Chapter 276

1.2K 144 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (276) ဟွာရှနိုင်ငံ၏ ယဲ့ဖန်
အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် အနောက်ဘက်ဒေသရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရှိ ထိုင်ခုံ၌ ထိုင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးကို ထုတ်လွှတ်နေသည်။
ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရှိ အမြင့်ဆုံးခုံ၌ ထိုင်နေသော သူသည် အလွန် မြင့်မြတ်သော အလင်းနတ်ဘုရားနှင့် ဆင်တူလှသည်။
သူ၏အရေပြားမှ ကောင်းကင်ဘုံ ဧကရာဇ်ကဲ့သို့ အနည်းငယ် တောက်ပသော ချီဓာတ်ကို ထုတ်လွှတ်နေသည်။ ထို့အတွက်ကြောင့် အခြားသူများ သူ့ကို မျက်လုံးချင်း ဆုံ၍ မကြည့်ရဲ့ကြပေ။
ဘုရားကျောင်းထဲ၌ သိုင်းပညာရှင် လူတန်းကြီးက ထူထပ် သိပ်သည်းစွာ ရပ်နေကြသည်။ ဘုရားကျောင်းတော်၏ ရှေ့ဆုံး၌ ဒဏ္ဍာရီလာ အဆင့် နှစ်ယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက် ရှိနေသည်။
ဒုန်းခနဲ မြည်သံနှင့်အတူ ဘုရားကျောင်းထဲရှိ သိုင်းပညာရှင်အားလုံးက အလွန် ရိုသေကြည်ညိုသော မျက်နှာများဖြင့် ဒူးထောက်လိုက်ကြသည်။
"ပုလ္လင်ကို ဆက်ခံနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ဘုန်းတော်ကြီး"
ဘုရားကျောင်းတော် တစ်ခုလုံးသို့ ထိုအသံများက ပဲ့တင်ထပ်သွားသည်။ ထိုဘုရားကျောင်းသည် အလင်းတော် ဘုရားကျောင်း၏ ဌာနချုပ်ဖြစ်ပြီး အနောက်ဘက်ဒေသရှိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်း အင်အားစုလေးခုထဲမှ တစ်ခု ဖြစ်သည်။
ထိုလူငယ်လေးသည် အလင်းတော် ဘုန်းတော်ကြီး အသစ်ဖြစ်သည်။ ထိုစဉ် ကြောက်လန့်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက အလင်းတော် ဘုရားကျောင်း၏ အပေါ်မှ ထွက်ပေါ်လာပြီး အလင်းတော် ဘုန်းတော်ကြီးထံသို့ လှစ်ခနဲ ပြေးဝင်လာသည်။
အံ့မခန်းဖွယ်ရာ မြင်ကွင်းကြောင့် ဘုရားကျောင်းထဲမှ သိုင်းပညာရှင်များ ချက်ချင်း မျက်နှာပျက်သွားကြသည်။
အလင်းတန်းသည် အလွန် လျင်မြန်လှသဖြင့် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များတောင် မြင်ရန် ခဲယဉ်းလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းသည် အလင်းတော် ဘုန်းတော်ကြီးနှင့် ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့သည်။
အလင်းတော် ဘုန်းတော်ကြီးသာလျင် တည်ငြိမ်လျက် ရှိနေပြီး လက်ကို အသာဝေ့ယမ်းလိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ ဘုရားကျောင်းတစ်ခုလုံး ယိုယွင်းသွားပြီး အလင်းတန်းက ဘုန်းတော်ကြီး၏ လက်အရှေ့ သုံးစင်မီတာအကွာ၌ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် အလင်းတော် ဘုန်းတော်ကြီးက လက်ဆန့်ထုတ်၍ အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။ သို့သော် သူ့မျက်နှာသည် မယုံနိုင်စရာ တစ်ခုခုကို သတိထားလိုက်မိဟန်ဖြင့် ချက်ချင်းပျက်ယွင်းသွားသည်။
