Chapter 274

1.3K 154 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (274) ဒုစရိုက် ဧကရာဇ်
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၌ တရားဥပဒေမရှိ၊ ကျောင်းဟူ၍ မရှိဘဲ သွေးထွက်သံယိုနှင့် အကြမ်းဖက်မှုများသာ ရှိသော မြို့တစ်မြို့ရှိသည်။
လမ်းမထက်၌ လမ်းလျှောက်နေသူများ သို့မဟုတ် လမ်းဘေး၌ စားသောက်နေသူများသည် အမြဲဆိုသလို မတူညီသော မျိုးနွယ်များမှ ကြမ်းကြုတ် ရက်စက်သူများ ဖြစ်ကြသည်။
သူတို့အားလုံးနီးပါးသည် ခိုလှုံရာ တစ်ခု ရှာဖွေနေကြသည့် အကြောက်အလန့်မဲ့သော ဓားပြများနှင့် လူသတ်သမားများ ဖြစ်ကြသည်။
ဤမြို့အား ဒုစရိုက်မြို့တော်ဟု လူသိများသည်။ အမှုအခင်းများက ဤမြို့တွင် နိစ္စဒူဝ ကိစ္စလို ဖြစ်နေသည်။
လူတစ်ယောက်သာ မြို့ထဲဝင်လာပါက ထိုသူသည် သိုင်းပညာရှင်များ၏ အလောင်းများကို ချက်ချင်း မြင်တွေ့ရပေလိမ့်မည်။
ဆရာသခင်အဆင့်များ၏ အလောင်းများကို သစ်ပင်များပေါ်၌ ချိတ်ဆွဲထားသည်။ ဒဏ္ဍာရီတစ်ပိုင်းအဆင့်များ၏ အလောင်းများကို နံရံတွေပေါ်၌ ချိတ်ဆွဲလို့ထားသည်။
ဒဏ္ဍာရီအဆင့်များ၏ အလောင်းများတောင်မှ လမ်းဘေး ဓာတ်တိုင်များပေါ်၌ ချိတ်ဆွဲ၍ထားကြသည်။ အလောင်းတစ်လောင်းချင်းစိသည် သူတို့ အသက်ရှင်စဉ်အခါက အလွန် အင်အားကြီးသူများ ဖြစ်ကြသော်လည်း သူတို့သည် ဆာလောင်နေသော ဝံပုလွေများ၏ ကိုက်ဖြဲခြင်းကို ခံခဲ့ရသည့်ဟန်ဖြင့် အလွန် ဆိုးရွားသော နည်းလမ်းများဖြင့် သေသွားခဲ့ကြသည်။
သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက အမှိုက်သရိုက်ကဲ့သို့ နေရာအနှံ့ ပြန့်ကျဲနေသည်။ လမ်းမများသည်လည်း သွေးများနှင့် စွန်းထင်းနေ၏။
မြင့်မားသော အဆောက်အဦးများ အားလုံး ပျက်ဆီးနေသည်။ မြို့တော်သည် သားသတ်ရုံအလား သွေးစီးကြောင်းများကြောင့် ခရမ်းရင့်ရောင် ပြောင်းနေသည်။
မြို့တော်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးဆာနေသည့် ချီဓာတ်များဖြင့် ပြည့်နေသည်။
ယနေ့တွင် ဒုစရိုက်မြို့တော်သည် အလွန် တိတ်ဆိတ်လို့နေသည်။ ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများထံမှ မည်သည့်အသံမှ မကြားရ။ ကစဉ့်ကလျား ဖြစ်နေသော လမ်းမထက်၌ မည်သည့် သက်ရှိ ဝိညာဉ်များမှ ရှိမနေပါ။
တစ္ဆေမြို့တော်အလား ထင်မှတ်မှားလောက်သည်။ ဒုစရိုက်မြို့တော် အလယ်၌ ပျက်စီးနေသော မိုးထိဘုရင်နန်းဆောင်ဟု ခေါင်ဆိုကြသော မိုးမျှော်တိုက် တစ်လုံး ရှိနေသည်။
ရှေးဒုစရိုက်ဘုရင်အား ဤအဆောက်အဦး၏ ထိပ်ဆုံးအလွှာ၌ ဂူသွင်းထားသည်။ ထိုအဆောက်အဦးထဲရှိ လျှို့ဝှက်သိုင်းကျမ်းအား ရယူနိုင်သည့် မည်သူမဆို ဒုစရိုက် ဧကရာဇ်အသစ် ဖြစ်လာပြီး မိုးထိဘုရင်နန်းဆောင်၏ ထိပ်ဆုံးအလွှာသို့ ရောက်အောင် တက်နိုင်သည်နှင့် ဒုစရိုက်မြို့တော်၏ ပိုင်ရှင်အသစ်လည်း ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။
ဒုစရိုက်မြို့တော်ထဲတွင် နေ့ခင်းအချိန်အခါသို့ ရောက်နေပြီဖြစ်သည်။ လူများစွာက မိုးထိဘုရင်နန်းဆောင်၏ အပြင်ဘက်၌ ရပ်နေကြသည်။
