Chapter 359

1K 112 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (359) တကယ့် နတ်ဘုရားအဆင့်များ၏ ကျရှုံးမှု

ဖီးနစ်နားခိုရာတောင်၌ အကယ်စင်စစ် ရှေးဟောင်းကလန် သုံးခုရှိသည်။ ယခုအချိန်၌ သိုင်းပညာရှင်များစွာတို့က အနောက်ဘက် တောင်ထိပ်၌ ရပ်လျက် ရှိနေကြသည်။
သူတို့အားလုံးသည် ရှေးဟောင်းကလန် သုံးခုထဲမှ တစ်ခုဖြစ်သည့် ကုန်းစွန်ကလန်မှ သိုင်းပညာရှင်များ ဖြစ်ကြသည်။
ထိုအဖွဲ့၏ ရှေ့ဆုံး၌ ရပ်နေသူသည် ကုန်းစွန်ကလန်ခေါင်းဆောင်ဖြစ်သူ ကုန်းစွန်ဝူကျိဖြစ်ပြီး ထိတ်လန့်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားသည့် တကယ့် နတ်ဘုရားအဆင့်ရှိသူလည်း ဖြစ်သည်။
“ခေါင်းဆောင်၊ ခင်ဗျားက အရမ်း အမြော်အမြင်ရှိတာပဲ။ ယဲ့ဖန်က တကယ့်ကို သေမင်းနတ်ဘုရားပဲ။ သူက ရှေးဟောင်းကလန် နှစ်ခုလုံးကို ရှင်းလင်းပစ်တယ်။ တော်တော့်ကို ရက်စက်တယ်”
ကုန်းစွန်းကလန်က သိုင်းပညာရှင်တစ်ယောက်သည် သူ့နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။
ယခုအခါမှသာ သူ၏ခေါင်းဆောင်က အမြော်အမြင်ရှိရှိနှင့် အခြား ရှေးဟောင်းကလန်နှစ်ခုနှင့် ပူးပေါင်း၍ ယဲ့ဖန်ကို မတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားရသည်။
သို့မဟုတ်ပါက ကုန်းစွန်းကလန်သည်လည်း ယဲ့ဖန်ကြောင့် သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။
ကုန်းစွန်းကလန်မှ သိုင်းပညာရှင်များအားလုံး သူတို့၏ နဖူးမှ ချွေးများကို ထိတ်ထိတ်ပျာပျာဖြင့် သုတ်လိုက်မိသည်။
“ကြမ်းကြုတ်တယ်၊ ယဲ့ဖန်က လူမဟုတ်ဘူး။ ဘယ်လိုလုပ် သူတစ်ယောက်တည်းနဲ့ သိုင်းပညာရှင် အယောက်တစ်ထောင်ကျော်ကို သတ်နိုင်တာလဲ။ အံ့ဩဖို့ကောင်းတယ်”
“သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက တကယ့် နတ်ဘုရားအဆင့်တစ်ယောက်နဲ့ လုံးဝယှဉ်နိုင်နေတယ်။ သေးနုပ်တဲ့ ဒဏ္ဍာရီလာအဆင့်တစ်ယောက်က ရှေးဟောင်းကလန် နှစ်ခုကို သုတ်သင်ပြီး သွေးချောင်းစီးစေလိမ့်လို့ ထင်မထားမိဘူး”
“ကုန်းစွန်းကလန်ကတော့ ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်မယ် ထင်ရတာပဲ”

ထိုသို့သော အချိန်တွင် ကုန်းစွန်းကလန်၏ ကလန်သားများကြား၌ ပွက်လောရိုက်နေသည်။
ကုန်းစွန်းဝူကျိ၏ ဆုံးဖြတ်ချက်က အလွန့်ကို အမြော်အမြင်ရှိလှသည်ဟု သူတို့အားလုံး ယုံကြည်လိုက်မိကြသည်။
ကုန်းစွန်းဝူကျိတောင်မှ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်က ကံကောင်းထောက်မသွားသည်ဟူ၍ ခံစားမိသည်။
“ဟွမ်ဖူနှင့် စစ်မာတို့တော့ ရူးမတတ် ဖြစ်နေတော့မှာပဲ”
ကုန်းစွန်းဝူကျိက ခါးသီးသော အပြုံးနှင့် ပြောလိုက်သည်။ အကယ်၍ သူသာ သူတို့ဘက်၌ ရပ်တည်မိလိုက်လျင် သူ နောင်တရသွားလောက်သည်။
“ယဲ့ဖန်က ခွန်အားကြီးတယ်ဆိုပင်မယ့်လည်း ဒေါသထွက်နေတဲ့ နတ်ဘုရားအဆင့် နှစ်ယောက်ရဲ့ တိုက်ကွက်တွေကို ရင်ဆိုင်နိုင်ပါ့မလားလို့ ကျုပ် စိုးရိမ်မိတယ်”
ထို့နောက် ကုန်းစွန်းဝူကျိက ဟွမ်ဖူအိမ်တော်အား လှမ်းကြည့်နေမိသည်။
….
