Chapter 247

1.3K 154 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

Chapter (247) သူက မင်းနဲ့ လက်ထပ်ဖို့ သဘောတူထားတဲ့ ခင်ပွန်းလေ
"လက်စသတ်တော့ နင်ကိုး"
မိန်းမပျိုလေး၏ အပြောကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး တစ်ချိန်တည်းမှာပင် တွေဝေသွားကြသည်။
"သခင်မလေး … သခင်မလေးက အဘိုးယဲ့နဲ့ မစ္စတာ ယဲ့ဖန်ကို သိနေတာလား"
ယဲ့ကလန်၏ သခင်ကြီးဖြစ်သူမှ ပေးသည့် အမိန့်အရ ယဲ့စန်းသည် ယဲ့ဖန်နှင့် အဘိုးယဲ့တို့ကို တကူးတက လာကြိုရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဓာတ်ပုံများကိုလည်း သူ မြင်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သူ အလွယ်တကူ မှတ်မိပါသည်။
သို့သော် ဤထင်ရာစိုင်းတတ်သည့် သခင်မလေးကလည်း သူတို့ကို သိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
ယဲ့စန်း၏ စကားကြောင့် မိန်းမပျို‌လေး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ အံကို ကြိတ်၍ ပြောလာသည်။
"တတိယဘိုးဘိုး … အဲ့ကောင်ပဲ … အဲ့ခွေးကောင်လေးက သမီးကို ရိုက်လိုက်တာ"
*ဘာ*
သူမစကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး မှင်တက်သွားကြသည်။
ယဲ့ဖန့်ချန်က အောင့်သီးအောင့်သက် အပြုံးမျိုး ပြုံးလိုက်မိသည်။ ယဲ့ဖန် ရိုက်နှက်လိုက်သည့် မိန်းကလေးက ပင်မ ယဲ့ကလန်က သခင်မလေး ယဲ့လန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ခပ်အေးအေး ပြောလာသည်။
"ငါက မင်းကို ရိုက်တာ မဟုတ်ပါဘူး … မင်းကို ဘယ်လို ယဉ်ယဉ်ကျေးကျေး ပြုမူရမလဲ ဆိုတာကို သင်ပေးတာပါ"
*ယဉ်ယဉ်ကျေးကျေး ပြုမူအောင် ဟုတ်လား*
သူ့စကားကြောင့် ယဲ့လန် ပေါက်ကွဲသွားသည်။
*ဒီသူတောင်းစားက ငါ့ကို ရိုက်ရုံတင်မကဘူး ငါ့ကို မယဉ်ကျေးဘူး ဆိုပြီးတော့တောင် အပြစ်တင်နေသေးတယ်*
"သူတောင်းစား နင် က ကျင့်ဝတ်ထုံးတမ်းတွေကို သိလို့လား … နင့်လို အရိုင်းအစိုင်းကောင် ခွေးသူတောင်းစားက ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြုမူဖို့ သင်ပေးရဲတယ်…"
ယဲ့ဖန်က ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးကဲ့သို့ ယဲ့ဖန်အား ဆက်၍ အပြစ်တင်နေသည်။
သို့သော် သူမ မဆုံးသေးခင်မှာပင် သူမ ထပ်မံ၍ ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ လူတိုင်း အံ့အားသင့်သွားကြသည်။
ယဲ့စန်းနှင့် သူ၏ သက်တော်စောင့်များ ရှေ့၌ ယဲ့ဖန်က ယဲ့လန်အား ရိုက်ရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ယဲ့ဖန်က သူတို့၏ နားဝေတိမ်တောင် အကြည့်များကို လုံးဝ ဂရုမစိုက်ပါ။ သူက မျက်လုံးကိုသာ အသာမှေးစင်း၍ ကြည့်နေပြီး သူ့မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်နေသည်။
"ငါ မင်းကို ပြောချင်တဲ့ ကျင့်ဝတ်ထုံးတမ်းကတော့မင်း အရိုက်ခံရနိုင်တဲ့ အခြေအနေမှာ သောက်ရေးမပါတာတွေ မပြောဖို့ပဲ"
*သေစမ်း*
သူ့စကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
*ဘယ်လိုလူလဲဟ*
သူတို့မျက်လုံးများက ချက်ချင်း တောက်ပလာသည်။ ယဲ့လန်အား တစ်စုံတစ်ယောက်က အများရှေ့မှ ဆက်တိုက် ပါးရိုက်ခြင်းက ဒါပထမဆုံးပင် ဖြစ်သည်။
"အား…အာ…အား…."
ယဲ့လန် ပေါက်ကြွလို့လာသည်။ ဒေါသထွက်နေသော ခြင်္သေ့မလေးကဲ့သို့ သူမက ဆက်တိုက် အော်ဟစ်နေရင်း ယဲ့စန်းနှင့် သက်တော်စောင့်များက မာန်မဲနေသည်။
"နင်တို့ ဘာရပ်ကြည့်နေကြတာလဲ … ငါ သူရိုက်တာ ခံနေရတာလေ …. သူ့ကို မြန်မြန် ပြန်ရိုက်နှက်ကြပါလား … သူ့လက်တွေကို ချိုးပစ်လိုက်ကြ"
ယဲ့လန်က အလွန် မုန်းတီးနေဟန်ဖြင့် အော်ဟစ်နေသည်။ သို့သော် သူမ၏ တောင်းဆိုမှုကို ကြားပြီးနောက် ယဲ့စန်းက သူမကို စကားသာ ပြောလာသည်။
"သခင်မလေး … ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ … မစ္စတာယဲ့က လူအိုကြီး ထောက်ခံမှုပေးတာကို ရထားတဲ့သူပါ … အစေခံ ဖြစ်တဲ့ ကျွန်တော်တို့ အနေနဲ့ ဒီလို လုပ်လို့ မဖြစ်ပါဘူး … သခင်မလေးအနေနဲ့ မကျေနပ်တာ ရှိရင် လူအိုကြီးကိုသာ တိုက်ရိုက်ပြောပေးပါ"
*ဘာ*
သူ့စကားကြောင့် မီးထဲ ဆီကောက်ထည့်လိုက်သလို ပို၍ ဒေါကန်သွားသည်။
"ခွေးကောင် … ခွေးကောင် … နင်တို့အားလုံး ခွေးကောင်တွေ"
"ငါက ယဲ့ကလန်က သခင်မလေးဟဲ့ ဒါပေမယ့် ငါက လူဆိုးကောင်ရဲ့ ရိုက်နှက်တာကို ခံနေရတယ် … ငါ …"
ဖြန်း!