သူတို့သည် ခြင်္သေ့များကဲ့သို့ သန်မာပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိနှိပ်နိုင်သော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။
သူတို့အားလုံးသည် ဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။ ရှေ့မှာ လူကြီးသုံးယောက်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည်။
"မွန်းတည့်ချိန်တောင် ရောက်တော့မယ် … အဲ့ကောင်လေးက ထိပ်ဆုံးအလွှာကို ရောက်နေတာ လဝက်လောက် ရှိနေပြီ … သူ လုပ်နိုင်သွားပြီလား"
လူမည်း အဘိုးအိုတစ်ယောက်က သေစေနိုင်လောက်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ရေရွတ်လာသည်။ သူသည် ဒုစရိုက်မြို့တော်၏ ကာကွယ်စောင့်ရှောက်သူ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။အခြား ကာကွယ်စောင့်ရှောက်သူ နှစ်ယောက်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။
"နှစ်ရာနဲ့ချီ ကြာခဲ့ပြီ … ဒုစရိုက် ဧကရာဇ် ကွယ်လွန်သွားပြီးကတည်းက ငါတို့ ဘိုးဘေးတွေက ဒီနေရာကို နှစ်ပေါင်း ရာနဲ့ချီပြီး ကာကွယ်ပေးခဲ့ကြတယ် … ဒါပေမယ့် ဒီကောင်လေးက နန်းဆောင်ရဲ့ ထိပ်ဆုံးအလွှာကို ရောက်တဲ့ ပထမဆုံးသူပဲ"
"သူ လုပ်နိင်မှာပါ … ငါတို့ရဲ့ ဒုစရိုက်မြို့တော်ကြီးက တိတ်ဆိတ်နေခဲ့တာ နှစ်ရာနဲ့ချီနေခဲ့ပြီ … ကမ္ဘာပေါ်က လူတွေက ငါတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုကို မေ့လျော့နေကြပြီ … ဒုစရိုက် ဧကရာဇ် ပြန်ပေါ်လာတာနဲ့ ဒုစရိုက်မြို့တော်ကြီးက သေချာပေါက် ကမ္ဘာကို ကိုင်လှုပ်နိုင်လိမ့်မယ်"
ကာကွယ်စောင့်ရှောက်သူ သုံးယောက်လုံး တဖြည်းဖြည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ နန်းဆောင်၏ ဟိုးထိပ်ဆုံးကအား မျှော်လင့်တစကြီးနှင့် ဝိုင်းကြည့်နေကြသည်။
ဘေးပတ်လည်မှ သိုင်းပညာရှင်များသည်လည်း စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ဒုစရိုက် ဧကရာဇ်အသစ် မွေးဖွားလာခြင်းအတွက် သူတို့သည် သူတို့၏ ရန်ကြွေးဟောင်းများကို မေ့လျော့နေကြသည်။
ဝုန်း!
ထိုအချိန်တွင် သူတို့သည် ကမ္ဘာတုန်လှုပ်မတတ် ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် နန်းဆောင်တစ်ခုလုံး တုန်ယင်လာသည်။
"ဟောဟိုမှာ"
ကာကွယ်စောင့်ရှောက်သူ သုံးယောက်လုံး တက်ကြွလာကြသည်။ တစ်ခဏမျှကြာသော် သူတို့ နောက်ထပ် ပေါက်ကွဲသံနှစ်ခုကို ထပ်ကြားလိုက်ရသည်။
သူတို့၏ စိုးထိတ်နေသော မျက်လုံးများအောက်မှာပင် သူတို့သည် မိုးထိဘုရင်နန်းဆောင်၏ ထိပ်ဆုံးအလွှာ ဝန်းကျင်၌ အက်ရာများစွာ ပေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ထို့နောက် သူတို့ ဘုန်းခနဲ အသံကျယ်တစ်ခုကို ကြားလိုက်ရပြီး နန်းဆောင်တစ်ခုလုံး တစ်စစီဖြစ်ကာ ပြိုကျပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဘုရင့်နန်းဆောင် သုံးကြိမ် လှုပ်ခါသွားပြီးတဲ့နောက် ဒုစရိုက် ဧကရာဇ်အသစ်က ဆင်းသက်လာလိမ့်မယ်"
