကြက်သတ်သလို သတ်ခဲ့တာလေ။ ဒီနေ့ ငါ မင်းကို ခွေးတစ်ကောင်ကို သတ်သလို ပြန်သတ်မယ်”
ကောင်းကင်အလင်းသခင်က အလွန်တရာ များပြားလှသည့် မုန်းတီးစိတ်များဖြင့် ပြောလိုက်သည်။
သူ အလွန် ပီတိဖြစ်လို့နေသည်။
ဝီ!
ထိုစဉ် ကမ္ဘာခြား စစ်သင်္ဘောက စတင် စက်နှိုးလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းက ဟွာရှအခြေစိုက်စခန်း အပေါ်သို့ ရပ်ဆိုင်းလို့လာသည်။ ၎င်း၏ ဧရာမ အရိပ်က ဟွာရှအခြေစိုက်စခန်း တစ်ခုလုံးအား ဝါးမျိုသွားလေတော့သည်။
ထို့နောက် ခေလန်နှင့် သူ့လူများသည် မိုးကောင်းကင်၌ အလွန် နိုင်လိုမင်းထက်ဆန်သော အပြုအမူများနှင့် ပေါ်ပေါက်လာသည်။
သူတို့က ကျန်းရှီမြို့မှ လူသားများက ပုရွက်ဆိတ်အုံမှ ပုရွက်ဆိတ်လေးများကဲ့သို့ ထင်မြင်ကာ အထင်သေးသလို ကြည့်နေကြသည်။
“အရှင်ခေလန်၊ ကျုပ်တို့အောက်က မြို့က ကျန်းရှီမြို့ပါ။ ကျေးဇူးပြုပြီး တစ်မြို့လုံးကို ရဲရဲနီသွားအောင် အနီရောင်တွေနဲ့ ဆေးခြယ်ပေးပါဦး”
ကောင်းကင်အလင်းသခင်က တိုက်တွန်းနေရင်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လို့လာသည်။
သူ့စကားကြောင့် ခေလန်က နှုတ်ခမ်းကို တွန့်၍ ပြန်ပြောလိုက်သည်။
“အဲ့လိုလုပ်စရာမလိုပါဘူး”
*ဘာ*
ခေလန်၏ စကားကြောင့် ကောင်းကင်အလင်းသခင် တစ်ခဏမျှ မှင်တက်သွားသည်။ ထိုစဉ် သူ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ခေလန်က လက်ဟန်ပြ၍ အမိန့်ပေးလိုက်သည်။
“နတ်ဘုရား အလင်းတော် အမြောက် အဆင်သင့်ပဲလား”
“အဆင်သင့်ပါပဲ ကပ္ပတိန်”
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက် ပြန်ဖြေလိုက်ရင်း စစ်သင်္ဘောထဲသို့ ချက်ချင်း ပြန်ပြေးသွားသည်။
ထို့နောက် အံ့ဩနေသော လူသား၏ ရှေ့မှောက်မှာပင် အနက်ရောင် အမြောက်ပြောင်းတစ်ခုအား ကျန်းရှီမြို့သို့ ချိန်ရွယ်လာသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထိုသို့သော အချိန်တွင် ကျန်းရှီမြို့မှ လူအုပ်ကြီးသည် ထိုအမြောက်ပြောင်းသည် ငရဲတွင်း၏ အဝင်ဝဟု ထင်မှတ်ကာ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။
မြို့ကို တစ်ကြိမ်လောက် ထိမှန်လိုက်သည်နှင့် အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
ထို့နောက် ခေလန်သည် ကောင်းကင်အလင်းသခင်၏ သံသယကို သတိထားမိဟန်ဖြင့် ပြုံး၍ ရှင်းပြလိုက်သည်။
“နတ်ဘုရားအလင်းတော် အမြောက်မှာ နတ်ဘုရားအဆင့် စွမ်းအင် ပါရှိတယ်။ အမြောက်ဆန်တစ်ခုက နတ်ဘုရား သေနာပတိရဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုနဲ့ တူညီတယ်”
“စိတ်မပူနဲ့ ကျန်းရှီမြို့ သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်”
*ဘာ*
အမြောက်ဆန်တစ်ခုက နတ်ဘုရား သေနာပတိ အဆင့်တစ်ယောက်ရဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှတယ်တဲ့လား။
သူ့စကားကြောင့် ကမ္ဘာမြေသားများအားလုံး ကြောက်လန့်ကာ ငိုချင်လာသည်။
သူတို့ ခေလန်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။
သူသည် လက်ကလေး တစ်ချက်ဝင့်ရုံနှင့် ဧဝရတ်တောင်အား ဖျက်ဆီးနိုင်စွမ်းရှိသည်။
သို့သော် နတ်ဘုရား အလင်းတော် အမြောက်၏ အင်အားက သူ၏ လက်ဖဝါးချက်ထက် ပို၍ သာလွန်နေသည်။
စစ်သင်္ဘောထဲ ပိတ်မိနေသည့် လူသားများသည်လည်း စိတ်ဓာတ်ကျသွားကြသည်။
စစ်သင်္ဘောထဲမှ လူသားများက ကျန်းရှီမြို့အား ဝမ်းနည်းစွာ ကြည့်နေမိသည်။
*သူတို့တော့ သေမှာပဲ*
*ကျန်းရှီမြို့တော့ သေချာပေါက် ရှင်းလင်းခံရတော့မှာပဲ*
*သနားစရာက ယဲ့ဖန်ရဲ့ ကာကွယ်မှုကို ရှာဖွေနေတဲ့ လူသားတွေလည်း အသတ်ခံရတော့မှာပါပဲ*
ဒုန်း!
