Chapter 333

1K 125 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (333) ဒီညလွန်ရင် ဘာနတ်ဘုရားမမှ ရှိတော့မှာ မဟုတ်ဘူး

“ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန် ဖြစ်နေလို့လေ”

ယဲ့ဖန်၏အသံ ထွက်ပေါ်လာသောအခါ မြို့တံခါးဝအနီးမှ သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။

*ယဲ့ဖန်*

*ဒါ နတ်ဆိုးဆန်တဲ့ နာမည်လေ*
ထိုနာမည်ကို ကြားလိုက်သည့်လူတိုင်း ချက်ချင်း ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
ခဲလ်ဆာနှင့် သူ့လူများ ထိတ်လန့်နေသော မျက်နှာများဖြင့် မှင်တက်နေကြသည်။ ထိုကြောက်မက်ဖွယ် ကောင်းသည့် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်သာ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပါ။
“ချီးပဲ မြန်မြန် ပြေးကြ”
ခဲလ်ဆာနှင့် သူ့လူများ ဖြစ်ပျက်သွားသမျှကို သတိထားမိပြီးနောက် သူသည် ချက်ချင်း ခရီနာ၏ လက်မောင်းကို ဆွဲကာ ထိတ်ထိတ်ပျာပျာနှင့် ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် သွေးပျက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ လူအုပ်ထဲရှိ လူများသည် သူတို့၏ အဝတ်အစားများကို ဆွဲဖြဲလိုက်ကြသဖြင့် အနက်ရောင် ဝတ်စုံများ ပေါ်လာသည်။
သူတို့ရှပ်အင်္ကျီ၏ ဘယ်ဘက်ရင်အုံပေါ်တွင် မနှစ်မြို့ဖွယ်ကောင်းသော နတ်ဆိုးဦးခွံကို ရေးဆွဲထားသည်။
သူတို့သည် နတ်ဆိုးအဖွဲ့နှင့် ဆင်တူလှသည်။
ရွှစ်! ရွှစ်! ရွှစ်!
ရဲရဲနီသော သွေးများစွာက မြေကြီးပေါ်၌ ဖုံးလွှမ်းလို့နေ၏။ နတ်ဘုရားမကို လေးစားကြည်ညိုသည့် နောက်လိုက်များစွာ ဝမ်းနည်းစရာ ကောင်းလောက်အောင် အသတ်ခံလိုက်ရသည်။
“သေလိုက်တော့”
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖွဲ့သည် ငရဲမှ တက်လာသော နတ်ဆိုးအဖွဲ့နှင့် သဏ္ဌာန်တူလှပေသည်။
ဓားရောင်များက လေထဲ လှစ်ခနဲ ပြေးနေပြီး နတ်ဘုရားမိကို ကြည်ညိုကြသည့် လူတိုင်း၏ ဦးခေါင်းများက လေထဲ လွင့်ပျံနေသည်။
ဤသည်ကား တစ်ဖက်သတ် သတ်ဖြတ်နေခြင်းပင်။ နတ်ဘုရားမ၏ နောက်လိုက်များစွာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။
သိုင်းပညာရှင်များစွာ လဲကျသွားကြသည်။
ရက်စက်သည်။ သွေးဆာလှ၏။
မျက်တောင် တစ်ခတ်အတွင်းမှာပင် မြို့တံခါးဝမှ သိုင်းပညာရှင်အဖွဲ့များ သတ်ဖြတ်ခံလိုက်ရသည်။
ထို့နောက် ထိုအနက်ရောင်ဝတ်စုံနှင့် လူများသည် ယဲ့ဖန်ရှေ့ ဒူးထောက်၍ နှုတ်ဆက်လာကြသည်။
“နတ်ဘုရားမ မြို့တော်ကနေ ကြိုဆိုပါတယ် သခင်ကြီး”
….
