Chapter 357

1.1K 117 4
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (357) ကြောက်မက်ဖွယ်ကောင်းသော တကယ့်နတ်ဘုရားများ

ထိတ်လန့်ဖွယ်ကောင်းလှသည်။
တစ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်း နတ်ဆိုးလူသားများကြား၌ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု ဟွမ်ဖူရွှမ်နှင့် သူ့လူများ မထင်မှတ်ထားမိကြချေ။
ထို့ကြောင့် သူ့လူများ ကြောက်လန့်ကာ တုန်ယင်လို့လာသည်။
“မဖြစ်ဘူး၊ ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး၊ တတိယမြောက် နတ်ဘုရားအဆင့် ထွက်ပေါ်လာရင် ငါတို့ ဒီတိုက်ပွဲကို ရှုံးလိမ့်မယ်”
ဟွမ်ဖူရွှမ်နှင့် သူ့လူများ အလွန် သုန်မှုန်သွားကြပြီး အမှောင်သခင်နှင့် ပိုင်ယီတို့ထံသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
သူတို့ ထိုနတ်ဘုရားအဆင့် နှစ်ယောက်ကို မြန်နိုင်သမျှ မြန်မြန် သတ်ပစ်ရန် လိုအပ်နေသည်။ ဤနည်းနှင့်မှသာ သူတို့ စိတ်သက်သာရာ ရနိုင်မည် ဖြစ်သည်။
“ပုရွက်ဆိတ်လိုဟာတွေ၊ သွားသေလိုက်တော့”
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့က အမှောင်သခင်ကို တိုက်ခိုက်လာသည်။ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေက သူ့ကိုယ်ကို လှည့်၍ ပိုင်ယီထံသို့ ပြေးဝင်သွားသည်။
တကယ့် နတ်ဘုရားများကြားမှ စစ်ပွဲ ဖြစ်ပွားလာလေတော့သည်။ ထိုသို့သော အချိန်တွင် အခြားသော နတ်ဆိုးလူသားများနှင့် မကောင်းဆိုးဝါးများ ရပ်တန့်သွားကြသည်။
သူတို့အားလုံး တကယ့် နတ်ဘုရားအဆင့် ငါးယောက်ကြားမှ တိုက်ပွဲကို ထိတ်လန့်တကြား ကြည့်ရှုနေကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
သူတို့၏ ဖျက်ဆီးနိုင်သော ချီဓာတ်များက လမ်းမများကို ပေါက်ကွဲ၍ အိမ်များကို ပျက်စီးသွားစေခဲ့ပြီး အဆောက်အဦးများအား ပြိုကျသွားစေခဲ့သည်။
နတ်ဘုရားအဆင့် ငါးယောက်လုံးသည် ရှေးဦး သားရဲများကဲ့သို့ ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်လွှတ်ထားကြသည်။
သို့သော် သူတို့ချင်း ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် အခြားသူများ မှင်တက်သွားကြသည်။
ဤသည်မှာ တစ်ဘက်သတ် တိုက်ပွဲပင်။ အမှောင်သခင်သည် ငရဲမှ ရောက်ရှိလာသော နတ်ဘုရားတစ်ပါးကဲ့သို့ ပြုမူနေပြီး ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့အား ဖိနှိပ်ထားသည်။
ဝှစ်!
သူက တိုက်ကွက်တစ်ကွက်ချင်းစီတွင် တကယ့် နတ်ဘုရားများအား သွေးများ ပန်းထွက်လာအောင် လုပ်နိုင်ခဲ့သည်။
သူတို့၏ အရေပြားက တစ်လွှာချင်းစီ ဆုတ်ဖြဲခံနေရသည်။ ထို့ကြောင့် တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်တို့ နာကျင်မှုကြောင့် ကြံရာမရ ဖြစ်နေကြသည်။
“မဖြစ်နိုင်ဘူး”
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ထိတ်လန့်နေကြသည်။ လောလောလတ်လတ်မှ နတ်ဘုရားအဆင့်သို့ တက်လာသည့် လူတစ်ယောက်က ဘယ်လိုလုပ် သိပ်သန်မာနေသည်ကို သူတို့ နားမလည်နိုင်ကြပေ၊ သူ၏ တိုက်ကွက်တိုင်းက ယခင်ကထက် ဆယ်ဆမက ပို၍ ပြင်းထန်နေသည်။
ထို့ကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
စင်အောက်မှ ဝံပုလွေရိုင်းနှင့် အခြား အဓိကကျသောသူများ အားတက်လာကြသည်။
*ဒါ သူ လှောင်ပိတ်မခံရခင်တုန်းက တိုက်ခိုက်တဲ့ပုံမျိုးလား*
အမှောင်သခင်၏ တိုက်ကွက်တိုင်းသည် ပြေပြစ်၍ သေစေနို်ငလောက်ပြီး အဆုံးမသတ်နိုင်သော လျှို့ဝှက်ချက်များ ပါဝင်နေသည်။
ထိုသို့သောအချိန်တွင် ဝံပုလွေရိုင်း၊ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် ကျန်းရှီမြို့၏ နတ်ဆိုးလူသားများ အားလုံးတို့သည် အမှောင်သခင်၏ သိုင်းကွက်များ၌ ယစ်မူးနေကြသည်။
အမှောင်သခင်၏ တိုက်ခိုက်မှုပုံစံကို လိုက်ကြည့်ရင်း သူတို့၏ တိုက်ခိုက်မှု စွမ်းရည်များသည်လည်း တိုးတက်လာ၏။
သတ်ဖြတ်မှုပွဲတော်ကြီး စတင်လာလေတော့သည်။
များစွာသော နတ်ဆိုးလူသားများသည် သူတို့၏ ချီဓာတ်များ တိုးတက်လာကြပြီး ရုတ်တရက် တစ်ဆို့ကြန့်ကြာနေသော အဆင့်မှ ချိုးဖောက်သွားနိုင်ကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
သူတို့သည် မွေးကင်းစကလေးများကဲ့သို့ အဆင့်တက်သွားကြသည်။ အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ထောင်သောင်းနှင့်ချီသော နတ်ဆိုးလူသားကြားမှ လူအယောက် တစ်သောင်းတို့သည် ပို၍မြင့်သော အဆင့်သို့ တက်ရောက်နိုင်သွားကြသည်။
ဝုန်း!
ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး ထောင်သောင်းနှင့်ချီသော သားရဲများ အံ့အားသင့်သွားကြသည်။
နတ်ဆိုးလူသားများသည် ဖိနှိပ်နိုင်သော တိုက်ပွဲဝင်ခွန်အားမျိုး ရှိထားပြီးသား ဖြစ်သည်။ အမှောင်သခင်၏ တိုက်ခိုက်ပုံများကို လေ့လာသင်ယူပြီးနောက် သူတို့ ပို၍ တိုးတက်လာကြသည်။
ထို့အကျိုးဆက်ကြောင့် သူတို့၏ တိုက်ပွဲဝင်ခွန်အားများ တိုးပွားလာကြသည်။
သားရဲများသည် စစ်ပွဲတွင်းရှိ သွေးပျက်ဖွယ်ကောင်းသော လေထုကြောင့် စတင်၍ နောက်ဆုတ်လာကြသည်။
ဂါး!
ထိုစဉ် နောက်ထပ် ချောက်ချားဖွယ် အဖြစ်တစ်ခု ဖြစ်ပေါ်လာသည်။
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ငါးခုမြောက် ဦးခေါင်းသည် ပိုင်ယီ၏ လက်ဖဝါးချက်ကြောင့် ပြတ်ထွက်သွားသည်။
“သေစမ်း”
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် ကြံရာမရ ဖြစ်လို့နေသည်။ ယခင်က နတ်ဘုရားအဆင့် လေးယောက်က သူ၏ ခေါင်းလေးလုံးကို ဖြတ်ခဲ့ပြီးပြီဖြစ်သည်၊ သို့သော် ယခုအခါ၌ သူ၏ ငါးခုမြောက်ခေါင်းက မိန်းမပျိုလေးတစ်ယောက်ကြောင့် ပြတ်ထွက်သွားလေပြီ။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
“လူသား သွားသေလိုက်တော့”
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေက သူ၏ ဧရာမအမြီးကို အားကုန်လွှဲ၍  ပိုင်ယီအား ရိုက်နှက်လိုက်သည်။
အမြီးနှင့်တိုက်ခိုက်ခြင်း။
ဤသည်က ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ တိုက်ခိုက်ရေးလက်နက် များထဲမှ ကြောက်စရာ အကောင်းဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။
တကယ့်နတ်ဘုရားများတောင်မှ အမြီးနှင့် တစ်ကြိမ် အရိုက်ခံလိုက်ရသည်နှင့် အစိတ်စိတ် အမြွှာမြွှာဖြစ်သွားရသည်။
ဒုန်း!