“ဘိုးဘိုး၊ သူ့ကို သတ်လိုက်။ အဲ့ခွေးမသားကို သတ်ပစ်လိုက်”
“အား…အား…အား… ကျွန်တော်တို့ ကလန်သားတွေအားလုံး အသတ်ခံလိုက်ရပြီ။ ကျွန်တော် သူ့ကို နုတ်နုတ်စင်းပစ်လိုက်ချင်တယ်”
ထိုစဉ် ဟွမ်ဖူလင်းက အလွန်မုန်းတီးဟန်ဖြင့် အော်ဟစ်လာသည်။ သူ ယဲ့ဖန်ကို အရမ်း မုန်းသည်။
ထို့ကြောင့် သူ့အဘိုး ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ကို မြင်လိုက်ရချိန်တွင် သူ တက်ကြွလို့လာခြင်း ဖြစ်သည်။
ဟွမ်ဖူလင်းသည် ယဲ့ဖန်၏ သနားကမား မျက်နှာကို မြင်ချင်နေပြီး ယဲ့ဖန်၏ စိတ်ပျက်စွာ အော်ဟစ်နေသံများကို ကြားချင်နေသည်။
သူ့မြေး၏ အော်သံကို ကြားပြီး ဟွမ်ဖူရွှမ်၏ မျက်နှာက ဝမ်းနည်းလာသည်။
“ယဲ့ဖန်၊ မင်း … သေကို သေရမယ်”
ဟွမ်ဖူရွှမ်က ခက်ထန်သော မျက်လုံးများနှင့် အထစ်ထစ် အငေါ့ငေါ့ပြောလာသည်။ ထို့နောက် ယဲ့ဖန်ထံသို့ သူ ပြေးဝင်သွားသည်။
သူ့ဘေးမှ စစ်မာချန်ဖုန်းသည်လည်း ပို၍ ဒေါသထွက်နေသည်။ သူမှလွဲ၍ စစ်မာကလန်တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။ ထို့ကြောင့် စစ်မာချန်ဖုန်းသည်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်အား ဒေါသတကြီး ဆွဲဖြဲလိုသည်။
“ခွေးမသားလေး သေလိုက်တော့”
ချက်ချင်းဆိုသလို နတ်ဘုရားအဆင့် နှစ်ယောက်က ယဲ့ဖန်အား ဝိုင်းတိုက်ခိုက်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရားအဆင့် နှစ်ယောက်၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသဖြင့် အလောင်းပုံကြီးသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားကာ အလောင်းများထံမှ သွေးများနှင့် အသားစများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
လေထဲ၌ သွေးမြူခိုးများနှင် ပြည့်နှက်နေပြီး နတ်ဘုရားအဆင့်နှစ်ယောက်နှင့် ယဲ့ဖန်တို့ ပြင်းထန်စွာ ထိပ်တိုက် တိုက်ပွဲဝင်နေကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
သုံးယောက်လုံးသည် လေထဲ၌ လျှပ်စီးသဖွယ် လှုပ်ရှားနေကြ၏။ သို့သော် သူတို့ ပိုတိုက်ခိုက်လေ၊ ပို၍ ထိတ်လန့်လာလေပင်။
ချွင်! ချွင်!
ယဲ့ဖန်၏ သံမဏိလက်သီးများက မှော်ဝင်ပစ္စည်းကဲ့သို့ မာကြောလှသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည် တစ်ကြိမ် ထိုးနှက်လိုက်တိုင်း သူတို့လက်သီးမှ အရိုးအဆစ်များ အရည်ပျော်ကျမလို ခံစားမိလာကြသည်။ နာကျင်မှုကြောင့် သူတို့မျက်နှာများက ရှုံ့မဲ့လို့လာသည်။
မာကြောသည်။
သည်လောက်မာကြောသည့် ခန္ဓာကိုယ်မျိုး ဒီကမ္ဘာပေါ်မှာ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။
ဒုန်း! ဂျွတ်!
