Chapter 270

1.2K 154 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (270) နတ်ဆိုး ဥပဒေသ
"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"
အမှောင်ဂိုဏ်းချုပ် အရူးအမူး ပျော်ရွှင်စွာ ပြောလိုက်ချိန်တွင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး အလွန် တိတ်ကျသွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်လို့နေပြီး တုန်လှုပ်နေသောသော ဝိညာဉ်များ၏ အသံကိုသာ ကြားနိုင်လောက်သည်။
တိုက်ခိုက်ရေး ကလပ်ထဲမှ လူတိုင်း မှင်တက်သွားကြသည်။
ယဲ့မုန့်ထန်၊ သစ္စာဖောက်ယဲ့များနှင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများအပြင် ကျန်သိုင်းပညာရှင်များသည် သူတို့ အိပ်မက်လှလှ မက်နေကြသည်ဟု ထင်နေကြသည်။
*မဖြစ်နိုင်ဘူး*
ဟွာရှနိုင်ငံ၏ အဆန်းကြယ်ဆုံး ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်ရှေ့ လေးဘက်ထောက် ဝပ်တွားနေသည်။
သူ ကြမ်းပြင်ပေါ် ငုံ့ကိုင်းနေစဉ်တွင် သူ့မျက်နှာသည် သူ့တစ်ဘဝလုံး လေးစားခဲ့ရသည့် စံပြပုဂ္ဂိုလ်အား တွေ့လိုက်ရသကဲ့သို့ အလွန် စိတ်လှုပ်ရှားဟန် ပေါက်နေသည်။
*ဒါ…. လုံးဝ မဖြစ်နိုင်ဘူးလေ*
ဤသည်ကား အစသာ ရှိချေသေးသည်။ အမှောင်ဂိုဏ်းချုပ်၏ နောက်ရှိ မဟာ အကြီးအကဲငါးယောက်နှင့် အမှောင်ဂိုဏ်း အဖွဲ့ဝင် အယောက် တစ်ရာကျော်တို့သည် အရူးအမူး ဟစ်အော်၍ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
"အရိုအသေပေးပါတယ် သခင်ကြီး ကျွန်တော်က ကျိုကလန်ရဲ့ ဆယ့်တစ်ဆက်မြောက် မျိုးဆက်က ဖြစ်သလို အမှောင်ဂိုဏ်းရဲ့ မဟာအကြီးအကဲဖြစ်တဲ့ ကျိုပေါ့ထန်ပါ"
"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"
"အရိုအသေ ပေးပါတယ် သခင်ကြီး … ကျွန်တော်က ကျိုကလန်ရဲ့ ဆယ့်တစ်ဆက်မြောက် မျိုးဆက်က ဖြစ်သလို အမှောင်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်တဲ့ ကျိုထန်းကျီပါ"
"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"
….
နားကွဲမတတ် စကားသံများသည် တိုက်ခိုက်ရေး ကလပ်တစ်ခုလံဒးအား ပြိုလဲကျမတတ် ဖြစ်သွားစေသည်။
အိုမင်းနေသော မဟာအကြီးအကဲငါးယောက်သည် နတ်ဘုရားတစ်ပါးအား မြင်တွေ့လိုက်ရသလို ဖြစ်နေကြသည်။
အခြားသူများ"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ" ဟူသော စကားကို ကြားလိုက်ရစဉ်တွင် သူတို့၏ စိတ်ဝိညာဉ်များ ထိတ်လန့်ကာ တုန်ယင်သွားသည်ကို ခံစားလိုက်မိသည်။
မည်သူမျှ ကိုယ့်နားကိုယ် မယုံကြည်နိုင်ကြချေ။
….
အမှောင်ဂိုဏ်း၏ အဖွဲ့ဝင်အားလုံး ယဲ့ဖန်ရှေ့ ဒူးထောက်လိုက်သည်ကို မြင်ပြီး ကြည့်နေကြသောသူများ ချက်ချင်း ပွက်လောရိုက်သွားကြသည်။
ယဲ့မုန့်ထန် သွေးမရှိတော့သလို ဖြူရော်လာကာ အလွန် မယုံနိုင်သော မျက်လုံးများဖြင့် ပြောလာသည်။
"သ…သခင်ကြီး … ဘယ်လိုလုပ် … ဒီခွေးမသားလေးက အမှောင်ဂိုဏ်းချုပ်နဲ့ မဟာ အကြီးအကဲ ငါးယောက်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ … ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