ထိုစဉ် စစ်သင်္ဘော၏ အမြောက်မှနေ၍ ကြီးမားသော အဖြူရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လာသည်။
ဖျောက်! ဖျောက်! ဖျောက်!
အလင်းတန်းက လေထုကို ထိုးခွင်း၍ ကျန်းရှီမြို့ထံသို့ ဦးတည်၍ ရွေ့လျားလာသည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် အဖျက်စွမ်းအင် ချီဓာတ်က ကျန်းရှီတစ်မြို့လုံးအား ဖုံးအုပ်လုနီးပါး ဖြစ်လာလေသည်။
“ဟားဟား … သေပေတော့။ ယဲ့ဖန် နောက်ဆုံးတော့ မင်း သေရတော့မယ်ကွ”
ကောင်းကင်အလင်းသခင်က လှောင်ရယ်၍ ပြောဆိုလာသည်။ စစ်သင်္ဘောထဲရှိ သူတောင်းစားအိုကြီးနှင့် အခြားသူများ ဝမ်းနည်းပက်လက်နှင့် အော်ဟစ်မိကြသည်။
“မလုပ်နဲ့”
ထို့အချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းက ကျန်းရှီမြို့ရှိ အရာအားလုံးအား ဖျက်ဆီးမည့်ဟန်ပေါ်နေသည်။
ထို့နောက်တွင် ထိုအဖြူရောင် အလင်းတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
သို့သော် အခြားသူများအားလုံး ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူတို့ လုံးဝ မှင်တက်သွားကြသည်။
“အံ့ဩစရာကောင်းလိုက်တာ”
အဖြူရောင် အလင်းတန်းက လုံးဝပျောက်ကွယ်သွားသော်လည်း ကျန်းရှီမြို့သည် မည်သည့် ဘေးအန္တရာယ်မှ ကျရောက်ခြင်း မရှိပေ။
ထို့အပြင် ကျန်းရှီမြို့ရှိ နတ်ဆိုးများအားလုံးက ကောင်းကင်ကို မော့ကြည့်ရင်း တိုက်ခိုက်သူများအား အရူးများကို ကြည့်သလို ကြည့်ကာ လှောင်ရယ်နေကြသည်။
အံ့ဩစရာအကောင်းဆုံး အချက်သည်ကား ကျန်းရှီမြို့မှ နတ်ဆိုးများအားလုံးက ကောင်းကင်သို့ လက်ခလယ် ထောင်ပြနေခြင်းပင်။
“ချီးပဲ မဖြစ်နိုင်လိုက်တာ”
ကောင်းကင်အလင်းသခင်က မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။
နတ်ဘုရား သေနာပတိ၏ တိုက်ခိုက်မှုနှင့် ညီမျှသော နတ်ဘုရား အလင်းတော် အမြောက်က ဘယ်လိုလုပ် ကျန်းရှီမြို့အား ပွန်းပဲ့ရာလေးတောင် ထင်အောင် မလုပ်နိုင်ရသနည်း။
*မယုံနိုင်စရာပဲ*
ခေလန်နှင့် အခြား ကမ္ဘာခြား မုဆိုးများအားလုံး ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။
“ဒါ တားမြစ်စနစ်ပဲ”
ခေလန် မယုံသင်္ကာ ဖြစ်သွားရသည်။ နတ်ဘုရား အလင်းတော် အမြောက်၏ ပစ်ခတ်မှုကို ခုခံနိုင်သည့် တားမြစ်စနစ်တစ်ခုက ကျန်းရှီမြို့လို မြို့သေးသေးလေးတစ်ခုကို ဖုံးလွှမ်းနေလိမ့်မည်ဟု သူ ထင်မထားမိကြပါ။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
*ဒီအောက်မှာ မက်လောက်စရာ ရတနာတစ်ခုခုများ ရှိနေတာများလား*
ထို့နောက် ခေလန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။
“နတ်ဘုရား အလင်းတော် အမြောက်ကို အသင့်ပြင်၊ ပစ်”
ဒုန်း!
