Chapter 361

1K 102 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (361) ဒါပေမယ့် … သူ့အလောင်းပဲရမယ်

ထိတ်လန့်ဖွယ်ကောင်းသော တကယ့် နတ်ဘုရားအဆင့် ငါးယောက်။
ထို့အပြင် ယဲ့ဖန်နှင့် တကယ့် နတ်ဘုရားအဆင့်ကိုပင် ဖိနှိပ်နိုင်သည့် ပုရွက်ဆိတ်များ။
ယဲ့ဖန်ဘက်တွင် တကယ့် နတ်ဘုရားအဆင့် ခုနစ်ယောက် နီးပါးရှိနေသည်။

ကုန်းစွန်းဝူကျိနှင့် ကုန်းစွန်းကလန်မှ အခြားသိုင်းပညာရှင်များ အလွန် ထိတ်လန့်သွားကြသည်။
ဟွာရှနိုင်ငံ၌ သည်လောက် အင်အားကြီးမားသော အဖွဲ့အစည်း ရှိလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမှ ထင်မထားခဲ့မိပါ။ အထူးသဖြင့် ဒဏ္ဍာရီလာအဆင့်တစ်ယောက် ဦးဆောင်သော အဖွဲ့အစည်းပင်။
အံ့ဩစရာကောင်းလှသည်။ ယခုအချိန်၌ ကုန်းစွန်းဝူကျိသည် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး အေးစက်စက် ဖြစ်သွားကာ တောင်ထိပ်ပေါ်မှ ကုန်းစွန်းကလန်သားများကို ချက်ချင်း အမိန့်ထုတ်လိုက်သည်။
“အခုချိန်ကစပြီး ကုန်းစွန်ကလန်က ဘယ်သူမဆို ယဲ့ဖန်ရဲ့ အင်အားစုကို ရန်သူလို ဆက်ဆံခွင့် မပေးဘူး”
“ငါ့အမိန့်ကို မနာခံတဲ့ သူတွေကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလန်ကနေ ထုတ်ပစ်မယ်”
သူ့အမိန့်ကြောင့် ကုန်းစွန်းကလန်သားများအားလုံး ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။ ဒါက ကုန်းစွန်းကလန်၏ အထူးအမိန့်မှန်း သူတို့ ရိပ်စားမိလိုက်ကြသည်။
ထို့ကြောင့် သူတို့ ခပ်သွက်သွက် ပြန်ပြောလိုက်ကြသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ထိုအခါမှသာ ကုန်းစွန်းဝူကျိ သက်ပြင်းချမိသည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ ယဲ့ဖန်အား တွေဝေစွာ လှမ်းကြည့်ရင်း ရေရွတ်လိုက်မိသည်။
“ကမ္ဘာကြီးရဲ့ အရှင်သခင် ပေါ်ထွန်းလာတာကို ငါ မြင်ခဲ့ပြီးပြီ။ ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းက ငနုံအဘိုးကြီးတွေ သူ့ကို ရန်မစမိပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ မဟုတ်လို့ကတော့…”
ကုန်းစွန်းဝူကျိ ဆက်မပြောနိုင်တော့ပါ၊ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကလန်နှစ်ခု၏ ဆိုးရွားလှသော အခြေအနေက ဥပမာကောင်းပင်။

ထိုသို့သော အချိန်၌ ဟွမ်ဖူအိမ်တော်တွင်းရှိ ဟွမ်ဖူရွှမ်နှင့် ဟွမ်ဖူလင်းတို့သည် ကြောက်လန့်နေသော ယုန်များကဲ့သို့ တုန်ယင်လို့နေသည်။
တောက်! တောက်!
သူ့နဖူးမှ ချွေးများက ဆက်တိုက် တဒီးဒီးစီးကျနေသည်။
နောင်တရနေကြသည်။ ယခုအချိန်၌ ဟွမ်ဖူကလန်သား နှစ်ယောက်လုံး အလွန် နောင်တရနေကြသည်။
အကယ်၍ ယဲ့ဖန်မှာ ဤမျှ တောင့်တင်းသော အင်အားရှိသည်ကို သူတို့ သိခဲ့ပါက သူတို့ ဘယ်တော့မှ သူ့ကို ရန်စရဲမည် မဟုတ်ပါ။
သို့သော် နောက်ကျသွားချေပြီ။
ထိုစဉ် ယဲ့ဖန်က ဟွမ်ဖူလင်းထံသို့ လှမ်းလာသဖြင့် သူ ကြောက်လန့်ကာ တုန်လှုပ်လာရသည်။
“မင်း သိပ်မကြာခင်တုန်းက ကျန်းရှီမြို့သားတွေကို ပုရွက်ဆိတ်လိုလူတွေလို့ သဘောထားခဲ့သလားလို့”
ယဲ့ဖန်က ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ပုရွက်ဆိတ်တစ်ကောင် အဖြစ်နေရတာ ဘယ်လိုနေလဲ”
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ ထမ်းစင်ပေါ်၌ လှဲနေရင်း သူသည် ချွေးဒီးဒီးကျနေသည်။
“ယဲ့..ယဲ့ဖန်၊ ငါက ပုရွက်ဆိတ်လိုလူပါ။ ဟွမ်ဖူကလန်က လူတွေအားလုံးကလည်း ... ပုရွက်ဆိတ်တွေပါပဲ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါ့လိုလူကို ခွင့်လွှတ်ပေးပါ”
ဟွမ်ဖူလင်း မသေချင်သေးပါ။ ဒုက္ခိတဖြစ်နေသော်ငြားလည်း သူသည် သေရမည်ကို အလွန် ကြောက်လန့်နေသေးသည်။
သူ့အသံတောင်မှ ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။
ကြောက်လန့်နေသော ဟွမ်ဖူလင်းကို ကြည့်ပြီး ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး၍ ပြန်ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ငါ့ကို ရန်စတဲ့ ဘယ်ပုရွက်ဆိတ်လို ဟာမျိုးကိုမဆို ငါက ဘယ်လိုလုပ်လေ့ရှိလဲဆိုတော့ …”
“သူတို့အားလုံးကို သေတဲ့အထိ နင်းသတ်လေ့ရှိတယ်”
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားလိုက်ရချိန်တွင် ဟွမ်ဖူလင်း ချက်ချင်း မျက်နှာပျက်သွားသည်။
“မလုပ်နဲ့”
ယဲ့ဖန်က ထိတ်လန့်ကြောက်ရွံ့နေသော ဟွမ်ဖူလင်း၏ ဦးခေါင်းအား သူ့ခြေထောက်ဖြင့် ဖြည်းဖြည်းချင်း နင်းချလိုက်သည်။
ဂျွတ်!