ထိုအချိန်တွင် ယဲ့မုန့်ထန်သည် သူ အိပ်မက်ဆိုး မက်နေသည်ဟုသာ ထင်နေမိသည်။ အမှောင်ဂိုဏ်းအား သူ၏ ကယ်တင်ရှင်ဟု သူ ယုံကြည်ခြံသည်။ သူတို့က ယဲ့ဖန်ကို သတ်ရန် ရောက်လာခြင်း ဖြစ်သည်ဟု သူ ထင်ခဲ့သည်။
သို့သော် သူတို့အားလုံးက ယဲ့ဖန်ရှေ့ ဒူးထောက်ခဲ့ပြီး သူ၏ ကျေးကျွန်များ ဖြစ်သည်ဟု ပြောဆိုနေကြသည်။
ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသော အဖြစ်အပျက်က ယဲ့မုန့်ထန်အား ငိုချင်စိတ် ပေါက်သွားစေ၏။ ယဲ့မုန့်ထန်အပြင် သစ္စာဖောက်ယဲ့များ အားလုံးသည် သူတို့မိဘများအား ဆုံးရှုံးလိုက်ရသကဲ့သို့ ဖင်ထိုက်ရက် လဲကျသွားသည်။
ထိုစဉ် ချဉ်စုတ်စုတ်အနံ့က သူတို့၏ ဘောင်းဘီဂွကြားထဲမှ ထွက်ပေါ်လာသည်။ သူတို့သည် ကြောက်စိတ်ကြောင့် ဘောင်းဘီထဲ သေးထွက်ကျလာသည်။
ယဲ့မုန့်ထန်ဘေးမှ အမှောင်ဂိုဏ်း၏ အကြီးအကဲများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*သခင်ကြီးတဲ့လား*
ထိုစကားလုံးသည် သူတို့အား ကျိုကလန်၏ ဇစ်မြစ်ကို သတိရသွားစေသည်။ ကျိုကလန်အတွင်း၌ သခင်ကြီးဟု ခေါ်ဆိုသော လူတစ်ယောက်၏ ပုံရှိသည်။
ကလန်တွင်းမှ လူတိုင်းသည် ကျိုကလန်၏ ဘိုးဘေးခန်းမတွင်းရှိ ထိပ်ဆုံး၌ ရှိသော ထိုပုံအား ဂါရဝပြုရသည်။
ဂိုဏ်းချုပ်၊ မဟာအကြီးအကဲ လေးယောက်နှင့် တိုက်ရိုက်မျိုးဆက်မှ မြေးများသာ ဝတ်ပြုဆုတောင်းပွဲအား တက်ရောက်ဝတ်ပြုရန် အရည်အချင်း ပြည့်မှီသည်။
သာမန် အကြီးအကဲများ သို့မဟုတ် အမှောင်ဂိုဏ်း၏ ဝမ်းကွဲမျိုးဆက်များမှ လူများသည် ထိုပုံအား ကြည့်ရှုခွင့် ရရန်ပင် အရည်အချင်း မပြည့်မှီပါ။
ထိုပုံထဲမှ ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတုန်းက ကျိုကလန်၏ ဒဏ္ဍာရီပုံရိပ် ဖြစ်သည်။
*သူက ဘယ်လိုလုပ် ဒီမှာ လာပေါ်နေရတာလဲ*
*ပြီးတော့ ယဲ့ဖန်က အရမ်း ငယ်သေးတယ်လေ … သူက ဘယ်လိုလုပ် အဲ့လူ ဖြစ်နိုင်မှာလဲ*
*မဖြစ်နိုင်ဘူးလေ*
အမှောင်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ချက်ချင်း သုန်မှုန်သွားကာ ရှေ့သို့ ခြေလှမ်း စိပ်စိပ်နှင့် ခပ်သွက်သွက်သွားကာ အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲ လေးယောက်အား တောင်းပန်တိုးလျှိုးလေသည်။
"အရှင် … မဟာအကြီးအကဲတို့ … ခင်ဗျားတို့ ဘာတွေ ဖြစ်နေကြတာလဲ … ဘာလို့ ခင်ဗျားတို့က ဒီလူရှေ့ ဒူးထောက်နေရတာလဲ"
"ကျွန်တော်တို့က အမှောင်ဂိုဏ်းကလေ … သူက ဒီအတိုင်း အမှောင်ဂိုဏ်းသားတွေကိ အနိုင်ကျင့်တဲ့ ခွေးမသားလေး တစ်ကောင်ပါ … သခင်လေးနဲ့ အစ်ကိုကြီး အကြီးအကဲရဲ့ သေဆုံးမှုအတွက် မြန်မြန် လက်စားချေပေးကြပါ"
ထိုအကြီးအကဲ၏ စကားက သူ့ဘက်မှ ယဲ့မုန့်ထန်နှင့် အခြားသူများ၏ မျှော်လင့်ချက်ကို အနည်းငယ် တောက်ပလာစေသည်။
သူတို့အားလုံး အမှောင်ဂိုဏ်းချုပ်အား ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
ဝုန်း!
အမှောင်ဂိုဏ်းချုပ်က ရုတ်တရက် လက်တစ်ဘက်လှုပ်ကာ ထိုအကြီးအကဲအား ရိုက်နှက်လိုက်သည်။
ဝှစ်!
ဒဏ္ဍာရီအဆင့် လူအိုကြီးတစ်ယောက်သည် ပမွှားလေးကဲ့သို့ သွေးမြူအဖြစ် ပြောင်းလဲသွားလေသည်။
တောက်! တောက်!