ပိုင်ယီ၏ သေးသွယ်သော ကိုယ်လုံးလေးက အရိုက်ခံလိုက်ရသဖြင့် လွင့်ထွက်သွားသည်။
ဤမြင်ကွင်းကြောင့် လူအုပ်ကြီးက ကြောင်အနေကြသော်လည်း ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ ကတော့ ပျော်ရွှင်လို့နေသည်။
သို့သော် ထိုသို့တိုက်ခိုက်မှုအပြီးတွင် သူ၏ ပီတိဖြစ်နေသော မျက်နှာက အေးခဲသွားသည်။ သူ ရိုက်နှက်လိုက်သညနှင့် ပိုင်ယီက ချက်ချင်း ရာနှင့်ချီသော မိန်းမပျိုများအဖြစ် ကိုယ်ကိုခွဲ၍ မြေကြီးပေါ်သို့ လိမ့်လိုက်သည်။
ထို့နောက် မိန်းမပျိုများက လေထဲသို့ ပြန်ခုန်တက်၍ တစ်ယောက်တည်းအဖြစ် ပေါင်းစပ် သွားကြပြန်သည်။
ထို့ကြောင့် ပိုင်ယီသည် သရဲတစ္ဆေကဲ့သို့ ပြန်ကောင်းလာသည်။ သူမ၌ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မရှိပေ။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူ၏ သေစေနိုင်လောက်သော တိုက်ကွက်သည် မည်သည့်ရန်သူမျိုးကိုမဆို ထိခိုက်စေနိုင်သော်လည်း ပိုင်ယီကိုတော့ နည်းနည်းလေးမှ မထိခိုက်ပေ။ အံ့ဩစရာကောင်းလှသည်။
သို့သော် အိပ်မက်ဆိုးကား ယခုမှ စမည်ဖြစ်သည်။
ပိုင်ယီ၏ မျက်လုံးများက အေးစက်လာသည်။ သူမ၏ တိုက်ကွက်တိုင်းက ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ကိုယ်ပေါ်၌ ဆိုးရွားသော ဒဏ်ရာများ ကျန်ရစ်စေခဲ့သည်။
ဒဏ်ရာများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဧကရာဇ်အဆင့် မကောင်းဆိုးဝါး၏ သွေးများက ကောင်းကင်ထက်မှ ပန်းထွက်လာ၏။
ဘုတ်ခနဲ အသံနှင့်အတူ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ခြောက်ခုမြောက် ဦးခေါင်းက မြေကြီးပေါ်သို့ ပြတ်ကျလာသည်။
“ပြေးရမယ်”
ယခုအချိန်၌ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် လုံးဝ မှင်တက်လို့နေသည်။
ခေါင်းခြောက်လုံးကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏ တိုက်ပွဲဝင်ခွန်အားက လျင်မြန်စွာ ထိုးကျလာသည်။ သူ့၌ ရန်သူအား ခုခံရန် မည်သည့် အင်အားမှ မကျန်ရှိတော့။
ထို့ကြောင့် အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်၌ ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေသည် သူ၏ ခန္ဓာကိုယ်ကို ကွေးကောက်၍ ကျန်းရှီမြို့တံခါးဝသို့ အရူးအမူး ထွက်ပြေးလေတော့သည်။
ထွက်ပြေး၊ ထွက်ပြေး၊ ထွက်ပြေးရမယ်။
သူသည် ထိုသို့ တစ်ကိုယ်တည်း ရေရွတ်ရင်း ဤမျှကြောက်မက်ဖွယ်ကောင်းသော မြို့သို့ နောက်တစ်ခါ ခြေမချတော့ဟု ကျိန်ဆိုလိုက်မိသည်။
ကျန်းရှီမြို့၌ နေထိုင်ကြသော လူတို်ငးသည် တကယ့်နတ်ဆိုးများ၏ ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် လူမဆန်ကြပေ။
စက္ကန့်ပိုင်းအတွင်းမှာပင် ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ အရှိန်နှုန်းက အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ သို့သော် ထိုစဉ် လူအုပ်ကြားထဲမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ခုနစ်လုံးမြောက်ခေါင်း”
ရုတ်တရက် အလင်းတန်း တစ်ချက်နှင့်အတူ စပါးကြီးမြွေ၏ ခုနစ်လုံးမြောက် ဦးခေါင်း ပြတ်ထွက်သွားသည်။
“အား…အား…အား..”
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် သူ၏ ခုနစ်လုံးမြောက်ခေါင်း ပြတ်ကျသွားစဉ်တွင် နာကျင်မှုကြောင့် တုန်လှုပ်နေသည်။
သို့သော် ဆက်၍ မနေရဲသဖြင့် ကျန်ဦးခေါင်းနှစ်လုံးဖြင့် ထွက်ပြေးရန် ကြိုးစားနေသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤတိုက်ပွဲသည် သူ ကြုံဖူးသမျှထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ပွဲဖြစ်သည်။