ဤမြင်ကွင်းကို ကြည့်ပြီး ကာကွယ်စောင့်ရှောက်သူ သုံးယောက် တက်ကြွ ပျော်ရွှင်လာကြသည်။ ဒုန်းခနဲ အသံနှင့်အတူ ကာကွယ်စောင့်ရှောက်သူ သုံးယောက်သည် ချက်ချင်း ဒူးထောက်ပြီး နတ်ဘုရားကို ကြိုဆိုလိုက်ကြသည်။
ဆိုဆုံးမရခက်သော အခြား ထိပ်သီး ရက်စက်ကြမ်းကြုတ်သော သူများသည်လည်း လျင်မြန်စွာ ဒူးထောက်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာရှင် အယောက် တစ်ထောင်ကျော်သည် ပျက်စီးသွားသော မိုးထိဘုရင်နန်းဆောင်၏ အရှေ့၌ ဒူးထောက်နေကြသည်။
သူတို့အားလုံးသည် တစ်ကမ္ဘာလုံး၌ နာမည်ကြီးသော ရက်စက် ကြမ်းကြုတ်သည့် သူများပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတို့သည် အရေးမပါသော ပုရွက်ဆိတ်များကဲ့သို့ ဒူးထောက်လျက် ရှိနေကြသည်။
ထိုစဉ် အနက်ရောင် အရိပ်တစ်ခုက ဥက္ကာပျံကဲ့သို့ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ ထို့နောက် မြေကြီး၌ ဖုန်ထထောင်းထောင်းထသွားသည်။
ထိုသူ ဝင်တိုက်လိုက်မိသည့် နေရာမှ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထွက်ပေါ်လာသည်။ ထိုသူသည် ဖိုသီဖတ်သီနှင့် လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ဖြစ်သည်။
သူ၏ ကြွက်သားများသည် သံမဏိနှင့် ပြုလုပ်ထားပုံပေါ်သည်။ သူ၏ ချီဓာတ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းလှသည့်အတွက် လက်တစ်ဘက်ကို သာမန်ကာလျှံကာ လှုပ်လိုက်ရုံဖြင့် လူတိုင်းကို သတ်နိုင်ပုံပေါက်သည်။
သူ့နဖူးအလယ်တည့်တည့်၌ ရွှေအိုရောင် အဝိုင်းလေးတစ်ခု ရှိနေပြီး ဧကရာဇ်၏ အမှတ်တံဆိပ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။
"သူ့ချီဓာတ်အရဆို သူက … ဒဏ္ဍာရီလာ အဆင့်တစ်ယောက်ပဲ"
"အိုး … ဝိုး … သူ ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရလိုက်ပြီးတာနဲ့ သူ ဒဏ္ဍာရီလာအဆင့်ကို အဆင့်တက်သွားတာပဲ"
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သုံးယောက်လုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့သုံးယောက်လုံး ထိုဖိုသီဖတ်သီနှင့် လူလတ်ပိုင်းအရွယ် လူကြီး၏ ခြေဖဝါးရှေ့၌ ဒူးထောက်လိုက်ကြသည်။
"ဂါရဝပြုပါတယ် ဒုစရိုက် ဧကရာဇ် … ကျွန်တော်တို့က ခင်ဗျားရဲ့ ကျေးကျွန်ပါ"
သူတို့၏ နှုတ်ဆက်သံများက တိမ်ပေါ်အထိ ပဲ့တင်ထပ်လုနီးပါး ဖြစ်နေသည်။ ကာကွယ်စောင့်ရှောက်သူ၏ အနောက်မှ အယောက်တစ်ထောင်ကျော်သော သိုင်းပညာရှင် တပ်မကြီးသည်လည်း လေးဘက်ထောက်နေကြသည်။
"ဂါရဝပြုပါတယ် ဒုစရိုက် ဧကရာဇ်"
အယောက်တစ်ထောင်ကျော်သော် အသံများက ဒုစရိုက်မြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။ ဤမြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
သိုင်းပညာရှင်များစွာ ဒူးထောက်၍ ဝပ်တွားနေကြသည်ကို မြင်သော်လည်း ထိုဖိုသီဖတ်သီနှင့် လူကြီးသည် ပျော်ရွှင်ပုံမပေါ်ပေ၊ ထိုအစား သူသည် ခပ်ဝေးဝေးသို့ အတိတ်သို့ အလွန် လွမ်းဆွတ်နေသည့် အကြည့်များဖြင့် ကြည့်နေသည်။
"သခင်ကြီး … ကျုပ် လုပ်နိုင်ခဲ့ပြီ"
"ဒီလူတွေအားလုံးက သခင်ကြီး ပေးခဲ့တဲ့ လက်ဆောင်တွေပါ"