ဟွမ်ဖူကလန်မှ သခင်လေး၏ ဦးခေါင်းသည် ယဲ့ဖန်၏ ခြေထောက်အောက်၌ ပုရွက်ဆိတ်ကဲ့သို့ နင်းချေခံလိုက်ရလေသည်။

သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ် ကြောက်လန့်ကာ တုန်ယင်သွားသည်။
သူ လုံးဝ စိတ်မကောင်းဖြစ်သလို မခံစားရပေ၊ ထိုအစား သူ အလွန် ကြံရာမရ ဖြစ်နေသည်။
“ယဲ့…ယဲ့ဖန်၊ မင်း ငါ့ကို သတ်လို့မရဘူး။ ငါက ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ မင်း ငါ့ကို သတ်မယ်ဆိုရင် ကမ္ဘာမြေ အဖွဲ့အစည်းက မင်းကို ဘယ်တော့မှ ဒီအတိုင်း ထားမှာမဟုတ်ဘူး”
ဟွမ်ဖူရွှမ်က ယခုအချိန်၌ ကမ္ဘာမြေ အဖွဲ့အစည်းအား သူ၏ ဒိုင်းအဖြစ် အသုံးပြုရန် ကြံရွယ်လာသည်။ ကမ္ဘာမြေ အဖွဲ့အစည်းအား ကြောက်လန့်သဖြင့် ယဲ့ဖန်က သူ့ကို အသက်ရှင်ခွင့်ပေးမည်ဟုသာ သူ မျှော်လင့်မိတော့သည်။
“ကမ္ဘာမြေ အဖွဲ့အစည်းလား”
ဟွမ်ဖူရွှမ်၏ စကားကြောင့် ယဲ့ဖန်က ပြုံးလာသည်။ ထို့နောက် သူက ဟွမ်ဖူရွှမ်အား သတ်ရန် ပြင်လိုက်သည်။
ထိုစဉ် ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ ကျိန်းမောင်းသံတစ်သံ ထွက်ပေါ်လာသည်။
“ယဲ့ဖန် ရပ်လိုက်စမ်း”
ဝီ!
အားလုံး၏ အကြည့်များအောက်မှာပဲ လေထဲ၌ ဧရာမ အရာဝတ္တုတစ်ခု ဝဲပျံကာ ရောက်ရှိလာသည်။
လေဆာရောင်ခြည်သုံး စစ်သင်္ဘောပါလား။
ကောင်းကင်၌ တောင်ပံပါ သားရဲများ ကြီးစိုးလာကတည်းက ကမ္ဘာမြေ အဖွဲ့အစည်း၏ ဌာနချုပ်များမှ ယာဉ်များမှ လွဲ၍ ကျန်လေကြောင်းလိုင်းများ ရပ်စဲလိုက်ရသည်။
နောက်ဆုံးပေါ် လေဆာရောင်ခြည်သုံး စစ်သင်္ဘောသည် သံသတ္တုရိုင်းနှင့် အဖြိုက်နက်တို့နှင့် ပေါင်းစပ် ပြုလုပ်ထားခြင်း ဖြစ်ပြီး အဏုမြူစွမ်းအင်ကို အသုံးပြု၍ မောင်းနှင်ခြင်း ဖြစ်သည်။ ထိုသင်္ဘော၌ သားရဲဧကရာဇ်များကိုပင် သတ်နိုင်သည့် လေဆာရောင်ခြည်သုံး လက်နက် လေးခုပါရှိသည်။
ပျံသန်းနိုင်သော စစ်သင်္ဘောတစ်စီးပင်။
လေဆာရောင်ခြည်သုံး စစ်သင်္ဘောသည် ကမ္ဘာမြေ အဖွဲ့အစည်း ပိုင်ဆိုင်သော အရာဖြစ်သည်။
ထိုစဉ် စစ်သင်္ဘော၏ တံခါးပေါက် ပွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားသည့် လူကိုးယောက်က တောင်ထိပ်သို့ ဆင်းသက်လာသဖြင့် ဖုန်တထောင်းထောင်း ထသွားရသည်။
ထိုလူကိုးယောက်ကို မြင်သည်နှင့် ဟွမ်ဖူရွှမ်က အားတက်သရော ဖြစ်နေသော မျက်နှာနှင့် ပြောလာသည်။
“အကြီးအကဲတို့ ကျုပ်ကို ကယ်ပါဦး”
သူတို့သည် လင်းဒီလောဖ့် ဦးဆောင်သော ကမ္ဘာမြေ အဖွဲ့အစည်း၏ ထိပ်သီးအကြီးအကဲ အဖွဲ့အစည်းမှ အကြီးအကဲကိုးယောက် ဖြစ်သည်။
ထိပ်သီးအကြီးအကဲ အဖွဲ့အစည်းသည် စုစုပေါင်း ဆယ့်နှစ်ယောက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရှေးဟောင်းကလန် သုံးခုမှ တကယ့် နတ်ဘုရားအဆင့် သုံးယောက်နှင့် တကယ့်နတ်ဘုရားအဆင့် ကိုးယောက်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယခုအခါတွင် တကယ့် နတ်ဘုရားအဆင့် ကိုးယောက်လုံး ရောက်ရှိလို့လာပြီ ဖြစ်သည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