သွေးမြူထဲမှ သွေးများ ရွာချလာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း သွေးပျက်သွားကြသည်။ တစ်ခဏမျှ ကြာသော် အမှောင်ဂိုဏ်းချုပ်က အခြားသူများအား သန်မာ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် စိုက်ကြည့်လာသဖြင့် သူတို့၏ စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။
"နတ်ဆိုး ဥပေဒေသရဲ့ ပုဒ်မ နံပါတ် ဆယ့်သုံးအရ .. ငါတို့ သခင်ကြီးကို လှောင်ပြောင် စော်ကားဝံ့သူအားလုံး သေကို သေရမယ် … ငါတို့ သခင်ကြီးကို အနိုင်ကျင့်သူတဲ့ သေကို သေရမယ်"
အလွန် ထိတ်လန့်ဖွယ် ကောင်းလိုက်လေခြင်း။
သူ့စကားကြောင့် ယဲ့မုန့်ထန်နှင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများ သေမတတ် ကြောက်လန့်သွားရသည်။ အမှောင်ဂိုဏ်းချုပ်၏ ရက်စက်သောဘက်အား သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ယဲ့ဖန်ကို အာခံသည့်သူတိုင်း အသတ်ခံရလိမ့်မည်။
"ရို့ယွီက မင်းကို ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပြီးပြီလား"
ထိုအချိန်တွင် ယဲ့ဖန်က ခက်ထန်သော အသံဖြင့် မေးလာသည်။
ယဲ့ဖန်၏ အမေးကြောင့် အမှောင်ဂိုဏ်းချုပ် တုန်ယင်သွားကာ လျင်မြန်စွာ ခေါင်းငုံ့၍ ပြန်ဖြေလာသည်။
"ဟုတ်ကဲ့ သခင်ကြီး … ရို့ယွီက ကျန်းနန်မြို့က ပြန်လာတဲ့နဲ့ ကျွန်တော်တို့ကို ကောင်းကင်ဘုံတက်လှမ်းခြင်းရဲ့ အစစ်အမှန် ကျင့်စဉ်တွေကို ပြောပြပါတယ် … ကျွန်တော်တို့ လျှို့ဝှက်ခန်းထဲမှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းကို တက်လှမ်းနေတုန်း ကျွန်တော်တို့ နောက်လိုက်တွေကို သခင်ကြီးကို ကာကွယ်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်"
"အကြီးအကဲတွေက သူတို့ရဲ့ အာဏာတွေကို သုံးပြီး ဓနဥစ္စာနဲ့ ဂုဏ်သိက္ခာတွေမှာ ပျော်မွေ့နေမယ်လို့ ထင်မှတ်မထားခဲ့မိဘူး .. သူတို့က ကျွန်တော့်အမိန့်ကို ပေါ့ပြက်ပြက်နဲ့ နာခံပြီးတော့ ကျွန်တော်ရဲ့ အမိန့်ကို သိုသိုသိပ်သိပ်နဲ့ မနာခံဘဲ ကျွန်တော့်ကို ထပ်ခါထပ်ခါ အာခံနေခဲ့ပါတယ် … ဒီနောက်လိုက် သေသင့်ပါတယ်"
ထိုသို့ပြောပြီး အမှောင်ဂိုဏ်းချုပ်က လေးဘက်ထောက် ဝပ်တွားလိုက်သည်။
ကျိုရို့ယွီသည် ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ်၏ ဆယ့်သုံးဆက်မြောက် မျိုးဆက်ဖြစ်ပြီး ကျိုချင်းချန်၏ သမီးလည်း ဖြစ်ပေသည်။
သူမ ကျန်းနန်မြို့၌ ရှိနေစဉ်အခါက ယဲ့ဖန်ထံမှ သူမ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း၏ လျှို့ဝှက်ချက်ကို သင်ယူရရှိခဲ့သည်။
ထို့နောက် သူမ ဟွာရှနိုင်ငံ၏ အဓိက မြို့တော် ဖြစ်သော ယန်ကျင့်မြို့တော်သို့ ပြန်လာခဲ့သည်။
သူမ နတ်ဆိုးဧကရာဇ်အကြောင်း သူမအဖေ၊ ဦးလေးများနှင့် အဘိုးများအား ပြောပြခဲ့သည်။ အစပိုင်းအတွင် အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက သူမစကားကို လုံးဝ မယုံကြည်ကြပါ။
ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း၏ လျှို့ဝှက်သိုင်းကွက်၌ ပါဝင်သည်များကို ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်နှင့် ဒဏ္ဍာရီပုဂ္ဂိုလ် နှစ်ဦးသာ သိပေသည်။
ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်မှာ သေဆုံးသွားပြီဖြစ်သဖြင့် ကျိုရို့ယွီအား ကောင်းကင်ဘုံသို့ တက်လှမ်ခြင်း ပညာရပ် သင်ကြားပေးသူမှာ နတ်ဆိုး ဧကရာဇ်သာ ဖြစ်ကိုဖြစ်ရပေမည်။
နတ်ဆိုး ဧကရာဇ် ပြန်လည်ပေါ်ထွက်လာသည်ကို သိရှိပြီးနောက် အမှောင်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲ လေးယောက်တို့သည် သူနှင့် တွေ့ဆုံရန် ကြံစည်ခဲ့ကြသည်။
သို့သော် ယဲ့ဖန်က လီကျိုးယောင်ကို သတ်ပြီး ရှန့်ကျင်းမြို့သို့ ထွက်ခွာသည်ကို သူတို့ သိရှိပြီး‌ေနာက် သူတို့ လက်လျှော့လိုက်ကာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်သွားပြီးမှ သွားတွေ့ရန် ပြင်ဆင်ခဲ့သည်။
