Chapter 293

1.1K 146 4
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (293) မင်းအသက်ကို ငါ ပိုင်တယ်

"သူတို့က အကောင်ရေ တိုးပွားပြီးနေပြီ"
အမှောင်သခင် ဝင်စားသူသည် ယဲ့ဖန်၏ စကားကြောင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ အကောင်ရေ တိုးပွားလာသည့်အခါတွင် သူတို့သည် စကြဝဠာတစ်ခုလုံးအား ကပ်ဆိုးတစ်ခု ယူဆောင်လာမည်ပင်။
သူတို့လမ်း၌ ရှိသမျှ ဘယ်အရာကိုမဆို သူတို့ သတ်နိုင်သည်။ သူတို့ ဘယ်နေရာရောက်ရောက် အရာအားလုံး ဖျက်ဆီးခံရလိမ့်မည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူတို့ကို မွေးမြူခဲ့သည့် ရှေးဟောင်း သိုင်းပညာရှင်ကိုပင် စားပစ်ခဲ့ပြီးသည့် အချက်ပင်။
"သွားကြစို့"
ယဲ့ဖန်သည် အမှောင်သခင် ဝင်စားသူနှင့်အတူ အဝေးသို့ ချက်ချင်း ထွက်ပြေးလေသည်။
ဝီ!
မည်းနက်နေသည့် တောင်ပံပါသော ပုရွက်ဆိတ်များသည် မိုးပေါ်မှ မိုးစက်များ ကျဆင်းလာသကဲ့သို့ ယဲ့ဖန်ထံ လှစ်ခနဲ ပြေးဝင်လာကြသည်။
သေးငယ်သော်လည်း သူတို့၌ အလွန်တရာ ချွန်ထက်သည့် လက်သည်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အစွယ်များ ပါရှိသည်။
ပထမတစ်ကြိမ်တည်းနှင့် သူတို့သည် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ ကိုက်ဖြတ်ရာ များစွာ ထင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့သည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်သည် သံမဏိကဲ့သို့ မာကြောသော်လည်း ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ချွန်ထက်သော လက်သည်းနှင့် အစွယ်များကို မခုခံနိုင်ချေ။
ထို့အတူ အမှောင်သခင် ဝင်စားသူ၏ ဘေးပတ်လည်ရှိ နတ်ဆိုးချီများက ချက်ချင်း ပါးလွှာလာသည်။
ထိုဝိညာဉ်စား ပုရွက်ဆိတ်များသည် အသားကိုသာ ဝါးစားနိုင်ရုံသာမက နတ်ဆိုးချီဓာတ်ကိုပါ ဝါးမျိုနိုင်နေသည်။
"သေစမ်း"
အမှောင်သခင်၏ ဝင်စားသူ ဖြစ်သော်လည်း သူသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဒဏ်ရာအကြီးအကျယ် ရလာသည်။
"သခင်ကြီး ကျွန်တော်တို့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ် ထင်တယ်"
အမှောင်သခင် ဝင်စားသူက ခါးသီးစွာ ပြုံး၍ ပြောလာသည်။ ရက်စက်သော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ရှေ့တွင် ဒဏ္ဍာရီလာအဆင့် ဝင်စားသူသည် အလွန် အားနည်းနေသေးသည်။
ယဲ့ဖန်သည် အလွန် တည်ငြိမ်နေပုံပေါ်သည်။ သူ့ပါးစပ်မှ သွေးစီးကြောင်းများကို သုတ်လိုက်ပြီးနောက် သူသည် ခက်ထန် ရူးသွပ်စွာ ပြုံး၍ ပြောလိုက်သည်။
"ဝိညာဉ်စား ပုရွက်ဆိတ်တွေအားလုံးက သားပေါက်အဆင့်ပဲ ရှိသေးတယ် … ငါတို့မှာ ထွက်ပြေးဖို့ အခွင့်အရေး ရှိနေသေးတယ်"
ထိုသို့ပြောပြီး ယဲ့ဖန်သည် သူ၏ သံမဏိလက်သီးကို လှုပ်ခါလိုက်ပြီး ချက်ချင်းပင် သူ၏ မိစ္ဆာ မရဏ သံလက်သီးအားထုတ်ဖော်လိုက်သည်။
"သေစမ်းကွာ … ငါသွားမယ့်လမ်းမှာ ရှိနေတဲ့ ဘယ်အရာမဆို သေကို သေရမယ် … ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်နေရင်တောင်မှ သေရမယ်"
ထို့နောက် သူသည် အမှောင်ထုထဲသို့ ပြေးဝင်သွားပြီး လေထုထဲရှိ ပုရွက်ဆိတ်အုံထဲသို့ တစ်ဟုန်ထိုးဝင်၍ တိုက်ခိုက်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး အမှောင်သခင် ဝင်စားသူသည် မျက်လုံးမှတစ်ဆင့် အလွန်တစ်ရာ ရူးသွပ်နေမှုအား ဖော်ပြလာသည်။ ထို့နောက် သူသည်လည်း ပုရွက်ဆိတ်အုံထဲသို့ တိုးဝင်သွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