“အကြီးအကဲတို့ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦး။ ကျေးဇူးပြုပြီး ရှေးဟောင်းကလန်နှစ်ခုရဲ့ ဆုံးရှုံးမှုအတွက် လက်စားချေပေးပါ။ ယဲ့ဖန်က ကလန်နှစ်ခုလုံးကို သုတ်သင်ပစ်ပြီးတော့ အကြီးအကဲ စစ်မာကို သုတ်သင်ခဲ့ပါတယ်။ သူက ကျုပ်ကိုတောင်မှ သတ်ချင်နေတာ”
ဟွမ်ဖူရွှမ် အော်ဟစ်ပြောဆိုလေတော့သည်။ သူ့စကားကို ကြားပြီး အကြီးအကဲ ကိုးယောက်လုံး ထိတ်လန့်သွားကြသည်။
ဟွမ်ဖူအိမ်တော်ရှိ အလောင်းတောင်ကြီးကို ကြည့်ပြီး သူတို့ ချက်ချင်း ဒေါသထွက်လာကြသည်။
“ယဲ့ဖန် မင်း ဘာလုပ်လိုက်သလဲဆိုတာကို မင်း သတိထားမိရဲ့လား”
မဟာအကြီးအကဲ လင်းဒီလော့ဖ်က ဒေါသထွက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။
သို့သော် သူ့စကားကြောင့် ယဲ့ဖန်က တစ်ချက်လှမ်းကြည့်ကာ ခက်ထန်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ကျုပ် ဘာအပြစ်များ ကျူးလွန်မိသလဲ”
“မင်းက ကမ္ဘာမြေ အဖွဲ့အစည်းက အကြီးအကဲတစ်ယောက်ကို သတ်ခဲ့ပြီးတော့ ရှေးဟောင်းကလန်နှစ်ခုကို သုတ်သင်ခဲ့တယ်။ မင်း အပြစ်တွေကို ဝန်မခံဘူးလား”
လင်းဒီလော့ဖ်က ဒေါသတကြီး ဆက်ပြောလိုက်သည်။
“မင်း ဓားကို မြန်မြန်ချပြီးတော့ ငါနဲ့အတူ ကမ္ဘာမြေ အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို လိုက်ခဲ့၊ ပြီးရင် ကမ္ဘာမြေ တရားရုံးရဲ့ ထိပ်တန်း တရားစစ်ဆေးစီရင်ခြင်းကို လက်ခံလိုက်”
*ဘာ*
လင်းဒီလော့ဖ်၏ စကားကြောင့် ထို့ပါယွင်နှင့် ယဲ့ဖန်ဘက်မှ အခြားသူများအားလုံး ဒေါသထွက်သွားကြသည်။
ယဲ့ဖန် အမိန့်ပေးလိုက်ပါက သူတို့ ထိုအကြီးအကဲများကို ချက်ချင်း သတ်ပစ်မှာပင်။
သို့သော် လင်းဒီလော့ဖ်၏ စကားကြောင့် ယဲ့ဖန်က နတ်ဆိုးသဖွယ် ရယ်မော၍ ပြောလိုက်သည်။
“လူသား အကြီးအကဲတွေလား။ ရှေးဟောင်း လူသားကလန်တွေလား”
“သူတို့ သားရဲဧကရာဇ်ကို အညံ့ခံခဲ့တုန်းက ကမ္ဘာမြေ အဖွဲ့အစည်းဆိုတာကြီးက ဘယ်ရောက်နေလဲ။ သူတို့ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဖို့ ကြံစည်တုန်းက အဲ့ဒီကမ္ဘာမြေ အဖွဲ့အစည်းက ဘယ်မလဲ”
“မင်းတို့လူသားအကြီးအကဲဆိုတဲ့ လူတွေအားလုံးက တစ်ကိုယ်ကောင်းဆန်တယ်။ မင်းတို့ ဒေါသတွေအတွက် ထွက်ပေါက်ရှာတုန်းက လူသားတွေ သေမလား၊ ရှင်သလားဆိုတာကို မင်းတို့ ဂရုမစိုက်ခဲ့ဘူး။ ကမ္ဘာမြေ အဖွဲ့အစည်းက သုံးစားမရဘူးပဲ”

အကြီးအကဲ ကိုးယောက်လုံး ယဲ့ဖန်၏ စကားကြောင့် နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ကမ္ဘာမြေ အဖွဲ့အစည်း၏ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သည့်အလျောက် သူတို့ ဤကဲ့သို့ ချေပပြောဆိုခြင်း မခံခဲ့ရဖူးပါ။
ယဲ့ဖန်သည် သူတို့၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေသည်။
“သေစမ်း”
