Chapter 221

1.4K 169 0
                                    

ဒီနေ့အတွက် တင်ပြီးပြီထင်လို့ page ကို ဝင်မကြည့်ဖြစ်လိုက်တာပါ 😅 နောက်ကျသွားတဲ့အတွက် sorry ပါ

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (15) Chapter (221) နတ်ဆိုး တောင်ကြား

ယဲ့ဖန်အား ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံး ဝန်းရံလိုက်သည်ကို မြင်လိုက်စဉ်မှာပဲ ဂျူနီယာ ဝူနတ်ဘုရား တက်ကြွလာသည်။

ဤကဲ့သို့ အရူးမျိုးအား သူ့တစ်ဘဝလုံး တစ်ခါမှ မမြင်ခဲ့ဖူးပါ။

*သိုးတစ်ကောင်က ကျားဂူထဲ ဝင်လာရဲတယ်ပေါ့လေ*

*ငါ့အဘိုး ဆယ့်နှစ်ယောက်လုံးက အင်အားကြီးတဲ့ သူတွေချည်းပဲ … ငါ့အကြီးဆုံး အဘိုးဆို ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကွ*

*ယဲ့ဖန်က ငါ အပါအဝင် ငါ့အဘိုးနဲ့ အခြား ဝူကလန်သား သိုင်းပညာရှင်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် … သူတော့ သေပြီပဲ*

ယဲ့ဖန်အား ရှုံ့တွနေသော မျက်နှာနှင့် လှမ်းကြည့်နေရင် ဂျူနီယာ ဝူနတ်ဘုရားက ဝမ်းသာအားရ ပြုံးလိုက်မိသည်။

သို့သော် အမည်မဖော်နိုင်သော အနက်ရောင် ဝတ်စုံနှင့် တပ်ဖွဲ့တစ်ဖွဲ့ ရောက်ချလိုက်ချိန်တွင် သူ့အပြုံးက အေးခဲသွားလေ၏။

ဝူနတ်ဘုရား ဆယ့်နှစ်ယောက် အပါအဝင် ဝူကလန်သားတိုင်း မှင်တက်သွားကြသည်။

….

ထူးဆန်းသော အနက်ရောင် ဝတ်စုံနှင့် လူများက ဝူနတ်ဘုရားတောင်ထိပ်၌ ရပ်နေကြစဉ်တွင် သူတို့၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်များက အခြားသူများအား ချောက်ချားသွားစေသည်။ ရှေးဦးသားရဲ အကောင် တစ်ရာ့နှစ်ဆယ်ကျော် မော်တယ်ကမ္ဘာထဲသို့ ဆင်းသက်လာလေသလားဟုတောင် မှတ်ရသည်။

"ဆရာသခင်အဆင့်တွေ … အိုး …. မဖြစ်ဘူးဟ … သူတို့အားလုံးက ဆရာသခင်အဆင့် သိုင်းပညာရှင်တွေပဲ"

ဝူကလန်သားများ ထိတ်လန့်၊ ကြောက်ရွံ့မှုကြောင့် သတိလစ်မတတ် ဖြစ်သွားကြသည်။

ဟွာရှနိုင်ငံ၏ ထိပ်တန်း အင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် ဝူနတ်ဘုရားတောင်တွင် ဝူနတ်ဘုရား ဆယ့်နှစ်ယောက်သာ ရှိသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now