မိုရို သွေးစွန်းဆုဒြာက ကျွန်တော့်ကို မိုးထိဘုရင်နန်းဆောင်ရဲ့ ထိပ်ဆုံးအလွှာကို ရောက်အောင် ကူညီပေးခဲ့တယ် … မိုရို စိတ်ဆန္ဒက ကျွန်တော့်ကို ဒုစရိုက်ရဲ့ လျှို့ဝှက်သိုင်းပညာ တက်မြောက်အောင် အပတ်တကုပ် ကူညီပေးခဲ့တယ်"
"ကျွန်တော် … မိုရိုသွေးစွန်းတစ္ဆေက သခင်ကြီး မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်ခဲ့ပါတယ်"
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒုစရိုက် ဧကရာဇ်သည် သူ့ကိုယ်တွင်းမှ ချီဓာတ်များ တစ်ဟုန်ထိုး တိုးပွားလာသည်ကို ခံစားမိသည်။ ထိုအချိန်တွင် သူ့မျက်လုံးများက လေးစားချစ်ခင်စိတ်များဖြင့် တောက်ပနေသည်။
ထို့နောက် သူက ကျေးကျွန် သုံးယောက်ကို ကြည့်၍ မေးလိုက်သည်။
"ကျုပ် ရှေးဦး လျှို့ဝှက် သိုင်းကျမ်းကို ရခဲ့တုန်းက ခင်ဗျားတို့ကို အာရုံစိုက်ထားဖို့ ပြောထားတဲ့ ကိစ္စကကော ဘယ်လို အခြေအနေရှိလဲ"
သူ့စကားကြောင့် ဒုစရိုက်၏ ကျေးကျွန်သုံးယောက်က တုန်ယင်သွားပြီး ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
"သခင်ကြီး နောက်ဆုံးရထားတဲ့ သတင်းအရ … ယဲ့ဖန်က ယန်ကျင့်မြို့ကနေ ကျန်းရှီမြို့ကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပြန်ရောက်ပါပြီ"
ဒုစရိုက်၏ ကျေးကျွန်သုံးယောက်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရသည်။
*ဟမ်*
ဒုစရိုက် ဧကရာဇ်က မေးလိုက်သည်။
"ဘာကျန်သေးလို့လဲ … ပြောစမ်း"
ခပ်ပြတ်ပြတ် မေးခွန်းက ကျေးကျွန်သုံးယောက်ကို ချက်ချင်း တုန်ယင်သွားစေသည်။ ရှေ့ဆုံးမှ လူမည်း ကျေးကျွန်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
"နောက်ဆုံးရထားတဲ့ သတင်းအရ မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ မဟူရာ ဧကရာဇ်က သေမင်းကျေးကျွန် ခုနစ်ယောက်နဲ့ ဂိုဏ်းခွဲအားလုံးက ထိပ်တန်း သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်ပြီးသွားပါပြီ … သူတို့က ကျန်းရှီမြို့ကို ခရီးထွက်ခွာသွားပါပြီ"
"ယဲ့ဖန်က မဟူရာ ဧကရာဇ်ရဲ့ သားကို သတ်ခဲ့ပြီးတော့ အရှေ့အာရှက မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲအားလုံးကို ဖျက်ဆီးခဲ့ပါတယ် … မဟူရာ ဧကရာဇ်က ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းဖို့ ပြင်ဆင်နေပါတယ်"

သူ့စကားကြောင့် ဒုစရိုက် ဧကရာဇ်၏ မျက်လုံးက ချက်ချင်း သွေးဆာနေသည့် အမူအရာသို့ ပြောင်းလဲသွားသည်။
"ကောင်းတယ် … မဟူရာ ဧကရာဇ်အတွက် ဒီလောက်နဲ့ တော်သင့်ပြီ"
"မင်းက ငါ့သခင်ကြီးကို ခြိမ်းခြောက်တယ် … မင်း သေချင်နေတာပဲ"
သူ၏ တင်းမာသော စကားအဆုံးတွင် ဒုစရိုက် ဧကရာဇ်က ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ဆက်ပြောလိုက်သည်။
"ဒုစရိုက်ရဲ့ ကျေးကျွန်တွေ ငါ့အမိန့်ကို နာခံစမ်း"
သူ့စကားကြောင့် သိုင်းပညာရှင် အယောက်တစ်ထောင်ကျော်က ချက်ချင်း တုန်လှုပ်သွားပြီး ပြန်လည် ဖြေကြားလိုက်သည်။
"ကျွန်တော်မျိုးတို့ ရှိပါတယ် သခင်ကြီး"
