Chapter 369

985 109 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (369) နတ်ဆိုးတွေ ဘယ်မလဲ

*ဓား ပြန်လာခဲ့စမ်း*
ထိုရိုးစင်းသော စကားနှစ်လုံးက နတ်ဆိုးနဂါး၏ နားထဲတွင် မိုးခြိမ်းသံနှင့် ဆင်တူလှသဖြင့် သူ ကြောက်လန့်ကာ တုန်ယင်သွားသည်။
ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါးသည် အနက်ရောင်ချီမျှင်စု အဖြစ် ပြောင်းလဲကာ ဓားကျိုးထဲသို့ ကြောက်စိတ်မွှန်နေသော ယုန်တစ်ကောင်သဖွယ် ပြန်ဝင်သွားသည်။
ထို့နောက် ဓားကျိုးသည် ကျန်းရှီမြို့သို့ ပြန်၍ ပျံသန်းသွား၏။
အံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ခေလန်နှင့် အခြား ကမ္ဘာခြား မုဆိုးများအားလုံး ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကောင်းကင်လက်နက်များသည် ထိပ်တန်းပစ္စည်းတစ်ခု ဖြစ်သည်။
ဂရေးကလန်မှ ထိပ်သီးပုဂ္ဂိုလ်များတောင်မှ သူတို့၏ ကောင်းကင်လက်နက်များကို နေ့တိုင်း သန့်ရှင်းစင်ကြယ်စေပြီး အလွန် တန်ဖိုးထားကြသည်။
သူတို့သည် ကောင်းကင်လက်နက်များအား သေခြင်းရှင်ခြင်း တိုက်ပွဲများတွင်သာ အသုံးပြုကြသည်။
ကောင်းကင်လက်နက်က ခွေးပေါက်လေးသဖွယ် အမိန့်နာခံတတ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားကြပေ။
*သောက်ကျိုးနည်း*
ခေလန်နှင့် အခြားကမ္ဘာခြား မုဆိုးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထိုစဉ် အနက်ရောင်ချီမျှင်စုများက ကမ္ဘာခြား စစ်သင်္ဘောထံသို့ မြွေတစ်ကောင်သဖွယ် ကူးခတ်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ထို့နောက် ထိုချီမျှင်စုများမှနေ၍ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ရှင်းလင်းပြတ်သားသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးများ ရှိသော လူငယ်တစ်ယောက် ဖြစ်ပေါ်လာသည်။
ထို့ပြင် သူသည် အလွန် နတ်ဆိုးဆန်ပုံရ၏။
ဆံပင်များက လေထဲတွင် မျောလွင့်နေပြီး သူ့အား ငရဲမှ ထွက်ပေါ်လာဟန် ပေါ်နေစေသည်။
“ယဲ့ဖန်”
ထိုလူငယ်လေးကို မြင်သည်နှင့် ကောင်းကင်အလင်းသခင်၏ ဒေါသများက ပေါက်ထွက်လုမတတ် ဖြစ်လာသည်။
ယဲ့ဖန်က သူ့ကို ပထမဆုံးအကြိမ် ရှုံးနိမ့်အောင် လုပ်ခဲ့သည့် သူ ဖြစ်ပြီး ထိုသို့လုပ်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူလည်း ဖြစ်သည်ကို သူ အမြဲတမ်း မှတ်မိနေသည်။
ထို့ကြောင့် ကောင်းကင်အလင်းသခင်၏ မျက်လုံး၌ အလွန်တရာ ကြမ်းကြုတ်ရက်စက်ဟန်များ ပေါ်လွင်လာသည်။
ထို့နောက် သူက တစ်ဘက်လှည့်ကာ ခေလန်ကို ပြောလိုက်သည်။
“အရှင် အဲ့ကောင်ပါပဲ။ သူ့ကို သတ်လိုက်ပါ။ ကျုပ် သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ချင်တာ”
သူ့စကားများကြောင့် ခေလန်က အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို စိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူ အံ့အားသင့်သွားရသည်။
“နတ်ဘုရား တပည့်အဆင့်လား”
ခေလန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။
နတ်ဘုရား တပည့်အဆင့်သည် ကမ္ဘာမြေပေါ်ရှိ လူသားများကြားတွင် အစစ်အမှန် နတ်ဘုရားအဆင့်နှင့် ညီမျှသည်။