သူ့စကားအဆုံးတွင် နောက်ထပ် အဖျက်စွမ်းအင်ပါသော အလင်းတန်းတစ်ခုက တားမြစ်စနစ် ဖုံးလွှမ်းနေသော ကျန်းရှီမြို့သို့ ရွေ့လျားလာသည်။
ဝုန်း!
ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခုက ကမ္ဘာကို ဝါးမျိုသွားသည်။
သို့သော် ကောင်းကင်မှနေ၍ ကျန်းရှီမြို့သော ပစ်လွှတ်လိုက်သော အလင်းတန်းက ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိတ်လန့်ဖွယ်ကောင်းလှ၏။
ထိုစဉ် ကမ္ဘာမြေသားများအားလုံး ထိတ်လန့်သွားကြသည်။
ကျန်းရှီမြို့က အင်အားကောင်းလှသော တားမြစ်စနစ်၏ ကာကွယ်မှုအောက်၌ နှစ်ဝက်ခန့် တိတ်ဆိတ်စွာ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
“နောက်ဆုံးတော့ သူတို့ရဲ့ ရွေးချယ်မှုက မှန်ကန်နေတာပါလား”
ကျေးကျွန်များအတွက် ထားသည့် နေရာလပ်ထဲမှ လူသား သိုင်းပညာရှင်များ ရှက်ရွံ့လာကြသည်။
အခြား လူများ ဟွာရှနိုင်ငံနှင့် ကျန်းရှီမြို့သို့ ဝင်ရောက်ခိုလှုံခဲ့စဉ်က သူတို့ အရူးအမူး လှောင်ပြောင်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်တော့ လက်ရှိအခြေအနေက သူတို့ မျက်ကန်းသမားများ ဖြစ်ခဲ့ကြကြောင်း သက်သေပြနေသည်။
လင်းဒီလော့ဖ်နှင့် အိန္ဒိယ တထာဂတတို့သည်လည်း အလွန် အရှက်ရသလို ခံစားမိနေကြသည်။
ယခင်တုန်းက ဟွာရှ အခြေစိုက်စခန်း၌ မည်သည့် ကောင်းကင် နတ်ဘုရားအဆင့်မှ မရှိသဖြင့် ဖျက်ဆီးခံရလိမ့်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
မမျှော်လင့်ဘဲ ဤမြို့လေးသည် နတ်ဘုရား အလင်းတော် အမြောက်၏ ပစ်ခတ်မှုကိုတောင်မှ ခုခံနိုင်နေသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
“တားဆီးလိုက်စမ်း။ မင်း တားဆီးနိုင်မှဖြစ်မယ်”
ထိုစဉ် ကမ္ဘာမြေသား အားလုံးက ကျန်းရှီမြို့ကို ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
သူတို့ အဖမ်းခံထားရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ အခြားသူများကိုတော့ အသက်ရှင်စေချင်မိသည်။
ဝုန်း!
ထိုစဉ် တတိယအကြိမ် ပစ်ခတ်မှု စတင်လေတော့သည်။
ပဉ္စမအကြိမ်။
ဆဋ္ဌမအကြိမ်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရား အလင်းတော် အမြောက်က ကျန်းရှီမြု့အား အကြိမ် နှစ်ဆယ် ပစ်ခတ်ပြီးသွားလေပြီ။
ဂျွတ်!
