Chapter 264

1.2K 145 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (264) ရူးနေပြီ! သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ!
*သေကုန်ပြီ*
*ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ခြောက်ယောက်လုံး သေကုန်ပြီ*
ထိုအချိန်တွင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံးရှိ လေထုသည် ထိုင်းမှိုင်းလို့လာ၏။
ကိုရီးယားလူမျိုးများ နားနေသော နေရာ၌ လူတိုင်းသည် အသက်ကို အောင့်ထားပြီး သူတို့၏ နှလုံးသားအား ကျောက်တုံးကြီးဖြင့် အဖိခံလိုက်ရသလို ခံစားလိုက်ရသည်။
ဤဖြစ်စဉ်ကြီးတစ်ခုလုံးက ဆယ်မိနစ်လောက်တောင် မကြာလိုက်ချေ။
*ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ခြောက်ယောက်လုံး အသတ်ခံလိုက်ရပြီ။ ဒါ …. မဖြစ်နိုင်ဘူးလေ*
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဟွာရှနိုင်ငံ၏ အဓိကကလန်များ ရှိရာနေရာမှ အားပေးသံများနှင့် ကျွတ်ကျွတ်ညံလာ၏။
ဟွာရှနိုင်ငံ၏ အဓိကကလန်များမှ ကလန်သားများ၏ မျက်လုံးထဲတွင်တော့ ယဲ့ဖန်သည် နတ်ဘုရားလိုပင် ဖြစ်သည်။
“မယုံနိုင်စရာပဲ … ဆရာသခင်အဆင့် တစ်ယောက်က ဒဏ္ဍာရီအဆင့် ခြောက်ယောက်ကို သတ်လိုက်တယ် … ဒါ ဟွာရှနိုင်ငံရဲ့ သိုင်းလောကမှာ ဒဏ္ဍာရီလာ မှတ်တမ်းတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ”
“သူက အရမ်း သန်မာလွန်းတယ် … သာမန် ဒဏ္ဍာရီအဆင့်တွေက ယဲ့ဖန်ရှေ့မှာတော့ ခွေးလို၊ ဝက်လိုကို အားနည်းလွန်းတယ်”
“ဒါ တစ်ဖတ်သတ်တိုက်ပွဲပဲ …. ဒါ တကယ့်ကို ရူးချင်စရာကောင်းတဲ့ တစ်ဖတ်သတ် နိုင်ပွဲပဲ”
ထိုအချိန်တွင် ဟွာရှနိုင်ငံ၏ အဓိက ကလန်များမှ ကလန်သားများ၏ ရင်ထဲတွင် ယဲ့ဖန်သည် ဟွာရှနိုင်ငံ၏ စစ်နတ်ဘုရားပင် ဖြစ်သည်။
သူ၏ ရက်စက်မှုသည် လက်ဖျားခါလောက်ပေသည်။
တစ်ဘက်တွင်တော့ ယဲ့မုန့်ထန်သည် မျက်ခုံးတဆတ်ဆတ်လှုပ်ကာ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများနှင့် ရေရွတ်နေမိသည်။
“ဒီတရားမဝင်သားက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ … မဟုတ်ဘူး … မဖြစ်နိုင်ဘူး … ဒါ လုံးဝမဖြစ်နိုင်ဘူး”
ယခုအချိန်တွင် ယဲ့မုန့်ထန်သည် အလွန် နောင်တရလို့နေ၏။ အကယ်၍ သူသာ ယဲ့ဖန်၏ ရက်စက်မှုကို အစောကြီးကတည်းက သိရှိခဲ့ပါလျင် သူ ဘယ်တော့မှ ယဲ့ကလန်ကို သစ္စာဖောက်မည် မဟုတ်သလို သည်တကယ့် လူထူးလူဆန်းအားလည်း ရန်စမိမည် မဟုတ်ပါ။
သို့ပေမဲ့ ယခုအခါတွင်တော့ အချိန်နှောင်းသွားပြီ ဖြစ်သည်။
“အကြီးအကဲကျို … မြန်မြန် … အဲ့ခွေးမသားလေးကို သတ်လိုက်ပါ … သူသာ အသက်ရှင်နေသေးရင် ကျုပ်တို့ဆီ မဆုံးနိုင်တဲ့ ဒုက္ခတွေကို သယ်လာမှာ”
ယဲ့မုန့်ထန်သည် ကြောက်ရွံ့တုန်လှုပ်စွာ ပြောဆိုလိုက်သည်။ ယဲ့မုန့်ထန်၏ စကားကြောင့် ကျိုဟမ့်ရှန်၏ မျက်နှာက တင်းမာသွားကာ ပြန်ပြောလာသည်။
“သူက တကယ့်ကို ရက်စက်တဲ့ သူပုန်ပဲ … ဒီလို ကြမ်းကြုတ်တဲ့ သိုင်းကွက်မျိုး ကျုပ် တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ထိုသို့ပြောပြီး ကျိုဟမ့်ရှန်က ကိုရီးယားလူမျိုးများ နားနေရာ နေရာသို့ တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ဒါပေမယ့် သူ ပျက်သုဉ်းရမယ့်နေ့က ရောက်လာပြီလေ”
*ဘာ*
သူ့စကားကြောင့် ယဲ့မုန့်ထန်က ချက်ချင်း တစ်ဘက်လှည့်ကာ ကိုရီးယားလူမျိုးများ နားနေရာနေရာသို့ လှမ်းကြည့်လိုက်သည်။
ရုတ်တရက် ကိုရီးယားလူမျိုးများ နားနေရာ နေရာမှ အဘိုးအိုတစ်ယောက် လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။
သူသည် ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ဖျောင်ထိုက်ရှင်း ဖြစ်ပြီး သေဆုံးသွားသော ဒဏ္ဍာရီအဆင့် ခြောက်ယောက်၏ ဆရာလည်း ဖြစ်ပေသည်။
