Chapter 289

1.1K 141 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (289) ဆယ်စက္ကန့်သာ
တစ်ခဏအတွင်းမှာပင် ဖေးချမ်နှင့် မင်းသား ကာရိုးလ်တို့ ထိပ်တိုင် ရင်ဆိုင်မိသွားသည်။ နှစ်ယောက်လုံးသည် လျှပ်စီးထက် မြန်သော နှုန်းနှင့် တရကြမ်းပြေးကာ တစ်ယောက်ကို ကြီးမားသော ရှေးဦးသားရဲနှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် အကြမ်းပတမ်း ထိုးနှက်ကြသည်။
မည်မျှ အံ့ဩဖွယ်ကောင်း၍ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများပါလိမ့်။
ဂျွတ်ခနဲ အသံနှင့်အတူ အချင်း သုံးမီတာခန့်ရှိသော ဧရာမ သစ်ပင်ကြီး နှစ်ပိုင်းကွဲသွားပြီး သစ်သားစများနှင့် အပင်ပတ်လည်မှ မြေဆီလွှာများသည် ဘေးပတ်လည်သို့ လွင့်ထွက်သွားသည်။
သစ်ပင်ကြီးတစ်ခုလုံးသည် ၎င်း၏ အဆုံးသတ်ချိန်ကို ရောက်ရှိလာပုံရသည်။
သူတို့နှစ်ယောက် ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို ချုံနွယ်များနှင့် သစ်ပင်များအားလုံး အမြစ်မှ ကျွတ်ကုန်ပြီး ကျောက်တုံးများ လေထဲ မြောက်တက်သွားရသည်။
သို့သော် ဖေးချမ်သည် အတည်စွမ်းအင် အကုန်ထုတ်ဖော်ထားသော်လည်း သူသည် သူနှင့် မင်းသား ကာရိုးလ်ကြားရှိ အလွန် ခြားနားသော ကွာခြားချက်ကို မပြုပြင်နိုင်သေးပါ။
ရွှစ်! ရွှစ်! ရွှစ်!
မင်းသား ကာရိုးလ်၏ လက်ဖဝါးသည် ဖေးချမ်၏ အရေပြားအား ထိုးခွဲနေခဲ့သဖြင့် သူ၏ အသားစများ လေထဲ လွင့်ပါလာသည်။ သိပ်မကြာခင်မှာပင် ဖေးချမ်သည် ဆိုးဆိုးရွားရွားကို ဒဏ်ရာရလာ၏။
သူ၏ ဒဏ်ရာများမှ ရဲရဲနီသော သွေးများ စိမ့်ထွက်လာပြီး ဖေးချမ်သည်လည်း သွေးစွန်းနေသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလာသည်။
"မင်းက ဒီအတိုင်း ပုရွက်ဆိတ်သာသာပါပဲကွာ … တကယ်လို့ ငါက မင်းကို သေစေချင်ရင် မင်း အသက်ရှင်လို့ မရနိုင်ပါဘူးကွာ"
မင်းသား ကာရိုးလ်သည် အလွန် အထင်သေးသော မျက်နှာပေးနှင့် ဒေါသတကြီး ပြောလသည်။ သူသည် ဖေးချမ်အား နတ်ဆိုး နတ်ဘုရားကဲ့သို့ လွှမ်းမိုးနိုင်သော အမူအရာနှင့် ဖိနှိပ်ထားသည်။
မင်းသား ကာရိုးလ်၏ တိုက်ကွက်တစ်ကွက်ချင်းစီက လေထုထဲ သွေးစက်များ လွင့်စဉ်သွားစေသည်။ သူသည် ဖေးချမ်အား ဆက်လက်၍ ရက်စက်စွာ တိုက်ခိုက်နေသည်။
သို့သော် ဖေးချမ်သည် နာကျင်မှုအား ဥပေက္ခာပြုထားသည်။ သူ၏ မျက်လုံးသည် ဝင်းဝင်းတောက်နေပြီး တိုက်ခိုက်လိုသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
ဖေးချမ်သည် သူ သေမလား၊ ရှင်မလား ဆိုတာကိုတောင် ဂရုမစိုက်သည့် စစ်နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူလှသည်။
ရွှစ်!