*ဟင်*
ဤမြင်ကွင်းကြောင့် ဘုရားကျောင်းထဲရှိ အခြား သိုင်းပညာရှင်များအားလုံး အံ့ဩကာ ထိတ်လန့်သွားကြသည်။
သူတို့အားလုံး အလင်းတော် ဘုန်းတော်ကြီးအသစ်၏ ကြောက်ရွံ့စိတ်ကို ကောင်းကောင်းသိပါသည်။ သူသည် အလင်းတော် ဘုရားကျောင်းတစ်ခုလုံး၌ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သည်။
ငလျင်လှုပ်ခြင်း သို့မဟုတ် မြေပြိုခြင်းတို့ မျက်စိရှေ့၌ တွေ့မြင်ရလျင်တောင် တည်ငြိမ်နေမြဲ ဖြစ်သည်။ ဘယ်လိုအရာကများ သူ့ကို မှင်တက်သွားအောင် လုပ်လိုက်နိုင်တာပါလိမ့်။
ဒဏ္ဍာရီလာ အဆင့်တစ်ယောက်က တရိုတသေနှင့် ကိုယ့်ကို ရို့၍ မေးလိုက်သည်။
"ဘုန်းတော်ကြီး ဘာများ ဖြစ်လို့ပါလဲ"
ဘုရားကျောင်းထဲရှိ လူတိုင်းကလည်း ဘုန်းတော်ကြီးအား ဝိုင်းကြည့်နေကြသည်။ ထို့နောက် အလင်းတော်ဘုန်းတော်ကြီးသည် စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
တစ်ခဏကြာပြီးနောက် သူသည် မျက်လုံး ပြန်ဖွင့်လိုက်ပြီး သူ့မျက်လုံးတွင်း၌ အတောမသတ်နိုင်သော ရူးသွပ်မှုနှင့် လောဘတို့ ပါဝင်နေသည်။
"အလင်း နတ်ဘုရားရဲ့ လမ်းညွန်ချက်အရ ငါတို့ ဘုရားကျောင်းရဲ့ ရှေးဟောင်း အလင်း အင်မော်တယ်နဂါးရဲ့ စိတ်ဝိညာဉ်က ပြန်လည်ပေါ်ထွက်လာပြီ"
*ဘာ*
သူ့စကားကြောင့် ဘုရားကျောင်းထဲရှိ သိုင်းပညာရှင်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
*အလင်းအင်မော်တယ် နတ်ဘုရားရဲ့ စိတ်ဝိညာဉ်*
*ဒါ ဒဏ္ဍာရီလာ တည်ရှိမှုပဲ*
*အလင်းတော် ဘုရားကျောင်းရဲ့ ပထမဆုံး ဘုန်းတော်ကြီးက အလင်းအင်မော်တယ် နဂါးရဲ့ စိတ်ဝိညာဉ်နဲ့ ကမ္ဘာကြီးကို အုပ်စိုးခဲ့တယ်လို့ ဆိုကြတယ်*
အလင်းအင်မော်တယ် နဂါးရဲ့ စိတ်ဝိညာဉ်ကို ရယူနိုင်တဲ့သူက ကမ္ယာကြီးကို အုပ်စိုးနိုင်သည်။
ဤသည်မှာ နှစ်တစ်ထောင်ခန့် အလင်းတော် ဘုန်းတော်ကြီးကျောင်းများ အနှံ့ ပျံ့နှံ့ခဲ့သော ဟောကိန်းတစ်ခု ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ဘုရားကျောင်းထဲမှ သိုင်းပညာရှင်များက အလွန် ရူးသွပ်မတတ် ဖြစ်နေသော မျက်နှာထားများဖြင့် ပြန်မေးလာကြသည်။
"ဘုန်းတော်ကြီး …. အလင်းအင်မော်တယ် နဂါးရဲ့ စိတ်ဝိညာဉ်က ဘယ်နေရာမှာ ရှိနေတာပါလဲ"
"ဟွာရှနိုင်ငံမှာ"
….
ဤသည်ကား အစသာ ရှိချေသေးသည်။
အနောက်ဘက် နတ်ဘုရားမ ဒေသ၌ အလွန် လှပသော ရွှေအိုရောင် ဆံနွယ်နှင့် အမျိုးသမီးတစ်ဦးက ဘုရင်မများ၏ ပုလ္လင်ပေါ်၌ ထိုင်နေပြီး သူမ၏ မျက်နှာက ခမ်းနားထည်ဝါလှသည်။
သူမသည် အနောက်နိုင်ငံ၌ မယ်တော်မာရီကဲ့သို့ စင်ကြယ်လှသည်။ ပုလ္လင်အောက်ခြေ၌ များစွာသော အိုမင်းနေသည့် အပျိုတော်များက နောက်ကျိနေသော ပန်းပုရုပ်များကဲ့သို့ ရပ်နေကြသည်။