တံခါးပိတ် ကျင့်ကြံခြင်း မပြုခင်၌ သူတို့သည် အမှောင်ဂိုဏ်း၏ အကြီးအကဲဘုတ်အွဲ့အား ယဲ့ဖန်ကို အစွမ်းကုန် ကာကွယ်ရန် အမိန့်ပေးခဲ့သည်။
သို့သော် အမှောင်ဂိုဏ်း၏ အကြီးအကဲဘုတ်အဖွဲ့က သူတို့၏ အမိန့်ကို မလိုက်နာဘဲ နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
အကျိုးဆက်ကတော့ အကြီးအကဲ ဘုတ်အဖွဲ့က နန်ရှန့်အကြီးအကဲကိုသာ ကျန်းရှီမြို့သို့ သွားရန် တာဝန်ပေး၍ စေလွှတ်ခဲ့သည်။
အမှောင်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သည် သူတို့ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပညာရပ်အား ကျွမ်းကျင်၍ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာချိန်တွင် အမှောင်ဂိုဏ်းအဖွဲ့က ယဲ့ဖန်အား သတ်ချင်နေသည်ဟု ထင်မထားခဲ့ကြပါ။
သူတို့ ထိတ်လန့်သွားကာ ယဲ့ဖန်၏ အမိန့်ကို နာခံရန် အလျင်အမြန် ရောက်လာကြခြင်း ဖြစ်သည်။
ယခုအချိန်တွင် အမှောင်ဂိုဏ်းချုပ်သည် ရုတ်ခနဲ နောက်လှည့်ကာ အကြီးအကဲများကို စိုက်ကြည့်ပြီး ကြမ်းတမ်းသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"နတ်ဆိုး ဥပဒေသရဲ့ ပုဒ်မ နှစ်ဆယ့်ရှစ်အရ ကျေးကျွန်တွေက သူတို့ရဲ့ ဘိုးဘေးတွေကို စော်ကားရင် သူတို့ တစ်စစီ ဖြစ်အောင် ခုတ်ပိုင်းခံရလိမ့်မယ်"
"မင်း သေနိုင်ပြီ"
*ဘာ*
သူ့စကားကြောင့် အမှောင်ဂိုဏ်း၏ အကြီးအကဲများ အားလုံး လုံးဝ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သို့ပေမဲ့ သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် အမှောင်ဂိုဏ်း၏ သိုင်းပညာရှင် အယောက်တစ်ရာကျော်က ထိုအကြီးအကဲများအား လျှပ်တစ်ပြက် တိုက်ခိုက်လာသည်။
ဘုန်း! ဘုန်း! ဘုန်း!
ထိုအကြီးအကဲများ၏ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အမှောင်ဂိုဏ်း၏ အကြီးအကဲများ သွေးမြူများဖြစ်သည်အထိ ထိုးနှက်ခံလိုက်ရသည်။
သူတို့ ကမ္ဘာမြေပေါ်မှ နှင်ထုတ်ခံလိုက်ရလေတော့သည်။
စာစဉ် (၁၈) ဤတွင် ပြီးပါပြီ။
#ZAWGYI
စာစဥ္ (18) CHAPTER (270) နတ္ဆိုး ဥပေဒသ
"နတ္ဆိုးေတြက မေသႏိုင္ဘူး … နတ္ဆိုးဧကရာဇ္ သက္ေတာ္ရာေက်ာ္ ရွည္ပါေစ"
အေမွာင္ဂိုဏ္းခ်ဳပ္ အ႐ူးအမူး ေပ်ာ္႐ႊင္စြာ ေျပာလိုက္ခ်ိန္တြင္ တိုက္ခိုက္ေရးကလပ္တစ္ခုလုံး အလြန္ တိတ္က်သြားသည္။
ေနရာတစ္ခုလုံး တိတ္ဆိတ္လို႔ေနၿပီး တုန္လႈပ္ေနေသာေသာ ဝိညာဥ္မ်ား၏ အသံကိုသာ ၾကားႏိုင္ေလာက္သည္။
တိုက္ခိုက္ေရး ကလပ္ထဲမွ လူတိုင္း မွင္တက္သြားၾကသည္။
ယဲ့မုန႔္ထန္၊ သစၥာေဖာက္ယဲ့မ်ားႏွင့္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ားအျပင္ က်န္သိုင္းပညာရွင္မ်ားသည္ သူတို႔ အိပ္မက္လွလွ မက္ေနၾကသည္ဟု ထင္ေနၾကသည္။
*မျဖစ္ႏိုင္ဘူး*
ဟြာရွႏိုင္ငံ၏ အဆန္းၾကယ္ဆုံး ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္တစ္ေယာက္က ယဲ့ဖန္ေရွ႕ ေလးဘက္ေထာက္ ဝပ္တြားေနသည္။
သူ ၾကမ္းျပင္ေပၚ ငုံ႔ကိုင္းေနစဥ္တြင္ သူ႔မ်က္ႏွာသည္ သူ႔တစ္ဘဝလုံး ေလးစားခဲ့ရသည့္ စံျပပုဂၢိဳလ္အား ေတြ႕လိုက္ရသကဲ့သို႔ အလြန္ စိတ္လႈပ္ရွားဟန္ ေပါက္ေနသည္။
*ဒါ…. လုံးဝ မျဖစ္ႏိုင္ဘူးေလ*
ဤသည္ကား အစသာ ရွိေခ်ေသးသည္။ အေမွာင္ဂိုဏ္းခ်ဳပ္၏ ေနာက္ရွိ မဟာ အႀကီးအကဲငါးေယာက္ႏွင့္ အေမွာင္ဂိုဏ္း အဖြဲ႕ဝင္ အေယာက္ တစ္ရာေက်ာ္တို႔သည္ အ႐ူးအမူး ဟစ္ေအာ္၍ တစ္ေယာက္ၿပီးတစ္ေယာက္ ဒူးေထာက္လိုက္ၾကသည္။
"အ႐ိုအေသေပးပါတယ္ သခင္ႀကီး ကြၽန္ေတာ္က က်ိဳကလန္ရဲ႕ ဆယ့္တစ္ဆက္ေျမာက္ မ်ိဳးဆက္က ျဖစ္သလို အေမွာင္ဂိုဏ္းရဲ႕ မဟာအႀကီးအကဲျဖစ္တဲ့ က်ိဳေပါ့ထန္ပါ"
"နတ္ဆိုးေတြက မေသႏိုင္ဘူး … နတ္ဆိုးဧကရာဇ္ သက္ေတာ္ရာေက်ာ္ ရွည္ပါေစ"
"အ႐ိုအေသ ေပးပါတယ္ သခင္ႀကီး … ကြၽန္ေတာ္က က်ိဳကလန္ရဲ႕ ဆယ့္တစ္ဆက္ေျမာက္ မ်ိဳးဆက္က ျဖစ္သလို အေမွာင္ဂိုဏ္းရဲ႕ မဟာအႀကီးအကဲ ျဖစ္တဲ့ က်ိဳထန္းက်ီပါ"
"နတ္ဆိုးေတြက မေသႏိုင္ဘူး … နတ္ဆိုးဧကရာဇ္ သက္ေတာ္ရာေက်ာ္ ရွည္ပါေစ"
….