နောက်ထပ် လက်သီးတစ်ချက်နှင့်အတူ ဟွမ်ဖူရွှမ်၏ မျက်နှာ၌ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသလို သူ၏ လက်သီးတစ်ခုလုံး ကြေမွသွားရသည်။
“သေစမ်း သူနဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့တော့”
ဟွမ်ဖူရွှမ်သည် ချက်ချင်း သူ့လက်ဝါးတစ်ဘက်ကို လှုပ်လိုက်ပြီးနောက် ဓားရှည်တစ်လက်က သူ့လက်ထဲ ပေါ်လာသည်။
ထိပ်တန်း အရည်အသွေးရှိ မှော်ဝင်ပစ္စည်းပါလား။
ထိုဓားသည် တကယ့် နတ်ဘုရားအဆင့်များကိုတောင်မှ သတ်နိုင်သည်။
စစ်မာချန်ဖုန်းသည်လည်း လက်ကို လှုပ်လိုက်ပြီးနောက် ဓားမော့တစ်ချောင်းက သူ့လက်ထဲ ရောက်လာသည်။
နတ်ဘုရားနှစ်ယောက်နှင့် ထိပ်တန်း အရည်အသွေးရှိ မှော်ဝင်ပစ္စည်းများ။ ယခုအချိန်တွင် သူတို့၏ အရှိန်အဟုန်များက တိုးပွားလာပြီး အရာရာတိုင်းကို ဖျက်ဆီးနိုင်သကဲ့သို့ ထင်လာရသည်။
ဤမြင်ကွင်းကို ကြည့်ပြီး အနောက်အရပ်ရှိ တောင်ထိပ်မှ ကုန်းစွန်းကလန်သားများ မျက်ခုံးလှုပ်လာကြသည်။
“ယဲ့ဖန်တော့ ဒုက္ခရောက်ပြီ။ အဲ့နတ်ဘုရားအဆင့် နှစ်ယောက်က သူတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးလာပြီပဲ”
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ကြံရာမရဖြစ်နေမှန်း ကုန်းစွန်ကလန်သားများ ရိပ်စားမိလိုက်ကြသည်။ သူတို့သည် သူတို့ကလန်သားများ၏ သေဆုံးမှုအတွက် လက်စားချေရန် မည်သည့်အရာကိုမဆို ပေးဆပ်၍ ယဲ့ဖန်အား သတ်မည့်ပုံပေါ်သည်။
သို့သော် ကုန်းစွန်းဝူကျိသည် ယဲ့ဖန်အား ထိတ်လန့်အံ့ဩနေသော မျက်နှာထားဖြင့် ငေးကြည့်နေမိသည်။
“အာ၊ ဒီကောင်လေးက နတ်ဘုရားအဆင့် နှစ်ယောက်နဲ့ ထိပ်တန်း အရည်အသွေးရှိတဲ့ မှော်ဝင်ပစ္စည်းတွေနဲ့ ရင်ဆိုင်နေရတာတောင်မှ မကြောက်ပါလား”
“သူ့ … သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိနေတာများလား”
ကုန်းစွန်းဝူကျိ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။
*ဒဏ္ဍာရီလာအဆင့်တစ်ယောက်က တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်နဲ့ တိုက်ခိုက်နိုင်တာနဲ့တင် အံ့ဩဖို့ကောင်းနေပြီ။ သူက သူ့ခွန်အားအကုန် မသုံးရသေးတာလား*
*ဒါ … မဖြစ်နိုင်ဘူးလေ*
သို့သော် နောက်ထပ် ဖြစ်ပျက်လာသည်များက ကုန်းစွန်းကလန်အား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။
“နောက်ဆုံးတော့ ခင်ဗျားတို့ရဲ့ မှော်ဝင်ပစ္စည်းကို ထုတ်သုံးလာပြီပဲ”
ယဲ့ဖန်က တင်းမာ၍ သွေးဆာနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အဲ့လိုဆိုရင်တောင်မှ ခင်ဗျားတို့ သေမှာပဲ”
ဝုန်း!
ရဲတင်းလွန်းလှသည်။ အထက်စီးဆန်လှ၏။
အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က ကြုံးဝါးလာသည်။
“သေလိုက်တော့”
ရှဲရှဲ…
ထို့နောက် ဧရာမ ဓားနက်ကြီးက မြေကြီးထဲသို့ ထိုးစိုက်ဝင်သွားပြီးနောက် တစ်စစီ ပြိုကွဲသွားကာ ပျံသန်းနေသော ပုရွက်ဆိတ်များအဖြစ် ပြောင်းလဲသွားသည်ကို သူတို့ မြင်လိုက်ရသည်။
ထို့နောက် ပုရွက်ဆိတ်များက စစ်မာချန်ဖုန်းထံသို့ ပြေးဝင်သွားကြသည်။
“ပုရွက်ဆိတ်တွေလား”
စစ်မာချန်ဖုန်း တစ်ခဏမျှ မှင်တက်သွားကြသည်။ ထို့နောက် သူက အထင်သေးသလို မျက်နှာထားနှင့် ကြည့်လာသည်။
ထို့နောက် သူက သူ၏ ဓားမော့အား ပုရွက်ဆိတ်များထံသို့ အားနှင့် ဝှေ့ယမ်းလိုက်သည်။
ဟွမ်ဖူရွှမ်က စစ်မာချန်ဖုန်းအား ယုံကြည်ပုံရပြီး သူ၏ ဓားရှည်နှင့် ယဲ့ဖန်အား အရူးအမူး ပိုင်းခုတ်လာသည်။
“သေပေတော့”
ဟွမ်ဖူရွှမ်၏ ဓားရှည်က ယဲ့ဖန်၏ လည်ပင်းထံသို့ မြွေတစ်ကောင်သဖွယ် တိုးဝင်လာသည်။ သို့သော် ယဲ့ဖန်က ရပ်မြဲအတိုင်း ရပ်နေသည်။
သူ့မျက်လုံးထဲတွင် ဟွမ်ဖူရွှမ်သည် သေပြီးသားလူတစ်ယောက်သာ ဖြစ်သည်။
*အမ်*
ဟွမ်ဖူရွှမ် တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ စူးစူးဝါးဝါး အော်သံတစ်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်တာကို ရပ်၍ နောက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော် မြင်တွေ့လိုက်ရသည့်အရာက သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။
ကျွိ! ကျွိ!