သူတို့မျက်လုံးများသည် ချက်ချင်း သွေးဆာလာဟန် ပြလာသည်။ သူတို့ ပုရွက်ဆိတ်များအား အကြိမ်ကြိမ် အခါခါ ထိုးနှက်ကြသဖြင့် အကောင်များစွာ အဝေးသို့ လွင့်ထွက်သွားကြသည်။
ဂျွတ်ခနဲ အသံနှင့်အတူ ပုရွက်ဆိတ်များ မြေကြီးပေါ်သို့ ပြုတ်ကျလာကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များက အလွန်အမင်း မာကြောလေ၏။
သူတို့ ထိုးနှက်ချင်းခံရတာတောင်မှ သူတို့သည် ချက်ချင်း ထိုးကျသွားပြီး‌ောနက် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ထံသို့ ထပ်မံ၍ ပြေးဝင်လာကြသည်။
ထိုအချိန်တွင် တိုက်ပွဲသည် ပို၍ ဆိုးရွားလာသည်။ ယဲ့ဖန်သည် သွေးများဖြင့် ဖုံးလွှမ်းလာပြီး သူ၏ ဒဏ်ရာများက မနှစ်မြို့ဖွယ်ကောင်းပြီး ကြောက်လန့်ဖွယ်ကောင်းလှသည်။
သူ့မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေ၏။ သူ့လက်သီးဖြင့် တစ်ကြိမ် ထိုးနှက်လိုက်တိုင်း သူသည် ပုရွက်ဆိတ်အုံတစ်အုံအား တစ်ခါ ချေမှုန်းနိုင်သည်။
တစ်ချိန်တည်းမှာပင် အမှောင်သခင် ဝင်စားသူ၏ နတ်ဆိုးချီသည် ပြင်းထန်သော ဒဏ်ရာများကြောင့် အလွန် ပါးလွှာလာသည်။
သို့သော်ငြားလည်း သူသည် ယဲ့ဖန်အား အစွမ်းကုန် အားထုတ်၍ ကာကွယ်ပေးနေဆဲပင်။ တိုက်ပွဲသည် ဆက်၍ ဖြစ်ပွားနေပြီး သူတို့သည်လည်း တဖြည်းဖြည်းနှင့် သူတို့ ဦးခေါင်းအထက်ရှိ တားမြစ်စနစ်နှင့် နီးကပ်လို့လာသည်။
ငါးမီတာ။
လေးမီတာ။
သုံးမီတာ။
သူတို့ အပေါ်သို့ တစ်မီတာ တိုး၍ ရောက်သွားတိုင်း သူတို့သည် လေထဲ၌ သွေးမိုးများ တဖွဲဖွဲ ရွာသွန်းသလို ဖြစ်နေကြသည်။
ထို့အပြင် သူတို့၏ ဒဏ်ရာများသည် အဆမတန် ပို၍ ဆိုးရွားလာသည်။ သူတို့ အပေါ်သို့ တစ်လက်မ ရွေ့သွားတိုင်း သူတို့၏ အရှိန်များက ပို၍ ကျဆင်းလာသည်။
နီးလာပြီ။ ပို၍ နီးလာသည်။
တားမြစ်စနစ်၏ အဝနားသို့ သူတို့ ရောက်သွားသည်နှင့် ယဲ့ဖန်သည် အမှောင်သခင် ဝင်စားသူနှင့်အတူ ချောက်နက်ထဲမှ စက္ကန့်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် နားကွဲမတတ် အသံထွက်ပေါ်လာကာ အနက်ရောင် အလင်းတန်းတစ်ခုက လျှပ်စီးထက်မြန်သော နှုန်းဖြင့် အမှောင်သခင် ဝင်စားသူအား ထိုးဖောက်သွားသည်။
ရွှစ်!
အမှောင်သခင် ဝင်စားသူ ပြင်းထန်စွာ တုန်ယင်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ့ရင်ဘတ်၌ လက်သီးဆုပ်အရွယ် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
ထုတ်ချင်းဖောက် ခံလိုက်ရသဖြင့် အမှောင်သခင် ဝင်စားသူသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ထိုဒဏ်ရာအား ကုစားရန် နည်းလမ်း မရှိတော့ချေ။
"ဒါ တစ်ပိုင်းတစ်စ အရွယ်ရောက်ပြီးတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်ပါလား"
ယဲ့ဖန် အကြီးအကျယ် တုန်လှုပ်သွားသည်။
"အမှောင်သခင် သတိထား"
ယဲ့ဖန်၏ သတိပေးစကား အဆုံးတွင် အနက်ရောင် အလင်းတန်းက အမှောင်သခင်၏ ကိုယ်ပေါ်၌ နောက်ထပ် အပေါက်တစ်ပေါက် ဖန်တီးလေတော့သည်။
အမှောင်သခင် ဝင်စားသူ၏ နတ်ဆိုးချီဓာတ်များ ဆိုးရွားစွာ နည်းပါးလာ၏။ ထို့အပြင် နတ်ဆိုးသွေးများက ကောင်းကင်၌ ပြည့်နှက်နေသည်။
"သခင်ကြီး မြန်မြန်သွားပါတော့"
အမှောင်သခင် ဝင်စားသူက အလွန်တစ်ရာ တင်းမာသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။ ထိုအချိန်တွင် အနက်ရောင် အလင်းတန်းတစ်ခုက ယဲ့ဖန်ထံ တိုးဝင်လာသည်ကို သူ မြင်လိုက်ရသည်။
"ခွေးမသား … ရပ်လိုက်စမ်း"
အမှောင်သခင် ဝင်စားသူ ဒေါသထွက်သွားကာ ထိုအနက်ရောင် အလင်းတန်းအား မယုံနိုင်အောင် လျင်မြန်သော နှုန်းဖြင့် ချက်ချင်း ကြားဖြတ်တိုက်ခိုက်လိုက်သည်။
ဒုန်း!