"ငါနဲ့အတူ ဟွာရှနိုင်ငံကို လိုက်ခဲ့ကြ … မဟူရာ ဧကရာဇ်နဲ့ ဦးခေါင်းနဲ့အတူ ဒုစရိုက်ရဲ့ အင်အားကို မြှင့်တင်ကြမယ်"
ဒုစရိုက်၏ ကျေးကျွန်များက စတင်၍ ကြွေးကြော်လိုက်ကြပြီး ဒုစရိုက်မြို့တော်တစ်ခုလုံး လှုပ်ခါသွားရသည်။
#ZAWGYI
စာစဥ္ (19) CHAPTER (274) ဒုစ႐ိုက္ ဧကရာဇ္
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါ ျပည္နယ္၌ တရားဥပေဒမရွိ၊ ေက်ာင္းဟူ၍ မရွိဘဲ ေသြးထြက္သံယိုႏွင့္ အၾကမ္းဖက္မႈမ်ားသာ ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕ရွိသည္။
လမ္းမထက္၌ လမ္းေလွ်ာက္ေနသူမ်ား သို႔မဟုတ္ လမ္းေဘး၌ စားေသာက္ေနသူမ်ားသည္ အၿမဲဆိုသလို မတူညီေသာ မ်ိဳးႏြယ္မ်ားမွ ၾကမ္းၾကဳတ္ ရက္စက္သူမ်ား ျဖစ္ၾကသည္။
သူတို႔အားလုံးနီးပါးသည္ ခိုလႈံရာ တစ္ခု ရွာေဖြေနၾကသည့္ အေၾကာက္အလန႔္မဲ့ေသာ ဓားျပမ်ားႏွင့္ လူသတ္သမားမ်ား ျဖစ္ၾကသည္။
ဤၿမိဳ႕အား ဒုစ႐ိုက္ၿမိဳ႕ေတာ္ဟု လူသိမ်ားသည္။ အမႈအခင္းမ်ားက ဤၿမိဳ႕တြင္ နိစၥဒူဝ ကိစၥလို ျဖစ္ေနသည္။
လူတစ္ေယာက္သာ ၿမိဳ႕ထဲဝင္လာပါက ထိုသူသည္ သိုင္းပညာရွင္မ်ား၏ အေလာင္းမ်ားကို ခ်က္ခ်င္း ျမင္ေတြ႕ရေပလိမ့္မည္။
ဆရာသခင္အဆင့္မ်ား၏ အေလာင္းမ်ားကို သစ္ပင္မ်ားေပၚ၌ ခ်ိတ္ဆြဲထားသည္။ ဒ႑ာရီတစ္ပိုင္းအဆင့္မ်ား၏ အေလာင္းမ်ားကို နံရံေတြေပၚ၌ ခ်ိတ္ဆြဲလို႔ထားသည္။
ဒ႑ာရီအဆင့္မ်ား၏ အေလာင္းမ်ားေတာင္မွ လမ္းေဘး ဓာတ္တိုင္မ်ားေပၚ၌ ခ်ိတ္ဆြဲ၍ထားၾကသည္။ အေလာင္းတစ္ေလာင္းခ်င္းစိသည္ သူတို႔ အသက္ရွင္စဥ္အခါက အလြန္ အင္အားႀကီးသူမ်ား ျဖစ္ၾကေသာ္လည္း သူတို႔သည္ ဆာေလာင္ေနေသာ ဝံပုေလြမ်ား၏ ကိုက္ၿဖဲျခင္းကို ခံခဲ့ရသည့္ဟန္ျဖင့္ အလြန္ ဆိုး႐ြားေသာ နည္းလမ္းမ်ားျဖင့္ ေသသြားခဲ့ၾကသည္။
သူတို႔၏ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားက အမႈိက္သ႐ိုက္ကဲ့သို႔ ေနရာအႏွံ႔ ျပန႔္က်ဲေနသည္။ လမ္းမမ်ားသည္လည္း ေသြးမ်ားႏွင့္ စြန္းထင္းေန၏။
ျမင့္မားေသာ အေဆာက္အဦးမ်ား အားလုံး ပ်က္ဆီးေနသည္။ ၿမိဳ႕ေတာ္သည္ သားသတ္႐ုံအလား ေသြးစီးေၾကာင္းမ်ားေၾကာင့္ ခရမ္းရင့္ေရာင္ ေျပာင္းေနသည္။
ၿမိဳ႕ေတာ္သည္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ေသြးဆာေနသည့္ ခ်ီဓာတ္မ်ားျဖင့္ ျပည့္ေနသည္။
ယေန႔တြင္ ဒုစ႐ိုက္ၿမိဳ႕ေတာ္သည္ အလြန္ တိတ္ဆိတ္လို႔ေနသည္။ က်ိဳးပဲ့ပ်က္စီးေနေသာ အေဆာက္အဦးမ်ားထံမွ မည္သည့္အသံမွ မၾကားရ။ ကစဥ့္ကလ်ား ျဖစ္ေနေသာ လမ္းမထက္၌ မည္သည့္ သက္ရွိ ဝိညာဥ္မ်ားမွ ရွိမေနပါ။
တေစၦၿမိဳ႕ေတာ္အလား ထင္မွတ္မွားေလာက္သည္။ ဒုစ႐ိုက္ၿမိဳ႕ေတာ္ အလယ္၌ ပ်က္စီးေနေသာ မိုးထိဘုရင္နန္းေဆာင္ဟု ေခါင္ဆိုၾကေသာ မိုးေမွ်ာ္တိုက္ တစ္လုံး ရွိေနသည္။
ေရွးဒုစ႐ိုက္ဘုရင္အား ဤအေဆာက္အဦး၏ ထိပ္ဆုံးအလႊာ၌ ဂူသြင္းထားသည္။ ထိုအေဆာက္အဦးထဲရွိ လွ်ိဳ႕ဝွက္သိုင္းက်မ္းအား ရယူႏိုင္သည့္ မည္သူမဆို ဒုစ႐ိုက္ ဧကရာဇ္အသစ္ ျဖစ္လာၿပီး မိုးထိဘုရင္နန္းေဆာင္၏ ထိပ္ဆုံးအလႊာသို႔ ေရာက္ေအာင္ တက္ႏိုင္သည္ႏွင့္ ဒုစ႐ိုက္ၿမိဳ႕ေတာ္၏ ပိုင္ရွင္အသစ္လည္း ျဖစ္လာလိမ့္မည္ဟု ဆိုၾကသည္။
