Chapter 278

1.2K 146 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (278) ဒဏ္ဍာရီလာအဆင့် နောက်လိုက်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား
"ဒီတစ္ဆေက ငါ့အပိုင်ပဲ"
သူ၏ ချုပ်ချယ်လိုသော စကားကို ကြားပြီးနောက် မြေအောက်သခင် အလွန် အံ့အားသင့်သွားရသည်။ ထိုလူငယ်လေးအား သူ တွေဝေစွာ စိုက်ကြည့်နေမိသည်။
သူ့မျက်လုံးထဲတွင် ထိုလူငယ်လေးသည် အသက်နှစ်ဆယ်ထက် ပိုငယ်ဦးမည်။ သူသည် အလွန်ငယ်ရွယ်၍ ဖြူစင်လှသည်။ ထို့အပြင် ထိုလူငယ်လေးသည် အလွန်ထူးခြားဆန်းကြယ်နေသည်။
ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှုရှိဟန်နှင့် အာဏာရှင်ဆန်သော ပုံစံအရ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
"မင်းက … ယဲ့ဖန်ပဲ"
ထိုစဉ် မဟူရာ ဧကရာဇ်က ချက်ချင်း ထခုန်မိပြီး ယဲ့ဖန်အား အလွန် ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
"ကောင်စုတ်လေး … မင်းက ငါ့သားကို သတ်ခဲ့ပြီး‌တော့ အရှေ့အာရှက ငါ့ဂိုဏ်းခွဲကို ဖျက်ဆီးခဲ့တယ်"
သူ့စကားကြောင့် ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးတိအေးစက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"မင်းရဲ့သားလား … မင်းက ငါ့မိတ်ဆွေကို သတ်ဖို့ လုပ်နေတာလေ … ဘာလို့ ငါက မင်းရဲ့သားကို မသတ်ဘဲ နေရမှာလဲ"
….
ယဲ့ဖန်၏ ရိုးစင်းသော စကားလုံးများက မဟူရာ ဧကရာဇ်အား အလွန် ဒေါသထွက်သွားစေသည်။ ထို့နောက် မဟူရာ ဧကရာဇ်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ကြမ်းကြုတ်သည့် ချီဓာတ်များကို ထုတ်လွှတ်လာ၏။
"ယဲ့ဖန် ဒီကို ရောက်လာပြီ … ငါ့ကျေးကျွန်တွေ ထွက်လာခဲ့ကြတော့"
မဟူရာ ဧကရာဇ်က ငလျင်လှုပ်မတတ် အသံဖြင့် ဟစ်အော်လိုက်သည်။ ထို့နောက် ဝုန်းခနဲ အသံနှင့်အတူ သားရဲကောင်များ ပြေးလာလေသလား မှတ်ရသည့် ခြေသံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ထိုအသံများကို ကြားလိုက်ရပြီးနောက် မြေအောက်သခင်၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။
"ကောင်လေး … မြန်မြန်ပြေးတော့ … ငါ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် … ဒါပေမယ့် မင်း သူ့ကို အနိုင်မယူနိုင်ဘူး"
"သူက မဟူရာ ဧကရာဇ်ပဲ … သူ့မှာ မရဏ အစေခံ ခုနစ်ယောက်ရှိတယ် … ပြေးတော့"
မြေအောက်သခင်သည် သူ အသက်မရှင်နိုင်တော့မှန်း သိပါသည်၊ သို့သော် သူ ယဲ့ဖန်ကို မသေစေချင်ပါ။
မြေအောက်သခင်၏ စကားကြောင့် ယဲ့ဖန်က အနည်းငယ် မကောင်းဆိုးဝါးဆန်သော လှောင်ပြုံးဖြင့် ပြောလိုက်သည်။
"စိတ်မပူနဲ့ … သူတို့က ပုရွက်ဆိတ်သာသာလေးတွေပါ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့်‌ မြေအောက်သခင် နားဝေတိမ်တောင် ဖြစ်သွားရသည်။
*ပုရွက်ဆိတ်သာသာလေးတွေတဲ့လား*
*အနောက်ဘက်မှာ ဘယ်သူမှ မဟူရာ ဧကရာဇ်ရဲ့ မရဏအစေခံတွေကို ပုရွက်ဆိတ်တွေလို့ မခေါ်ရဲကြဘူးလေ*
*ဒီလူ …*
ယဲ့ဖန်၏ ထင်တိုင်းကြဲနေမှုက မြေအောက်သခင်၏ အသိတရားတို့ကို ဖြိုဖျက်နေသလိုပင်။ မြေအောက်သခင်က ယဲ့ဖန်အား ထွက်သွားရန် ဆက်၍ တိုက်တွန်းမည် ကြံလိုက်စဉ်တွင် များစွာသော တစ္ဆေလူသားများက ရုတ်တရက် ကောင်းကင်ပေါ်မှ ဆင်းလာသဖြင့် ဒုန်းခနဲ အသံကျယ်များ ထွက်ပေါ်လာသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
….
