Chapter 307

1K 115 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (307) ကြောက်မက်ဖွယ်ရာပါလား

“ယဲ့ဖန် ပြန်လာပြီတဲ့”
ထိုသတင်းကို ကြားလိုက်ရပြီးနောက် ကောင်းအိမ်တော်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်လို့ သွားသည်။
ခွမ်း!
ဓားသမားဂိုဏ်းသား တစ်ယောက်သည် ကြောက်စိတ်ကြောင့် လက်ထဲမှ ဝိုင်ပုလင်းကို လွှတ်ချလိုက်မိသည်။
တိတ်ဆိတ်ခြင်း။
ခြံဝန်းတစ်ခုလုံး အလွန် တိတ်ကျသွားသဖြင့် ယဲ့ဖန်၏ နာမည်က အံ့ဖွယ်ကောင်းလှပုံရသည်။ ကောင်းရှန့်တောင်မှ တုန်ယင်သွားကြသည်။
ထို့နောက် သူသည် ဓားသမားဂိုဏ်း၏ တပည့်အား စိုက်ကြည့်ကာ ပြင်းထန်၊ကြမ်းကြုတ်သော မျက်လုံးများဖြင့် မေးလိုက်သည်။
“မင်း သေသွားတဲ့ ယဲ့ဖန်ကို မေးနေတာလား”
သူ၏ ခက်ထန်သော အမေးကြောင့် ဓားသမားဂိုဏ်းမှ တပည့်သည် တုန်ယင်လာပြီး သွေးကြောင်နေသော မျက်နှာနှင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ သခင်လေး။ သေသွားတဲ့ ယဲ့ဖန်ကို ပြောတာပါ၊ သူ ပြန်ရောက်လာပါပြီ၊ အဲ့သတင်းကို ရပြီးတာနဲ့ ဓားသမားဂိုဏ်းရဲ့ တပည့်တော်တော်များများက သူ့ကို သွားပြီး တားဆီးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ ပြန်မလာနိုင်ခဲ့ပါဘူး”

ထိုသတင်းကို ကြားပြီးနောက် ကောင်းအိမ်တော်ထဲမှ လူများအားလုံး ငေးငိုင်သွားကြသည်။ ဓားသမားဂိုဏ်းမှ တပည့်များစွာ ကြက်သီးမွေးညင်း ထလာကြသည်။
သူတို့သည် ယဲ့ဖန်၏ ဂုဏ်သတင်းနှင့် မြင့်မြတ်သော တိုက်ပွဲဝင် စွမ်းရည်တို့အား ကြားဖူးထားခဲ့ကြသည်မှာ ကြာလှပြီ ဖြစ်သည်။
ပြန်ရောက်လာသည်နှင့် သူက သေချာပေါက်ကို သွေးထွက်သံယို တိုက်ပွဲတစ်ပွဲကို ဖြစ်ပွားစေခဲ့ပြီ ဖြစ်သည်။
ဓားသမားဂိုဏ်းမှ တပည့်များနှင့် ဆန့်ကျင်ဘက်တွင်တော့ ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့သည် ထိုသတင်းကို ကြားပြီးနောက် ပျော်ရွှင်ကာ မျက်ရည်စို့တက်လာကြသည်။
အကြောက်အလန့်ကင်းသော လူတစ်ယောက် ဖြစ်သော ဝေ့ဖန်းသည် သူ နှိပ်စက်ခံရစဉ်က တစက်ကလေးမျှ မျက်ရည်မကျခဲ့ပေ။ သို့သော် ယခုအချိန်တွင်တော့ သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက်ရှိသည်။
မြေကြီးပေါ် ဒူးထောက်နေရင်း ငိုကြွေးနေသော မျက်နှာနှင့် သူ ပြောလိုက်မိသည်။
“ဘုရားသခင်က ငါတို့ကို ကောင်းချီးပေးပြီ၊ ငါတို့သခင်ကြီး ဘာဘေးအန္တရာယ်မှ မကြုံရဘဲ ပြန်လာပြီ။ သူက ကျန်တဲ့ရန်သူတွေကို လူသတ်စက်ကြီးလို သေချာပေါက် သတ်ပစ်မှာပဲ”
“ဓားသမားဂိုဏ်း ၊ မင်းတို့ မကြာခင် သုတ်သင်ခံရတော့မှာကွ … ဟားဟား”
ဝေ့ဖန်းသည် ရူးနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်။ ဒေါက်တာရှု၊ မာစတာလင်၊ ယဲ့ဖန့်ချန်နှင့် ပိုင်ရှုံးတို့သည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ တီးတိုး ရေရွတ်နေကြသည်။
“သူ ပြန်လာပြီ၊ နောက်ဆုံးတော့ သူ ပြန်လာပြီပဲ”
သူတို့အားလုံး နှစ်ဝက်ခန့် နှိပ်စက်ညှင်းပန်းမှုကို တောင့်ခံပြီး ဤကဲ့သို့ အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ သူတို့သခင်ကြီး ပြန်ရောက်လာလေပြီ။
“သ…သခင်လေး ယဲ့ဖန်က နတ်ဆိုးနော်။ သူ့ကြောင့် အသတ်ခံလိုက်ရတဲ့ ဘယ်သူမဆို အလောင်းက အပြည့်အစုံ မကျန်ရစ်ခဲ့ဘူးလို့ ပြောကြတယ်”
ဓားသမားဂိုဏ်း၏ တပည့်တစ်ယောက်က ကြောက်စိတ်မွှန်ကာ ကောင်းရှန့်အား ပြောလာသည်။
“ဘာ … ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ ထွက်ပြေးသင့်လား။ ကျွန်တော်တို့ ဓားသမားဂိုဏ်း ဌာနချုပ်ကို ပြန်ပြီးတော့ သူ့ကို သတ်ဖို့ ဂိုဏ်းချုပ်ကို ဖိတ်ခေါ်လို့ ရတယ်လေ”
ထိုတပည့်၏ အကြံပေးစကားကို ကြားပြီး ကျန်သူများအားလုံး ခေါင်းညိတ်လာကြသည်။ သူတို့ တကယ့်နတ်ဆိုးနှင့် ရန်သူ မဖြစ်လိုပါ။ ထို့နောက် သူတို့အားလုံး ကောင်းရှန့်အား မျှော်လင့်တကြီး ကြည့်နေကြသည်။
ဘုန်း!