နတ်ဆိုးချီနှင့် ပြုလုပ်ထားသော သံမဏိလက်သီးသည် အနက်ရောင် အလင်းတန်းနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။
ထို့နောက် အမှောင်သခင် ဝင်စားသူသည် လေထဲ လွင့်ထွက်သွားရသည်။ ထိုအနက်ရောင် အလင်းတန်းသည်လည်း မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။
ထိုအရာသည် လက်သီးဆုပ်အရွယ် ဝိညာဉ်စား ပုရွက်ဆိတ်ဖြစ်သည်။ ထိုအကောင်သည် တစ်ကိုယ်လုံး မည်းနက်၍ မနှစ်မြို့ဖွယ်ကောင်းလှသည်။
၎င်း၏ အလွန် ချွန်ထက်လှသော လက်သည်းနှင့် အစွယ်များက ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းအား ထုတ်လွှတ်နေသည်။
၎င်းက တစ်ချက်တည်းနှင့် ဒဏ္ဍာရီလာအဆင့်ကိုတောင် သတ်နိုင်နေပါလား။
မြေကြီးပေါ် ပြုတ်ကျသွားပြီးနောက် ၎င်းသည် အလွန် ဒေါသထွက်လာပြီး အလွန် ကြမ်းကြုတ်သော ချီဓာတ်ကို ချက်ချင်း ထုတ်ဖော်လာသည်။
ဤသည်ကို မြင်လျင်မြင်ချင်းမှာပင် အမှောင်သခင် ဝင်စားသူက မချိတင်ကဲ ပြုံး၍ ပြောလိုက်သည်။
"သခင်ကြီး … ကျုပ် ဒီ့ထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး … မြန်မြန် သွားပါတော့"
သူ သေရတော့မည်ကို သေချာပေါက် သိနေသည်။ တစ်ပိုင်းတစ်စ အရွယ်ရောက်ပြီးတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်နှင့် ပုရွက်ဆိတ် အကောင်ပေါက်များစွာနှင့် ရင်ဆိုင်ပြီးလျင် သူ လုံးဝ အသက်မရှင်နိုင်တော့ပေ။
သူ့စကားကြောင့် ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြောလာသည်။
"မင်းရဲ့ ပြန်လည်ဝင်စားခြင်းက မင်းရဲ့ မူလ နတ်ဆိုးဝိညာဉ်က လာတာနော် … မင်းရဲ့ ပြန်လည်ဝင်စားသူက သေသွားရင်း မင်းရဲ့ မူလ နတ်ဆိုးဝိညာဉ်က ဘယ်တော့မှ နိုးထလာမှာ မဟုတ်တော့ဘူး"
ယဲ့ဖန်သည် အမှောင်သင်၏ အခြေအနေကို ကောင်းကောင်းရိပ်စားမိသည်။ အမှောင်သခင် ကျင့်ကြံသည့် လျှို့ဝှက်သိုင်းကျမ်းကြောင့် သူသည် ပြန်လည်ဝင်စားခြင်းကို အပြည့်အဝ မလုပ်ဆောင်နိုင်ပါ။
ထို့ကြောင့် သူသည် ယဲ့ဖန်ကို ကူညီရန် သူ့ဝိညာဉ်အား နှစ်ပိုင်းခွဲလိုက်ခြင်း ဖြစ်သည်။ သူ၏ မူလ နတ်ဆိုးဝိညာဉ်သည် နတ်ဆိုးတောင်ကြား၌ အိပ်စက်နေဆဲ ဖြစ်သည်။
အကယ်၍ သူ၏ ပြန်လည်ဝင်စားသူသာ သေသွားပါက ယဲ့ဖန်၏ ကျင့်ကြံမှုက အကြိုဖြစ်တည်မှုအဆင့်သို့ ရောက်သွားလျင်တောင်မှ သူ အမှောင်သခင်၏ အသက်ကို မကယ်တင်နိုင်သေးပါ။ အမှောင်သခင်သည် သေခါနီးနေပြီဟု ဆိုရမည် ဖြစ်သည်။
"သခင်ကြီး … အမှောင်သခင်က သခင်ကြီးကို ကမ္ဘာမြေပေါ်မှာ နှစ်တစ်သောင်းကျော် စောင့်မျှော်နေခဲ့တာပါ … ကျွန်တော် သခင်ကြီးနဲ့ ထပ်တွေ့ရတာကိုက ကံကောင်းလွန်းလှပါပြီ"
အမှောင်သခင်သည် စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်ပြီး သွေးမျက်ရည်များ စီးကျလာသည်။ ထို့နောက် သူသည် ယဲ့ဖန်အား ရူးသွပ်စွာ စိုက်ကြည့်၍ ထပ်ပြောလိုက်သည်။
"ဂြိုဟ်တွေအနှံ့မှာ အကြီးအကျယ် အလှောင်ခံခဲ့ရပြီးလှည့်လည်သွားလာနေခဲ့တဲ့ သနားစရာ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်လေးတစ်ယောက်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"
"ကျွန်တော့်ကို ခေါ်ဆောင်သွားခဲ့တာက သခင်ကြီးပါ … ကျွန်တော့်ကို ကြီးပြင်းလာပြီး သန်မာလာအောင် လုပ်ပေးခဲ့သူက သခင်ကြီးပါ"
"စကြဝဠာထဲက ရန်သူတွေနဲ့ တိုက်ခတ်နိုင်အောင် ကျွန်တော့်ကို ဦးဆောင်ပေးခဲ့သူ၊ နတ်ဆိုးတွေအတွက် ဂုဏ်ယူရအောင် ဖန်တီးပေးခဲ့သူက သခင်ကြီးပါ"
"သခင်ကြီးမရှိရင် အမှောင်သခင်ဆိုတာ ရှိမလာပါဘူး"
အမှောင်သခင် ပြန်လည်ဝင်စားသူ၏ မျက်လုံးများက ရူးသွပ်မှုတို့ဖြင့် တောက်ပလာကာ ပုရွက်ဆိတ်များနှင့် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသွားသည့်ပုံပင်။
သခင်ကြီး မြန်မြန်သွားပါတော့ .. ကျွန်တော့်ကို ဒီမှာ ထားခဲ့ပါ … ကျွန်တော် သခင်ကြီးအတွက် နောက်ဆုံးအကြိမ် တိုက်ခိုက်ပါရစေ"
