Chapter 326

1.1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (326) ဓားသမားဂိုဏ်း မျိုးတုံး သတ်ဖြတ်ခံရခြင်း

ငရဲမီးက သိမ်းငှက်ကို မီးကင်နေသဖြင့် ထိတ်လန့်ဖွယ်ကောင်းသည့် တရှဲရှဲသံများက ပဲ့တင်ထပ်နေ၏။
ရီကျန့်ထျန်း လုံးဝကို နားဝေတိမ်တောင် ဖြစ်လို့နေသည်။ သူ လေးစားရသည့် သိမ်းငှက်က နတ်ဆိုး ချီမျှင်စုများကြောင့် လေထဲ မြောက်တက်နေကာ မီးကင်ခံနေရသည်ကို သတိပြုလိုက်မိသောအခါ သူ ကြောက်လန့်ကာ တုန်ယင်လို့ လာသည်။
ထို့အပြင် သားရဲ ဧကရာဇ်သည် ကျယ်လောင်စွာ အော်ဟစ်နေရသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် ပူပြင်းသော မီးတောက်ထဲ၌ တရှဲရှဲမြည်နေသည်။
“ဒါ…ဒါ မဖြစ်နိုင်ဘူးလေ။ ဘာတွေ ဖြစ်နေတာလဲ”
ယခုအချိန်တွင် ရီကျန့်ထျန်းသည် သူ ပုံရိပ်ယောင်ထဲ ရောက်နေသည်ဟု ယုံကြည်နေမိသည်။ ကောင်းကင်ခွင်း ခေါင်းလောင်းကြောင့် သူ့ဝိညာဉ် အေးခဲမသွားစဉ်က သိမ်းငှက်သည် ယဲ့ဖန်အား သတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူ သတိပြန်ဝင်လာချိန်တွင် သိမ်းငှက်သည် မီးကင်ခံနေပြီ ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ ကပြောင်းကပြန် ဖြစ်သွားသည့် အခြေအနေကြောင့် သူ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
တောက်! တောက်!
ထိုစဉ် ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များ၏ နဖူးတွင် ချွေးများ စို့လို့နေသည်။ သူတို့ ယဲ့ဖန်အား ပြန်စိုက်ကြည့်မိစဉ်တွင် သူတို့သည် သရဲသဘက် ရှေ့မှောက်သို့ ရောက်နေသလို ခံစားလိုက်ရသည်။
ရက်စက်လွန်းသည်။
*ဒီလူက သားရဲ ဧကရာဇ်ကို မီးကင်နေတယ်။ သူက မတရား ရက်စက်လှချည်လား*
ယခုအချိန်တွင် ဓားသမားဂိုဏ်းမှ တပည့်များသည် နောက်လှည့်ကာ ချက်ချင်း ထွက်ပြေးရန် ကြံစည်နေကြသည်။
ထိုအခါတွင် ဧရာမ ပုရွက်ဆိတ်ဓားက ရုတ်တရက် တစ်စစီ ဖြစ်သွားကာ ဝိညာဉ်စား ပုရွက်ဆိတ်များစွာက သူတို့အား အနက်ရောင် ရေစီးကဲ့သို့ ဝိုင်းလာသည်။
ဓားသမားဂိုဏ်းမှ တပည့်များ ကြောက်စိတ်ဝင်လာကြသည်။ သူတို့ ယခင်က ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ကြောက်စိတ်များကြောင့် တုန်ယင်လာကာ ခြေပင် မခိုင်တော့ချေ။
“အား…အား…အား…”
ထိုသို့ရှိနေစဉ်တွင် အသားကို မီးကင်ထားသည့် အနံ့က လေထဲ ပျံ့လွင့်လာသည်။ သိမ်းငှက်၏ ခန္ဓာကိုယ်က နတ်ဆိုးချီဓာတ်ကြောင့် ရှင်းလင်းခံထားရပြီး သူ၏ လက်သည်းနှစ်ခုသည်လည်း မီးကင်ခံထားရသဖြင့် ရွှေရောင် တဝင်းဝင်းနှင့် တောက်ပြောင်နေ၏။
သို့သော် သိမ်းငှက်သည် အသိစိတ်ရှိနေသေးသည်။ သူသည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး နာကျင်ကာ တုန်ယင်လို့နေသည်။
“ဒါ ဘာမီးကြီးလဲ။ ဘယ် … ဘယ်လိုလုပ် ဒါက သားရဲဧကရာဇ်ကို လောင်ကျွမ်းစေနိုင်တာလဲ။ မဖြစ်နိုင်ဘူး။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မီးတောက်က ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ရှိနေတာလဲ”
သားရဲဧကရာဇ် မယုံကြည်နိုင်သလို ဖြစ်နေသည်။
*ငါတို့ရဲ့ မကောင်းဆိုးဝါး ခန္ဓာကိုယ်က အရမ်း မာကျောတာ။ အပူချိန် တစ်ထောင် ဒီဂရီဆိုရင်တောင် ငါတို့အရေပြားကို မလောင်မြှိုက်နိုင်ဘူး*
*ဒါပေမယ့် ဒီငရဲမီးက ငါ့လက်သည်းတွေကို တစ်မိနစ် မပြည့်ခင်မှာတင် မီးမြှိုက်ပစ်လိုက်တယ်။ မဖြစ်နိုင်လိုက်တာ*
ဘေးမှ တိတ်ဆိတ်စွာ ထိုင်နေသော ယဲ့ဖန်သည် တိုက်ပွဲတစ်ခုလုံးအား လွမ်းဆွတ်နေသကဲ့သို့ အသက်မပါသလို ဖြစ်နေသည်။
ထို့နောက် သူသည် လက်တစ်ဘက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ငရဲမီးက ပို၍ ပြင်းထန်စွာ တောက်လောင်လာသည်။
“အား...အား...အား”
သားရဲ ဧကရာဇ် ငယ်သံပါအောင် အော်ဟစ်လို့နေသည်။ သူသည် အလွန် ကြောက်လန့်ကာ ကြံရာမရဖြစ်လို့နေ၏။
ယဲ့ဖန်က လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဆိုးဆိုတာကို သူ သိခဲ့ပါလျင် သူ ဘယ်သောအခါမှ ယဲ့ဖန်နှင့် ထိပ်တိုက် ရင်ဆိုင်မည် မဟုတ်ပါ။
သို့သော်လည်း ယခုမှ နောင်တရ၍လည်း အသုံးမဝင်တော့ချေ။ သိမ်းငှက်သည် သေသည်အထိ ဆက်၍ မီးကင်ခံလိုက်ရလေသည်။
ဂျွတ်!