သို့သော် သူတို့၏ အလွန် ဖိနှိပ်နိုင်သော ချီဓာတ်များက အဆောက်အဦးတစ်ခုလုံးအား ဖုံးလွှမ်းလို့နေသည်။
ထိုစဉ် ပုလ္လင်ပေါ်မှ အလွန် ရွှန်းလက်သော မိန်းမပျိုက ရုတ်တရက် သူမ၏ နဖူးအလယ်တည့်တည့်မှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။
ဤဖြစ်စဉ်က နန်းတော်ထဲမှ အိုမင်းနေသော အပျိုတော်ကြီးများ သေမတတ် ထိတ်လန့်သွားကြသည်။ သူတို့သည် နှစ်တစ်ရာခန့် အိပ်ပျော်နေဟန်ဖြင့် ရုတ်ခနဲ ထိတ်လန့်တကြား မျက်လုံးဖွင့်လာကြသည်။
အချိန်အတော်ကြာပြီးနောက် ထိုအဖြူရောင် အလင်းတန်းက ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အိုမင်းနေသော အပျိုတော်ကြီးများက ဒူးတစ်ဘက်ထောက်၍ ပြိုင်တူ မေးလာကြသည်။
"အရှင်မ ကောင်းကင်နတ်ဘုရားက ဘာတွေများ လမ်းညွှန်ပေးလိုက်ပါသလဲ"
နှစ်ရာနဲ့ချီ ကြာပြီးနောက် ကောင်းကင် နတ်ဘုရား အမိန့်ချသည်က ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူတို့စကားကြောင့် ပုလ္လင်ပေါ်မှ မိန်းမပျိုက အနည်းငယ် နီမြန်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်းကန်နတ်ဘုရားက ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ် တည်ရှိမှုကို အာရုံခံမိသွားပြီ … သူက ဘယ်လိုနည်းနဲ့မဆို ကောင်းကင်နဂါးရဲ့ ဝိညာဉ်ကို ပြန်သိမ်းယူလာခဲ့ဖို့ ပြောသွားတယ်"
*ဘာ*
*ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ်*
သူမစကားကြောင့် အိုမင်းနေသော အပျိုတော်ကြီးများ၏ မျက်နှာက ချက်ချင်း ဝင်းပလာသည်။
*အဲ့ဒါက အရမ်းကို ရှေးကျတဲ့ ဒဏ္ဍာရီလာ ပုံရိပ်တစ်ခုလေ … တကယ်ပဲ သူ … ပေါ်လာတာလား*
အိုမင်းနေသော အပျိုတော်ကြီးများ၏ မျက်နှာက ထိတ်လန့်နေဟန်များ အထင်းသားပေါ်လွင်နေ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုမင်းနေသည့် အပျိုတော်ကြီးတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အရှင်မ … ကောင်းကင်နဂါးရဲ့ စိတ်ဝိညာဉ်က ဘယ်မှာရှိနေတာပါလဲ"
"ဟွာရှနိုင်ငံက ယဲ့ဖန်ရဲ့ လက်ထဲမှာ"
….
ထိုင်းနိုင်ငံ ဝူနတ်ဘုရား ဘုရားကျောင်းထဲရှိ နန်းတော်ထဲမှ ဖြူဖွေးသော အသားအရေနှင့် မိန်းမပျိုလေးတစ်ယောက် ထွက်လာပြီး သူမနောက်မှ အကြီးအကဲများစွာ လိုက်ပါလာသည်။
ဝူနတ်ဘုရား ဘုရားကျောင်း အပြင်ဘက်ရှိ အပူပိုင်းမိုးသစ်တောထဲတွင် ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်လာသည်။
ဟာရီကိန်း မုန်တိုင်း ဆက်တိုက် တိုက်ခတ်လာပြီး သစ်ပင်များ တစ်ပင်ပြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။
ထူးဆန်းသော အင်အားတစ်ခုက အပူပိုင်းမိုးသစ်တောထဲ၌ စုရုံးလာသည်။ ဤမြင်ကွင်းကို မြင်ပြီး အကြီးအကဲများသည် မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
"ဝူနတ်ဘုရားက အမိန့်ချမှတ်လိုက်တာပဲ … ဒီမုန်တိုင်းက ထိုင်းနိုင်ငံ ကြီးပွားတိုးတက်လာမယ့် ခေတ်ကို ရောက်လာပြီဆိုတဲ့ သင်္ကတေပဲ"