သို့သော် ထိုသို့သော အချိန်တွင် သေမင်းနတ်ဘုရား၏ အသံကဲ့သို့ အသံတစ်သံက ထွက်ပေါ်လာသည်။
“ခွေးသူတောင်းစား သေလိုက်တော့”
ဒေါသတကြီး ကြုံးဝါးနေသော ပိုင်ယီသည် လှပသော စစ်နတ်ဘုရားမလေးလိုပင်။
ထို့နောက် သူမက ဖြူသွယ်သော လက်နှစ်ဘက်ကို အားကုန်လွှဲလိုက်သဖြင့် အဖြူရောင် အလင်းတန်းနှစ်ခုထွက်ပေါ်လာပြီး ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ကျန်ဦးခေါင်းနှစ်လုံးအား ပိုင်းဖြတ်သွားလေတော့သည်။
“မဖြစ်ဘူး”
ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူ၏ ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ သူ၏ လက်ကျန်ခေါင်းနှစ်လုံးက လည်ပင်းမှ တိခနဲ ပြတ်ကျကာ မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
ဘုတ်ခနဲ အသံနှင့်အတူ ခေါင်းပြတ်နေသော ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ခန္ဓာကိုယ် လဲကျသွားပြီးနောက် ကျန်းရှီတစ်မြို့လုံး တိတ်ဆိတ်သွားသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကြောက်စရာကောင်းလှ၏။
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ အလွန် သွေးပျက်သွားကြသည်။
*အဲ့ဒါကြီးက သေသွားပြီ*
*ကြောက်ဖို့ကောင်းတဲ့ ဧကရာဇ်အဆင့် မကောင်းဆိုးဝါးက မိန်းမလှလေး သတ်တာကို ခံလိုက်ရတယ်*
“ပြေးတော့”
သူတို့ မြို့ထဲ ဆက်မနေရဲတော့သဖြင့် ချက်ချင်း ထွက်ပြေးရန် ကြံစည်လိုက်သည်။ ထိုစဉ် အမှောင်သခင်က နတ်ဆိုးချီမျှင်စု အသွင်ပြောင်း၍ တကယ့်နတ်ဘုရားအဆင့် နှစ်ယောက်အား ဖုံးအုပ်လိုက်သည်။
“သေစမ်း၊ ဒီဟာကြီးက ဘာကြီးလဲ”
တကယ့် နတ်ဘုရားအဆင့်နှစ်ယောက် ထိတ်လန့်၊ ချောက်ချားနေသဖြင့် အလွန် တုန်ယင်နေကြသည်။
သူတို့ နတ်ဆိုးချီဓာတ်ထဲမှ ရုန်းထွက်ကြသောအခါ အသားစများနှင့် သွေးစများက မြေကြီးပေါ် စီးကျလာသည်။
သို့သော် သူတို့ သည့်ထက်ကြာကြာ မနေရဲတော့သဖြင့် ကြောက်စိတ်မွှန်နေသော ယုန်များကဲ့သို့ ထွက်ပြေးကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ကျန်းရှီမြို့ရှိ နတ်ဆိုးလူသားများ ရူးမတတ်ဖြစ်နေကြသည်။
“သတ်ကြ”
ကမ္ဘာတုန်လောက်သည့် တိုက်ပွဲအော်သံများနှင့်အတူ သားရဲအုပ်ကြီးသည် ဖိနှိပ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတော့သည်။
ပိုင်ယီ၊ အမှောင်သခင်နှင့် အခြား အဓိကကျသူများက တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်နောက်သို့ လိုက်ဖမ်းကြသည်။
နတ်ဘုရားအဆင့်နှစ်ယောက်သည် ပို၍ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာက သူတို့ကို အပြင်၌ စောင့်ကြိုနေမှန်း မရိပ်မိကြပေ။
#Zawgyi
စာစဥ္ (24) CHAPTER (357) ေၾကာက္မက္ဖြယ္ေကာင္းေသာ တကယ့္နတ္ဘုရားမ်ား
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
တစ္မိနစ္ပင္ မျပည့္ေသးေသာ အခ်ိန္အတြင္း နတ္ဆိုးလူသားမ်ားၾကား၌ တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္ ထြက္ေပၚလာလိမ့္မည္ဟု ဟြမ္ဖူ႐ႊမ္ႏွင့္ သူ႔လူမ်ား မထင္မွတ္ထားမိၾကေခ်။
ထို႔ေၾကာင့္ သူ႔လူမ်ား ေၾကာက္လန႔္ကာ တုန္ယင္လို႔လာသည္။
“မျဖစ္ဘူး၊ ငါတို႔ ထပ္ေစာင့္ေနလို႔ မျဖစ္ေတာ့ဘူး၊ တတိယေျမာက္ နတ္ဘုရားအဆင့္ ထြက္ေပၚလာရင္ ငါတို႔ ဒီတိုက္ပြဲကို ရႈံးလိမ့္မယ္”
ဟြမ္ဖူ႐ႊမ္ႏွင့္ သူ႔လူမ်ား အလြန္ သုန္မႈန္သြားၾကၿပီး အေမွာင္သခင္ႏွင့္ ပိုင္ယီတို႔ထံသို႔ ခ်က္ခ်င္း ေျပးဝင္သြားၾကသည္။