ယဲ့ဖန်သည် သိမ်းငှက်၏ ကြီးမားသော လက်သည်းနှစ်ဘက်ကို ဆွဲဖြုတ်၍ တစ်ဘက်ကို ကျိုချင်းချန်အား ပေးလိုက်သည်။
“ဒါ သားရဲဧကရာဇ်ရဲ့ လက်သည်းလား”
ကျိုချင်းချန် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရသေးသည်။ ကမ္ဘာပေါ်ရှိ သားရဲများစွာကို အုပ်စိုးသည့် သားရဲဧကရာဇ်က မီးကင်ခံရပြီး အစားခံရလုနီးပါး ဖြစ်နေသည်။ ကျိုချင်းချန်သည် ရဲစွမ်းသတ္တိရှိသော အပြုအမူကြောင့် စိတ်လှုပ်ရှားကာ ကတုန်ကယင် ဖြစ်လာရသည်။
သူ ချက်ချင်း တစ်ကိုက် ကိုက်စားလာသည်။ အဆီများက သူ့ပါးစပ်မှ ချက်ချင်း စိမ့်ထွက်လာသည်။ အသားသည် အလွန့်ကို ရနံ့မွှေးကြိုင်လှသည်။
ဤအသားသည် ကျိုချင်းချန် စားဖူးသမျှထဲတွင် အရသာ အရှိဆုံးအသားပင်။ ထို့ကြောင့် သူ ချက်ချင်း ဝါးစားလိုက်သည်။
ထိတ်လန့်စရာ ကောင်းလိုက်သည့် မြင်ကွင်းပါလား။
ယဲ့ဖန်နှင့် ကျိုချင်းချန်တို့သည် တောင်ထိပ်ပေါ်၌ ထိုင်နေကြသည်။ သူတို့နှစ်ယောက်လုံးသည် စကားပြောလိုက် ရယ်မောလိုက်နှင့် သားရဲ ဧကရာဇ်၏ အသားကို စားနေကြသည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်များအားလုံး သွေးပွက်ပွက်ဆူလာကြသည်။
သူတို့သည် ဟွာရှတစ်နိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အား ကြည့်နေကြသည်။ လူတို့သည် သေတစ်နေ့ မွေးတစ်နေ့ပင်။ သားရဲများသည်လည်း ထိုနည်းတူပင်။
ဟွာရှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်အား အလွန် လေးစားနေကြသည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်၌ လက်သည်းတစ်ဘက်ကို စားပြီးနောက် ကျိုချင်းချန်သည် သူ့ဒဏ်ရာများ သိသိသာသာ ပျောက်ကင်းလာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ အလွန် မှင်တက်သွားရသည်။
*မကောင်းဆိုးဝါးတွေရဲ့ သက်စောင့်သွေးက ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပြီးတော့ ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တယ်”
ယဲ့ဖန်က ပြုံး၍ ပြောလာသည်။ သူ၏ ရှင်းပြချက်ကို ကြားပြီးမှ ကျိုချင်းချန် နားလည်သွားရသည်။ သို့သော် ထို့နောက်တွင် ကျိုချင်းချန်က အလွန် စိတ်ရှုပ်၍ အထီးကျန်နေသော အမူအရာဖြင့် ပြောလာသည်။
“သခင်ကြီး၊ ကျုပ်ရဲ့ ဒဏ်ရာတွေက ကုသနိုင်တယ်ဆိုပင်မယ့် ကျုပ် သခင်ကြီးကို ဒီ့ထက်ပိုပြီး မခစားနိုင်တော့မှာကို စိုးရွံ့မိတယ်”
ကျိုချင်းချန်၏ မူလ သလင်းကျောက်မှာ ထုတ်ယူခံထားရပြီးပြီ ဖြစ်သဖြင့် သူ၏ ကျင့်ကြံခြင်း အခြေခံသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။
သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီဆိုလျင်တောင်မှ သူသည် သာမန်လူသာ ဖြစ်နေတော့သည်။ သိုင်းလောကမှ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်အတွက် ဒါက သေခြင်းနှင့် မထူးခြားနားပင်။
အထီးကျန်နေသော သူ့ကို ကြည့်ပြီး ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“မူလ သလင်းကျောက် မရှိရင် သိုင်းကျင့်လို့မရဘူးလို့ မင်းကို ဘယ်သူပြောလဲ”
*ဘယ်လို*