နားကြဲမတတ္ စကားသံမ်ားသည္ တိုက္ခိုက္ေရး ကလပ္တစ္ခုလံဒးအား ၿပိဳလဲက်မတတ္ ျဖစ္သြားေစသည္။
အိုမင္းေနေသာ မဟာအႀကီးအကဲငါးေယာက္သည္ နတ္ဘုရားတစ္ပါးအား ျမင္ေတြ႕လိုက္ရသလို ျဖစ္ေနၾကသည္။
အျခားသူမ်ား "နတ္ဆိုးေတြက မေသႏိုင္ဘူး … နတ္ဆိုးဧကရာဇ္ သက္ေတာ္ရာေက်ာ္ ရွည္ပါေစ" ဟူေသာ စကားကို ၾကားလိုက္ရစဥ္တြင္ သူတို႔၏ စိတ္ဝိညာဥ္မ်ား ထိတ္လန႔္ကာ တုန္ယင္သြားသည္ကို ခံစားလိုက္မိသည္။
မည္သူမွ် ကိုယ့္နားကိုယ္ မယုံၾကည္ႏိုင္ၾကေခ်။
….
အေမွာင္ဂိုဏ္း၏ အဖြဲ႕ဝင္အားလုံး ယဲ့ဖန္ေရွ႕ ဒူးေထာက္လိုက္သည္ကို ျမင္ၿပီး ၾကည့္ေနၾကေသာသူမ်ား ခ်က္ခ်င္း ပြက္ေလာ႐ိုက္သြားၾကသည္။
ယဲ့မုန႔္ထန္ ေသြးမရွိေတာ့သလို ျဖဴေရာ္လာကာ အလြန္ မယုံႏိုင္ေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
"သ…သခင္ႀကီး … ဘယ္လိုလုပ္ … ဒီေခြးမသားေလးက အေမွာင္ဂိုဏ္းခ်ဳပ္နဲ႔ မဟာ အႀကီးအကဲ ငါးေယာက္ရဲ႕ သခင္ႀကီး ျဖစ္ေနရတာလဲ … ဒါ … လုံးဝ မျဖစ္ႏိုင္ဘူး"
ထိုအခ်ိန္တြင္ ယဲ့မုန႔္ထန္သည္ သူ အိပ္မက္ဆိုး မက္ေနသည္ဟုသာ ထင္ေနမိသည္။ အေမွာင္ဂိုဏ္းအား သူ၏ ကယ္တင္ရွင္ဟု သူ ယုံၾကည္ၿခံသည္။ သူတို႔က ယဲ့ဖန္ကို သတ္ရန္ ေရာက္လာျခင္း ျဖစ္သည္ဟု သူ ထင္ခဲ့သည္။
သို႔ေသာ္ သူတို႔အားလုံးက ယဲ့ဖန္ေရွ႕ ဒူးေထာက္ခဲ့ၿပီး သူ၏ ေက်းကြၽန္မ်ား ျဖစ္သည္ဟု ေျပာဆိုေနၾကသည္။
႐ုတ္တရက္ ေျပာင္းျပန္ျဖစ္သြားေသာ အျဖစ္အပ်က္က ယဲ့မုန႔္ထန္အား ငိုခ်င္စိတ္ ေပါက္သြားေစ၏။ ယဲ့မုန႔္ထန္အျပင္ သစၥာေဖာက္ယဲ့မ်ား အားလုံးသည္ သူတို႔မိဘမ်ားအား ဆုံးရႈံးလိုက္ရသကဲ့သို႔ ဖင္ထိုက္ရက္ လဲက်သြားသည္။
ထိုစဥ္ ခ်ဥ္စုတ္စုတ္အနံ႔က သူတို႔၏ ေဘာင္းဘီဂြၾကားထဲမွ ထြက္ေပၚလာသည္။ သူတို႔သည္ ေၾကာက္စိတ္ေၾကာင့္ ေဘာင္းဘီထဲ ေသးထြက္က်လာသည္။
ယဲ့မုန႔္ထန္ေဘးမွ အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ား နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
*သခင္ႀကီးတဲ့လား*