ဘယ်လိုလုပ် နတ်ဘုရား တပည့်အဆင့် တစ်ယောက်က ကောင်းကင်လက်နက်ကို ပိုင်ဆိုင်ထား နိုင်ရသနည်း။
အံ့ဩစရာကောင်းလှသည်။
ထို့အပြင် ခေလန်သည် ယဲ့ဖန်နှင့် ပတ်သတ်၍ သူ့အာ တစ်နေရာရာမှာ မြင်ခဲ့ဖူးသကဲ့သို့ ရင်းနှီးသည့် ခံစားချက်မျိုး ရနေသည်။
သို့သော် ဘယ်မှာ ဆုံခဲ့ဖူးသလဲဆိုတာကို သူ စဉ်းစားလို့မရပေ။
“ငါ သူ့ကို အထင်ကြီးမိသွားတာ ဖြစ်မယ်။ သူက ဒီအတိုင်း ကမ္ဘာဂြိုဟ်ပေါ်က ရှေးလူမျိုး တစ်ယောက်ပဲကို”
ထို့နောက် ခေလန်က ခေါင်းကိုခါရင်း ထိုအတွေးကို မေ့ဖျောက်ထားလိုက်သည်။ ခဏအကြာတွင် သူက ယဲ့ဖန်အား အလွန် လောဘတက်နေသော အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဟေ့ကောင် မင်း ဘယ်လောက်တောင် ပြဿနာရှာလိုက်မိပြီဆိုတာ မင်း သိလား”
*ဟမ်*
သူ့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ မခိုးမခန့်မျက်နှာပေးနှင့် ပြန်ပြောလိုက်သည်။
“ဘာပြဿနာလဲ”
“ဟမ့်၊ မင်း ငါ့လက်အောက်ငယ်သား ခြောက်ယောက်ကို ကောင်းကင်လက်နက်နဲ့ သတ်ခဲ့တယ်လေ။ အဲ့ဒါကြောင့် မင်း နုတ်နုတ်စင်းခံရဖို့ ထိုက်တန်တယ် ပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်ကိုလည်း ဖျက်ဆီးသင့်တယ်”
ခေလန်က ပြောနေရင်းနှင့် ဓားကျိုးကို လှမ်းကြည့်ကာ နှုတ်ခမ်းကို သပ်၍ အလိုလောဘ ကြီးသော အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ငါက သိပ်ကို သက်ညှာတတ်တယ်လေ၊ မင်း ငါ့ကို အဲ့ဒီ ကောင်းကင်လက်နက်နဲ့ အဲ့ရတာကို လက်လွှဲပေးမယ်ဆိုရင် မင်း အသက်ရှင်နိုင်မယ်”
“ငါ ကြီးမြတ်တဲ့ ဂရေးကလန်မှာတောင် မင်းကို ထောက်ခံချက် ပေးနိုင်သေးတယ်”
*ဘာ*
ခေလန်၏ စကားကြောင့် ကောင်းကင်အလင်းသခင် ထိတ်လန့်သွားသည်။ ထို့နောက် သူ မေးလိုက်မိသည်။
“အရှင် ခင်ဗျား …”
“ပါးစပ်ပိတ်ထား”
ခေလန်က ကောင်းကင်အလင်းသခင်အား ခက်ထန်စွာ ကြည့်၍ အော်လိုက်သဖြင့် ကောင်းကင်အလင်းသခင်သည် သူ ပြောချင်သည့် စကားများကို မျိုသိပ်ထားလိုက်ရသည်။
ထို့ကြောင့် ကောင်းကင်အလင်းသခင်၏ မျက်လုံး၌ ဒေါသနှင့် မလိုလားဟန်များဖြင့် ပြည့်နှက်လာသည်။
ယဲ့ဖန်က သည်လောက် ကံကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။ သူ ကမ္ဘာခြား မုဆိုးများကို သတ်ခဲ့တာတောင်မှ သူ အသက်ရှင်ဖို့ အခွင့်အရေး ရနေသေးသည်။
ခေလန်က သူ့ကို ဂရေးကလန်မှာတောင် ထောက်ခံချက် ပေးချင်နေသည်။
ယခုအချိန်တွင် ကောင်းကင်အလင်းသခင်သည် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်နေပြီး ယဲ့ဖန်အား ဝန်တိုမုန်းတီးစွာ ကြည့်နေမိသည်။
အားလုံးနီးပါးက ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ စစ်သင်္ဘောထဲမှ သူတောင်းစားအိုကြီးနှင့် အခြားသူများတောင်မှ ခေါင်းတခါခါနှင့် ယဲ့ဖန်၏ ရွေးချယ်နိုင်ခွင့်အတွက် သက်ပြင်းချနေကြသည်။
အသေခံမလား ရှင်မလားဆိုတာက အဓိက ဆိုလိုရင်း မေးခွန်းဖြစ်သည်။
ယဲ့ဖန်က သူ ပိုင်ဆိုင်ထားသည့် ကောင်းကင်လက်နက်နှင့် ရတနာကို ပေးအပ်လိုက်သ‌ရွေ့ သူသည် ကြီးမားသော ကမ္ဘာခြား ကလန်တစ်ခု၌ ထောက်ခံပေးမှု ရရှိမည် ဖြစ်သည်။ ဒါက တကယ့်ကို ကောင်းမွန်လှသည့် မက်လုံးပင်။