ယဲ့ဖန် စကားကြောင့် ကျိုချင်းချန် တဒင်္ဂမျှ တွေဝေသွားသည်။ ယဲ့ဖန်၏ ဆိုလိုရင်းကို သူ နားလည်သွားပြီးနောက် သူ ချက်ချင်း တက်ကြွသွားသည်။
“သခင်ကြီး၊ ခင်ဗျားမှာ ကျွန်တော် သိုင်းကျင့်နိုင်အောင် ကူညီနိုင်တဲ့ အဖြေရှိတာလား”
သူ့အမေးကြောင့် ယဲ့ဖန်က ပြုံးကာ ပြောလိုက်သည်။
“ချင်းချန်၊ မင်းရဲ့ ဘိုးဘေးက ကောင်းကင်မိစ္ဆာပဲ၊ ကောင်းကင်မိစ္ဆာဆိုတာက နတ်ဆိုးကွ၊ တကယ့်နတ်ဆိုး”
“မင်းက နတ်ဆိုးရဲ့ မျိုးဆက်။ မင်းမှာ နတ်ဆိုးသွေးတွေ စီးဆင်းနေတာ။ ဒါပေမယ့် မင်းက နတ်ဘုရားအဆင့် ဖြစ်လာမို့ လျှို့ဝှက်သိုင်းကျမ်းကို ကျင့်ကြံခဲ့ကတည်းက မင်းရဲ့ နတ်ဆိုးဗီဇကို နိုးထအောင် မလုပ်နိုင်ခဲ့တာ”
*နတ်ဆိုးသွေးတဲ့လား*
ကျိုချင်းချန် တစ်ခဏမျှ မှင်တက်သွားသည်။ ထိုစဉ် ယဲ့ဖန်က ကျိုချင်းချန်၏ နဖူးအလယ်တည့်တည့်ကို ရုတ်တရက် လက်ညှိုးနှင့် ထိုးလိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ချို့က သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။
ထို့နောက် ကျိုချင်းချန်၏ နဖူးအလယ်တည့်တည့်မှ သွေးများ‌ပေကျံနေသော အပေါက်က တဖြည်းဖြည်း ကျုံ့လာသည်။ ထို့နောက် ထိုနေရာ၌ အနက်ရောင် မှော်စာလုံးတစ်လုံး ဖြစ်ပေါ်လာ၏။
ထို့အပြင် သူ့ကိုယ်ထဲမှ နတ်ဆိုးသွေးက ပွက်ပွက်ဆူလာပြီး ခန္ဓာကိုယ်တွင်း၌ မိုးကြိုးပစ်သံကို သူ ကြားလိုက်ရသည်။
ထို့နောက် သူ၏ အသွေးအသားထဲမှ နတ်ဆိုးချီမျှင်စုများကို သူ ထုတ်လွှတ်လာသည်။

ကြည့်ရှုနေသူများအားလုံး ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ သူတို့ မျက်စိရှေ့မှာတင် ကျိုချင်းချန်၏ တိုက်ပွဲဝင် ခွန်အားက တိုးပွားလာသည်။ ကျိုချင်းချန်၏ ချီဓာတ်က ကြည့်ရှုနေသူများအား ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။
“မဖြစ်နိုင်ဘူး”
ရီကျန့်ထျန်း ထိတ်လန့်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်မိသည်။ ယခုအချိန်တွင် ကျိုချင်းချန်က နတ်ဘုရား တစ်ပိုင်းအဆင့် ဖြစ်လာသည်ကို ရီကျန့်ထျန်း ခံစားလိုက်မိသည်။ ကျိုချင်းချန်က နတ်ဘုရားတစ်ပိုင်းအဆင့်ထက်တောင်မှ သန်မာနိုင်သေးသည်။
ထို့ကြောင့် ရီကျန့်ထျန်း သေချာပေါက် မှင်တက်နေခြင်း ဖြစ်သည်။ သူ၏ မူလ သလင်းကျောက်ကို ဆုံးရှုံးသွားပြီးနောက် ကျိုချင်းချန်သည် ယခင်ကထက် ပို၍ သန်မာလာသည်။
ထို့အပြင် ယဲ့ဖန်သည် ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်းမှ အခြားသော သိုင်းပညာရှင်များ၏ စိတ်ထဲတွင် နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ကျန် သိုင်းပညာရှင်များအားလုံး မြေကြီးပေါ်လဲကျကာ တုန်လှုပ်နေကြသည်။
“မစ္စတာ … မစ္စတာယဲ့၊ ကျုပ်တို့ ခင်ဗျားဆီမှာ အညံ့ခံချင်ပါတယ်၊ ပြီးတော့ ခင်ဗျားကို ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်အဖြစ် သဘောထားပါ့မယ်။ ကျုပ်တို့ကို ကျေးဇူးပြုပြီး သနားညှာတာပေးပါ”
ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ အကြီးအကျယ် စိတ်ဓာတ်ကျ နေကြသည်။ သူတို့ ခေါင်းပင် မော်ကြည့်ရဲလောက်သည့် သတ္တိမရှိကြချေ။