သူတို႔ ထိုနတ္ဘုရားအဆင့္ ႏွစ္ေယာက္ကို ျမန္ႏိုင္သမွ် ျမန္ျမန္ သတ္ပစ္ရန္ လိုအပ္ေနသည္။ ဤနည္းႏွင့္မွသာ သူတို႔ စိတ္သက္သာရာ ရႏိုင္မည္ ျဖစ္သည္။
“ပု႐ြက္ဆိတ္လိုဟာေတြ၊ သြားေသလိုက္ေတာ့”
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔က အေမွာင္သခင္ကို တိုက္ခိုက္လာသည္။ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြက သူ႔ကိုယ္ကို လွည့္၍ ပိုင္ယီထံသို႔ ေျပးဝင္သြားသည္။
တကယ့္ နတ္ဘုရားမ်ားၾကားမွ စစ္ပြဲ ျဖစ္ပြားလာေလေတာ့သည္။ ထိုသို႔ေသာ အခ်ိန္တြင္ အျခားေသာ နတ္ဆိုးလူသားမ်ားႏွင့္ မေကာင္းဆိုးဝါးမ်ား ရပ္တန႔္သြားၾကသည္။
သူတို႔အားလုံး တကယ့္ နတ္ဘုရားအဆင့္ ငါးေယာက္ၾကားမွ တိုက္ပြဲကို ထိတ္လန႔္တၾကား ၾကည့္ရႈေနၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
သူတို႔၏ ဖ်က္ဆီးႏိုင္ေသာ ခ်ီဓာတ္မ်ားက လမ္းမမ်ားကို ေပါက္ကြဲ၍ အိမ္မ်ားကို ပ်က္စီးသြားေစခဲ့ၿပီး အေဆာက္အဦးမ်ားအား ၿပိဳက်သြားေစခဲ့သည္။
နတ္ဘုရားအဆင့္ ငါးေယာက္လုံးသည္ ေရွးဦး သားရဲမ်ားကဲ့သို႔ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ထားၾကသည္။
သို႔ေသာ္ သူတို႔ခ်င္း ထိပ္တိုက္ရင္ဆိုင္မိသည္ႏွင့္ အျခားသူမ်ား မွင္တက္သြားၾကသည္။
ဤသည္မွာ တစ္ဘက္သတ္ တိုက္ပြဲပင္။ အေမွာင္သခင္သည္ ငရဲမွ ေရာက္ရွိလာေသာ နတ္ဘုရားတစ္ပါးကဲ့သို႔ ျပဳမူေနၿပီး ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔အား ဖိႏွိပ္ထားသည္။
ဝွစ္!
သူက တိုက္ကြက္တစ္ကြက္ခ်င္းစီတြင္ တကယ့္ နတ္ဘုရားမ်ားအား ေသြးမ်ား ပန္းထြက္လာေအာင္ လုပ္ႏိုင္ခဲ့သည္။
သူတို႔၏ အေရျပားက တစ္လႊာခ်င္းစီ ဆုတ္ၿဖဲခံေနရသည္။ ထို႔ေၾကာင့္ တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္တို႔ နာက်င္မႈေၾကာင့္ ႀကံရာမရ ျဖစ္ေနၾကသည္။
“မျဖစ္ႏိုင္ဘူး”
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ထိတ္လန႔္ေနၾကသည္။ ေလာေလာလတ္လတ္မွ နတ္ဘုရားအဆင့္သို႔ တက္လာသည့္ လူတစ္ေယာက္က ဘယ္လိုလုပ္ သိပ္သန္မာေနသည္ကို သူတို႔ နားမလည္ႏိုင္ၾကေပ၊ သူ၏ တိုက္ကြက္တိုင္းက ယခင္ကထက္ ဆယ္ဆမက ပို၍ ျပင္းထန္ေနသည္။
ထို႔ေၾကာင့္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာၾကသည္။
စင္ေအာက္မွ ဝံပုေလြ႐ိုင္းႏွင့္ အျခား အဓိကက်ေသာသူမ်ား အားတက္လာၾကသည္။
*ဒါ သူ ေလွာင္ပိတ္မခံရခင္တုန္းက တိုက္ခိုက္တဲ့ပုံမ်ိဳးလား*
အေမွာင္သခင္၏ တိုက္ကြက္တိုင္းသည္ ေျပျပစ္၍ ေသေစႏို္ငေလာက္ၿပီး အဆုံးမသတ္ႏိုင္ေသာ လွ်ိဳ႕ဝွက္ခ်က္မ်ား ပါဝင္ေနသည္။
ထိုသို႔ေသာအခ်ိန္တြင္ ဝံပုေလြ႐ိုင္း၊ မိစာၦ ဝိညာဥ္႐ိုင္းႏွင့္ က်န္းရွီၿမိဳ႕၏ နတ္ဆိုးလူသားမ်ား အားလုံးတို႔သည္ အေမွာင္သခင္၏ သိုင္းကြက္မ်ား၌ ယစ္မူးေနၾကသည္။
အေမွာင္သခင္၏ တိုက္ခိုက္မႈပုံစံကို လိုက္ၾကည့္ရင္း သူတို႔၏ တိုက္ခိုက္မႈ စြမ္းရည္မ်ားသည္လည္း တိုးတက္လာ၏။
သတ္ျဖတ္မႈပြဲေတာ္ႀကီး စတင္လာေလေတာ့သည္။
မ်ားစြာေသာ နတ္ဆိုးလူသားမ်ားသည္ သူတို႔၏ ခ်ီဓာတ္မ်ား တိုးတက္လာၾကၿပီး ႐ုတ္တရက္ တစ္ဆို႔ၾကန႔္ၾကာေနေသာ အဆင့္မွ ခ်ိဳးေဖာက္သြားႏိုင္ၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
သူတို႔သည္ ေမြးကင္းစကေလးမ်ားကဲ့သို႔ အဆင့္တက္သြားၾကသည္။ အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ေထာင္ေသာင္းႏွင့္ခ်ီေသာ နတ္ဆိုးလူသားၾကားမွ လူအေယာက္ တစ္ေသာင္းတို႔သည္ ပို၍ျမင့္ေသာ အဆင့္သို႔ တက္ေရာက္ႏိုင္သြားၾကသည္။
ဝုန္း!