ဖျောင်ထိုက်ရှင်း၏ မျက်နှာသည် ဝမ်းနည်းကာ တင်းမာလို့နေသည်။ သူက ယဲ့ဖန်အား ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲံသို့ ကြမ်းကြုတ်၊ ရက်စက်စွာ ကြည့်၍ ပြောလိုက်သည်။
“ယဲ့ဖန် … ယဲ့ဖန်”
“မင်း ငါ့သား၊ ငါ့မြေးနဲ့ ငါ့တပည့်ခြောက်ယောက်ကို သတ်ခဲ့တယ်”
“ဒီနေ့ ငါ ဖျောင်ထိုက်ရှင်းက မင်းကို ဒီမှာ သတ်မယ်လို့ ကျိန်ဆိုတယ် …. ဒီလိုမှမဟုတ်ရင် ငါ လူမဟုတ်တော့ဘူး”
ဖျောင်ထိုက်ရှင်း အလွန် ဒေါသထွက်လို့နေသည်။ သူ့သား၊ မြေးနှင့် တပည့်များအားလုံး ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် သူသည် သူ့မျိုးဆက်များကို ဆုံးရှုံးလိုက်ရလေသည်။
ဖျောင်ထိုက်ရှင်း၏ စကားကို ကြားပြီး ယဲ့ဖန်က မသိမသာ သရော်နေသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်လား … တိုက်ဆိုင်လိုက်တာ … ကျုပ်ရဲ့ ဆရာသခင်အဆင့် ခွန်အားကို ခင်ဗျားအသက်ကိုစမ်းသပ်ဖို့ အသုံးချရတာပေါ့”
“ကျုပ်ကို မုန်းမနေပါနဲ့ … ဘာလို့လဲဆိုတော့ ခင်ဗျား သူတို့နဲ့ မကြာခင် ပြန်ဆုံနိုင်အောင် ကျုပ် လုပ်ပေးမလို့လေ”
….
ယဲ့ဖန်၏ စကားကို ကြားပြီး ဖျောင်ထိုက်ရှင်း အလွန် ဒေါကန်သွားသည်။
“ခွေးမသားလေး … မင်း သေချင်နေတာပဲ”
ထိုသို့ပြောပြီး ဖျောင်ထိုက်ရှင်းက ယဲ့ဖန်ထံသို့ ဒေါသထွကနေသော နွားသိုးကဲ့သို့ ပြေးဝင်သွားသည်။
သူ၏ အံ့ဩဖွယ်ကောင်းလောက်သော အရှိန်ကြောင့် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး လေတိုးသံများနှင့် ပဲ့တင်ထပ်သွားသည်။ ထိုစဉ် သူက တစ်ချက် ကြုံးဝါးလိုက်သည်။
“ချီဓာတ်ကို ဓားမော့အဖြစ်သို့ ပြောင်းလဲခြင်း”
ထို့နောက်တွင် သန်မာသော ချီမျှင်တန်းတစ်ခုက ဖျောင်ထိုက်ရှင်း၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာသည်။ မည်သူမျှ သတိမထားလိုက်မိခင်တွင် သူ့ဦးခေါင်းထက်၌ အေးခဲချီ ဓားမော့တစ်လက် ပေါ်ပေါက်လာသည်။
…..
ထိုစဉ် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး၏ အပူချိန်က သုညသို့ ရုတ်တရက် ထိုးကျသွားသည်။ ကျန်ရှိနေသော ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ခိုက်ခိုက်တုန်လာသည်။
ဖျောင်ထိုက်ရှင်း၏ ချီဓားမော့က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်အား တစ်ချက်တည်းနှင့် အသာလေး သတ်ပစ်နိုင်မှန်း သူတို့ သိထားကြသည်။
“အဲ့ဒါ … အဲ့ဒါ ဒဏ္ဍာရီလာ အဆင့် သိုင်းပညာရှင်တွေရဲ့ တစ်မူထူးတဲ့ သိုင်းကွက်မလား … ချီဓာတ်ကို လက်နက်အဖြစ် ပြောင်းလဲခြင်း လေ … လူတွေကို မမြင်ကွယ်ရာကနေ သတ်နိုင်တယ်လေ”
ပွဲကြည့်သူများ ထိတ်လန့်သွားကြသည်။ သူတို့ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များကို သတိထားမိသော်လည်း ယခုမှသာ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များသည် သူတို့ကိုယ်တွင်း၌ တစ်ဟုန်ထိုး တိုးပွားနေသော ချီဓာတ်များ ရှိသည်။ သူတို့၏ ချီဓာတ်များသည် သမုဒ္ဒရာကဲ့သို့ ကြီးမား များပြား၍ ဆက်တိုက် ထုတ်သုံးနိုင်သည်။
သူတို့၏ ချီဓာတ်များသည် သူတို့ကိုယ်တွင်းမှ ထွက်လာပြီးနောက် အလွန် ထက်မြက်သော လက်နက်များအဖြစ် ပြောင်းလဲသွားနိုင်ပြီး စိတ်ဝိညာဉ် ပစ္စည်းများကိုပင် ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်။
ဖျောင်ထိုက်ရှင်း သိုင်းကွက်ထုတ်လိုက်သည်နှင့် သူသည် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးကို နှစ်ခြမ်းခွဲမိမလို ဖြစ်သွားသည်။
“သေစမ်းကွာ”
သူ ကြုံးဝါးလိုက်ရင်း သူ၏ အေးခဲချီ ဓားမော့နှင့် ခုတ်ပိုင်းလိုက်သည်။ ပင့်ကူမျှင်ကဲ့သို့ များပြားလှသော အက်ရာများက ပျက်ဆီးနေသော စည်းဝိုင်းပတ်လည်၌ ပေါ်လာသည်။
အေးခဲချီ ဓားမော့သည် အလွန် ထက်ရှလှသဖြင့် ပြိုင်ကွင်းကိုတောင် အသာလေး ခွဲဖြတ်သွားနိုင်သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ချီဓားမော့က ယဲ့ဖန်အား ခုတ်ပိုင်းသွားသည်။
ရွှစ်!