ဒုစ႐ိုက္ၿမိဳ႕ေတာ္ထဲတြင္ ေန႔ခင္းအခ်ိန္အခါသို႔ ေရာက္ေနၿပီျဖစ္သည္။ လူမ်ားစြာက မိုးထိဘုရင္နန္းေဆာင္၏ အျပင္ဘက္၌ ရပ္ေနၾကသည္။
သူတို႔သည္ ျခေသၤ့မ်ားကဲ့သို႔ သန္မာၿပီး ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ေနၾကသည္။
သူတို႔အားလုံးသည္ ဆရာသခင္အဆင့္ႏွင့္ ဒ႑ာရီအဆင့္မ်ား ျဖစ္ၾကသည္။ ေရွ႕မွာ လူႀကီးသုံးေယာက္သည္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ျဖစ္သည္။
"မြန္းတည့္ခ်ိန္ေတာင္ ေရာက္ေတာ့မယ္ … အဲ့ေကာင္ေလးက ထိပ္ဆုံးအလႊာကို ေရာက္ေနတာ လဝက္ေလာက္ ရွိေနၿပီ … သူ လုပ္ႏိုင္သြားၿပီလား"
လူမည္း အဘိုးအိုတစ္ေယာက္က ေသေစႏိုင္ေလာက္ေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ရင္း ေရ႐ြတ္လာသည္။ သူသည္ ဒုစ႐ိုက္ၿမိဳ႕ေတာ္၏ ကာကြယ္ေစာင့္ေရွာက္သူ သုံးေယာက္ထဲမွ တစ္ေယာက္ ျဖစ္သည္။အျခား ကာကြယ္ေစာင့္ေရွာက္သူ ႏွစ္ေယာက္လည္း အလြန္ စိတ္လႈပ္ရွားေနၾကသည္။
"ႏွစ္ရာနဲ႔ခ်ီ ၾကာခဲ့ၿပီ … ဒုစ႐ိုက္ ဧကရာဇ္ ကြယ္လြန္သြားၿပီးကတည္းက ငါတို႔ ဘိုးေဘးေတြက ဒီေနရာကို ႏွစ္ေပါင္း ရာနဲ႔ခ်ီၿပီး ကာကြယ္ေပးခဲ့ၾကတယ္ … ဒါေပမယ့္ ဒီေကာင္ေလးက နန္းေဆာင္ရဲ႕ ထိပ္ဆုံးအလႊာကို ေရာက္တဲ့ ပထမဆုံးသူပဲ"
"သူ လုပ္နိင္မွာပါ … ငါတို႔ရဲ႕ ဒုစ႐ိုက္ၿမိဳ႕ေတာ္ႀကီးက တိတ္ဆိတ္ေနခဲ့တာ ႏွစ္ရာနဲ႔ခ်ီေနခဲ့ၿပီ … ကမာၻေပၚက လူေတြက ငါတို႔ရဲ႕ ရက္စက္ ၾကမ္းၾကဳတ္မႈကို ေမ့ေလ်ာ့ေနၾကၿပီ … ဒုစ႐ိုက္ ဧကရာဇ္ ျပန္ေပၚလာတာနဲ႔ ဒုစ႐ိုက္ၿမိဳ႕ေတာ္ႀကီးက ေသခ်ာေပါက္ ကမာၻကို ကိုင္လႈပ္ႏိုင္လိမ့္မယ္"
ကာကြယ္ေစာင့္ေရွာက္သူ သုံးေယာက္လုံး တျဖည္းျဖည္း လႈပ္လႈပ္ရွားရွား ျဖစ္လာၾကသည္။ နန္းေဆာင္၏ ဟိုးထိပ္ဆုံးကအား ေမွ်ာ္လင့္တစႀကီးႏွင့္ ဝိုင္းၾကည့္ေနၾကသည္။
ေဘးပတ္လည္မွ သိုင္းပညာရွင္မ်ားသည္လည္း စိတ္လႈပ္ရွားမႈေၾကာင့္ လႈပ္လႈပ္႐ြ႐ြ ျဖစ္လာၾကသည္။ ဒုစ႐ိုက္ ဧကရာဇ္အသစ္ ေမြးဖြားလာျခင္းအတြက္ သူတို႔သည္ သူတို႔၏ ရန္ေႂကြးေဟာင္းမ်ားကို ေမ့ေလ်ာ့ေနၾကသည္။
ဝုန္း!
ထိုအခ်ိန္တြင္ သူတို႔သည္ ကမာၻတုန္လႈပ္မတတ္ ေပါက္ကြဲသံႀကီးကို ၾကားလိုက္ရသည္။ အားလုံး၏ အံ့ဩေနေသာ အၾကည့္ေအာက္မွာပင္ နန္းေဆာင္တစ္ခုလုံး တုန္ယင္လာသည္။
"ေဟာဟိုမွာ"
ကာကြယ္ေစာင့္ေရွာက္သူ သုံးေယာက္လုံး တက္ႂကြလာၾကသည္။ တစ္ခဏမွ်ၾကာေသာ္ သူတို႔ ေနာက္ထပ္ ေပါက္ကြဲသံႏွစ္ခုကို ထပ္ၾကားလိုက္ရသည္။
သူတို႔၏ စိုးထိတ္ေနေသာ မ်က္လုံးမ်ားေအာက္မွာပင္ သူတို႔သည္ မိုးထိဘုရင္နန္းေဆာင္၏ ထိပ္ဆုံးအလႊာ ဝန္းက်င္၌ အက္ရာမ်ားစြာ ေပၚလာသည္ကို သူတို႔ ျမင္လိုက္ရသည္။
ထို႔ေနာက္ သူတို႔ ဘုန္းခနဲ အသံက်ယ္တစ္ခုကို ၾကားလိုက္ရၿပီး နန္းေဆာင္တစ္ခုလုံး တစ္စစီျဖစ္ကာ ၿပိဳက်ပ်က္စီးသြားသည္ကို ျမင္ေတြ႕လိုက္ရသည္။
"ဘုရင့္နန္းေဆာင္ သုံးႀကိမ္ လႈပ္ခါသြားၿပီးတဲ့ေနာက္ ဒုစ႐ိုက္ ဧကရာဇ္အသစ္က ဆင္းသက္လာလိမ့္မယ္"
ဤျမင္ကြင္းကို ၾကည့္ၿပီး ကာကြယ္ေစာင့္ေရွာက္သူ သုံးေယာက္ တက္ႂကြ ေပ်ာ္႐ႊင္လာၾကသည္။ ဒုန္းခနဲ အသံႏွင့္အတူ ကာကြယ္ေစာင့္ေရွာက္သူ သုံးေယာက္သည္ ခ်က္ခ်င္း ဒူးေထာက္ၿပီး နတ္ဘုရားကို ႀကိဳဆိုလိုက္ၾကသည္။
