Chapter 283

1.2K 151 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (283) ဝိညာဉ်စားခေါင်းခွံ
ထိုအချိန်တွင် လမ်းကြားလေးထဲမှ မိုးကောင်းကင်သည် အရောင်ပြောင်းလဲလာသည်။ လေနှင့် တိမ်တိုက်တို့သည်လမ်း တစ္ဆေ နတ်ဘုရား ရောက်ရှိလာခါနီးသကဲ့သို့ တစ်ဟုန်ထိုး တိုက်ခတ် ရွေ့လျားနေ၏။
လမ်းကြားလေးထဲမှ လူတိုင်းသည် သူတို့၏ လှုပ်ရှားမှုများအား ရပ်တန့်ကာ ကောင်းကင်ထက်မှ မည်းနက်နေသော တိမ်တိုက်များကို ထိတ်လန့်တကြား မော့ကြည့်မိကြသည်။
ထူးဆန်းသော အင်အားတစ်ခုက ချဉ်းကပ်လာသည်ကို လူတိုင်းနီးပါး အာရုံခံမိသည်။ လွှမ်းမိုး ချုပ်ခြယ်နိုင်သော ချီဓာတ်ကြောင့် လမ်းကြားလေးတစ်ခုလုံး ကြောက်စိတ်များဖြင့် ပြည့်လျှံသွားသည်။
"သောက်ကျိုးနည်း … အဲ့ဒါ ဘာကြီးလဲ"
ယဲ့ဖန်၏ နောက်လိုက်များ ကြက်သီးတဖြန်းဖြန်းထလာပြီး သူတို့တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီဟု သတိပြုလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ကျန် မဟူရာကြက်ခြေခတ် အဖွဲ့သားများက ပျော်ရွှင်အံ့ဩသွားကြသည်။ ဒုန်းခနဲ အသံနှင့်အတူ သူတို့အားလုံးသည် လေးဘက်ထောက် ဝပ်တွား၍ ကောင်းကင်ကို အလွန် ရူးမတတ်ဖြစ်နေသော မျက်နှာများဖြင့် မော့ကြည့်ကာ နှုတ်ဆက်လာကြသည်။
"တစ္ဆေ နတ်ဘုရားကို ဂါဝရပြုပါတယ်"
*ချီးပဲ*
သူတို့စကားကြောင့် ယဲ့ဖန်ဘေးမှ လူများအားလုံး အလွန် ထိတ်လန့်ကြောက်ရွံကာ တုန်ယင်လာကြသည်။
မဟူရာ ဧကရာဇ်သည် အလွန် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလာသည်။
"ဟားဟား … ငါ့အရှင်သခင် တစ္ဆေ နတ်ဘုရား ရောက်လာပြီကွ … မင်းတို့အားလုံး သေရတော့မယ်"
သူ့နှလုံးသားအား လက်နှစ်ဘက်ဖြင့် ကိုင်ထားရင်း မဟူရာ ဧကရာဇ်က ဟားတိုက်ရယ်မောလာသည်။ သူ့ကို ကြည့်နေရင်း မြေအောက်သခင် ထခုန်မိကာ သူ့မျက်နှာ၌ အလွန် ထိတ်လန့်ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းလာသည်။
"သူ အနောက်ဘက်က တားမြစ်တားတဲ့ အရာကို ပြောချင်တာလား"
မြေအောက်သခင် တစ်စုံတစ်ခုကို လျင်မြန်စွာ သတိထားမိပြီး အလွန် စိတ်ဓာတ်ကျသွားဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"မဟူရာ ကြက်ခြေခတ်အဖွဲ့က ဒီလောက် လျင်မြန်တဲ့ အရှိန်နဲ့ တိုးတက်လာတာ အံ့ဩစရာ မရှိတော့ဘူးပဲ … မင်းရဲ့ တိုက်ပွဲဝင် ခွန်အားက အရမ်း ရက်စက်လွန်းတာကို ငါ မအံ့ဩတော့ဘူး … လက်စသတ်တော့ မင်းက မင်းနောက်ကွယ်မှာ အနောက်တိုင်း တစ္ဆေ နတ်ဘုရား ရှိနေတာပဲ"

မြေအောက်သခင်၏ စကားကြောင့် ဝံပုလွေ နတ်ဘုရားတောင်ကြားမှ အဖွဲ့သားများ၏ မျက်နှာများက အလွန် ထိတ်လန့်သွားဟန် ပြလာသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဝံပုလွေ နတ်ဘုရားတောင်ကြားသည် အတုမရှိ ဖြစ်ခဲ့သည်။ ဝံပုလွေတ်ဘုရားသည် အလွန် လွှမ်းမိုး ချုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ ကြမ်းကြုတ် ရက်စက်ခြင်းကြောင့် ကျော်ကြားခဲ့သည်။
သို့သော် ဝံပုလွေ နတ်ဘုရား တောင်ကြားသည် သူ၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်နေချိန်တွင် လူမဆန်သော သိုင်းပညာရှင်တစ်ယောက် ဆင်းသက်လာသည်။
ထိုအကျိုးဆက်ကြောင့် ဝံပုလွေ နတ်ဘုရားသည် တစ်ရက်တည်းနှင့် အသတ်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ဝံပုလွေ နတ်ဘုရား တောင်ကြားသည် ယိုယွင်းပျက်စီးလာတော့သည်။
ထိုလူမဆန်သော သိုင်းပညာရှင်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရားပင် ဖြစ်သည်။
*အဲ့ကြောက်စရာကောင်းတဲ့ လူသားက တစ်ကမ္ဘာလုံးက လျှို့ဝှက် ထိပ်တန်း သိုင်းပညာရှင်တွေ သတ်ခဲ့တာကို ခံခဲ့ရတာ မဟုတ်ဘူးလား*
*မဖြစ်နိုင်ဘူး … သူ အသက်ရှင်နေသေးတာပါလား*
ဝံပုလွေ နတ်ဘုရား တောင်ကြားမှ လူများသာမက အမှောင်ဂိုဏ်းမှ လူများပါ အလွန် ထိတ်လန့်သွားကြသည်။
အနောက်တိုင်း တစ္ဆေ နတ်ဘုရား၏ ဒဏ္ဍာရီလာ အဖြစ်အပျက်များကို သူတို့ ကြားဖူးပါသည်။ ထိုလူမဆန်သော သိုင်းပညာရှင်က အနောက်တိုင်း၌ သွေးမိုး ရွာစေခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
သူ ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို၌ အနောက်တိုင်းရှိ ဂိုဏ်းတိုင်း၏ အဖွဲ့သားများအားလုံး အရိုးများအဖြစ်သို့ ပျက်စီး‌ ပြောင်းလဲသွားကြသည်။
သူသည် သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို စားသုံးပြီး ထိုသူများ၏ အရိုးကို ကိုက်ဖြတ်ခဲ့သည်။ သူသည် သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်များကို ဆွဲထုတ်၍ သူတို့အား မိစ္ဆာ ဝိညာဉ်များအဖြစ် သန့်စင်ခဲ့သည်။