အမှန်အတိုင်း ဝန်ခံရမည်ဆိုလျင် အခြားလူသား တော်တော်များများက ထိုမက်လုံးအောက်၌ ကျရှုံးမည်သာ ဖြစ်သည်။
*ငါ အသက်ဆက်ရှင်နိုင်မယ်တဲ့လား*
ခေလန်၏ စကားကြောင့် ယဲ့ဖန်က ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြုံးလာသည်။
“စိတ်မကောင်းပါဘူး။ မင်းက ကမ္ဘာပေါ်ကို ခြေချပြီး ကျန်းရှီမြို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ပြီးမှတော့ မင်း သေကိုသေရမယ်”
*ဘာ*
ကမ္ဘာတစ်ဝန်းလုံးမှ လူတိုင်း ကိုယ့်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်များကို မယုံနိုင်သလို ဖြစ်နေသည်။
*ယဲ့ဖန်က အခွင့်အရေးကို ငြင်းလိုက်တယ်*
*ပြီးတော့ သူက ခေလန်ကို အရမ်း မောက်မာတဲ့ပုံစံနဲ့ ခြိမ်းခြောက်လိုက်သေးတယ်*
*သူ … ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ*
စစ်သင်္ဘောထဲမှ အခြား လူသားများအားလုံး ယဲ့ဖန်အား အလွန် စိတ်ရှုပ်ထွေး၍ လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။
ခေလန်ကို တစ်ကိုယ်တည်း ခြိမ်းခြောက်ရဲသည့် သူ၏ သတ္တိက အခြားလူသားများ၏ စိတ်အား လွှမ်းမိုးသွားနိုင်ခဲ့လေသည်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ကောင်းကင်အလင်းသခင်က ဝမ်းသာအားရ အော်ဟစ်နေသည်။
“အရူး၊ ဟားဟားဟား … ဒီအရူးက တကယ့် မက်လောက်စရာကို ငြင်းလိုက်တာပဲ”
ကောင်းကင်အလင်းသခင် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေ၏။
ခေလန်၏ မျက်နှာက အလွန် သုန်မှုန်လာသည်ကို သတိပြုမိပြီး သူက မခိုးမခန့် မျက်နှာပေးနှင့် သွေးထိုးလေတော့သည်။
“အရှင် ခင်ဗျား ကြားလိုက်တယ်မလား။ ဒီအရူးက အရမ်း မောက်မာတာပဲ။ သူက ခင်ဗျားကိုရော ကြီးမြတ်တဲ့ ဂရေးကလန်ကိုပါ လုံးဝ မလေးစားဘူးပဲ”
“သူ့ကို သတ်လိုက်ပါ။ သူ ပြောခဲ့တဲ့ စကားတွေအတွက် သူရဲ့ အော်ဟစ်သံတွေနဲ့အတူ အပြစ်ပေးဆပ်ခိုင်းလိုက်ပါ”
ခေလန်နှင့် ကျန်ရှိနေသော အခြား ကမ္ဘာခြားမုဆိုးများ အလွန် မျက်နှာ မည်းမှောင်လာကြသည်။
“ကောင်းပြီလေ၊ တုံးအလိုက်တဲ့ မလောက်လေးမလောက်စား လူသားမျိုးနွယ်လေး”
ခေလန် အလွန် ဒေါသထွက်နေသည်။ ထို့နောက် သူက အလွန် ခက်ထန်သော အကြည့်များဖြင့် ပြောလိုက်သည်။
“ငါ မင်းကို အသက်ရှင်ခွင့် အခွင့်အရေးပေးခဲ့ပင်မယ့် မင်းက လက်မခံဘူးပဲ။ အခု မင်း သေရမယ်”
ထိုသို့ပြောပြီး သူက လက်ကိုမြှောက်၍ အမိန့်ပေးလိုက်သည်။
“သူ့ကို သတ်လိုက်”
ချက်ချင်းဆိုသလိုပင် ကျန်ရှိနေသော ကမ္ဘာခြား မုဆိုး ဆယ့်လေးယောက်က ယဲ့ဖန်ထံသို့ ပြေးဝင်သွားကြသည်။
သို့သော် ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က လှောင်ရယ်လာသည်။
“နတ်ဘုရား ဆရာသခင်အဆင့်ကို လက်အောက်ငယ်သားအဖြစ် ထားနိုင်တာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား”
“ငါ့မှာလည်း နတ်ဘုရား ဆရာသခင်အဆင့် လက်အောက်ငယ်သားတွေ ရှိပါတယ်ကွ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က လက်ကို ဝင့်၍ အော်ဟစ်လာသည်။
“နတ်ဆိုးတွေ ဘယ်မလဲ”
ဒုန်း! ဒုန်း! ဒုန်း!
ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
အနက်ရောင် ဝတ်စုံနှင့် လူများစွာက ကျန်းရှီမြို့မှနေ၍ စစ်သင်္ဘောထံသို့ လျှပ်စီးသဖွယ် ရောက်ရှိလာကြသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်နောက်၌ ထိတ်လန့်ဖွယ်ကောင်းသော လူရှစ်ယောက် ပေါ်လာသည်။
ကောင်းကင် နတ်ဘုရားအဆင့်များ။
သူတို့အားလုံးသည် ကောင်းကင် နတ်ဘုရားအဆင့်များ ဖြစ်ကြသည်။
အခြားသူများအားလုံး နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။
*ဒါ မဖြစ်နိုင်ဘူးလေ*
ယခင်က ကမ္ဘာပေါ်၌ ကောင်းကင် နတ်ဘုရားအဆင့် လေးယောက်သာ ရှိသည်ဟု သိထားကြသည်။
သို့သော် သေးငယ်သော ကျန်းရှီမြို့လေး၌ ကောင်းကင်နတ်ဘုရားအဆင့် ရှစ်ယောက်တောင်မှ ရှိနေသည်။
မယုံနိုင်စရာ ကောင်းလှသည်။
ခေလန်တောင်မှ မှင်တက်သွားခဲ့သည်။ ထို့အပြင် ထိုကောင်းကင်နတ်ဘုရားအဆင့် ရှစ်ယောက်သည် ရောက်လာသည်နှင့် ချက်ချင်း ယဲ့ဖန်ထံသို့ ဒူးတစ်ဘက်ထောက်ကာ ပြန်ဖြေလာသည်။
“ကျွန်တော်တို့ ရောက်ပါပြီ”
ထိတ်လန့်ဖွယ်ကောင်းလိုက်လေခြင်း။
အခြားသူများအားလုံး အလွန် ထိတ်လန့်သွားကြသည်။ သူတောင်းစားအိုကြီးနှင့် အခြား ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်များတောင်မှ အံ့အားသင့်သွားကြသည်။
“မိုရို သွေးစွန်းတစ္ဆေ၊ သံလက် ဝံပုလွေရိုင်း၊ အမှောင်ဂိုဏ်းချုပ်၊ ထို့ပါကလန်က ခေါင်းဆောင်ငယ်လေး၊ ထို့ပါဟိုင်၊ ထို့ပါ မဟာအကြီးအကဲ၊ မိစ္ဆာဝိညာဉ်ရိုင်းနဲ့ အရှင်ဝူ … အံ့ဩဖို့ကောင်းလိုက်တာ”
လင်းဒီလော့ဖ် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။ သူ ထိုလူစုကို မှတ်မိပါသည်။
သူတို့သည် လွန်ခဲ့သည့် နှစ်ဝက်တုန်းက ရှေးဟောင်းကလန် နှစ်ခုကို သုတ်သင်ခဲ့သည့် ယဲ့ဖန်၏ နတ်ဆိုး လက်အောက်ငယ်သားများပင်။
ထိုစဉ်အခါက ရှေ့မှခြောက်ယောက်သည် အစစ်အမှန် နတ်ဘုရားအဆင့်များသာ ဖြစ်သည်။ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အရှင်ဝူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်များသာ ဖြစ်နေကြသေးသည်။
မထင်မှတ်ထားဘဲ နှစ်ဝက်အတောအတွင်းကလေးနှင့် သူတို့အားလုံး ကောင်းကင်နတ်ဘုရားအဆင့်သို့ အဆင့်တက်သွားခဲ့ကြသည်။
ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ရန် အလွန် ခဲယဉ်းလှသည်။
ထိပ်သီးအကြီးအကဲများ အဖွဲ့အစည်း၏ ကျန်ရှိသော အကြီးအကဲ ဆယ်ယောက်တွင် လင်းဒီလော့ဖ် တစ်ယောက်တည်းသာ ကောင်းကင် နတ်ဘုရားအဆင့်သို့ အဆင့်တက်နိုင်ခဲ့၏။
သို့သော် ယခုအခါတွင်မူ …
တောက်! တောက်!
ကမ္ဘာခြား မုဆိုးများ၊ လင်းဒီလော့ဖ်နှင့် စစ်သင်္ဘောထဲမှ အခြားသူများအားလုံး ချွေးဒီးဒီးကျလာကြသည်။
လင်းဒီလော့ဖ်သည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။
#Zawgyi
စာစဥ္ (25) CHAPTER (369) နတ္ဆိုးေတြ ဘယ္မလဲ
*ဓား ျပန္လာခဲ့စမ္း*