သူတို့၏ စကားများကြောင့် ခဲလ်ဆာနှင့် သူ့လူများ လုံးဝကို မှင်တက်သွားရသည်။ မြို့ထဲ၌ ပုန်းခိုနေသည့် အနက်ရောင် ဝတ်စုံနှင့် လူများသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသည်။ စုစုပေါင်း အယောက် ငါးဆယ်ကျော်သည်။
ထိုအဖွဲ့ကို ကျိုချင်းချန်၊ ဝံပုလွေရိုင်းနှင့် မိစ္ဆာ ဝိညာဉ်ရိုင်းတို့က ဦးဆောင်လာခြင်း ဖြစ်သည်။
ကျန်းရှီမြို့အား များပြားသော နတ်ဆိုးချီဓာတ် ဝင်္ကပါ လွှမ်းခြုံသွားပြီးနောက်ပိုင်း လူတော်တော်များများသည် နေ့တိုင်းနီးပါး ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်လာခဲ့ကြသည်။
သို့သော် ဆယ်ရက်ဟူသည့် အချိန်တိုလေးအတွင်း၌ ဒဏ္ဍာရီလာအဆင့် လူဦးရေက အယောက်ငါးဆယ်အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
*သခင်ကြီး*
ခဲလ်ဆာနှင့် သူ့လူများ အလွန် ထိတ်လန့်သွားကာ ချွေးများ စို့တက်လာသည်။ ခဲလ်ဆာသည် ကြောက်စိတ်ကြောင့် သူ့ခြေထောက်များ တုန်ယင်နေသလို ခံစားမိရသည်။
အခြားသူများအား စိတ်ရှုပ်ထွေးအောင် လုပ်၍ ယဲ့ဖန်အား သေတဲ့အထိ မီးရှို့စေချင်ခဲ့သည်ကို သူ သတိရမိပြီးနောက် လန့်ဖျပ်ကာ မေ့မြောလုနီးပါး ဖြစ်နေသည်။
*ငါတော့ သွားပြီ*
*ငါတော့ သေတော့မှာပဲ*
တစ်ဘက်တွင်တော့ ခရီနာ၏ မျက်လုံးလှလှလေးတွင် အလွန် စိတ်လှုပ်ရှား တက်ကြွမှုများနှင့် ပြည့်နှက်နေသည်။
သူမသည် နတ်ဘုရားမများ၏ နောက်လိုက်ထဲမှ မဟုတ်ချေ။
သို့သော် ယခုအချိန်တွင် သူမသည် ယဲ့ဖန်၏ နောက်လိုက် ဖြစ်လာတော့မတတ် ဖြစ်နေသည်။
သူမကို သေရေးရှင်ရေး အခြေအနေ၌ ကယ်ခဲ့သည့်သူက ယဲ့ဖန်ပင်။ ခရီနာက ယဲ့ဖန်အား တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးလေးများနှင့် ကြည့်နေသည်။
သို့သော် ယဲ့ဖန်ကတော့ သူမ၏ အပြုအမူများကို လုံးဝ ဂရုမစိုက်ချေ။ သူက သည်အတိုင်း နတ်ဘုရားမမြို့တော်ကို ငေးကြည့်ကာ အင်မတန် ရူးသွပ်သော အကြည့်များဖြင့် ကြည့်ကာ အမိန့်ပေးလိုက်သည်။
“သွားကြရအောင် ဒီညလွန်ရင် ဘယ်နတ်ဘုရားမမှ မရှိစေရဘူး”
“အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတင်ပြီ”
….
ယဲ့ဖန်၏ စကားကို ကြားပြီး ခဲလ်ဆာနှင့် သူ့လူများ ဘောင်းဘီတွေ စိုစွတ်မတတ် ဖြစ်သွားသည်။
*အစုလိုက် အပြုံလိုက် သတ်ဖြတ်မယ်*
ယဲ့ဖန်က သည်လောက် ကြမ်းကြုတ်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“ဟုတ်ကဲ့ သခင်ကြီး”
ညအဖွဲ့၏ နတ်ဆိုးလူသားများက မတ်တပ်ပြန်ရပ်လိုက်ကာ အေးစက်သော ဓားမော့များကို ကိုင်ဆွဲထားသည့် အသက်ရှင်နေသေးသော နောက်လိုက်များထံသို့ လှမ်းလာကြသည်။
ဓားချက်များက တစ်ချက်ပြီး တစ်ချက်ပါလား။
သူတို့သည် သားသတ်သမားများကဲ့သို့ သတ်ဖြတ်နေကြသည်။ သူတို့ ဖြည်းဖြည်းချင်း လျှောက်နေကြသော်လည်း ခြေလှမ်းတစ်လှမ်းတိုင်းတွင် နောက်လိုက်တစ်ယောက်ကို ကိုယ်နှစ်ခြမ်းကွဲသွားစေသည်။
ရူးချင်စရာကောင်းလောက်သည်။ သွေးဆာလှ၏။
ခဲလ်ဆာနှင့် သူ့လူများသည် ဤမျှ အင်အားကောင်းသော စစ်တပ်ကို မမြင်ခဲ့ဖူးချေ။ ဒဏ္ဍာရီလာအဆင့်များပင် နတ်ဆိုးလူသားများ၏ တိုက်ခိုက်မှုအောက်၌ အသက်မရှင်နိုင်ကြပေ။
သူတို့သည် အံ့ဩစရာကောင်းလှသည်။
ခဲလ်ဆာနှင့် သူ့လူများ သူတို့၏ သေခြင်းတရားကို သေချာပေါက် သိလိုက်ကြချိန်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်သံကို ကြားလိုက်ရသည်။
ထို့နောက် အမယ်အိုကြီးများ တိုက်ပွဲရှိရာသို့ ဖျတ်ခနဲ ရောက်ရှိလာသည်ကို သူတို့ မြင်လိုက်ရသည်။
“ယဲ့ဖန် ခွေးမသား သေပေတော့”
သူတို့အားလုံးသည် နတ်ဘုရားမဌာနမှ အင်အားစုများ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လျက် ရှိသည်။