ထိတ္လန႔္ဖြယ္ေကာင္းေသာ ျမင္ကြင္းကို ၾကည့္ၿပီး ေထာင္ေသာင္းႏွင့္ခ်ီေသာ သားရဲမ်ား အံ့အားသင့္သြားၾကသည္။
နတ္ဆိုးလူသားမ်ားသည္ ဖိႏွိပ္ႏိုင္ေသာ တိုက္ပြဲဝင္ခြန္အားမ်ိဳး ရွိထားၿပီးသား ျဖစ္သည္။ အေမွာင္သခင္၏ တိုက္ခိုက္ပုံမ်ားကို ေလ့လာသင္ယူၿပီးေနာက္ သူတို႔ ပို၍ တိုးတက္လာၾကသည္။
ထို႔အက်ိဳးဆက္ေၾကာင့္ သူတို႔၏ တိုက္ပြဲဝင္ခြန္အားမ်ား တိုးပြားလာၾကသည္။
သားရဲမ်ားသည္ စစ္ပြဲတြင္းရွိ ေသြးပ်က္ဖြယ္ေကာင္းေသာ ေလထုေၾကာင့္ စတင္၍ ေနာက္ဆုတ္လာၾကသည္။
ဂါး!
ထိုစဥ္ ေနာက္ထပ္ ေခ်ာက္ခ်ားဖြယ္ အျဖစ္တစ္ခု ျဖစ္ေပၚလာသည္။
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ ငါးခုေျမာက္ ဦးေခါင္းသည္ ပိုင္ယီ၏ လက္ဖဝါးခ်က္ေၾကာင့္ ျပတ္ထြက္သြားသည္။
“ေသစမ္း”
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြသည္ ႀကံရာမရ ျဖစ္လို႔ေနသည္။ ယခင္က နတ္ဘုရားအဆင့္ ေလးေယာက္က သူ၏ ေခါင္းေလးလုံးကို ျဖတ္ခဲ့ၿပီးၿပီျဖစ္သည္၊ သို႔ေသာ္ ယခုအခါ၌ သူ၏ ငါးခုေျမာက္ေခါင္းက မိန္းမပ်ိဳေလးတစ္ေယာက္ေၾကာင့္ ျပတ္ထြက္သြားေလၿပီ။
ရွက္ဖို႔ေကာင္းလိုက္ေလျခင္း။
“လူသား သြားေသလိုက္ေတာ့”
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြက သူ၏ ဧရာမအၿမီးကို အားကုန္လႊဲ၍  ပိုင္ယီအား ႐ိုက္ႏွက္လိုက္သည္။
အၿမီးႏွင့္တိုက္ခိုက္ျခင္း။
ဤသည္က ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ တိုက္ခိုက္ေရးလက္နက္ မ်ားထဲမွ ေၾကာက္စရာ အေကာင္းဆုံး တိုက္ခိုက္မႈတစ္ခု ျဖစ္သည္။
တကယ့္နတ္ဘုရားမ်ားေတာင္မွ အၿမီးႏွင့္ တစ္ႀကိမ္ အ႐ိုက္ခံလိုက္ရသည္ႏွင့္ အစိတ္စိတ္ အႁမႊာႁမႊာျဖစ္သြားရသည္။
ဒုန္း!