သူ့စကားအဆုံးတွင် သူ၏ နတ်ဆိုးချီဓာတ်များ တစ်ဟုန်ထိုး တိုးပွားလာပြီး သူသည် သူ၏ မူလ နတ်ဆိုးဝိညာဉ်ကို လောင်ကျွမ်းစေလိုက်သည်။
သူ အောက်သို့ လှစ်ခနဲ ပြေးဆင်း၍ ဝိညာဉ်စား ပုရွက်ဆိတ်များအား တားဆီးတော့မည့် အချိန်တွင် ယဲ့ဖန်က ချက်ချင်း သူ့နဖူးအလယ်တည့်တည့်ကို လည်ညှိုးနှင့် ထိလိုက်သည်။
ချက်ချင်းဆိုသလိုပင် အမှောင်သခင်သည် တောင့်ခနဲ ဖြစ်သွားပြီး ပျာယာခတ်သွားသော အမူအရာနှင့် ပြောလာသည်။
"သခင်ကြီး …ခင်ဗျား …"
"အမှောင်သခင် … မင်း မေ့နေပြီလား … ငါက မင်းရဲ့ သခင်ကြီးလေ .. ဒါပေမဲ့ .. ငါက မင်းရဲ့ ညီအစ်ကိုဆိုလည်း ဟုတ်တယ်လေ"
ယဲ့ဖန်သည် ဝမ်းနည်းနေသော မျက်လုံးများနှင့် ပြောလိုက်ပြီး အရူးအမူး သွေးဆာနေသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
"ငါ့ညီအစ်ကိုက ငါ့အတွက် သေတဲ့အထိ တိုက်ခိုက်ပေးနိုင်သလို ငါကလည်း ငါ့ညီအစ်ကိုအတွက် သေတဲ့အထိ တိုက်ခိုက်နိုင်တယ်"
"မှတ်ထားပါ … မင်းအသက်ကို ငါ ပိုင်တယ် … ငါ မင်းကို သေခွင့်မပေးသရွေ့ မင်း သေလို့မရဘူး"
*ဘာ*
ယဲ့ဖန်၏ စကားအဆုံးတွင် အမှောင်သခင် ပြန်လည်ဝင်စားသူ၏ မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နှက်လာပြီး အော်ဟစ်လိုက်သည်။
"သခင်ကြီး … မလုပ်ပါနဲ့"
အမှောင်သခင် ပြန်လည်ဝင်စားသူသည် အလွန် စိတ်ဓာတ်ကျပြီး မယုံနိုင်သော မျက်ဝန်းများနှင့် ပျာယာခတ်ကာ ကြောက်လန့်နေသည်။
ယဲ့ဖန်အား အန္တရာယ်ကို သူ့အသက်နှင့် ရင်း၍ ရင်ဆိုင်ခြင်းထက် သူ သေဆုံးပြီး ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်တော့မည်ကိုသာ သူ ပိုနှစ်သက်ပါသည်။
သို့သော် ယဲ့ဖန်က အမှောင်သခင် ဝင်စားသူအား လက်ဖြင့် အားကုန် ရိုက်ထုတ်လိုက်သည်။
ဘုန်း!
အမှောင်သခင် ဝင်စားသူသည် လွင့်ထွက်သွားပြီး တားမြစ်စနစ်နားသို့ ချက်ချင် ရောက်ရှိသွားသည်။ ထို့နောက် ယဲ့ဖန်သည် လက်ကို ဆန့်၍ နတ်ဆိုးချီမျှင်စုကို ထုတ်လွှတ်ကာ တားမြစ်စနစ်ကို ရိုက်နှက်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ တားမြစ်စနစ်မှ အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ ထို့အတူ အမှောင်သခင် ဝင်စားသူသည်လည်း ထိုအပေါက်ထဲသို့ ပစ်လွှတ်ခံလိုက်ရသည်။
"သတိရပါ … တားမြစ်စနစ်က သုံးနှစ်ပဲ ထိန်းထားနိုင်တယ် … မင်းတို့အားလုံး သုံးနှစ်အတွင်း ကမ္ဘာမြေကနေ ထွက်ခွာသွားရမယ်"
ယဲ့ဖန်၏ နောက်ဆုံးအမှာစကား အဆုံးတွင် အမှောင်သခင်၏ မျက်လုံးမှ အလွန်တရာ နောင်တရ၊ ပူဆွေးမှုနှင့်အတူ သွေးမျက်ရည်များ စီးကျလာသည်။
"သခင်ကြီး … မဖြစ်ဘူး"
သူ့မျက်လုံးထဲတွင် ယဲ့ဖန်အား ဝိညာဉ်စား ပုရွက်ဆိတ်များ လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။ တားမြစ်စနစ်သည်လည်း စက္ကန့်ပိုင်းအတွင်း ပိတ်သွားလေတော့သည်။
#ZAWGYI
စာစဥ္ (20) CHAPTER (293) မင္းအသက္ကို ငါ ပိုင္တယ္
"သူတို႔က အေကာင္ေရ တိုးပြားၿပီးေနၿပီ"
အေမွာင္သခင္ ဝင္စားသူသည္ ယဲ့ဖန္၏ စကားေၾကာင့္ မ်က္ႏွာ ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားရသည္။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား အေကာင္ေရ တိုးပြားလာသည့္အခါတြင္ သူတို႔သည္ စၾကဝဠာတစ္ခုလုံးအား ကပ္ဆိုးတစ္ခု ယူေဆာင္လာမည္ပင္။
သူတို႔လမ္း၌ ရွိသမွ် ဘယ္အရာကိုမဆို သူတို႔ သတ္ႏိုင္သည္။ သူတို႔ ဘယ္ေနရာေရာက္ေရာက္ အရာအားလုံး ဖ်က္ဆီးခံရလိမ့္မည္။
ပို၍ ေၾကာက္မက္ဖြယ္ေကာင္းသည္က ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ သူတို႔ကို ေမြးျမဴခဲ့သည့္ ေရွးေဟာင္း သိုင္းပညာရွင္ကိုပင္ စားပစ္ခဲ့ၿပီးသည့္ အခ်က္ပင္။
"သြားၾကစို႔"
ယဲ့ဖန္သည္ အေမွာင္သခင္ ဝင္စားသူႏွင့္အတူ အေဝးသို႔ ခ်က္ခ်င္း ထြက္ေျပးေလသည္။
ဝီ!