အိုမင်းနေသော ဝူ အကြီးအကဲများအားလုံး ဝူမျိုးနွယ် တိုးတက်လာမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ မျက်ရည်ဝဲလာကြသည်။
ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မိန်းမပျိုက မျက်လုံးကို မှိတ်၍ ထိုထူးဆန်းသော အင်အားနှင့် ဆက်သွယ်နေသည်။
တစ်ခဏမျှ ကြာသော် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားသည်။ ထိုအခါမှသာ မိန်းမပျိုလေးက မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။
"နတ်သမီး … ဝူနတ်ဘုရားရဲ့ ဘာတွေ လမ်းညွှန်လိုက်ပါသလဲ"
ဘေးပတ်လည်မှ ဝူအကြီးအကဲများအားလုံး ထိုမိန်းမပျိုအား စိတ်လှုပ်ရှားစွာ ဝိုင်းကြည့်နေကြသည်။
သူတို့အသံများကို ကြားပြီးနောက် မိန်းမပျိုလေးက အနည်းငယ်တင်းမာနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဝူနဂါးရဲ့ စိတ်ဝိညာဉ်က ပြန်ပေါ်လာပြီ … တူမျိုးနွယ်တို့ ထွန်းတောက်မယ့်နေ့ကို ရောက်လာတော့မယ်"

သူမစကားကို ကြားပြီး ဝူအကြီးအကဲအားလုံးက ဘေးဘက်ထောက် ဝပ်တွား၍ ကြွေးကြော်လိုက်ကြသည်။
"အလွန် တောက်ပသော ဝူနတ်ဘုရားခင်ဗျား … ကံကြမ္မာ နတ်သမီးထံ သင် ပေးတဲ့ အမိန့်အတွက် ကျွန်တော်မျိုးတို့ ကျေးဇူးတင်ရှိပါတယ်"
"ကျုပ်တို့ ဝူအကြီးအကဲများက ကျုပ်တို့ရဲ့ နတ်သမီးအပေါ် သစ္စာရှိပါမယ်လို့ ကတိပေးအပ်ပါတယ် … ပြီးတော့ ကျုပ်တို့ အသက်နဲ့ရင်းပြီး ဝူနဂါးရဲ့ စိတ်ဝိညာဉ်ကို အရယူပါ့မယ်"
ကမ္ဘာတုန်လောက်သင့် အသံများက အပူပိုင်းမိုးသစ်တော တစ်ခုလုံးသို့ ပဲ့တင်ထပ်၍ ရိုက်ခတ်သွားသည်။ သူတို့စကားကြောင့် မှော်နက် နတ်ဘုရားမက မကောင်းဆိုးဝါးဆန်စွာ ပြုံး၍ အရှေ့မြောက်အရပ်ဒေသသို့ ကြည့်ကာ ပြောလိုက်သည်။
"ဟွာရှနိုင်ငံက ယဲ့ဖန်တဲ့လား … ဟီးဟီး …ငါ့ကို စောင့်နေလိုက်ဦး"
"ငါက မင်းရဲ့ နိမ့်ကျတဲ့ အသက်ကို နုတ်ယူပြီး ဝူနဂါးရဲ့ စိတ်ဝိညာဉ်ကို အရယူပြမယ်"
သူမ၏ စကားလုံးများက မနှစ်မြို့ဖွယ်ကောင်းပြီး ကြောက်လန့်ဖွယ်ကောင်းလှ၏။
…..
မြင့်မြတ်သော နယ်မြေသုံးခုက နတ်ဘုရားများ၏ အမိန့်ကို ရရှိချိန်တွင် ကျန်းရှီမြို့ရှိ ဓားကျိုးတစ်လက်ထဲမှ နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်က အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသည်။
သူ့နှာခေါင်းသူ ပွတ်၍ အလွန် စိတ်ရှုပ်နေသော နဂါးမျက်နှာနှင့် သူ ရေရွတ်လိုက်သည်။
"အာ … ငါ ဘာလို့ ယောက်ယက်ခတ်သလို ခံစားနေရတာလဲ"
ခေါင်းကို မော့၍ ကမ္မဋ္ဌာန်းထိုင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းကို ခါ၍ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါလေ … ငါ စိတ်ထင်တာပဲနေမှာပါ"
ထို့နောက် နတ်ဆိုးနဂါးသည် ဓားကျိုးထဲတွင် နောက်ပြန်လန်ကျသွားပြီးနောက် ချက်ချင်း အိပ်မောကျသွားသည်။