သူမ ဆုံးအောင်တောင် မပြောလိုက်ရသေးခင်မှာပင် နောက်ထပ် ရိုက်ချက် တစ်ချက်က ထပ်ရောက်လာသဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
အလွန် ခက်ထန်သော အကြည့်များဖြင့် ယဲ့ဖန်က ယဲ့လန်အား ကြည့်ကာ ပြောလိုက်သည်။
"မင်း နောက်ထပ် အသံတစ်သံတောင် ထပ်ထွက်ရဲမယ်ဆို ငါ မင်းလျှာကို ဖြတ်ပစ်မယ်"
ချက်ချင်းဆိုသလိုပင် ယဲ့လန်တစ်ယောက် သားရဲရိုင်းတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ မျက်နှာပေါ်မှ နာကျင်မှုကို သူမ မေ့လျော့နေပြီ ဖြစ်သည်။ သူမ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်နေသည်ကိုသာ ခံစားနေမိသည်။
ယဲ့ဖန်က သူမအား သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ ကြည့်နေသည်။ ယဲ့လန်သည် အကယ်၍ သူမသာ အသံတစ်သံ ထပ်ထွက်ပါက ဒီလူ သူမကို တကယ် လျှာဖြတ်ပစ်မည်ဟု ခံစားနေမိသည်။
ထို့ကြောင့် သူမ လျှာသိမ်း၍ ဆဲဆိုချင်သည့် စကားလုံးများကို မျိုချထားလိုက်ရသည်။ သူမ၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်က ကျေနပ်သွားသလို ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကြည့်ရတာ မင်း ယဉ်ယဉ်ကျေးကျေး ဘယ်လို ပြုမူရမယ်ဆိုတာကို အနေအထားတစ်ခုလောက်ထိ သိသွားပြီနဲ့ တူတယ်"
ထိုသို့ပြောပြီး ယဲ့ဖန်ကBentley အမှတ်တံဆိပ် ဇိမ်ခံကားပေါ်သို့ ယဲ့ဖန့်ချန် နှင့်အတူ တက်သွားသည်။
*ကောင်စုတ် ကြည့်ကြသေးတာပေါ့ … ငါတို့ ယဲ့အိမ်တော်ကို ရောက်တာနဲ့ နင့်ကို အရေခွံ ဆုတ်ပစ်ဖို့ ငါ့အဘိုးကို ပြောမယ်*
ယဲ့လန်က ထိုသို့တွေး၍ ကားပေါ်သို့ မကျေမနပ်နှင့် တက်လိုက်သည်။
….
ယန်ကျင့်မြို့ရှိ ယဲ့ကလန်သည် ကျော်ကြားသော ကလန်တစ်ခု ဖြစ်သည်။ သူတို့၏ ကလန်ခွဲများက ဟွာရှ နိုင်ငံအနှံ့ ရှိသည်။
ယန်ကျင့်မြို့ရှိ ဆင်ခြေဖုံးဒေသ၌ ဧရာမ အိမ်တော်ကြီးတစ်ခု တည်ရှိသည်။ ထိုအိမ်တော်သည် ယဲ့ကလန်၏ ပင်မ အိမ်တော် ဖြစ်ပေသည်။
Bentley အမှတ်တံဆိပ် ဇိမ်ခံကားတစ်စီးသည် ထိုအိမ်တော်၌ ရပ်လိုက်ပြီးနောက် ယဲ့စန်းက ယဲ့ဖန်နှင့် ယဲ့ဖန့်ချန်တို့အား ဧည့်ခန်းမသို့ ဖြည်းဖြည်းချင်း လမ်းပြလာသည်။
ဧည့်ခန်းထဲ မဝင်ခင်တွင် ခပ်ချောချော လူငယ်လေးတစ်ယောက်က သူတို့ထံသို့ ပြုံး၍ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူငယ်လေးသည် တစ်မူထူးခါးပြီး ယဉ်ကျေး သိမ်မွေ့စွာ ပြုမူ၏။ သူသည် ယဲ့ဖန့်ချန်အား အနည်းငယ် ဦးညွတ် ဂါဝရပြု၍ နှုတ်ဆက်လာသည်။
"အဘိုးယဲ့ … တွေ့ရတာ ဝမ်းသာပါတယ် … ကျွန်တော်က ယဲ့ရီယွင်ပါ"
*ယဲ့ရီယွင်*
သူ့နာမည်ကို ကြားပြီးနောက် ယဲ့ဖန့်ချန် အလွန် ထိတ်လန့်သွားရသည်။ ယဲ့ရီယွင်သည် ပင်မ ယဲ့ကလန် မှ လူငယ်များ၏ ခေါင်းဆောင်ဖြစ်ပြီး ပင်မ ယဲ့ကလန်၏ နောင်ကလန်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
"သခင်လေးယွင် … မင်းက အတော်လေး ယဉ်ကျေးနေပါပြီ … ဒီလူအိုကြီးကသာ မင်းကို အရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာပါ"
ယဲ့ကလန်သည် စည်းမျဉ်းနှင့် ပတ်သက်၍ တင်းကျပ်စွာ လိုက်နာရန် သတ်မှတ်ထားသည်။