ထိုစဉ် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ ဝမ်းဗိုက်အောက်အား လက်ဖဝါးဖြင့် လှီးဖြတ်လိုက်သဖြင့် နီရဲနေသော သွေးစက်များက မြေကြီးအား ဖြန်းပက်လို့သွားသည်။
ဘေးပတ်လည်မှ လူများသည်လည်း ဤမြင်ကွင်းကြောင့် အလွန် ထိတ်လန့်သွားကာ အားလုံး အော်ဟစ်လိုက်မိကြသည်။
"သခင်ကြီး"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး၏ မျက်နှာများ ပြာနှမ်းသွားကြသည်။ အကယ်၍ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားမည်ဆိုလျင် ဖေးချမ် မုချသေရလိမ့်မည်ကို သူတို့ သိနေကြသည်။
"ဆာ … ကျေးဇူးပြုပြီး ကျုပ်တို့ အရှင်ကို ကယ်ပေးပါ"
ချာခါနှင့် အခြားသူများက ယဲ့ဖန်အား အရေးတကြီး တောင်းခံလာကြသည်။ ဝံပုလွေရိုင်းနှင့် အခြားနောက်လိုက်များအားလုံးတောင်မှ ယဲ့ဖန်အား ဝိုင်းကြည့်လာကြသည်။
ဖေးချမ်သည် တိုက်ပွဲမစခင်ကတည်းက အပြင်းအထန် ဒဏ်ရာရထားပြီးသား ဖြစ်သည်။ တိုက်ပွဲတွင်းတွင် သူ ဒဏ်ရာများ ပိုရခဲ့သည်။ ထို့ကြေင့် သူ သေချာပေါက် သေသွားလောက်သည်။
သူ တိုက်ပွဲတွင် အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ မရှိပါ။ သို့သော် ယဲ့ဖန်သည် တည်ငြိမ်သော မျက်နှာထားနှင့် ဖြစ်နေဆဲ ဖြစ်ပြီး တိုက်ပွဲကိုသာ ဆက်ကြည့်နေပြီး အနည်းငယ် မကောင်းဆိုးဝါးဆန်၍ ကြမ်းကြုတ်သော အမူအရာနှင့် ပြောလိုက်သည်။
"နေဦး … သူ ဆက် သည်းခံနိုင်ပါသေးတယ်"
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး၏ မျက်နှာများ ပို၍ပြာနှမ်းလာသည်။
တစ်ချို့လူတွေတောင်မှ ယဲ့ဖန်သည် ဖေးချမ်၏ သခင်ကြီး ဖြစ်ရန် အရည်အချင်း မပြည့်မီဟုတောင် စ၍ ခံစားလာမိသည်။
သူက သူ့ငယ်သား၏ အသက်ကိုတောင်မှ ဂရုမစိုက်သည့်အပြင် သူသည် ဆရာသခင်အဆင့်သာ ရှိနေသေးသည်။ ဘယ်လောင်တောင်မှ အသုံးမကျလိုက်သည့် သခင်ကြီးပါလိမ့်။
များစွာသော အိပ်မက်ဆိုးသိုင်းပညာရှင်များသည် ယဲ့ဖန်၏ လုပ်ဆောင်ချက်ကို မကျေမနပ်ဖြစ်နေကြသည်။
သို့သော် သူတို့သည် ဖေးချမ် တိုက်ပွဲတွင်းမှ အသက်ရှင်ရန် ဆုတောင်းရုံမှတစ်ပါး အခြား မတတ်နိုင်ပေ။

ထိုစဉ် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ နှလုံးသားအား သူ့လက်ဖဝါးဖြင့် အားကုန် ထိုးစိုက်လိုက်သည်။
"မဖြစ်ဘူး"
များစွာသော အိပ်မက်ဆိုး သိုင်းပညာရှင်များ ပျာယာခတ်ကာ ကြောက်လန့်သွားကြသည်။ ဝံပုလွေရိုင်းနှင့် အခြားနောက်လိုက်များတောင်မှ အလွန် ထိတ်လန့်သွားကြသေသည်။
"ပုရွက်ဆိတ်ကောင် သေပေတော့"
မင်းသား ကာရိုးလ်သည် ဖေးချမ်အား သူ၏ နောက်ဆုံးတိုက်ကွက်နှင့် အသေသတ်နိုင်မည်ဟု ယုံကြည်မှု ရှိသဖြင့် ကြုံးဝါးလိုက်သည်။
သူ၏ မနှစ်မျို့ဖွယ်ကောင်းသော လက်ဖဝါးသည် ဖေးချမ်၏ နှလုံးသား ရှိရာသို့ အေးစက်စက် အလင်းနှင့်အတူ တိုးဝင်လာသည်။
သူ၏ တိုက်ခိုက်မှုကို မြင်လိုက်သည်နှင့် ဖေးချမ်၏ မျက်နှာပေါ်တွင် အလောတကြီး အမူအရာများနှင့် ပြည့်နှက်သွားကာ ချက်ချင်းပင် ကိုယ်ကို  အစွမ်းကုန် လှည့်လိုက်သည်။
ရွှစ်!