ထို့နောက် ယဲ့ဖန်သည် အနောက်သို့ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး စည်းဝိုင်းအောက်ရှိ ကြမ်းပြင်သို့ ပြန်ပြုတ်ကျလာကာ သွေးများ အန်ထွက်လာ၏။
ယဲ့ဖန်၏ သွေးများက စည်းဝိုင်းအား ဖုံးလွှမ်းသွားသည်။ ထိုစဉ် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တိတ်ကျသွားသည်။
ပွဲကြည့်နေသူများ နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံး စည်းဝိုင်းအောက်မှ ယဲ့ဖန်အား မျက်ခုံးတလှုပ်လှုပ်နှင့် ဝိုင်းကြည့်နေမိသည်။
ယဲ့ဖန်သည် သွေးများ ပေကျံနေပြီး ကြမ်းပြင်ပေါ်၌ ငြိမ်သက်စွာ လဲနေသည်။
*သေသွားပြီလား*
*ယဲ့ဖန် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား*
…..
လူတိုင်း အသက်ကို ပြင်းပြင်းရှူရင်း ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ခေါင်းမွှေးတွေတောင် ထောင်လာသလို ခံစားလိုက်ရသည်။
ဤမျှ အံ့ဩဖွယ်ကောင်းသည့် ခွန်အားက ဟွာရှနိုင်ငံသား သိုင်းပညာရှင်များအား အလွန် ထိတ်လန့်သွားစေသည်။
“ယဲ့ဖန်”
ယဲ့ရှုံး၊ ယဲ့ဖန့်ချန်နှင့် ယဲ့ဖန်ဘက်၌ ရှိသော အခြားယဲ့ကလန်သားများ သေမတတ် ကြောက်ရွံ့သွားကြသည်။
ဖျောင်ကျိုးဝမ် ချက်ချင်း လွှားခနဲ ထခုန်လိုက်မိသည်။ သူမပါးစပ်လေးအား လက်ဖြင့် အုပ်ရင်း မျက်ရည်များ အဆက်မပြတ် ကျဆင်းလာရင်း ပြောလိုက်မိသည်။
“မောင်...မောင်ငယ်လေး … မဟုတ်ဘူး … နင် သေလို့မရဘူးနော်”
ဖျောင်ကျိုးဝမ်၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်လို့နေပြီး သတိလစ်မတတ် ဖြစ်နေရှာသည်။
အမှောင်ဂိုဏ်းအဖွဲ့ နားနေရာ နေရာမှ အဖွဲ့သားများက ဟားတိုက်ရယ်မောလာကြသည်။
“သူ သေသွားပြီ … ဟဟ… အဲ့ခွေးမသားလေး နောက်ဆုံးတော့ သေသွားပြီ”
ယဲ့မုန့်ထန် အလွန် ပျော်ရွှင်နေသဖြင့် သူ့ပါးစပ်ကြီးတောင် ရွဲ့စောင်းလို့နေသည်။ ယဲ့ဖန်က သူ့ကို ပေးသော အကြောက်တရားက ချက်ချင်း ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် သူ အလွန် ဝမ်းသာနေသလို ခံစားနေရသည်။
ကျိုဟမ့်ရှန်သည်လည်း ကျေနပ်နေသော မျက်နှာထားဖြင့် သူ့မုတ်ဆိတ်မွှေးကို လက်ဖြင့် သပ်နေသည်။
သို့သော် ဖျောင်ထိုက်ရှင်း၏ မျက်နှာက ပျော်ရွှင်ဟန် မပေါက်သည်ကို သူတို့ သတိထားလိုက်မိသည်။ သူ့မျက်နှာက အလွန် သုန်မှုန်လို့နေ၏။
ထို့ပြင် ဖျောင်ထိုက်ရှင်းက တစ်ခုခုကို လန့်နေသည့်ဟန်ဖြင့် ချီဓာတ်ကို ပိုမိုထုတ်လွှတ်၍ နောက်ထပ် အေးခဲချီ ဓားမော့တစ်ချောင်းကို ဖန်တီးလိုက်သည်။
ထိုအချိန်တွင် သူသည် ကြမ်းပြင်ပေါ် လဲနေသော ယဲ့ဖန်ကို စိုက်ကြည့်လို့နေ၏။
“အဟမ်း...အဟမ်း...အဟမ်း….”