ရီကျန့်ထျန်းသည်လည်း အလွန် ကြောက်လန့်ကာ တုန်ယင်နေသည်။ ယခုအချိန်တွင် သေးနုပ်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သူ ဆက်ဆံခဲ့သည့် သူက သားရဲ ဧကရာဇ်ကို သတ်ဖြတ်ခဲ့သည်၊ ဓားသမားဂိုဏ်းတစ်ခုလုံးကိုလည်း သုတ်သင်ခဲ့ပြီး နတ်ဘုရားအဆင့်ကို ဖန်တီးခဲ့သည်။ သူ၏ အပြုအမူများက ရီကျန့်ထျန်းကို အလွန် ထိတ်လန့်စေခဲ့သည်။
သို့သော် ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သူများအား ကြည့်ပြီး ယဲ့ဖန်က စက်ဆုပ်သလို ပြောလိုက်သည်။
“မင်းတို့က တိရိစ္ဆာန်ကိုတောင် မင်းတို့ သခင်ကြီးအဖြစ် မှတ်ယူခဲ့တဲ့ ခွေးမသားတွေပဲ။ မင်းတို့က ငါ့ကျေးကျွန် ဖြစ်ဖို့ အဆင့်မမီဘူး”
သူ့စကားအဆုံးတွင် ဝိညာဉ်စား ပုရွက်ဆိတ်များက ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များထံသို့ ဖိနှိပ်ညှင်းဆဲနိုင်သော ဟန်ပန်များဖြင့် ပြေးဝင်သွားကြသည်။
သူတို့၏ ပစ်မှတ်များကို လွှမ်းမိုးပြီးနောက် သူတို့သည် ထိုသူတို့အား ကိုက်ဖြဲကာ အရူးအမူး သတ်ဖြတ်လေတော့သည်။
“အား…အား…အား”
ချက်ချင်းဆိုသလိုပင် ခွန်းလွင်တောင်ထိပ်၌ ကျယ်လောင်သော အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ ဓားသမားဂိုဏ်း၏ လူငယ်ခေါင်းဆောင်များသာမက ဒဏ္ဍာရီလာအဆင့် အကြီးအကဲများပါ ပုရွက်ဆိတ် တစ်ပြုံတစ်ခေါင်းကို မခုခံနိုင်ဘဲ သူတို့အားလုံး သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သေမင်း၏ အသံများက ခွန်းလွင်တောင်ထိပ်အနှံ့ ပဲ့တင်ထပ်နေ၏။ ရီကျန့်ထျန်းသည်လည်း ပုရွက်ဆိတ်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီးနောက် ဝမ်းနည်းစဖွယ် အော်သံတစ်ချို့သာ ချန်ထားရစ်ခဲ့သည်။
စက္ကန့်ပိုင်းမျှအကြာတွင်တော့ ဟွာရှနိုင်ငံရှိ သိုင်းလောကအား နှစ်ဝက်ခန့် စိုးမိုးခဲ့သော ဓားသမားဂိုဏ်းသည် လုံးဝကို လူမျိုးတုံး သတ်ဖြတ်ခံလိုက်ရလေ၏။
#ZAWGYI
စာစဥ္ (22) CHAPTER (326) ဓားသမားဂိုဏ္း မ်ိဳးတုံး သတ္ျဖတ္ခံရျခင္း
ငရဲမီးက သိမ္းငွက္ကို မီးကင္ေနသျဖင့္ ထိတ္လန႔္ဖြယ္ေကာင္းသည့္ တရွဲရွဲသံမ်ားက ပဲ့တင္ထပ္ေန၏။
ရီက်န႔္ထ်န္း လုံးဝကို နားေဝတိမ္ေတာင္ ျဖစ္လို႔ေနသည္။ သူ ေလးစားရသည့္ သိမ္းငွက္က နတ္ဆိုး ခ်ီမွ်င္စုမ်ားေၾကာင့္ ေလထဲ ေျမာက္တက္ေနကာ မီးကင္ခံေနရသည္ကို သတိျပဳလိုက္မိေသာအခါ သူ ေၾကာက္လန႔္ကာ တုန္ယင္လို႔ လာသည္။
ထို႔အျပင္ သားရဲ ဧကရာဇ္သည္ က်ယ္ေလာင္စြာ ေအာ္ဟစ္ေနရသည္။ သူ၏ ႀကီးမားေသာ ခႏၶာကိုယ္သည္ ပူျပင္းေသာ မီးေတာက္ထဲ၌ တရွဲရွဲျမည္ေနသည္။
“ဒါ…ဒါ မျဖစ္ႏိုင္ဘူးေလ။ ဘာေတြ ျဖစ္ေနတာလဲ”
ယခုအခ်ိန္တြင္ ရီက်န႔္ထ်န္းသည္ သူ ပုံရိပ္ေယာင္ထဲ ေရာက္ေနသည္ဟု ယုံၾကည္ေနမိသည္။ ေကာင္းကင္ခြင္း ေခါင္းေလာင္းေၾကာင့္ သူ႔ဝိညာဥ္ ေအးခဲမသြားစဥ္က သိမ္းငွက္သည္ ယဲ့ဖန္အား သတ္လုနီးပါး ျဖစ္ေနၿပီ ျဖစ္သည္။
သူ သတိျပန္ဝင္လာခ်ိန္တြင္ သိမ္းငွက္သည္ မီးကင္ခံေနၿပီ ျဖစ္သည္ကို သူ ေတြ႕လိုက္ရသည္။ ကေျပာင္းကျပန္ ျဖစ္သြားသည့္ အေျခအေနေၾကာင့္ သူ အံ့အားသင့္ကာ ပါးစပ္အေဟာင္းသား ျဖစ္သြားရ၏။
ေတာက္! ေတာက္!