အကြီးအကဲကိုးယောက်လုံး၏ မျက်နှာများ သုန်မှုန်လို့လာသည်။ သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး ဟွမ်ဖူရွှမ်သည် တက်ကြွလာပြီး မကောင်းသော စိတ်ဓာတ်ဖြင့် သွေးထိုးလေတော့သည်။
“မဟာအကြီးအကဲ ခင်ဗျား မြင်တယ်မလား။ သူက ထိန်းမနိုင်သိမ်းမရတဲ့ လူသတ်သမားသာသာပဲ”
သူက ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းကို မလေးစားသလို ကမ္ဘာမြေ အဖွဲ့အစည်းကိုလည်း ထီမထင်သလို လုပ်နေတာ။ သူ့ကို သတ်ပါ၊ သူ့ကို အခုသတ်ပစ်လိုက်ပါ”
ဟွမ်ဖူရွှမ် ပီတိဖြစ်လို့နေသည်။ ယဲ့ဖန်နှင့် အကြီးအကဲ ကိုးယောက်တို့ တိုက်ခိုက်သည်ကို သူ မြင်ချင်နေသည်။
အကြီးအကဲကိုးယောက်၏ အကူအညီနှင့် သူ ယဲ့ဖန်ကို သတ်ချင်နေခဲ့သည်။
သူ့စကားကြောင့် လင်းဒီလော့ဖ်၏ မျက်နှာထားက တင်းမာလို့လာသည်။ ထို့နောက် သူက ယဲ့ဖန်မျက်လုံးကို စေ့စေ့ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ယဲ့ဖန်၊ ဘာပဲဖြစ်ဖြစ် ဟွမ်ဖူရွှမ်က လူသား အကြီးအကဲ တစ်ယောက်ပဲ။ မင်း သူ့ကို သတ်ဖို့ အဆင့်မမီဘူး”
“ထိပ်သီး အကြီးအကဲများ အဖွဲ့အစည်းက သူ့ကို ဒီနေရာကနေ ခေါ်သွားမှကို ဖြစ်မယ်”
*သူ့ကို ခေါ်သွားမယ်*
“ကောင်းပြီလေ”
ယဲ့ဖန်က အလွန် မနှစ်မြို့ဖွယ်ကောင်းသော မျက်လုံးနှင့် လှောင်ရယ်၍ ပြောလိုက်သည်။
“ခင်ဗျားတို့ ခေါ်သွားနိုင်တယ်”
“ဒါပေမယ့် သူ့အလောင်းပဲ ရမယ်”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အကြီးအကဲများ အကြီးအကျယ် မှင်တက်သွားကြသည်။
ရွှစ်!
သို့သော် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ချိန်တွင် ယဲ့ဖန်၏ ချွန်ထက်နေသော လက်သည်းများက ဟွမ်ဖူရွှမ်၏ ဦးခေါင်းအား‌ ထိုးဖောက်သွားသည်။
#Zawgyi
စာစဥ္ (25) CHAPTER (361) ဒါေပမယ့္ … သူ႔အေလာင္းပဲရမယ္
ထိတ္လန႔္ဖြယ္ေကာင္းေသာ တကယ့္ နတ္ဘုရားအဆင့္ ငါးေယာက္။
ထို႔အျပင္ ယဲ့ဖန္ႏွင့္ တကယ့္ နတ္ဘုရားအဆင့္ကိုပင္ ဖိႏွိပ္ႏိုင္သည့္ ပု႐ြက္ဆိတ္မ်ား။
ယဲ့ဖန္ဘက္တြင္ တကယ့္ နတ္ဘုရားအဆင့္ ခုနစ္ေယာက္ နီးပါးရွိေနသည္။

ကုန္းစြန္းဝူက်ိႏွင့္ ကုန္းစြန္းကလန္မွ အျခားသိုင္းပညာရွင္မ်ား အလြန္ ထိတ္လန႔္သြားၾကသည္။
ဟြာရွႏိုင္ငံ၌ သည္ေလာက္ အင္အားႀကီးမားေသာ အဖြဲ႕အစည္း ရွိလိမ့္မည္ဟု သူတို႔ ဘယ္ေသာအခါကမွ ထင္မထားခဲ့မိပါ။ အထူးသျဖင့္ ဒ႑ာရီလာအဆင့္တစ္ေယာက္ ဦးေဆာင္ေသာ အဖြဲ႕အစည္းပင္။
အံ့ဩစရာေကာင္းလွသည္။ ယခုအခ်ိန္၌ ကုန္းစြန္းဝူက်ိသည္ ေၾကာက္စိတ္ေၾကာင့္ တစ္ကိုယ္လုံး ေအးစက္စက္ ျဖစ္သြားကာ ေတာင္ထိပ္ေပၚမွ ကုန္းစြန္းကလန္သားမ်ားကို ခ်က္ခ်င္း အမိန႔္ထုတ္လိုက္သည္။
“အခုခ်ိန္ကစၿပီး ကုန္းစြန္ကလန္က ဘယ္သူမဆို ယဲ့ဖန္ရဲ႕ အင္အားစုကို ရန္သူလို ဆက္ဆံခြင့္ မေပးဘူး”
“ငါ့အမိန႔္ကို မနာခံတဲ့ သူေတြကို ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ကလန္ကေန ထုတ္ပစ္မယ္”
သူ႔အမိန႔္ေၾကာင့္ ကုန္းစြန္းကလန္သားမ်ားအားလုံး ေၾကာက္လန႔္ကာ တုန္လႈပ္သြားၾကသည္။ ဒါက ကုန္းစြန္းကလန္၏ အထူးအမိန႔္မွန္း သူတို႔ ရိပ္စားမိလိုက္ၾကသည္။