ထိုစဉ် ချောင်းဟန့်သံ ရုတ်ချက်း ထွက်ပေါ်လာကာ အမှောင်ဂိုဏ်းအဖွဲ့သားများ၏ အပြုံးကို အေးခဲသွားစေသည်။
ကြမ်းပြင်ပေါ်မှ ယဲ့ဖန် ဖြည်းဖြည်းချင်း ပြန်ထလာသည်ကို သူတို့ မြင်လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကြသည်။
“မဟုတ်ဘူး …. မဖြစ်နိုင်ဘူးလေ”
ယဲ့မုန့်ထန်သည် မျက်လုံးပြူး မျက်ဆံပြူးနှင့် ထိတ်လန့်ကာ ကိုယ့်လျှာကိုယ်ပြန်ကိုက်မိမလို ဖြစ်သွားရသည်။
*ဆရာသခင်အဆင့် တစ်ယောက်က ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်ရဲ့ ချီလက်နက် တိုက်ကွက်ကနေ အသက်ရှင်ခဲ့တယ်*
*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*
အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က ပြန်ထလာပြီး ရင်ဘတ်မှ သွေးစွန်းနေသော ဓားချက်နှင့်အတူ စည်းဝိုင်းဆီသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်လာနေသည်။
ထို့ပြင် သူက တောက်ပနေသော မျက်လုံးများဖြင့် ပြောလာသည်က
“ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တတ်နိုင်တာက ဒါ အကုန်ပဲလား … အားနည်းတယ် …. အရမ်း အားနည်းလွန်းတယ်”
*ဘာ*
တိုက်ခိုက်ရေးကလပ်မှ လူတိုင်း အလွန် ထိတ်လန့်သွားကြသည်။ ဖျောင်ထိုက်ရှင်း၏ မျက်နှာက အလွန် ခက်ထန်လာပြီး ချက်ချင်း သူ့လက်ကို လှုပ်ရှားလိုက်သည်.
နောက်ထပ် လေတိုးသံနှင့်အတူ သူသည် အေးခဲချီ ဓားမော့တစ်ချောင်းကို ယဲ့ဖန်ထံသို့ အားနှင့် ပစ်သွင်းလိုက်သည်။
“ကျုပ် လိုချင်တာ ဒါပဲလေ”
ယဲ့ဖန်က ရှောင်ဖို့တောင် မကြိုးစားပါ၊ ထိုအစား သူက သူ ချစ်ရသော အမျိုးသမီးအား ထွေးပွေ့ရသကဲ့သို့ စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် ရင်ကို ဖွင့်၍ ထိုအေးခဲချီ ဓားမော့အား ပွေ့ဖက်၍ ခံယူလိုက်သည်။
…..
ကြည့်နေသူများအားလုံးကြားထဲ ချက်ချင်း ပွက်လောရိုက်သွားသည်။
*ရူးနေပြီ*
“သူ …. သူ ရူးနေပြီ … သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
#ZAWGYI
စာစဥ္ (18) CHAPTER (264) ႐ူးေနၿပီ! သူ ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ!
*ေသကုန္ၿပီ*
*ဒ႑ာရီအဆင့္ သိုင္းပညာရွင္ေျခာက္ေယာက္လုံး ေသကုန္ၿပီ*
ထိုအခ်ိန္တြင္ တိုက္ခိုက္ေရးကလပ္တစ္ခုလုံးရွိ ေလထုသည္ ထိုင္းမႈိင္းလို႔လာ၏။
ကိုရီးယားလူမ်ိဳးမ်ား နားေနေသာ ေနရာ၌ လူတိုင္းသည္ အသက္ကို ေအာင့္ထားၿပီး သူတို႔၏ ႏွလုံးသားအား ေက်ာက္တုံးႀကီးျဖင့္ အဖိခံလိုက္ရသလို ခံစားလိုက္ရသည္။
ဤျဖစ္စဥ္ႀကီးတစ္ခုလုံးက ဆယ္မိနစ္ေလာက္ေတာင္ မၾကာလိုက္ေခ်။
*ဒ႑ာရီအဆင့္ သိုင္းပညာရွင္ေျခာက္ေယာက္လုံး အသတ္ခံလိုက္ရၿပီ။ ဒါ …. မျဖစ္ႏိုင္ဘူးေလ*