မကြာခင်မှာပင် အယောက်ငါးဆယ်ကျော်ခန့် ရှိသော သိုင်းပညာရှင်များ စုဝေးရောက်ရှိလာကြသည်။ သူတို့ထဲမှ ခုနစ်ယောက်သည် ဒဏ္ဍာရီလာ စဦးအဆင့်များ ဖြစ်ကြသည်။ ကျန်လူ အယောက်ငါးဆယ်တို့သည် ဒဏ္ဍာရီအဆင့် လူအိုကြီးများ ဖြစ်ကြသည်။

မြေအောက်သခင်သည် ကြက်သီးထမတတ် တုန်လှုပ်လာသည်။
"မဖြစ်နိုင်ဘူး … ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာ အဆင့်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ … မရဏ အစေခံ ခုနစ်ယောက်လုံး အဆင့်တက်သွားဖို့က မဖြစ်နိုင်ဘူးလေ"
မြေအောက်သခင် အလွန်အမင်း ထိတ်လန့်နေသည်။
မဟူရာ ဧကရာဇ်၌ စုစုပေါင်း အစေခံ ရှစ်ယောက်ရှိသည်။ လွန်ခဲ့သည့် နှစ်များစွာက သူ့အစေခံထဲမှ တစ်ယောက်ဖြစ်သည့် တစ္ဆေဘုရင်သည် မဟူရာ ကြက်ခြေခတ် သိုင်းကွက်ကို သုံး၍ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တစ်ယောက်နှင့်အတူ‌ သေဆုံးသွားသည်။
ထိုအချိန်တုန်းက ထိုမရဏ အစေခံသည် ဒဏ္ဍာရီ နောက်ဆုံးအဆင့်သာ ရှိသေးသည်။
ဒဏ္ဍာရီ နောက်ဆုံးအဆင့်နှင့် ဒဏ္ဍာရီလာ စဦးအဆင့်ကြား၌ အဆင့်နှစ်ဆင့်သာ ရှိသော်လည်း ဒဏ္ဍာရီအဆင့်‌ တော်တော်များများသည် သူတို့တစ်ဘဝလုံး ကြိုးစားလျင်တောင်မှ ဒဏ္ဍာရီလာအဆင့်သို့ မရောက်ရှိနိုင်ပါ။
ဤမျှ အချိန်တိုလေးအတွင်း၌ အစေခံ ခုနစ်ယောက်လုံးက ဒဏ္ဍာရီလာအဆင့်သို့ တက်ရောက်သွားသည်ကို သူ နည်းနည်းလေးမှ မယုံကြည်နိုင်ပါ။
သို့သော် တစ်ခဏအကြာတွင် မြေအောင်သခင်သည် အံ့ဩဖွယ်ကောင်းသော တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ရေရွတ်လိုက်သည်။
"ငါ သိပြီ … မင်း … မင်း သူတို့ကို အချိန်တိုလေးအတွင်း ဒဏ္ဍာရီလာအဆင့် ရောက်သွားအောင် သူတို့ရဲ့ အတည်စွမ်းအင်ကို ဝါးမျိုတဲ့ မဟူရာ ကြက်ခြေခတ် လျှပ်တပြက် မရဏ တိုက်ကွက်ကို သုံးလိုက်တာပဲ"

မြေအောက်သခင် ချက်ချင်း တွေဝေသွားရသည်။ အစေခံ ခုနစ်ယောက်လုံးသည် တကယ်ကို ဒဏ္ဍာရီလာ အဆင့်ဖြစ်နေသည်။
မဟူရာ ဧကရာဇ်နှင့် ဆိုလျှင် စုစုပေါင်း ဒဏ္ဍာရီလာအဆင့် ရှစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ မြေအောက်သခင် ကြယ်သီး တဖြန်းဖြန်းထသွားရသည်။
"မဟုတ်ဘူး … ကောင်လေး … ဒါ ငါ့အမှားကြောင့်ပါ"
မြေအောက်သခင်က စိတ်ဓာတ်ကျသွားသော အကြည့်ဖြင့် ပြောဆိုလိုက်သည်။
*သူ သေမှာပဲ*
ယဲ့ဖန်က အလွန် ငယ်ရွယ်သေးသည်။ ထို့ပြင် သူက ဒဏ္ဍာရီလာ အဆင့် ဖြစ်နေလျင်တောင်မှ ဒဏ္ဍာရီလာအဆင့် ရှစ်ယောက်ကို သူ တစ်ပြိုင်တည်း မတိုက်ခိုက်နိုင်ပါ။
သူ မုချသေသွားလိမ့်မည်။ မြေအောက်သခင်၏ စိတ်ဓာတ်ကျနေသော အမူအရာကို ကြည့်ပြီး မဟူရာ ဧကရာဇ်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ပြောလာသည်။
"ဟားဟား … ဘယ်လိုလဲ … မင်း ကြောက်နေပြီမလား"
"ငါ မရဏ အစေခံ ခုနစ်ယောက်နဲ့ ပူးပေါင်းလိုက်တဲ့ အချိန်ကျရင် ဒီကမ္ဘာပေါ်က ရှေးဟား အရှေ့တိုင်း ကလန်တွေ ၊ အနောက်နိုင်ငံက နတ်သမီးဌာနနဲ့ အလင်းတော် ဘုရားကျောင်းက လူအိုကြီးတွေကလွဲပြီး ဘယ်သူမှ ငါတို့ကို မတားဆီးနိုင်တော့ဘူး"