အနောက်တိုင်းတွင် သူသည် နာမည်ဆိုးဖြင့် ကျော်စောလေ၏။ သူသည် တစ်ချိန်တစ်ခါက သူ၏ ရက်စက်မှုကြောင့် ထိပ်တန်း လျှို့ဝှက် သိုင်းပညာရှင်အချို့အား ဒေါသထွက်စေခဲ့ပြီး အနောက်ဘက် ဝိညာဉ် ငရဲမှ ကြောက်မက်ဖွယ်ကောင်းသော လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။
သို့သော် မည်သူမျှ ထင်မှတ်မထားမိလောက်အောင်ပင် ထိုထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်က အသတ်ခံခဲ့ရမည့်အစား မဟူရာ ကြက်ခြေခတ်အဖွဲ့အား တိတ်တဆိတ် ကြိုးကိုင်နေခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ သွေးမိုးရွာစေခဲ့သည်။
မြေအောက်သခင်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများအားလုံး မျက်နှာပြာနှမ်းလာကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်နှင့် ရင်ဆိုင်နေရသဖြင့် သူတို့ ခုခံရန် သတ္တိမရှိကြပါ။

သူတို့ ထိတ်လန့်ကာ တောင့်တင်းနေကြစဉ်တွင် အနက်ရောင် တိမ်တိုက်များက ကောင်းကင်တွင် စုစည်းလာပြီး လူပုံသဏ္ဌာန် ဖြစ်ပေါ်လာကာ မြေကြီးပေါ်သို့ ဆင်းလာသည်။
ဒုန်း!
မြေကြီးပေါ်သို့ ဆင်းလာသည်နှင့် မီတာ ထောင့်ငါးရာအတွင်းရှိ နံရံများနှင့် အိမ်များအားလုံး စက္ကန့်ပိုင်းအတွင်း ပြိုလဲကျကုန်သည်။
မြေကြီးတစ်ခုလုံး၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများစွာဖြင့် ပြည့်နှက်သွားသည်။ မည်မျှ အံ့ဩဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ထိုသူကို မြင်သည်နှင့် မဟူရာ ဧကရာဇ်နှင့် သူ့ဘက်မှ လူများအားလုံး ချက်ချင်း ဒူးထောက်လိုက်ကြသဖြင့် ဒုန်းခနဲ အသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မဟူရာ ဧကရာဇ်က သူ့နှလုံးသားအား လက်နှစ်ဘက်ဖြင့် ကိုင်၍ ပျော်ရွှင်စွာ နှုတ်ဆက်လာသည်။
"တစ္ဆေ နတ်ဘုရား ကိုယ်ပွားကို ဂါဝရပြုပါတယ်"
သူ့စကားသံအဆုံးတွင် အခြားသူများသည် ထိုအရာက လူစင်စစ် နီးပါး အနက်ရောင် အရိပ်တစ်ခု ဖြစ်သည်ကို သိလိုက်ရသည်။
သူ့မျက်နှာက မှုန်ဝါးနေသည်။ ထိုပုံသဏ္ဌာန်အား တစ္ဆေချီဓာတ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
"ငါ့ကို ဘယ်သူ ဆင့်ခေါ်တာလဲ"
ထိုအသံသည် အက်တက်တက်နှင့် အရိုးကွဲမတတ် အေးစက်လှသည်။ မဟူရာ ဧကရာဇ်တောင်မှ ကြောက်စိတ်ကြောင့် တုန်ယင်သွားပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
"အရှင် တစ္ဆေ နတ်ဘုရားခင်ဗျား … တစ္ဆေကျေးကျွန် မဟူရာ ဧကရာဇ်က အရှင့်ကို ကျွန်တော့်အသက်နဲ့ ရင်းပြီး ဆင့်ခေါ်လိုက်တာပါ"
ထိုသို့ပြောပြီး မဟူရာ ဧကရာဇ်က ယဲ့ဖန်နှင့် ယဲ့ဖန်ဘေးမှ အခြားများကို တစ်ချက်ကြည့်လိုက်ပြီး အလွန် မနှစ်မြို့ဖွယ်ကောင်းသော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်တော် နတ်ဆိုးလူသား နှစ်ယောက်နဲ့ တွေ့ခဲ့လိုပါ .. အရှင် တစ္ဆေနတ်ဘုရား … ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပြီး သူတို့ကို သတ်ပေးပါ"
*နတ်ဆိုးလူသား*
ထိုစကားကြောင့် အနက်ရောင် အရိပ်က တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် အလွန် ကြမ်းကြုတ်သော ချီဓာတ်က လမ်းကြားလေးထဲ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တစ်ဘက်လှည့်ကာ ယဲ့ဖန်အား မှုန်ဝါးနေသော မျက်နှာထားဖြင့် ယဲ့ဖန်၏ ဝိညာဉ်အား နုတ်ယူလိုသကဲ့သို့ စိုက်ကြည့်လာသည်။
ဤအဖြစ်အပျက်ကြောင့် ဘေးပတ်ဝန်းကျင်မှ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ တစ္ဆေ နတ်ဘုရားက လူတိုင်း၏ ဝိညာဉ်အား နုတ်ယူတော့မည်ဟု ခံစားနေကြရသည်။
ဘေးမှ ကြည့်နေသူများ အပြင်းအထန် တုန်လှုပ်လာကာ အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် ယဲ့ဖန်အား သတိပေးလိုက်သည်။
"သခင်ကြီး သတိထားပါ"
အမှောင်ဂိုဏ်းချုပ်၊ ဒုစရိုက် ဧကရာဇ်နှင့် ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်တို့ မှင်တက်နေကြသည်။ သူတို့အားလုံး ဒဏ္ဍာရီလာအဆင့်များ ဖြစ်သော်လည်း သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်၍ မရနိုင်တော့သလို ခံစားနေကြရသည်။
အမှောင်သခင် ပြန်လည်ဝင်စားထားသော သူတစ်ယောက်သာ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး လုံးဝ မကြောက်ရွံ့သကဲ့သို့ အနည်းငယ် အထင်သေးသော အပြုံးမျိုး ပြုံးနေသည်။