ထို႔ေၾကာင့္ သူတို႔ ခပ္သြက္သြက္ ျပန္ေျပာလိုက္ၾကသည္။
“ဟုတ္ကဲ့ပါ ေခါင္းေဆာင္”
ထိုအခါမွသာ ကုန္းစြန္းဝူက်ိ သက္ျပင္းခ်မိသည္။ ထို႔ေနာက္ ခပ္လွမ္းလွမ္းမွ ယဲ့ဖန္အား ေတြေဝစြာ လွမ္းၾကည့္ရင္း ေရ႐ြတ္လိုက္မိသည္။
“ကမာၻႀကီးရဲ႕ အရွင္သခင္ ေပၚထြန္းလာတာကို ငါ ျမင္ခဲ့ၿပီးၿပီ။ ထိပ္သီး အႀကီးအကဲမ်ား အဖြဲ႕အစည္းက ငႏုံအဘိုးႀကီးေတြ သူ႔ကို ရန္မစမိပါေစနဲ႔လို႔ ဆုေတာင္းရမွာပဲ။ မဟုတ္လို႔ကေတာ့…”
ကုန္းစြန္းဝူက်ိ ဆက္မေျပာႏိုင္ေတာ့ပါ၊ အဘယ္ေၾကာင့္ဆိုေသာ္ ေရွးေဟာင္းကလန္ႏွစ္ခု၏ ဆိုး႐ြားလွေသာ အေျခအေနက ဥပမာေကာင္းပင္။

ထိုသို႔ေသာ အခ်ိန္၌ ဟြမ္ဖူအိမ္ေတာ္တြင္းရွိ ဟြမ္ဖူ႐ႊမ္ႏွင့္ ဟြမ္ဖူလင္းတို႔သည္ ေၾကာက္လန႔္ေနေသာ ယုန္မ်ားကဲ့သို႔ တုန္ယင္လို႔ေနသည္။
ေတာက္! ေတာက္!
သူ႔နဖူးမွ ေခြၽးမ်ားက ဆက္တိုက္ တဒီးဒီးစီးက်ေနသည္။
ေနာင္တရေနၾကသည္။ ယခုအခ်ိန္၌ ဟြမ္ဖူကလန္သား ႏွစ္ေယာက္လုံး အလြန္ ေနာင္တရေနၾကသည္။
အကယ္၍ ယဲ့ဖန္မွာ ဤမွ် ေတာင့္တင္းေသာ အင္အားရွိသည္ကို သူတို႔ သိခဲ့ပါက သူတို႔ ဘယ္ေတာ့မွ သူ႔ကို ရန္စရဲမည္ မဟုတ္ပါ။
သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။
ထိုစဥ္ ယဲ့ဖန္က ဟြမ္ဖူလင္းထံသို႔ လွမ္းလာသျဖင့္ သူ ေၾကာက္လန႔္ကာ တုန္လႈပ္လာရသည္။
“မင္း သိပ္မၾကာခင္တုန္းက က်န္းရွီၿမိဳ႕သားေတြကို ပု႐ြက္ဆိတ္လိုလူေတြလို႔ သေဘာထားခဲ့သလားလို႔”
ယဲ့ဖန္က ရက္စက္ေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“ပု႐ြက္ဆိတ္တစ္ေကာင္ အျဖစ္ေနရတာ ဘယ္လိုေနလဲ”
ယဲ့ဖန္၏ စကားေၾကာင့္ ဟြမ္ဖူလင္း၏ မ်က္ႏွာက အလြန္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္လာသည္။ ထမ္းစင္ေပၚ၌ လွဲေနရင္း သူသည္ ေခြၽးဒီးဒီးက်ေနသည္။
“ယဲ့..ယဲ့ဖန္၊ ငါက ပု႐ြက္ဆိတ္လိုလူပါ။ ဟြမ္ဖူကလန္က လူေတြအားလုံးကလည္း ... ပု႐ြက္ဆိတ္ေတြပါပဲ။ ေက်းဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီး ငါ့လိုလူကို ခြင့္လႊတ္ေပးပါ”
ဟြမ္ဖူလင္း မေသခ်င္ေသးပါ။ ဒုကၡိတျဖစ္ေနေသာ္ျငားလည္း သူသည္ ေသရမည္ကို အလြန္ ေၾကာက္လန႔္ေနေသးသည္။
သူ႔အသံေတာင္မွ ေၾကာက္စိတ္ေၾကာင့္ တုန္ယင္ေနသည္။
ေၾကာက္လန႔္ေနေသာ ဟြမ္ဖူလင္းကို ၾကည့္ၿပီး ယဲ့ဖန္က မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးမ်ိဳး ၿပဳံး၍ ျပန္ေျပာလိုက္သည္။
“စိတ္မေကာင္းပါဘူး၊ ငါ့ကို ရန္စတဲ့ ဘယ္ပု႐ြက္ဆိတ္လို ဟာမ်ိဳးကိုမဆို ငါက ဘယ္လိုလုပ္ေလ့ရွိလဲဆိုေတာ့ …”
“သူတို႔အားလုံးကို ေသတဲ့အထိ နင္းသတ္ေလ့ရွိတယ္”
*ဘာ*
ယဲ့ဖန္၏ စကားကို ၾကားလိုက္ရခ်ိန္တြင္ ဟြမ္ဖူလင္း ခ်က္ခ်င္း မ်က္ႏွာပ်က္သြားသည္။
“မလုပ္နဲ႔”
ယဲ့ဖန္က ထိတ္လန႔္ေၾကာက္႐ြံ႕ေနေသာ ဟြမ္ဖူလင္း၏ ဦးေခါင္းအား သူ႔ေျခေထာက္ျဖင့္ ျဖည္းျဖည္းခ်င္း နင္းခ်လိုက္သည္။
ဂြၽတ္!