ပင်မ ယဲ့ကလန်၏ နောင်ကလန်ခေါင်းဆောင် ဖြစ်လာမည့် ယဲ့ရီယွင်၏ အဆင့်အတန်းသည် ပင်မ ယဲ့ကလန်၌ လူအိုကြီးယဲ့နှင့် တန်းတူနီးပါး ရှိသည်။
ယဲ့ကလန်ခွဲများ၏ ခေါင်းဆောင်များတောင်မှ သူ့အား ပင်မ ယဲ့ကလန်၏ နောင် ကလန်ခေါင်းဆောင်အဖြစ် ဆက်ဆံရမည် ဖြစ်မည်။
သို့သော် ယဲ့ရီယွင်က ယဲ့ဖန့်ချန်အား အလွန် ယဉ်ကျေးစွာ ဆက်ဆံသဖြင့် ယဲ့ဖန့်ချန် အလွန် ပျော်ရွှင်သွားသည်။
ယဲ့ဖန့်ချန်၏ မျက်နှာထားကို ကြည့်ပြီး သဘောထားကြီးသော အပြုံးဖြင့် ပြောလိုက်သည်။
"အဘိုးက ကျွန်တော့်ရဲ့ အကြီးအကဲပဲဗျာ …ကျွန်တော်က အဘိုးကို အငယ်တစ်ယောက်အနေနဲ့ အရင် နှုတ်ဆက်သင့်တာပေါ့"
ထိုသို့ပြောပြီး သူက ယဲ့ဖန်အား လှည့်ကြည့်ကာ သဘောကောင်းဟန်ဖြင့် ပြောလိုက်သည်။
"ဒီကတစ်ယောက်က နာမည်ကြီးနေတဲ့ အစ်ကို ယဲ့ဖန်ဖြစ်မယ်"
"တွေ့ရတာ ဝမ်းသာပါတယ် … ငါက ယဲ့ရီယွင်ပါ"
ယဲ့ရီယွင်သည် အတော်လေး တည်ငြိမ်၍ ကြင်နာတတ်ပုံ ပေါ်သဖြင့် သူ့ကို မြင်သည့် သူတိုင်း သဘောထားကောင်းသည်ဟု ခံစားရစေသည်။
အနည်းငယ် အံ့အားသင့်သွားပြီးနောက် ယဲ့ဖန်က လက်ဆန့်၍ နှုတ်ဆက်လိုက်သည်။
"ယဲ့ဖန်ပါ"
နှစ်ယောက်သား အသာအယာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
"ဟားဟားဟား … ခင်ဗျားနဲ့ တွေ့ရတာ ကျွန်တော့်အတွက် အတော်လေး ဂုဏ်ယူစရာပါပဲ … ဖန် … အထဲဝင်ကြပါဦး … ကျွန်တော့်အဘိုးက ခင်ဗျားတို့ကို စောင့်နေတာ အတော်လေး ကြာပါပြီ"
ထိုသို့ပြောပြီး သူက သူတို့အား ဧည့်ခန်းထိသို့ ခေါ်သွားရန် ပြင်လိုက်သည်။
"ရီယွင်"
ထိုအချိန်တွင် ယဲ့လန်က ပြေးလာပြီး ယဲ့ရီယွင်၏ လက်မောင်းကို ဖက်၍ ပြောလိုက်သည်။
"ရီယွင် … အဲ့ကောင်က ငါ့ကို ရိုက်တယ် … နင် ငါ့နစ်နာမှုအတွက် လက်စားချေပေးရမယ်"
ယဲ့လန်သည် ယဲ့ရီယွင်နှင့် အလွန် ရင်းနှီးပုံရသည်။ သူမသည် အလိုလိုက်ခံရ၍ ပျက်စီးနေသော ကလေးကဲ့သို့ ပြုမူနေသည်။
သူမတောင်းဆိုမှုကြောင့် ယဲ့ရီယွင်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။
"ယဲ့လန် … တော်တော့ … နောက်မှ ပြောကြရအောင်"
ထိုသို့ပြောပြီး ယဲ့ရီယွင်က သူမ ခေါင်းလေးကို ပုတ်၍ ယဲ့ဖန်နှင့် ယဲ့ဖန့်ချန်တို့အား ဧည့်ခန်းမထဲသို့ ခေါ်ဆောင်သွားသည်။
ပင်မ ယဲ့ကလန်၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ရှုံးသည် ဧည့်ခန်းမတွင်း၌ ငြိမ်၍ ထိုင်နေပြီး ကျန်သိုင်းပညာရှင်များနှင့် ယဲ့ကလန် တိုက်ရိုက်မျိုးဆက်များက ဘေးတစ်ဘက်တစ်ချက်စီ၌ ငြိမ်သက်စွာ ရပ်နေကြသည်။
သိပ်မကြာခင်မှာပင် ယဲ့ဖန့်ချန် ဧည့်ခန်းမထဲသို့ ဝင်လာသည်၊ သူက ပင်မ ယဲ့ကလန်၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ရှုံးအား ဦးညွှတ် အရိုအသေပေး၍ နှုတ်ဆက်လာသည်။
"အရိုအသေပေးပါတယ် … မြင့်မြတ်တဲ့ သခင်ကြီးခင်ဗျား … ကျွန်တော်က ယဲ့ဖန့်ချန်ပါ"
"ဟားဟားဟား…"
ယဲ့ရှုံးက အလျင်အမြန် ထကာ ယဲ့ဖန့်ချန်အား ဆွဲထူလိုက်ပြီး ဖော်ရွေ ပျူငှာစွာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဖန့်ချန် … မတွေ့ရတာ ကြာပြီပဲ … ခုံမှာ မြန်မြန်ထိုင်လိုက်"
ထိုသို့ပြောပြီး ယဲ့ရှုံးက ယဲ့ဖန့်ချန်အား သူ့အနားမှ ခုံတွင် ထိုင်ရန် ပြောလိုက်သည်။ ထို့နောက် သူတို့အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်ကြသည်။