ထိုစဉ် ကျိုးပဲ့သံ ခပ်တိုးတိုး ထွက်ပေါ်လာပြီး ထိုအသံက လူသားများအားလုံးနှင့် ကမ္ဘာခြား မုဆိုးများအား ရင်တုန်ပန်းတုန် ဖြစ်သွားစေခဲ့သည်။
*ကျိုးသွားပြီ*
“နောက်ဆုံးတော့ အဲ့ဒါ ကျိုးသွားပြီ”
ကောင်းကင်အလင်းသခင်က ရက်စက်စွာ ရယ်မော၍ ပြောဆိုနေသည်။
ခေလန်၏ မျက်လုံး၌လည်း ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့ အင်အားကြီးသော တားမြစ်စနစ်မျိုးက အထဲ၌ ရတနာတစ်မျိုးမျိုး ပုန်းကွယ် တည်ရှိနေသည်ဟု ဖော်ပြနေသည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
အလင်းတန်းများက ကောင်းကင်အနှံ့ ဖြာထွက်လာသည်။ တားမြစ်စနစ် ကျိုးသွားလေပြီ။
“ချီးပဲ”
စစ်သင်္ဘောထဲမှ သူတောင်းစားအိုကြီးနှင့် အခြား လူသားများ အလွန် ထိတ်လန့်သွားကြသည်။
သွေးထွက်သံယို ဖြစ်တော့မည့် သုတ်သင်ပွဲကြီး စတင်တော့မည်ကို သူတို့ ရိပ်စားမိလိုက်ကြသည်။
လူသားတိုင်း၏ မျက်နှာများ ပြာနှမ်းလာကြသည်။
“ဟားဟား … အဲ့ဒါ ငါ့ရတနာပဲ”
ခေလန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်နေသည်။
ထို့နောက် သူက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ရတနာရဲ့ နေရာကို သွားစစ်ဆေးကြည့်လိုက်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်”
ကမ္ဘာခြား မုဆိုးနှစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်နှာနှင့် အောက်သို့ ချက်ချင်း ဆင်းသွားကြသည်။
လေတိုးသံနှင့်အတူ မုဆိုးနှစ်ယောက်က ကျန်းရှီမြို့သို့ ချဉ်းကပ်သွားကြသည်။
ထိုစဉ် မထင်မှတ်ထားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။
#Zawgyi
စာစဥ္ (25) CHAPTER (367) တားျမစ္စနစ္ ပ်က္ဆီးသြားၿပီ
“ေကာင္းကင္အလင္းသခင္ သူတို႔ေတြ မင္းဖင္ကို မီးကင္ပစ္ပါေစလို႔ ငါ ေမွ်ာ္လင့္တယ္ကြာ”
“ခ်ီးထုပ္၊ မင္းက တကယ့္ကို ခ်ီးထုပ္ပဲ”
“မင္း အေႏွးနဲ႔အျမန္ ဝဋ္ျပန္လည္မွာပဲကြ”

ယခုအခ်ိန္တြင္ စစ္သေဘၤာထဲရွိ ကြၽန္မ်ား ထားရာအခန္းတြင္ စုပ္ယူျခင္း ခံထားရသည့္ လူသား သိုင္းပညာရွင္မ်ားက ေကာင္းကင္အလင္းသခင္အား က်ယ္ေလာင္စြာ က်ိန္ဆဲေနၾကသည္။
သူတို႔ သူ႔ကို အလြန္ မုန္းတီးေနၾကသည္။
သူက သူ၏ ကိုယ္ေရးကိုယ္တာ နာၾကည္းမႈအတြက္ ထြက္ေပါက္ရွာရန္ က်န္းရွီၿမိဳ႕ရွိ လူမ်ားစြာကို သတ္ျဖတ္ခ်င္ေနခဲ့သည္။ သူသည္ အလြန႔္ကို ေဒါသစိတ္ ႀကီးမားေသာသူ ျဖစ္သည္။
သို႔ေသာ္ ေကာင္းကင္အလင္းသခင္က အျခားသူမ်ားအားလုံး၏ ဆဲဆိုမႈေတြကို လုံးဝ အေလးမထားေပ။
ယဲ့ဖန္ ပုံဆိုးပန္းဆိုး နည္းလမ္းျဖင့္ အသတ္ခံရမည္ကိုသာ သူ ျမင္ခ်င္ေနခဲ့သည္။
“ဟီးဟီး၊ ယဲ့ဖန္ မင္းလုပ္ခဲ့တာေတြကို မင္း မွတ္မိေသးလား။ မင္း ငါ့ကို နတ္ဘုရားမၿမိဳ႕ေတာ္မွာ ၾကက္သတ္သလို သတ္ခဲ့တာေလ။ ဒီေန႔ ငါ မင္းကို ေခြးတစ္ေကာင္ကို သတ္သလို ျပန္သတ္မယ္”
ေကာင္းကင္အလင္းသခင္က အလြန္တရာ မ်ားျပားလွသည့္ မုန္းတီးစိတ္မ်ားျဖင့္ ေျပာလိုက္သည္။
သူ အလြန္ ပီတိျဖစ္လို႔ေနသည္။
ဝီ!