ထိုစကားလုံးသည္ သူတို႔အား က်ိဳကလန္၏ ဇစ္ျမစ္ကို သတိရသြားေစသည္။ က်ိဳကလန္အတြင္း၌ သခင္ႀကီးဟု ေခၚဆိုေသာ လူတစ္ေယာက္၏ ပုံရွိသည္။
ကလန္တြင္းမွ လူတိုင္းသည္ က်ိဳကလန္၏ ဘိုးေဘးခန္းမတြင္းရွိ ထိပ္ဆုံး၌ ရွိေသာ ထိုပုံအား ဂါရဝျပဳရသည္။
ဂိုဏ္းခ်ဳပ္၊ မဟာအႀကီးအကဲ ေလးေယာက္ႏွင့္ တိုက္႐ိုက္မ်ိဳးဆက္မွ ေျမးမ်ားသာ ဝတ္ျပဳဆုေတာင္းပြဲအား တက္ေရာက္ဝတ္ျပဳရန္ အရည္အခ်င္း ျပည့္မွီသည္။
သာမန္ အႀကီးအကဲမ်ား သို႔မဟုတ္ အေမွာင္ဂိုဏ္း၏ ဝမ္းကြဲမ်ိဳးဆက္မ်ားမွ လူမ်ားသည္ ထိုပုံအား ၾကည့္ရႈခြင့္ ရရန္ပင္ အရည္အခ်င္း မျပည့္မွီပါ။
ထိုပုံထဲမွ ပုဂၢိဳလ္သည္ လြန္ခဲ့သည့္ ႏွစ္ေထာင္ေပါင္းမ်ားစြာတုန္းက က်ိဳကလန္၏ ဒ႑ာရီပုံရိပ္ ျဖစ္သည္။
*သူက ဘယ္လိုလုပ္ ဒီမွာ လာေပၚေနရတာလဲ*
*ၿပီးေတာ့ ယဲ့ဖန္က အရမ္း ငယ္ေသးတယ္ေလ … သူက ဘယ္လိုလုပ္ အဲ့လူ ျဖစ္ႏိုင္မွာလဲ*
*မျဖစ္ႏိုင္ဘူးေလ*
အေမွာင္ဂိုဏ္း၏ အႀကီးအကဲ တစ္ေယာက္ ခ်က္ခ်င္း သုန္မႈန္သြားကာ ေရွ႕သို႔ ေျခလွမ္း စိပ္စိပ္ႏွင့္ ခပ္သြက္သြက္သြားကာ အေမွာင္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ႏွင့္ မဟာအႀကီးအကဲ ေလးေယာက္အား ေတာင္းပန္တိုးလွ်ိဳးေလသည္။
"အရွင္ … မဟာအႀကီးအကဲတို႔ … ခင္ဗ်ားတို႔ ဘာေတြ ျဖစ္ေနၾကတာလဲ … ဘာလို႔ ခင္ဗ်ားတို႔က ဒီလူေရွ႕ ဒူးေထာက္ေနရတာလဲ"
"ကြၽန္ေတာ္တို႔က အေမွာင္ဂိုဏ္းကေလ … သူက ဒီအတိုင္း အေမွာင္ဂိုဏ္းသားေတြကိ အႏိုင္က်င့္တဲ့ ေခြးမသားေလး တစ္ေကာင္ပါ … သခင္ေလးနဲ႔ အစ္ကိုႀကီး အႀကီးအကဲရဲ႕ ေသဆုံးမႈအတြက္ ျမန္ျမန္ လက္စားေခ်ေပးၾကပါ"
ထိုအႀကီးအကဲ၏ စကားက သူ႔ဘက္မွ ယဲ့မုန႔္ထန္ႏွင့္ အျခားသူမ်ား၏ ေမွ်ာ္လင့္ခ်က္ကို အနည္းငယ္ ေတာက္ပလာေစသည္။
သူတို႔အားလုံး အေမွာင္ဂိုဏ္းခ်ဳပ္အား ေၾကာက္လန႔္တၾကား ၾကည့္လိုက္ၾကသည္။
ဝုန္း!
အေမွာင္ဂိုဏ္းခ်ဳပ္က ႐ုတ္တရက္ လက္တစ္ဘက္လႈပ္ကာ ထိုအႀကီးအကဲအား ႐ိုက္ႏွက္လိုက္သည္။
ဝွစ္!
ဒ႑ာရီအဆင့္ လူအိုႀကီးတစ္ေယာက္သည္ ပမႊားေလးကဲ့သို႔ ေသြးျမဴအျဖစ္ ေျပာင္းလဲသြားေလသည္။
ေတာက္! ေတာက္!