မဟူရာ ဧကရာဇ်က အလွန် မောက်မာသော အကြည့်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် အလွန် အာဏာရှင်ဆန်ပြီး ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။
"ခွေးမသားလေး … ဒီနေ့ ငါတို့ ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းပစ်ပြီး မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ"
ကမ္ဘာပေါ်မှ လူအနည်းငယ်လောက်သာ မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်ကို တားဆီးနိုင်သည်။
ထိုအချိန်တွင် မြေအောက်သခင်၏ မျက်နှာက မည်းမှောင်သွားသည်။ အင်အားကြီးလှချည်လား။
မဟူရာ ကြက်ခြေခတ်အဖွဲ့၏ စုပေါင်းခွန်အားက မြေအောက်ကမ္ဘာ လုပ်ကြံရေးအဖွဲ့၏ ခွန်အားကို သေချာပေါက် သာလွန်နေသည်။
သို့သော် ယဲ့ဖန် ပြောလိုက်သော စကားက မြေအောက်သခင်အား ထပ်မံ၍ ထိတ်လန့်သွားစေသည်။
"ဒဏ္ဍာရီလာအဆင့် နောက်လိုက်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား"
*ဘာ*
သူ့စကားကြောင့်‌ မြေအောက်သခင်နှင့် မဟူရာ ဧကရာဇ်တို့ နှစ်ယောက်လုံး မှင်တက်သွားကြသည်။ ထိုစဉ် ခြေသံအချို့ ထွက်ပေါ်လာသည်။
နောက်ထပ် အဖွဲ့တစ်ဖွဲ့က လမ်းကြားလေးထဲ ဝင်ရောက်လာ၏။ လူပေါင်း ဒါဇင်နဲ့ချိပါဝင်ပြီး သူတို့ထဲမှ အားအနည်းဆုံးသူတောင်မှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။
ထိုအဖွဲ့အား လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်နှင့် လူအိုကြီး လေးယောက်၊ စုစုပေါင်း လူငါးယောက်က ဦးဆောင်လာခြင်း ဖြစ်သည်။
သူတို့ ဖြည်းညှင်းစွာ လျှောက်လာနေခြင်း ဖြစ်သော်လည်း သူတို့၏ ခြေသံများက ကမ္ဘာကို ကိုင်လှုပ်နိုင်ပုံ ရသည်။
"အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာကို မြင်လိုက်သည်နှင့် မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့ ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်သွားကြသည်။
ကျိုချင်းချန်သည် အနောက်တိုင်းသား သိုင်းပညာရှင်များ၏ စိတ်ထဲတွင် ကြောက်စရာ အကောင်းဆုံးသော အရှေ့တိုင်းသား ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဖြစ်သည်။
မဟူရာ ဧကရာဇ်ကိုယ်တိုင်တောင်မှ သူ့ကို ရန်စချင်စိတ် မရှိပေ။ ထို့ကြောင့်လည်း မဟူရာ ဧကရာဇ် ကျန်းရှီမြို့ထဲသို့ တိတ်တဆိတ် ခိုးဝင်လာခြင်း ဖြစ်သည်။
ကျိုချင်းချန်က သူ ရှိနေသည်ကို သိနေလိမ့်မည်ဟု မဟူရာ ဧကရာဇ် ထင်မှတ်မထားမိပါ။ နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့အား မှင်တက် သွားစေသည်။
"ဂါရဝပြုပါတယ် သခင်ကြီး"
သူ့စကားအဆုံးတွင် အမှောင်ဂိုဏ်းသား အားလုံးက ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးတစ်ဘက် ထောက်လိုက်ကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့ အလွန်အမင်း အံ့အားသင့်သွားကြသည်။
*သ…သခင်ကြီးတဲ့လား*
*ဒီ အရှေ့တိုင်းသား ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်က ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်နေတယ်*
*မဖြစ်နိုင်ဘူး*
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ဒုန်း! ဒုန်း! ဒုန်း!
