Chapter 290

1.1K 135 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (290) ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်း

တောက်! တောက်!

မင်းသား ကာရိုးလ်၏ နဖူးအလယ်တည့်တည့်မှ ရဲရဲနီနေသော သွေးများ စီးကျလာသည်။ သူ့မျက်လုံးထဲတွင် အလွန် မျှော်လင့်ချက် ပျက်သုဉ်းနေဟန်များဖြင့် ပြည့်နှက်နေပြီး ယခုထိ တောင့်တင်းလျက် ရှိနေသည်။

ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသော ဒဏ္ဍာရီလာအဆင့် ရှိသည့် သူသည် ဒဏ္ဍာရီအဆင့်သာ ရှိသည့် လူတစ်ယောက်၏ သတ်ခြင်းကို ခံရလိမ့်မည်ဆိုသည်ကို သူ မယုံကြည်နိုင်ပါ။

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး"

သူ၏ အားနည်းစွာ ရေရွတ်လိုက်သံနှင့်အတူ မင်းသား ကာရိုးလ်၏ မျက်လုံးများသည် ချက်ချင်း ငြိမ်ကျသွားသည်။

ထို့နောက်တွင်မူ ချောက်ကမ်းပါးသည် အလွန်တိတ်ဆိတ်လို့သွားသည်။ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး အသက်ပင် မရှူဝံ့တော့ပေ။

ဖေးချမ်သည် သူ၏ အတည်စွမ်းအင်ကို အပြည့် ထုတ်သုံးနိုင်ပြီး ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် ဒဏ္ဍာရီလာအဆင့် ရှိသည့်သူအား သေလုနီးပါး အခြေအနေ၌ သတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

အကြီးအကဲ ချာခါ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။

"ဆယ်စက္ကန့် … သူ တကယ်ပဲ ကာရိုးလ်ကို ဆယ်စက္ကန့်အတွင်း သတ်နိုင်လိုက်တာပဲ … ဒါ … လုံးဝ မဖြစ်နိုင်ဘူး"

ယဲ့ဖန်က ကာရိုးလ် ဆယ်စက္ကန့်အတွင်း အသတ်ခံရလိမ့်မည်ဟု ပြောခဲ့စဉ်က အကြီးအကဲ ချာခါသည် သူ့စကားများကို လုံးဝ မယုံကြည်ခဲ့ပါ။

သို့သော် သူ့စကားများက လုံးဝ စစ်မှန်နေသည်။ ဤသည်ကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။

ယဲ့ဖန်သည် ထူးခြားဆန်းကြယ်မှုများနှင့် ဖုံးကွယ်နေသော လူတစ်ယောက်ဖြစ်သည်ဟု အကြီးအကဲ ချာခါ ခံစားလိုက်မိသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now