ေသြးျမဴထဲမွ ေသြးမ်ား ႐ြာခ်လာသည္။ ဤျမင္ကြင္းေၾကာင့္ လူတိုင္း ေသြးပ်က္သြားၾကသည္။ တစ္ခဏမွ် ၾကာေသာ္ အေမွာင္ဂိုဏ္းခ်ဳပ္က အျခားသူမ်ားအား သန္မာ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားျဖင့္ စိုက္ၾကည့္လာသျဖင့္ သူတို႔၏ စိတ္ဝိညာဥ္မ်ားကို တုန္လႈပ္သြားေစသည္။
"နတ္ဆိုး ဥေပေဒသရဲ႕ ပုဒ္မ နံပါတ္ ဆယ့္သုံးအရ .. ငါတို႔ သခင္ႀကီးကို ေလွာင္ေျပာင္ ေစာ္ကားဝံ့သူအားလုံး ေသကို ေသရမယ္ … ငါတို႔ သခင္ႀကီးကို အႏိုင္က်င့္သူတဲ့ ေသကို ေသရမယ္"
အလြန္ ထိတ္လန႔္ဖြယ္ ေကာင္းလိုက္ေလျခင္း။
သူ႔စကားေၾကာင့္ ယဲ့မုန႔္ထန္ႏွင့္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ား ေသမတတ္ ေၾကာက္လန႔္သြားရသည္။ အေမွာင္ဂိုဏ္းခ်ဳပ္၏ ရက္စက္ေသာဘက္အား သူတို႔ တစ္ခါမွ မျမင္ခဲ့ဖူးေခ်။
ယဲ့ဖန္ကို အာခံသည့္သူတိုင္း အသတ္ခံရလိမ့္မည္။
"႐ို႕ယြီက မင္းကို ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပၿပီးၿပီလား"
ထိုအခ်ိန္တြင္ ယဲ့ဖန္က ခက္ထန္ေသာ အသံျဖင့္ ေမးလာသည္။
ယဲ့ဖန္၏ အေမးေၾကာင့္ အေမွာင္ဂိုဏ္းခ်ဳပ္ တုန္ယင္သြားကာ လ်င္ျမန္စြာ ေခါင္းငုံ႔၍ ျပန္ေျဖလာသည္။
"ဟုတ္ကဲ့ သခင္ႀကီး … ႐ို႕ယြီက က်န္းနန္ၿမိဳ႕က ျပန္လာတဲ့နဲ႔ ကြၽန္ေတာ္တို႔ကို ေကာင္းကင္ဘုံတက္လွမ္းျခင္းရဲ႕ အစစ္အမွန္ က်င့္စဥ္ေတြကို ေျပာျပပါတယ္ … ကြၽန္ေတာ္တို႔ လွ်ိဳ႕ဝွက္ခန္းထဲမွာ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္းကို တက္လွမ္းေနတုန္း ကြၽန္ေတာ္တို႔ ေနာက္လိုက္ေတြကို သခင္ႀကီးကို ကာကြယ္ေပးဖို႔ တာဝန္ေပးခဲ့ပါတယ္"
"အႀကီးအကဲေတြက သူတို႔ရဲ႕ အာဏာေတြကို သုံးၿပီး ဓနဥစၥာနဲ႔ ဂုဏ္သိကၡာေတြမွာ ေပ်ာ္ေမြ႕ေနမယ္လို႔ ထင္မွတ္မထားခဲ့မိဘူး .. သူတို႔က ကြၽန္ေတာ့္အမိန႔္ကို ေပါ့ျပက္ျပက္နဲ႔ နာခံၿပီးေတာ့ ကြၽန္ေတာ္ရဲ႕ အမိန႔္ကို သိုသိုသိပ္သိပ္နဲ႔ မနာခံဘဲ ကြၽန္ေတာ့္ကို ထပ္ခါထပ္ခါ အာခံေနခဲ့ပါတယ္ … ဒီေနာက္လိုက္ ေသသင့္ပါတယ္"
ထိုသို႔ေျပာၿပီး အေမွာင္ဂိုဏ္းခ်ဳပ္က ေလးဘက္ေထာက္ ဝပ္တြားလိုက္သည္။
က်ိဳ႐ို႕ယြီသည္ ေကာင္းကင္ မိစာၦကြၽန္မ်ိဳးႏြယ္၏ ဆယ့္သုံးဆက္ေျမာက္ မ်ိဳးဆက္ျဖစ္ၿပီး က်ိဳခ်င္းခ်န္၏ သမီးလည္း ျဖစ္ေပသည္။
သူမ က်န္းနန္ၿမိဳ႕၌ ရွိေနစဥ္အခါက ယဲ့ဖန္ထံမွ သူမ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္း၏ လွ်ိဳ႕ဝွက္ခ်က္ကို သင္ယူရရွိခဲ့သည္။
ထို႔ေနာက္ သူမ ဟြာရွႏိုင္ငံ၏ အဓိက ၿမိဳ႕ေတာ္ ျဖစ္ေသာ ယန္က်င့္ၿမိဳ႕ေတာ္သို႔ ျပန္လာခဲ့သည္။
သူမ နတ္ဆိုးဧကရာဇ္အေၾကာင္း သူမအေဖ၊ ဦးေလးမ်ားႏွင့္ အဘိုးမ်ားအား ေျပာျပခဲ့သည္။ အစပိုင္းအတြင္ အေမွာင္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ႏွင့္ အျခားသူမ်ားက သူမစကားကို လုံးဝ မယုံၾကည္ၾကပါ။
ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္း၏ လွ်ိဳ႕ဝွက္သိုင္းကြက္၌ ပါဝင္သည္မ်ားကို ေကာင္းကင္ မိစာၦ ကြၽန္မ်ိဳးႏြယ္ႏွင့္ ဒ႑ာရီပုဂၢိဳလ္ ႏွစ္ဦးသာ သိေပသည္။