#ZAWGYI
စာစဥ္ (19) CHAPTER (276) ဟြာရွႏိုင္ငံ၏ ယဲ့ဖန္
အျဖဴေရာင္ ဝတ္စုံႏွင့္ လူငယ္တစ္ေယာက္သည္ အေနာက္ဘက္ေဒသရွိ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းေတာ္ႀကီးရွိ ထိုင္ခုံ၌ ထိုင္လိုက္ၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ တန္ခိုးကို ထုတ္လႊတ္ေနသည္။
ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းေတာ္ႀကီးရွိ အျမင့္ဆုံးခုံ၌ ထိုင္ေနေသာ သူသည္ အလြန္ ျမင့္ျမတ္ေသာ အလင္းနတ္ဘုရားႏွင့္ ဆင္တူလွသည္။
သူ၏အေရျပားမွ ေကာင္းကင္ဘုံ ဧကရာဇ္ကဲ့သို႔ အနည္းငယ္ ေတာက္ပေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည္။ ထို႔အတြက္ေၾကာင့္ အျခားသူမ်ား သူ႔ကို မ်က္လုံးခ်င္း ဆုံ၍ မၾကည့္ရဲ႕ၾကေပ။
ဘုရားေက်ာင္းထဲ၌ သိုင္းပညာရွင္ လူတန္းႀကီးက ထူထပ္ သိပ္သည္းစြာ ရပ္ေနၾကသည္။ ဘုရားေက်ာင္းေတာ္၏ ေရွ႕ဆုံး၌ ဒ႑ာရီလာ အဆင့္ ႏွစ္ေယာက္ႏွင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေလးေယာက္ ရွိေနသည္။
ဒုန္းခနဲ ျမည္သံႏွင့္အတူ ဘုရားေက်ာင္းထဲရွိ သိုင္းပညာရွင္အားလုံးက အလြန္ ႐ိုေသၾကည္ညိဳေသာ မ်က္ႏွာမ်ားျဖင့္ ဒူးေထာက္လိုက္ၾကသည္။
"ပုလႅင္ကို ဆက္ခံႏိုင္တဲ့အတြက္ ဂုဏ္ျပဳပါတယ္ ဘုန္းေတာ္ႀကီး"
ဘုရားေက်ာင္းေတာ္ တစ္ခုလုံးသို႔ ထိုအသံမ်ားက ပဲ့တင္ထပ္သြားသည္။ ထိုဘုရားေက်ာင္းသည္ အလင္းေတာ္ ဘုရားေက်ာင္း၏ ဌာနခ်ဳပ္ျဖစ္ၿပီး အေနာက္ဘက္ေဒသရွိ ေၾကာက္မက္ဖြယ္ေကာင္းေသာ ထိပ္တန္း အင္အားစုေလးခုထဲမွ တစ္ခု ျဖစ္သည္။
ထိုလူငယ္ေလးသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး အသစ္ျဖစ္သည္။ ထိုစဥ္ ေၾကာက္လန႔္ဖြယ္ေကာင္းေသာ အလင္းတန္းတစ္ခုက အလင္းေတာ္ ဘုရားေက်ာင္း၏ အေပၚမွ ထြက္ေပၚလာၿပီး အလင္းေတာ္ ဘုန္းေတာ္ႀကီးထံသို႔ လွစ္ခနဲ ေျပးဝင္လာသည္။
အံ့မခန္းဖြယ္ရာ ျမင္ကြင္းေၾကာင့္ ဘုရားေက်ာင္းထဲမွ သိုင္းပညာရွင္မ်ား ခ်က္ခ်င္း မ်က္ႏွာပ်က္သြားၾကသည္။
အလင္းတန္းသည္ အလြန္ လ်င္ျမန္လွသျဖင့္ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္မ်ားေတာင္ ျမင္ရန္ ခဲယဥ္းလွသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ထိုအလင္းတန္းသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီးႏွင့္ ဆယ္စင္တီမီတာခန႔္သာ ကြာေဝးေတာ့သည္။
အလင္းေတာ္ ဘုန္းေတာ္ႀကီးသာလ်င္ တည္ၿငိမ္လ်က္ ရွိေနၿပီး လက္ကို အသာေဝ့ယမ္းလိုက္သည္။
ဝုန္းခနဲ အသံႏွင့္အတူ ဘုရားေက်ာင္းတစ္ခုလုံး ယိုယြင္းသြားၿပီး အလင္းတန္းက ဘုန္းေတာ္ႀကီး၏ လက္အေရွ႕ သုံးစင္မီတာအကြာ၌ ႐ုတ္တရက္ ရပ္တန႔္သြားသည္။
ထို႔ေနာက္ အလင္းေတာ္ ဘုန္းေတာ္ႀကီးက လက္ဆန႔္ထုတ္၍ အလင္းတန္းကို ဖမ္းဆုပ္လိုက္သည္။ သို႔ေသာ္ သူ႔မ်က္ႏွာသည္ မယုံႏိုင္စရာ တစ္ခုခုကို သတိထားလိုက္မိဟန္ျဖင့္ ခ်က္ခ်င္း ပ်က္ယြင္းသြားသည္။