ထိုစဉ် ကောင်းရှန့်က ထိုတပည့်အား အားနှင့် ပိတ်ကန်လိုက်သဖြင့် အော်ချိန်ပင် မရလိုက်ဘဲ လွင့်ထွက်သွားရသည်။
“ီးပဲ”
ကောင်းရှန့် ဒေါသမီးတို့ တောက်လောင်လာရသည်။ သူ နှစ်ဝက်လောက် တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းက ယဲ့ဖန် ပြန်ရောက်လာသော သတင်းကြောင့် သေးနုပ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ထို့ကြောင့် သူသည် အလွန်ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သည့် မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။
“ယဲ့ဖန်လား၊ အဲ့တော့ ဘာဖြစ်လဲ၊ ဒါ သူ့နယ်မြေမှ မဟုတ်တော့တာ”
“ဒဏ္ဍာရီလာ အဆင့်ကို အဆင့်တက်နိုင်ခဲ့ပြီးနောက်ပိုင်း ငါ့ရဲ့ အကြီးမားဆုံး နောင်တက အဲ့ခွေးမသားကို ငါ့လက်နဲ့ မသတ်လိုက်ရတာပဲ။ အခု သူ အသက်ရှင်နေသေးတယ်ဆိုတော့ ငါ အလှောင်ခံခဲ့ရတာတွေ အတွက် ငါ သူ့အရေခွံကို ခွာပြီး သူ့ကြွက်သားတွေကို ဆွဲထုတ်ပစ်မယ်”
ထိုသို့ပြောပြီး သူက အခြားသူများအား အော်ဟစ်လိုက်သည်။
“ငါ့အမိန့်ကို နာခံစမ်း ၊ ယဲ့ဖန်ကို ဝိုင်းတိုက်ဖို့ ကျန်းရှီမြို့က ဓားသမားဂိုဏ်းရဲ့ တပည့်အားလုံးကို စုစည်းလိုက်”
“မဟာ စောင့်ရှောက်သူ လေးယောက်ကို ဖိတ်ခေါ်လိုက်”
*မဟာစောင့်ရှောက်သူ*
သူ့အမိန့်ကို ကြားပြီးနောက် ဘေးပတ်လည်မှ တပည့်များအားလုံး ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည် တောက်ပလာ၏။
ထိုလူလေးယောက်သည် လွန်ခဲ့သည့် နှစ်ဝက်က ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ယခုအခါတွင် သူတို့က ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားခဲ့ပြီးပြီ ဖြစ်သည်။
သူတို့ နှစ်ဝက်လုံး တံခါးပိတ် ကျင့်ကြံနေသော်လည်း သူတို့သည် ဓားသမားဂိုဏ်း၏ တပည့်များကြား၌ ဂုဏ်သတင်းကြီးမားလေသည်။ ထိုလူလေးယောက်သာ ကောင်းရှန့်နှင့် ပူးပေါင်းလိုက်ပါက သူတို့၌ ဒဏ္ဍာရီလာအဆင့် ငါးယောက် ရှိပြီဖြစ်သည်။
ထို့ပြင် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး ယဲ့ဖန်၏ တိုက်ပွဲဝင် စွမ်းရည်အပေါ် ကြောက်လန့်နေမှုများ လျော့နည်းလာကြသည်။ ဒဏ္ဍာရီလာအဆင့် ငါးယောက်လုံး သာမန် တိုက်ကွက်လေး တစ်ကွက် ထုတ်လိုက်ရုံနှင့် ယဲ့ဖန်သည် ဘယ်လောက် အင်အားကြီးမားပါစေ သေချာပေါက် သေရလိမ့်မည်ပင်။
ခြံဝန်းထဲမှ ဓားသမားဂိုဏ်း၏ တပည့်များအားလုံး ချက်ချင်း တက်ကြွလာကြသည်။ ဝေ့ဖန်းနှင့် အခြားသူများကတော့ ဖြူဖပ်ဖြူရော် ဖြစ်လာကာ ထပ်မံ၍ စိတ်ညစ်သွားကြသည်။

ထိုသို့ဖြစ်နေစဉ်တွင် ကျန်းရှီမြို့၏ လမ်းမများပေါ်၌ များစွာသော သိုင်းပညာရှင်များ ပေါ်ထွက်လို့ လာနေသည်။ သူတို့အားလုံးသည် ဟွာရှနိုင်ငံမှ နံပါတ်တစ် သိုင်းပညာရှင်၏ လွှမ်းမိုးနိုင်သော မျက်နှာကို မြင်လို၍ ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့အပြင် ယဲ့ဖန်၏ နောက်မှ ညအဖွဲ့ လူဦးရေသည်လည်း လူငါးရာထက် ကျော်သွားပြီ ဖြစ်သည်။
မည်မျှ ထည်ဝါလိုက်သည့် ချီဓာတ်ပါလိမ့်။
သူတို့ အတူတကွ လမ်းလျှောက်လာချိန်တွင် သူတို့၏ ချီဓာတ်များက လေနှင့်အတူ မျောလွင့်လာသည်။ ညအဖွဲ့သားတိုင်း၏ စိတ်ထဲ၌ မုန်းတီးမှုနှင့် ရူးသွပ်များဖြင့် ပြည့်နှက်လို့နေသည်။
လွန်ခဲ့သည့် နှစ်ဝက်က သူတို့ လှောင်ပြောင်ခံခဲ့ရသည်များကို သူတို့ရန်သူ၏ ဝိညာဉ်များဖြင့် လက်စားချေလိုကြသဖြင့် သွေးများ ပွက်ပွက်ဆူနေကြသည်။