ထိုအချိန်တွင် ယဲ့ဖန်က မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်သည်။ သတိမထားမိလိုက်သည့် အခိုက်မှာပင် သူတို့၏ စိတ်ဝိညာဉ်များ ပျောက်ကွယ်သွားမည့် ခံစားချက်က ချက်ချင်း ပျောက်ပျက်သွားသည်။
ယဲ့ဖန်က တစ္ဆေ နတ်ဘုရား၏ ကိုယ်ပွားအား စိုက်ကြည့်ကာ အလွန် အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နိမ့်ကျတဲ့ တစ္ဆေလူသားတစ်ယောက်ရဲ့ ကိုယ်ပွားက ကိုယ့်ကိုယ်ကိုယ် တစ္ဆေ နတ်ဘုရားလို့ ခေါ်ရဲတာလား … မင်းတော့ သေချင်နေတာပဲ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် တစ္ဆေ နတ်ဘုရား ကိုယ်ပွားသည် တုန်ယင်သွားပြီးနောက ခက်ထန်စွာ ဟစ်အော်လိုက်သည်။
"ပုရွက်ဆိတ်လိုကောင် … မင်းက ငါ့ကို စော်ကားနေတာပဲ … မင်း သေချင်နေပြီလား"
ထိုသူ အလွန် ဒေါသထွက်လို့သွားသည်။ သို့သော် ထိုအဖြစ်ကြောင့် မဟူရာ ဧကရာဇ်နှင့် သူ့လူများ သေချာပေါက် တက်ကြွလာကြသည်။
*သူတော့ သွားပြီပဲ*
သည်ခွေးမသားလေး မုချ သေရတော့မည်ကို သူတို့ သိလိုက်သည်။ တစ္ဆေ နတ်ဘုရား ကိုယ်ပွားအား ရန်စမိပြီးနောက် သူသည် အသေဆိုးနှင့် သေချာပေါက် သေကို သေရတော့မည်ပင်။
"သေခြင်းတရားလား"
သူ့စကားကြောင့် ယဲ့ဖန်က ကြောက်လန့်ဖွယ်ကောင်းသော ရယ်သံတစ်ခုဖြင့် ပြန်ပြောလာသည်။
"နှစ်ထောင်ချီနေတဲ့ ကမ္ဘာခြား တစ္ဆေလူသားတစ်ယောက်ရဲ့ ပါးစပ်က ဒီလို စကားမျိုး ထွက်လာမယ်လို့ ငါ ထင်မထားခဲ့မိဘူး … အမှန်အတိုင်းပြောရရင် မင်းက ချက်ကောင်းကို ထိမိတာပဲ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် တစ္ဆေ နတ်ဘုရား ကိုယ်ပွား တဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ ဒေါသတကြီး ကြုံးဝါးပြန်သည်။
"ကောင်းပါ့ … ကောင်းပါ့ကွာ … ဘယ်လိုတောင် မောက်မာတဲ့ ပုရွက်ဆိတ်လေးလဲ … မင်း ဒီနေ့ ဒီမှာ သေကိုသေရမယ်ကွ"
ထိုသို့ပြောပြီး တစ္ဆေနတ်ဘုရားက သူ၏ အနက်ရောင် ကိုယ်ခန္ဓာကို လှုပ်ခါလိုက်သည်။ ထို့နောက်တွင် တစ္ဆေချီမျှင်စုများက လေဟုန်ကို ခွင်း၍ ယဲ့ဖန်ထံသို့ တိုးဝင်သွားသည်။
ဥက္ကာပျံတစ်ခု ကျဆင်းလာသလိုပင်။ မြင်ကွင်းကား အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဒဏ္ဍာရီလာအဆင့်များတောင်မှ ထိုတိုက်ကွက်နှင့် ရင်ဆိုင်ရလျင် သေသွားလောက်သည်။
ဤမြင်ကွင်းကို မဟူရာ ဧကရာဇ်နှင့် သူ့လူများ အလွန် တက်ကြွလာသည်။
"တစ္ဆေ နတ်ဘုရားရဲ့ အလင်းတန်း … ဟဟ … အဲ့ငနာလေးတော့ သေချာပေါက် သေမှာပဲကွ"
ဆိုက်ဘေးရီးယား ဝံပုလွေ နတ်ဘုရားသည် တစ္ဆေ နတ်ဘုရား၏ အလင်းတန်းနှင့် ရိုက်ခတ်မိပြီးနောက် သူ၏ စိတ်ဝိညာဉ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်ကို မဟူရာ ဧကရာဇ် သိရှိထားသည်။
တစ္ဆေ နတ်ဘုရား၏ အလင်းတန်းကို အထူးသဖြင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သုတ်သင်ရာ၌ အသုံးပြုသည်။
ထိုအရာနှင့် ရိုက်ခတ်မိသည့် မည်သူမဆို စိတ်ဝိညာဉ်ကိုပါ ဆုံးရှုံးရပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်ပေ။
မဟူရာ ဧကရာဇ်နှင့် သူ့လူများသည် ယဲ့ဖန်၏ ဆိုးရွားသော သေခြင်းအား မြင်ပြီးသကဲ့သို့ ပြုမူနေကြသည်။
"သခင်ကြီး … မြန်မြန် … ရှောင်လိုက်ပါ"
ကျိုချင်းချန်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများ အလွန် ကြောက်လန့်ကာ ရှေ့သို့ အလျင်မြန် ပြေးတက်၍ တစ္ဆေနတ်ဘုရား၏ အလင်းတန်းအား ယဲ့ဖန်ထံသို့ မရောက်ခင် တားဆီးရန် ကြံစည်လိုက်ကြသည်။
သို့သော် အလွန် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းက တိုက်ခိုက်မှုထက် အရင် ဖြစ်ပေါ်လာသည်။
ယဲဖန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တစ္ဆေချီဓာတ်များ ပါဝင်သော အနက်ရောင် အလင်းတန်းများအား ကြောက်လန့်ရမည့်အား ပျော်ရွှင်စွာ ကြည့်နေသည်။
သူ ကြည့်နေပုံက ဆာလောင်နေသော ဝံပုလွေက သူ၏ အရသာရှိသော အစားအသောက်ကို ကြည့်နေသလိုပင်။
"သူတို့အားလုံးကို ဝါးမျိုလိုက်"
သူ့စကားအဆုံးတွင် နတ်ဆိုးချီမျှင်တန်းများ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ ဦးခေါင်းထက်၌ အနက်ရောင် ဦးခွံတစ်ခု ဖြစ်တည်လားသည်။
ထိုဦးခွံက သူ၏ ကြီးမားသော ပါးစပ်အား ဟလိုက်စဉ်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စုပ်ယူအားကို ထုတ်လွှတ်လာသည်။ ထို့နောက် အနက်ရောင် အလင်းတန်းများသည် ဦးခွံ၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ကျွိ! ကျွိ!