ထိုစဥ္ ကမာၻျခား စစ္သေဘၤာက စတင္ စက္ႏႈိးလာသည္။
စကၠန႔္ပိုင္းအတြင္းမွာပင္ ၎က ဟြာရွအေျခစိုက္စခန္း အေပၚသို႔ ရပ္ဆိုင္းလို႔လာသည္။ ၎၏ ဧရာမ အရိပ္က ဟြာရွအေျခစိုက္စခန္း တစ္ခုလုံးအား ဝါးမ်ိဳသြားေလေတာ့သည္။
ထို႔ေနာက္ ေခလန္ႏွင့္ သူ႔လူမ်ားသည္ မိုးေကာင္းကင္၌ အလြန္ ႏိုင္လိုမင္းထက္ဆန္ေသာ အျပဳအမူမ်ားႏွင့္ ေပၚေပါက္လာသည္။
သူတို႔က က်န္းရွီၿမိဳ႕မွ လူသားမ်ားက ပု႐ြက္ဆိတ္အုံမွ ပု႐ြက္ဆိတ္ေလးမ်ားကဲ့သို႔ ထင္ျမင္ကာ အထင္ေသးသလို ၾကည့္ေနၾကသည္။
“အရွင္ေခလန္၊ က်ဳပ္တို႔ေအာက္က ၿမိဳ႕က က်န္းရွီၿမိဳ႕ပါ။ ေက်းဇူးျပဳၿပီး တစ္ၿမိဳ႕လုံးကို ရဲရဲနီသြားေအာင္ အနီေရာင္ေတြနဲ႔ ေဆးျခယ္ေပးပါဦး”
ေကာင္းကင္အလင္းသခင္က တိုက္တြန္းေနရင္း စိတ္လႈပ္ရွားမႈေၾကာင့္ တစ္ကိုယ္လုံး တုန္ယင္လို႔လာသည္။
သူ႔စကားေၾကာင့္ ေခလန္က ႏႈတ္ခမ္းကို တြန႔္၍ ျပန္ေျပာလိုက္သည္။
“အဲ့လိုလုပ္စရာမလိုပါဘူး”
*ဘာ*
ေခလန္၏ စကားေၾကာင့္ ေကာင္းကင္အလင္းသခင္ တစ္ခဏမွ် မွင္တက္သြားသည္။ ထိုစဥ္ သူ၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ေခလန္က လက္ဟန္ျပ၍ အမိန႔္ေပးလိုက္သည္။
“နတ္ဘုရား အလင္းေတာ္ အေျမာက္ အဆင္သင့္ပဲလား”
“အဆင္သင့္ပါပဲ ကပၸတိန္”
နတ္ဘုရား ဆရာသခင္အဆင့္ တစ္ေယာက္ ျပန္ေျဖလိုက္ရင္း စစ္သေဘၤာထဲသို႔ ခ်က္ခ်င္း ျပန္ေျပးသြားသည္။
ထို႔ေနာက္ အံ့ဩေနေသာ လူသား၏ ေရွ႕ေမွာက္မွာပင္ အနက္ေရာင္ အေျမာက္ေျပာင္းတစ္ခုအား က်န္းရွီၿမိဳ႕သို႔ ခ်ိန္႐ြယ္လာသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ထိုသို႔ေသာ အခ်ိန္တြင္ က်န္းရွီၿမိဳ႕မွ လူအုပ္ႀကီးသည္ ထိုအေျမာက္ေျပာင္းသည္ ငရဲတြင္း၏ အဝင္ဝဟု ထင္မွတ္ကာ တစ္ကိုယ္လုံး တုန္ယင္လာၾကသည္။
ၿမိဳ႕ကို တစ္ႀကိမ္ေလာက္ ထိမွန္လိုက္သည္ႏွင့္ အရာအားလုံး ပ်က္စီးသြားေပလိမ့္မည္။
ထို႔ေနာက္ ေခလန္သည္ ေကာင္းကင္အလင္းသခင္၏ သံသယကို သတိထားမိဟန္ျဖင့္ ၿပဳံး၍ ရွင္းျပလိုက္သည္။
“နတ္ဘုရားအလင္းေတာ္ အေျမာက္မွာ နတ္ဘုရားအဆင့္ စြမ္းအင္ ပါရွိတယ္။ အေျမာက္ဆန္တစ္ခုက နတ္ဘုရား ေသနာပတိရဲ႕ မီးကုန္ယမ္းကုန္ တိုက္ခိုက္မႈနဲ႔ တူညီတယ္”
“စိတ္မပူနဲ႔ က်န္းရွီၿမိဳ႕ ေသခ်ာေပါက္ ဖ်က္ဆီးခံရလိမ့္မယ္”
*ဘာ*
အေျမာက္ဆန္တစ္ခုက နတ္ဘုရား ေသနာပတိ အဆင့္တစ္ေယာက္ရဲ႕ မီးကုန္ယမ္းကုန္ တိုက္ခိုက္မႈနဲ႔ ညီမွ်တယ္တဲ့လား။
သူ႔စကားေၾကာင့္ ကမာၻေျမသားမ်ားအားလုံး ေၾကာက္လန႔္ကာ ငိုခ်င္လာသည္။
သူတို႔ ေခလန္၏ ထိတ္လန႔္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ခြန္အားကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ၿပီးၿပီ ျဖစ္သည္။
သူသည္ လက္ကေလး တစ္ခ်က္ဝင့္႐ုံႏွင့္ ဧဝရတ္ေတာင္အား ဖ်က္ဆီးႏိုင္စြမ္းရွိသည္။
သို႔ေသာ္ နတ္ဘုရား အလင္းေတာ္ အေျမာက္၏ အင္အားက သူ၏ လက္ဖဝါးခ်က္ထက္ ပို၍ သာလြန္ေနသည္။
စစ္သေဘၤာထဲ ပိတ္မိေနသည့္ လူသားမ်ားသည္လည္း စိတ္ဓာတ္က်သြားၾကသည္။
စစ္သေဘၤာထဲမွ လူသားမ်ားက က်န္းရွီၿမိဳ႕အား ဝမ္းနည္းစြာ ၾကည့္ေနမိသည္။
*သူတို႔ေတာ့ ေသမွာပဲ*
*က်န္းရွီၿမိဳ႕ေတာ့ ေသခ်ာေပါက္ ရွင္းလင္းခံရေတာ့မွာပဲ*
*သနားစရာက ယဲ့ဖန္ရဲ႕ ကာကြယ္မႈကို ရွာေဖြေနတဲ့ လူသားေတြလည္း အသတ္ခံရေတာ့မွာပါပဲ*
ဒုန္း!