ဟွမ်ဖူရွှမ်နှင့် အခြားသောသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် စစ်မာချန်ဖုန်းအား ပျံသန်းနေသော ပုရွက်ဆိတ်များက ဖုံးအုပ်သွားသည်။
ထို့နောက် စူးရှလှသည့် အော်သံများက လေထဲ ပဲ့တင်ထပ်သွားသည်။
စစ်မာချန်ဖုန်း၏ မှော်ဝင်ပစ္စည်းဖြစ်သည့် ဓားမော့သည် လျင်မြန်စွာ ဝါးမျိုခံလိုက်ရသည်။ ထို့အတူ သူ၏ ခန္ဓာကိုယ်သည်လည်း ဆွဲဖြဲခံလိုက်ရပြီး သွေးများ စုပ်ယူခြင်း ခံလိုက်ရ၏။
သူ့ခန္ဓာကိုယ်၌ သွေးသံတရဲရဲနှင့် အပေါက်ရာများဖြင့် ပြည့်နှက်လာသည်။
ဤမြင်ကွင်းကြောင့် ဟွမ်ဖူရွှမ်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
*ပုရွက်ဆိတ်တွေက တကယ့် နတ်ဘုရားအဆင့်တစ်ယောက်နဲ့ သူ့ရဲ့ မှော်ဝင်ပစ္စည်းကို စားပစ်နိုင်တာလား*
*ဒါ … မဖြစ်နိုင်ဘူး*
အခြားသူများအားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
“မလုပ်နဲ့”
သို့သော် မျက်ဖြူဆိုက်စရာ ကိစ္စကား မပြီးသေးပေ။ စစ်မာချန်ဖုန်းက ဆက်တိုက်သလို ငယ်သံပါအောင် အော်ဟစ်နေရသည်။
သူ၏ ခြေထောက်များ အစားခံလိုက်ရသည်။ သူ၏ ဝမ်းဗိုက်အောက်ပိုင်း ဖျက်ဆီးခံလိုက်ရသည်။
သူ့လက်များ ဝါးစားခံလိုက်ရသည်
နောက်ဆုံးတွင် သူ့ဦးခေါင်းအား ပုရွက်ဆိတ်များက ဖုံးလွှမ်းလာသည်။
တစ်စက္ကန့်မျှကြာသော် နတ်ဘုရားအဆင့် တစ်ယောက်၏ အမြုတေက မြေကြီးပေါ် ပြုတ်ကျလာသည်။
ဆယ့်စက္ကန့်အတွင်းမှာပင် တကယ့် နတ်ဘုရားအဆင့် တစ်ယောက်သည် ပုရွက်ဆိတ်များ၏ ဝါးစားခြင်းကို ခံလိုက်ရတော့သည်။
#Zawgyi
စာစဥ္ (24) CHAPTER (359) တကယ့္ နတ္ဘုရားအဆင့္မ်ား၏ က်ရႈံးမႈ
ဖီးနစ္နားခိုရာေတာင္၌ အကယ္စင္စစ္ ေရွးေဟာင္းကလန္ သုံးခုရွိသည္။ ယခုအခ်ိန္၌ သိုင္းပညာရွင္မ်ားစြာတို႔က အေနာက္ဘက္ ေတာင္ထိပ္၌ ရပ္လ်က္ ရွိေနၾကသည္။
သူတို႔အားလုံးသည္ ေရွးေဟာင္းကလန္ သုံးခုထဲမွ တစ္ခုျဖစ္သည့္ ကုန္းစြန္ကလန္မွ သိုင္းပညာရွင္မ်ား ျဖစ္ၾကသည္။
ထိုအဖြဲ႕၏ ေရွ႕ဆုံး၌ ရပ္ေနသူသည္ ကုန္းစြန္ကလန္ေခါင္းေဆာင္ျဖစ္သူ ကုန္းစြန္ဝူက်ိျဖစ္ၿပီး ထိတ္လန႔္ဖြယ္ ခြန္အားကို ပိုင္ဆိုင္ထားသည့္ တကယ့္ နတ္ဘုရားအဆင့္ရွိသူလည္း ျဖစ္သည္။