ယဲ့ဖန်၏ အဖွဲ့က ကောင်းအိမ်တော်နှင့် နီးကပ်လာချိန်တွင် လမ်းဆုံလမ်းခွတစ်ခု၌ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသောလူတစ်ထောင်ကျော်ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ဓားသမားဂိုဏ်းမှ တပည့်များ ဖြစ်ကြလေသည်။
လူတိုင်း သိုင်းကျင့်ကြံသည့် ခေတ်အစဖြစ်သဖြင့် စမ်းချောင်းထဲ၌ ငါးများ ခုန်ပျံကူးခတ်နေသည့်အလား လူများစွာတို့သည် ဓားသမားဂိုဏ်းထဲသို့ တဖွဲဖွဲ ဝင်ရောက်ခဲ့ကြသည်။
နိုင်ငံတစ်ဝန်း၌ ဓားသမားဂိုဏ်း၏ တပည့်များ ထောင်သောင်းနှင့်ချီ၍ ရှိလေသည်။ ကျန်းရှီမြို့ရှိ ဓားသမားဂိုဏ်း၌ သိုင်းပညာရှင်ပေါင်း အယောက်တစ်ထောင်ကျော်ရှိပြီး သူတို့ထဲမှ အများစုသည် ဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။
သူတို့ အတူတကွ ရပ်နေကြသည့်အခါတွင် သူတို့၏ တိုးပွားလာသော ကြမ်းကြုတ်သည့် ချီဓာတ်များက ဖိနှိပ်နိုင်လာသည်။
“ယဲ့ဖန် သွားသေလိုက်တော့”
ယဲ့ဖန်နှင့် သူ့နောက်လိုက်များ နီးကပ်လာချိန်တွင် တပည့်အဖွဲ့သားများက ဆူနာမီကဲ့သို့ အဟန့်ကောင်းသော ဟန်ပန်တို့ဖြင့် ရုတ်တရက် ထအော်လေသည်။
ချွင်!
ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်တို့က သူတို့၏ အေးစက်သော ဓားများကို ကြောက်မက်ဖွယ် အမူအရာဖြင့် ဆွဲထုတ်လာကြသည်။
ဘေးပတ်လည်မှ ဖြတ်သွားဖြတ်လာလူများအားလုံး မှင်တက်သွားကြသည်။ ဓားသမားဂိုဏ်း၏ ဖိနှိပ်နိုင်သော သိုင်းပညာရှင်များကို ကြည့်ပြီး သူတို့အားလုံး ကြောက်စိတ်မွှန်လာကြသည်။
ဝိုင်း၍ လုပ်ကြံခြင်းပါလား။
ဓားသမားဂိုဂ်းက ဝိုင်းဖွဲ့၍ ယဲ့ဖန်အား တတ်နိုင်သမျှ မြန်မြန် သတ်ချင်နေသည်မှာ သိသာလှပေ၏။ သို့သော် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ယဲ့ဖန်သည် ဂိုဏ်းသားများကို လျစ်လျူရှုထားသည်။ ထို့အပြင် သူက ရှေ့သို့ ဆက်တိုးလာပြီး သူ့နောက်မှ ညအဖွဲ့သားများကလည်း တုံ့နှေးချင်းမရှိ လိုက်ပါလာကြသည်။
….
ဤမြင်ကွင်းက ဖြတ်သွားဖြတ်လာများကို ထိတ်လန့်သွားစေရုံ သာမက ဓားသမားဂိုဏ်း၏ တပည့် တစ်ထောင်ကျော်ကိုပါ ဒေါသထွက်သွားစေခဲ့သည်။
“သွားသေလိုက်တော့”
ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်က ထိုသို့ကြုံးဝါးပြီး သူတို့၏ တောက်ပသော ဓားများကို ဝင့်၍ ယဲ့ဖန်ထံသို့ ရေလှိုင်းသဖွယ် ပြေးဝင်လာကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ခက်ထန်သော လေသံဖြင့် ပြောလာသည်။
“မင်းတို့က သေချင်နေတာပဲ”
ထို့နောက် သူက လက်ကို ခါ၍ အမိန့်ပေးလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
သူ့အမိန့်အဆုံးတွင် များစွာသော အနက်ရောင် အလင်းတန်းများက ချက်ချင်း ထွက်ပေါ်လာသည်။ ပုရွက်ဆိတ် တပ်ဖွဲ့ကြီးသည် ငရဲမှ လူသတ်လက်နက်များသဖွယ် ထွက်ပေါ်လာကြသည်။
နောက်ထပ် ဖြစ်ပွားလာသည့် အဖြစ်အပျက်က ဘေးမှ ကြည့်နေသူများအား သွေးပျက်သွားစေခဲ့သည်။ ရုတ်တရက် အနက်ရောင် အလင်းတန်းများက ဓားသမားဂိုဏ်း၏ တပည့်အဖွဲ့များနှင့် ထိတွေ့မိသွားပြီးနောက် သူတို့အား အရူးအမူး စားသုံးလေတော့သည်။
ထို့ကြောင့် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လဲကျသွားကြသည်။
သေမင်းနတ်ဘုရား ဆင်းသက်လို့လာချေပြီ။ ပြင်းထန်သော အော်သံများ ကျန်းရှီမြို့တွင်း၌ ပဲ့တင်ထပ်လာပြီးနောက်တွင် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက်တစ်ရာ၊ အယောက်နှစ်ရာ။
….