ထို႐ိုးစင္းေသာ စကားႏွစ္လုံးက နတ္ဆိုးနဂါး၏ နားထဲတြင္ မိုးၿခိမ္းသံႏွင့္ ဆင္တူလွသျဖင့္ သူ ေၾကာက္လန႔္ကာ တုန္ယင္သြားသည္။
ခ်က္ခ်င္းဆိုသလိုပင္ နတ္ဆိုးနဂါးသည္ အနက္ေရာင္ခ်ီမွ်င္စု အျဖစ္ ေျပာင္းလဲကာ ဓားက်ိဳးထဲသို႔ ေၾကာက္စိတ္မႊန္ေနေသာ ယုန္တစ္ေကာင္သဖြယ္ ျပန္ဝင္သြားသည္။
ထို႔ေနာက္ ဓားက်ိဳးသည္ က်န္းရွီၿမိဳ႕သို႔ ျပန္၍ ပ်ံသန္းသြား၏။
အံ့ဩဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ေခလန္ႏွင့္ အျခား ကမာၻျခား မုဆိုးမ်ားအားလုံး ထိတ္လန႔္ကာ ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။
ေကာင္းကင္လက္နက္မ်ားသည္ ထိပ္တန္းပစၥည္းတစ္ခု ျဖစ္သည္။
ဂေရးကလန္မွ ထိပ္သီးပုဂၢိဳလ္မ်ားေတာင္မွ သူတို႔၏ ေကာင္းကင္လက္နက္မ်ားကို ေန႔တိုင္း သန႔္ရွင္းစင္ၾကယ္ေစၿပီး အလြန္ တန္ဖိုးထားၾကသည္။
သူတို႔သည္ ေကာင္းကင္လက္နက္မ်ားအား ေသျခင္းရွင္ျခင္း တိုက္ပြဲမ်ားတြင္သာ အသုံးျပဳၾကသည္။
ေကာင္းကင္လက္နက္က ေခြးေပါက္ေလးသဖြယ္ အမိန႔္နာခံတတ္လိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားၾကေပ။
*ေသာက္က်ိဳးနည္း*
ေခလန္ႏွင့္ အျခားကမာၻျခား မုဆိုးမ်ားအားလုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။ ထိုစဥ္ အနက္ေရာင္ခ်ီမွ်င္စုမ်ားက ကမာၻျခား စစ္သေဘၤာထံသို႔ ေႁမြတစ္ေကာင္သဖြယ္ ကူးခတ္လာသည္ကို သူတို႔ ျမင္လိုက္ရသည္။
ထို႔ေနာက္ ထိုခ်ီမွ်င္စုမ်ားမွေန၍ အနက္ေရာင္ ဝတ္စုံ ဝတ္ဆင္ထားသည့္ ရွင္းလင္းျပတ္သားေသာ မ်က္ႏွာထားႏွင့္ ေတာက္ပေသာ မ်က္လုံးမ်ား ရွိေသာ လူငယ္တစ္ေယာက္ ျဖစ္ေပၚလာသည္။
ထို႔ျပင္ သူသည္ အလြန္ နတ္ဆိုးဆန္ပုံရ၏။
ဆံပင္မ်ားက ေလထဲတြင္ ေမ်ာလြင့္ေနၿပီး သူ႔အား ငရဲမွ ထြက္ေပၚလာဟန္ ေပၚေနေစသည္။
“ယဲ့ဖန္”
ထိုလူငယ္ေလးကို ျမင္သည္ႏွင့္ ေကာင္းကင္အလင္းသခင္၏ ေဒါသမ်ားက ေပါက္ထြက္လုမတတ္ ျဖစ္လာသည္။
ယဲ့ဖန္က သူ႔ကို ပထမဆုံးအႀကိမ္ ရႈံးနိမ့္ေအာင္ လုပ္ခဲ့သည့္ သူ ျဖစ္ၿပီး ထိုသို႔လုပ္ႏိုင္စြမ္းရွိေသာ တစ္ဦးတည္းေသာသူလည္း ျဖစ္သည္ကို သူ အၿမဲတမ္း မွတ္မိေနသည္။
ထို႔ေၾကာင့္ ေကာင္းကင္အလင္းသခင္၏ မ်က္လုံး၌ အလြန္တရာ ၾကမ္းၾကဳတ္ရက္စက္ဟန္မ်ား ေပၚလြင္လာသည္။
ထို႔ေနာက္ သူက တစ္ဘက္လွည့္ကာ ေခလန္ကို ေျပာလိုက္သည္။
“အရွင္ အဲ့ေကာင္ပါပဲ။ သူ႔ကို သတ္လိုက္ပါ။ က်ဳပ္ သူ႔ကို အပိုင္းပိုင္း ခုတ္ထစ္ပစ္လိုက္ခ်င္တာ”
သူ႔စကားမ်ားေၾကာင့္ ေခလန္က အနက္ေရာင္ဝတ္စုံႏွင့္ လူငယ္ေလးကို စိုက္ၾကည့္လိုက္မိသည္။ ထို႔ေနာက္ သူ အံ့အားသင့္သြားရသည္။
“နတ္ဘုရား တပည့္အဆင့္လား”
ေခလန္ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ျဖစ္ေနသည္။
နတ္ဘုရား တပည့္အဆင့္သည္ ကမာၻေျမေပၚရွိ လူသားမ်ားၾကားတြင္ အစစ္အမွန္ နတ္ဘုရားအဆင့္ႏွင့္ ညီမွ်သည္။
ဘယ္လိုလုပ္ နတ္ဘုရား တပည့္အဆင့္ တစ္ေယာက္က ေကာင္းကင္လက္နက္ကို ပိုင္ဆိုင္ထား ႏိုင္ရသနည္း။