ထိုစဥ္ စစ္သေဘၤာ၏ အေျမာက္မွေန၍ ႀကီးမားေသာ အျဖဴေရာင္ အလင္းတန္းတစ္ခု ပစ္လႊတ္လာသည္။
ေဖ်ာက္! ေဖ်ာက္! ေဖ်ာက္!
အလင္းတန္းက ေလထုကို ထိုးခြင္း၍ က်န္းရွီၿမိဳ႕ထံသို႔ ဦးတည္၍ ေ႐ြ႕လ်ားလာသည္။ မ်က္ေတာင္ တစ္ခတ္အတြင္းမွာပင္ အဖ်က္စြမ္းအင္ ခ်ီဓာတ္က က်န္းရွီတစ္ၿမိဳ႕လုံးအား ဖုံးအုပ္လုနီးပါး ျဖစ္လာေလသည္။
“ဟားဟား … ေသေပေတာ့။ ယဲ့ဖန္ ေနာက္ဆုံးေတာ့ မင္း ေသရေတာ့မယ္ကြ”
ေကာင္းကင္အလင္းသခင္က ေလွာင္ရယ္၍ ေျပာဆိုလာသည္။ စစ္သေဘၤာထဲရွိ သူေတာင္းစားအိုႀကီးႏွင့္ အျခားသူမ်ား ဝမ္းနည္းပက္လက္ႏွင့္ ေအာ္ဟစ္မိၾကသည္။
“မလုပ္နဲ႔”
ထို႔အခ်ိန္တြင္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အျဖဴေရာင္အလင္းတန္းက က်န္းရွီၿမိဳ႕ရွိ အရာအားလုံးအား ဖ်က္ဆီးမည့္ဟန္ေပၚေနသည္။
ထို႔ေနာက္တြင္ ထိုအျဖဴေရာင္ အလင္းတန္းက ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားသည္။
သို႔ေသာ္ အျခားသူမ်ားအားလုံး ရွင္းလင္းစြာ ျမင္လိုက္ရခ်ိန္တြင္ သူတို႔ လုံးဝ မွင္တက္သြားၾကသည္။
“အံ့ဩစရာေကာင္းလိုက္တာ”
အျဖဴေရာင္ အလင္းတန္းက လုံးဝေပ်ာက္ကြယ္သြားေသာ္လည္း က်န္းရွီၿမိဳ႕သည္ မည္သည့္ ေဘးအႏၲရာယ္မွ က်ေရာက္ျခင္း မရွိေပ။
ထို႔အျပင္ က်န္းရွီၿမိဳ႕ရွိ နတ္ဆိုးမ်ားအားလုံးက ေကာင္းကင္ကို ေမာ့ၾကည့္ရင္း တိုက္ခိုက္သူမ်ားအား အ႐ူးမ်ားကို ၾကည့္သလို ၾကည့္ကာ ေလွာင္ရယ္ေနၾကသည္။
အံ့ဩစရာအေကာင္းဆုံး အခ်က္သည္ကား က်န္းရွီၿမိဳ႕မွ နတ္ဆိုးမ်ားအားလုံးက ေကာင္းကင္သို႔ လက္ခလယ္ ေထာင္ျပေနျခင္းပင္။
“ခ်ီးပဲ မျဖစ္ႏိုင္လိုက္တာ”
ေကာင္းကင္အလင္းသခင္က မယုံႏိုင္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနမိသည္။
နတ္ဘုရား ေသနာပတိ၏ တိုက္ခိုက္မႈႏွင့္ ညီမွ်ေသာ နတ္ဘုရား အလင္းေတာ္ အေျမာက္က ဘယ္လိုလုပ္ က်န္းရွီၿမိဳ႕အား ပြန္းပဲ့ရာေလးေတာင္ ထင္ေအာင္ မလုပ္ႏိုင္ရသနည္း။
*မယုံႏိုင္စရာပဲ*
ေခလန္ႏွင့္ အျခား ကမာၻျခား မုဆိုးမ်ားအားလုံး ခ်က္ခ်င္းဆိုသလို ထိတ္လန႔္သြားၾကသည္။
“ဒါ တားျမစ္စနစ္ပဲ”
ေခလန္ မယုံသကၤာ ျဖစ္သြားရသည္။ နတ္ဘုရား အလင္းေတာ္ အေျမာက္၏ ပစ္ခတ္မႈကို ခုခံႏိုင္သည့္ တားျမစ္စနစ္တစ္ခုက က်န္းရွီၿမိဳ႕လို ၿမိဳ႕ေသးေသးေလးတစ္ခုကို ဖုံးလႊမ္းေနလိမ့္မည္ဟု သူ ထင္မထားမိၾကပါ။