ထိုအချိန်တွင် သွေးနှင့် အော်သံများ ပေါင်းစပ်နေမှုကြောင့် လမ်းဆုံလမ်းခွကြီးသည် သားသတ်ရုံအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ တစ်မိနစ်အတွင်းမှာပင် ကြောက်လန့်တကြား ထွက်ပြေးနေသော ဓားသမားဂိုဏ်း၏ နောက်ဆုံးတပည့် အယောက်တစ်ရာတို့ ဝါးမျိုခံလိုက်ရပြီးနောက် လမ်းဆုံတစ်ခုလုံး သွေးစီးနေသော မြစ်တစ်ခုကဲ့သို့ ကူးပြောင်းသွားလေတော့သည်။
သေပြီ၊ သူတို့အားလုံး သေကုန်ပြီ။
တစ်မိနစ်လေးအတွင်းမှာပင် ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်လုံး အသတ်ခံလိုက်ရပြီး မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ မကျန်ရစ်ခဲ့ပေ။

ဘေးပတ်လည်မှ လူများအားလုံး နွေခေါင်ခေါင်၌ မိုးကြိုးပစ် ခံလိုက်ရသလို ထိတ်လန့်သွားကြသည်။
“မဖြစ်နိုင်ဘူး ၊ သေပြီ၊ သူတို့အားလုံး ဝါးမျိုခံလိုက်ရပြီ၊ သူ … သူတို့က ပုရွက်ဆိတ်ဆိုတာထက် နတ်ဆိုးတွေနဲ့ ပိုတူနေတယ်”
ဘေးမှလူများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။ မည်သည့်သားရဲကမှ ဤမျှ မြန်မြန်ဆန်ဆန် မသတ်ဖြတ်နိုင်ပါ။
သို့သော် ယခုအခါတွင်တော့ …. ချက်ချင်းဆိုသလိုပင် ဘေးမှလူများ၏ စိတ်ထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
#ZAWGYI
စာစဥ္ (21) CHAPTER (307) ေၾကာက္မက္ဖြယ္ရာပါလား
“ယဲ့ဖန္ ျပန္လာၿပီတဲ့”
ထိုသတင္းကို ၾကားလိုက္ရၿပီးေနာက္ ေကာင္းအိမ္ေတာ္တစ္ခုလုံး သုသာန္အလား တိတ္ဆိတ္လို႔ သြားသည္။
ခြမ္း!
ဓားသမားဂိုဏ္းသား တစ္ေယာက္သည္ ေၾကာက္စိတ္ေၾကာင့္ လက္ထဲမွ ဝိုင္ပုလင္းကို လႊတ္ခ်လိုက္မိသည္။
တိတ္ဆိတ္ျခင္း။
ၿခံဝန္းတစ္ခုလုံး အလြန္ တိတ္က်သြားသျဖင့္ ယဲ့ဖန္၏ နာမည္က အံ့ဖြယ္ေကာင္းလွပုံရသည္။ ေကာင္းရွန႔္ေတာင္မွ တုန္ယင္သြားၾကသည္။
ထို႔ေနာက္ သူသည္ ဓားသမားဂိုဏ္း၏ တပည့္အား စိုက္ၾကည့္ကာ ျပင္းထန္၊ၾကမ္းၾကဳတ္ေသာ မ်က္လုံးမ်ားျဖင့္ ေမးလိုက္သည္။
“မင္း ေသသြားတဲ့ ယဲ့ဖန္ကို ေမးေနတာလား”
သူ၏ ခက္ထန္ေသာ အေမးေၾကာင့္ ဓားသမားဂိုဏ္းမွ တပည့္သည္ တုန္ယင္လာၿပီး ေသြးေၾကာင္ေနေသာ မ်က္ႏွာႏွင့္ ျပန္ေျဖလိုက္သည္။
“ဟုတ္ပါတယ္၊ သခင္ေလး။ ေသသြားတဲ့ ယဲ့ဖန္ကို ေျပာတာပါ၊ သူ ျပန္ေရာက္လာပါၿပီ၊ အဲ့သတင္းကို ရၿပီးတာနဲ႔ ဓားသမားဂိုဏ္းရဲ႕ တပည့္ေတာ္ေတာ္မ်ားမ်ားက သူ႔ကို သြားၿပီး တားဆီးခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ထဲက ဘယ္သူမွ ျပန္မလာႏိုင္ခဲ့ပါဘူး”