တစ္ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ ဟြာရွႏိုင္ငံ၏ အဓိကကလန္မ်ား ရွိရာေနရာမွ အားေပးသံမ်ားႏွင့္ ကြၽတ္ကြၽတ္ညံလာ၏။
ဟြာရွႏိုင္ငံ၏ အဓိကကလန္မ်ားမွ ကလန္သားမ်ား၏ မ်က္လုံးထဲတြင္ေတာ့ ယဲ့ဖန္သည္ နတ္ဘုရားလိုပင္ ျဖစ္သည္။
“မယုံႏိုင္စရာပဲ … ဆရာသခင္အဆင့္ တစ္ေယာက္က ဒ႑ာရီအဆင့္ ေျခာက္ေယာက္ကို သတ္လိုက္တယ္ … ဒါ ဟြာရွႏိုင္ငံရဲ႕ သိုင္းေလာကမွာ ဒ႑ာရီလာ မွတ္တမ္းတစ္ခု ေသခ်ာေပါက္ ျဖစ္လာေတာ့မွာပဲ”
“သူက အရမ္း သန္မာလြန္းတယ္ … သာမန္ ဒ႑ာရီအဆင့္ေတြက ယဲ့ဖန္ေရွ႕မွာေတာ့ ေခြးလို၊ ဝက္လိုကို အားနည္းလြန္းတယ္”
“ဒါ တစ္ဖတ္သတ္တိုက္ပြဲပဲ …. ဒါ တကယ့္ကို ႐ူးခ်င္စရာေကာင္းတဲ့ တစ္ဖတ္သတ္ ႏိုင္ပြဲပဲ”
ထိုအခ်ိန္တြင္ ဟြာရွႏိုင္ငံ၏ အဓိက ကလန္မ်ားမွ ကလန္သားမ်ား၏ ရင္ထဲတြင္ ယဲ့ဖန္သည္ ဟြာရွႏိုင္ငံ၏ စစ္နတ္ဘုရားပင္ ျဖစ္သည္။
သူ၏ ရက္စက္မႈသည္ လက္ဖ်ားခါေလာက္ေပသည္။
တစ္ဘက္တြင္ေတာ့ ယဲ့မုန႔္ထန္သည္ မ်က္ခုံးတဆတ္ဆတ္လႈပ္ကာ ထိတ္လန႔္ေၾကာက္႐ြံ႕ေနေသာ မ်က္လုံးမ်ားႏွင့္ ေရ႐ြတ္ေနမိသည္။
“ဒီတရားမဝင္သားက ဘယ္လိုလုပ္ ဒီေလာက္ သန္မာေနရတာလဲ … မဟုတ္ဘူး … မျဖစ္ႏိုင္ဘူး … ဒါ လုံးဝမျဖစ္ႏိုင္ဘူး”
ယခုအခ်ိန္တြင္ ယဲ့မုန႔္ထန္သည္ အလြန္ ေနာင္တရလို႔ေန၏။ အကယ္၍ သူသာ ယဲ့ဖန္၏ ရက္စက္မႈကို အေစာႀကီးကတည္းက သိရွိခဲ့ပါလ်င္ သူ ဘယ္ေတာ့မွ ယဲ့ကလန္ကို သစၥာေဖာက္မည္ မဟုတ္သလို သည္တကယ့္ လူထူးလူဆန္းအားလည္း ရန္စမိမည္ မဟုတ္ပါ။
သို႔ေပမဲ့ ယခုအခါတြင္ေတာ့ အခ်ိန္ေႏွာင္းသြားၿပီ ျဖစ္သည္။
“အႀကီးအကဲက်ိဳ … ျမန္ျမန္ … အဲ့ေခြးမသားေလးကို သတ္လိုက္ပါ … သူသာ အသက္ရွင္ေနေသးရင္ က်ဳပ္တို႔ဆီ မဆုံးႏိုင္တဲ့ ဒုကၡေတြကို သယ္လာမွာ”
ယဲ့မုန႔္ထန္သည္ ေၾကာက္႐ြံ႕တုန္လႈပ္စြာ ေျပာဆိုလိုက္သည္။ ယဲ့မုန႔္ထန္၏ စကားေၾကာင့္ က်ိဳဟမ့္ရွန္၏ မ်က္ႏွာက တင္းမာသြားကာ ျပန္ေျပာလာသည္။
“သူက တကယ့္ကို ရက္စက္တဲ့ သူပုန္ပဲ … ဒီလို ၾကမ္းၾကဳတ္တဲ့ သိုင္းကြက္မ်ိဳး က်ဳပ္ တစ္ခါမွ မျမင္ခဲ့ဖူးဘူး”
ထိုသို႔ေျပာၿပီး က်ိဳဟမ့္ရွန္က ကိုရီးယားလူမ်ိဳးမ်ား နားေနရာ ေနရာသို႔ တစ္ခ်က္ၾကည့္ကာ ေလွာင္ၿပဳံးၿပဳံး၍ ေျပာလိုက္သည္။
“ဒါေပမယ့္ သူ ပ်က္သုဥ္းရမယ့္ေန႔က ေရာက္လာၿပီေလ”
*ဘာ*
သူ႔စကားေၾကာင့္ ယဲ့မုန႔္ထန္က ခ်က္ခ်င္း တစ္ဘက္လွည့္ကာ ကိုရီးယားလူမ်ိဳးမ်ား နားေနရာေနရာသို႔ လွမ္းၾကည့္လိုက္သည္။
႐ုတ္တရက္ ကိုရီးယားလူမ်ိဳးမ်ား နားေနရာ ေနရာမွ အဘိုးအိုတစ္ေယာက္ ေလွ်ာက္လာေနသည္ကို သူ ေတြ႕လိုက္ရသည္။
သူသည္ ကိုရီးယားႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္၊ ဒ႑ာရီလာ တစ္ပိုင္းအဆင့္သို႔ ေရာက္ရွိေနသည့္ ေဖ်ာင္ထိုက္ရွင္း ျဖစ္ၿပီး ေသဆုံးသြားေသာ ဒ႑ာရီအဆင့္ ေျခာက္ေယာက္၏ ဆရာလည္း ျဖစ္ေပသည္။