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူမည်း၊ လူဖြူနှင့် အရှေ့တိုင်းသား မျက်နှာပေါက်များ ပါဝင်သော နောက်ထပ် အဖွဲ့တစ်ဖွဲ့က အင်မော်တယ် စစ်သားများကဲ့သို့ ရောက်ရှိလာကြသည်။
တွေးကြည့်စရာမလိုလောက်အောင်ပင် သူတို့အားလုံးသည် အနည်းဆုံး ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့၏ အင်္ကျီ လက်ကောက်ဝတ်နေရာ၌ 'ဒုစရိုက်' ဟူသော စကားလုံးကို ရေးထွင်းထားသည်။
ဤသည်ကို မြင်လိုက်သည်နှင့် မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်တို့ ထိတ်လန့်ကာ နောင်တရလာသည်။
"ဒုစရိုက် မြို့တော် … သူတို့ … သူတို့က ဒုစရိုက်ရဲ့ အကြောက်အလန့်မရှိတဲ့ တိုက်ခိုက်ရေးသမားတွေပဲ"
မဟူရာ ဧကရာဇ်နှင့် သူ၏ အစေခံ ခုနစ်ယောက်တို့ မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်လာသည်။ မကြာသေးခင်ကပင် ဒုစရိုက် ဧကရာဇ်အသစ် ပြန်လည် ပေါ်ထွက်လာမှုကြောင့် ဒုစရိုက်မြို့တော်သည် ကမ္ဘာတစ်ဝိုင်းရှိ သိုင်းလောက၌ အထွတ်အထိပ်သို့ ရောက်ရှိလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများအားလုံးက ဒုစရိုက်မြို့တော်သည် အနာဂတ်၌ တစ်ကမ္ဘာလုံးအနှံ့တွင် ကြောက်စရာအကောင်းဆုံးသော အင်အားစုများထဲမှ တစ်ခု ဖြစ်လာမည်ဟု ယူဆထားကြသည်။
မဟူရာ ဧကရာဇ်နှင့် သူ့လူများ ထိတ်လန့်ပြီး မလှုပ်မယက် ရှိနေစဉ်တွင် ဒုစရိုက်၏ အကြောက်အလန့်ကင်းသည့် တိုက်ခိုက်ရေးသမားများက အလွန် အရေးပါသော လူတစ်ယောက်အတွက် လမ်းဖယ်ပေးလာကြသည်။
ဧကရာဇ်ကဲ့သို့ လူတစ်ယောက်က လူအုပ်အလယ်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ ထိုလူကို မြင်သည့်နှင့် မဟူရာ ဧကရာဇ်နှင့် သူ့လူများ မျက်ခုံး လှုပ်လာကြသည်။
ထိုလူသည် သူတို့ ကြောက်ရသည့် ဒုစရိုက် ဧကရာဇ်ဖြစ်သည်ကို သူတို့ တပ်အပ်ပြောနိုင်သည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က လူတိုင်းအား အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ဒုန်းခနဲ အသံနှင့်အတူ ဒုစရိုက် ဧကရာဇ်က ယဲ့ဖန်ရှေ့ လေးဘက်ထောက် ဝပ်တွား၍ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာသည်။
" ကျွန်တော် မိုရို သွေးစွန်း တစ္ဆေက သခင်ကြီးကို ဂါရဝ ပြုပါတယ်"
#ZAWGYI
စာစဥ္ (19) CHAPTER (278) ဒ႑ာရီလာအဆင့္ ေနာက္လိုက္ရွိတာ မင္းတစ္ေယာက္တည္းလို႔ ထင္ေနတာလား
"ဒီတေစၦက ငါ့အပိုင္ပဲ"
သူ၏ ခ်ဳပ္ခ်ယ္လိုေသာ စကားကို ၾကားၿပီးေနာက္ ေျမေအာက္သခင္ အလြန္ အံ့အားသင့္သြားရသည္။ ထိုလူငယ္ေလးအား သူ ေတြေဝစြာ စိုက္ၾကည့္ေနမိသည္။
သူ႔မ်က္လုံးထဲတြင္ ထိုလူငယ္ေလးသည္ အသက္ႏွစ္ဆယ္ထက္ ပိုငယ္ဦးမည္။ သူသည္ အလြန္ငယ္႐ြယ္၍ ျဖဴစင္လွသည္။ ထို႔အျပင္ ထိုလူငယ္ေလးသည္ အလြန္ထူးျခားဆန္းၾကယ္ေနသည္။
ကိုယ့္ကိုယ္ကိုယ္ အလြန္ ယုံၾကည္မႈရွိဟန္ႏွင့္ အာဏာရွင္ဆန္ေသာ ပုံစံအရ သူသည္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
"မင္းက … ယဲ့ဖန္ပဲ"
ထိုစဥ္ မဟူရာ ဧကရာဇ္က ခ်က္ခ်င္း ထခုန္မိၿပီး ယဲ့ဖန္အား အလြန္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ပါဝင္ေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္လာသည္။
"ေကာင္စုတ္ေလး … မင္းက ငါ့သားကို သတ္ခဲ့ၿပီးေတာ့ အေရွ႕အာရွက ငါ့ဂိုဏ္းခြဲကို ဖ်က္ဆီးခဲ့တယ္"
သူ႔စကားေၾကာင့္ ယဲ့ဖန္က ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ေအးတိေအးစက္ဟန္ျဖင့္ ျပန္ေျပာလိုက္သည္။
"မင္းရဲ႕သားလား … မင္းက ငါ့မိတ္ေဆြကို သတ္ဖို႔ လုပ္ေနတာေလ … ဘာလို႔ ငါက မင္းရဲ႕သားကို မသတ္ဘဲ ေနရမွာလဲ"
….