အံ့ဩစရာေကာင္းလွသည္။
ထို႔အျပင္ ေခလန္သည္ ယဲ့ဖန္ႏွင့္ ပတ္သတ္၍ သူ႔အာ တစ္ေနရာရာမွာ ျမင္ခဲ့ဖူးသကဲ့သို႔ ရင္းႏွီးသည့္ ခံစားခ်က္မ်ိဳး ရေနသည္။
သို႔ေသာ္ ဘယ္မွာ ဆုံခဲ့ဖူးသလဲဆိုတာကို သူ စဥ္းစားလို႔မရေပ။
“ငါ သူ႔ကို အထင္ႀကီးမိသြားတာ ျဖစ္မယ္။ သူက ဒီအတိုင္း ကမာၻၿဂိဳဟ္ေပၚက ေရွးလူမ်ိဳး တစ္ေယာက္ပဲကို”
ထို႔ေနာက္ ေခလန္က ေခါင္းကိုခါရင္း ထိုအေတြးကို ေမ့ေဖ်ာက္ထားလိုက္သည္။ ခဏအၾကာတြင္ သူက ယဲ့ဖန္အား အလြန္ ေလာဘတက္ေနေသာ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ကာ ေျပာလိုက္သည္။
“ေဟ့ေကာင္ မင္း ဘယ္ေလာက္ေတာင္ ျပႆနာရွာလိုက္မိၿပီဆိုတာ မင္း သိလား”
*ဟမ္*
သူ႔စကားေၾကာင့္ ယဲ့ဖန္က ႏႈတ္ခမ္းကို တြန႔္၍ မခိုးမခန႔္မ်က္ႏွာေပးႏွင့္ ျပန္ေျပာလိုက္သည္။
“ဘာျပႆနာလဲ”
“ဟမ့္၊ မင္း ငါ့လက္ေအာက္ငယ္သား ေျခာက္ေယာက္ကို ေကာင္းကင္လက္နက္နဲ႔ သတ္ခဲ့တယ္ေလ။ အဲ့ဒါေၾကာင့္ မင္း ႏုတ္ႏုတ္စင္းခံရဖို႔ ထိုက္တန္တယ္ ၿပီးေတာ့ မင္းရဲ႕ စိတ္ဝိညာဥ္ကိုလည္း ဖ်က္ဆီးသင့္တယ္”
ေခလန္က ေျပာေနရင္းႏွင့္ ဓားက်ိဳးကို လွမ္းၾကည့္ကာ ႏႈတ္ခမ္းကို သပ္၍ အလိုေလာဘ ႀကီးေသာ အၿပဳံးႏွင့္ ဆက္ေျပာလိုက္သည္။
“ဒါေပမယ့္ ငါက သိပ္ကို သက္ညႇာတတ္တယ္ေလ၊ မင္း ငါ့ကို အဲ့ဒီ ေကာင္းကင္လက္နက္နဲ႔ အဲ့ရတာကို လက္လႊဲေပးမယ္ဆိုရင္ မင္း အသက္ရွင္ႏိုင္မယ္”
“ငါ ႀကီးျမတ္တဲ့ ဂေရးကလန္မွာေတာင္ မင္းကို ေထာက္ခံခ်က္ ေပးႏိုင္ေသးတယ္”
*ဘာ*
ေခလန္၏ စကားေၾကာင့္ ေကာင္းကင္အလင္းသခင္ ထိတ္လန႔္သြားသည္။ ထို႔ေနာက္ သူ ေမးလိုက္မိသည္။
“အရွင္ ခင္ဗ်ား …”
“ပါးစပ္ပိတ္ထား”
ေခလန္က ေကာင္းကင္အလင္းသခင္အား ခက္ထန္စြာ ၾကည့္၍ ေအာ္လိုက္သျဖင့္ ေကာင္းကင္အလင္းသခင္သည္ သူ ေျပာခ်င္သည့္ စကားမ်ားကို မ်ိဳသိပ္ထားလိုက္ရသည္။
ထို႔ေၾကာင့္ ေကာင္းကင္အလင္းသခင္၏ မ်က္လုံး၌ ေဒါသႏွင့္ မလိုလားဟန္မ်ားျဖင့္ ျပည့္ႏွက္လာသည္။
ယဲ့ဖန္က သည္ေလာက္ ကံေကာင္းလိမ့္မည္ဟု သူ ထင္မထားခဲ့ပါ။ သူ ကမာၻျခား မုဆိုးမ်ားကို သတ္ခဲ့တာေတာင္မွ သူ အသက္ရွင္ဖို႔ အခြင့္အေရး ရေနေသးသည္။
ေခလန္က သူ႔ကို ဂေရးကလန္မွာေတာင္ ေထာက္ခံခ်က္ ေပးခ်င္ေနသည္။
ယခုအခ်ိန္တြင္ ေကာင္းကင္အလင္းသခင္သည္ ေဒါသမီးမ်ား တဟုန္းဟုန္းေတာက္ေလာင္ေနၿပီး ယဲ့ဖန္အား ဝန္တိုမုန္းတီးစြာ ၾကည့္ေနမိသည္။
အားလုံးနီးပါးက ယဲ့ဖန္ကို စိုက္ၾကည့္ေနၾကသည္။ စစ္သေဘၤာထဲမွ သူေတာင္းစားအိုႀကီးႏွင့္ အျခားသူမ်ားေတာင္မွ ေခါင္းတခါခါႏွင့္ ယဲ့ဖန္၏ ေ႐ြးခ်ယ္ႏိုင္ခြင့္အတြက္ သက္ျပင္းခ်ေနၾကသည္။
အေသခံမလား ရွင္မလားဆိုတာက အဓိက ဆိုလိုရင္း ေမးခြန္းျဖစ္သည္။
ယဲ့ဖန္က သူ ပိုင္ဆိုင္ထားသည့္ ေကာင္းကင္လက္နက္ႏွင့္ ရတနာကို ေပးအပ္လိုက္သေ႐ြ႕ သူသည္ ႀကီးမားေသာ ကမာၻျခား ကလန္တစ္ခု၌ ေထာက္ခံေပးမႈ ရရွိမည္ ျဖစ္သည္။ ဒါက တကယ့္ကို ေကာင္းမြန္လွသည့္ မက္လုံးပင္။