ေဖ်ာင္ထိုက္ရွင္း၏ မ်က္ႏွာသည္ ဝမ္းနည္းကာ တင္းမာလို႔ေနသည္။ သူက ယဲ့ဖန္အား ေဒါသထြက္ေနေသာ ျခေသၤ့တစ္ေကာင္ကဲံသို႔ ၾကမ္းၾကဳတ္၊ ရက္စက္စြာ ၾကည့္၍ ေျပာလိုက္သည္။
“ယဲ့ဖန္ … ယဲ့ဖန္”
“မင္း ငါ့သား၊ ငါ့ေျမးနဲ႔ ငါ့တပည့္ေျခာက္ေယာက္ကို သတ္ခဲ့တယ္”
“ဒီေန႔ ငါ ေဖ်ာင္ထိုက္ရွင္းက မင္းကို ဒီမွာ သတ္မယ္လို႔ က်ိန္ဆိုတယ္ …. ဒီလိုမွမဟုတ္ရင္ ငါ လူမဟုတ္ေတာ့ဘူး”
ေဖ်ာင္ထိုက္ရွင္း အလြန္ ေဒါသထြက္လို႔ေနသည္။ သူ႔သား၊ ေျမးႏွင့္ တပည့္မ်ားအားလုံး ယဲ့ဖန္၏ သတ္ျဖတ္ျခင္းကို ခံလိုက္ရသည္။ ထို႔ေၾကာင့္ သူသည္ သူ႔မ်ိဳးဆက္မ်ားကို ဆုံးရႈံးလိုက္ရေလသည္။
ေဖ်ာင္ထိုက္ရွင္း၏ စကားကို ၾကားၿပီး ယဲ့ဖန္က မသိမသာ သေရာ္ေနေသာ အၿပဳံးျဖင့္ ျပန္ေျပာလိုက္သည္။
“ဒ႑ာရီလာ တစ္ပိုင္းအဆင့္လား … တိုက္ဆိုင္လိုက္တာ … က်ဳပ္ရဲ႕ ဆရာသခင္အဆင့္ ခြန္အားကို ခင္ဗ်ားအသက္ကိုစမ္းသပ္ဖို႔ အသုံးခ်ရတာေပါ့”
“က်ဳပ္ကို မုန္းမေနပါနဲ႔ … ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား သူတို႔နဲ႔ မၾကာခင္ ျပန္ဆုံႏိုင္ေအာင္ က်ဳပ္ လုပ္ေပးမလို႔ေလ”
….
ယဲ့ဖန္၏ စကားကို ၾကားၿပီး ေဖ်ာင္ထိုက္ရွင္း အလြန္ ေဒါကန္သြားသည္။
“ေခြးမသားေလး … မင္း ေသခ်င္ေနတာပဲ”
ထိုသို႔ေျပာၿပီး ေဖ်ာင္ထိုက္ရွင္းက ယဲ့ဖန္ထံသို႔ ေဒါသထြကေနေသာ ႏြားသိုးကဲ့သို႔ ေျပးဝင္သြားသည္။
သူ၏ အံ့ဩဖြယ္ေကာင္းေလာက္ေသာ အရွိန္ေၾကာင့္ တိုက္ခိုက္ေရး ကလပ္တစ္ခုလုံး ေလတိုးသံမ်ားႏွင့္ ပဲ့တင္ထပ္သြားသည္။ ထိုစဥ္ သူက တစ္ခ်က္ ႀကဳံးဝါးလိုက္သည္။
“ခ်ီဓာတ္ကို ဓားေမာ့အျဖစ္သို႔ ေျပာင္းလဲျခင္း”
ထို႔ေနာက္တြင္ သန္မာေသာ ခ်ီမွ်င္တန္းတစ္ခုက ေဖ်ာင္ထိုက္ရွင္း၏ လက္ဖဝါးထဲမွ ထြက္ေပၚလာသည္။ မည္သူမွ် သတိမထားလိုက္မိခင္တြင္ သူ႔ဦးေခါင္းထက္၌ ေအးခဲခ်ီ ဓားေမာ့တစ္လက္ ေပၚေပါက္လာသည္။
…..
ထိုစဥ္ တိုက္ခိုက္ေရးကလပ္တစ္ခုလုံး၏ အပူခ်ိန္က သုညသို႔ ႐ုတ္တရက္ ထိုးက်သြားသည္။ က်န္ရွိေနေသာ ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ား ခိုက္ခိုက္တုန္လာသည္။
ေဖ်ာင္ထိုက္ရွင္း၏ ခ်ီဓားေမာ့က ဒ႑ာရီအဆင့္ သိုင္းပညာရွင္တစ္ေယာက္အား တစ္ခ်က္တည္းႏွင့္ အသာေလး သတ္ပစ္ႏိုင္မွန္း သူတို႔ သိထားၾကသည္။
“အဲ့ဒါ … အဲ့ဒါ ဒ႑ာရီလာ အဆင့္ သိုင္းပညာရွင္ေတြရဲ႕ တစ္မူထူးတဲ့ သိုင္းကြက္မလား … ခ်ီဓာတ္ကို လက္နက္အျဖစ္ ေျပာင္းလဲျခင္း ေလ … လူေတြကို မျမင္ကြယ္ရာကေန သတ္ႏိုင္တယ္ေလ”
ပြဲၾကည့္သူမ်ား ထိတ္လန႔္သြားၾကသည္။ သူတို႔ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္မ်ားကို သတိထားမိေသာ္လည္း ယခုမွသာ ကိုယ္တိုင္ကိုယ္က် ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္သည္။