ဆိုဆုံးမရခက္ေသာ အျခား ထိပ္သီး ရက္စက္ၾကမ္းၾကဳတ္ေသာ သူမ်ားသည္လည္း လ်င္ျမန္စြာ ဒူးေထာက္လိုက္ၾကသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သိုင္းပညာရွင္ အေယာက္ တစ္ေထာင္ေက်ာ္သည္ ပ်က္စီးသြားေသာ မိုးထိဘုရင္နန္းေဆာင္၏ အေရွ႕၌ ဒူးေထာက္ေနၾကသည္။
သူတို႔အားလုံးသည္ တစ္ကမာၻလုံး၌ နာမည္ႀကီးေသာ ရက္စက္ ၾကမ္းၾကဳတ္သည့္ သူမ်ားပင္ ျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူတို႔သည္ အေရးမပါေသာ ပု႐ြက္ဆိတ္မ်ားကဲ့သို႔ ဒူးေထာက္လ်က္ ရွိေနၾကသည္။
ထိုစဥ္ အနက္ေရာင္ အရိပ္တစ္ခုက ဥကၠာပ်ံကဲ့သို႔ ေကာင္းကင္ေပၚမွ က်ဆင္းလာသည္။ ထို႔ေနာက္ ေျမႀကီး၌ ဖုန္ထေထာင္းေထာင္းထသြားသည္။
ထိုသူ ဝင္တိုက္လိုက္မိသည့္ ေနရာမွ ပင့္ကူမွ်င္ကဲ့သို႔ အက္ရာမ်ား ထြက္ေပၚလာသည္။ ထိုသူသည္ ဖိုသီဖတ္သီႏွင့္ လူလတ္ပိုင္းအ႐ြယ္ ေယာက္်ားတစ္ေယာက္ ျဖစ္သည္။
သူ၏ ႂကြက္သားမ်ားသည္ သံမဏိႏွင့္ ျပဳလုပ္ထားပုံေပၚသည္။ သူ၏ ခ်ီဓာတ္သည္ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းၿပီး ၿပိဳင္ဘက္ကင္းလွသည့္အတြက္ လက္တစ္ဘက္ကို သာမန္ကာလွ်ံကာ လႈပ္လိုက္႐ုံျဖင့္ လူတိုင္းကို သတ္ႏိုင္ပုံေပါက္သည္။
သူ႔နဖူးအလယ္တည့္တည့္၌ ေ႐ႊအိုေရာင္ အဝိုင္းေလးတစ္ခု ရွိေနၿပီး ဧကရာဇ္၏ အမွတ္တံဆိပ္ကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည္။
"သူ႔ခ်ီဓာတ္အရဆို သူက … ဒ႑ာရီလာ အဆင့္တစ္ေယာက္ပဲ"
"အိုး … ဝိုး … သူ ေရွးက်တဲ့ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရလိုက္ၿပီးတာနဲ႔ သူ ဒ႑ာရီလာအဆင့္ကို အဆင့္တက္သြားတာပဲ"
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ သုံးေယာက္လုံး အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ သူတို႔သုံးေယာက္လုံး ထိုဖိုသီဖတ္သီႏွင့္ လူလတ္ပိုင္းအ႐ြယ္ လူႀကီး၏ ေျခဖဝါးေရွ႕၌ ဒူးေထာက္လိုက္ၾကသည္။
"ဂါရဝျပဳပါတယ္ ဒုစ႐ိုက္ ဧကရာဇ္ … ကြၽန္ေတာ္တို႔က ခင္ဗ်ားရဲ႕ ေက်းကြၽန္ပါ"
သူတို႔၏ ႏႈတ္ဆက္သံမ်ားက တိမ္ေပၚအထိ ပဲ့တင္ထပ္လုနီးပါး ျဖစ္ေနသည္။ ကာကြယ္ေစာင့္ေရွာက္သူ၏ အေနာက္မွ အေယာက္တစ္ေထာင္ေက်ာ္ေသာ သိုင္းပညာရွင္ တပ္မႀကီးသည္လည္း ေလးဘက္ေထာက္ေနၾကသည္။
"ဂါရဝျပဳပါတယ္ ဒုစ႐ိုက္ ဧကရာဇ္"
အေယာက္တစ္ေထာင္ေက်ာ္ေသာ္ အသံမ်ားက ဒုစ႐ိုက္ၿမိဳ႕ေတာ္အႏွံ႔ ပဲ့တင္ထပ္သြားသည္။ ဤျမင္ကြင္းကား အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
သိုင္းပညာရွင္မ်ားစြာ ဒူးေထာက္၍ ဝပ္တြားေနၾကသည္ကို ျမင္ေသာ္လည္း ထိုဖိုသီဖတ္သီႏွင့္ လူႀကီးသည္ ေပ်ာ္႐ႊင္ပုံမေပၚေပ၊ ထိုအစား သူသည္ ခပ္ေဝးေဝးသို႔ အတိတ္သို႔ အလြန္ လြမ္းဆြတ္ေနသည့္ အၾကည့္မ်ားျဖင့္ ၾကည့္ေနသည္။
"သခင္ႀကီး … က်ဳပ္ လုပ္ႏိုင္ခဲ့ၿပီ"
"ဒီလူေတြအားလုံးက သခင္ႀကီး ေပးခဲ့တဲ့ လက္ေဆာင္ေတြပါ"