“ေခါင္းေဆာင္၊ ခင္ဗ်ားက အရမ္း အေျမာ္အျမင္ရွိတာပဲ။ ယဲ့ဖန္က တကယ့္ကို ေသမင္းနတ္ဘုရားပဲ။ သူက ေရွးေဟာင္းကလန္ ႏွစ္ခုလုံးကို ရွင္းလင္းပစ္တယ္။ ေတာ္ေတာ့္ကို ရက္စက္တယ္”
ကုန္းစြန္းကလန္က သိုင္းပညာရွင္တစ္ေယာက္သည္ သူ႔နဖူးမွ ေခြၽးမ်ားကို သုတ္ရင္း ေျပာလိုက္သည္။
ယခုအခါမွသာ သူ၏ေခါင္းေဆာင္က အေျမာ္အျမင္ရွိရွိႏွင့္ အျခား ေရွးေဟာင္းကလန္ႏွစ္ခုႏွင့္ ပူးေပါင္း၍ ယဲ့ဖန္ကို မတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သူ နားလည္သြားရသည္။
သို႔မဟုတ္ပါက ကုန္းစြန္းကလန္သည္လည္း ယဲ့ဖန္ေၾကာင့္ သုတ္သင္ခံလိုက္ရမည္ ျဖစ္သည္။
ကုန္းစြန္းကလန္မွ သိုင္းပညာရွင္မ်ားအားလုံး သူတို႔၏ နဖူးမွ ေခြၽးမ်ားကို ထိတ္ထိတ္ပ်ာပ်ာျဖင့္ သုတ္လိုက္မိသည္။
“ၾကမ္းၾကဳတ္တယ္၊ ယဲ့ဖန္က လူမဟုတ္ဘူး။ ဘယ္လိုလုပ္ သူတစ္ေယာက္တည္းနဲ႔ သိုင္းပညာရွင္ အေယာက္တစ္ေထာင္ေက်ာ္ကို သတ္ႏိုင္တာလဲ။ အံ့ဩဖို႔ေကာင္းတယ္”
“သူ႔ရဲ႕ တိုက္ပြဲဝင္ခြန္အားက တကယ့္ နတ္ဘုရားအဆင့္တစ္ေယာက္နဲ႔ လုံးဝယွဥ္ႏိုင္ေနတယ္။ ေသးႏုပ္တဲ့ ဒ႑ာရီလာအဆင့္တစ္ေယာက္က ေရွးေဟာင္းကလန္ ႏွစ္ခုကို သုတ္သင္ၿပီး ေသြးေခ်ာင္းစီးေစလိမ့္လို႔ ထင္မထားမိဘူး”
“ကုန္းစြန္းကလန္ကေတာ့ ဒီကပ္ေဘးကေန လြတ္ေျမာက္ႏိုင္မယ္ ထင္ရတာပဲ”

ထိုသို႔ေသာ အခ်ိန္တြင္ ကုန္းစြန္းကလန္၏ ကလန္သားမ်ားၾကား၌ ပြက္ေလာ႐ိုက္ေနသည္။
ကုန္းစြန္းဝူက်ိ၏ ဆုံးျဖတ္ခ်က္က အလြန႔္ကို အေျမာ္အျမင္ရွိလွသည္ဟု သူတို႔အားလုံး ယုံၾကည္လိုက္မိၾကသည္။
ကုန္းစြန္းဝူက်ိေတာင္မွ သူ၏ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္က ကံေကာင္းေထာက္မသြားသည္ဟူ၍ ခံစားမိသည္။
“ဟြမ္ဖူႏွင့္ စစ္မာတို႔ေတာ့ ႐ူးမတတ္ ျဖစ္ေနေတာ့မွာပဲ”
ကုန္းစြန္းဝူက်ိက ခါးသီးေသာ အၿပဳံးႏွင့္ ေျပာလိုက္သည္။ အကယ္၍ သူသာ သူတို႔ဘက္၌ ရပ္တည္မိလိုက္လ်င္ သူ ေနာင္တရသြားေလာက္သည္။
“ယဲ့ဖန္က ခြန္အားႀကီးတယ္ဆိုပင္မယ့္လည္း ေဒါသထြက္ေနတဲ့ နတ္ဘုရားအဆင့္ ႏွစ္ေယာက္ရဲ႕ တိုက္ကြက္ေတြကို ရင္ဆိုင္ႏိုင္ပါ့မလားလို႔ က်ဳပ္ စိုးရိမ္မိတယ္”
ထို႔ေနာက္ ကုန္းစြန္းဝူက်ိက ဟြမ္ဖူအိမ္ေတာ္အား လွမ္းၾကည့္ေနမိသည္။
….