ဟြမ္ဖူကလန္မွ သခင္ေလး၏ ဦးေခါင္းသည္ ယဲ့ဖန္၏ ေျခေထာက္ေအာက္၌ ပု႐ြက္ဆိတ္ကဲ့သို႔ နင္းေခ်ခံလိုက္ရေလသည္။

ေသြးပ်က္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဟြမ္ဖူ႐ႊမ္ ေၾကာက္လန႔္ကာ တုန္ယင္သြားသည္။
သူ လုံးဝ စိတ္မေကာင္းျဖစ္သလို မခံစားရေပ၊ ထိုအစား သူ အလြန္ ႀကံရာမရ ျဖစ္ေနသည္။
“ယဲ့…ယဲ့ဖန္၊ မင္း ငါ့ကို သတ္လို႔မရဘူး။ ငါက ထိပ္သီး အႀကီးအကဲမ်ား အဖြဲ႕အစည္းရဲ႕ အႀကီးအကဲတစ္ေယာက္ပဲ။ မင္း ငါ့ကို သတ္မယ္ဆိုရင္ ကမာၻေျမ အဖြဲ႕အစည္းက မင္းကို ဘယ္ေတာ့မွ ဒီအတိုင္း ထားမွာမဟုတ္ဘူး”
ဟြမ္ဖူ႐ႊမ္က ယခုအခ်ိန္၌ ကမာၻေျမ အဖြဲ႕အစည္းအား သူ၏ ဒိုင္းအျဖစ္ အသုံးျပဳရန္ ႀကံ႐ြယ္လာသည္။ ကမာၻေျမ အဖြဲ႕အစည္းအား ေၾကာက္လန႔္သျဖင့္ ယဲ့ဖန္က သူ႔ကို အသက္ရွင္ခြင့္ေပးမည္ဟုသာ သူ ေမွ်ာ္လင့္မိေတာ့သည္။
“ကမာၻေျမ အဖြဲ႕အစည္းလား”
ဟြမ္ဖူ႐ႊမ္၏ စကားေၾကာင့္ ယဲ့ဖန္က ၿပဳံးလာသည္။ ထို႔ေနာက္ သူက ဟြမ္ဖူ႐ႊမ္အား သတ္ရန္ ျပင္လိုက္သည္။
ထိုစဥ္ ေကာင္းကင္ထက္မွ မိုးၿခိမ္းသံကဲ့သို႔ က်ိန္းေမာင္းသံတစ္သံ ထြက္ေပၚလာသည္။
“ယဲ့ဖန္ ရပ္လိုက္စမ္း”
ဝီ!
အားလုံး၏ အၾကည့္မ်ားေအာက္မွာပဲ ေလထဲ၌ ဧရာမ အရာဝတၱဳတစ္ခု ဝဲပ်ံကာ ေရာက္ရွိလာသည္။
ေလဆာေရာင္ျခည္သုံး စစ္သေဘၤာပါလား။
ေကာင္းကင္၌ ေတာင္ပံပါ သားရဲမ်ား ႀကီးစိုးလာကတည္းက ကမာၻေျမ အဖြဲ႕အစည္း၏ ဌာနခ်ဳပ္မ်ားမွ ယာဥ္မ်ားမွ လြဲ၍ က်န္ေလေၾကာင္းလိုင္းမ်ား ရပ္စဲလိုက္ရသည္။
ေနာက္ဆုံးေပၚ ေလဆာေရာင္ျခည္သုံး စစ္သေဘၤာသည္ သံသတၱဳ႐ိုင္းႏွင့္ အၿဖိဳက္နက္တို႔ႏွင့္ ေပါင္းစပ္ ျပဳလုပ္ထားျခင္း ျဖစ္ၿပီး အဏုျမဴစြမ္းအင္ကို အသုံးျပဳ၍ ေမာင္းႏွင္ျခင္း ျဖစ္သည္။ ထိုသေဘၤာ၌ သားရဲဧကရာဇ္မ်ားကိုပင္ သတ္ႏိုင္သည့္ ေလဆာေရာင္ျခည္သုံး လက္နက္ ေလးခုပါရွိသည္။
ပ်ံသန္းႏိုင္ေသာ စစ္သေဘၤာတစ္စီးပင္။
ေလဆာေရာင္ျခည္သုံး စစ္သေဘၤာသည္ ကမာၻေျမ အဖြဲ႕အစည္း ပိုင္ဆိုင္ေသာ အရာျဖစ္သည္။
ထိုစဥ္ စစ္သေဘၤာ၏ တံခါးေပါက္ ပြင့္သြားၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ခြန္အားကို ပိုင္ဆိုင္ထားသည့္ လူကိုးေယာက္က ေတာင္ထိပ္သို႔ ဆင္းသက္လာသျဖင့္ ဖုန္တေထာင္းေထာင္း ထသြားရသည္။
ထိုလူကိုးေယာက္ကို ျမင္သည္ႏွင့္ ဟြမ္ဖူ႐ႊမ္က အားတက္သေရာ ျဖစ္ေနေသာ မ်က္ႏွာႏွင့္ ေျပာလာသည္။
“အႀကီးအကဲတို႔ က်ဳပ္ကို ကယ္ပါဦး”
သူတို႔သည္ လင္းဒီေလာဖ့္ ဦးေဆာင္ေသာ ကမာၻေျမ အဖြဲ႕အစည္း၏ ထိပ္သီးအႀကီးအကဲ အဖြဲ႕အစည္းမွ အႀကီးအကဲကိုးေယာက္ ျဖစ္သည္။