႑ာရီလာအဆင့္ သိုင္းပညာရွင္မ်ားသည္ သူတို႔ကိုယ္တြင္း၌ တစ္ဟုန္ထိုး တိုးပြားေနေသာ ခ်ီဓာတ္မ်ား ရွိသည္။ သူတို႔၏ ခ်ီဓာတ္မ်ားသည္ သမုဒၵရာကဲ့သို႔ ႀကီးမား မ်ားျပား၍ ဆက္တိုက္ ထုတ္သုံးႏိုင္သည္။
သူတို႔၏ ခ်ီဓာတ္မ်ားသည္ သူတို႔ကိုယ္တြင္းမွ ထြက္လာၿပီးေနာက္ အလြန္ ထက္ျမက္ေသာ လက္နက္မ်ားအျဖစ္ ေျပာင္းလဲသြားႏိုင္ၿပီး စိတ္ဝိညာဥ္ ပစၥည္းမ်ားကိုပင္ ခ်က္ခ်င္း ဖ်က္ဆီးပစ္ႏိုင္သည္။
ေဖ်ာင္ထိုက္ရွင္း သိုင္းကြက္ထုတ္လိုက္သည္ႏွင့္ သူသည္ တိုက္ခိုက္ေရး ကလပ္တစ္ခုလုံးကို ႏွစ္ျခမ္းခြဲမိမလို ျဖစ္သြားသည္။
“ေသစမ္းကြာ”
သူ ႀကဳံးဝါးလိုက္ရင္း သူ၏ ေအးခဲခ်ီ ဓားေမာ့ႏွင့္ ခုတ္ပိုင္းလိုက္သည္။ ပင့္ကူမွ်င္ကဲ့သို႔ မ်ားျပားလွေသာ အက္ရာမ်ားက ပ်က္ဆီးေနေသာ စည္းဝိုင္းပတ္လည္၌ ေပၚလာသည္။
ေအးခဲခ်ီ ဓားေမာ့သည္ အလြန္ ထက္ရွလွသျဖင့္ ၿပိဳင္ကြင္းကိုေတာင္ အသာေလး ခြဲျဖတ္သြားႏိုင္သည္။
စကၠန႔္ပိုင္းေလးအတြင္းမွာပင္ ခ်ီဓားေမာ့က ယဲ့ဖန္အား ခုတ္ပိုင္းသြားသည္။
႐ႊစ္!
ထို႔ေနာက္ ယဲ့ဖန္သည္ အေနာက္သို႔ ႀကိဳးျပတ္သြားေသာ စြန္ကဲ့သို႔ လြင့္ထြက္သြားၿပီး စည္းဝိုင္းေအာက္ရွိ ၾကမ္းျပင္သို႔ ျပန္ျပဳတ္က်လာကာ ေသြးမ်ား အန္ထြက္လာ၏။
ယဲ့ဖန္၏ ေသြးမ်ားက စည္းဝိုင္းအား ဖုံးလႊမ္းသြားသည္။ ထိုစဥ္ တိုက္ခိုက္ေရး ကလပ္တစ္ခုလုံး တိတ္က်သြားသည္။
ပြဲၾကည့္ေနသူမ်ား ႏွလုံးခုန္ ရပ္သြားသလို ခံစားလိုက္ရသည္။ သူတို႔အားလုံး စည္းဝိုင္းေအာက္မွ ယဲ့ဖန္အား မ်က္ခုံးတလႈပ္လႈပ္ႏွင့္ ဝိုင္းၾကည့္ေနမိသည္။
ယဲ့ဖန္သည္ ေသြးမ်ား ေပက်ံေနၿပီး ၾကမ္းျပင္ေပၚ၌ ၿငိမ္သက္စြာ လဲေနသည္။
*ေသသြားၿပီလား*
*ယဲ့ဖန္ တစ္ခ်က္တည္းနဲ႔ အသတ္ခံလိုက္ရတာလား*
…..
လူတိုင္း အသက္ကို ျပင္းျပင္းရႉရင္း ထိတ္လန႔္ေၾကာက္႐ြံ႕မႈေၾကာင့္ ေခါင္းေမႊးေတြေတာင္ ေထာင္လာသလို ခံစားလိုက္ရသည္။
ဤမွ် အံ့ဩဖြယ္ေကာင္းသည့္ ခြန္အားက ဟြာရွႏိုင္ငံသား သိုင္းပညာရွင္မ်ားအား အလြန္ ထိတ္လန႔္သြားေစသည္။
“ယဲ့ဖန္”
ယဲ့ရႈံး၊ ယဲ့ဖန႔္ခ်န္ႏွင့္ ယဲ့ဖန္ဘက္၌ ရွိေသာ အျခားယဲ့ကလန္သားမ်ား ေသမတတ္ ေၾကာက္႐ြံ႕သြားၾကသည္။
ေဖ်ာင္က်ိဳးဝမ္ ခ်က္ခ်င္း လႊားခနဲ ထခုန္လိုက္မိသည္။ သူမပါးစပ္ေလးအား လက္ျဖင့္ အုပ္ရင္း မ်က္ရည္မ်ား အဆက္မျပတ္ က်ဆင္းလာရင္း ေျပာလိုက္မိသည္။
“ေမာင္...ေမာင္ငယ္ေလး … မဟုတ္ဘူး … နင္ ေသလို႔မရဘူးေနာ္”
ေဖ်ာင္က်ိဳးဝမ္၏ ေသးသြယ္ေသာ ကိုယ္လုံးေလးက တုန္ယင္လို႔ေနၿပီး သတိလစ္မတတ္ ျဖစ္ေနရွာသည္။
အေမွာင္ဂိုဏ္းအဖြဲ႕ နားေနရာ ေနရာမွ အဖြဲ႕သားမ်ားက ဟားတိုက္ရယ္ေမာလာၾကသည္။
“သူ ေသသြားၿပီ … ဟဟ… အဲ့ေခြးမသားေလး ေနာက္ဆုံးေတာ့ ေသသြားၿပီ”