*ဟင္*
ဤျမင္ကြင္းေၾကာင့္ ဘုရားေက်ာင္းထဲရွိ အျခား သိုင္းပညာရွင္မ်ားအားလုံး အံ့ဩကာ ထိတ္လန႔္သြားၾကသည္။
သူတို႔အားလုံး အလင္းေတာ္ ဘုန္းေတာ္ႀကီးအသစ္၏ ေၾကာက္႐ြံ႕စိတ္ကို ေကာင္းေကာင္းသိပါသည္။ သူသည္ အလင္းေတာ္ ဘုရားေက်ာင္းတစ္ခုလုံး၌ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္သည္။
ငလ်င္လႈပ္ျခင္း သို႔မဟုတ္ ေျမၿပိဳျခင္းတို႔ မ်က္စိေရွ႕၌ ေတြ႕ျမင္ရလ်င္ေတာင္ တည္ၿငိမ္ေနၿမဲ ျဖစ္သည္။ ဘယ္လိုအရာကမ်ား သူ႔ကို မွင္တက္သြားေအာင္ လုပ္လိုက္ႏိုင္တာပါလိမ့္။
ဒ႑ာရီလာ အဆင့္တစ္ေယာက္က တ႐ိုတေသႏွင့္ ကိုယ့္ကို ႐ို႕၍ ေမးလိုက္သည္။
"ဘုန္းေတာ္ႀကီး ဘာမ်ား ျဖစ္လို႔ပါလဲ"
ဘုရားေက်ာင္းထဲရွိ လူတိုင္းကလည္း ဘုန္းေတာ္ႀကီးအား ဝိုင္းၾကည့္ေနၾကသည္။ ထို႔ေနာက္ အလင္းေတာ္ဘုန္းေတာ္ႀကီးသည္ စိတ္လႈပ္ရွားေနဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။
တစ္ခဏၾကာၿပီးေနာက္ သူသည္ မ်က္လုံး ျပန္ဖြင့္လိုက္ၿပီး သူ႔မ်က္လုံးတြင္း၌ အေတာမသတ္ႏိုင္ေသာ ႐ူးသြပ္မႈႏွင့္ ေလာဘတို႔ ပါဝင္ေနသည္။
"အလင္း နတ္ဘုရားရဲ႕ လမ္းၫြန္ခ်က္အရ ငါတို႔ ဘုရားေက်ာင္းရဲ႕ ေရွးေဟာင္း အလင္း အင္ေမာ္တယ္နဂါးရဲ႕ စိတ္ဝိညာဥ္က ျပန္လည္ေပၚထြက္လာၿပီ"
*ဘာ*
သူ႔စကားေၾကာင့္ ဘုရားေက်ာင္းထဲရွိ သိုင္းပညာရွင္မ်ားအားလုံး ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။
*အလင္းအင္ေမာ္တယ္ နတ္ဘုရားရဲ႕ စိတ္ဝိညာဥ္*
*ဒါ ဒ႑ာရီလာ တည္ရွိမႈပဲ*
*အလင္းေတာ္ ဘုရားေက်ာင္းရဲ႕ ပထမဆုံး ဘုန္းေတာ္ႀကီးက အလင္းအင္ေမာ္တယ္ နဂါးရဲ႕ စိတ္ဝိညာဥ္နဲ႔ ကမာၻႀကီးကို အုပ္စိုးခဲ့တယ္လို႔ ဆိုၾကတယ္*
အလင္းအင္ေမာ္တယ္ နဂါးရဲ႕ စိတ္ဝိညာဥ္ကို ရယူႏိုင္တဲ့သူက ကမ္ယာႀကီးကို အုပ္စိုးႏိုင္သည္။
ဤသည္မွာ ႏွစ္တစ္ေထာင္ခန႔္ အလင္းေတာ္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား အႏွံ႔ ပ်ံ႕ႏွံ႔ခဲ့ေသာ ေဟာကိန္းတစ္ခု ျဖစ္သည္။
ခ်က္ခ်င္းဆိုသလိုပင္ ဘုရားေက်ာင္းထဲမွ သိုင္းပညာရွင္မ်ားက အလြန္ ႐ူးသြပ္မတတ္ ျဖစ္ေနေသာ မ်က္ႏွာထားမ်ားျဖင့္ ျပန္ေမးလာၾကသည္။
"ဘုန္းေတာ္ႀကီး …. အလင္းအင္ေမာ္တယ္ နဂါးရဲ႕ စိတ္ဝိညာဥ္က ဘယ္ေနရာမွာ ရွိေနတာပါလဲ"
"ဟြာရွႏိုင္ငံမွာ"
….
ဤသည္ကား အစသာ ရွိေခ်ေသးသည္။
အေနာက္ဘက္ နတ္ဘုရားမ ေဒသ၌ အလြန္ လွပေသာ ေ႐ႊအိုေရာင္ ဆံႏြယ္ႏွင့္ အမ်ိဳးသမီးတစ္ဦးက ဘုရင္မမ်ား၏ ပုလႅင္ေပၚ၌ ထိုင္ေနၿပီး သူမ၏ မ်က္ႏွာက ခမ္းနားထည္ဝါလွသည္။
သူမသည္ အေနာက္ႏိုင္ငံ၌ မယ္ေတာ္မာရီကဲ့သို႔ စင္ၾကယ္လွသည္။ ပုလႅင္ေအာက္ေျခ၌ မ်ားစြာေသာ အိုမင္းေနသည့္ အပ်ိဳေတာ္မ်ားက ေနာက္က်ိေနေသာ ပန္းပု႐ုပ္မ်ားကဲ့သို႔ ရပ္ေနၾကသည္။
သို႔ေသာ္ သူတို႔၏ အလြန္ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္မ်ားက အေဆာက္အဦးတစ္ခုလုံးအား ဖုံးလႊမ္းလို႔ေနသည္။