ဝါးစားသံများနှင့်အတူ နတ်ဆိုးချီ ဦးခွံသည် အနက်ရောင် အလင်းတန်းများအား ကိုက်ဝါးနေလေသည်။
မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
ဘေးဘက်မှ ကြည့်နေရင်း လမ်းကြားလေးထဲမှ သူများအားလုံး အလွန်ထိတ်လန့်သွားကြသည်။
"ဝိညာဉ်စား ဦးခွံ … နှစ်တစ်သောင်းကြာပြီးတဲ့နောက်မှာ သခင်ကြီးက ဝိညာဉ်စား ဦးခွံကို ထပ်အသုံးပြုတာကို ငါ နောက်ဆုံးတော့ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရပြီ"
လွန်ခဲ့သည့် နှစ်တစ်သောင်းလောက်က နတ်ဆိုးဧကရာဇ်သည် ဤတိုက်ကွက်ကိုသုံး၍ ကမ္ဘာခြား တစ္ဆေ ဧကရာဇ်အား အနိုင်ယူခဲ့သည်။ စကြဝဠာအနှံ့ ဝရုန်းသုန်းကား ပြေးလွှား သောင်းကျန်းကာ သက်ရှိများကို ရှင်းလင်း သုတ်သင်ခဲ့သော ထိုထိပ်တန်း တစ္ဆေအိုကြီးသည် တစ်စစီ ကိုက်ဖြတ် ဝါးမျိုခြင်းကို ခံခဲ့ရသည်။
ယခုအခါတွင် ဝိညာဉ်စား ဦးခွံ ပြန်လည်ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ဝိညာဉ်စား ဦးခွံသည် ကျေနပ်သေးပုံမရပေ။ ထိုဦးခွံက သွေးစွန်းနေသော ပါးစပ်ကို ခပ်ကျယ်ကျယ် ဟထားသည်။
လေတိုးသံနှင့်အတူ လွှမ်းမိုး ချုပ်ကိုင်နိုင်သော စုပ်ယူအားက တစ္ဆေကိုယ်ပွားအား ချက်ချင်း ဝါးမျိုသွားလေတော့သည်။
တစ်ခဏအကြာတွင် ဦးခွံ၏ ပါးစပ်မှ အသံမြည်အောင် ဝါးစားနေသံများ ထွက်ပေါ်လာ၏။
ကျွိ! ကျွိ!
#ZAWGYI
စာစဥ္ (19) CHAPTER (283) ဝိညာဥ္စားေခါင္းခြံ
ထိုအခ်ိန္တြင္ လမ္းၾကားေလးထဲမွ မိုးေကာင္းကင္သည္ အေရာင္ေျပာင္းလဲလာသည္။ ေလႏွင့္ တိမ္တိုက္တို႔သည္လမ္း တေစၦ နတ္ဘုရား ေရာက္ရွိလာခါနီးသကဲ့သို႔ တစ္ဟုန္ထိုး တိုက္ခတ္ ေ႐ြ႕လ်ားေန၏။
လမ္းၾကားေလးထဲမွ လူတိုင္းသည္ သူတို႔၏ လႈပ္ရွားမႈမ်ားအား ရပ္တန႔္ကာ ေကာင္းကင္ထက္မွ မည္းနက္ေနေသာ တိမ္တိုက္မ်ားကို ထိတ္လန႔္တၾကား ေမာ့ၾကည့္မိၾကသည္။
ထူးဆန္းေသာ အင္အားတစ္ခုက ခ်ဥ္းကပ္လာသည္ကို လူတိုင္းနီးပါး အာ႐ုံခံမိသည္။ လႊမ္းမိုး ခ်ဳပ္ျခယ္ႏိုင္ေသာ ခ်ီဓာတ္ေၾကာင့္ လမ္းၾကားေလးတစ္ခုလုံး ေၾကာက္စိတ္မ်ားျဖင့္ ျပည့္လွ်ံသြားသည္။
"ေသာက္က်ိဳးနည္း … အဲ့ဒါ ဘာႀကီးလဲ"
ယဲ့ဖန္၏ ေနာက္လိုက္မ်ား ၾကက္သီးတျဖန္းျဖန္းထလာၿပီး သူတို႔ေတာ့ ဒုကၡအႀကီးအက်ယ္ ေရာက္ၿပီဟု သတိျပဳလိုက္မိသည္။
တစ္ခ်ိန္တည္းမွာပင္ က်န္ မဟူရာၾကက္ေျခခတ္ အဖြဲ႕သားမ်ားက ေပ်ာ္႐ႊင္အံ့ဩသြားၾကသည္။ ဒုန္းခနဲ အသံႏွင့္အတူ သူတို႔အားလုံးသည္ ေလးဘက္ေထာက္ ဝပ္တြား၍ ေကာင္းကင္ကို အလြန္ ႐ူးမတတ္ျဖစ္ေနေသာ မ်က္ႏွာမ်ားျဖင့္ ေမာ့ၾကည့္ကာ ႏႈတ္ဆက္လာၾကသည္။
"တေစၦ နတ္ဘုရားကို ဂါဝရျပဳပါတယ္"
*ခ်ီးပဲ*
သူတို႔စကားေၾကာင့္ ယဲ့ဖန္ေဘးမွ လူမ်ားအားလုံး အလြန္ ထိတ္လန႔္ေၾကာက္႐ြံကာ တုန္ယင္လာၾကသည္။
မဟူရာ ဧကရာဇ္သည္ အလြန္ က်ယ္ေလာင္စြာ ေအာ္ဟစ္ေျပာဆိုလာသည္။
"ဟားဟား … ငါ့အရွင္သခင္ တေစၦ နတ္ဘုရား ေရာက္လာၿပီကြ … မင္းတို႔အားလုံး ေသရေတာ့မယ္"
သူ႔ႏွလုံးသားအား လက္ႏွစ္ဘက္ျဖင့္ ကိုင္ထားရင္း မဟူရာ ဧကရာဇ္က ဟားတိုက္ရယ္ေမာလာသည္။ သူ႔ကို ၾကည့္ေနရင္း ေျမေအာက္သခင္ ထခုန္မိကာ သူ႔မ်က္ႏွာ၌ အလြန္ ထိတ္လန႔္ေၾကာက္႐ြံ႕ဟန္မ်ား ဖုံးလႊမ္းလာသည္။