ထိုသတင္းကို ၾကားၿပီးေနာက္ ေကာင္းအိမ္ေတာ္ထဲမွ လူမ်ားအားလုံး ေငးငိုင္သြားၾကသည္။ ဓားသမားဂိုဏ္းမွ တပည့္မ်ားစြာ ၾကက္သီးေမြးညင္း ထလာၾကသည္။
သူတို႔သည္ ယဲ့ဖန္၏ ဂုဏ္သတင္းႏွင့္ ျမင့္ျမတ္ေသာ တိုက္ပြဲဝင္ စြမ္းရည္တို႔အား ၾကားဖူးထားခဲ့ၾကသည္မွာ ၾကာလွၿပီ ျဖစ္သည္။
ျပန္ေရာက္လာသည္ႏွင့္ သူက ေသခ်ာေပါက္ကို ေသြးထြက္သံယို တိုက္ပြဲတစ္ပြဲကို ျဖစ္ပြားေစခဲ့ၿပီ ျဖစ္သည္။
ဓားသမားဂိုဏ္းမွ တပည့္မ်ားႏွင့္ ဆန႔္က်င္ဘက္တြင္ေတာ့ ေဝ့ဖန္းႏွင့္ အျခားသူ ေလးေယာက္တို႔သည္ ထိုသတင္းကို ၾကားၿပီးေနာက္ ေပ်ာ္႐ႊင္ကာ မ်က္ရည္စို႔တက္လာၾကသည္။
အေၾကာက္အလန႔္ကင္းေသာ လူတစ္ေယာက္ ျဖစ္ေသာ ေဝ့ဖန္းသည္ သူ ႏွိပ္စက္ခံရစဥ္က တစက္ကေလးမွ် မ်က္ရည္မက်ခဲ့ေပ။ သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့ သူ႔မ်က္ႏွာေပၚတြင္ မ်က္ရည္မ်ား စီးက်လ်က္ရွိသည္။
ေျမႀကီးေပၚ ဒူးေထာက္ေနရင္း ငိုေႂကြးေနေသာ မ်က္ႏွာႏွင့္ သူ ေျပာလိုက္မိသည္။
“ဘုရားသခင္က ငါတို႔ကို ေကာင္းခ်ီးေပးၿပီ၊ ငါတို႔သခင္ႀကီး ဘာေဘးအႏၲရာယ္မွ မႀကဳံရဘဲ ျပန္လာၿပီ။ သူက က်န္တဲ့ရန္သူေတြကို လူသတ္စက္ႀကီးလို ေသခ်ာေပါက္ သတ္ပစ္မွာပဲ”
“ဓားသမားဂိုဏ္း ၊ မင္းတို႔ မၾကာခင္ သုတ္သင္ခံရေတာ့မွာကြ … ဟားဟား”
ေဝ့ဖန္းသည္ ႐ူးေနေသာ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ ငိုလိုက္ရယ္လိုက္ ျဖစ္ေနသည္။ ေဒါက္တာရႈ၊ မာစတာလင္၊ ယဲ့ဖန႔္ခ်န္ႏွင့္ ပိုင္ရႈံးတို႔သည္လည္း စိတ္လႈပ္ရွားမႈေၾကာင့္ တုန္ယင္ကာ တီးတိုး ေရ႐ြတ္ေနၾကသည္။
“သူ ျပန္လာၿပီ၊ ေနာက္ဆုံးေတာ့ သူ ျပန္လာၿပီပဲ”
သူတို႔အားလုံး ႏွစ္ဝက္ခန႔္ ႏွိပ္စက္ညႇင္းပန္းမႈကို ေတာင့္ခံၿပီး ဤကဲ့သို႔ အခ်ိန္ကို ေစာင့္ဆိုင္းေနခဲ့ျခင္း ျဖစ္သည္။
ယခုေတာ့ သူတို႔သခင္ႀကီး ျပန္ေရာက္လာေလၿပီ။
“သ…သခင္ေလး ယဲ့ဖန္က နတ္ဆိုးေနာ္။ သူ႔ေၾကာင့္ အသတ္ခံလိုက္ရတဲ့ ဘယ္သူမဆို အေလာင္းက အျပည့္အစုံ မက်န္ရစ္ခဲ့ဘူးလို႔ ေျပာၾကတယ္”
ဓားသမားဂိုဏ္း၏ တပည့္တစ္ေယာက္က ေၾကာက္စိတ္မႊန္ကာ ေကာင္းရွန႔္အား ေျပာလာသည္။
“ဘာ … ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ။ ကြၽန္ေတာ္တို႔ ထြက္ေျပးသင့္လား။ ကြၽန္ေတာ္တို႔ ဓားသမားဂိုဏ္း ဌာနခ်ဳပ္ကို ျပန္ၿပီးေတာ့ သူ႔ကို သတ္ဖို႔ ဂိုဏ္းခ်ဳပ္ကို ဖိတ္ေခၚလို႔ ရတယ္ေလ”
ထိုတပည့္၏ အႀကံေပးစကားကို ၾကားၿပီး က်န္သူမ်ားအားလုံး ေခါင္းညိတ္လာၾကသည္။ သူတို႔ တကယ့္နတ္ဆိုးႏွင့္ ရန္သူ မျဖစ္လိုပါ။ ထို႔ေနာက္ သူတို႔အားလုံး ေကာင္းရွန႔္အား ေမွ်ာ္လင့္တႀကီး ၾကည့္ေနၾကသည္။
ဘုန္း!