ထိုစဥ္ ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ား၏ နဖူးတြင္ ေခြၽးမ်ား စို႔လို႔ေနသည္။ သူတို႔ ယဲ့ဖန္အား ျပန္စိုက္ၾကည့္မိစဥ္တြင္ သူတို႔သည္ သရဲသဘက္ ေရွ႕ေမွာက္သို႔ ေရာက္ေနသလို ခံစားလိုက္ရသည္။
ရက္စက္လြန္းသည္။
*ဒီလူက သားရဲ ဧကရာဇ္ကို မီးကင္ေနတယ္။ သူက မတရား ရက္စက္လွခ်ည္လား*
ယခုအခ်ိန္တြင္ ဓားသမားဂိုဏ္းမွ တပည့္မ်ားသည္ ေနာက္လွည့္ကာ ခ်က္ခ်င္း ထြက္ေျပးရန္ ႀကံစည္ေနၾကသည္။
ထိုအခါတြင္ ဧရာမ ပု႐ြက္ဆိတ္ဓားက ႐ုတ္တရက္ တစ္စစီ ျဖစ္သြားကာ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားစြာက သူတို႔အား အနက္ေရာင္ ေရစီးကဲ့သို႔ ဝိုင္းလာသည္။
ဓားသမားဂိုဏ္းမွ တပည့္မ်ား ေၾကာက္စိတ္ဝင္လာၾကသည္။ သူတို႔ ယခင္က ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ ေၾကာက္မက္ဖြယ္ေကာင္းပုံကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ၿပီးၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔အားလုံး ေၾကာက္စိတ္မ်ားေၾကာင့္ တုန္ယင္လာကာ ေျခပင္ မခိုင္ေတာ့ေခ်။
“အား…အား…အား…”
ထိုသို႔ရွိေနစဥ္တြင္ အသားကို မီးကင္ထားသည့္ အနံ႔က ေလထဲ ပ်ံ႕လြင့္လာသည္။ သိမ္းငွက္၏ ခႏၶာကိုယ္က နတ္ဆိုးခ်ီဓာတ္ေၾကာင့္ ရွင္းလင္းခံထားရၿပီး သူ၏ လက္သည္းႏွစ္ခုသည္လည္း မီးကင္ခံထားရသျဖင့္ ေ႐ႊေရာင္ တဝင္းဝင္းႏွင့္ ေတာက္ေျပာင္ေန၏။
သို႔ေသာ္ သိမ္းငွက္သည္ အသိစိတ္ရွိေနေသးသည္။ သူသည္ နာက်င္မႈေၾကာင့္ တစ္ကိုယ္လုံး နာက်င္ကာ တုန္ယင္လို႔ေနသည္။
“ဒါ ဘာမီးႀကီးလဲ။ ဘယ္ … ဘယ္လိုလုပ္ ဒါက သားရဲဧကရာဇ္ကို ေလာင္ကြၽမ္းေစႏိုင္တာလဲ။ မျဖစ္ႏိုင္ဘူး။ ဒီေလာက္ ေၾကာက္ဖို႔ေကာင္းတဲ့ မီးေတာက္က ကမာၻေပၚမွာ ဘယ္လိုလုပ္ ရွိေနတာလဲ”
သားရဲဧကရာဇ္ မယုံၾကည္ႏိုင္သလို ျဖစ္ေနသည္။
*ငါတို႔ရဲ႕ မေကာင္းဆိုးဝါး ခႏၶာကိုယ္က အရမ္း မာေက်ာတာ။ အပူခ်ိန္ တစ္ေထာင္ ဒီဂရီဆိုရင္ေတာင္ ငါတို႔အေရျပားကို မေလာင္ျမႇိဳက္ႏိုင္ဘူး*
*ဒါေပမယ့္ ဒီငရဲမီးက ငါ့လက္သည္းေတြကို တစ္မိနစ္ မျပည့္ခင္မွာတင္ မီးျမႇိဳက္ပစ္လိုက္တယ္။ မျဖစ္ႏိုင္လိုက္တာ*
ေဘးမွ တိတ္ဆိတ္စြာ ထိုင္ေနေသာ ယဲ့ဖန္သည္ တိုက္ပြဲတစ္ခုလုံးအား လြမ္းဆြတ္ေနသကဲ့သို႔ အသက္မပါသလို ျဖစ္ေနသည္။
ထို႔ေနာက္ သူသည္ လက္တစ္ဘက္ကို လႈပ္ခါလိုက္သည္။ ထိုအခါ ငရဲမီးက ပို၍ ျပင္းထန္စြာ ေတာက္ေလာင္လာသည္။
“အား...အား...အား”
သားရဲ ဧကရာဇ္ ငယ္သံပါေအာင္ ေအာ္ဟစ္လို႔ေနသည္။ သူသည္ အလြန္ ေၾကာက္လန႔္ကာ ႀကံရာမရျဖစ္လို႔ေန၏။
ယဲ့ဖန္က လြန္စြာ ေၾကာက္မက္ဖြယ္ ေကာင္းသည့္ နတ္ဆိုးဆိုတာကို သူ သိခဲ့ပါလ်င္ သူ ဘယ္ေသာအခါမွ ယဲ့ဖန္ႏွင့္ ထိပ္တိုက္ ရင္ဆိုင္မည္ မဟုတ္ပါ။
သို႔ေသာ္လည္း ယခုမွ ေနာင္တရ၍လည္း အသုံးမဝင္ေတာ့ေခ်။ သိမ္းငွက္သည္ ေသသည္အထိ ဆက္၍ မီးကင္ခံလိုက္ရေလသည္။
ဂြၽတ္!