"သူ အေနာက္ဘက္က တားျမစ္တားတဲ့ အရာကို ေျပာခ်င္တာလား"
ေျမေအာက္သခင္ တစ္စုံတစ္ခုကို လ်င္ျမန္စြာ သတိထားမိၿပီး အလြန္ စိတ္ဓာတ္က်သြားဟန္ျဖင့္ ေရ႐ြတ္လိုက္မိသည္။
"မဟူရာ ၾကက္ေျခခတ္အဖြဲ႕က ဒီေလာက္ လ်င္ျမန္တဲ့ အရွိန္နဲ႔ တိုးတက္လာတာ အံ့ဩစရာ မရွိေတာ့ဘူးပဲ … မင္းရဲ႕ တိုက္ပြဲဝင္ ခြန္အားက အရမ္း ရက္စက္လြန္းတာကို ငါ မအံ့ဩေတာ့ဘူး … လက္စသတ္ေတာ့ မင္းက မင္းေနာက္ကြယ္မွာ အေနာက္တိုင္း တေစၦ နတ္ဘုရား ရွိေနတာပဲ"

ေျမေအာက္သခင္၏ စကားေၾကာင့္ ဝံပုေလြ နတ္ဘုရားေတာင္ၾကားမွ အဖြဲ႕သားမ်ား၏ မ်က္ႏွာမ်ားက အလြန္ ထိတ္လန႔္သြားဟန္ ျပလာသည္။
လြန္ခဲ့သည့္ ႏွစ္ရာေပါင္းမ်ားစြာက ဝံပုေလြ နတ္ဘုရားေတာင္ၾကားသည္ အတုမရွိ ျဖစ္ခဲ့သည္။ ဝံပုေလြ နတ္ဘုရားသည္ အလြန္ လႊမ္းမိုး ခ်ဳပ္ကိုင္ႏိုင္ခဲ့ၿပီး သူ၏ ၾကမ္းၾကဳတ္ ရက္စက္ျခင္းေၾကာင့္ ေက်ာ္ၾကားခဲ့သည္။
သို႔ေသာ္ ဝံပုေလြ နတ္ဘုရား ေတာင္ၾကားသည္ သူ၏ ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ေနခ်ိန္တြင္ လူမဆန္ေသာ သိုင္းပညာရွင္တစ္ေယာက္ ဆင္းသက္လာသည္။
ထိုအက်ိဳးဆက္ေၾကာင့္ ဝံပုေလြ နတ္ဘုရားသည္ တစ္ရက္တည္းႏွင့္ အသတ္ခံလိုက္ရသည္။ ထိုအခ်ိန္မွစ၍ ဝံပုေလြ နတ္ဘုရား ေတာင္ၾကားသည္ ယိုယြင္းပ်က္စီးလာေတာ့သည္။
ထိုလူမဆန္ေသာ သိုင္းပညာရွင္သည္ အေနာက္တိုင္း တေစၦနတ္ဘုရားပင္ ျဖစ္သည္။
*အဲ့ေၾကာက္စရာေကာင္းတဲ့ လူသားက တစ္ကမာၻလုံးက လွ်ိဳ႕ဝွက္ ထိပ္တန္း သိုင္းပညာရွင္ေတြ သတ္ခဲ့တာကို ခံခဲ့ရတာ မဟုတ္ဘူးလား*
*မျဖစ္ႏိုင္ဘူး … သူ အသက္ရွင္ေနေသးတာပါလား*
ဝံပုေလြ နတ္ဘုရား ေတာင္ၾကားမွ လူမ်ားသာမက အေမွာင္ဂိုဏ္းမွ လူမ်ားပါ အလြန္ ထိတ္လန႔္သြားၾကသည္။
အေနာက္တိုင္း တေစၦ နတ္ဘုရား၏ ဒ႑ာရီလာ အျဖစ္အပ်က္မ်ားကို သူတို႔ ၾကားဖူးပါသည္။ ထိုလူမဆန္ေသာ သိုင္းပညာရွင္က အေနာက္တိုင္း၌ ေသြးမိုး ႐ြာေစခဲ့သည္ဟု ေျပာစမွတ္ျပဳၾကသည္။
သူ ျဖတ္သန္းသြားသည့္ ဘယ္ေနရာမဆို၌ အေနာက္တိုင္းရွိ ဂိုဏ္းတိုင္း၏ အဖြဲ႕သားမ်ားအားလုံး အ႐ိုးမ်ားအျဖစ္သို႔ ပ်က္စီး ေျပာင္းလဲသြားၾကသည္။
သူသည္ သိုင္းပညာရွင္မ်ား၏ စိတ္ဝိညာဥ္ကို စားသုံးၿပီး ထိုသူမ်ား၏ အ႐ိုးကို ကိုက္ျဖတ္ခဲ့သည္။ သူသည္ သိုင္းပညာရွင္မ်ား၏ စိတ္ဝိညာဥ္မ်ားကို ဆြဲထုတ္၍ သူတို႔အား မိစာၦ ဝိညာဥ္မ်ားအျဖစ္ သန႔္စင္ခဲ့သည္။
အေနာက္တိုင္းတြင္ သူသည္ နာမည္ဆိုးျဖင့္ ေက်ာ္ေစာေလ၏။ သူသည္ တစ္ခ်ိန္တစ္ခါက သူ၏ ရက္စက္မႈေၾကာင့္ ထိပ္တန္း လွ်ိဳ႕ဝွက္ သိုင္းပညာရွင္အခ်ိဳ႕အား ေဒါသထြက္ေစခဲ့ၿပီး အေနာက္ဘက္ ဝိညာဥ္ ငရဲမွ ေၾကာက္မက္ဖြယ္ေကာင္းေသာ လူမ်ား၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္ဟု ေျပာဆိုခဲ့ၾကသည္။
သို႔ေသာ္ မည္သူမွ် ထင္မွတ္မထားမိေလာက္ေအာင္ပင္ ထိုထိတ္လန႔္ဖြယ္ေကာင္းေသာ ပုဂၢိဳလ္က အသတ္ခံခဲ့ရမည့္အစား မဟူရာ ၾကက္ေျခခတ္အဖြဲ႕အား တိတ္တဆိတ္ ႀကိဳးကိုင္ေနခဲ့ၿပီး ကမာၻတစ္ဝန္း၌ ေသြးမိုး႐ြာေစခဲ့သည္။