နတ်ဘုရားမများက ညအဖွဲ့၏ နတ်ဆိုးလူသားများကို တားဆီးနေသည်ကို မြင်သောအခါ ခဲလ်ဆာနှင့် အခြားသော နတ်ဘုရားမများ၏ နောက်လိုက်များ တက်ကြွလာကာ အားပါးတရ ပြုံးလာကြသည်။
“ငါတို့ အသက်ရှင်နိုင်ပြီ။ နတ်ဘုရားမတွေရဲ့ အကူအညီနဲ့ဆို ယဲ့ဖန် အသတ်ခံရမှာပဲ”
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမ ဌာနမ ဒဏ္ဍာရီလာအဆင့် အားလုံးနီးပါး ရောက်ချလာသည်။ စုစုပေါင်း အယောက် တစ်ရာ ရှိသည်။
နတ်ဘုရားမ အယောက်တစ်ရာနှင့် ညအဖွဲ့သား အယောက် ငါးဆယ်။
နတ်ဘုရားမများက ချက်ချင်း အပေါ်စီးသို့ ရောက်ရှိသွားကြသည်။
သို့သော် နတ်ဘုရားမများ၏ နောက်လိုက်များက ကျူးကျော်သူများ သေတော့မည်ဟု မျှော်လင့်နေကြစဉ်တွင် ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ ခေါ်လိုက်သည်။
“ပုရွက်ဆိတ်လေး”
သူ့စကားအဆုံးတွင် ကြည့်ရှုနေသူများ၏ အံ့ဩနေသော အကြည့်များအောက်၌ ယဲ့ဖန်၏ လက်ထဲမှ ဧရာမ ပုရွက်ဆိတ်ဓားတစ်လက် ပေါ်လာပြီးနောက် ပုရွက်ဆိတ်အုံအဖြစ် ကွဲသွားကာ နတ်ဘုရားမများဆီသို့ အရူးအမူး ပြေးဝင်သွားကြသည်။
ပုရွက်ဆိတ်များသည် ချက်ချင်းဆိုသလို နတ်ဘုရားမများထံသို့ ပြေးဝင်လာကြသည်။ နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များက နတ်ဘုရားမများ၏ နောက်လိုက်များကို ကြောက်လန့်ကာ အော်ဟစ်စေခဲ့သည်။
“အား…အား…အား”
နတ်ဘုရားမများ၏ ငယ်သံပါအောင် အော်ဟစ်သံများနှင့်အတူ သူတို့၏ အရေပြားများသည် ပုရွက်ဆိတ်များ၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် သူတို့ထံမှ သွေးများ ဒလဟော စီးထွက်လာသည်။ နတ်ဆိုးလူသား အယောက်ငါးဆယ်တို့သည်လည်း ထပ်မံ၍ တိုက်စစ်ဆင်လာသည်။
သူတို့သည် သူတို့၏ ဓားမော့များကို ဝင့်၍ နတ်ဘုရားမများအား အလွယ်တကူ သတ်ဖြတ်လိုက်ကြသည်။
...
တစ်မိနစ်အတွင်းမှာပင် နတ်ဘုရားမ အယောက်တစ်ရာရှိသော တပ်ဖွဲ့၏ တစ်ဝက်ခန့် အသတ်ခံလိုက်ရလေပြီ။
အသက်ရှင်နေသေးသော သူများအားလုံးသည် သေမင်း နှုတ်ခမ်းဝ၌ ရုန်းကန်နေကြရ၏။
....
မြေကြီးပေါ်မှ နတ်ဘုရားများကို ကြည့်ပြီး နောက်လိုက်များ အလွန့်ကို အံ့အားသင့်နေကြသည်။ သူတို့စိတ်ထဲတွင် နတ်ဘုရားမ စစ်တပ်သည် အတုမရှိပေ။
သို့သော် ထိုစစ်တပ်သည် တစ်မိနစ်ပင် မပြည့်သေးသော အချိန်၌ အသတ်ခံလိုက်ရလေသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ညအဖွဲ့မှ နတ်ဆိုးလူသားများ၏ တွဲဖက်မှုက မယုံနိုင်လောက်အောင် အင်အားကြီးလှ၏။
ထိုအချိန်တွင် နတ်ဘုရားမများ၏ နောက်လိုက်များ စိတ်ဓာတ်ကျလာကြသည်။ တစ်စုံတစ်ယောက်က နတ်ဘုရားမ စစ်တပ်အား ဤသို့ ဖိနှိပ်နိုင်သော နည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပေ။
အား....
ငယ်သံပါအောင် အော်ဟစ်သံများက လမ်းတစ်လျှောက် ပဲ့တင်ထပ်နေ၏။ နတ်ဘုရားမများ၏ အရေအတွက်အား လျင်မြန်စွာ ကျဆင်းလာသည်။
ငါးဆယ်၊ လေးဆယ်၊ သုံးဆယ်။
နတ်ဘုရားများ တစ်ယောက်ပြီးတစ်ယောက် သွေးများ ပန်းထွက်၍ သေဆုံးသွားကြသည်။ နတ်ဘုရားမမြို့တော်တစ်ခုလုံး သွေးနံ့များဖြင့် လှိုင်လှိုင်ထနေသည်။ နတ်ဘုရားမများ၏ နောက်လိုက်များအားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်နေကြသည်။
“ဟာ မဖြစ်ဘူး။ နတ်ဘုရားမမြို့တော်က ကပ်ဆိုက်နေပြီ။ ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်ပြီ”
“နတ်ဆိုးတွေ။ သူတို့အားလုံးက နတ်ဆိုးတွေပဲ”
“အရှင်မ။ အရှင်မ ဘယ်ရောက်နေသလဲ”
နောက်လိုက်များ၏ မျက်နှာက ချက်ချင်းကို ပြာနှမ်းလာသည်။ ထို့နောက် သူတို့အားလုံး ဒူးထောက်၍ နတ်ဘုရားမ ဌာန ရှိရာဘက်သို့ အလွန် မျှော်လင့်ချက် ပျက်ပြားနေသံများဖြင့် အော်ဟစ်လိုက်သည်။
“ဧကရီ ကျေးဇူးပြုပြီး နတ်ဆိုးတွေကို သတ်ဖြတ်ပေးတော်မူပါ”
“ဧကရီ ကျေးဇူးပြုပြီး နတ်ဆိုးတွေကို သတ်ဖြတ်ပေးတော်မူပါ”
...