ယဲ့ဖန္၏ ႐ိုးစင္းေသာ စကားလုံးမ်ားက မဟူရာ ဧကရာဇ္အား အလြန္ ေဒါသထြက္သြားေစသည္။ ထို႔ေနာက္ မဟူရာ ဧကရာဇ္၏ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာကာ ေၾကာက္မက္ဖြယ္ေကာင္းေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္လာ၏။
"ယဲ့ဖန္ ဒီကို ေရာက္လာၿပီ … ငါ့ေက်းကြၽန္ေတြ ထြက္လာခဲ့ၾကေတာ့"
မဟူရာ ဧကရာဇ္က ငလ်င္လႈပ္မတတ္ အသံျဖင့္ ဟစ္ေအာ္လိုက္သည္။ ထို႔ေနာက္ ဝုန္းခနဲ အသံႏွင့္အတူ သားရဲေကာင္မ်ား ေျပးလာေလသလား မွတ္ရသည့္ ေျခသံမ်ားစြာ ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွပါဘိ။
ထိုအသံမ်ားကို ၾကားလိုက္ရၿပီးေနာက္ ေျမေအာက္သခင္၏ မ်က္ႏွာက ခ်က္ခ်င္း တင္းမာသြားသည္။
"ေကာင္ေလး … ျမန္ျမန္ေျပးေတာ့ … ငါ မင္းရဲ႕ အကူအညီအတြက္ ေက်းဇူးတင္ပါတယ္ … ဒါေပမယ့္ မင္း သူ႔ကို အႏိုင္မယူႏိုင္ဘူး"
"သူက မဟူရာ ဧကရာဇ္ပဲ … သူ႔မွာ မရဏ အေစခံ ခုနစ္ေယာက္ရွိတယ္ … ေျပးေတာ့"
ေျမေအာက္သခင္သည္ သူ အသက္မရွင္ႏိုင္ေတာ့မွန္း သိပါသည္၊ သို႔ေသာ္ သူ ယဲ့ဖန္ကို မေသေစခ်င္ပါ။
ေျမေအာက္သခင္၏ စကားေၾကာင့္ ယဲ့ဖန္က အနည္းငယ္ မေကာင္းဆိုးဝါးဆန္ေသာ ေလွာင္ၿပဳံးျဖင့္ ေျပာလိုက္သည္။
"စိတ္မပူနဲ႔ … သူတို႔က ပု႐ြက္ဆိတ္သာသာေလးေတြပါ"
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ ေျမေအာက္သခင္ နားေဝတိမ္ေတာင္ ျဖစ္သြားရသည္။
*ပု႐ြက္ဆိတ္သာသာေလးေတြတဲ့လား*
*အေနာက္ဘက္မွာ ဘယ္သူမွ မဟူရာ ဧကရာဇ္ရဲ႕ မရဏအေစခံေတြကို ပု႐ြက္ဆိတ္ေတြလို႔ မေခၚရဲၾကဘူးေလ*
*ဒီလူ …*
ယဲ့ဖန္၏ ထင္တိုင္းႀကဲေနမႈက ေျမေအာက္သခင္၏ အသိတရားတို႔ကို ၿဖိဳဖ်က္ေနသလိုပင္။ ေျမေအာက္သခင္က ယဲ့ဖန္အား ထြက္သြားရန္ ဆက္၍ တိုက္တြန္းမည္ ႀကံလိုက္စဥ္တြင္ မ်ားစြာေသာ တေစၦလူသားမ်ားက ႐ုတ္တရက္ ေကာင္းကင္ေပၚမွ ဆင္းလာသျဖင့္ ဒုန္းခနဲ အသံက်ယ္မ်ား ထြက္ေပၚလာသည္။
တစ္ေယာက္၊ ငါးေယာက္၊ ဆယ္ေယာက္။
….