ထိပ္သီးအႀကီးအကဲ အဖြဲ႕အစည္းသည္ စုစုေပါင္း ဆယ့္ႏွစ္ေယာက္ျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္ၿပီး ေရွးေဟာင္းကလန္ သုံးခုမွ တကယ့္ နတ္ဘုရားအဆင့္ သုံးေယာက္ႏွင့္ တကယ့္နတ္ဘုရားအဆင့္ ကိုးေယာက္တို႔ျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္သည္။
ယခုအခါတြင္ တကယ့္ နတ္ဘုရားအဆင့္ ကိုးေယာက္လုံး ေရာက္ရွိလို႔လာၿပီ ျဖစ္သည္။
ထိတ္လန႔္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါတကား။
“အႀကီးအကဲတို႔ ေက်းဇူးျပဳၿပီး က်ဳပ္ကို ကယ္ပါဦး။ ေက်းဇူးျပဳၿပီး ေရွးေဟာင္းကလန္ႏွစ္ခုရဲ႕ ဆုံးရႈံးမႈအတြက္ လက္စားေခ်ေပးပါ။ ယဲ့ဖန္က ကလန္ႏွစ္ခုလုံးကို သုတ္သင္ပစ္ၿပီးေတာ့ အႀကီးအကဲ စစ္မာကို သုတ္သင္ခဲ့ပါတယ္။ သူက က်ဳပ္ကိုေတာင္မွ သတ္ခ်င္ေနတာ”
ဟြမ္ဖူ႐ႊမ္ ေအာ္ဟစ္ေျပာဆိုေလေတာ့သည္။ သူ႔စကားကို ၾကားၿပီး အႀကီးအကဲ ကိုးေယာက္လုံး ထိတ္လန႔္သြားၾကသည္။
ဟြမ္ဖူအိမ္ေတာ္ရွိ အေလာင္းေတာင္ႀကီးကို ၾကည့္ၿပီး သူတို႔ ခ်က္ခ်င္း ေဒါသထြက္လာၾကသည္။
“ယဲ့ဖန္ မင္း ဘာလုပ္လိုက္သလဲဆိုတာကို မင္း သတိထားမိရဲ႕လား”
မဟာအႀကီးအကဲ လင္းဒီေလာ့ဖ္က ေဒါသထြက္ေနေသာ မ်က္လုံးမ်ားျဖင့္ ေမးလိုက္သည္။
သို႔ေသာ္ သူ႔စကားေၾကာင့္ ယဲ့ဖန္က တစ္ခ်က္လွမ္းၾကည့္ကာ ခက္ထန္ေသာ မ်က္ႏွာထားျဖင့္ ျပန္ေျပာလိုက္သည္။
“က်ဳပ္ ဘာအျပစ္မ်ား က်ဴးလြန္မိသလဲ”
“မင္းက ကမာၻေျမ အဖြဲ႕အစည္းက အႀကီးအကဲတစ္ေယာက္ကို သတ္ခဲ့ၿပီးေတာ့ ေရွးေဟာင္းကလန္ႏွစ္ခုကို သုတ္သင္ခဲ့တယ္။ မင္း အျပစ္ေတြကို ဝန္မခံဘူးလား”
လင္းဒီေလာ့ဖ္က ေဒါသတႀကီး ဆက္ေျပာလိုက္သည္။
“မင္း ဓားကို ျမန္ျမန္ခ်ၿပီးေတာ့ ငါနဲ႔အတူ ကမာၻေျမ အဖြဲ႕အစည္းရဲ႕ ဌာနခ်ဳပ္ကို လိုက္ခဲ့၊ ၿပီးရင္ ကမာၻေျမ တရား႐ုံးရဲ႕ ထိပ္တန္း တရားစစ္ေဆးစီရင္ျခင္းကို လက္ခံလိုက္”
*ဘာ*
လင္းဒီေလာ့ဖ္၏ စကားေၾကာင့္ ထို႔ပါယြင္ႏွင့္ ယဲ့ဖန္ဘက္မွ အျခားသူမ်ားအားလုံး ေဒါသထြက္သြားၾကသည္။
ယဲ့ဖန္ အမိန႔္ေပးလိုက္ပါက သူတို႔ ထိုအႀကီးအကဲမ်ားကို ခ်က္ခ်င္း သတ္ပစ္မွာပင္။
သို႔ေသာ္ လင္းဒီေလာ့ဖ္၏ စကားေၾကာင့္ ယဲ့ဖန္က နတ္ဆိုးသဖြယ္ ရယ္ေမာ၍ ေျပာလိုက္သည္။
“လူသား အႀကီးအကဲေတြလား။ ေရွးေဟာင္း လူသားကလန္ေတြလား”
“သူတို႔ သားရဲဧကရာဇ္ကို အညံ့ခံခဲ့တုန္းက ကမာၻေျမ အဖြဲ႕အစည္းဆိုတာႀကီးက ဘယ္ေရာက္ေနလဲ။ သူတို႔ က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္ဖို႔ ႀကံစည္တုန္းက အဲ့ဒီကမာၻေျမ အဖြဲ႕အစည္းက ဘယ္မလဲ”