ယဲ့မုန႔္ထန္ အလြန္ ေပ်ာ္႐ႊင္ေနသျဖင့္ သူ႔ပါးစပ္ႀကီးေတာင္ ႐ြဲ႕ေစာင္းလို႔ေနသည္။ ယဲ့ဖန္က သူ႔ကို ေပးေသာ အေၾကာက္တရားက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။ ယခုအခ်ိန္တြင္ သူ အလြန္ ဝမ္းသာေနသလို ခံစားေနရသည္။
က်ိဳဟမ့္ရွန္သည္လည္း ေက်နပ္ေနေသာ မ်က္ႏွာထားျဖင့္ သူ႔မုတ္ဆိတ္ေမႊးကို လက္ျဖင့္ သပ္ေနသည္။
သို႔ေသာ္ ေဖ်ာင္ထိုက္ရွင္း၏ မ်က္ႏွာက ေပ်ာ္႐ႊင္ဟန္ မေပါက္သည္ကို သူတို႔ သတိထားလိုက္မိသည္။ သူ႔မ်က္ႏွာက အလြန္ သုန္မႈန္လို႔ေန၏။
ထို႔ျပင္ ေဖ်ာင္ထိုက္ရွင္းက တစ္ခုခုကို လန႔္ေနသည့္ဟန္ျဖင့္ ခ်ီဓာတ္ကို ပိုမိုထုတ္လႊတ္၍ ေနာက္ထပ္ ေအးခဲခ်ီ ဓားေမာ့တစ္ေခ်ာင္းကို ဖန္တီးလိုက္သည္။
ထိုအခ်ိန္တြင္ သူသည္ ၾကမ္းျပင္ေပၚ လဲေနေသာ ယဲ့ဖန္ကို စိုက္ၾကည့္လို႔ေန၏။
“အဟမ္း...အဟမ္း...အဟမ္း….”
ထိုစဥ္ ေခ်ာင္းဟန႔္သံ ႐ုတ္ခ်က္း ထြက္ေပၚလာကာ အေမွာင္ဂိုဏ္းအဖြဲ႕သားမ်ား၏ အၿပဳံးကို ေအးခဲသြားေစသည္။
ၾကမ္းျပင္ေပၚမွ ယဲ့ဖန္ ျဖည္းျဖည္းခ်င္း ျပန္ထလာသည္ကို သူတို႔ ျမင္လိုက္ရသျဖင့္ အလြန္ ထိတ္လန႔္သြားၾကသည္။
“မဟုတ္ဘူး …. မျဖစ္ႏိုင္ဘူးေလ”
ယဲ့မုန႔္ထန္သည္ မ်က္လုံးျပဴး မ်က္ဆံျပဴးႏွင့္ ထိတ္လန႔္ကာ ကိုယ့္လွ်ာကိုယ္ျပန္ကိုက္မိမလို ျဖစ္သြားရသည္။
*ဆရာသခင္အဆင့္ တစ္ေယာက္က ဒ႑ာရီလာတစ္ပိုင္းအဆင့္ရဲ႕ ခ်ီလက္နက္ တိုက္ကြက္ကေန အသက္ရွင္ခဲ့တယ္*
*ဒါ … လုံးဝ မျဖစ္ႏိုင္ဘူးေလ*
အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ယဲ့ဖန္က ျပန္ထလာၿပီး ရင္ဘတ္မွ ေသြးစြန္းေနေသာ ဓားခ်က္ႏွင့္အတူ စည္းဝိုင္းဆီသို႔ ျဖည္းျဖည္းခ်င္း ျပန္ေလွ်ာက္လာေနသည္။
ထို႔ျပင္ သူက ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္က
“ဒ႑ာရီလာ တစ္ပိုင္းအဆင့္ တတ္ႏိုင္တာက ဒါ အကုန္ပဲလား … အားနည္းတယ္ …. အရမ္း အားနည္းလြန္းတယ္”
*ဘာ*
တိုက္ခိုက္ေရးကလပ္မွ လူတိုင္း အလြန္ ထိတ္လန႔္သြားၾကသည္။ ေဖ်ာင္ထိုက္ရွင္း၏ မ်က္ႏွာက အလြန္ ခက္ထန္လာၿပီး ခ်က္ခ်င္း သူ႔လက္ကို လႈပ္ရွားလိုက္သည္.
ေနာက္ထပ္ ေလတိုးသံႏွင့္အတူ သူသည္ ေအးခဲခ်ီ ဓားေမာ့တစ္ေခ်ာင္းကို ယဲ့ဖန္ထံသို႔ အားႏွင့္ ပစ္သြင္းလိုက္သည္။
“က်ဳပ္ လိုခ်င္တာ ဒါပဲေလ”
ယဲ့ဖန္က ေရွာင္ဖို႔ေတာင္ မႀကိဳးစားပါ၊ ထိုအစား သူက သူ ခ်စ္ရေသာ အမ်ိဳးသမီးအား ေထြးေပြ႕ရသကဲ့သို႔ စိတ္လႈပ္ရွားေနသည့္ မ်က္ႏွာႏွင့္ ရင္ကို ဖြင့္၍ ထိုေအးခဲခ်ီ ဓားေမာ့အား ေပြ႕ဖက္၍ ခံယူလိုက္သည္။
…..
ၾကည့္ေနသူမ်ားအားလုံးၾကားထဲ ခ်က္ခ်င္း ပြက္ေလာ႐ိုက္သြားသည္။
*႐ူးေနၿပီ*
“သူ …. သူ ႐ူးေနၿပီ … သူ ကိုယ့္ေသတြင္း ကိုယ္တူးေနတာပဲ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now