သူတို့၏ အော်သံများက နတ်ဘုရားမမြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။
ဒုန်း!
သူတို့၏ ဆုတောင်းသံများနှင့်အတူ ဧကရီတစ်ပါးက ကိုယ်ထင်ပြသကဲ့သို့ အလွန် ရွှန်းလက်သော အမျိုးသမီးတစ်ယောက် မိုးကောင်းကင်မှ ဆင်းသက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားက လေထုထဲ၌ ချက်ချင်းဆိုသလို ပျံ့နှံ့လာ၏။
သူမသည် နတ်ဘုရားမမြို့တော်၏ အရှင်သခင်ဖြစ်သူ နတ်ဘုရားမများ၏ ဧကရီဖြစ်သည်။
“ယဲ့ဖန် နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
မြေကြီးပေါ်သို့ ဆင်းသက်လာပြီးနောက် သူမ အယုံကြည်ရဆုံး နောက်လိုက်အားလုံးနီးပါးလုံး အသတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သူမက အလွန် မုန်းတီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“နင်က နတ်ဘုရားမမြို့တော်ကို ပုရွက်ဆိတ်အုံလေးနဲ့ သုတ်သင်လို့ရမယ်လို့ ထင်နေတာလား”
“နင်က အရမ်း နုံအလိုက်တာ”
ထိုသို့ပြောပြီး ဧကရီက အလွန် ခက်ထန်သော မျက်လုံးများဖြင့် ပြောလာသည်။
“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ထင်မပြတာလဲ”
သူမ၏ စကားအဆုံး၌ ကြောက်မက်ဖွယ်ကောင်းသော လူသုံးယောက် ထပ်မံ၍ ဆင်းသက်လာသည်။
ထိုသူတို့သည် အလင်းတော် ဘုန်းတော်ကြီး၊ မှော်နက်ဘုရင်မနှင့် မဟာ ကာရိုးလ်သခင်ကြီးတို့ပင် ဖြစ်ကြသည်။
ဤမျှ တိုတောင်းသည့် အချိန်လေးအတွင်းမှာပင် တကယ့်ကို သန်မာသော နတ်ဘုရားအဆင့် လေးယောက်က နတ်ဘုရားမမြို့တော်၌ ပေါ်ပေါက်လာသည်။
#ZAWGYI
စာစဥ္ (23) CHAPTER (333) ဒီညလြန္ရင္ ဘာနတ္ဘုရားမမွ ရွိေတာ့မွာ မဟုတ္ဘူး
“ဘာလို႔လဲဆိုေတာ့ ငါက ယဲ့ဖန္ ျဖစ္ေနလို႔ေလ”
ယဲ့ဖန္၏အသံ ထြက္ေပၚလာေသာအခါ ၿမိဳ႕တံခါးဝအနီးမွ သိုင္းပညာရွင္မ်ားအားလုံး လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားၾကသည္။
*ယဲ့ဖန္*
*ဒါ နတ္ဆိုးဆန္တဲ့ နာမည္ေလ*
ထိုနာမည္ကို ၾကားလိုက္သည့္လူတိုင္း ခ်က္ခ်င္း ၾကက္သီးတျဖန္းျဖန္း ထလာၾကသည္။
ခဲလ္ဆာႏွင့္ သူ႔လူမ်ား ထိတ္လန႔္ေနေသာ မ်က္ႏွာမ်ားျဖင့္ မွင္တက္ေနၾကသည္။ ထိုေၾကာက္မက္ဖြယ္ ေကာင္းသည့္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္က ဒ႑ာရီတစ္ပိုင္းအဆင့္သာ ျဖစ္ေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိၾကပါ။
“ခ်ီးပဲ ျမန္ျမန္ ေျပးၾက”
ခဲလ္ဆာႏွင့္ သူ႔လူမ်ား ျဖစ္ပ်က္သြားသမွ်ကို သတိထားမိၿပီးေနာက္ သူသည္ ခ်က္ခ်င္း ခရီနာ၏ လက္ေမာင္းကို ဆြဲကာ ထိတ္ထိတ္ပ်ာပ်ာႏွင့္ ထြက္ေျပးရန္ ျပင္လိုက္သည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ေသြးပ်က္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာသည္။ လူအုပ္ထဲရွိ လူမ်ားသည္ သူတို႔၏ အဝတ္အစားမ်ားကို ဆြဲၿဖဲလိုက္ၾကသျဖင့္ အနက္ေရာင္ ဝတ္စုံမ်ား ေပၚလာသည္။
သူတို႔ရွပ္အက်ႌ၏ ဘယ္ဘက္ရင္အုံေပၚတြင္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ နတ္ဆိုးဦးခြံကို ေရးဆြဲထားသည္။
သူတို႔သည္ နတ္ဆိုးအဖြဲ႕ႏွင့္ ဆင္တူလွသည္။
႐ႊစ္! ႐ႊစ္! ႐ႊစ္!
