Chapter 212

1.5K 181 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (15) Chapter (212) ဆရာသခင်တစ်ပိုင်းအဆင့် နှင့် ဒဏ္ဍာရီတစ်ပိုင်းအဆင့်

* ဒုတိယ လက်ဖဝါးချက်နဲ့အတူ ငါ မင်းပခုံးကို ဖြတ်လိုက်ပြီ*

ယဲ့ဖန်၏ ခက်ထန်သော အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး တဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

စင်အောက်မှ ဟွာရှ သိုင်းပညာရှင်များအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ဤမျှ သွေးထွက်သံယို များသော မြင်ကွင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

လူတစ်ယောက်က တစ်စုံတစ်ယောက်၏ ဓားရှည်၊ လက်မောင်း၊ လက်သီးနှင့် ပခုံးတို့အား သွေးများ ပန်းထွက်လာအောင် ရိုက်နှက်လိုက်နိုင်သည်တဲ့လား။

သူ၏ ပြိုင်ဘက်က ဆရာသခင်အဆင့် ဖြစ်နေတာတောင်မှလေ။

မဖြစ်နိုင်လိုက်တာ။

ကြည့်ရှုနေသူများ၏ အကြည့်များတွင် ဧရာမ သားရဲရိုင်းကြီးအား ကြည့်နေရသကဲ့သို့ အလွန် ထိတ်လန့် တုန်လှုပ်နေဟန်များ ပြည့်နှက်နေသည်။

သို့သော် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ယဲ့ဖန်၏ ခက်ထန်သော စကားလုံးများကို ထပ်ကြားလိုက်ရပြန်သည်။

"တတိယ လက်ဖဝါးချက်နဲ့အတူ ငါ မင်းခေါင်းကို ဖြတ်ပစ်မယ်"

လေတိုးသံနှင့်အတူ ယဲ့ဖန်က သူ၏ လက်ဖဝါးနှင့် နောက်ထပ် တိုက်ကွက် တစ်ကွက် ထုတ်ဖော်၍ ဖျောင်ကျိုးယိုထံသို့ ပြေးဝင်သွားသည်။
"မဖြစ်ဘူး"
ဖျောင်ကျိုးယိုကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ဖျောင်ကျိုးယို သေမတတ် ကြောက်လန့်နေ၏။

အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သည်လောက် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးမျိုး သူ အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ဟွာရှ သိုင်းပညာရှင်များအား သူ စိန်ခေါ်ခဲ့စဉ်အခါက ယဲ့ဖန်လို လူမျိုးကြောင့် သူ ထိခိုက်ရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပါ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now