ေကာင္းကင္မိစာၦ ကြၽန္မ်ိဳးႏြယ္မွာ ေသဆုံးသြားၿပီျဖစ္သျဖင့္ က်ိဳ႐ို႕ယြီအား ေကာင္းကင္ဘုံသို႔ တက္လွမ္ျခင္း ပညာရပ္ သင္ၾကားေပးသူမွာ နတ္ဆိုး ဧကရာဇ္သာ ျဖစ္ကိုျဖစ္ရေပမည္။
နတ္ဆိုး ဧကရာဇ္ ျပန္လည္ေပၚထြက္လာသည္ကို သိရွိၿပီးေနာက္ အေမွာင္ဂိုဏ္းခ်ဳပ္ႏွင့္ မဟာအႀကီးအကဲ ေလးေယာက္တို႔သည္ သူႏွင့္ ေတြ႕ဆုံရန္ ႀကံစည္ခဲ့ၾကသည္။
သို႔ေသာ္ ယဲ့ဖန္က လီက်ိဳးေယာင္ကို သတ္ၿပီး ရွန႔္က်င္းၿမိဳ႕သို႔ ထြက္ခြာသည္ကို သူတို႔ သိရွိၿပီး‌ေနာက္ သူတို႔ လက္ေလွ်ာ့လိုက္ကာ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္း ပညာရပ္ကို ကြၽမ္းက်င္စြာ တတ္ေျမာက္သြားၿပီးမွ သြားေတြ႕ရန္ ျပင္ဆင္ခဲ့သည္။
တံခါးပိတ္ က်င့္ႀကံျခင္း မျပဳခင္၌ သူတို႔သည္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲဘုတ္အြဲ႕အား ယဲ့ဖန္ကို အစြမ္းကုန္ ကာကြယ္ရန္ အမိန႔္ေပးခဲ့သည္။
သို႔ေသာ္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲဘုတ္အဖြဲ႕က သူတို႔၏ အမိန႔္ကို မလိုက္နာဘဲ ေနလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိပါ။
အက်ိဳးဆက္ကေတာ့ အႀကီးအကဲ ဘုတ္အဖြဲ႕က နန္ရွန႔္အႀကီးအကဲကိုသာ က်န္းရွီၿမိဳ႕သို႔ သြားရန္ တာဝန္ေပး၍ ေစလႊတ္ခဲ့သည္။
အေမွာင္ဂိုဏ္းခ်ဳပ္ႏွင့္ မဟာအႀကီးအကဲတို႔သည္ သူတို႔ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္း ပညာရပ္အား ကြၽမ္းက်င္၍ တံခါးပိတ္ က်င့္ႀကံရာမွ ထြက္လာခ်ိန္တြင္ အေမွာင္ဂိုဏ္းအဖြဲ႕က ယဲ့ဖန္အား သတ္ခ်င္ေနသည္ဟု ထင္မထားခဲ့ၾကပါ။
သူတို႔ ထိတ္လန႔္သြားကာ ယဲ့ဖန္၏ အမိန႔္ကို နာခံရန္ အလ်င္အျမန္ ေရာက္လာၾကျခင္း ျဖစ္သည္။
ယခုအခ်ိန္တြင္ အေမွာင္ဂိုဏ္းခ်ဳပ္သည္ ႐ုတ္ခနဲ ေနာက္လွည့္ကာ အႀကီးအကဲမ်ားကို စိုက္ၾကည့္ၿပီး ၾကမ္းတမ္းေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေျပာလိုက္သည္။
"နတ္ဆိုး ဥပေဒသရဲ႕ ပုဒ္မ ႏွစ္ဆယ့္ရွစ္အရ ေက်းကြၽန္ေတြက သူတို႔ရဲ႕ ဘိုးေဘးေတြကို ေစာ္ကားရင္ သူတို႔ တစ္စစီ ျဖစ္ေအာင္ ခုတ္ပိုင္းခံရလိမ့္မယ္"
"မင္း ေသႏိုင္ၿပီ"
*ဘာ*
သူ႔စကားေၾကာင့္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ား အားလုံး လုံးဝ နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
သို႔ေပမဲ့ သူတို႔ မည္သို႔မွ် မတုံ႔ျပန္ႏိုင္ခင္မွာပင္ အေမွာင္ဂိုဏ္း၏ သိုင္းပညာရွင္ အေယာက္တစ္ရာေက်ာ္က ထိုအႀကီးအကဲမ်ားအား လွ်ပ္တစ္ျပက္ တိုက္ခိုက္လာသည္။
ဘုန္း! ဘုန္း! ဘုန္း!
ထိုအႀကီးအကဲမ်ား၏ ခႏၶာကိုယ္မ်ား တစ္ခုၿပီးတစ္ခု ေပါက္ကြဲထြက္သြားသည္။ စကၠန႔္ပိုင္းအတြင္းမွာပင္ အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ား ေသြးျမဴမ်ားျဖစ္သည္အထိ ထိုးႏွက္ခံလိုက္ရသည္။
သူတို႔ ကမာၻေျမေပၚမွ ႏွင္ထုတ္ခံလိုက္ရေလေတာ့သည္။
                             စာစဥ္ (၁၈) ဤတြင္ ၿပီးပါၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now