ယဲ့ဖန်က ယဲ့ရှုံးရှေ့၌ လုံးဝ ဒူးထောက်ခြင်း မပြုသည်ကို သိလိုက်ရပြီးနောက် ပင်မ ယဲ့ကလန်၏ သိုင်းပညာရှင်များနှင့် တိုက်ရိုက် မျိုးဆက်များအားလုံး ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။
"အတင့်ရဲလိုက်တဲ့ ဂျူနီယာပါလား … မင်း ဘာလို့ မြင့်မြတ်တဲ့ သခင်ကြီးရှေ့မှာ ဒူးမထောက်ရတာလဲ"
ပင်မ ယဲ့ကလန်ရဲ့ ဒုတိယသခင်လေး ယဲ့ရီဖေးက ယဲ့ဖန်အား ခက်ထန်စွာ ကြည့်၍ မာန်မဲ ပြောဆိုလိုက်သည်။
ထို့နောက် ယဲ့လန်က ယဲ့ရှုံးရှိရာသို့ တန်းနေအောင် ပြေးလာပြီး ယဲ့ဖန်အား လက်ညှိုးထိုး၍ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဘိုးဘိုး အဲ့ကောင်က သမီးကို ရိုက်တယ် … သူ သမီးကို ရိုက်တယ်"
*ဘာ*
သူမစကားကြောင့် ခန်းမထဲရှိ လေထုသည် ချက်ချင်း အေးစိမ့်လာကာ လူတိုင်းက ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြသည်။
သူက ပင်မ ယဲ့ကလန်၏ မြင့်မြတ်သော သခင်ကြီးရှေ့မှာလည်း ဒူးမထောက်ခဲ့။ သူက ပင်မ ယဲ့ကလန်ရဲ့ သခင်မလေးကိုလည်း ပါးရိုက်ခဲ့သေးသည်။
သူ တော်တော် လွန်နေပြီပဲ။ သို့သော် သူမစကားကို ကြားပြီးသော်လည်း ယဲ့ရှုံးက မည်သည့် ထင်မြင်ချက်မှ မပေးပေ။
သူက ယဲ့ဖန်အား မျက်လုံးကို မှေးစင်း၍ ကြည့်နေပြီး ပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။
"မဆိုးဘူး … သူက အရည်အချင်း ရှိတယ် … သူက တကယ့်ကို ယဲ့ကလန်ရဲ့ ပါရမီရှင်ပဲ"
ထို့နောက် သူက ယဲ့ဖလန်အား ကြည့်ကာ ပြောလိုက်သည်။
"လန် … မင်းရဲ့ သတို့သားလောင်းကို နှုတ်ဆက်လိုက်ဦးလေ"
*ဘာ*
ယဲ့ရှုံး၏ စကားကြောင့် ယဲ့လန် တစ်ခဏမျှ မှင်တက်သွားပြီးမှ ပြန်မေးလိုက်သည်။
"ဘယ်သူက သမီးရဲ့ သတို့သားလောင်းလဲ"
ထိုအခါ ယဲ့ရှုံးက ယဲ့ဖန်အား လက်ညှိုးထိုးပြလိုက်သည်၊ ထို့နောက် လျင်မြန်စွာ လက်ပြန်ရုတ်လိုက်သဖြင့် ယဲ့လန်နှင့် အခြားကလန်သားများကို တွေဝေသွားစေသည်။
"သူက မင်းနဲ့ လက်ထပ်ထားဖို့ သဘောတူထားတဲ့ ခင်ပွန်းလောင်းလေ"
#ZAWGYI
စာစဥ္ (17) Chapter (247) သူက မင္းနဲ႔ လက္ထပ္ဖို႔ သေဘာတူထားတဲ့ ခင္ပြန္းေလ
"လက္စသတ္ေတာ့ နင္ကိုး"
မိန္းမပ်ိဳေလး၏ အေျပာေၾကာင့္ ယဲ့စန္းႏွင့္ သက္ေတာ္ေစာင့္မ်ား အားလုံး တစ္ခ်ိန္တည္းမွာပင္ ေတြေဝသြားၾကသည္။
"သခင္မေလး … သခင္မေလးက အဘိုးယဲ့နဲ႔ မစၥတာ ယဲ့ဖန္ကို သိေနတာလား"
ယဲ့ကလန္၏ သခင္ႀကီးျဖစ္သူမွ ေပးသည့္ အမိန႔္အရ ယဲ့စန္းသည္ ယဲ့ဖန္ႏွင့္ အဘိုးယဲ့တို႔ကို တကူးတက လာႀကိဳရန္ လာေရာက္ခဲ့ျခင္း ျဖစ္သည္။ သူတို႔၏ ဓာတ္ပုံမ်ားကိုလည္း သူ ျမင္ခဲ့ၿပီးသား ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ကို သူ အလြယ္တကူ မွတ္မိပါသည္။
သို႔ေသာ္ ဤထင္ရာစိုင္းတတ္သည့္ သခင္မေလးကလည္း သူတို႔ကို သိေနလိမ့္မည္ဟု သူ ထင္မွတ္မထားခဲ့မိပါ။
ယဲ့စန္း၏ စကားေၾကာင့္ မိန္းမပ်ိဳေလး၏ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာကာ အံကို ႀကိတ္၍ ေျပာလာသည္။
"တတိယဘိုးဘိုး … အဲ့ေကာင္ပဲ … အဲ့ေခြးေကာင္ေလးက သမီးကို ႐ိုက္လိုက္တာ"
*ဘာ*