ရဲရဲနီေသာ ေသြးမ်ားစြာက ေျမႀကီးေပၚ၌ ဖုံးလႊမ္းလို႔ေန၏။ နတ္ဘုရားမကို ေလးစားၾကည္ညိဳသည့္ ေနာက္လိုက္မ်ားစြာ ဝမ္းနည္းစရာ ေကာင္းေလာက္ေအာင္ အသတ္ခံလိုက္ရသည္။
“ေသလိုက္ေတာ့”
အနက္ေရာင္ ဝတ္စုံကို ဝတ္ဆင္ထားသည့္ အဖြဲ႕သည္ ငရဲမွ တက္လာေသာ နတ္ဆိုးအဖြဲ႕ႏွင့္ သဏၭာန္တူလွေပသည္။
ဓားေရာင္မ်ားက ေလထဲ လွစ္ခနဲ ေျပးေနၿပီး နတ္ဘုရားမိကို ၾကည္ညိဳၾကသည့္ လူတိုင္း၏ ဦးေခါင္းမ်ားက ေလထဲ လြင့္ပ်ံေနသည္။
ဤသည္ကား တစ္ဖက္သတ္ သတ္ျဖတ္ေနျခင္းပင္။ နတ္ဘုရားမ၏ ေနာက္လိုက္မ်ားစြာ တစ္ေယာက္ၿပီးတစ္ေယာက္ အသတ္ခံလိုက္ရသည္။
သိုင္းပညာရွင္မ်ားစြာ လဲက်သြားၾကသည္။
ရက္စက္သည္။ ေသြးဆာလွ၏။
မ်က္ေတာင္ တစ္ခတ္အတြင္းမွာပင္ ၿမိဳ႕တံခါးဝမွ သိုင္းပညာရွင္အဖြဲ႕မ်ား သတ္ျဖတ္ခံလိုက္ရသည္။
ထို႔ေနာက္ ထိုအနက္ေရာင္ဝတ္စုံႏွင့္ လူမ်ားသည္ ယဲ့ဖန္ေရွ႕ ဒူးေထာက္၍ ႏႈတ္ဆက္လာၾကသည္။
“နတ္ဘုရားမ ၿမိဳ႕ေတာ္ကေန ႀကိဳဆိုပါတယ္ သခင္ႀကီး”
….
သူတို႔၏ စကားမ်ားေၾကာင့္ ခဲလ္ဆာႏွင့္ သူ႔လူမ်ား လုံးဝကို မွင္တက္သြားရသည္။ ၿမိဳ႕ထဲ၌ ပုန္းခိုေနသည့္ အနက္ေရာင္ ဝတ္စုံႏွင့္ လူမ်ားသည္ ဒ႑ာရီလာအဆင့္မ်ား ျဖစ္သည္ကို သူတို႔ ေတြ႕လိုက္ရသည္။ စုစုေပါင္း အေယာက္ ငါးဆယ္ေက်ာ္သည္။
ထိုအဖြဲ႕ကို က်ိဳခ်င္းခ်န္၊ ဝံပုေလြ႐ိုင္းႏွင့္ မိစာၦ ဝိညာဥ္႐ိုင္းတို႔က ဦးေဆာင္လာျခင္း ျဖစ္သည္။
က်န္းရွီၿမိဳ႕အား မ်ားျပားေသာ နတ္ဆိုးခ်ီဓာတ္ ဝကၤပါ လႊမ္းၿခဳံသြားၿပီးေနာက္ပိုင္း လူေတာ္ေတာ္မ်ားမ်ားသည္ ေန႔တိုင္းနီးပါး ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္လာခဲ့ၾကသည္။
သို႔ေသာ္ ဆယ္ရက္ဟူသည့္ အခ်ိန္တိုေလးအတြင္း၌ ဒ႑ာရီလာအဆင့္ လူဦးေရက အေယာက္ငါးဆယ္အထိ တိုးပြားလာခဲ့ၿပီ ျဖစ္သည္။
*သခင္ႀကီး*
ခဲလ္ဆာႏွင့္ သူ႔လူမ်ား အလြန္ ထိတ္လန႔္သြားကာ ေခြၽးမ်ား စို႔တက္လာသည္။ ခဲလ္ဆာသည္ ေၾကာက္စိတ္ေၾကာင့္ သူ႔ေျခေထာက္မ်ား တုန္ယင္ေနသလို ခံစားမိရသည္။
အျခားသူမ်ားအား စိတ္ရႈပ္ေထြးေအာင္ လုပ္၍ ယဲ့ဖန္အား ေသတဲ့အထိ မီးရႈိ႕ေစခ်င္ခဲ့သည္ကို သူ သတိရမိၿပီးေနာက္ လန႔္ဖ်ပ္ကာ ေမ့ေျမာလုနီးပါး ျဖစ္ေနသည္။
*ငါေတာ့ သြားၿပီ*
*ငါေတာ့ ေသေတာ့မွာပဲ*
တစ္ဘက္တြင္ေတာ့ ခရီနာ၏ မ်က္လုံးလွလွေလးတြင္ အလြန္ စိတ္လႈပ္ရွား တက္ႂကြမႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
သူမသည္ နတ္ဘုရားမမ်ား၏ ေနာက္လိုက္ထဲမွ မဟုတ္ေခ်။
သို႔ေသာ္ ယခုအခ်ိန္တြင္ သူမသည္ ယဲ့ဖန္၏ ေနာက္လိုက္ ျဖစ္လာေတာ့မတတ္ ျဖစ္ေနသည္။