အမွန္အတိုင္း ဝန္ခံရမည္ဆိုလ်င္ အျခားလူသား ေတာ္ေတာ္မ်ားမ်ားက ထိုမက္လုံးေအာက္၌ က်ရႈံးမည္သာ ျဖစ္သည္။
*ငါ အသက္ဆက္ရွင္ႏိုင္မယ္တဲ့လား*
ေခလန္၏ စကားေၾကာင့္ ယဲ့ဖန္က ထိတ္လန႔္ဖြယ္ေကာင္းေလာက္ေအာင္ ၿပဳံးလာသည္။
“စိတ္မေကာင္းပါဘူး။ မင္းက ကမာၻေပၚကို ေျခခ်ၿပီး က်န္းရွီၿမိဳ႕ကို တိုက္ခိုက္ဖို႔ ႀကံစည္ခဲ့ၿပီးမွေတာ့ မင္း ေသကိုေသရမယ္”
*ဘာ*
ကမာၻတစ္ဝန္းလုံးမွ လူတိုင္း ကိုယ့္နားႏွင့္ ဆတ္ဆတ္ၾကားလိုက္ရသည္မ်ားကို မယုံႏိုင္သလို ျဖစ္ေနသည္။
*ယဲ့ဖန္က အခြင့္အေရးကို ျငင္းလိုက္တယ္*
*ၿပီးေတာ့ သူက ေခလန္ကို အရမ္း ေမာက္မာတဲ့ပုံစံနဲ႔ ၿခိမ္းေျခာက္လိုက္ေသးတယ္*
*သူ … ကိုယ့္ေသတြင္းကိုယ္ တူးေနတာပဲ*
စစ္သေဘၤာထဲမွ အျခား လူသားမ်ားအားလုံး ယဲ့ဖန္အား အလြန္ စိတ္ရႈပ္ေထြး၍ ေလးစားအားက်ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကသည္။
ေခလန္ကို တစ္ကိုယ္တည္း ၿခိမ္းေျခာက္ရဲသည့္ သူ၏ သတၱိက အျခားလူသားမ်ား၏ စိတ္အား လႊမ္းမိုးသြားႏိုင္ခဲ့ေလသည္။
သူတို႔ႏွင့္ ဆန႔္က်င္ဘက္တြင္ေတာ့ ေကာင္းကင္အလင္းသခင္က ဝမ္းသာအားရ ေအာ္ဟစ္ေနသည္။
“အ႐ူး၊ ဟားဟားဟား … ဒီအ႐ူးက တကယ့္ မက္ေလာက္စရာကို ျငင္းလိုက္တာပဲ”
ေကာင္းကင္အလင္းသခင္ ဝမ္းသာပီတိ ဂြမ္းဆီထိ ျဖစ္ေန၏။
ေခလန္၏ မ်က္ႏွာက အလြန္ သုန္မႈန္လာသည္ကို သတိျပဳမိၿပီး သူက မခိုးမခန႔္ မ်က္ႏွာေပးႏွင့္ ေသြးထိုးေလေတာ့သည္။
“အရွင္ ခင္ဗ်ား ၾကားလိုက္တယ္မလား။ ဒီအ႐ူးက အရမ္း ေမာက္မာတာပဲ။ သူက ခင္ဗ်ားကိုေရာ ႀကီးျမတ္တဲ့ ဂေရးကလန္ကိုပါ လုံးဝ မေလးစားဘူးပဲ”
“သူ႔ကို သတ္လိုက္ပါ။ သူ ေျပာခဲ့တဲ့ စကားေတြအတြက္ သူရဲ႕ ေအာ္ဟစ္သံေတြနဲ႔အတူ အျပစ္ေပးဆပ္ခိုင္းလိုက္ပါ”
ေခလန္ႏွင့္ က်န္ရွိေနေသာ အျခား ကမာၻျခားမုဆိုးမ်ား အလြန္ မ်က္ႏွာ မည္းေမွာင္လာၾကသည္။
“ေကာင္းၿပီေလ၊ တုံးအလိုက္တဲ့ မေလာက္ေလးမေလာက္စား လူသားမ်ိဳးႏြယ္ေလး”
ေခလန္ အလြန္ ေဒါသထြက္ေနသည္။ ထို႔ေနာက္ သူက အလြန္ ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
“ငါ မင္းကို အသက္ရွင္ခြင့္ အခြင့္အေရးေပးခဲ့ပင္မယ့္ မင္းက လက္မခံဘူးပဲ။ အခု မင္း ေသရမယ္”
ထိုသို႔ေျပာၿပီး သူက လက္ကိုေျမႇာက္၍ အမိန႔္ေပးလိုက္သည္။
“သူ႔ကို သတ္လိုက္”
ခ်က္ခ်င္းဆိုသလိုပင္ က်န္ရွိေနေသာ ကမာၻျခား မုဆိုး ဆယ့္ေလးေယာက္က ယဲ့ဖန္ထံသို႔ ေျပးဝင္သြားၾကသည္။
သို႔ေသာ္ ဤသည္ကို ၾကည့္ၿပီး ယဲ့ဖန္က ေလွာင္ရယ္လာသည္။
“နတ္ဘုရား ဆရာသခင္အဆင့္ကို လက္ေအာက္ငယ္သားအျဖစ္ ထားႏိုင္တာ မင္းတစ္ေယာက္တည္းလို႔ ထင္ေနတာလား”
“ငါ့မွာလည္း နတ္ဘုရား ဆရာသခင္အဆင့္ လက္ေအာက္ငယ္သားေတြ ရွိပါတယ္ကြ”
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ အျခားသူမ်ားအားလုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
ထိုစဥ္ ယဲ့ဖန္က လက္ကို ဝင့္၍ ေအာ္ဟစ္လာသည္။
“နတ္ဆိုးေတြ ဘယ္မလဲ”
ဒုန္း! ဒုန္း! ဒုန္း!