သူမစကားေၾကာင့္ ယဲ့စန္းႏွင့္ သက္ေတာ္ေစာင့္မ်ား အားလုံး မွင္တက္သြားၾကသည္။
ယဲ့ဖန႔္ခ်န္က ေအာင့္သီးေအာင့္သက္ အၿပဳံးမ်ိဳး ၿပဳံးလိုက္မိသည္။ ယဲ့ဖန္ ႐ိုက္ႏွက္လိုက္သည့္ မိန္းကေလးက ပင္မ ယဲ့ကလန္က သခင္မေလး ယဲ့လန္ ျဖစ္ေနလိမ့္မည္ဟု သူ ထင္မထားခဲ့မိပါ။
သို႔ေသာ္ ထိုအခ်ိန္တြင္ ယဲ့ဖန္က ခပ္ေအးေအး ေျပာလာသည္။
"ငါက မင္းကို ႐ိုက္တာ မဟုတ္ပါဘူး … မင္းကို ဘယ္လို ယဥ္ယဥ္ေက်းေက်း ျပဳမူရမလဲ ဆိုတာကို သင္ေပးတာပါ"
*ယဥ္ယဥ္ေက်းေက်း ျပဳမူေအာင္ ဟုတ္လား*
သူ႔စကားေၾကာင့္ ယဲ့လန္ ေပါက္ကြဲသြားသည္။
*ဒီသူေတာင္းစားက ငါ့ကို ႐ိုက္႐ုံတင္မကဘူး ငါ့ကို မယဥ္ေက်းဘူး ဆိုၿပီးေတာ့ေတာင္ အျပစ္တင္ေနေသးတယ္*
"သူေတာင္းစား နင္ က က်င့္ဝတ္ထုံးတမ္းေတြကို သိလို႔လား … နင့္လို အ႐ိုင္းအစိုင္းေကာင္ ေခြးသူေတာင္းစားက ငါ့ကို ယဥ္ယဥ္ေက်းေက်း ျပဳမူဖို႔ သင္ေပးရဲတယ္…"
ယဲ့ဖန္က ေဒါသထြက္ေနေသာ ျခေသၤ့ေပါက္ေလးကဲ့သို႔ ယဲ့ဖန္အား ဆက္၍ အျပစ္တင္ေနသည္။
သို႔ေသာ္ သူမ မဆုံးေသးခင္မွာပင္ သူမ ထပ္မံ၍ ျပင္းထန္စြာ အ႐ိုက္ခံလိုက္ရသည္။ လူတိုင္း အံ့အားသင့္သြားၾကသည္။
ယဲ့စန္းႏွင့္ သူ၏ သက္ေတာ္ေစာင့္မ်ား ေရွ႕၌ ယဲ့ဖန္က ယဲ့လန္အား ႐ိုက္ရဲလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
သို႔ေသာ္ ယဲ့ဖန္က သူတို႔၏ နားေဝတိမ္ေတာင္ အၾကည့္မ်ားကို လုံးဝ ဂ႐ုမစိုက္ပါ။ သူက မ်က္လုံးကိုသာ အသာေမွးစင္း၍ ၾကည့္ေနၿပီး သူ႔မ်က္လုံးမွ ေအးစက္စက္ အလင္းမ်ား ျဖာထြက္ေနသည္။
"ငါ မင္းကို ေျပာခ်င္တဲ့ က်င့္ဝတ္ထုံးတမ္းကေတာ့ မင္း အ႐ိုက္ခံရႏိုင္တဲ့ အေျခအေနမွာ ေသာက္ေရးမပါတာေတြ မေျပာဖို႔ပဲ"
*ေသစမ္း*
သူ႔စကားေၾကာင့္ ယဲ့စန္းႏွင့္ သက္ေတာ္ေစာင့္မ်ား မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခံစားလိုက္ရသည္။
*ဘယ္လိုလူလဲဟ*
သူတို႔မ်က္လုံးမ်ားက ခ်က္ခ်င္း ေတာက္ပလာသည္။ ယဲ့လန္အား တစ္စုံတစ္ေယာက္က အမ်ားေရွ႕မွ ဆက္တိုက္ ပါး႐ိုက္ျခင္းက ဒါပထမဆုံးပင္ ျဖစ္သည္။
"အား…အာ…အား…."
ယဲ့လန္ ေပါက္ႂကြလို႔လာသည္။ ေဒါသထြက္ေနေသာ ျခေသၤ့မေလးကဲ့သို႔ သူမက ဆက္တိုက္ ေအာ္ဟစ္ေနရင္း ယဲ့စန္းႏွင့္ သက္ေတာ္ေစာင့္မ်ားက မာန္မဲေနသည္။
"နင္တို႔ ဘာရပ္ၾကည့္ေနၾကတာလဲ … ငါ သူ႐ိုက္တာ ခံေနရတာေလ …. သူ႔ကို ျမန္ျမန္ ျပန္႐ိုက္ႏွက္ၾကပါလား … သူ႔လက္ေတြကို ခ်ိဳးပစ္လိုက္ၾက"
ယဲ့လန္က အလြန္ မုန္းတီးေနဟန္ျဖင့္ ေအာ္ဟစ္ေနသည္။ သို႔ေသာ္ သူမ၏ ေတာင္းဆိုမႈကို ၾကားၿပီးေနာက္ ယဲ့စန္းက သူမကို စကားသာ ေျပာလာသည္။
"သခင္မေလး … ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါ … မစၥတာယဲ့က လူအိုႀကီး ေထာက္ခံမႈေပးတာကို ရထားတဲ့သူပါ … အေစခံ ျဖစ္တဲ့ ကြၽန္ေတာ္တို႔ အေနနဲ႔ ဒီလို လုပ္လို႔ မျဖစ္ပါဘူး … သခင္မေလးအေနနဲ႔ မေက်နပ္တာ ရွိရင္ လူအိုႀကီးကိုသာ တိုက္႐ိုက္ေျပာေပးပါ"
*ဘာ*
သူ႔စကားေၾကာင့္ မီးထဲ ဆီေကာက္ထည့္လိုက္သလို ပို၍ ေဒါကန္သြားသည္။
"ေခြးေကာင္ … ေခြးေကာင္ … နင္တို႔အားလုံး ေခြးေကာင္ေတြ"
"ငါက ယဲ့ကလန္က သခင္မေလးဟဲ့ ဒါေပမယ့္ ငါက လူဆိုးေကာင္ရဲ႕ ႐ိုက္ႏွက္တာကို ခံေနရတယ္ … ငါ …"
ျဖန္း!