ယဲ့ဖန္သည္ သိမ္းငွက္၏ ႀကီးမားေသာ လက္သည္းႏွစ္ဘက္ကို ဆြဲျဖဳတ္၍ တစ္ဘက္ကို က်ိဳခ်င္းခ်န္အား ေပးလိုက္သည္။
“ဒါ သားရဲဧကရာဇ္ရဲ႕ လက္သည္းလား”
က်ိဳခ်င္းခ်န္ အိပ္မက္ထဲ ေရာက္ေနသကဲ့သို႔ ခံစားေနရေသးသည္။ ကမာၻေပၚရွိ သားရဲမ်ားစြာကို အုပ္စိုးသည့္ သားရဲဧကရာဇ္က မီးကင္ခံရၿပီး အစားခံရလုနီးပါး ျဖစ္ေနသည္။ က်ိဳခ်င္းခ်န္သည္ ရဲစြမ္းသတၱိရွိေသာ အျပဳအမူေၾကာင့္ စိတ္လႈပ္ရွားကာ ကတုန္ကယင္ ျဖစ္လာရသည္။
သူ ခ်က္ခ်င္း တစ္ကိုက္ ကိုက္စားလာသည္။ အဆီမ်ားက သူ႔ပါးစပ္မွ ခ်က္ခ်င္း စိမ့္ထြက္လာသည္။ အသားသည္ အလြန႔္ကို ရနံ႔ေမႊးႀကိဳင္လွသည္။
ဤအသားသည္ က်ိဳခ်င္းခ်န္ စားဖူးသမွ်ထဲတြင္ အရသာ အရွိဆုံးအသားပင္။ ထို႔ေၾကာင့္ သူ ခ်က္ခ်င္း ဝါးစားလိုက္သည္။
ထိတ္လန႔္စရာ ေကာင္းလိုက္သည့္ ျမင္ကြင္းပါလား။
ယဲ့ဖန္ႏွင့္ က်ိဳခ်င္းခ်န္တို႔သည္ ေတာင္ထိပ္ေပၚ၌ ထိုင္ေနၾကသည္။ သူတို႔ႏွစ္ေယာက္လုံးသည္ စကားေျပာလိုက္ ရယ္ေမာလိုက္ႏွင့္ သားရဲ ဧကရာဇ္၏ အသားကို စားေနၾကသည္။
ဤမွ် ထိတ္လန႔္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဟြာရွ သိုင္းပညာရွင္မ်ားအားလုံး ေသြးပြက္ပြက္ဆူလာၾကသည္။
သူတို႔သည္ ဟြာရွတစ္ႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္အား ၾကည့္ေနၾကသည္။ လူတို႔သည္ ေသတစ္ေန႔ ေမြးတစ္ေန႔ပင္။ သားရဲမ်ားသည္လည္း ထိုနည္းတူပင္။
ဟြာရွ သိုင္းပညာရွင္မ်ားအားလုံး ယဲ့ဖန္အား အလြန္ ေလးစားေနၾကသည္။
ထိုအခ်ိန္တြင္ ေတာင္ထိပ္ေပၚ၌ လက္သည္းတစ္ဘက္ကို စားၿပီးေနာက္ က်ိဳခ်င္းခ်န္သည္ သူ႔ဒဏ္ရာမ်ား သိသိသာသာ ေပ်ာက္ကင္းလာသည္ကို ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ သူ အလြန္ မွင္တက္သြားရသည္။
*မေကာင္းဆိုးဝါးေတြရဲ႕ သက္ေစာင့္ေသြးက ႂကြက္သားနဲ႔ အ႐ိုးေတြကို သန္မာေစၿပီးေတာ့ ဒဏ္ရာေတြကို ေပ်ာက္ကင္းေစႏိုင္တယ္”
ယဲ့ဖန္က ၿပဳံး၍ ေျပာလာသည္။ သူ၏ ရွင္းျပခ်က္ကို ၾကားၿပီးမွ က်ိဳခ်င္းခ်န္ နားလည္သြားရသည္။ သို႔ေသာ္ ထို႔ေနာက္တြင္ က်ိဳခ်င္းခ်န္က အလြန္ စိတ္ရႈပ္၍ အထီးက်န္ေနေသာ အမူအရာျဖင့္ ေျပာလာသည္။
“သခင္ႀကီး၊ က်ဳပ္ရဲ႕ ဒဏ္ရာေတြက ကုသႏိုင္တယ္ဆိုပင္မယ့္ က်ဳပ္ သခင္ႀကီးကို ဒီ့ထက္ပိုၿပီး မခစားႏိုင္ေတာ့မွာကို စိုး႐ြံ႕မိတယ္”
က်ိဳခ်င္းခ်န္၏ မူလ သလင္းေက်ာက္မွာ ထုတ္ယူခံထားရၿပီးၿပီ ျဖစ္သျဖင့္ သူ၏ က်င့္ႀကံျခင္း အေျခခံသည္ ဖ်က္ဆီးခံလိုက္ရၿပီ ျဖစ္၏။
သူ၏ ဒဏ္ရာမ်ား ေပ်ာက္ကင္းသြားၿပီဆိုလ်င္ေတာင္မွ သူသည္ သာမန္လူသာ ျဖစ္ေနေတာ့သည္။ သိုင္းေလာကမွ ထိပ္တန္း သိုင္းပညာရွင္တစ္ေယာက္အတြက္ ဒါက ေသျခင္းႏွင့္ မထူးျခားနားပင္။