“ဘိုးဘိုး၊ သူ႔ကို သတ္လိုက္။ အဲ့ေခြးမသားကို သတ္ပစ္လိုက္”
“အား…အား…အား… ကြၽန္ေတာ္တို႔ ကလန္သားေတြအားလုံး အသတ္ခံလိုက္ရၿပီ။ ကြၽန္ေတာ္ သူ႔ကို ႏုတ္ႏုတ္စင္းပစ္လိုက္ခ်င္တယ္”
ထိုစဥ္ ဟြမ္ဖူလင္းက အလြန္မုန္းတီးဟန္ျဖင့္ ေအာ္ဟစ္လာသည္။ သူ ယဲ့ဖန္ကို အရမ္း မုန္းသည္။
ထို႔ေၾကာင့္ သူ႔အဘိုး ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ကို ျမင္လိုက္ရခ်ိန္တြင္ သူ တက္ႂကြလို႔လာျခင္း ျဖစ္သည္။
ဟြမ္ဖူလင္းသည္ ယဲ့ဖန္၏ သနားကမား မ်က္ႏွာကို ျမင္ခ်င္ေနၿပီး ယဲ့ဖန္၏ စိတ္ပ်က္စြာ ေအာ္ဟစ္ေနသံမ်ားကို ၾကားခ်င္ေနသည္။
သူ႔ေျမး၏ ေအာ္သံကို ၾကားၿပီး ဟြမ္ဖူ႐ႊမ္၏ မ်က္ႏွာက ဝမ္းနည္းလာသည္။
“ယဲ့ဖန္၊ မင္း … ေသကို ေသရမယ္”
ဟြမ္ဖူ႐ႊမ္က ခက္ထန္ေသာ မ်က္လုံးမ်ားႏွင့္ အထစ္ထစ္ အေငါ့ေငါ့ေျပာလာသည္။ ထို႔ေနာက္ ယဲ့ဖန္ထံသို႔ သူ ေျပးဝင္သြားသည္။
သူ႔ေဘးမွ စစ္မာခ်န္ဖုန္းသည္လည္း ပို၍ ေဒါသထြက္ေနသည္။ သူမွလြဲ၍ စစ္မာကလန္တစ္ခုလုံး သုတ္သင္ခံလိုက္ရသည္။ ထို႔ေၾကာင့္ စစ္မာခ်န္ဖုန္းသည္လည္း ယဲ့ဖန္၏ ခႏၶာကိုယ္အား ေဒါသတႀကီး ဆြဲၿဖဲလိုသည္။
“ေခြးမသားေလး ေသလိုက္ေတာ့”
ခ်က္ခ်င္းဆိုသလို နတ္ဘုရားအဆင့္ ႏွစ္ေယာက္က ယဲ့ဖန္အား ဝိုင္းတိုက္ခိုက္လာသည္။
ဝုန္း! ဝုန္း! ဝုန္း!
နတ္ဘုရားအဆင့္ ႏွစ္ေယာက္၏ ျပင္းထန္လွသည့္ တိုက္ခိုက္မႈႏွင့္ ရင္ဆိုင္ရသျဖင့္ အေလာင္းပုံႀကီးသည္ ခ်က္ခ်င္းဆိုသလို ေပါက္ကြဲထြက္သြားကာ အေလာင္းမ်ားထံမွ ေသြးမ်ားႏွင့္ အသားစမ်ားက ေနရာအႏွံ႔သို႔ လြင့္စဥ္သြားသည္။
ေလထဲ၌ ေသြးျမဴခိုးမ်ားႏွင္ ျပည့္ႏွက္ေနၿပီး နတ္ဘုရားအဆင့္ႏွစ္ေယာက္ႏွင့္ ယဲ့ဖန္တို႔ ျပင္းထန္စြာ ထိပ္တိုက္ တိုက္ပြဲဝင္ေနၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
သုံးေယာက္လုံးသည္ ေလထဲ၌ လွ်ပ္စီးသဖြယ္ လႈပ္ရွားေနၾက၏။ သို႔ေသာ္ သူတို႔ ပိုတိုက္ခိုက္ေလ၊ ပို၍ ထိတ္လန႔္လာေလပင္။
ခြၽင္! ခြၽင္!
ယဲ့ဖန္၏ သံမဏိလက္သီးမ်ားက ေမွာ္ဝင္ပစၥည္းကဲ့သို႔ မာေၾကာလွသည္ကို သူတို႔ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနရသည္။
နတ္ဘုရားအဆင့္ ႏွစ္ေယာက္လုံးသည္ တစ္ႀကိမ္ ထိုးႏွက္လိုက္တိုင္း သူတို႔လက္သီးမွ အ႐ိုးအဆစ္မ်ား အရည္ေပ်ာ္က်မလို ခံစားမိလာၾကသည္။ နာက်င္မႈေၾကာင့္ သူတို႔မ်က္ႏွာမ်ားက ရႈံ႕မဲ့လို႔လာသည္။
မာေၾကာသည္။
သည္ေလာက္မာေၾကာသည့္ ခႏၶာကိုယ္မ်ိဳး ဒီကမာၻေပၚမွာ ရွိေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိၾကေပ။
ဒုန္း! ဂြၽတ္!