မို႐ို ေသြးစြန္းဆုျဒာက ကြၽန္ေတာ့္ကို မိုးထိဘုရင္နန္းေဆာင္ရဲ႕ ထိပ္ဆုံးအလႊာကို ေရာက္ေအာင္ ကူညီေပးခဲ့တယ္ … မို႐ို စိတ္ဆႏၵက ကြၽန္ေတာ့္ကို ဒုစ႐ိုက္ရဲ႕ လွ်ိဳ႕ဝွက္သိုင္းပညာ တက္ေျမာက္ေအာင္ အပတ္တကုပ္ ကူညီေပးခဲ့တယ္"
"ကြၽန္ေတာ္ … မို႐ိုေသြးစြန္းတေစၦက သခင္ႀကီး ေမွ်ာ္လင့္ထားတဲ့အတိုင္း လုပ္ႏိုင္ခဲ့ပါတယ္"
လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ရင္း ဒုစ႐ိုက္ ဧကရာဇ္သည္ သူ႔ကိုယ္တြင္းမွ ခ်ီဓာတ္မ်ား တစ္ဟုန္ထိုး တိုးပြားလာသည္ကို ခံစားမိသည္။ ထိုအခ်ိန္တြင္ သူ႔မ်က္လုံးမ်ားက ေလးစားခ်စ္ခင္စိတ္မ်ားျဖင့္ ေတာက္ပေနသည္။
ထို႔ေနာက္ သူက ေက်းကြၽန္ သုံးေယာက္ကို ၾကည့္၍ ေမးလိုက္သည္။
"က်ဳပ္ ေရွးဦး လွ်ိဳ႕ဝွက္ သိုင္းက်မ္းကို ရခဲ့တုန္းက ခင္ဗ်ားတို႔ကို အာ႐ုံစိုက္ထားဖို႔ ေျပာထားတဲ့ ကိစၥကေကာ ဘယ္လို အေျခအေနရွိလဲ"
သူ႔စကားေၾကာင့္ ဒုစ႐ိုက္၏ ေက်းကြၽန္သုံးေယာက္က တုန္ယင္သြားၿပီး ခပ္သြက္သြက္ ျပန္ေျဖလိုက္သည္။
"သခင္ႀကီး ေနာက္ဆုံးရထားတဲ့ သတင္းအရ … ယဲ့ဖန္က ယန္က်င့္ၿမိဳ႕ကေန က်န္းရွီၿမိဳ႕ကို လြန္ခဲ့တဲ့ သုံးရက္ကတည္းက ျပန္ေရာက္ပါၿပီ"
ဒုစ႐ိုက္၏ ေက်းကြၽန္သုံးေယာက္က တုံ႔ဆိုင္းတုံ႔ဆိုင္းႏွင့္ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ရသည္။
*ဟမ္*
ဒုစ႐ိုက္ ဧကရာဇ္က ေမးလိုက္သည္။
"ဘာက်န္ေသးလို႔လဲ … ေျပာစမ္း"
ခပ္ျပတ္ျပတ္ ေမးခြန္းက ေက်းကြၽန္သုံးေယာက္ကို ခ်က္ခ်င္း တုန္ယင္သြားေစသည္။ ေရွ႕ဆုံးမွ လူမည္း ေက်းကြၽန္က ခပ္သြက္သြက္ ျပန္ေျဖလိုက္သည္။
"ေနာက္ဆုံးရထားတဲ့ သတင္းအရ မဟူရာ ၾကက္ေျခခတ္အဖြဲ႕ရဲ႕ မဟူရာ ဧကရာဇ္က ေသမင္းေက်းကြၽန္ ခုနစ္ေယာက္နဲ႔ ဂိုဏ္းခြဲအားလုံးက ထိပ္တန္း သိုင္းပညာရွင္အားလုံးကို ဆင့္ေခၚၿပီးသြားပါၿပီ … သူတို႔က က်န္းရွီၿမိဳ႕ကို ခရီးထြက္ခြာသြားပါၿပီ"
"ယဲ့ဖန္က မဟူရာ ဧကရာဇ္ရဲ႕ သားကို သတ္ခဲ့ၿပီးေတာ့ အေရွ႕အာရွက မဟူရာ ၾကက္ေျခခတ္ ဂိုဏ္းခြဲအားလုံးကို ဖ်က္ဆီးခဲ့ပါတယ္ … မဟူရာ ဧကရာဇ္က က်န္းနန္ စီရင္စုေဒသကို ရွင္းလင္းဖို႔ ျပင္ဆင္ေနပါတယ္"

သူ႔စကားေၾကာင့္ ဒုစ႐ိုက္ ဧကရာဇ္၏ မ်က္လုံးက ခ်က္ခ်င္း ေသြးဆာေနသည့္ အမူအရာသို႔ ေျပာင္းလဲသြားသည္။
"ေကာင္းတယ္ … မဟူရာ ဧကရာဇ္အတြက္ ဒီေလာက္နဲ႔ ေတာ္သင့္ၿပီ"
"မင္းက ငါ့သခင္ႀကီးကို ၿခိမ္းေျခာက္တယ္ … မင္း ေသခ်င္ေနတာပဲ"
သူ၏ တင္းမာေသာ စကားအဆုံးတြင္ ဒုစ႐ိုက္ ဧကရာဇ္က ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ရင္း ဆက္ေျပာလိုက္သည္။
"ဒုစ႐ိုက္ရဲ႕ ေက်းကြၽန္ေတြ ငါ့အမိန႔္ကို နာခံစမ္း"
သူ႔စကားေၾကာင့္ သိုင္းပညာရွင္ အေယာက္တစ္ေထာင္ေက်ာ္က ခ်က္ခ်င္း တုန္လႈပ္သြားၿပီး ျပန္လည္ ေျဖၾကားလိုက္သည္။
"ကြၽန္ေတာ္မ်ိဳးတို႔ ရွိပါတယ္ သခင္ႀကီး"
"ငါနဲ႔အတူ ဟြာရွႏိုင္ငံကို လိုက္ခဲ့ၾက … မဟူရာ ဧကရာဇ္နဲ႔ ဦးေခါင္းနဲ႔အတူ ဒုစ႐ိုက္ရဲ႕ အင္အားကို ျမႇင့္တင္ၾကမယ္"
ဒုစ႐ိုက္၏ ေက်းကြၽန္မ်ားက စတင္၍ ေႂကြးေၾကာ္လိုက္ၾကၿပီး ဒုစ႐ိုက္ၿမိဳ႕ေတာ္တစ္ခုလုံး လႈပ္ခါသြားရသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now