သူမ ဆုံးေအာင္ေတာင္ မေျပာလိုက္ရေသးခင္မွာပင္ ေနာက္ထပ္ ႐ိုက္ခ်က္ တစ္ခ်က္က ထပ္ေရာက္လာသျဖင့္ ခ်က္ခ်င္း ပါးစပ္ပိတ္လိုက္ရသည္။
အလြန္ ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ယဲ့ဖန္က ယဲ့လန္အား ၾကည့္ကာ ေျပာလိုက္သည္။
"မင္း ေနာက္ထပ္ အသံတစ္သံေတာင္ ထပ္ထြက္ရဲမယ္ဆို ငါ မင္းလွ်ာကို ျဖတ္ပစ္မယ္"
ခ်က္ခ်င္းဆိုသလိုပင္ ယဲ့လန္တစ္ေယာက္ သားရဲ႐ိုင္းတစ္ေကာင္၏ စိုက္ၾကည့္ျခင္း ခံလိုက္ရသလို ခံစားလိုက္ရသည္။ သူမ မ်က္ႏွာေပၚမွ နာက်င္မႈကို သူမ ေမ့ေလ်ာ့ေနၿပီ ျဖစ္သည္။ သူမ တစ္ကိုယ္လုံး ခ်မ္းစိမ့္စိမ့္ ျဖစ္ေနသည္ကိုသာ ခံစားေနမိသည္။
ယဲ့ဖန္က သူမအား သားရဲ႐ိုင္းတစ္ေကာင္ကဲ့သို႔ ရက္စက္ ၾကမ္းၾကဳတ္စြာ ၾကည့္ေနသည္။ ယဲ့လန္သည္ အကယ္၍ သူမသာ အသံတစ္သံ ထပ္ထြက္ပါက ဒီလူ သူမကို တကယ္ လွ်ာျဖတ္ပစ္မည္ဟု ခံစားေနမိသည္။
ထို႔ေၾကာင့္ သူမ လွ်ာသိမ္း၍ ဆဲဆိုခ်င္သည့္ စကားလုံးမ်ားကို မ်ိဳခ်ထားလိုက္ရသည္။ သူမ၏ အျပဳအမူကို ၾကည့္ၿပီး ယဲ့ဖန္က ေက်နပ္သြားသလို ေခါင္းညိတ္ကာ ေျပာလိုက္သည္။
"ၾကည့္ရတာ မင္း ယဥ္ယဥ္ေက်းေက်း ဘယ္လို ျပဳမူရမယ္ဆိုတာကို အေနအထားတစ္ခုေလာက္ထိ သိသြားၿပီနဲ႔ တူတယ္"
ထိုသို႔ေျပာၿပီး ယဲ့ဖန္က Bentley အမွတ္တံဆိပ္ ဇိမ္ခံကားေပၚသို႔ ယဲ့ဖန႔္ခ်န္ ႏွင့္အတူ တက္သြားသည္။
*ေကာင္စုတ္ ၾကည့္ၾကေသးတာေပါ့ … ငါတို႔ ယဲ့အိမ္ေတာ္ကို ေရာက္တာနဲ႔ နင့္ကို အေရခြံ ဆုတ္ပစ္ဖို႔ ငါ့အဘိုးကို ေျပာမယ္*
ယဲ့လန္က ထိုသို႔ေတြး၍ ကားေပၚသို႔ မေက်မနပ္ႏွင့္ တက္လိုက္သည္။
….
ယန္က်င့္ၿမိဳ႕ရွိ ယဲ့ကလန္သည္ ေက်ာ္ၾကားေသာ ကလန္တစ္ခု ျဖစ္သည္။ သူတို႔၏ ကလန္ခြဲမ်ားက ဟြာရွ ႏိုင္ငံအႏွံ႔ ရွိသည္။
ယန္က်င့္ၿမိဳ႕ရွိ ဆင္ေျခဖုံးေဒသ၌ ဧရာမ အိမ္ေတာ္ႀကီးတစ္ခု တည္ရွိသည္။ ထိုအိမ္ေတာ္သည္ ယဲ့ကလန္၏ ပင္မ အိမ္ေတာ္ ျဖစ္ေပသည္။
Bentley အမွတ္တံဆိပ္ ဇိမ္ခံကားတစ္စီးသည္ ထိုအိမ္ေတာ္၌ ရပ္လိုက္ၿပီးေနာက္ ယဲ့စန္းက ယဲ့ဖန္ႏွင့္ ယဲ့ဖန႔္ခ်န္တို႔အား ဧည့္ခန္းမသို႔ ျဖည္းျဖည္းခ်င္း လမ္းျပလာသည္။
ဧည့္ခန္းထဲ မဝင္ခင္တြင္ ခပ္ေခ်ာေခ်ာ လူငယ္ေလးတစ္ေယာက္က သူတို႔ထံသို႔ ၿပဳံး၍ ေလွ်ာက္လာသည္ကို ျမင္လိုက္ရသည္။
ထိုလူငယ္ေလးသည္ တစ္မူထူးခါးၿပီး ယဥ္ေက်း သိမ္ေမြ႕စြာ ျပဳမူ၏။ သူသည္ ယဲ့ဖန႔္ခ်န္အား အနည္းငယ္ ဦးၫြတ္ ဂါဝရျပဳ၍ ႏႈတ္ဆက္လာသည္။
"အဘိုးယဲ့ … ေတြ႕ရတာ ဝမ္းသာပါတယ္ … ကြၽန္ေတာ္က ယဲ့ရီယြင္ပါ"
*ယဲ့ရီယြင္*
သူ႔နာမည္ကို ၾကားၿပီးေနာက္ ယဲ့ဖန႔္ခ်န္ အလြန္ ထိတ္လန႔္သြားရသည္။ ယဲ့ရီယြင္သည္ ပင္မ ယဲ့ကလန္ မွ လူငယ္မ်ား၏ ေခါင္းေဆာင္ျဖစ္ၿပီး ပင္မ ယဲ့ကလန္၏ ေနာင္ကလန္ေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္သည္။