“မင္းတို႔လူသားအႀကီးအကဲဆိုတဲ့ လူေတြအားလုံးက တစ္ကိုယ္ေကာင္းဆန္တယ္။ မင္းတို႔ ေဒါသေတြအတြက္ ထြက္ေပါက္ရွာတုန္းက လူသားေတြ ေသမလား၊ ရွင္သလားဆိုတာကို မင္းတို႔ ဂ႐ုမစိုက္ခဲ့ဘူး။ ကမာၻေျမ အဖြဲ႕အစည္းက သုံးစားမရဘူးပဲ”

အႀကီးအကဲ ကိုးေယာက္လုံး ယဲ့ဖန္၏ စကားေၾကာင့္ နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။ ကမာၻေျမ အဖြဲ႕အစည္း၏ ထိပ္သီး ေခါင္းေဆာင္မ်ား ျဖစ္သည့္အေလ်ာက္ သူတို႔ ဤကဲ့သို႔ ေခ်ပေျပာဆိုျခင္း မခံခဲ့ရဖူးပါ။
ယဲ့ဖန္သည္ သူတို႔၏ ဂုဏ္သိကၡာကို စိန္ေခၚေနသည္။
“ေသစမ္း”
အႀကီးအကဲကိုးေယာက္လုံး၏ မ်က္ႏွာမ်ား သုန္မႈန္လို႔လာသည္။ သို႔ေသာ္ ဤျမင္ကြင္းကို ၾကည့္ၿပီး ဟြမ္ဖူ႐ႊမ္သည္ တက္ႂကြလာၿပီး မေကာင္းေသာ စိတ္ဓာတ္ျဖင့္ ေသြးထိုးေလေတာ့သည္။
“မဟာအႀကီးအကဲ ခင္ဗ်ား ျမင္တယ္မလား။ သူက ထိန္းမႏိုင္သိမ္းမရတဲ့ လူသတ္သမားသာသာပဲ”
သူက ထိပ္သီး အႀကီးအကဲမ်ား အဖြဲ႕အစည္းကို မေလးစားသလို ကမာၻေျမ အဖြဲ႕အစည္းကိုလည္း ထီမထင္သလို လုပ္ေနတာ။ သူ႔ကို သတ္ပါ၊ သူ႔ကို အခုသတ္ပစ္လိုက္ပါ”
ဟြမ္ဖူ႐ႊမ္ ပီတိျဖစ္လို႔ေနသည္။ ယဲ့ဖန္ႏွင့္ အႀကီးအကဲ ကိုးေယာက္တို႔ တိုက္ခိုက္သည္ကို သူ ျမင္ခ်င္ေနသည္။
အႀကီးအကဲကိုးေယာက္၏ အကူအညီႏွင့္ သူ ယဲ့ဖန္ကို သတ္ခ်င္ေနခဲ့သည္။
သူ႔စကားေၾကာင့္ လင္းဒီေလာ့ဖ္၏ မ်က္ႏွာထားက တင္းမာလို႔လာသည္။ ထို႔ေနာက္ သူက ယဲ့ဖန္မ်က္လုံးကို ေစ့ေစ့ၾကည့္ကာ ေဒါသတႀကီး ေျပာလိုက္သည္။
“ယဲ့ဖန္၊ ဘာပဲျဖစ္ျဖစ္ ဟြမ္ဖူ႐ႊမ္က လူသား အႀကီးအကဲ တစ္ေယာက္ပဲ။ မင္း သူ႔ကို သတ္ဖို႔ အဆင့္မမီဘူး”
“ထိပ္သီး အႀကီးအကဲမ်ား အဖြဲ႕အစည္းက သူ႔ကို ဒီေနရာကေန ေခၚသြားမွကို ျဖစ္မယ္”
*သူ႔ကို ေခၚသြားမယ္*
“ေကာင္းၿပီေလ”
ယဲ့ဖန္က အလြန္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ မ်က္လုံးႏွင့္ ေလွာင္ရယ္၍ ေျပာလိုက္သည္။
“ခင္ဗ်ားတို႔ ေခၚသြားႏိုင္တယ္”
“ဒါေပမယ့္ သူ႔အေလာင္းပဲ ရမယ္”
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ အႀကီးအကဲမ်ား အႀကီးအက်ယ္ မွင္တက္သြားၾကသည္။
႐ႊစ္!
သို႔ေသာ္ သူတို႔ မည္သို႔မွ် မတုံ႔ျပန္ႏိုင္ခ်ိန္တြင္ ယဲ့ဖန္၏ ခြၽန္ထက္ေနေသာ လက္သည္းမ်ားက ဟြမ္ဖူ႐ႊမ္၏ ဦးေခါင္းအား ထိုးေဖာက္သြားသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now