Chapter 211

1.4K 174 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (15) Chapter (211) ကျုပ် ခင်ဗျားကို စောင့်နေပါတယ်

ခြေသံများကို ကြားပြီးနောက် ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။ စင်ပေါ်သို့ လျှောက်လာ‌နေသော လူငယ်လေးကို လူတိုင်း ငေးမောကြည့်နေမိသည်။
မကောင်းဆိုးဝါးဆန်သည်။

ထူးဆန်းသည်။

ဆရာသခင် တစ်ပိုင်းအဆင့်သို့ အဆင့်တက်ခဲ့ပြီးနောက် ယဲ့ဖန်သည် သူ၏ တိုက်ပွဲဝင် ချီဓာတ်အား ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူ၏ တကယ့် တိုက်ပွဲဝင် ခွန်အားအား အပြင်လူများ မမြင်နိုင်ပါ။

အများအမြင်တွင် ယဲ့ဖန်သည် သာန်လူတစ်ယောက်သာ ဖြစ်သည်။

"မဟာဆရာသခင်ကျန့်ရဲ့ အသက်ကို ကယ်လိုက်တဲ့သူက အဲ့လူများလား"

ဟွာရှ သိုင်းပညာရှင်များ အားလုံး ယဲ့ဖန်အား အလွန် ထိတ်လန့်စွာ စိုက်ကြည့်မိကြသည်။

သူတို့ အမြင်တွင် ယဲ့ဖန်၏ တမူထူးခြားသော ပင်ကိုစရိုက်မှလွဲ၍ သူနှင့် ပတ်သက်သည့် အရာအားလုံးက သာမန်သာ ဖြစ်သည်။

*ဖျောင်ကျိုးယိုလက်ကနေ မဟာဆရာသခင်ကျန့်ကို သူ ဘယ်လို ကယ်လိုက် တာပါလိမ့်*

မဟာဆရာသခင် ကျန့်တောင်မှ ဤအခြေအနေကို မယုံနိုင်သဖြင့် ယဲ့ဖန်အား ခပ်သွက်သွက် သတိပေးလိုက်သည်။

"လူ….လူငယ်လေး၊ ဒီနေရာကနေ မြန်မြန် ထွက်သွား၊ မင်း ဒီမှာ ရှိမနေသင့်ဘူး"

မဟာဆရာသခင်ကျန့်သည် သူ့ကို ကယ်လိုက်သည့်သူက ယဲ့ဖန်ဟု မထင်ဘဲ လူအုပ်ထဲမှ အခြားသူ တစ်ယောက်ယောက်ကသာ ကယ်တင်လိုက်သည်ဟု ယုံကြည်နေမိသည်။

သို့သော် သူ၏ သတိပေးစကားကို ကြားသော် ယဲ့ဖန်က ခပ်ဖွဖွ ပြုံး၍ ပြန်ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး၊ ဒါ ကိုရီးယား ပုရွက်ဆိတ်ကောင်လေးပါပဲ၊ ကျုပ် သူ့ကို မသေမနင်း နင်းသတ်မှာပါ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် မဟာဆရာသခင်ကျန့် တစ်ခဏမျှ မှင်တက်သွားရသည်။ ယဲ့ဖန်၏ အသံကို ကြားသည်နှင့် စင်အောက်မှ ပိုင်ဟူက ချက်ချင်း ထအော်လာသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now