ေျမေအာက္သခင္ႏွင့္ ယဲ့ဖန္ဘက္မွ အျခားသူမ်ားအားလုံး မ်က္ႏွာျပာႏွမ္းလာၾကသည္။ ေၾကာက္မက္ဖြယ္ေကာင္းေသာ သိုင္းပညာရွင္ႏွင့္ ရင္ဆိုင္ေနရသျဖင့္ သူတို႔ ခုခံရန္ သတၱိမရွိၾကပါ။

သူတို႔ ထိတ္လန႔္ကာ ေတာင့္တင္းေနၾကစဥ္တြင္ အနက္ေရာင္ တိမ္တိုက္မ်ားက ေကာင္းကင္တြင္ စုစည္းလာၿပီး လူပုံသဏၭာန္ ျဖစ္ေပၚလာကာ ေျမႀကီးေပၚသို႔ ဆင္းလာသည္။
ဒုန္း!
ေျမႀကီးေပၚသို႔ ဆင္းလာသည္ႏွင့္ မီတာ ေထာင့္ငါးရာအတြင္းရွိ နံရံမ်ားႏွင့္ အိမ္မ်ားအားလုံး စကၠန႔္ပိုင္းအတြင္း ၿပိဳလဲက်ကုန္သည္။
ေျမႀကီးတစ္ခုလုံး၌ ပင့္ကူမွ်င္ကဲ့သို႔ အက္ရာမ်ားစြာျဖင့္ ျပည့္ႏွက္သြားသည္။ မည္မွ် အံ့ဩဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါလိမ့္။
ထိုသူကို ျမင္သည္ႏွင့္ မဟူရာ ဧကရာဇ္ႏွင့္ သူ႔ဘက္မွ လူမ်ားအားလုံး ခ်က္ခ်င္း ဒူးေထာက္လိုက္ၾကသျဖင့္ ဒုန္းခနဲ အသံမ်ား ထြက္ေပၚလာသည္။
တစ္ခ်ိန္တည္းမွာပင္ မဟူရာ ဧကရာဇ္က သူ႔ႏွလုံးသားအား လက္ႏွစ္ဘက္ျဖင့္ ကိုင္၍ ေပ်ာ္႐ႊင္စြာ ႏႈတ္ဆက္လာသည္။
"တေစၦ နတ္ဘုရား ကိုယ္ပြားကို ဂါဝရျပဳပါတယ္"
သူ႔စကားသံအဆုံးတြင္ အျခားသူမ်ားသည္ ထိုအရာက လူစင္စစ္ နီးပါး အနက္ေရာင္ အရိပ္တစ္ခု ျဖစ္သည္ကို သိလိုက္ရသည္။
သူ႔မ်က္ႏွာက မႈန္ဝါးေနသည္။ ထိုပုံသဏၭာန္အား တေစၦခ်ီဓာတ္မ်ားျဖင့္ ဖန္တီးထားျခင္း ျဖစ္သည္။
"ငါ့ကို ဘယ္သူ ဆင့္ေခၚတာလဲ"
ထိုအသံသည္ အက္တက္တက္ႏွင့္ အ႐ိုးကြဲမတတ္ ေအးစက္လွသည္။ မဟူရာ ဧကရာဇ္ေတာင္မွ ေၾကာက္စိတ္ေၾကာင့္ တုန္ယင္သြားၿပီး ကပ်ာကယာ ျပန္ေျဖလိုက္သည္။
"အရွင္ တေစၦ နတ္ဘုရားခင္ဗ်ား … တေစၦေက်းကြၽန္ မဟူရာ ဧကရာဇ္က အရွင့္ကို ကြၽန္ေတာ့္အသက္နဲ႔ ရင္းၿပီး ဆင့္ေခၚလိုက္တာပါ"
ထိုသို႔ေျပာၿပီး မဟူရာ ဧကရာဇ္က ယဲ့ဖန္ႏွင့္ ယဲ့ဖန္ေဘးမွ အျခားမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး အလြန္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၾကည့္မ်ားျဖင့္ ဆက္ေျပာလိုက္သည္။
"ကြၽန္ေတာ္ နတ္ဆိုးလူသား ႏွစ္ေယာက္နဲ႔ ေတြ႕ခဲ့လိုပါ .. အရွင္ တေစၦနတ္ဘုရား … ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ကူညီၿပီး သူတို႔ကို သတ္ေပးပါ"
*နတ္ဆိုးလူသား*
ထိုစကားေၾကာင့္ အနက္ေရာင္ အရိပ္က တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ အလြန္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္က လမ္းၾကားေလးထဲ တစ္ဟုန္ထိုး ထြက္ေပၚလာသည္။ ထို႔ေနာက္ သူသည္ တစ္ဘက္လွည့္ကာ ယဲ့ဖန္အား မႈန္ဝါးေနေသာ မ်က္ႏွာထားျဖင့္ ယဲ့ဖန္၏ ဝိညာဥ္အား ႏုတ္ယူလိုသကဲ့သို႔ စိုက္ၾကည့္လာသည္။
ဤအျဖစ္အပ်က္ေၾကာင့္ ေဘးပတ္ဝန္းက်င္မွ လူတိုင္း အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ တေစၦ နတ္ဘုရားက လူတိုင္း၏ ဝိညာဥ္အား ႏုတ္ယူေတာ့မည္ဟု ခံစားေနၾကရသည္။
ေဘးမွ ၾကည့္ေနသူမ်ား အျပင္းအထန္ တုန္လႈပ္လာကာ အလြန္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာထားျဖင့္ ယဲ့ဖန္အား သတိေပးလိုက္သည္။
"သခင္ႀကီး သတိထားပါ"