သွေးများ ပန်းထွက်လာပြီးနောက် သူ၏ အလွန် ချွန်ထက်သော လက်ဖဝါးသည် ဖေးချမ်၏ ကိုယ်အား ပြင်းစွာ ဖောက်ထွင်း၍ ဖေးချမ်၏ နှလုံးသားနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့သည်။
အကယ်၍ ဖေးချမ်သာ အနည်းငယ် နှေးသွားမည်ဆိုလျင် သူ သေသွားလောက်သည်။ ထိုသို့မဟုတ်လျင်တောင်မှ ဖေးချမ်သည် အသက်ခံရလုနီးပါး ဖြစ်နေဆဲပင် ဖြစ်သည်။
"အရှင်"
"ဖေးချမ်"
အိပ်မက်ဆိုး သိုင်းပညာရှင်များ၊ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် အခြားနောက်လိုက်များအားလုံး သည်းထိတ်ရင်ဖို ဖြစ်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ပြောလာသည်။
"ဆယ့်စက္ကန့်ပဲ … ကာရိုးလ် ဆယ်စက္ကန့်အတွင်း သေကို သေလိမ့်မယ်"
*ဘာ*
သူ့စကားကြောင့် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။ ဖေးချမ်သည် သေလုနီးပါး ဖြစ်နေပြီး သူ့ခွန်အားကို ဆုံးရှုံးလုမတတ် ဖြစ်နေခဲ့သည်၊ ဘယ်လိုလုပ် သူက အင်အားကြီးသော မင်းသား ကာရိုးလ်ကို သတ်နိုင်ပါမည်နည်း။
အိပ်မက်မက်နေမှာသာ ဖြစ်လိမ့်မည်။ ဒါ လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတောင်မှ ယဲ့ဖန်၏ စကားကို မယုံနိုင်ပါ။
"ဂါး"
ထိုစဉ် ဖေးချမ်သည် ကြမ်းကြုတ်သော သားရဲကောင်ကြီးကဲ့သို့ မာန်ဖီလာ၏။ သူ၏ မျက်လုံးတစ်ဘက်မှ ရွှေအိုရောင် အလင်းများ လင်းလက်လာပြီး ကျန်တစ်ဘက်မှ မည်းနက်နေသော အလင်းများ တောက်ပလာသည်။
ထို့အတူ တစ်ချိန်တည်းမှာပင် ရွှေအိုရောင်နှင့် အနက်ရောင် ချီမျှင်စုများက ဖေးချမ်ပတ်လည်၌ လှည့်လည်ရစ်ပတ်လာသည်။
ထို့ကြောင့် ဖေးချမ်သည် သရဲတစ္ဆေကဲ့သို့ မကောင်းဆိုးဝါးဆန်လှနေသည်။ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ဖေးချမ်၏ လက်များသည် ဝံပုလွေ လက်သည်းများကဲ့သို့ ထက်ရှလာပြီး ထိုလက်များမှ အေးစိမ့်သော အလင်းများ ဖိတ်ဖိတ်တောက်လာသည်။
….
ကြည့်နေကြသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဘယ်သူမှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ အထူးသဖြင့် မင်းသား ကာရိုးလ်ပင်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း မင်းသား ကာရိုးလ်သည် သူ့ရှေ့တည့်တည့်၌ ဒေါသူပုန်ထနေသော နတ်ဆိုးဘုရင်တစ်ယောက် ရပ်နေသကဲ့သို့  အန္တရာယ် အငွေ့အသက်ကို ရုတ်တရက် ခံစားလာမိသည်။
"မဖြစ်ဘူး"
မင်းသား ကာရိုးလ် ကြက်သီးတဖြန်းဖြန်းထကာ သူ မြန်နိုင်သမျှ မြန်မြန် နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်သည်။
"နောက်ဆုတ် … နောက်ဆုတ် … နောက်ဆုတ်ရမယ်"
မင်းသား ကာရိုးလ် အားကုန်သုံး၍ ကြိုးပမ်းနေသည်။ သို့သော် သူ အရမ်းနှေးနေသေး၏။
ရွှေအိုရောင်နှင့် အနက်ရောင် အလင်းများ လှစ်ခနဲ ဖြတ်ပြေးသွားပြီးနောက် ဖေးချမ်၏ ထက်ရှသော လက်သည်းများက မင်းသား ကာရိုးလ်၏ လက်မောင်းကို ဆွဲကိုင်လာသည်။
ဂျွတ်ခနဲ အသံနှင့်အတူ သွေးမိုး ရွာလာလေသည်။ ထို့အတူ သူ၏ လက်မောင်းတစ်ဘက်သည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ဆွဲဖြုတ်ခံလိုက်ရသည်။
"အား…အား…အား"
မင်းသား ကာရိုးလ် အလွန် ကြောက်စိတ်မွှန်နေ၏။ တိုက်ပွဲက အခြေအနေ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မှတ်မထားမိပါ။