ပိုင္ယီ၏ ေသးသြယ္ေသာ ကိုယ္လုံးေလးက အ႐ိုက္ခံလိုက္ရသျဖင့္ လြင့္ထြက္သြားသည္။
ဤျမင္ကြင္းေၾကာင့္ လူအုပ္ႀကီးက ေၾကာင္အေနၾကေသာ္လည္း ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ ကေတာ့ ေပ်ာ္႐ႊင္လို႔ေနသည္။
သို႔ေသာ္ ထိုသို႔တိုက္ခိုက္မႈအၿပီးတြင္ သူ၏ ပီတိျဖစ္ေနေသာ မ်က္ႏွာက ေအးခဲသြားသည္။ သူ ႐ိုက္ႏွက္လိုက္သညႏွင့္ ပိုင္ယီက ခ်က္ခ်င္း ရာႏွင့္ခ်ီေသာ မိန္းမပ်ိဳမ်ားအျဖစ္ ကိုယ္ကိုခြဲ၍ ေျမႀကီးေပၚသို႔ လိမ့္လိုက္သည္။
ထို႔ေနာက္ မိန္းမပ်ိဳမ်ားက ေလထဲသို႔ ျပန္ခုန္တက္၍ တစ္ေယာက္တည္းအျဖစ္ ေပါင္းစပ္ သြားၾကျပန္သည္။
ထို႔ေၾကာင့္ ပိုင္ယီသည္ သရဲတေစၦကဲ့သို႔ ျပန္ေကာင္းလာသည္။ သူမ၌ မည္သည့္ ဒဏ္ရာဒဏ္ခ်က္မွ် မရွိေပ။
“ဒါ လုံးဝ မျဖစ္ႏိုင္ဘူး”
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြသည္ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားသည္။ သူ၏ ေသေစႏိုင္ေလာက္ေသာ တိုက္ကြက္သည္ မည္သည့္ရန္သူမ်ိဳးကိုမဆို ထိခိုက္ေစႏိုင္ေသာ္လည္း ပိုင္ယီကိုေတာ့ နည္းနည္းေလးမွ မထိခိုက္ေပ။ အံ့ဩစရာေကာင္းလွသည္။
သို႔ေသာ္ အိပ္မက္ဆိုးကား ယခုမွ စမည္ျဖစ္သည္။
ပိုင္ယီ၏ မ်က္လုံးမ်ားက ေအးစက္လာသည္။ သူမ၏ တိုက္ကြက္တိုင္းက ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ ကိုယ္ေပၚ၌ ဆိုး႐ြားေသာ ဒဏ္ရာမ်ား က်န္ရစ္ေစခဲ့သည္။
ဒဏ္ရာမ်ားက တစ္ခုၿပီးတစ္ခု ျဖစ္ေပၚလာသည္။ ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါး၏ ေသြးမ်ားက ေကာင္းကင္ထက္မွ ပန္းထြက္လာ၏။
ဘုတ္ခနဲ အသံႏွင့္အတူ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ ေျခာက္ခုေျမာက္ ဦးေခါင္းက ေျမႀကီးေပၚသို႔ ျပတ္က်လာသည္။
“ေျပးရမယ္”
ယခုအခ်ိန္၌ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြသည္ လုံးဝ မွင္တက္လို႔ေနသည္။
ေခါင္းေျခာက္လုံးကို ဆုံးရႈံးလိုက္ရသျဖင့္ သူ၏ တိုက္ပြဲဝင္ခြန္အားက လ်င္ျမန္စြာ ထိုးက်လာသည္။ သူ႔၌ ရန္သူအား ခုခံရန္ မည္သည့္ အင္အားမွ မက်န္ရွိေတာ့။
ထို႔ေၾကာင့္ အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္၌ ေခါင္းကိုးလုံး ေမွာ္ဝင္ စပါးႀကီးေႁမြသည္ သူ၏ ခႏၶာကိုယ္ကို ေကြးေကာက္၍ က်န္းရွီၿမိဳ႕တံခါးဝသို႔ အ႐ူးအမူး ထြက္ေျပးေလေတာ့သည္။
ထြက္ေျပး၊ ထြက္ေျပး၊ ထြက္ေျပးရမယ္။
သူသည္ ထိုသို႔ တစ္ကိုယ္တည္း ေရ႐ြတ္ရင္း ဤမွ်ေၾကာက္မက္ဖြယ္ေကာင္းေသာ ၿမိဳ႕သို႔ ေနာက္တစ္ခါ ေျခမခ်ေတာ့ဟု က်ိန္ဆိုလိုက္မိသည္။
က်န္းရွီၿမိဳ႕၌ ေနထိုင္ၾကေသာ လူတို္ငးသည္ တကယ့္နတ္ဆိုးမ်ား၏ ခြန္အားကို ပိုင္ဆိုင္ထားၾကသည္။ သူတို႔သည္ လူမဆန္ၾကေပ။
စကၠန႔္ပိုင္းအတြင္းမွာပင္ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ အရွိန္ႏႈန္းက အျမင့္ဆုံးသို႔ ေရာက္ရွိလာသည္။ သို႔ေသာ္ ထိုစဥ္ လူအုပ္ၾကားထဲမွ က်ယ္ေလာင္ေသာ အသံတစ္သံ ထြက္ေပၚလာသည္။
“ခုနစ္လုံးေျမာက္ေခါင္း”
႐ုတ္တရက္ အလင္းတန္း တစ္ခ်က္ႏွင့္အတူ စပါးႀကီးေႁမြ၏ ခုနစ္လုံးေျမာက္ ဦးေခါင္း ျပတ္ထြက္သြားသည္။
“အား…အား…အား..”