မၾကာခင္မွာပင္ အေယာက္ငါးဆယ္ေက်ာ္ခန႔္ ရွိေသာ သိုင္းပညာရွင္မ်ား စုေဝးေရာက္ရွိလာၾကသည္။ သူတို႔ထဲမွ ခုနစ္ေယာက္သည္ ဒ႑ာရီလာ စဦးအဆင့္မ်ား ျဖစ္ၾကသည္။ က်န္လူ အေယာက္ငါးဆယ္တို႔သည္ ဒ႑ာရီအဆင့္ လူအိုႀကီးမ်ား ျဖစ္ၾကသည္။

ေျမေအာက္သခင္သည္ ၾကက္သီးထမတတ္ တုန္လႈပ္လာသည္။
"မျဖစ္ႏိုင္ဘူး … ဘယ္လိုလုပ္ၿပီး ဒ႑ာရီလာ အဆင့္ေတြ ဒီေလာက္ အမ်ားႀကီး ရွိေနရတာလဲ … မရဏ အေစခံ ခုနစ္ေယာက္လုံး အဆင့္တက္သြားဖို႔က မျဖစ္ႏိုင္ဘူးေလ"
ေျမေအာက္သခင္ အလြန္အမင္း ထိတ္လန႔္ေနသည္။
မဟူရာ ဧကရာဇ္၌ စုစုေပါင္း အေစခံ ရွစ္ေယာက္ရွိသည္။ လြန္ခဲ့သည့္ ႏွစ္မ်ားစြာက သူ႔အေစခံထဲမွ တစ္ေယာက္ျဖစ္သည့္ တေစၦဘုရင္သည္ မဟူရာ ၾကက္ေျခခတ္ သိုင္းကြက္ကို သုံး၍ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ တစ္ေယာက္ႏွင့္အတူ ေသဆုံးသြားသည္။
ထိုအခ်ိန္တုန္းက ထိုမရဏ အေစခံသည္ ဒ႑ာရီ ေနာက္ဆုံးအဆင့္သာ ရွိေသးသည္။
ဒ႑ာရီ ေနာက္ဆုံးအဆင့္ႏွင့္ ဒ႑ာရီလာ စဦးအဆင့္ၾကား၌ အဆင့္ႏွစ္ဆင့္သာ ရွိေသာ္လည္း ဒ႑ာရီအဆင့္ ေတာ္ေတာ္မ်ားမ်ားသည္ သူတို႔တစ္ဘဝလုံး ႀကိဳးစားလ်င္ေတာင္မွ ဒ႑ာရီလာအဆင့္သို႔ မေရာက္ရွိႏိုင္ပါ။
ဤမွ် အခ်ိန္တိုေလးအတြင္း၌ အေစခံ ခုနစ္ေယာက္လုံးက ဒ႑ာရီလာအဆင့္သို႔ တက္ေရာက္သြားသည္ကို သူ နည္းနည္းေလးမွ မယုံၾကည္ႏိုင္ပါ။
သို႔ေသာ္ တစ္ခဏအၾကာတြင္ ေျမေအာင္သခင္သည္ အံ့ဩဖြယ္ေကာင္းေသာ တစ္စုံတစ္ခုကို ေတြးလိုက္မိဟန္ျဖင့္ အလြန္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားၿပီး ေရ႐ြတ္လိုက္သည္။
"ငါ သိၿပီ … မင္း … မင္း သူတို႔ကို အခ်ိန္တိုေလးအတြင္း ဒ႑ာရီလာအဆင့္ ေရာက္သြားေအာင္ သူတို႔ရဲ႕ အတည္စြမ္းအင္ကို ဝါးမ်ိဳတဲ့ မဟူရာ ၾကက္ေျခခတ္ လွ်ပ္တျပက္ မရဏ တိုက္ကြက္ကို သုံးလိုက္တာပဲ"

ေျမေအာက္သခင္ ခ်က္ခ်င္း ေတြေဝသြားရသည္။ အေစခံ ခုနစ္ေယာက္လုံးသည္ တကယ္ကို ဒ႑ာရီလာ အဆင့္ျဖစ္ေနသည္။
မဟူရာ ဧကရာဇ္ႏွင့္ ဆိုလွ်င္ စုစုေပါင္း ဒ႑ာရီလာအဆင့္ ရွစ္ေယာက္ ျဖစ္ေနၿပီ ျဖစ္သည္။ ေျမေအာက္သခင္ ၾကယ္သီး တျဖန္းျဖန္းထသြားရသည္။
"မဟုတ္ဘူး … ေကာင္ေလး … ဒါ ငါ့အမွားေၾကာင့္ပါ"
ေျမေအာက္သခင္က စိတ္ဓာတ္က်သြားေသာ အၾကည့္ျဖင့္ ေျပာဆိုလိုက္သည္။
*သူ ေသမွာပဲ*
ယဲ့ဖန္က အလြန္ ငယ္႐ြယ္ေသးသည္။ ထို႔ျပင္ သူက ဒ႑ာရီလာ အဆင့္ ျဖစ္ေနလ်င္ေတာင္မွ ဒ႑ာရီလာအဆင့္ ရွစ္ေယာက္ကို သူ တစ္ၿပိဳင္တည္း မတိုက္ခိုက္ႏိုင္ပါ။
သူ မုခ်ေသသြားလိမ့္မည္။ ေျမေအာက္သခင္၏ စိတ္ဓာတ္က်ေနေသာ အမူအရာကို ၾကည့္ၿပီး မဟူရာ ဧကရာဇ္က မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးမ်ိဳးျဖင့္ ေျပာလာသည္။
"ဟားဟား … ဘယ္လိုလဲ … မင္း ေၾကာက္ေနၿပီမလား"
"ငါ မရဏ အေစခံ ခုနစ္ေယာက္နဲ႔ ပူးေပါင္းလိုက္တဲ့ အခ်ိန္က်ရင္ ဒီကမာၻေပၚက ေရွးဟား အေရွ႕တိုင္း ကလန္ေတြ ၊ အေနာက္ႏိုင္ငံက နတ္သမီးဌာနနဲ႔ အလင္းေတာ္ ဘုရားေက်ာင္းက လူအိုႀကီးေတြကလြဲၿပီး ဘယ္သူမွ ငါတို႔ကို မတားဆီးႏိုင္ေတာ့ဘူး"