ေနာက္ထပ္ လက္သီးတစ္ခ်က္ႏွင့္အတူ ဟြမ္ဖူ႐ႊမ္၏ မ်က္ႏွာ၌ ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ျပည့္ႏွက္သြားသလို သူ၏ လက္သီးတစ္ခုလုံး ေၾကမြသြားရသည္။
“ေသစမ္း သူနဲ႔ ထိပ္တိုက္ရင္မဆိုင္နဲ႔ေတာ့”
ဟြမ္ဖူ႐ႊမ္သည္ ခ်က္ခ်င္း သူ႔လက္ဝါးတစ္ဘက္ကို လႈပ္လိုက္ၿပီးေနာက္ ဓားရွည္တစ္လက္က သူ႔လက္ထဲ ေပၚလာသည္။
ထိပ္တန္း အရည္အေသြးရွိ ေမွာ္ဝင္ပစၥည္းပါလား။
ထိုဓားသည္ တကယ့္ နတ္ဘုရားအဆင့္မ်ားကိုေတာင္မွ သတ္ႏိုင္သည္။
စစ္မာခ်န္ဖုန္းသည္လည္း လက္ကို လႈပ္လိုက္ၿပီးေနာက္ ဓားေမာ့တစ္ေခ်ာင္းက သူ႔လက္ထဲ ေရာက္လာသည္။
နတ္ဘုရားႏွစ္ေယာက္ႏွင့္ ထိပ္တန္း အရည္အေသြးရွိ ေမွာ္ဝင္ပစၥည္းမ်ား။ ယခုအခ်ိန္တြင္ သူတို႔၏ အရွိန္အဟုန္မ်ားက တိုးပြားလာၿပီး အရာရာတိုင္းကို ဖ်က္ဆီးႏိုင္သကဲ့သို႔ ထင္လာရသည္။
ဤျမင္ကြင္းကို ၾကည့္ၿပီး အေနာက္အရပ္ရွိ ေတာင္ထိပ္မွ ကုန္းစြန္းကလန္သားမ်ား မ်က္ခုံးလႈပ္လာၾကသည္။
“ယဲ့ဖန္ေတာ့ ဒုကၡေရာက္ၿပီ။ အဲ့နတ္ဘုရားအဆင့္ ႏွစ္ေယာက္က သူတို႔ရဲ႕ ဝွက္ဖဲေတြကို ထုတ္သုံးလာၿပီပဲ”
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ႀကံရာမရျဖစ္ေနမွန္း ကုန္းစြန္ကလန္သားမ်ား ရိပ္စားမိလိုက္ၾကသည္။ သူတို႔သည္ သူတို႔ကလန္သားမ်ား၏ ေသဆုံးမႈအတြက္ လက္စားေခ်ရန္ မည္သည့္အရာကိုမဆို ေပးဆပ္၍ ယဲ့ဖန္အား သတ္မည့္ပုံေပၚသည္။
သို႔ေသာ္ ကုန္းစြန္းဝူက်ိသည္ ယဲ့ဖန္အား ထိတ္လန႔္အံ့ဩေနေသာ မ်က္ႏွာထားျဖင့္ ေငးၾကည့္ေနမိသည္။
“အာ၊ ဒီေကာင္ေလးက နတ္ဘုရားအဆင့္ ႏွစ္ေယာက္နဲ႔ ထိပ္တန္း အရည္အေသြးရွိတဲ့ ေမွာ္ဝင္ပစၥည္းေတြနဲ႔ ရင္ဆိုင္ေနရတာေတာင္မွ မေၾကာက္ပါလား”
“သူ႔ … သူ႔မွာ ဝွက္ဖဲတစ္ခုခု ရွိေနတာမ်ားလား”
ကုန္းစြန္းဝူက်ိ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနသည္။
*ဒ႑ာရီလာအဆင့္တစ္ေယာက္က တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္နဲ႔ တိုက္ခိုက္ႏိုင္တာနဲ႔တင္ အံ့ဩဖို႔ေကာင္းေနၿပီ။ သူက သူ႔ခြန္အားအကုန္ မသုံးရေသးတာလား*
*ဒါ … မျဖစ္ႏိုင္ဘူးေလ*
သို႔ေသာ္ ေနာက္ထပ္ ျဖစ္ပ်က္လာသည္မ်ားက ကုန္းစြန္းကလန္အား လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားေစခဲ့သည္။
“ေနာက္ဆုံးေတာ့ ခင္ဗ်ားတို႔ရဲ႕ ေမွာ္ဝင္ပစၥည္းကို ထုတ္သုံးလာၿပီပဲ”
ယဲ့ဖန္က တင္းမာ၍ ေသြးဆာေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“အဲ့လိုဆိုရင္ေတာင္မွ ခင္ဗ်ားတို႔ ေသမွာပဲ”
ဝုန္း!