သို့သော် အိပ်မက်ဆိုးကား ယခုမှ စရုံလေးပင် ရှိသေးသည်။ နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ မင်းသား ကာရိုးလ်၏ လက်ပြင်ရိုး ဆွဲဖြဲခံလိုက်ရပြီး ကောင်းကင်သို့ နီဆွေးနေသော အသားစများ ဖြန်းပက်သွားသည်။
အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့သော် ရှေးဦးသားရဲတစ်ကောင် မော်တယ်ကမ္ဘာသို့ ရောက်ရှိလာသကဲ့သို့ ဖေးချမ်၏ မျက်လုံးများသည် ရွှေအို‌ရောင်နှင့် အနက်ရောင် အလင်းများ ဖိတ်ဖိတ်တောက်နေသည်။
ဆုတ်ဖြဲခြင်း။
ဆုတ်ဖြဲခြင်း။
ဆုတ်ဖြဲခြင်း။
သူသည် မင်းသား ကာရိုးလ်၏ ခန္ဓာကိုယ် အစိတ်အပိုင်များအား လိမ္မော်သီး အခွံနွှာသလို ဆွဲဖြဲနေသည်။
အလွန် သွေးပျက်ဖွယ်ကောင်းလိုက်ပါဘိ။

လူအုပ်ကြီးသည်လည်း မှင်တက်လို့နေသည်။ ဝံပုလွေရိုင်း ၊ သွေးစွန်းတစ္ဆေနှင့် ဖေးချမ်၏ အခြားနောက်လိုက်များသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကာ ရေရွတ်လိုက်မိကြသည်။
"လောဘအိုး ဝံပုလွေ ဆုဒြာက အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းနဲ့ ပေါင်းစပ်သွားပြီပဲ"
"အရင်တုန်းက ဖေးချမ် လောဘအိုး ဝံပုလွေ ဆုဒြာကို အပြည့်အဝ အသက်မသွင်းနိုင်ခဲ့ဘူး … ဒီတစ်ခါတော့ သူက လောဘအိုး ဝံပုလွေ ဆုဒြာရဲ့ ခွန်အားကို အပြည့်အဝ အသုံးချနိုင်ပြီးတော့ အခု လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာအဆင့် တစ်ယောက်ကိုတောင် ဆွဲဖြဲနိုင်နေပြီ … အံ့ဩဖို့ ကောင်းလိုက်တာ"
ဝံပုလွေရိုင်းနှင့် သွေးစွန်းဝံပုလွေတို့သည် စိတ်လှုပ်ရှားမှုကြောင့် ဖိမ့်ဖိမ့်တုန်သွားကြသည်။ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အထူးသဖြင့် အကြီးအကဲ ချာခါပင်။ သူသည် တိုက်ပွဲအား အလွန်အမင်း ထိတ်လန့်ကာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။
သုံးစက္ကန့်။
မင်းသား ကာရိုးလ်၏ ပေါင်များ ဆွဲဖြဲခံလိုက်ရသည်။
လေးစက္ကန့်။
သူ၏ နံရိုးများ ကျိုးကြေသွားလေပြီ။
ငါးစက္ကန့်။
….
အချိန်ကြာလာသည်နှင့်အမျှ မင်းသား ကာရိုးလ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လေထဲသို့ တစ်ခုပြီးတစ်ခု မြောက်တက်လာသည်။
အကျိုးဆက်အရ မင်းသား ကာရိုးသည် ဆိုးရွားစွာ ကိုယ်အင်္ဂါ ချို့ယွင်းနေသော သွေးများ ပေကျံနေသည့် အရာတစ်ခု ဖြစ်လာပြီး သူ့မျက်လုံးထဲ၌ ကြောက်စိတ်များ အလွန်အမင်း ဖုံးလွှမ်းနေ၏။
မင်းသား ကာရိုးလ်သည် ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းအား ရရှိထားသည့် ကမ္ဘာအနှံ့ နာမည်အကြီးဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
သူသည် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းအား ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။ သူသည် အထူး အခွင့်ထူးခံ လူတစ်ယော်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် ရက်စက်သော ဖေးချမ်ရှေ့တွင် အားနည်းသော သိုးကောင်လေးလိုပင်။ ထို့အပြင် သူသည် စူးရှသော နာကျင်မှုကြောင့် ရူးမတတ် ဖြစ်နေသည်။
"မဟုတ်ဘူး"
မင်းသား ကာရိုးလ် သွေးပျက်လာသည်။ သူ ထွက်မပြေးနိုင်သလို တိုက်ပွဲကိုလည်း မနိုင်နိုင်ပေ။ ထို့ကြောင့် သူသည် စိတ်ပျက်ပြီး ကြောက်လန့်နေသည်။
ဆယ်စက္ကန့်။
ဖေးချမ်၏ ချွန်ထက်သော လက်သည်းသည် မင်းသား ကာရိုးလ်၏ နဖူးအလယ်တည့်တည့်သို့ ထိုးဖောက်သွားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now