မည္းနက္ေနသည့္ ေတာင္ပံပါေသာ ပု႐ြက္ဆိတ္မ်ားသည္ မိုးေပၚမွ မိုးစက္မ်ား က်ဆင္းလာသကဲ့သို႔ ယဲ့ဖန္ထံ လွစ္ခနဲ ေျပးဝင္လာၾကသည္။
ေသးငယ္ေသာ္လည္း သူတို႔၌ အလြန္တရာ ခြၽန္ထက္သည့္ လက္သည္းႏွင့္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အစြယ္မ်ား ပါရွိသည္။
ပထမတစ္ႀကိမ္တည္းႏွင့္ သူတို႔သည္ ယဲ့ဖန္၏ ခႏၶာကိုယ္ေပၚ၌ ကိုက္ျဖတ္ရာ မ်ားစြာ ထင္က်န္ရစ္ေအာင္ လုပ္ႏိုင္ခဲ့သည္။
ယဲ့ဖန္၏ ခႏၶာကိုယ္သည္ သံမဏိကဲ့သို႔ မာေၾကာေသာ္လည္း ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ ခြၽန္ထက္ေသာ လက္သည္းႏွင့္ အစြယ္မ်ားကို မခုခံႏိုင္ေခ်။
ထို႔အတူ အေမွာင္သခင္ ဝင္စားသူ၏ ေဘးပတ္လည္ရွိ နတ္ဆိုးခ်ီမ်ားက ခ်က္ခ်င္း ပါးလႊာလာသည္။
ထိုဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ အသားကိုသာ ဝါးစားႏိုင္႐ုံသာမက နတ္ဆိုးခ်ီဓာတ္ကိုပါ ဝါးမ်ိဳႏိုင္ေနသည္။
"ေသစမ္း"
အေမွာင္သခင္၏ ဝင္စားသူ ျဖစ္ေသာ္လည္း သူသည္ စကၠန႔္ပိုင္းအတြင္းမွာပင္ ဒဏ္ရာအႀကီးအက်ယ္ ရလာသည္။
"သခင္ႀကီး ကြၽန္ေတာ္တို႔ သူတို႔နဲ႔ ထိပ္တိုက္ရင္ဆိုင္ရေတာ့မယ္ ထင္တယ္"
အေမွာင္သခင္ ဝင္စားသူက ခါးသီးစြာ ၿပဳံး၍ ေျပာလာသည္။ ရက္စက္ေသာ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ ေရွ႕တြင္ ဒ႑ာရီလာအဆင့္ ဝင္စားသူသည္ အလြန္ အားနည္းေနေသးသည္။
ယဲ့ဖန္သည္ အလြန္ တည္ၿငိမ္ေနပုံေပၚသည္။ သူ႔ပါးစပ္မွ ေသြးစီးေၾကာင္းမ်ားကို သုတ္လိုက္ၿပီးေနာက္ သူသည္ ခက္ထန္ ႐ူးသြပ္စြာ ၿပဳံး၍ ေျပာလိုက္သည္။
"ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြအားလုံးက သားေပါက္အဆင့္ပဲ ရွိေသးတယ္ … ငါတို႔မွာ ထြက္ေျပးဖို႔ အခြင့္အေရး ရွိေနေသးတယ္"
ထိုသို႔ေျပာၿပီး ယဲ့ဖန္သည္ သူ၏ သံမဏိလက္သီးကို လႈပ္ခါလိုက္ၿပီး ခ်က္ခ်င္းပင္ သူ၏ မိစာၦ မရဏ သံလက္သီးအား ထုတ္ေဖာ္လိုက္သည္။
"ေသစမ္းကြာ … ငါသြားမယ့္လမ္းမွာ ရွိေနတဲ့ ဘယ္အရာမဆို ေသကို ေသရမယ္ … ဝိညာဥ္စား ပု႐ြက္ဆိတ္ ျဖစ္ေနရင္ေတာင္မွ ေသရမယ္"
ထို႔ေနာက္ သူသည္ အေမွာင္ထုထဲသို႔ ေျပးဝင္သြားၿပီး ေလထုထဲရွိ ပု႐ြက္ဆိတ္အုံထဲသို႔ တစ္ဟုန္ထိုးဝင္၍ တိုက္ခိုက္လိုက္သည္။
ဤျမင္ကြင္းကို ၾကည့္ၿပီး အေမွာင္သခင္ ဝင္စားသူသည္ မ်က္လုံးမွတစ္ဆင့္ အလြန္တစ္ရာ ႐ူးသြပ္ေနမႈအား ေဖာ္ျပလာသည္။ ထို႔ေနာက္ သူသည္လည္း ပု႐ြက္ဆိတ္အုံထဲသို႔ တိုးဝင္သြားသည္။
႐ႊစ္! ႐ႊစ္! ႐ႊစ္!
သူတို႔မ်က္လုံးမ်ားသည္ ခ်က္ခ်င္း ေသြးဆာလာဟန္ ျပလာသည္။ သူတို႔ ပု႐ြက္ဆိတ္မ်ားအား အႀကိမ္ႀကိမ္ အခါခါ ထိုးႏွက္ၾကသျဖင့္ အေကာင္မ်ားစြာ အေဝးသို႔ လြင့္ထြက္သြားၾကသည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ ပု႐ြက္ဆိတ္မ်ား ေျမႀကီးေပၚသို႔ ျပဳတ္က်လာၾကသည္။ သို႔ေသာ္ သူတို႔၏ ခႏၶာကိုယ္မ်ားက အလြန္အမင္း မာေၾကာေလ၏။
သူတို႔ ထိုးႏွက္ခ်င္းခံရတာေတာင္မွ သူတို႔သည္ ခ်က္ခ်င္း ထိုးက်သြားၿပီး‌ောနက္ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔ထံသို႔ ထပ္မံ၍ ေျပးဝင္လာၾကသည္။