အေမွာင္ဂိုဏ္းခ်ဳပ္၊ ဒုစ႐ိုက္ ဧကရာဇ္ႏွင့္ ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္တို႔ မွင္တက္ေနၾကသည္။ သူတို႔အားလုံး ဒ႑ာရီလာအဆင့္မ်ား ျဖစ္ေသာ္လည္း သူတို႔သည္ သူတို႔၏ စိတ္ဝိညာဥ္မ်ားကို ထိန္းခ်ဳပ္၍ မရႏိုင္ေတာ့သလို ခံစားေနၾကရသည္။
အေမွာင္သခင္ ျပန္လည္ဝင္စားထားေသာ သူတစ္ေယာက္သာ တည္ၿငိမ္ၿမဲ တည္ၿငိမ္ေနၿပီး လုံးဝ မေၾကာက္႐ြံ႕သကဲ့သို႔ အနည္းငယ္ အထင္ေသးေသာ အၿပဳံးမ်ိဳး ၿပဳံးေနသည္။
ထိုအခ်ိန္တြင္ ယဲ့ဖန္က ေျမႀကီးကို ဖေနာင့္ႏွင့္ ေပါက္လိုက္သည္။ သတိမထားမိလိုက္သည့္ အခိုက္မွာပင္ သူတို႔၏ စိတ္ဝိညာဥ္မ်ား ေပ်ာက္ကြယ္သြားမည့္ ခံစားခ်က္က ခ်က္ခ်င္း ေပ်ာက္ပ်က္သြားသည္။
ယဲ့ဖန္က တေစၦ နတ္ဘုရား၏ ကိုယ္ပြားအား စိုက္ၾကည့္ကာ အလြန္ အထင္ေသးေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"နိမ့္က်တဲ့ တေစၦလူသားတစ္ေယာက္ရဲ႕ ကိုယ္ပြားက ကိုယ့္ကိုယ္ကိုယ္ တေစၦ နတ္ဘုရားလို႔ ေခၚရဲတာလား … မင္းေတာ့ ေသခ်င္ေနတာပဲ"
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ တေစၦ နတ္ဘုရား ကိုယ္ပြားသည္ တုန္ယင္သြားၿပီးေနာက ခက္ထန္စြာ ဟစ္ေအာ္လိုက္သည္။
"ပု႐ြက္ဆိတ္လိုေကာင္ … မင္းက ငါ့ကို ေစာ္ကားေနတာပဲ … မင္း ေသခ်င္ေနၿပီလား"
ထိုသူ အလြန္ ေဒါသထြက္လို႔သြားသည္။ သို႔ေသာ္ ထိုအျဖစ္ေၾကာင့္ မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ား ေသခ်ာေပါက္ တက္ႂကြလာၾကသည္။
*သူေတာ့ သြားၿပီပဲ*
သည္ေခြးမသားေလး မုခ် ေသရေတာ့မည္ကို သူတို႔ သိလိုက္သည္။ တေစၦ နတ္ဘုရား ကိုယ္ပြားအား ရန္စမိၿပီးေနာက္ သူသည္ အေသဆိုးႏွင့္ ေသခ်ာေပါက္ ေသကို ေသရေတာ့မည္ပင္။
"ေသျခင္းတရားလား"
သူ႔စကားေၾကာင့္ ယဲ့ဖန္က ေၾကာက္လန႔္ဖြယ္ေကာင္းေသာ ရယ္သံတစ္ခုျဖင့္ ျပန္ေျပာလာသည္။
"ႏွစ္ေထာင္ခ်ီေနတဲ့ ကမာၻျခား တေစၦလူသားတစ္ေယာက္ရဲ႕ ပါးစပ္က ဒီလို စကားမ်ိဳး ထြက္လာမယ္လို႔ ငါ ထင္မထားခဲ့မိဘူး … အမွန္အတိုင္းေျပာရရင္ မင္းက ခ်က္ေကာင္းကို ထိမိတာပဲ"
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ တေစၦ နတ္ဘုရား ကိုယ္ပြား တဒဂၤမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူ ေဒါသတႀကီး ႀကဳံးဝါးျပန္သည္။
"ေကာင္းပါ့ … ေကာင္းပါ့ကြာ … ဘယ္လိုေတာင္ ေမာက္မာတဲ့ ပု႐ြက္ဆိတ္ေလးလဲ … မင္း ဒီေန႔ ဒီမွာ ေသကိုေသရမယ္ကြ"
ထိုသို႔ေျပာၿပီး တေစၦနတ္ဘုရားက သူ၏ အနက္ေရာင္ ကိုယ္ခႏၶာကို လႈပ္ခါလိုက္သည္။ ထို႔ေနာက္တြင္ တေစၦခ်ီမွ်င္စုမ်ားက ေလဟုန္ကို ခြင္း၍ ယဲ့ဖန္ထံသို႔ တိုးဝင္သြားသည္။
ဥကၠာပ်ံတစ္ခု က်ဆင္းလာသလိုပင္။ ျမင္ကြင္းကား အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွ၏။ ဒ႑ာရီလာအဆင့္မ်ားေတာင္မွ ထိုတိုက္ကြက္ႏွင့္ ရင္ဆိုင္ရလ်င္ ေသသြားေလာက္သည္။
ဤျမင္ကြင္းကို မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ား အလြန္ တက္ႂကြလာသည္။
"တေစၦ နတ္ဘုရားရဲ႕ အလင္းတန္း … ဟဟ … အဲ့ငနာေလးေတာ့ ေသခ်ာေပါက္ ေသမွာပဲကြ"
ဆိုက္ေဘးရီးယား ဝံပုေလြ နတ္ဘုရားသည္ တေစၦ နတ္ဘုရား၏ အလင္းတန္းႏွင့္ ႐ိုက္ခတ္မိၿပီးေနာက္ သူ၏ စိတ္ဝိညာဥ္ႏွင့္အတူ ေပ်ာက္ကြယ္သြားခဲ့သည္ကို မဟူရာ ဧကရာဇ္ သိရွိထားသည္။