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြသည္ သူ၏ ခုနစ္လုံးေျမာက္ေခါင္း ျပတ္က်သြားစဥ္တြင္ နာက်င္မႈေၾကာင့္ တုန္လႈပ္ေနသည္။
သို႔ေသာ္ ဆက္၍ မေနရဲသျဖင့္ က်န္ဦးေခါင္းႏွစ္လုံးျဖင့္ ထြက္ေျပးရန္ ႀကိဳးစားေနသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
ဤတိုက္ပြဲသည္ သူ ႀကဳံဖူးသမွ်ထဲတြင္ ေၾကာက္မက္ဖြယ္ အေကာင္းဆုံး တိုက္ပြဲျဖစ္သည္။
သို႔ေသာ္ ထိုသို႔ေသာ အခ်ိန္တြင္ ေသမင္းနတ္ဘုရား၏ အသံကဲ့သို႔ အသံတစ္သံက ထြက္ေပၚလာသည္။
“ေခြးသူေတာင္းစား ေသလိုက္ေတာ့”
ေဒါသတႀကီး ႀကဳံးဝါးေနေသာ ပိုင္ယီသည္ လွပေသာ စစ္နတ္ဘုရားမေလးလိုပင္။
ထို႔ေနာက္ သူမက ျဖဴသြယ္ေသာ လက္ႏွစ္ဘက္ကို အားကုန္လႊဲလိုက္သျဖင့္ အျဖဴေရာင္ အလင္းတန္းႏွစ္ခုထြက္ေပၚလာၿပီး ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ က်န္ဦးေခါင္းႏွစ္လုံးအား ပိုင္းျဖတ္သြားေလေတာ့သည္။
“မျဖစ္ဘူး”
ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြသည္ ထိတ္လန႔္တၾကား ေအာ္ဟစ္လိုက္မိသည္။ သူ၏ ျပဴးက်ယ္ေနေသာ မ်က္လုံးမ်ားႏွင့္အတူ သူ၏ လက္က်န္ေခါင္းႏွစ္လုံးက လည္ပင္းမွ တိခနဲ ျပတ္က်ကာ ေျမႀကီးေပၚသို႔ ျပဳတ္က်လာသည္။
ဘုတ္ခနဲ အသံႏွင့္အတူ ေခါင္းျပတ္ေနေသာ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ ခႏၶာကိုယ္ လဲက်သြားၿပီးေနာက္ က်န္းရွီတစ္ၿမိဳ႕လုံး တိတ္ဆိတ္သြားသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ေၾကာက္စရာေကာင္းလွ၏။
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ အလြန္ ေသြးပ်က္သြားၾကသည္။
*အဲ့ဒါႀကီးက ေသသြားၿပီ*
*ေၾကာက္ဖို႔ေကာင္းတဲ့ ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးက မိန္းမလွေလး သတ္တာကို ခံလိုက္ရတယ္*
“ေျပးေတာ့”
သူတို႔ ၿမိဳ႕ထဲ ဆက္မေနရဲေတာ့သျဖင့္ ခ်က္ခ်င္း ထြက္ေျပးရန္ ႀကံစည္လိုက္သည္။ ထိုစဥ္ အေမွာင္သခင္က နတ္ဆိုးခ်ီမွ်င္စု အသြင္ေျပာင္း၍ တကယ့္နတ္ဘုရားအဆင့္ ႏွစ္ေယာက္အား ဖုံးအုပ္လိုက္သည္။
“ေသစမ္း၊ ဒီဟာႀကီးက ဘာႀကီးလဲ”
တကယ့္ နတ္ဘုရားအဆင့္ႏွစ္ေယာက္ ထိတ္လန႔္၊ ေခ်ာက္ခ်ားေနသျဖင့္ အလြန္ တုန္ယင္ေနၾကသည္။
သူတို႔ နတ္ဆိုးခ်ီဓာတ္ထဲမွ ႐ုန္းထြက္ၾကေသာအခါ အသားစမ်ားႏွင့္ ေသြးစမ်ားက ေျမႀကီးေပၚ စီးက်လာသည္။
သို႔ေသာ္ သူတို႔ သည့္ထက္ၾကာၾကာ မေနရဲေတာ့သျဖင့္ ေၾကာက္စိတ္မႊန္ေနေသာ ယုန္မ်ားကဲ့သို႔ ထြက္ေျပးကာ မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္ကြယ္သြားၾကသည္။
က်န္းရွီၿမိဳ႕ရွိ နတ္ဆိုးလူသားမ်ား ႐ူးမတတ္ျဖစ္ေနၾကသည္။
“သတ္ၾက”
ကမာၻတုန္ေလာက္သည့္ တိုက္ပြဲေအာ္သံမ်ားႏွင့္အတူ သားရဲအုပ္ႀကီးသည္ ဖိႏွိပ္ခံလိုက္ရၿပီး အသတ္ခံလိုက္ရေတာ့သည္။
ပိုင္ယီ၊ အေမွာင္သခင္ႏွင့္ အျခား အဓိကက်သူမ်ားက တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္ေနာက္သို႔ လိုက္ဖမ္းၾကသည္။
နတ္ဘုရားအဆင့္ႏွစ္ေယာက္သည္ ပို၍ေၾကာက္မက္ဖြယ္ေကာင္းေသာ တစ္စုံတစ္ရာက သူတို႔ကို အျပင္၌ ေစာင့္ႀကိဳေနမွန္း မရိပ္မိၾကေပ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now