Chapter 325

1K 127 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (325) ကောင်းလိုက်တဲ့ အသားကင်လေး

ထိုခေါင်းလောင်းထိုးသံသည် နားဝင်ချိုလှသလို ထိတ်လန့်ဖွယ်ကောင်းပြီး ထူးဆန်းလှသည်။ ဘယ်ကနေ ထွက်ပေါ်လာမှန်းလည်း မည်သူမျှ မသိကြချေ။
သို့သော် ထိုခေါင်းလောင်းသံ အဆုံးတွင် ဖန်သားပြင်ရှေ့ရှိ ဟွာရှ သိုင်းပညာရှင်များသည် ထိုခေါင်းလောင်းသံက ဓားသမားဂိုဏ်း၏ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို ယူဆောင်သွားသည်ကို သတိထားမိသွားကြသည်။
အသက်ရှင်နေသေးသော သိုင်းပညာရှင်များသည် မြေကြီးပေါ် ပုံလျက်သား လဲကျကာ မူးဝေနေကြသည်။
ခွင်းလွင်တောင်ထိပ်ပေါ်မှ များစွာသော သိုင်းပညာရှင်များသည် မြေကြီးပေါ်မှ သူတို့ မနည်းကုန်းရုန်း၍ ထနေရသည်။
ထို့အတူ ကောင်းကင်၌ ကြမ်းကြုတ်သော သိမ်းငှက်၏ မျက်လုံးများက ရုတ်တရက် အရောင်မှိန်သွားသည်။ သူ့တောင်ပံများသည် တဖျပ်ဖျပ်ခတ်နေရာမှ ရုတ်တရက် ရပ်သွားသည်။
ချက်ချင်းဆိုသလို သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ဤသည်ကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။
ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိခဲ့ကြပေ။ ထိုစဉ် တစ်စုံတစ်ယောက်က စူးစူးဝါးဝါး ထအော်လာသည်။
"ကြည့်ကြဦး"
ထိုအခါ သိမ်းငှက်က ယဲ့ဖန်က ခုန်လွှားလိုက်သည့် နေရာသို့ ပြုတ်ကျလာသည်ကို သူတို့ မြင်လိုက်ရသည်။ လက်ထဲ၌ ဓားကို ကိုင်ဆွဲ၍ ခုန်လွှားလိုက်ပုံက နတ်ဘုရားလိုပင်။
"ခုတ်ပိုင်းလိုက်စမ်း"
ယဲ့ဖန်က ကြုံးဝါးလိုက်ရင်း သူ့လက်ဖဝါးအား ရက်စက်စွာ ဝှေ့ယမ်းလိုက်သည်။ ဧရာမ ပုရွက်ဆိတ်ဓားက သိမ်းငှက်၏ ဘက်တောင်ပံအား ပိုင်းဖြတ်သွားသည်။
ချွင်! ချွင်! ချွင်!
ဧရာမ ပုရွက်ဆိတ်ဓားနှင့် သိမ်းငှက်၏ သံမဏိ ငှက်မွေးတို့ ထိမိသွားသည့်အခါတွင် မီးပွားများ ဖြစ်ပေါ်လာသည်။
ထို့အတူ ငှက်မွေးများစွာ ပြတ်ထွက်သွားသည်။ အဆုံးတွင် ဧရာမ ပုရွက်ဆိတ်ဓားက ၎င်း၏ ကိုယ်ထဲသို့ ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လို့လာ၏။
သားရဲဧကရာဇ်၏ ဘယ်တောင်ပံ အဖြတ်ခံလိုက်ရလေပြီ။ ကြမ်းကြုတ်သော သိမ်းငှက်သည် စူးရှလှသော နာကျင်မှုကို စုပြုံခံစားလာရသည်။ ရုတ်တရက် ၎င်းသည် သတိပြန်ဝင်လာသည်။
သတိပြန်ဝင်လာသည်နှင့် ၎င်း၏ မျက်နှာ၌ ဒေါသများဖြင့် ပြည့်နှက်လို့လာသည်။
"ငနာလေး ... မင်းကများ"
သိမ်းငှက်သည် ရုတ်တရက် အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ဘယ်သောအခါကမှ ထင်မှတ်မထားခဲ့မိပါ။
ပြတ်သွားသော ဘယ်တောင်ပံမှ နာကျင်မှုက ၎င်းအား သေမတတ် ဒေါသထွက်သွားရစေသည်။ ထို့ကြောင့် ၎င်းသည် ညာတောင်ပံကို တဖျပ်ဖျပ်ခတ်ရင်း ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ဝုန်း!
၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ညာတောင်ပံကြောင့် ယဲ့ဖန် လွင့်ထွက်သွားကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။
သို့သော် ထို တိုက်ခိုက်မှုအဆုံးတွင် ယဲ့ဖန်က ချက်ချင်း ပြန်ခုန်ထလာသည်။
"စူးစိုက်စမ်း"
ယဲ့ဖန်သည် အရူးအမူး ဖြစ်နေသော မျက်လုံးများဖြင့် ကြုံးဝါးလာသည်။ ထို့နောက် ထိုတိုက်ခိုက်မှုအဆုံးတွင် သူ၏ စိတ်ဝိညာဉ်က ကောင်းကင်ခွင်း ခေါင်းလောင်းအား ဒုတိယအကြိမ် ထိုးနှက်လိုက်သည်။
နားဝင်ချိုလှသော ခေါင်းလောင်းသံက မိုင်နှင့်ချီ၍ ပျံ့လွင့်သွားသည်။ ဓားသမားဂိုဏ်း၏ တပည့်များ နိုးထလာခါနီးတွင် သူတို့ ပို၍ မူးဝေသွားကြသည်။
သိမ်းငှက်သည် ၎င်း၏ ညာတောင်ပံနှင့် ပျံထွက်ရန် ပြင်စဉ်တွင် ထပ်မံ၍ ရပ်တန့်သွားသည်။
"သေစမ်း"
၎င်းက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းလိုလိုမှာပင် ၎င်း၏ မျက်လုံးများက မှေးမှိန်လာပြန်၏။ ထို့နောက် ၎င်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
ဝှစ်!
ယဲ့ဖန်သည် သိမ်းငှက်၏ ဝမ်းဗိုက်အောက်ပိုင်းအား ထပ်မံ၍ ပိုင်းဖြတ်လိုက်သည်။ ထိုတိုက်ခိုက်မှုအဆုံးတွင် သားရဲ ဧကရာဇ်၏ သွေးများက ကောင်းကင်ပေါ်မှ ပန်းထွက်လာပြီး ငယ်သံပါအောင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထို့အတူ အလွန် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာ၏။
ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သိမ်းငှက်သည် မြေကြီးပေါ်သို့ ထပ်ကာတလဲလဲ ပြုတ်ကျလာ၏။ ထို့အတူ ယဲ့ဖန်သည်လည်း အကြိမ်ကြိမ် အခါခါ ခုန်လွှားနေသည်။
သူ တစ်ကြိမ် ခုန်လိုက်တိုင်း သားရဲဧကရာဇ်၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်၌ ခပ်နက်နက် ဒဏ်ရာတစ်ခု ချန်ထားနိုင်ခဲ့သည်။
ဓားခုတ်ရာ တစ်ချက်။
ဓားခုတ်ရာ နှစ်ချက်။
ဓားခုတ်ရာ သုံးချက်။
...
ဓားခုတ်ရာ တစ်ခုတိုင်းက ၎င်း၏ အရိုးထိအောင် နက်ရှိုင်းပြီး ခွန်းလွင်တောင်ထိပ်ပေါ်ရှိ မိုးကောင်းကင်၌ သွေးများ ဖြန်းပက်လာသည်။
စူးရှသော အော်သံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ဖန်သားပြင်ရှေ့မှ ဟွာရှ သိုင်းပညာရှင်များ အားလုံး ဤမြင်ကွင်းကြောင့် နားဝေတိမ်တောင် ဖြစ်နေကြသည်။
အဲ့ဒီကောင်က လူသား နတ်ဘုရားအဆင့်နှင့် ညီမျှသည့် သားရဲ ဧကရာဇ် ဖြစ်သည်။ ၎င်း၏ တိုက်ပွဲဝင် ခွန်အားက လူသား နတ်ဘုရားအဆင့်တွေထက် ပို၍ ကြောက်ဖို့ကောင်းသည်ဟု ဆိုခဲ့ကြသည်။
သို့သော် ယခုအခါတွင်တော့ ၎င်းသည် ယဲ့ဖန်ကြောင့် ဒဏ်ရာ အပြင်းအထန် ရနေပြီး ၎င်း၏ သွေးများဖြင့် ပေရေလို့နေသည်။
မယုံနိုင်စရာ ကောင်းလှပါဘိ။
"သန်မာလိုက်တာ။ သူက တော်တော့်ကို အင်အားကြီးလွန်းတယ်"
ဟွာရှ သိုင်းပညာရှင်များ အားလုံး စိတ်လှုပ်ရှားလာကြသည်။ ထို ကြမ်းကြုတ်သော သိမ်းငှက်သည် ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်အားလုံးကို ကျွန်ပြုခဲ့သည်။ ထိုအတွက်ကြောင့် ဟွာရှ သိုင်းပညာရှင်များအားလုံး ၎င်းကို အလွန် မုန်းတီးကြသည်။
ယဲ့ဖန်သည် ဟွာရှ သိုင်းပညာရှင်များ၏ အကြီးမားဆုံး အိပ်မက်ကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။
"ယဲ့ဖန်"
ထိုစဉ် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အရူးအမူး ထအော်လာသည်။ ယဲ့ဖန်ဟူသော နာမည်က ဟွာရှ နိုင်ငံအနှံ့သို့ ထပ်မံ၍ ပျံ့နှံ့သွားသည်။
"ယဲ့ဖန်"
"ယဲ့ဖန်"
.....