ထိုအခ်ိန္တြင္ တိုက္ပြဲသည္ ပို၍ ဆိုး႐ြားလာသည္။ ယဲ့ဖန္သည္ ေသြးမ်ားျဖင့္ ဖုံးလႊမ္းလာၿပီး သူ၏ ဒဏ္ရာမ်ားက မႏွစ္ၿမိဳ႕ဖြယ္ေကာင္းၿပီး ေၾကာက္လန႔္ဖြယ္ေကာင္းလွသည္။
သူ႔မ်က္လုံးမ်ားသည္ ေသြးကဲ့သို႔ ရဲရဲနီေန၏။ သူ႔လက္သီးျဖင့္ တစ္ႀကိမ္ ထိုးႏွက္လိုက္တိုင္း သူသည္ ပု႐ြက္ဆိတ္အုံတစ္အုံအား တစ္ခါ ေခ်မႈန္းႏိုင္သည္။
တစ္ခ်ိန္တည္းမွာပင္ အေမွာင္သခင္ ဝင္စားသူ၏ နတ္ဆိုးခ်ီသည္ ျပင္းထန္ေသာ ဒဏ္ရာမ်ားေၾကာင့္ အလြန္ ပါးလႊာလာသည္။
သို႔ေသာ္ျငားလည္း သူသည္ ယဲ့ဖန္အား အစြမ္းကုန္ အားထုတ္၍ ကာကြယ္ေပးေနဆဲပင္။ တိုက္ပြဲသည္ ဆက္၍ ျဖစ္ပြားေနၿပီး သူတို႔သည္လည္း တျဖည္းျဖည္းႏွင့္ သူတို႔ ဦးေခါင္းအထက္ရွိ တားျမစ္စနစ္ႏွင့္ နီးကပ္လို႔လာသည္။
ငါးမီတာ။
ေလးမီတာ။
သုံးမီတာ။
သူတို႔ အေပၚသို႔ တစ္မီတာ တိုး၍ ေရာက္သြားတိုင္း သူတို႔သည္ ေလထဲ၌ ေသြးမိုးမ်ား တဖြဲဖြဲ ႐ြာသြန္းသလို ျဖစ္ေနၾကသည္။
ထို႔အျပင္ သူတို႔၏ ဒဏ္ရာမ်ားသည္ အဆမတန္ ပို၍ ဆိုး႐ြားလာသည္။ သူတို႔ အေပၚသို႔ တစ္လက္မ ေ႐ြ႕သြားတိုင္း သူတို႔၏ အရွိန္မ်ားက ပို၍ က်ဆင္းလာသည္။
နီးလာၿပီ။ ပို၍ နီးလာသည္။
တားျမစ္စနစ္၏ အဝနားသို႔ သူတို႔ ေရာက္သြားသည္ႏွင့္ ယဲ့ဖန္သည္ အေမွာင္သခင္ ဝင္စားသူႏွင့္အတူ ေခ်ာက္နက္ထဲမွ စကၠန႔္ပိုင္းအတြင္း ထြက္ေျပးလြတ္ေျမာက္ႏိုင္မည္ ျဖစ္သည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ နားကြဲမတတ္ အသံထြက္ေပၚလာကာ အနက္ေရာင္ အလင္းတန္းတစ္ခုက လွ်ပ္စီးထက္ျမန္ေသာ ႏႈန္းျဖင့္ အေမွာင္သခင္ ဝင္စားသူအား ထိုးေဖာက္သြားသည္။
႐ႊစ္!
အေမွာင္သခင္ ဝင္စားသူ ျပင္းထန္စြာ တုန္ယင္သြားသည္။ ခ်က္ခ်င္းဆိုသလိုပင္ သူ႔ရင္ဘတ္၌ လက္သီးဆုပ္အ႐ြယ္ အေပါက္တစ္ေပါက္ ျဖစ္ေပၚလာသည္။
ထုတ္ခ်င္းေဖာက္ ခံလိုက္ရသျဖင့္ အေမွာင္သခင္ ဝင္စားသူသည္ ခ်က္ခ်င္း ျဖဴဖပ္ျဖဴေရာ္ ျဖစ္လာၿပီး ထိုဒဏ္ရာအား ကုစားရန္ နည္းလမ္း မရွိေတာ့ေခ်။
"ဒါ တစ္ပိုင္းတစ္စ အ႐ြယ္ေရာက္ၿပီးတဲ့ ဝိညာဥ္စား ပု႐ြက္ဆိတ္ပါလား"
ယဲ့ဖန္ အႀကီးအက်ယ္ တုန္လႈပ္သြားသည္။
"အေမွာင္သခင္ သတိထား"
ယဲ့ဖန္၏ သတိေပးစကား အဆုံးတြင္ အနက္ေရာင္ အလင္းတန္းက အေမွာင္သခင္၏ ကိုယ္ေပၚ၌ ေနာက္ထပ္ အေပါက္တစ္ေပါက္ ဖန္တီးေလေတာ့သည္။
အေမွာင္သခင္ ဝင္စားသူ၏ နတ္ဆိုးခ်ီဓာတ္မ်ား ဆိုး႐ြားစြာ နည္းပါးလာ၏။ ထို႔အျပင္ နတ္ဆိုးေသြးမ်ားက ေကာင္းကင္၌ ျပည့္ႏွက္ေနသည္။
"သခင္ႀကီး ျမန္ျမန္သြားပါေတာ့"
အေမွာင္သခင္ ဝင္စားသူက အလြန္တစ္ရာ တင္းမာေသာ မ်က္ႏွာထားျဖင့္ ေအာ္ေျပာလိုက္သည္။ ထိုအခ်ိန္တြင္ အနက္ေရာင္ အလင္းတန္းတစ္ခုက ယဲ့ဖန္ထံ တိုးဝင္လာသည္ကို သူ ျမင္လိုက္ရသည္။
"ေခြးမသား … ရပ္လိုက္စမ္း"
အေမွာင္သခင္ ဝင္စားသူ ေဒါသထြက္သြားကာ ထိုအနက္ေရာင္ အလင္းတန္းအား မယုံႏိုင္ေအာင္ လ်င္ျမန္ေသာ ႏႈန္းျဖင့္ ခ်က္ခ်င္း ၾကားျဖတ္တိုက္ခိုက္လိုက္သည္။
ဒုန္း!