ထိုစဥ္ ေကာင္းရွန႔္က ထိုတပည့္အား အားႏွင့္ ပိတ္ကန္လိုက္သျဖင့္ ေအာ္ခ်ိန္ပင္ မရလိုက္ဘဲ လြင့္ထြက္သြားရသည္။
“ီးပဲ”
ေကာင္းရွန႔္ ေဒါသမီးတို႔ ေတာက္ေလာင္လာရသည္။ သူ ႏွစ္ဝက္ေလာက္ တည္ေဆာက္ခဲ့ရသည့္ ဂုဏ္သတင္းက ယဲ့ဖန္ ျပန္ေရာက္လာေသာ သတင္းေၾကာင့္ ေသးႏုပ္သြားလိမ့္မည္ဟု သူ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
ထို႔ေၾကာင့္ သူသည္ အလြန္ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ပါဝင္သည့္ မ်က္လုံးမ်ားျဖင့္ ႀကဳံးဝါးလိုက္သည္။
“ယဲ့ဖန္လား၊ အဲ့ေတာ့ ဘာျဖစ္လဲ၊ ဒါ သူ႔နယ္ေျမမွ မဟုတ္ေတာ့တာ”
“ဒ႑ာရီလာ အဆင့္ကို အဆင့္တက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း ငါ့ရဲ႕ အႀကီးမားဆုံး ေနာင္တက အဲ့ေခြးမသားကို ငါ့လက္နဲ႔ မသတ္လိုက္ရတာပဲ။ အခု သူ အသက္ရွင္ေနေသးတယ္ဆိုေတာ့ ငါ အေလွာင္ခံခဲ့ရတာေတြ အတြက္ ငါ သူ႔အေရခြံကို ခြာၿပီး သူ႔ႂကြက္သားေတြကို ဆြဲထုတ္ပစ္မယ္”
ထိုသို႔ေျပာၿပီး သူက အျခားသူမ်ားအား ေအာ္ဟစ္လိုက္သည္။
“ငါ့အမိန႔္ကို နာခံစမ္း ၊ ယဲ့ဖန္ကို ဝိုင္းတိုက္ဖို႔ က်န္းရွီၿမိဳ႕က ဓားသမားဂိုဏ္းရဲ႕ တပည့္အားလုံးကို စုစည္းလိုက္”
“မဟာ ေစာင့္ေရွာက္သူ ေလးေယာက္ကို ဖိတ္ေခၚလိုက္”
*မဟာေစာင့္ေရွာက္သူ*
သူ႔အမိန႔္ကို ၾကားၿပီးေနာက္ ေဘးပတ္လည္မွ တပည့္မ်ားအားလုံး ႐ုတ္တရက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ ေတာက္ပလာ၏။
ထိုလူေလးေယာက္သည္ လြန္ခဲ့သည့္ ႏွစ္ဝက္က ဓားသမားဂိုဏ္း၏ ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ား ျဖစ္ၾကသည္။ ယခုအခါတြင္ သူတို႔က ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္သြားခဲ့ၿပီးၿပီ ျဖစ္သည္။
သူတို႔ ႏွစ္ဝက္လုံး တံခါးပိတ္ က်င့္ႀကံေနေသာ္လည္း သူတို႔သည္ ဓားသမားဂိုဏ္း၏ တပည့္မ်ားၾကား၌ ဂုဏ္သတင္းႀကီးမားေလသည္။ ထိုလူေလးေယာက္သာ ေကာင္းရွန႔္ႏွင့္ ပူးေပါင္းလိုက္ပါက သူတို႔၌ ဒ႑ာရီလာအဆင့္ ငါးေယာက္ ရွိၿပီျဖစ္သည္။
ထို႔ျပင္ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး ယဲ့ဖန္၏ တိုက္ပြဲဝင္ စြမ္းရည္အေပၚ ေၾကာက္လန႔္ေနမႈမ်ား ေလ်ာ့နည္းလာၾကသည္။ ဒ႑ာရီလာအဆင့္ ငါးေယာက္လုံး သာမန္ တိုက္ကြက္ေလး တစ္ကြက္ ထုတ္လိုက္႐ုံႏွင့္ ယဲ့ဖန္သည္ ဘယ္ေလာက္ အင္အားႀကီးမားပါေစ ေသခ်ာေပါက္ ေသရလိမ့္မည္ပင္။
ၿခံဝန္းထဲမွ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး ခ်က္ခ်င္း တက္ႂကြလာၾကသည္။ ေဝ့ဖန္းႏွင့္ အျခားသူမ်ားကေတာ့ ျဖဴဖပ္ျဖဴေရာ္ ျဖစ္လာကာ ထပ္မံ၍ စိတ္ညစ္သြားၾကသည္။