*ဒါ … လုံးဝ မျဖစ္ႏိုင္ဘူး*
*ဒီေအာက္မွာ မက္ေလာက္စရာ ရတနာတစ္ခုခုမ်ား ရွိေနတာမ်ားလား*
ထို႔ေနာက္ ေခလန္က စိတ္လႈပ္ရွားစြာ ေျပာလာသည္။
“နတ္ဘုရား အလင္းေတာ္ အေျမာက္ကို အသင့္ျပင္၊ ပစ္”
ဒုန္း!
သူ႔စကားအဆုံးတြင္ ေနာက္ထပ္ အဖ်က္စြမ္းအင္ပါေသာ အလင္းတန္းတစ္ခုက တားျမစ္စနစ္ ဖုံးလႊမ္းေနေသာ က်န္းရွီၿမိဳ႕သို႔ ေ႐ြ႕လ်ားလာသည္။
ဝုန္း!
ထိတ္လန႔္ဖြယ္ေကာင္းေသာ ေပါက္ကြဲမႈတစ္ခုက ကမာၻကို ဝါးမ်ိဳသြားသည္။
သို႔ေသာ္ ေကာင္းကင္မွေန၍ က်န္းရွီၿမိဳ႕ေသာ ပစ္လႊတ္လိုက္ေသာ အလင္းတန္းက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္ကို သူတို႔ ေတြ႕လိုက္ရသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
ထိုစဥ္ ကမာၻေျမသားမ်ားအားလုံး ထိတ္လန႔္သြားၾကသည္။
က်န္းရွီၿမိဳ႕က အင္အားေကာင္းလွေသာ တားျမစ္စနစ္၏ ကာကြယ္မႈေအာက္၌ ႏွစ္ဝက္ခန႔္ တိတ္ဆိတ္စြာ ရွိေနလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့ၾကေပ။
“ေနာက္ဆုံးေတာ့ သူတို႔ရဲ႕ ေ႐ြးခ်ယ္မႈက မွန္ကန္ေနတာပါလား”
ေက်းကြၽန္မ်ားအတြက္ ထားသည့္ ေနရာလပ္ထဲမွ လူသား သိုင္းပညာရွင္မ်ား ရွက္႐ြံ႕လာၾကသည္။
အျခား လူမ်ား ဟြာရွႏိုင္ငံႏွင့္ က်န္းရွီၿမိဳ႕သို႔ ဝင္ေရာက္ခိုလႈံခဲ့စဥ္က သူတို႔ အ႐ူးအမူး ေလွာင္ေျပာင္ခဲ့ၾကသည္။
သို႔ေသာ္ ယခုအခါတြင္ေတာ့ လက္ရွိအေျခအေနက သူတို႔ မ်က္ကန္းသမားမ်ား ျဖစ္ခဲ့ၾကေၾကာင္း သက္ေသျပေနသည္။
လင္းဒီေလာ့ဖ္ႏွင့္ အိႏၵိယ တထာဂတတို႔သည္လည္း အလြန္ အရွက္ရသလို ခံစားမိေနၾကသည္။
ယခင္တုန္းက ဟြာရွ အေျခစိုက္စခန္း၌ မည္သည့္ ေကာင္းကင္ နတ္ဘုရားအဆင့္မွ မရွိသျဖင့္ ဖ်က္ဆီးခံရလိမ့္မည္ဟု သူတို႔ ယုံၾကည္ခဲ့ၾကသည္။
မေမွ်ာ္လင့္ဘဲ ဤၿမိဳ႕ေလးသည္ နတ္ဘုရား အလင္းေတာ္ အေျမာက္၏ ပစ္ခတ္မႈကိုေတာင္မွ ခုခံႏိုင္ေနသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
“တားဆီးလိုက္စမ္း။ မင္း တားဆီးႏိုင္မွျဖစ္မယ္”
ထိုစဥ္ ကမာၻေျမသား အားလုံးက က်န္းရွီၿမိဳ႕ကို ၾကည့္၍ က်ယ္ေလာင္စြာ ေအာ္ဟစ္ေနၾကသည္။
သူတို႔ အဖမ္းခံထားရၿပီးၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ အျခားသူမ်ားကိုေတာ့ အသက္ရွင္ေစခ်င္မိသည္။
ဝုန္း!