သူမကို ေသေရးရွင္ေရး အေျခအေန၌ ကယ္ခဲ့သည့္သူက ယဲ့ဖန္ပင္။ ခရီနာက ယဲ့ဖန္အား တဖ်ပ္ဖ်ပ္ ေတာက္ပေနေသာ မ်က္လုံးေလးမ်ားႏွင့္ ၾကည့္ေနသည္။
သို႔ေသာ္ ယဲ့ဖန္ကေတာ့ သူမ၏ အျပဳအမူမ်ားကို လုံးဝ ဂ႐ုမစိုက္ေခ်။ သူက သည္အတိုင္း နတ္ဘုရားမၿမိဳ႕ေတာ္ကို ေငးၾကည့္ကာ အင္မတန္ ႐ူးသြပ္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ အမိန႔္ေပးလိုက္သည္။
“သြားၾကရေအာင္ ဒီညလြန္ရင္ ဘယ္နတ္ဘုရားမမွ မရွိေစရဘူး”
“အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ျခင္း စတင္ၿပီ”
….
ယဲ့ဖန္၏ စကားကို ၾကားၿပီး ခဲလ္ဆာႏွင့္ သူ႔လူမ်ား ေဘာင္းဘီေတြ စိုစြတ္မတတ္ ျဖစ္သြားသည္။
*အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မယ္*
ယဲ့ဖန္က သည္ေလာက္ ၾကမ္းၾကဳတ္လိမ့္မည္ဟု သူ ထင္မထားခဲ့မိပါ။
“ဟုတ္ကဲ့ သခင္ႀကီး”
ညအဖြဲ႕၏ နတ္ဆိုးလူသားမ်ားက မတ္တပ္ျပန္ရပ္လိုက္ကာ ေအးစက္ေသာ ဓားေမာ့မ်ားကို ကိုင္ဆြဲထားသည့္ အသက္ရွင္ေနေသးေသာ ေနာက္လိုက္မ်ားထံသို႔ လွမ္းလာၾကသည္။
ဓားခ်က္မ်ားက တစ္ခ်က္ၿပီး တစ္ခ်က္ပါလား။
သူတို႔သည္ သားသတ္သမားမ်ားကဲ့သို႔ သတ္ျဖတ္ေနၾကသည္။ သူတို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္ေနၾကေသာ္လည္း ေျခလွမ္းတစ္လွမ္းတိုင္းတြင္ ေနာက္လိုက္တစ္ေယာက္ကို ကိုယ္ႏွစ္ျခမ္းကြဲသြားေစသည္။
႐ူးခ်င္စရာေကာင္းေလာက္သည္။ ေသြးဆာလွ၏။
ခဲလ္ဆာႏွင့္ သူ႔လူမ်ားသည္ ဤမွ် အင္အားေကာင္းေသာ စစ္တပ္ကို မျမင္ခဲ့ဖူးေခ်။ ဒ႑ာရီလာအဆင့္မ်ားပင္ နတ္ဆိုးလူသားမ်ား၏ တိုက္ခိုက္မႈေအာက္၌ အသက္မရွင္ႏိုင္ၾကေပ။
သူတို႔သည္ အံ့ဩစရာေကာင္းလွသည္။
ခဲလ္ဆာႏွင့္ သူ႔လူမ်ား သူတို႔၏ ေသျခင္းတရားကို ေသခ်ာေပါက္ သိလိုက္ၾကခ်ိန္တြင္ ေလျပင္းမုန္တိုင္း တိုက္ခတ္သံကို ၾကားလိုက္ရသည္။
ထို႔ေနာက္ အမယ္အိုႀကီးမ်ား တိုက္ပြဲရွိရာသို႔ ဖ်တ္ခနဲ ေရာက္ရွိလာသည္ကို သူတို႔ ျမင္လိုက္ရသည္။
“ယဲ့ဖန္ ေခြးမသား ေသေပေတာ့”
သူတို႔အားလုံးသည္ နတ္ဘုရားမဌာနမွ အင္အားစုမ်ား ျဖစ္ၾကသည္။ တစ္ေယာက္ခ်င္းစီက သန္မာ၍ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားကို ထုတ္ေဖာ္လ်က္ ရွိသည္။
နတ္ဘုရားမမ်ားက ညအဖြဲ႕၏ နတ္ဆိုးလူသားမ်ားကို တားဆီးေနသည္ကို ျမင္ေသာအခါ ခဲလ္ဆာႏွင့္ အျခားေသာ နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ား တက္ႂကြလာကာ အားပါးတရ ၿပဳံးလာၾကသည္။
“ငါတို႔ အသက္ရွင္ႏိုင္ၿပီ။ နတ္ဘုရားမေတြရဲ႕ အကူအညီနဲ႔ဆို ယဲ့ဖန္ အသတ္ခံရမွာပဲ”