ထိုစဥ္ ပုလႅင္ေပၚမွ အလြန္ ႐ႊန္းလက္ေသာ မိန္းမပ်ိဳက ႐ုတ္တရက္ သူမ၏ နဖူးအလယ္တည့္တည့္မွ ေတာက္ပေသာ အျဖဴေရာင္ အလင္းတန္းတစ္ခုကို ထုတ္လႊတ္လာသည္။
ဤျဖစ္စဥ္က နန္းေတာ္ထဲမွ အိုမင္းေနေသာ အပ်ိဳေတာ္ႀကီးမ်ား ေသမတတ္ ထိတ္လန႔္သြားၾကသည္။ သူတို႔သည္ ႏွစ္တစ္ရာခန႔္ အိပ္ေပ်ာ္ေနဟန္ျဖင့္ ႐ုတ္ခနဲ ထိတ္လန႔္တၾကား မ်က္လုံးဖြင့္လာၾကသည္။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ ထိုအျဖဴေရာင္ အလင္းတန္းက ေပ်ာက္ကြယ္သြားသည္။ ထို႔ေနာက္တြင္ အိုမင္းေနေသာ အပ်ိဳေတာ္ႀကီးမ်ားက ဒူးတစ္ဘက္ေထာက္၍ ၿပိဳင္တူ ေမးလာၾကသည္။
"အရွင္မ ေကာင္းကင္နတ္ဘုရားက ဘာေတြမ်ား လမ္းၫႊန္ေပးလိုက္ပါသလဲ"
ႏွစ္ရာနဲ႔ခ်ီ ၾကာၿပီးေနာက္ ေကာင္းကင္ နတ္ဘုရား အမိန႔္ခ်သည္က ဒါ ပထမဆုံးအႀကိမ္ပင္ ျဖစ္သည္။ သူတို႔စကားေၾကာင့္ ပုလႅင္ေပၚမွ မိန္းမပ်ိဳက အနည္းငယ္ နီျမန္းေနေသာ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။
"ေကာင္းကန္နတ္ဘုရားက ေကာင္းကင္နဂါးရဲ႕ စိတ္ဝိညာဥ္ တည္ရွိမႈကို အာ႐ုံခံမိသြားၿပီ … သူက ဘယ္လိုနည္းနဲ႔မဆို ေကာင္းကင္နဂါးရဲ႕ ဝိညာဥ္ကို ျပန္သိမ္းယူလာခဲ့ဖို႔ ေျပာသြားတယ္"
*ဘာ*
*ေကာင္းကင္နဂါးရဲ႕ စိတ္ဝိညာဥ္*
သူမစကားေၾကာင့္ အိုမင္းေနေသာ အပ်ိဳေတာ္ႀကီးမ်ား၏ မ်က္ႏွာက ခ်က္ခ်င္း ဝင္းပလာသည္။
*အဲ့ဒါက အရမ္းကို ေရွးက်တဲ့ ဒ႑ာရီလာ ပုံရိပ္တစ္ခုေလ … တကယ္ပဲ သူ … ေပၚလာတာလား*
အိုမင္းေနေသာ အပ်ိဳေတာ္ႀကီးမ်ား၏ မ်က္ႏွာက ထိတ္လန႔္ေနဟန္မ်ား အထင္းသားေပၚလြင္ေန၏။ ထိုအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူ အိုမင္းေနသည့္ အပ်ိဳေတာ္ႀကီးတစ္ေယာက္က စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။
"အရွင္မ … ေကာင္းကင္နဂါးရဲ႕ စိတ္ဝိညာဥ္က ဘယ္မွာရွိေနတာပါလဲ"
"ဟြာရွႏိုင္ငံက ယဲ့ဖန္ရဲ႕ လက္ထဲမွာ"
….
ထိုင္းႏိုင္ငံ ဝူနတ္ဘုရား ဘုရားေက်ာင္းထဲရွိ နန္းေတာ္ထဲမွ ျဖဴေဖြးေသာ အသားအေရႏွင့္ မိန္းမပ်ိဳေလးတစ္ေယာက္ ထြက္လာၿပီး သူမေနာက္မွ အႀကီးအကဲမ်ားစြာ လိုက္ပါလာသည္။
ဝူနတ္ဘုရား ဘုရားေက်ာင္း အျပင္ဘက္ရွိ အပူပိုင္းမိုးသစ္ေတာထဲတြင္ ႐ုတ္တရက္ ေလဆင္ႏွာေမာင္း တိုက္ခတ္လာသည္။
ဟာရီကိန္း မုန္တိုင္း ဆက္တိုက္ တိုက္ခတ္လာၿပီး သစ္ပင္မ်ား တစ္ပင္ၿပီးတစ္ပင္ အျမစ္မွ ကြၽတ္ထြက္ကုန္ၾကသည္။
ထူးဆန္းေသာ အင္အားတစ္ခုက အပူပိုင္းမိုးသစ္ေတာထဲ၌ စု႐ုံးလာသည္။ ဤျမင္ကြင္းကို ျမင္ၿပီး အႀကီးအကဲမ်ားသည္ မယုံႏိုင္စရာေကာင္းေသာ တစ္စုံတစ္ခုကို ျမင္ေတြ႕လိုက္ရသကဲ့သို႔ အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
"ဝူနတ္ဘုရားက အမိန႔္ခ်မွတ္လိုက္တာပဲ … ဒီမုန္တိုင္းက ထိုင္းႏိုင္ငံ ႀကီးပြားတိုးတက္လာမယ့္ ေခတ္ကို ေရာက္လာၿပီဆိုတဲ့ သကၤေတပဲ"