အထီးက်န္ေနေသာ သူ႔ကို ၾကည့္ၿပီး ယဲ့ဖန္က ၿပဳံး၍ ေျပာလိုက္သည္။
“မူလ သလင္းေက်ာက္ မရွိရင္ သိုင္းက်င့္လို႔မရဘူးလို႔ မင္းကို ဘယ္သူေျပာလဲ”
*ဘယ္လို*
ယဲ့ဖန္ စကားေၾကာင့္ က်ိဳခ်င္းခ်န္ တဒဂၤမွ် ေတြေဝသြားသည္။ ယဲ့ဖန္၏ ဆိုလိုရင္းကို သူ နားလည္သြားၿပီးေနာက္ သူ ခ်က္ခ်င္း တက္ႂကြသြားသည္။
“သခင္ႀကီး၊ ခင္ဗ်ားမွာ ကြၽန္ေတာ္ သိုင္းက်င့္ႏိုင္ေအာင္ ကူညီႏိုင္တဲ့ အေျဖရွိတာလား”
သူ႔အေမးေၾကာင့္ ယဲ့ဖန္က ၿပဳံးကာ ေျပာလိုက္သည္။
“ခ်င္းခ်န္၊ မင္းရဲ႕ ဘိုးေဘးက ေကာင္းကင္မိစာၦပဲ၊ ေကာင္းကင္မိစာၦဆိုတာက နတ္ဆိုးကြ၊ တကယ့္နတ္ဆိုး”
“မင္းက နတ္ဆိုးရဲ႕ မ်ိဳးဆက္။ မင္းမွာ နတ္ဆိုးေသြးေတြ စီးဆင္းေနတာ။ ဒါေပမယ့္ မင္းက နတ္ဘုရားအဆင့္ ျဖစ္လာမို႔ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို က်င့္ႀကံခဲ့ကတည္းက မင္းရဲ႕ နတ္ဆိုးဗီဇကို ႏိုးထေအာင္ မလုပ္ႏိုင္ခဲ့တာ”
*နတ္ဆိုးေသြးတဲ့လား*
က်ိဳခ်င္းခ်န္ တစ္ခဏမွ် မွင္တက္သြားသည္။ ထိုစဥ္ ယဲ့ဖန္က က်ိဳခ်င္းခ်န္၏ နဖူးအလယ္တည့္တည့္ကို ႐ုတ္တရက္ လက္ညႇိဳးႏွင့္ ထိုးလိုက္ၿပီး အနက္ေရာင္ အလင္းတန္းတစ္ခ်ိဳ႕က သူ၏ ခႏၶာကိုယ္ထဲသို႔ ခ်က္ခ်င္း ဝင္ေရာက္လာသည္။
ထို႔ေနာက္ က်ိဳခ်င္းခ်န္၏ နဖူးအလယ္တည့္တည့္မွ ေသြးမ်ား‌ေပက်ံေနေသာ အေပါက္က တျဖည္းျဖည္း က်ဳံ႕လာသည္။ ထို႔ေနာက္ ထိုေနရာ၌ အနက္ေရာင္ ေမွာ္စာလုံးတစ္လုံး ျဖစ္ေပၚလာ၏။
ထို႔အျပင္ သူ႔ကိုယ္ထဲမွ နတ္ဆိုးေသြးက ပြက္ပြက္ဆူလာၿပီး ခႏၶာကိုယ္တြင္း၌ မိုးႀကိဳးပစ္သံကို သူ ၾကားလိုက္ရသည္။
ထို႔ေနာက္ သူ၏ အေသြးအသားထဲမွ နတ္ဆိုးခ်ီမွ်င္စုမ်ားကို သူ ထုတ္လႊတ္လာသည္။

ၾကည့္ရႈေနသူမ်ားအားလုံး ဤျမင္ကြင္းေၾကာင့္ အံ့အားသင့္သြားၾကသည္။ သူတို႔ မ်က္စိေရွ႕မွာတင္ က်ိဳခ်င္းခ်န္၏ တိုက္ပြဲဝင္ ခြန္အားက တိုးပြားလာသည္။ က်ိဳခ်င္းခ်န္၏ ခ်ီဓာတ္က ၾကည့္ရႈေနသူမ်ားအား ေၾကာက္လန႔္ကာ တုန္လႈပ္သြားေစသည္။
“မျဖစ္ႏိုင္ဘူး”
ရီက်န႔္ထ်န္း ထိတ္လန႔္ေနေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လိုက္မိသည္။ ယခုအခ်ိန္တြင္ က်ိဳခ်င္းခ်န္က နတ္ဘုရား တစ္ပိုင္းအဆင့္ ျဖစ္လာသည္ကို ရီက်န႔္ထ်န္း ခံစားလိုက္မိသည္။ က်ိဳခ်င္းခ်န္က နတ္ဘုရားတစ္ပိုင္းအဆင့္ထက္ေတာင္မွ သန္မာႏိုင္ေသးသည္။
ထို႔ေၾကာင့္ ရီက်န႔္ထ်န္း ေသခ်ာေပါက္ မွင္တက္ေနျခင္း ျဖစ္သည္။ သူ၏ မူလ သလင္းေက်ာက္ကို ဆုံးရႈံးသြားၿပီးေနာက္ က်ိဳခ်င္းခ်န္သည္ ယခင္ကထက္ ပို၍ သန္မာလာသည္။