မဟူရာ ဧကရာဇ္က အလြန္ ေမာက္မာေသာ အၾကည့္ျဖင့္ ေျပာလိုက္သည္။ သူ႔မ်က္လုံးထဲတြင္ အလြန္ အာဏာရွင္ဆန္ၿပီး ၾကမ္းၾကဳတ္မႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
"ေခြးမသားေလး … ဒီေန႔ ငါတို႔ က်န္းနန္ စီရင္စုေဒသကို ရွင္းလင္းပစ္ၿပီး မင္းကို ႏုတ္ႏုတ္စင္းပစ္မယ္ကြ"
ကမာၻေပၚမွ လူအနည္းငယ္ေလာက္သာ မဟူရာ ဧကရာဇ္ႏွင့္ သူ၏ မရဏ အေစခံ ခုနစ္ေယာက္ကို တားဆီးႏိုင္သည္။
ထိုအခ်ိန္တြင္ ေျမေအာက္သခင္၏ မ်က္ႏွာက မည္းေမွာင္သြားသည္။ အင္အားႀကီးလွခ်ည္လား။
မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ စုေပါင္းခြန္အားက ေျမေအာက္ကမာၻ လုပ္ႀကံေရးအဖြဲ႕၏ ခြန္အားကို ေသခ်ာေပါက္ သာလြန္ေနသည္။
သို႔ေသာ္ ယဲ့ဖန္ ေျပာလိုက္ေသာ စကားက ေျမေအာက္သခင္အား ထပ္မံ၍ ထိတ္လန႔္သြားေစသည္။
"ဒ႑ာရီလာအဆင့္ ေနာက္လိုက္ရွိတာ မင္းတစ္ေယာက္တည္းလို႔ ထင္ေနတာလား"
*ဘာ*
သူ႔စကားေၾကာင့္ ေျမေအာက္သခင္ႏွင့္ မဟူရာ ဧကရာဇ္တို႔ ႏွစ္ေယာက္လုံး မွင္တက္သြားၾကသည္။ ထိုစဥ္ ေျခသံအခ်ိဳ႕ ထြက္ေပၚလာသည္။
ေနာက္ထပ္ အဖြဲ႕တစ္ဖြဲ႕က လမ္းၾကားေလးထဲ ဝင္ေရာက္လာ၏။ လူေပါင္း ဒါဇင္နဲ႔ခ်ိပါဝင္ၿပီး သူတို႔ထဲမွ အားအနည္းဆုံးသူေတာင္မွ ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ား ျဖစ္ၾကသည္။
ထိုအဖြဲ႕အား လူလတ္ပိုင္းအ႐ြယ္ ေယာက္်ားတစ္ေယာက္ႏွင့္ လူအိုႀကီး ေလးေယာက္၊ စုစုေပါင္း လူငါးေယာက္က ဦးေဆာင္လာျခင္း ျဖစ္သည္။
သူတို႔ ျဖည္းညႇင္းစြာ ေလွ်ာက္လာေနျခင္း ျဖစ္ေသာ္လည္း သူတို႔၏ ေျခသံမ်ားက ကမာၻကို ကိုင္လႈပ္ႏိုင္ပုံ ရသည္။
"အေမွာင္ဂိုဏ္းခ်ဳပ္ က်ိဳခ်င္းခ်န္"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား၏ မ်က္ႏွာကို ျမင္လိုက္သည္ႏွင့္ မဟူရာ ဧကရာဇ္ႏွင့္ ေျမေအာက္သခင္တို႔ ဇေဝဇဝါျဖစ္ကာ မ်က္ေမွာင္ၾကဳတ္သြားၾကသည္။
က်ိဳခ်င္းခ်န္သည္ အေနာက္တိုင္းသား သိုင္းပညာရွင္မ်ား၏ စိတ္ထဲတြင္ ေၾကာက္စရာ အေကာင္းဆုံးေသာ အေရွ႕တိုင္းသား ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္ ျဖစ္သည္။
မဟူရာ ဧကရာဇ္ကိုယ္တိုင္ေတာင္မွ သူ႔ကို ရန္စခ်င္စိတ္ မရွိေပ။ ထို႔ေၾကာင့္လည္း မဟူရာ ဧကရာဇ္ က်န္းရွီၿမိဳ႕ထဲသို႔ တိတ္တဆိတ္ ခိုးဝင္လာျခင္း ျဖစ္သည္။
က်ိဳခ်င္းခ်န္က သူ ရွိေနသည္ကို သိေနလိမ့္မည္ဟု မဟူရာ ဧကရာဇ္ ထင္မွတ္မထားမိပါ။ ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္က မဟူရာ ဧကရာဇ္ႏွင့္ ေျမေအာက္သခင္တို႔အား မွင္တက္ သြားေစသည္။
"ဂါရဝျပဳပါတယ္ သခင္ႀကီး"
သူ႔စကားအဆုံးတြင္ အေမွာင္ဂိုဏ္းသား အားလုံးက ယဲ့ဖန္ေရွ႕ ခ်က္ခ်င္း ဒူးတစ္ဘက္ ေထာက္လိုက္ၾကသည္။

ဤျမင္ကြင္းကို ၾကည့္ၿပီး မဟူရာ ဧကရာဇ္ႏွင့္ ေျမေအာက္သခင္တို႔ အလြန္အမင္း အံ့အားသင့္သြားၾကသည္။
*သ…သခင္ႀကီးတဲ့လား*
*ဒီ အေရွ႕တိုင္းသား ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္က ယဲ့ဖန္ကို သခင္ႀကီးလို႔ ေခၚေနတယ္*
*မျဖစ္ႏိုင္ဘူး*
သို႔ေသာ္ ဤသည္ကား အစသာ ရွိေသးသည္။
ဒုန္း! ဒုန္း! ဒုန္း!