နတ္ဆိုးခ်ီႏွင့္ ျပဳလုပ္ထားေသာ သံမဏိလက္သီးသည္ အနက္ေရာင္ အလင္းတန္းႏွင့္ ျပင္းထန္စြာ ထိပ္တိုက္ေတြ႕သြားသည္။
ထို႔ေနာက္ အေမွာင္သခင္ ဝင္စားသူသည္ ေလထဲ လြင့္ထြက္သြားရသည္။ ထိုအနက္ေရာင္ အလင္းတန္းသည္လည္း ေျမႀကီးေပၚသို႔ ခ်က္ခ်င္း ျပဳတ္က်သြားသည္။
ထိုအရာသည္ လက္သီးဆုပ္အ႐ြယ္ ဝိညာဥ္စား ပု႐ြက္ဆိတ္ျဖစ္သည္။ ထိုအေကာင္သည္ တစ္ကိုယ္လုံး မည္းနက္၍ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းလွသည္။
၎၏ အလြန္ ခြၽန္ထက္လွေသာ လက္သည္းႏွင့္ အစြယ္မ်ားက ေၾကာက္မက္ဖြယ္ေကာင္းေသာ ေအးစက္စက္ အလင္းအား ထုတ္လႊတ္ေနသည္။
၎က တစ္ခ်က္တည္းႏွင့္ ဒ႑ာရီလာအဆင့္ကိုေတာင္ သတ္ႏိုင္ေနပါလား။
ေျမႀကီးေပၚ ျပဳတ္က်သြားၿပီးေနာက္ ၎သည္ အလြန္ ေဒါသထြက္လာၿပီး အလြန္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ခ်က္ခ်င္း ထုတ္ေဖာ္လာသည္။
ဤသည္ကို ျမင္လ်င္ျမင္ခ်င္းမွာပင္ အေမွာင္သခင္ ဝင္စားသူက မခ်ိတင္ကဲ ၿပဳံး၍ ေျပာလိုက္သည္။
"သခင္ႀကီး … က်ဳပ္ ဒီ့ထက္ပိုၿပီး ေတာင့္မခံႏိုင္ေတာ့ဘူး … ျမန္ျမန္ သြားပါေတာ့"
သူ ေသရေတာ့မည္ကို ေသခ်ာေပါက္ သိေနသည္။ တစ္ပိုင္းတစ္စ အ႐ြယ္ေရာက္ၿပီးတဲ့ ဝိညာဥ္စား ပု႐ြက္ဆိတ္ႏွင့္ ပု႐ြက္ဆိတ္ အေကာင္ေပါက္မ်ားစြာႏွင့္ ရင္ဆိုင္ၿပီးလ်င္ သူ လုံးဝ အသက္မရွင္ႏိုင္ေတာ့ေပ။
သူ႔စကားေၾကာင့္ ယဲ့ဖန္က တင္းမာေသာ မ်က္ႏွာထားျဖင့္ ေျပာလာသည္။
"မင္းရဲ႕ ျပန္လည္ဝင္စားျခင္းက မင္းရဲ႕ မူလ နတ္ဆိုးဝိညာဥ္က လာတာေနာ္ … မင္းရဲ႕ ျပန္လည္ဝင္စားသူက ေသသြားရင္း မင္းရဲ႕ မူလ နတ္ဆိုးဝိညာဥ္က ဘယ္ေတာ့မွ ႏိုးထလာမွာ မဟုတ္ေတာ့ဘူး"
ယဲ့ဖန္သည္ အေမွာင္သင္၏ အေျခအေနကို ေကာင္းေကာင္းရိပ္စားမိသည္။ အေမွာင္သခင္ က်င့္ႀကံသည့္ လွ်ိဳ႕ဝွက္သိုင္းက်မ္းေၾကာင့္ သူသည္ ျပန္လည္ဝင္စားျခင္းကို အျပည့္အဝ မလုပ္ေဆာင္ႏိုင္ပါ။
ထို႔ေၾကာင့္ သူသည္ ယဲ့ဖန္ကို ကူညီရန္ သူ႔ဝိညာဥ္အား ႏွစ္ပိုင္းခြဲလိုက္ျခင္း ျဖစ္သည္။ သူ၏ မူလ နတ္ဆိုးဝိညာဥ္သည္ နတ္ဆိုးေတာင္ၾကား၌ အိပ္စက္ေနဆဲ ျဖစ္သည္။
အကယ္၍ သူ၏ ျပန္လည္ဝင္စားသူသာ ေသသြားပါက ယဲ့ဖန္၏ က်င့္ႀကံမႈက အႀကိဳျဖစ္တည္မႈအဆင့္သို႔ ေရာက္သြားလ်င္ေတာင္မွ သူ အေမွာင္သခင္၏ အသက္ကို မကယ္တင္ႏိုင္ေသးပါ။ အေမွာင္သခင္သည္ ေသခါနီးေနၿပီဟု ဆိုရမည္ ျဖစ္သည္။
"သခင္ႀကီး … အေမွာင္သခင္က သခင္ႀကီးကို ကမာၻေျမေပၚမွာ ႏွစ္တစ္ေသာင္းေက်ာ္ ေစာင့္ေမွ်ာ္ေနခဲ့တာပါ … ကြၽန္ေတာ္ သခင္ႀကီးနဲ႔ ထပ္ေတြ႕ရတာကိုက ကံေကာင္းလြန္းလွပါၿပီ"
အေမွာင္သခင္သည္ စိတ္ထိခိုက္စြာ သက္ျပင္းခ်လိုက္ၿပီး ေသြးမ်က္ရည္မ်ား စီးက်လာသည္။ ထို႔ေနာက္ သူသည္ ယဲ့ဖန္အား ႐ူးသြပ္စြာ စိုက္ၾကည့္၍ ထပ္ေျပာလိုက္သည္။
"ၿဂိဳဟ္ေတြအႏွံ႔မွာ အႀကီးအက်ယ္ အေလွာင္ခံခဲ့ရၿပီးလွည့္လည္သြားလာေနခဲ့တဲ့ သနားစရာ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ လူငယ္ေလးတစ္ေယာက္ကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး"
"ကြၽန္ေတာ့္ကို ေခၚေဆာင္သြားခဲ့တာက သခင္ႀကီးပါ … ကြၽန္ေတာ့္ကို ႀကီးျပင္းလာၿပီး သန္မာလာေအာင္ လုပ္ေပးခဲ့သူက သခင္ႀကီးပါ"
"စၾကဝဠာထဲက ရန္သူေတြနဲ႔ တိုက္ခတ္ႏိုင္ေအာင္ ကြၽန္ေတာ့္ကို ဦးေဆာင္ေပးခဲ့သူ၊ နတ္ဆိုးေတြအတြက္ ဂုဏ္ယူရေအာင္ ဖန္တီးေပးခဲ့သူက သခင္ႀကီးပါ"