ခ်က္ခ်င္းဆိုသလိုပင္ နတ္ဘုရားမ ဌာနမ ဒ႑ာရီလာအဆင့္ အားလုံးနီးပါး ေရာက္ခ်လာသည္။ စုစုေပါင္း အေယာက္ တစ္ရာ ရွိသည္။
နတ္ဘုရားမ အေယာက္တစ္ရာႏွင့္ ညအဖြဲ႕သား အေယာက္ ငါးဆယ္။
နတ္ဘုရားမမ်ားက ခ်က္ခ်င္း အေပၚစီးသို႔ ေရာက္ရွိသြားၾကသည္။
သို႔ေသာ္ နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ားက က်ဴးေက်ာ္သူမ်ား ေသေတာ့မည္ဟု ေမွ်ာ္လင့္ေနၾကစဥ္တြင္ ယဲ့ဖန္က ခပ္ဖြဖြၿပဳံး၍ ေခၚလိုက္သည္။
“ပု႐ြက္ဆိတ္ေလး”
သူ႔စကားအဆုံးတြင္ ၾကည့္ရႈေနသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္၌ ယဲ့ဖန္၏ လက္ထဲမွ ဧရာမ ပု႐ြက္ဆိတ္ဓားတစ္လက္ ေပၚလာၿပီးေနာက္ ပု႐ြက္ဆိတ္အုံအျဖစ္ ကြဲသြားကာ နတ္ဘုရားမမ်ားဆီသို႔ အ႐ူးအမူး ေျပးဝင္သြားၾကသည္။
ပု႐ြက္ဆိတ္မ်ားသည္ ခ်က္ခ်င္းဆိုသလို နတ္ဘုရားမမ်ားထံသို႔ ေျပးဝင္လာၾကသည္။ ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္မ်ားက နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ားကို ေၾကာက္လန႔္ကာ ေအာ္ဟစ္ေစခဲ့သည္။
“အား…အား…အား”
နတ္ဘုရားမမ်ား၏ ငယ္သံပါေအာင္ ေအာ္ဟစ္သံမ်ားႏွင့္အတူ သူတို႔၏ အေရျပားမ်ားသည္ ပု႐ြက္ဆိတ္မ်ား၏ စုတ္ၿဖဲျခင္းကို ခံလိုက္ရသည္။
ထို႔ေၾကာင့္ သူတို႔ထံမွ ေသြးမ်ား ဒလေဟာ စီးထြက္လာသည္။ နတ္ဆိုးလူသား အေယာက္ငါးဆယ္တို႔သည္လည္း ထပ္မံ၍ တိုက္စစ္ဆင္လာသည္။
သူတို႔သည္ သူတို႔၏ ဓားေမာ့မ်ားကို ဝင့္၍ နတ္ဘုရားမမ်ားအား အလြယ္တကူ သတ္ျဖတ္လိုက္ၾကသည္။
...
တစ္မိနစ္အတြင္းမွာပင္ နတ္ဘုရားမ အေယာက္တစ္ရာရွိေသာ တပ္ဖြဲ႕၏ တစ္ဝက္ခန႔္ အသတ္ခံလိုက္ရေလၿပီ။
အသက္ရွင္ေနေသးေသာ သူမ်ားအားလုံးသည္ ေသမင္း ႏႈတ္ခမ္းဝ၌ ႐ုန္းကန္ေနၾကရ၏။
....
ေျမႀကီးေပၚမွ နတ္ဘုရားမ်ားကို ၾကည့္ၿပီး ေနာက္လိုက္မ်ား အလြန႔္ကို အံ့အားသင့္ေနၾကသည္။ သူတို႔စိတ္ထဲတြင္ နတ္ဘုရားမ စစ္တပ္သည္ အတုမရွိေပ။
သို႔ေသာ္ ထိုစစ္တပ္သည္ တစ္မိနစ္ပင္ မျပည့္ေသးေသာ အခ်ိန္၌ အသတ္ခံလိုက္ရေလသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွပါဘိ။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားႏွင့္ ညအဖြဲ႕မွ နတ္ဆိုးလူသားမ်ား၏ တြဲဖက္မႈက မယုံႏိုင္ေလာက္ေအာင္ အင္အားႀကီးလွ၏။
ထိုအခ်ိန္တြင္ နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ား စိတ္ဓာတ္က်လာၾကသည္။ တစ္စုံတစ္ေယာက္က နတ္ဘုရားမ စစ္တပ္အား ဤသို႔ ဖိႏွိပ္ႏိုင္ေသာ နည္းျဖင့္ အႏိုင္ယူႏိုင္လိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့မိၾကေပ။
အား....