"သခင္ေလးယြင္ … မင္းက အေတာ္ေလး ယဥ္ေက်းေနပါၿပီ … ဒီလူအိုႀကီးကသာ မင္းကို အရင္ ယဥ္ယဥ္ေက်းေက်း ဆက္ဆံရမွာပါ"
ယဲ့ကလန္သည္ စည္းမ်ဥ္းႏွင့္ ပတ္သက္၍ တင္းက်ပ္စြာ လိုက္နာရန္ သတ္မွတ္ထားသည္။
ပင္မ ယဲ့ကလန္၏ ေနာင္ကလန္ေခါင္းေဆာင္ ျဖစ္လာမည့္ ယဲ့ရီယြင္၏ အဆင့္အတန္းသည္ ပင္မ ယဲ့ကလန္၌ လူအိုႀကီးယဲ့ႏွင့္ တန္းတူနီးပါး ရွိသည္။
ယဲ့ကလန္ခြဲမ်ား၏ ေခါင္းေဆာင္မ်ားေတာင္မွ သူ႔အား ပင္မ ယဲ့ကလန္၏ ေနာင္ ကလန္ေခါင္းေဆာင္အျဖစ္ ဆက္ဆံရမည္ ျဖစ္မည္။
သို႔ေသာ္ ယဲ့ရီယြင္က ယဲ့ဖန႔္ခ်န္အား အလြန္ ယဥ္ေက်းစြာ ဆက္ဆံသျဖင့္ ယဲ့ဖန႔္ခ်န္ အလြန္ ေပ်ာ္႐ႊင္သြားသည္။
ယဲ့ဖန႔္ခ်န္၏ မ်က္ႏွာထားကို ၾကည့္ၿပီး သေဘာထားႀကီးေသာ အၿပဳံးျဖင့္ ေျပာလိုက္သည္။
"အဘိုးက ကြၽန္ေတာ့္ရဲ႕ အႀကီးအကဲပဲဗ်ာ …ကြၽန္ေတာ္က အဘိုးကို အငယ္တစ္ေယာက္အေနနဲ႔ အရင္ ႏႈတ္ဆက္သင့္တာေပါ့"
ထိုသို႔ေျပာၿပီး သူက ယဲ့ဖန္အား လွည့္ၾကည့္ကာ သေဘာေကာင္းဟန္ျဖင့္ ေျပာလိုက္သည္။
"ဒီကတစ္ေယာက္က နာမည္ႀကီးေနတဲ့ အစ္ကို ယဲ့ဖန္ျဖစ္မယ္"
"ေတြ႕ရတာ ဝမ္းသာပါတယ္ … ငါက ယဲ့ရီယြင္ပါ"
ယဲ့ရီယြင္သည္ အေတာ္ေလး တည္ၿငိမ္၍ ၾကင္နာတတ္ပုံ ေပၚသျဖင့္ သူ႔ကို ျမင္သည့္ သူတိုင္း သေဘာထားေကာင္းသည္ဟု ခံစားရေစသည္။
အနည္းငယ္ အံ့အားသင့္သြားၿပီးေနာက္ ယဲ့ဖန္က လက္ဆန႔္၍ ႏႈတ္ဆက္လိုက္သည္။
"ယဲ့ဖန္ပါ"
ႏွစ္ေယာက္သား အသာအယာ လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။
"ဟားဟားဟား … ခင္ဗ်ားနဲ႔ ေတြ႕ရတာ ကြၽန္ေတာ့္အတြက္ အေတာ္ေလး ဂုဏ္ယူစရာပါပဲ … ဖန္ … အထဲဝင္ၾကပါဦး … ကြၽန္ေတာ့္အဘိုးက ခင္ဗ်ားတို႔ကို ေစာင့္ေနတာ အေတာ္ေလး ၾကာပါၿပီ"
ထိုသို႔ေျပာၿပီး သူက သူတို႔အား ဧည့္ခန္းထိသို႔ ေခၚသြားရန္ ျပင္လိုက္သည္။
"ရီယြင္"
ထိုအခ်ိန္တြင္ ယဲ့လန္က ေျပးလာၿပီး ယဲ့ရီယြင္၏ လက္ေမာင္းကို ဖက္၍ ေျပာလိုက္သည္။
"ရီယြင္ … အဲ့ေကာင္က ငါ့ကို ႐ိုက္တယ္ … နင္ ငါ့နစ္နာမႈအတြက္ လက္စားေခ်ေပးရမယ္"
ယဲ့လန္သည္ ယဲ့ရီယြင္ႏွင့္ အလြန္ ရင္းႏွီးပုံရသည္။ သူမသည္ အလိုလိုက္ခံရ၍ ပ်က္စီးေနေသာ ကေလးကဲ့သို႔ ျပဳမူေနသည္။
သူမေတာင္းဆိုမႈေၾကာင့္ ယဲ့ရီယြင္သည္ တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူက ၿပဳံး၍ ေျပာလိုက္သည္။
"ယဲ့လန္ … ေတာ္ေတာ့ … ေနာက္မွ ေျပာၾကရေအာင္"
ထိုသို႔ေျပာၿပီး ယဲ့ရီယြင္က သူမ ေခါင္းေလးကို ပုတ္၍ ယဲ့ဖန္ႏွင့္ ယဲ့ဖန႔္ခ်န္တို႔အား ဧည့္ခန္းမထဲသို႔ ေခၚေဆာင္သြားသည္။
ပင္မ ယဲ့ကလန္၏ ေခါင္းေဆာင္ျဖစ္သူ ယဲ့ရႈံးသည္ ဧည့္ခန္းမတြင္း၌ ၿငိမ္၍ ထိုင္ေနၿပီး က်န္သိုင္းပညာရွင္မ်ားႏွင့္ ယဲ့ကလန္ တိုက္႐ိုက္မ်ိဳးဆက္မ်ားက ေဘးတစ္ဘက္တစ္ခ်က္စီ၌ ၿငိမ္သက္စြာ ရပ္ေနၾကသည္။