အနက္ေရာင္ ဝတ္စုံကို ဝတ္ဆင္ထားသည့္ လူမည္း၊ လူျဖဴႏွင့္ အေရွ႕တိုင္းသား မ်က္ႏွာေပါက္မ်ား ပါဝင္ေသာ ေနာက္ထပ္ အဖြဲ႕တစ္ဖြဲ႕က အင္ေမာ္တယ္ စစ္သားမ်ားကဲ့သို႔ ေရာက္ရွိလာၾကသည္။
ေတြးၾကည့္စရာမလိုေလာက္ေအာင္ပင္ သူတို႔အားလုံးသည္ အနည္းဆုံး ဒ႑ာရီအဆင့္မ်ား ျဖစ္ၾကသည္။ ထို႔ျပင္ သူတို႔၏ အက်ႌ လက္ေကာက္ဝတ္ေနရာ၌ 'ဒုစ႐ိုက္' ဟူေသာ စကားလုံးကို ေရးထြင္းထားသည္။
ဤသည္ကို ျမင္လိုက္သည္ႏွင့္ မဟူရာ ဧကရာဇ္ႏွင့္ သူ၏ မရဏ အေစခံ ခုနစ္ေယာက္တို႔ ထိတ္လန႔္ကာ ေနာင္တရလာသည္။
"ဒုစ႐ိုက္ ၿမိဳ႕ေတာ္ … သူတို႔ … သူတို႔က ဒုစ႐ိုက္ရဲ႕ အေၾကာက္အလန႔္မရွိတဲ့ တိုက္ခိုက္ေရးသမားေတြပဲ"
မဟူရာ ဧကရာဇ္ႏွင့္ သူ၏ အေစခံ ခုနစ္ေယာက္တို႔ မယုံသကၤာဟန္မ်ားျဖင့္ ျပည့္ႏွက္လာသည္။ မၾကာေသးခင္ကပင္ ဒုစ႐ိုက္ ဧကရာဇ္အသစ္ ျပန္လည္ ေပၚထြက္လာမႈေၾကာင့္ ဒုစ႐ိုက္ၿမိဳ႕ေတာ္သည္ ကမာၻတစ္ဝိုင္းရွိ သိုင္းေလာက၌ အထြတ္အထိပ္သို႔ ေရာက္ရွိလာၾကသည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားစုမ်ားအားလုံးက ဒုစ႐ိုက္ၿမိဳ႕ေတာ္သည္ အနာဂတ္၌ တစ္ကမာၻလုံးအႏွံ႔တြင္ ေၾကာက္စရာအေကာင္းဆုံးေသာ အင္အားစုမ်ားထဲမွ တစ္ခု ျဖစ္လာမည္ဟု ယူဆထားၾကသည္။
မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ား ထိတ္လန႔္ၿပီး မလႈပ္မယက္ ရွိေနစဥ္တြင္ ဒုစ႐ိုက္၏ အေၾကာက္အလန႔္ကင္းသည့္ တိုက္ခိုက္ေရးသမားမ်ားက အလြန္ အေရးပါေသာ လူတစ္ေယာက္အတြက္ လမ္းဖယ္ေပးလာၾကသည္။
ဧကရာဇ္ကဲ့သို႔ လူတစ္ေယာက္က လူအုပ္အလယ္မွ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္လာသည္။ ထိုလူကို ျမင္သည့္ႏွင့္ မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ား မ်က္ခုံး လႈပ္လာၾကသည္။
ထိုလူသည္ သူတို႔ ေၾကာက္ရသည့္ ဒုစ႐ိုက္ ဧကရာဇ္ျဖစ္သည္ကို သူတို႔ တပ္အပ္ေျပာႏိုင္သည္။ သို႔ေသာ္ ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္က လူတိုင္းအား အံ့ဩကာ ပါးစပ္အေဟာင္းသား ျဖစ္သြားေစသည္။
ဒုန္းခနဲ အသံႏွင့္အတူ ဒုစ႐ိုက္ ဧကရာဇ္က ယဲ့ဖန္ေရွ႕ ေလးဘက္ေထာက္ ဝပ္တြား၍ စိတ္လႈပ္ရွားစြာ ႏႈတ္ဆက္လာသည္။
" ကြၽန္ေတာ္ မို႐ို ေသြးစြန္း တေစၦက သခင္ႀကီးကို ဂါရဝ ျပဳပါတယ္"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now