ငယ္သံပါေအာင္ ေအာ္ဟစ္သံမ်ားက လမ္းတစ္ေလွ်ာက္ ပဲ့တင္ထပ္ေန၏။ နတ္ဘုရားမမ်ား၏ အေရအတြက္အား လ်င္ျမန္စြာ က်ဆင္းလာသည္။
ငါးဆယ္၊ ေလးဆယ္၊ သုံးဆယ္။
နတ္ဘုရားမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေသြးမ်ား ပန္းထြက္၍ ေသဆုံးသြားၾကသည္။ နတ္ဘုရားမၿမိဳ႕ေတာ္တစ္ခုလုံး ေသြးနံ႔မ်ားျဖင့္ လႈိင္လႈိင္ထေနသည္။ နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ားအားလုံး လိပ္ျပာလြင့္မတတ္ ထိတ္လန႔္ေနၾကသည္။
“ဟာ မျဖစ္ဘူး။ နတ္ဘုရားမၿမိဳ႕ေတာ္က ကပ္ဆိုက္ေနၿပီ။ ငါတို႔ေတာ့ အႀကီးအက်ယ္ ဒုကၡေရာက္ၿပီ”
“နတ္ဆိုးေတြ။ သူတို႔အားလုံးက နတ္ဆိုးေတြပဲ”
“အရွင္မ။ အရွင္မ ဘယ္ေရာက္ေနသလဲ”
ေနာက္လိုက္မ်ား၏ မ်က္ႏွာက ခ်က္ခ်င္းကို ျပာႏွမ္းလာသည္။ ထို႔ေနာက္ သူတို႔အားလုံး ဒူးေထာက္၍ နတ္ဘုရားမ ဌာန ရွိရာဘက္သို႔ အလြန္ ေမွ်ာ္လင့္ခ်က္ ပ်က္ျပားေနသံမ်ားျဖင့္ ေအာ္ဟစ္လိုက္သည္။
“ဧကရီ ေက်းဇူးျပဳၿပီး နတ္ဆိုးေတြကို သတ္ျဖတ္ေပးေတာ္မူပါ”
“ဧကရီ ေက်းဇူးျပဳၿပီး နတ္ဆိုးေတြကို သတ္ျဖတ္ေပးေတာ္မူပါ”
...
သူတို႔၏ ေအာ္သံမ်ားက နတ္ဘုရားမၿမိဳ႕ေတာ္အႏွံ႔ ပဲ့တင္ထပ္သြားသည္။
ဒုန္း!
သူတို႔၏ ဆုေတာင္းသံမ်ားႏွင့္အတူ ဧကရီတစ္ပါးက ကိုယ္ထင္ျပသကဲ့သို႔ အလြန္ ႐ႊန္းလက္ေသာ အမ်ိဳးသမီးတစ္ေယာက္ မိုးေကာင္းကင္မွ ဆင္းသက္လာသည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားက ေလထုထဲ၌ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔လာ၏။
သူမသည္ နတ္ဘုရားမၿမိဳ႕ေတာ္၏ အရွင္သခင္ျဖစ္သူ နတ္ဘုရားမမ်ား၏ ဧကရီျဖစ္သည္။
“ယဲ့ဖန္ နင္က ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ”
ေျမႀကီးေပၚသို႔ ဆင္းသက္လာၿပီးေနာက္ သူမ အယုံၾကည္ရဆုံး ေနာက္လိုက္အားလုံးနီးပါးလုံး အသတ္ခံလိုက္ရသည္ကို ေတြ႕လိုက္ရသည္။ သူမက အလြန္ မုန္းတီးေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“နင္က နတ္ဘုရားမၿမိဳ႕ေတာ္ကို ပု႐ြက္ဆိတ္အုံေလးနဲ႔ သုတ္သင္လို႔ရမယ္လို႔ ထင္ေနတာလား”
“နင္က အရမ္း ႏုံအလိုက္တာ”
ထိုသို႔ေျပာၿပီး ဧကရီက အလြန္ ခက္ထန္ေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
“ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ ကိုယ္ထင္မျပတာလဲ”
သူမ၏ စကားအဆုံး၌ ေၾကာက္မက္ဖြယ္ေကာင္းေသာ လူသုံးေယာက္ ထပ္မံ၍ ဆင္းသက္လာသည္။
ထိုသူတို႔သည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ ေမွာ္နက္ဘုရင္မႏွင့္ မဟာ ကာ႐ိုးလ္သခင္ႀကီးတို႔ပင္ ျဖစ္ၾကသည္။
ဤမွ် တိုေတာင္းသည့္ အခ်ိန္ေလးအတြင္းမွာပင္ တကယ့္ကို သန္မာေသာ နတ္ဘုရားအဆင့္ ေလးေယာက္က နတ္ဘုရားမၿမိဳ႕ေတာ္၌ ေပၚေပါက္လာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now