ထို႔အျပင္ ယဲ့ဖန္သည္ ရီက်န႔္ထ်န္းႏွင့္ ဓားသမားဂိုဏ္းမွ အျခားေသာ သိုင္းပညာရွင္မ်ား၏ စိတ္ထဲတြင္ နတ္ဘုရား သို႔မဟုတ္ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ ျဖစ္ေနသည္။ က်န္ သိုင္းပညာရွင္မ်ားအားလုံး ေျမႀကီးေပၚလဲက်ကာ တုန္လႈပ္ေနၾကသည္။
“မစၥတာ … မစၥတာယဲ့၊ က်ဳပ္တို႔ ခင္ဗ်ားဆီမွာ အညံ့ခံခ်င္ပါတယ္၊ ၿပီးေတာ့ ခင္ဗ်ားကို ဓားသမားဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္အသစ္အျဖစ္ သေဘာထားပါ့မယ္။ က်ဳပ္တို႔ကို ေက်းဇူးျပဳၿပီး သနားညႇာတာေပးပါ”
ဓားသမားဂိုဏ္းမွ အသက္ရွင္ေနေသးေသာ သိုင္းပညာရွင္မ်ား အႀကီးအက်ယ္ စိတ္ဓာတ္က် ေနၾကသည္။ သူတို႔ ေခါင္းပင္ ေမာ္ၾကည့္ရဲေလာက္သည့္ သတၱိမရွိၾကေခ်။
ရီက်န႔္ထ်န္းသည္လည္း အလြန္ ေၾကာက္လန႔္ကာ တုန္ယင္ေနသည္။ ယခုအခ်ိန္တြင္ ေသးႏုပ္ေသာ ပု႐ြက္ဆိတ္တစ္ေကာင္ကဲ့သို႔ သူ ဆက္ဆံခဲ့သည့္ သူက သားရဲ ဧကရာဇ္ကို သတ္ျဖတ္ခဲ့သည္၊ ဓားသမားဂိုဏ္းတစ္ခုလုံးကိုလည္း သုတ္သင္ခဲ့ၿပီး နတ္ဘုရားအဆင့္ကို ဖန္တီးခဲ့သည္။ သူ၏ အျပဳအမူမ်ားက ရီက်န႔္ထ်န္းကို အလြန္ ထိတ္လန႔္ေစခဲ့သည္။
သို႔ေသာ္ ဓားသမားဂိုဏ္းမွ အသက္ရွင္ေနေသးေသာ သူမ်ားအား ၾကည့္ၿပီး ယဲ့ဖန္က စက္ဆုပ္သလို ေျပာလိုက္သည္။
“မင္းတို႔က တိရိစာၦန္ကိုေတာင္ မင္းတို႔ သခင္ႀကီးအျဖစ္ မွတ္ယူခဲ့တဲ့ ေခြးမသားေတြပဲ။ မင္းတို႔က ငါ့ေက်းကြၽန္ ျဖစ္ဖို႔ အဆင့္မမီဘူး”
သူ႔စကားအဆုံးတြင္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ားထံသို႔ ဖိႏွိပ္ညႇင္းဆဲႏိုင္ေသာ ဟန္ပန္မ်ားျဖင့္ ေျပးဝင္သြားၾကသည္။
သူတို႔၏ ပစ္မွတ္မ်ားကို လႊမ္းမိုးၿပီးေနာက္ သူတို႔သည္ ထိုသူတို႔အား ကိုက္ၿဖဲကာ အ႐ူးအမူး သတ္ျဖတ္ေလေတာ့သည္။
“အား…အား…အား”
ခ်က္ခ်င္းဆိုသလိုပင္ ခြန္းလြင္ေတာင္ထိပ္၌ က်ယ္ေလာင္ေသာ ေအာ္ဟစ္သံမ်ား ပဲ့တင္ထပ္သြားသည္။ ဓားသမားဂိုဏ္း၏ လူငယ္ေခါင္းေဆာင္မ်ားသာမက ဒ႑ာရီလာအဆင့္ အႀကီးအကဲမ်ားပါ ပု႐ြက္ဆိတ္ တစ္ၿပဳံတစ္ေခါင္းကို မခုခံႏိုင္ဘဲ သူတို႔အားလုံး ေသြးအိုင္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားၾကသည္။
ေသမင္း၏ အသံမ်ားက ခြန္းလြင္ေတာင္ထိပ္အႏွံ႔ ပဲ့တင္ထပ္ေန၏။ ရီက်န႔္ထ်န္းသည္လည္း ပု႐ြက္ဆိတ္မ်ား၏ လႊမ္းမိုးမႈကို ခံလိုက္ရၿပီးေနာက္ ဝမ္းနည္းစဖြယ္ ေအာ္သံတစ္ခ်ိဳ႕သာ ခ်န္ထားရစ္ခဲ့သည္။
စကၠန႔္ပိုင္းမွ်အၾကာတြင္ေတာ့ ဟြာရွႏိုင္ငံရွိ သိုင္းေလာကအား ႏွစ္ဝက္ခန႔္ စိုးမိုးခဲ့ေသာ ဓားသမားဂိုဏ္းသည္ လုံးဝကို လူမ်ိဳးတုံး သတ္ျဖတ္ခံလိုက္ရေလ၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now