ထိုစဥ္ တတိယအႀကိမ္ ပစ္ခတ္မႈ စတင္ေလေတာ့သည္။
ပၪၥမအႀကိမ္။
ဆ႒မအႀကိမ္။

မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ နတ္ဘုရား အလင္းေတာ္ အေျမာက္က က်န္းရွီျမဳ႕အား အႀကိမ္ ႏွစ္ဆယ္ ပစ္ခတ္ၿပီးသြားေလၿပီ။
ဂြၽတ္!
ထိုစဥ္ က်ိဳးပဲ့သံ ခပ္တိုးတိုး ထြက္ေပၚလာၿပီး ထိုအသံက လူသားမ်ားအားလုံးႏွင့္ ကမာၻျခား မုဆိုးမ်ားအား ရင္တုန္ပန္းတုန္ ျဖစ္သြားေစခဲ့သည္။
*က်ိဳးသြားၿပီ*
“ေနာက္ဆုံးေတာ့ အဲ့ဒါ က်ိဳးသြားၿပီ”
ေကာင္းကင္အလင္းသခင္က ရက္စက္စြာ ရယ္ေမာ၍ ေျပာဆိုေနသည္။
ေခလန္၏ မ်က္လုံး၌လည္း ႐ူးသြပ္မႈႏွင့္ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။
ဤကဲ့သို႔ အင္အားႀကီးေသာ တားျမစ္စနစ္မ်ိဳးက အထဲ၌ ရတနာတစ္မ်ိဳးမ်ိဳး ပုန္းကြယ္ တည္ရွိေနသည္ဟု ေဖာ္ျပေနသည္။
ဂြၽတ္! ဂြၽတ္! ဂြၽတ္!
အလင္းတန္းမ်ားက ေကာင္းကင္အႏွံ႔ ျဖာထြက္လာသည္။ တားျမစ္စနစ္ က်ိဳးသြားေလၿပီ။
“ခ်ီးပဲ”
စစ္သေဘၤာထဲမွ သူေတာင္းစားအိုႀကီးႏွင့္ အျခား လူသားမ်ား အလြန္ ထိတ္လန႔္သြားၾကသည္။
ေသြးထြက္သံယို ျဖစ္ေတာ့မည့္ သုတ္သင္ပြဲႀကီး စတင္ေတာ့မည္ကို သူတို႔ ရိပ္စားမိလိုက္ၾကသည္။
လူသားတိုင္း၏ မ်က္ႏွာမ်ား ျပာႏွမ္းလာၾကသည္။
“ဟားဟား … အဲ့ဒါ ငါ့ရတနာပဲ”
ေခလန္၏ မ်က္လုံးမ်ားက စိတ္လႈပ္ရွားမႈေၾကာင့္ တလက္လက္ေတာက္ေနသည္။
ထို႔ေနာက္ သူက လက္ကို ေဝွ႔ယမ္း၍ ေျပာလိုက္သည္။
“မင္းတို႔ႏွစ္ေယာက္ ရတနာရဲ႕ ေနရာကို သြားစစ္ေဆးၾကည့္လိုက္”
“ဟုတ္ကဲ့ပါ ကပၸတိန္”
ကမာၻျခား မုဆိုးႏွစ္ေယာက္က စိတ္လႈပ္ရွားေနေသာ မ်က္ႏွာႏွင့္ ေအာက္သို႔ ခ်က္ခ်င္း ဆင္းသြားၾကသည္။
ေလတိုးသံႏွင့္အတူ မုဆိုးႏွစ္ေယာက္က က်န္းရွီၿမိဳ႕သို႔ ခ်ဥ္းကပ္သြားၾကသည္။
ထိုစဥ္ မထင္မွတ္ထားသည့္ ေျပာင္းလဲမႈတစ္ခု ျဖစ္ေပၚလာေလသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now