"သခင္ႀကီးမရွိရင္ အေမွာင္သခင္ဆိုတာ ရွိမလာပါဘူး"
အေမွာင္သခင္ ျပန္လည္ဝင္စားသူ၏ မ်က္လုံးမ်ားက ႐ူးသြပ္မႈတို႔ျဖင့္ ေတာက္ပလာကာ ပု႐ြက္ဆိတ္မ်ားႏွင့္ ေသသည္အထိ တိုက္ခိုက္ရန္ ဆုံးျဖတ္ၿပီးသြားသည့္ပုံပင္။
သခင္ႀကီး ျမန္ျမန္သြားပါေတာ့ .. ကြၽန္ေတာ့္ကို ဒီမွာ ထားခဲ့ပါ … ကြၽန္ေတာ္ သခင္ႀကီးအတြက္ ေနာက္ဆုံးအႀကိမ္ တိုက္ခိုက္ပါရေစ"
သူ႔စကားအဆုံးတြင္ သူ၏ နတ္ဆိုးခ်ီဓာတ္မ်ား တစ္ဟုန္ထိုး တိုးပြားလာၿပီး သူသည္ သူ၏ မူလ နတ္ဆိုးဝိညာဥ္ကို ေလာင္ကြၽမ္းေစလိုက္သည္။
သူ ေအာက္သို႔ လွစ္ခနဲ ေျပးဆင္း၍ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားအား တားဆီးေတာ့မည့္ အခ်ိန္တြင္ ယဲ့ဖန္က ခ်က္ခ်င္း သူ႔နဖူးအလယ္တည့္တည့္ကို လည္ညႇိဳးႏွင့္ ထိလိုက္သည္။
ခ်က္ခ်င္းဆိုသလိုပင္ အေမွာင္သခင္သည္ ေတာင့္ခနဲ ျဖစ္သြားၿပီး ပ်ာယာခတ္သြားေသာ အမူအရာႏွင့္ ေျပာလာသည္။
"သခင္ႀကီး …ခင္ဗ်ား …"
"အေမွာင္သခင္ … မင္း ေမ့ေနၿပီလား … ငါက မင္းရဲ႕ သခင္ႀကီးေလ .. ဒါေပမဲ့ .. ငါက မင္းရဲ႕ ညီအစ္ကိုဆိုလည္း ဟုတ္တယ္ေလ"
ယဲ့ဖန္သည္ ဝမ္းနည္းေနေသာ မ်က္လုံးမ်ားႏွင့္ ေျပာလိုက္ၿပီး အ႐ူးအမူး ေသြးဆာေနေသာ မ်က္ႏွာထားျဖင့္ ဆက္ေျပာလိုက္သည္။
"ငါ့ညီအစ္ကိုက ငါ့အတြက္ ေသတဲ့အထိ တိုက္ခိုက္ေပးႏိုင္သလို ငါကလည္း ငါ့ညီအစ္ကိုအတြက္ ေသတဲ့အထိ တိုက္ခိုက္ႏိုင္တယ္"
"မွတ္ထားပါ … မင္းအသက္ကို ငါ ပိုင္တယ္ … ငါ မင္းကို ေသခြင့္မေပးသေ႐ြ႕ မင္း ေသလို႔မရဘူး"
*ဘာ*
ယဲ့ဖန္၏ စကားအဆုံးတြင္ အေမွာင္သခင္ ျပန္လည္ဝင္စားသူ၏ မ်က္ႏွာတြင္ မ်က္ရည္မ်ားႏွင့္ ျပည့္ႏွက္လာၿပီး ေအာ္ဟစ္လိုက္သည္။
"သခင္ႀကီး … မလုပ္ပါနဲ႔"
အေမွာင္သခင္ ျပန္လည္ဝင္စားသူသည္ အလြန္ စိတ္ဓာတ္က်ၿပီး မယုံႏိုင္ေသာ မ်က္ဝန္းမ်ားႏွင့္ ပ်ာယာခတ္ကာ ေၾကာက္လန႔္ေနသည္။
ယဲ့ဖန္အား အႏၲရာယ္ကို သူ႔အသက္ႏွင့္ ရင္း၍ ရင္ဆိုင္ျခင္းထက္ သူ ေသဆုံးၿပီး ဘယ္ေတာ့မွ ျပန္လည္မဝင္စားႏိုင္ေတာ့မည္ကိုသာ သူ ပိုႏွစ္သက္ပါသည္။
သို႔ေသာ္ ယဲ့ဖန္က အေမွာင္သခင္ ဝင္စားသူအား လက္ျဖင့္ အားကုန္ ႐ိုက္ထုတ္လိုက္သည္။
ဘုန္း!
အေမွာင္သခင္ ဝင္စားသူသည္ လြင့္ထြက္သြားၿပီး တားျမစ္စနစ္နားသို႔ ခ်က္ခ်င္ ေရာက္ရွိသြားသည္။ ထို႔ေနာက္ ယဲ့ဖန္သည္ လက္ကို ဆန႔္၍ နတ္ဆိုးခ်ီမွ်င္စုကို ထုတ္လႊတ္ကာ တားျမစ္စနစ္ကို ႐ိုက္ႏွက္လိုက္သည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ တားျမစ္စနစ္မွ အေပါက္တစ္ေပါက္ ထြက္ေပၚလာသည္။ ထို႔အတူ အေမွာင္သခင္ ဝင္စားသူသည္လည္း ထိုအေပါက္ထဲသို႔ ပစ္လႊတ္ခံလိုက္ရသည္။
"သတိရပါ … တားျမစ္စနစ္က သုံးႏွစ္ပဲ ထိန္းထားႏိုင္တယ္ … မင္းတို႔အားလုံး သုံးႏွစ္အတြင္း ကမာၻေျမကေန ထြက္ခြာသြားရမယ္"
ယဲ့ဖန္၏ ေနာက္ဆုံးအမွာစကား အဆုံးတြင္ အေမွာင္သခင္၏ မ်က္လုံးမွ အလြန္တရာ ေနာင္တရ၊ ပူေဆြးမႈႏွင့္အတူ ေသြးမ်က္ရည္မ်ား စီးက်လာသည္။
"သခင္ႀကီး … မျဖစ္ဘူး"
သူ႔မ်က္လုံးထဲတြင္ ယဲ့ဖန္အား ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား လႊမ္းၿခဳံသြားသည္ကို ျမင္လိုက္ရသည္။ တားျမစ္စနစ္သည္လည္း စကၠန႔္ပိုင္းအတြင္း ပိတ္သြားေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now