ထိုစဥ္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာသည္။
အနက္ေရာင္ ဝတ္စုံႏွင့္ လူမ်ားစြာက က်န္းရွီၿမိဳ႕မွေန၍ စစ္သေဘၤာထံသို႔ လွ်ပ္စီးသဖြယ္ ေရာက္ရွိလာၾကသည္။
တစ္ေယာက္၊ ႏွစ္ေယာက္၊ သုံးေယာက္။

မ်က္စိတစ္မွိတ္အတြင္းမွာပင္ ယဲ့ဖန္ေနာက္၌ ထိတ္လန႔္ဖြယ္ေကာင္းေသာ လူရွစ္ေယာက္ ေပၚလာသည္။
ေကာင္းကင္ နတ္ဘုရားအဆင့္မ်ား။
သူတို႔အားလုံးသည္ ေကာင္းကင္ နတ္ဘုရားအဆင့္မ်ား ျဖစ္ၾကသည္။
အျခားသူမ်ားအားလုံး ေႏြေခါင္ေခါင္တြင္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသကဲ့သို႔ ထိတ္လန႔္သြားၾကသည္။
*ဒါ မျဖစ္ႏိုင္ဘူးေလ*
ယခင္က ကမာၻေပၚ၌ ေကာင္းကင္ နတ္ဘုရားအဆင့္ ေလးေယာက္သာ ရွိသည္ဟု သိထားၾကသည္။
သို႔ေသာ္ ေသးငယ္ေသာ က်န္းရွီၿမိဳ႕ေလး၌ ေကာင္းကင္နတ္ဘုရားအဆင့္ ရွစ္ေယာက္ေတာင္မွ ရွိေနသည္။
မယုံႏိုင္စရာ ေကာင္းလွသည္။
ေခလန္ေတာင္မွ မွင္တက္သြားခဲ့သည္။ ထို႔အျပင္ ထိုေကာင္းကင္နတ္ဘုရားအဆင့္ ရွစ္ေယာက္သည္ ေရာက္လာသည္ႏွင့္ ခ်က္ခ်င္း ယဲ့ဖန္ထံသို႔ ဒူးတစ္ဘက္ေထာက္ကာ ျပန္ေျဖလာသည္။
“ကြၽန္ေတာ္တို႔ ေရာက္ပါၿပီ”
ထိတ္လန႔္ဖြယ္ေကာင္းလိုက္ေလျခင္း။
အျခားသူမ်ားအားလုံး အလြန္ ထိတ္လန႔္သြားၾကသည္။ သူေတာင္းစားအိုႀကီးႏွင့္ အျခား ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္မ်ားေတာင္မွ အံ့အားသင့္သြားၾကသည္။
“မို႐ို ေသြးစြန္းတေစၦ၊ သံလက္ ဝံပုေလြ႐ိုင္း၊ အေမွာင္ဂိုဏ္းခ်ဳပ္၊ ထို႔ပါကလန္က ေခါင္းေဆာင္ငယ္ေလး၊ ထို႔ပါဟိုင္၊ ထို႔ပါ မဟာအႀကီးအကဲ၊ မိစာၦဝိညာဥ္႐ိုင္းနဲ႔ အရွင္ဝူ … အံ့ဩဖို႔ေကာင္းလိုက္တာ”
လင္းဒီေလာ့ဖ္ မ်က္လုံးျပဴး မ်က္ဆံျပဴး ျဖစ္ေနသည္။ သူ ထိုလူစုကို မွတ္မိပါသည္။
သူတို႔သည္ လြန္ခဲ့သည့္ ႏွစ္ဝက္တုန္းက ေရွးေဟာင္းကလန္ ႏွစ္ခုကို သုတ္သင္ခဲ့သည့္ ယဲ့ဖန္၏ နတ္ဆိုး လက္ေအာက္ငယ္သားမ်ားပင္။
ထိုစဥ္အခါက ေရွ႕မွေျခာက္ေယာက္သည္ အစစ္အမွန္ နတ္ဘုရားအဆင့္မ်ားသာ ျဖစ္သည္။ မိစာၦ ဝိညာဥ္႐ိုင္းႏွင့္ အရွင္ဝူတို႔က နတ္ဘုရားတစ္ပိုင္းအဆင့္မ်ားသာ ျဖစ္ေနၾကေသးသည္။
မထင္မွတ္ထားဘဲ ႏွစ္ဝက္အေတာအတြင္းကေလးႏွင့္ သူတို႔အားလုံး ေကာင္းကင္နတ္ဘုရားအဆင့္သို႔ အဆင့္တက္သြားခဲ့ၾကသည္။
ေကာင္းကင္နတ္ဘုရားအဆင့္သို႔ တက္ေရာက္ႏိုင္ရန္ အလြန္ ခဲယဥ္းလွသည္။
ထိပ္သီးအႀကီးအကဲမ်ား အဖြဲ႕အစည္း၏ က်န္ရွိေသာ အႀကီးအကဲ ဆယ္ေယာက္တြင္ လင္းဒီေလာ့ဖ္ တစ္ေယာက္တည္းသာ ေကာင္းကင္ နတ္ဘုရားအဆင့္သို႔ အဆင့္တက္ႏိုင္ခဲ့၏။
သို႔ေသာ္ ယခုအခါတြင္မူ …
ေတာက္! ေတာက္!
ကမာၻျခား မုဆိုးမ်ား၊ လင္းဒီေလာ့ဖ္ႏွင့္ စစ္သေဘၤာထဲမွ အျခားသူမ်ားအားလုံး ေခြၽးဒီးဒီးက်လာၾကသည္။
လင္းဒီေလာ့ဖ္သည္လည္း လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္ေန၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now