တေစၦ နတ္ဘုရား၏ အလင္းတန္းကို အထူးသျဖင့္ လူတစ္ေယာက္၏ စိတ္ဝိညာဥ္ကို သုတ္သင္ရာ၌ အသုံးျပဳသည္။
ထိုအရာႏွင့္ ႐ိုက္ခတ္မိသည့္ မည္သူမဆို စိတ္ဝိညာဥ္ကိုပါ ဆုံးရႈံးရၿပီး ဘယ္ေသာအခါမွ ျပန္လည္ဝင္စားႏိုင္မည္ မဟုတ္ေပ။
မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ားသည္ ယဲ့ဖန္၏ ဆိုး႐ြားေသာ ေသျခင္းအား ျမင္ၿပီးသကဲ့သို႔ ျပဳမူေနၾကသည္။
"သခင္ႀကီး … ျမန္ျမန္ … ေရွာင္လိုက္ပါ"
က်ိဳခ်င္းခ်န္ႏွင့္ ယဲ့ဖန္ဘက္မွ အျခားသူမ်ား အလြန္ ေၾကာက္လန႔္ကာ ေရွ႕သို႔ အလ်င္ျမန္ ေျပးတက္၍ တေစၦနတ္ဘုရား၏ အလင္းတန္းအား ယဲ့ဖန္ထံသို႔ မေရာက္ခင္ တားဆီးရန္ ႀကံစည္လိုက္ၾကသည္။
သို႔ေသာ္ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းေသာ ျမင္ကြင္းက တိုက္ခိုက္မႈထက္ အရင္ ျဖစ္ေပၚလာသည္။
ယဲဖန္သည္ အလြန္အမင္း စိတ္လႈပ္ရွားေနၿပီး တေစၦခ်ီဓာတ္မ်ား ပါဝင္ေသာ အနက္ေရာင္ အလင္းတန္းမ်ားအား ေၾကာက္လန႔္ရမည့္အား ေပ်ာ္႐ႊင္စြာ ၾကည့္ေနသည္။
သူ ၾကည့္ေနပုံက ဆာေလာင္ေနေသာ ဝံပုေလြက သူ၏ အရသာရွိေသာ အစားအေသာက္ကို ၾကည့္ေနသလိုပင္။
"သူတို႔အားလုံးကို ဝါးမ်ိဳလိုက္"
သူ႔စကားအဆုံးတြင္ နတ္ဆိုးခ်ီမွ်င္တန္းမ်ား ထြက္ေပၚလာၿပီး ယဲ့ဖန္၏ ဦးေခါင္းထက္၌ အနက္ေရာင္ ဦးခြံတစ္ခု ျဖစ္တည္လားသည္။
ထိုဦးခြံက သူ၏ ႀကီးမားေသာ ပါးစပ္အား ဟလိုက္စဥ္တြင္ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ေသာ စုပ္ယူအားကို ထုတ္လႊတ္လာသည္။ ထို႔ေနာက္ အနက္ေရာင္ အလင္းတန္းမ်ားသည္ ဦးခြံ၏ ပါးစပ္ထဲသို႔ စုပ္ယူျခင္း ခံလိုက္ရသည္။
ကြၽိ! ကြၽိ!
ဝါးစားသံမ်ားႏွင့္အတူ နတ္ဆိုးခ်ီ ဦးခြံသည္ အနက္ေရာင္ အလင္းတန္းမ်ားအား ကိုက္ဝါးေနေလသည္။
မည္မွ် ထိတ္လန႔္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါလိမ့္။
ေဘးဘက္မွ ၾကည့္ေနရင္း လမ္းၾကားေလးထဲမွ သူမ်ားအားလုံး အလြန္ထိတ္လန႔္သြားၾကသည္။
"ဝိညာဥ္စား ဦးခြံ … ႏွစ္တစ္ေသာင္းၾကာၿပီးတဲ့ေနာက္မွာ သခင္ႀကီးက ဝိညာဥ္စား ဦးခြံကို ထပ္အသုံးျပဳတာကို ငါ ေနာက္ဆုံးေတာ့ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခြင့္ရၿပီ"
လြန္ခဲ့သည့္ ႏွစ္တစ္ေသာင္းေလာက္က နတ္ဆိုးဧကရာဇ္သည္ ဤတိုက္ကြက္ကိုသုံး၍ ကမာၻျခား တေစၦ ဧကရာဇ္အား အႏိုင္ယူခဲ့သည္။ စၾကဝဠာအႏွံ႔ ဝ႐ုန္းသုန္းကား ေျပးလႊား ေသာင္းက်န္းကာ သက္ရွိမ်ားကို ရွင္းလင္း သုတ္သင္ခဲ့ေသာ ထိုထိပ္တန္း တေစၦအိုႀကီးသည္ တစ္စစီ ကိုက္ျဖတ္ ဝါးမ်ိဳျခင္းကို ခံခဲ့ရသည္။
ယခုအခါတြင္ ဝိညာဥ္စား ဦးခြံ ျပန္လည္ေပၚထြက္လာခဲ့ၿပီျဖစ္သည္။ ထို႔ျပင္ ဝိညာဥ္စား ဦးခြံသည္ ေက်နပ္ေသးပုံမရေပ။ ထိုဦးခြံက ေသြးစြန္းေနေသာ ပါးစပ္ကို ခပ္က်ယ္က်ယ္ ဟထားသည္။
ေလတိုးသံႏွင့္အတူ လႊမ္းမိုး ခ်ဳပ္ကိုင္ႏိုင္ေသာ စုပ္ယူအားက တေစၦကိုယ္ပြားအား ခ်က္ခ်င္း ဝါးမ်ိဳသြားေလေတာ့သည္။
တစ္ခဏအၾကာတြင္ ဦးခြံ၏ ပါးစပ္မွ အသံျမည္ေအာင္ ဝါးစားေနသံမ်ား ထြက္ေပၚလာ၏။
ကြၽိ! ကြၽိ!

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now