ထိုသို႔ျဖစ္ေနစဥ္တြင္ က်န္းရွီၿမိဳ႕၏ လမ္းမမ်ားေပၚ၌ မ်ားစြာေသာ သိုင္းပညာရွင္မ်ား ေပၚထြက္လို႔ လာေနသည္။ သူတို႔အားလုံးသည္ ဟြာရွႏိုင္ငံမွ နံပါတ္တစ္ သိုင္းပညာရွင္၏ လႊမ္းမိုးႏိုင္ေသာ မ်က္ႏွာကို ျမင္လို၍ ေရာက္ရွိလာျခင္း ျဖစ္သည္။
ထို႔အျပင္ ယဲ့ဖန္၏ ေနာက္မွ ညအဖြဲ႕ လူဦးေရသည္လည္း လူငါးရာထက္ ေက်ာ္သြားၿပီ ျဖစ္သည္။
မည္မွ် ထည္ဝါလိုက္သည့္ ခ်ီဓာတ္ပါလိမ့္။
သူတို႔ အတူတကြ လမ္းေလွ်ာက္လာခ်ိန္တြင္ သူတို႔၏ ခ်ီဓာတ္မ်ားက ေလႏွင့္အတူ ေမ်ာလြင့္လာသည္။ ညအဖြဲ႕သားတိုင္း၏ စိတ္ထဲ၌ မုန္းတီးမႈႏွင့္ ႐ူးသြပ္မ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။
လြန္ခဲ့သည့္ ႏွစ္ဝက္က သူတို႔ ေလွာင္ေျပာင္ခံခဲ့ရသည္မ်ားကို သူတို႔ရန္သူ၏ ဝိညာဥ္မ်ားျဖင့္ လက္စားေခ်လိုၾကသျဖင့္ ေသြးမ်ား ပြက္ပြက္ဆူေနၾကသည္။
ယဲ့ဖန္၏ အဖြဲ႕က ေကာင္းအိမ္ေတာ္ႏွင့္ နီးကပ္လာခ်ိန္တြင္ လမ္းဆုံလမ္းခြတစ္ခု၌ အျဖဴေရာင္ ဝတ္စုံကို ဝတ္ဆင္ထားေသာလူတစ္ေထာင္ေက်ာ္ျဖင့္ ျပည့္ႏွက္ေနသည္ကို ေတြ႕လိုက္ရသည္။ သူတို႔အားလုံးသည္ ဓားသမားဂိုဏ္းမွ တပည့္မ်ား ျဖစ္ၾကေလသည္။
လူတိုင္း သိုင္းက်င့္ႀကံသည့္ ေခတ္အစျဖစ္သျဖင့္ စမ္းေခ်ာင္းထဲ၌ ငါးမ်ား ခုန္ပ်ံကူးခတ္ေနသည့္အလား လူမ်ားစြာတို႔သည္ ဓားသမားဂိုဏ္းထဲသို႔ တဖြဲဖြဲ ဝင္ေရာက္ခဲ့ၾကသည္။
ႏိုင္ငံတစ္ဝန္း၌ ဓားသမားဂိုဏ္း၏ တပည့္မ်ား ေထာင္ေသာင္းႏွင့္ခ်ီ၍ ရွိေလသည္။ က်န္းရွီၿမိဳ႕ရွိ ဓားသမားဂိုဏ္း၌ သိုင္းပညာရွင္ေပါင္း အေယာက္တစ္ေထာင္ေက်ာ္ရွိၿပီး သူတို႔ထဲမွ အမ်ားစုသည္ ဆရာသခင္အဆင့္ႏွင့္ ဒ႑ာရီအဆင့္မ်ား ျဖစ္ၾကသည္။
သူတို႔ အတူတကြ ရပ္ေနၾကသည့္အခါတြင္ သူတို႔၏ တိုးပြားလာေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ားက ဖိႏွိပ္ႏိုင္လာသည္။
“ယဲ့ဖန္ သြားေသလိုက္ေတာ့”
ယဲ့ဖန္ႏွင့္ သူ႔ေနာက္လိုက္မ်ား နီးကပ္လာခ်ိန္တြင္ တပည့္အဖြဲ႕သားမ်ားက ဆူနာမီကဲ့သို႔ အဟန႔္ေကာင္းေသာ ဟန္ပန္တို႔ျဖင့္ ႐ုတ္တရက္ ထေအာ္ေလသည္။
ခြၽင္!
ဓားသမားဂိုဏ္း၏ တပည့္တစ္ေထာင္ေက်ာ္တို႔က သူတို႔၏ ေအးစက္ေသာ ဓားမ်ားကို ေၾကာက္မက္ဖြယ္ အမူအရာျဖင့္ ဆြဲထုတ္လာၾကသည္။
ေဘးပတ္လည္မွ ျဖတ္သြားျဖတ္လာလူမ်ားအားလုံး မွင္တက္သြားၾကသည္။ ဓားသမားဂိုဏ္း၏ ဖိႏွိပ္ႏိုင္ေသာ သိုင္းပညာရွင္မ်ားကို ၾကည့္ၿပီး သူတို႔အားလုံး ေၾကာက္စိတ္မႊန္လာၾကသည္။
ဝိုင္း၍ လုပ္ႀကံျခင္းပါလား။
ဓားသမားဂိုဂ္းက ဝိုင္းဖြဲ႕၍ ယဲ့ဖန္အား တတ္ႏိုင္သမွ် ျမန္ျမန္ သတ္ခ်င္ေနသည္မွာ သိသာလွေပ၏။ သို႔ေသာ္ ထိတ္လန႔္ဖြယ္ေကာင္းေသာ ျမင္ကြင္းတစ္ခု ျဖစ္ေပၚလာေလသည္။
ယဲ့ဖန္သည္ ဂိုဏ္းသားမ်ားကို လ်စ္လ်ဴရႈထားသည္။ ထို႔အျပင္ သူက ေရွ႕သို႔ ဆက္တိုးလာၿပီး သူ႔ေနာက္မွ ညအဖြဲ႕သားမ်ားကလည္း တုံ႔ေႏွးခ်င္းမရွိ လိုက္ပါလာၾကသည္။
….