အိုမင္းေနေသာ ဝူ အႀကီးအကဲမ်ားအားလုံး ဝူမ်ိဳးႏြယ္ တိုးတက္လာမႈကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕လိုက္ရသကဲ့သို႔ မ်က္ရည္ဝဲလာၾကသည္။
ထိုအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူ မိန္းမပ်ိဳက မ်က္လုံးကို မွိတ္၍ ထိုထူးဆန္းေသာ အင္အားႏွင့္ ဆက္သြယ္ေနသည္။
တစ္ခဏမွ် ၾကာေသာ္ ေလျပင္းတစ္ခ်က္ ႐ုတ္တရက္ တိုက္ခတ္သြားသည္။ ထိုအခါမွသာ မိန္းမပ်ိဳေလးက မ်က္လုံးကို ျဖည္းျဖည္းခ်င္း ျပန္ဖြင့္လိုက္သည္။
"နတ္သမီး … ဝူနတ္ဘုရားရဲ႕ ဘာေတြ လမ္းၫႊန္လိုက္ပါသလဲ"
ေဘးပတ္လည္မွ ဝူအႀကီးအကဲမ်ားအားလုံး ထိုမိန္းမပ်ိဳအား စိတ္လႈပ္ရွားစြာ ဝိုင္းၾကည့္ေနၾကသည္။
သူတို႔အသံမ်ားကို ၾကားၿပီးေနာက္ မိန္းမပ်ိဳေလးက အနည္းငယ္တင္းမာေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"ဝူနဂါးရဲ႕ စိတ္ဝိညာဥ္က ျပန္ေပၚလာၿပီ … တူမ်ိဳးႏြယ္တို႔ ထြန္းေတာက္မယ့္ေန႔ကို ေရာက္လာေတာ့မယ္"

သူမစကားကို ၾကားၿပီး ဝူအႀကီးအကဲအားလုံးက ေဘးဘက္ေထာက္ ဝပ္တြား၍ ေႂကြးေၾကာ္လိုက္ၾကသည္။
"အလြန္ ေတာက္ပေသာ ဝူနတ္ဘုရားခင္ဗ်ား … ကံၾကမၼာ နတ္သမီးထံ သင္ ေပးတဲ့ အမိန႔္အတြက္ ကြၽန္ေတာ္မ်ိဳးတို႔ ေက်းဇူးတင္ရွိပါတယ္"
"က်ဳပ္တို႔ ဝူအႀကီးအကဲမ်ားက က်ဳပ္တို႔ရဲ႕ နတ္သမီးအေပၚ သစၥာရွိပါမယ္လို႔ ကတိေပးအပ္ပါတယ္ … ၿပီးေတာ့ က်ဳပ္တို႔ အသက္နဲ႔ရင္းၿပီး ဝူနဂါးရဲ႕ စိတ္ဝိညာဥ္ကို အရယူပါ့မယ္"
ကမာၻတုန္ေလာက္သင့္ အသံမ်ားက အပူပိုင္းမိုးသစ္ေတာ တစ္ခုလုံးသို႔ ပဲ့တင္ထပ္၍ ႐ိုက္ခတ္သြားသည္။ သူတို႔စကားေၾကာင့္ ေမွာ္နက္ နတ္ဘုရားမက မေကာင္းဆိုးဝါးဆန္စြာ ၿပဳံး၍ အေရွ႕ေျမာက္အရပ္ေဒသသို႔ ၾကည့္ကာ ေျပာလိုက္သည္။
"ဟြာရွႏိုင္ငံက ယဲ့ဖန္တဲ့လား … ဟီးဟီး …ငါ့ကို ေစာင့္ေနလိုက္ဦး"
"ငါက မင္းရဲ႕ နိမ့္က်တဲ့ အသက္ကို ႏုတ္ယူၿပီး ဝူနဂါးရဲ႕ စိတ္ဝိညာဥ္ကို အရယူျပမယ္"
သူမ၏ စကားလုံးမ်ားက မႏွစ္ၿမိဳ႕ဖြယ္ေကာင္းၿပီး ေၾကာက္လန႔္ဖြယ္ေကာင္းလွ၏။
…..
ျမင့္ျမတ္ေသာ နယ္ေျမသုံးခုက နတ္ဘုရားမ်ား၏ အမိန႔္ကို ရရွိခ်ိန္တြင္ က်န္းရွီၿမိဳ႕ရွိ ဓားက်ိဳးတစ္လက္ထဲမွ နတ္ဆိုးနဂါး၏ စိတ္ဝိညာဥ္က အထိန္းအကြပ္မဲ့စြာ တုန္လႈပ္သြားသည္။
သူ႔ႏွာေခါင္းသူ ပြတ္၍ အလြန္ စိတ္ရႈပ္ေနေသာ နဂါးမ်က္ႏွာႏွင့္ သူ ေရ႐ြတ္လိုက္သည္။
"အာ … ငါ ဘာလို႔ ေယာက္ယက္ခတ္သလို ခံစားေနရတာလဲ"
ေခါင္းကို ေမာ့၍ ကမၼ႒ာန္းထိုင္လိုက္သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူက ေခါင္းကို ခါ၍ ေျပာလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ပါေလ … ငါ စိတ္ထင္တာပဲေနမွာပါ"
ထို႔ေနာက္ နတ္ဆိုးနဂါးသည္ ဓားက်ိဳးထဲတြင္ ေနာက္ျပန္လန္က်သြားၿပီးေနာက္ ခ်က္ခ်င္း အိပ္ေမာက်သြားသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now