သိပ္မၾကာခင္မွာပင္ ယဲ့ဖန႔္ခ်န္ ဧည့္ခန္းမထဲသို႔ ဝင္လာသည္၊ သူက ပင္မ ယဲ့ကလန္၏ ေခါင္းေဆာင္ျဖစ္သူ ယဲ့ရႈံးအား ဦးၫႊတ္ အ႐ိုအေသေပး၍ ႏႈတ္ဆက္လာသည္။
"အ႐ိုအေသေပးပါတယ္ … ျမင့္ျမတ္တဲ့ သခင္ႀကီးခင္ဗ်ား … ကြၽန္ေတာ္က ယဲ့ဖန႔္ခ်န္ပါ"
"ဟားဟားဟား…"
ယဲ့ရႈံးက အလ်င္အျမန္ ထကာ ယဲ့ဖန႔္ခ်န္အား ဆြဲထူလိုက္ၿပီး ေဖာ္ေ႐ြ ပ်ဴငွာစြာ ၿပဳံး၍ ႏႈတ္ဆက္လိုက္သည္။
"ဖန႔္ခ်န္ … မေတြ႕ရတာ ၾကာၿပီပဲ … ခုံမွာ ျမန္ျမန္ထိုင္လိုက္"
ထိုသို႔ေျပာၿပီး ယဲ့ရႈံးက ယဲ့ဖန႔္ခ်န္အား သူ႔အနားမွ ခုံတြင္ ထိုင္ရန္ ေျပာလိုက္သည္။ ထို႔ေနာက္ သူတို႔အားလုံးက ယဲ့ဖန္ကို ဝိုင္းၾကည့္ၾကသည္။
ယဲ့ဖန္က ယဲ့ရႈံးေရွ႕၌ လုံးဝ ဒူးေထာက္ျခင္း မျပဳသည္ကို သိလိုက္ရၿပီးေနာက္ ပင္မ ယဲ့ကလန္၏ သိုင္းပညာရွင္မ်ားႏွင့္ တိုက္႐ိုက္ မ်ိဳးဆက္မ်ားအားလုံး ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္သြားၾကသည္။
"အတင့္ရဲလိုက္တဲ့ ဂ်ဴနီယာပါလား … မင္း ဘာလို႔ ျမင့္ျမတ္တဲ့ သခင္ႀကီးေရွ႕မွာ ဒူးမေထာက္ရတာလဲ"
ပင္မ ယဲ့ကလန္ရဲ႕ ဒုတိယသခင္ေလး ယဲ့ရီေဖးက ယဲ့ဖန္အား ခက္ထန္စြာ ၾကည့္၍ မာန္မဲ ေျပာဆိုလိုက္သည္။
ထို႔ေနာက္ ယဲ့လန္က ယဲ့ရႈံးရွိရာသို႔ တန္းေနေအာင္ ေျပးလာၿပီး ယဲ့ဖန္အား လက္ညႇိဳးထိုး၍ က်ယ္ေလာင္စြာ ေျပာဆိုလိုက္သည္။
"ဘိုးဘိုး အဲ့ေကာင္က သမီးကို ႐ိုက္တယ္ … သူ သမီးကို ႐ိုက္တယ္"
*ဘာ*
သူမစကားေၾကာင့္ ခန္းမထဲရွိ ေလထုသည္ ခ်က္ခ်င္း ေအးစိမ့္လာကာ လူတိုင္းက ယဲ့ဖန္အား မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ဝိုင္းၾကည့္လာၾကသည္။
သူက ပင္မ ယဲ့ကလန္၏ ျမင့္ျမတ္ေသာ သခင္ႀကီးေရွ႕မွာလည္း ဒူးမေထာက္ခဲ့။ သူက ပင္မ ယဲ့ကလန္ရဲ႕ သခင္မေလးကိုလည္း ပါး႐ိုက္ခဲ့ေသးသည္။
သူ ေတာ္ေတာ္ လြန္ေနၿပီပဲ။ သို႔ေသာ္ သူမစကားကို ၾကားၿပီးေသာ္လည္း ယဲ့ရႈံးက မည္သည့္ ထင္ျမင္ခ်က္မွ မေပးေပ။
သူက ယဲ့ဖန္အား မ်က္လုံးကို ေမွးစင္း၍ ၾကည့္ေနၿပီး ၿပဳံးလိုက္ၿပီး စိတ္လႈပ္ရွားေနဟန္ျဖင့္ ေျပာလိုက္သည္။
"မဆိုးဘူး … သူက အရည္အခ်င္း ရွိတယ္ … သူက တကယ့္ကို ယဲ့ကလန္ရဲ႕ ပါရမီရွင္ပဲ"
ထို႔ေနာက္ သူက ယဲ့ဖလန္အား ၾကည့္ကာ ေျပာလိုက္သည္။
"လန္ … မင္းရဲ႕ သတို႔သားေလာင္းကို ႏႈတ္ဆက္လိုက္ဦးေလ"
*ဘာ*
ယဲ့ရႈံး၏ စကားေၾကာင့္ ယဲ့လန္ တစ္ခဏမွ် မွင္တက္သြားၿပီးမွ ျပန္ေမးလိုက္သည္။
"ဘယ္သူက သမီးရဲ႕ သတို႔သားေလာင္းလဲ"
ထိုအခါ ယဲ့ရႈံးက ယဲ့ဖန္အား လက္ညႇိဳးထိုးျပလိုက္သည္၊ ထို႔ေနာက္ လ်င္ျမန္စြာ လက္ျပန္႐ုတ္လိုက္သျဖင့္ ယဲ့လန္ႏွင့္ အျခားကလန္သားမ်ားကို ေတြေဝသြားေစသည္။
"သူက မင္းနဲ႔ လက္ထပ္ထားဖို႔ သေဘာတူထားတဲ့ ခင္ပြန္းေလာင္းေလ"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now