ဤျမင္ကြင္းက ျဖတ္သြားျဖတ္လာမ်ားကို ထိတ္လန႔္သြားေစ႐ုံ သာမက ဓားသမားဂိုဏ္း၏ တပည့္ တစ္ေထာင္ေက်ာ္ကိုပါ ေဒါသထြက္သြားေစခဲ့သည္။
“သြားေသလိုက္ေတာ့”
ဓားသမားဂိုဏ္း၏ တပည့္တစ္ေထာင္ေက်ာ္က ထိုသို႔ႀကဳံးဝါးၿပီး သူတို႔၏ ေတာက္ပေသာ ဓားမ်ားကို ဝင့္၍ ယဲ့ဖန္ထံသို႔ ေရလႈိင္းသဖြယ္ ေျပးဝင္လာၾကသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ယဲ့ဖန္က ခက္ထန္ေသာ ေလသံျဖင့္ ေျပာလာသည္။
“မင္းတို႔က ေသခ်င္ေနတာပဲ”
ထို႔ေနာက္ သူက လက္ကို ခါ၍ အမိန႔္ေပးလိုက္သည္။
“သူတို႔အားလုံးကို သတ္လိုက္”
သူ႔အမိန႔္အဆုံးတြင္ မ်ားစြာေသာ အနက္ေရာင္ အလင္းတန္းမ်ားက ခ်က္ခ်င္း ထြက္ေပၚလာသည္။ ပု႐ြက္ဆိတ္ တပ္ဖြဲ႕ႀကီးသည္ ငရဲမွ လူသတ္လက္နက္မ်ားသဖြယ္ ထြက္ေပၚလာၾကသည္။
ေနာက္ထပ္ ျဖစ္ပြားလာသည့္ အျဖစ္အပ်က္က ေဘးမွ ၾကည့္ေနသူမ်ားအား ေသြးပ်က္သြားေစခဲ့သည္။ ႐ုတ္တရက္ အနက္ေရာင္ အလင္းတန္းမ်ားက ဓားသမားဂိုဏ္း၏ တပည့္အဖြဲ႕မ်ားႏွင့္ ထိေတြ႕မိသြားၿပီးေနာက္ သူတို႔အား အ႐ူးအမူး စားသုံးေလေတာ့သည္။
ထို႔ေၾကာင့္ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး တစ္ေယာက္ၿပီးတစ္ေယာက္ ဆက္တိုက္ လဲက်သြားၾကသည္။
ေသမင္းနတ္ဘုရား ဆင္းသက္လို႔လာေခ်ၿပီ။ ျပင္းထန္ေသာ ေအာ္သံမ်ား က်န္းရွီၿမိဳ႕တြင္း၌ ပဲ့တင္ထပ္လာၿပီးေနာက္တြင္ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး ေသြးအိုင္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားေလေတာ့သည္။
ဆယ္ေယာက္၊ အေယာက္ငါးဆယ္၊ အေယာက္တစ္ရာ၊ အေယာက္ႏွစ္ရာ။
….
ထိုအခ်ိန္တြင္ ေသြးႏွင့္ ေအာ္သံမ်ား ေပါင္းစပ္ေနမႈေၾကာင့္ လမ္းဆုံလမ္းခြႀကီးသည္ သားသတ္႐ုံအျဖစ္သို႔ ေျပာင္းလဲသြားေလေတာ့သည္။ တစ္မိနစ္အတြင္းမွာပင္ ေၾကာက္လန႔္တၾကား ထြက္ေျပးေနေသာ ဓားသမားဂိုဏ္း၏ ေနာက္ဆုံးတပည့္ အေယာက္တစ္ရာတို႔ ဝါးမ်ိဳခံလိုက္ရၿပီးေနာက္ လမ္းဆုံတစ္ခုလုံး ေသြးစီးေနေသာ ျမစ္တစ္ခုကဲ့သို႔ ကူးေျပာင္းသြားေလေတာ့သည္။
ေသၿပီ၊ သူတို႔အားလုံး ေသကုန္ၿပီ။
တစ္မိနစ္ေလးအတြင္းမွာပင္ ဓားသမားဂိုဏ္း၏ တပည့္တစ္ေထာင္ေက်ာ္လုံး အသတ္ခံလိုက္ရၿပီး မည္သည့္ ကိုယ္အဂၤါ အစိတ္အပိုင္းမွ မက်န္ရစ္ခဲ့ေပ။

ေဘးပတ္လည္မွ လူမ်ားအားလုံး ေႏြေခါင္ေခါင္၌ မိုးႀကိဳးပစ္ ခံလိုက္ရသလို ထိတ္လန႔္သြားၾကသည္။
“မျဖစ္ႏိုင္ဘူး ၊ ေသၿပီ၊ သူတို႔အားလုံး ဝါးမ်ိဳခံလိုက္ရၿပီ၊ သူ … သူတို႔က ပု႐ြက္ဆိတ္ဆိုတာထက္ နတ္ဆိုးေတြနဲ႔ ပိုတူေနတယ္”
ေဘးမွလူမ်ားအားလုံး ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနၾကသည္။ မည္သည့္သားရဲကမွ ဤမွ် ျမန္ျမန္ဆန္ဆန္ မသတ္ျဖတ္ႏိုင္ပါ။
သို႔ေသာ္ ယခုအခါတြင္ေတာ့ …. ခ်က္ခ်င္းဆိုသလိုပင္ ေဘးမွလူမ်ား၏ စိတ္ထဲတြင္ ေၾကာက္စိတ္မ်ားျဖင့္ ျပည့္ႏွက္လာၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now