ရဲတင္းလြန္းလွသည္။ အထက္စီးဆန္လွ၏။
အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ယဲ့ဖန္က ႀကဳံးဝါးလာသည္။
“ေသလိုက္ေတာ့”
ရွဲရွဲ…
ထို႔ေနာက္ ဧရာမ ဓားနက္ႀကီးက ေျမႀကီးထဲသို႔ ထိုးစိုက္ဝင္သြားၿပီးေနာက္ တစ္စစီ ၿပိဳကြဲသြားကာ ပ်ံသန္းေနေသာ ပု႐ြက္ဆိတ္မ်ားအျဖစ္ ေျပာင္းလဲသြားသည္ကို သူတို႔ ျမင္လိုက္ရသည္။
ထို႔ေနာက္ ပု႐ြက္ဆိတ္မ်ားက စစ္မာခ်န္ဖုန္းထံသို႔ ေျပးဝင္သြားၾကသည္။
“ပု႐ြက္ဆိတ္ေတြလား”
စစ္မာခ်န္ဖုန္း တစ္ခဏမွ် မွင္တက္သြားၾကသည္။ ထို႔ေနာက္ သူက အထင္ေသးသလို မ်က္ႏွာထားႏွင့္ ၾကည့္လာသည္။
ထို႔ေနာက္ သူက သူ၏ ဓားေမာ့အား ပု႐ြက္ဆိတ္မ်ားထံသို႔ အားႏွင့္ ေဝွ႔ယမ္းလိုက္သည္။
ဟြမ္ဖူ႐ႊမ္က စစ္မာခ်န္ဖုန္းအား ယုံၾကည္ပုံရၿပီး သူ၏ ဓားရွည္ႏွင့္ ယဲ့ဖန္အား အ႐ူးအမူး ပိုင္းခုတ္လာသည္။
“ေသေပေတာ့”
ဟြမ္ဖူ႐ႊမ္၏ ဓားရွည္က ယဲ့ဖန္၏ လည္ပင္းထံသို႔ ေႁမြတစ္ေကာင္သဖြယ္ တိုးဝင္လာသည္။ သို႔ေသာ္ ယဲ့ဖန္က ရပ္ၿမဲအတိုင္း ရပ္ေနသည္။
သူ႔မ်က္လုံးထဲတြင္ ဟြမ္ဖူ႐ႊမ္သည္ ေသၿပီးသားလူတစ္ေယာက္သာ ျဖစ္သည္။
*အမ္*
ဟြမ္ဖူ႐ႊမ္ တစ္ဒဂၤမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူ စူးစူးဝါးဝါး ေအာ္သံတစ္သံကို ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ သူသည္ တိုက္ခိုက္တာကို ရပ္၍ ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။
သို႔ေသာ္ ျမင္ေတြ႕လိုက္ရသည့္အရာက သူ႔အား လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားေစခဲ့သည္။
ကြၽိ! ကြၽိ!
ဟြမ္ဖူ႐ႊမ္ႏွင့္ အျခားေသာသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္တြင္ စစ္မာခ်န္ဖုန္းအား ပ်ံသန္းေနေသာ ပု႐ြက္ဆိတ္မ်ားက ဖုံးအုပ္သြားသည္။
ထို႔ေနာက္ စူးရွလွသည့္ ေအာ္သံမ်ားက ေလထဲ ပဲ့တင္ထပ္သြားသည္။
စစ္မာခ်န္ဖုန္း၏ ေမွာ္ဝင္ပစၥည္းျဖစ္သည့္ ဓားေမာ့သည္ လ်င္ျမန္စြာ ဝါးမ်ိဳခံလိုက္ရသည္။ ထို႔အတူ သူ၏ ခႏၶာကိုယ္သည္လည္း ဆြဲၿဖဲခံလိုက္ရၿပီး ေသြးမ်ား စုပ္ယူျခင္း ခံလိုက္ရ၏။
သူ႔ခႏၶာကိုယ္၌ ေသြးသံတရဲရဲႏွင့္ အေပါက္ရာမ်ားျဖင့္ ျပည့္ႏွက္လာသည္။
ဤျမင္ကြင္းေၾကာင့္ ဟြမ္ဖူ႐ႊမ္ႏွင့္ အျခားသူမ်ားအားလုံး ထိတ္လန႔္သြားၾကသည္။
*ပု႐ြက္ဆိတ္ေတြက တကယ့္ နတ္ဘုရားအဆင့္တစ္ေယာက္နဲ႔ သူ႔ရဲ႕ ေမွာ္ဝင္ပစၥည္းကို စားပစ္ႏိုင္တာလား*
*ဒါ … မျဖစ္ႏိုင္ဘူး*
အျခားသူမ်ားအားလုံး မယုံသကၤာ ျဖစ္သြားၾကသည္။
“မလုပ္နဲ႔”
သို႔ေသာ္ မ်က္ျဖဴဆိုက္စရာ ကိစၥကား မၿပီးေသးေပ။ စစ္မာခ်န္ဖုန္းက ဆက္တိုက္သလို ငယ္သံပါေအာင္ ေအာ္ဟစ္ေနရသည္။
သူ၏ ေျခေထာက္မ်ား အစားခံလိုက္ရသည္။ သူ၏ ဝမ္းဗိုက္ေအာက္ပိုင္း ဖ်က္ဆီးခံလိုက္ရသည္။
သူ႔လက္မ်ား ဝါးစားခံလိုက္ရသည္
ေနာက္ဆုံးတြင္ သူ႔ဦးေခါင္းအား ပု႐ြက္ဆိတ္မ်ားက ဖုံးလႊမ္းလာသည္။
တစ္စကၠန႔္မွ်ၾကာေသာ္ နတ္ဘုရားအဆင့္ တစ္ေယာက္၏ အျမဳေတက ေျမႀကီးေပၚ ျပဳတ္က်လာသည္။
ဆယ့္စကၠန႔္အတြင္းမွာပင္ တကယ့္ နတ္ဘုရားအဆင့္ တစ္ေယာက္သည္ ပု႐ြက္ဆိတ္မ်ား၏ ဝါးစားျခင္းကို ခံလိုက္ရေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now