ဟွာရှ သိုင်းပညာရှင်တိုင်းက ယဲ့ဖန်သည် သူတို့ရင်ထဲ၌ နတ်ဘုရားတစ်ပါးဖြစ်ပြီး သူတို့အား ခွန်အား ပေးသနားသကဲ့သို့ သူ၏ နာမည်ကို ကျယ်လောင်စွာ ဟစ်အော်နေကြသည်။
ဝှစ်!
ထိုအသံနှင့်အတူ သိမ်းငှက်၏ ညာတောင်ပံသည်လည်း တစ်ချက်တည်းနှင့် ပြတ်ထွက်သွားသည်။
"မဟုတ်ဘူး"
သိမ်းငှက်သည် အလွန် တုန်လှုပ်နေသော မျက်လုံးများနှင့် အော်လိုက်မိသည်။ သားရဲဧကရာဇ်ဖြစ်သော သူသည် သူ၏ တောင်ပံများက သေးနုပ်သော ဒဏ္ဍာရီတစ်ပိုင်းအဆင့်သာ ရှိသည့် ငနာလေးကြောင့် ပြတ်သွားမည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူ၏ အတောင်ပံများကို ဆုံးရှံးခဲ့ပြီးနောက် သိမ်းငှက်၏ ကြီးမားသော ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျလာသဖြင့် ဧရာမ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာရသည်။
သူ၏ အတောင်ပံများနှင့် သွေးများနှင့် ပေကျံနေပြီး သူ၏ အသားများက နုတ်နုတ်စင်း ခံထားရပြီး သူ၏ အမွေးများက အနုတ်ခံထားရ၏။
ထို့အပြင် သူ၏ သံမဏိကဲ့သို့ ချွန်ထက် မာကျောသော လက်သည်းများက ကျိုးကြေနေသည်မှာ ကြာလှပြီ ဖြစ်သ်ည။
ယခုအချိန်တွင် သူသည် မြေကြီးပေါ် လဲကျနေပြီး ခွန်အားဟူ၍ တစ်စက်မျှပင် မရှိတော့ပေ။
"ငနာလေး၊ မင်း ... မင်း ဘာလှည့်ကွက်တွေ သုံးခဲ့တာလဲ"
ကြမ်းကြုတ်သော သိမ်းငှက်က ယဲ့ဖန်အား မယုံနိုင်ဟန်များဖြင့် မေးလိုက်သည်။ သူ ခေါင်းလောင်းသံကို ကြားလိုက်ရတိုင်း သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်ကို သူ ခံစားမိသည်။
ဤမျှ ထူးဆန်းသည့် လှည့်ကွက်မျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။ သူ၏ အမေးကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။
"ကြက် ဒါမှမဟုတ် ခွေးကို သတ်သလိုမျိုးပဲလေ"
*ဘာ*
သူ့စကားကြောင့် သိမ်းငှက် ချက်ချင်း ဒေါသူပုန်ထလာသည်။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ တင်းမာသော အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
"ငါ မင်းကို အရေခွံနွှာ၊ မင်း အသားကိုစား၊ မင်းရဲ့သွေးကို သောက်ပြီး မင်းရဲ့ အရိုးကို ချိုးပစ်မယ်လို့ မင်းကို ငါ ပြောခဲ့သားပဲ။ မင်း အဆင်သင့်ဖြစ်ပြီလား"
...
ယဲ့ဖန်၏ စကားအဆုံးတွင် သိမ်းငှက်၏ မျက်လုံးများက ပျာယာခတ်လာသည်။ ထို့နောက် သူက ခွင့်လွှတ်ရန် တောင်းဆိုလေတော့သည်။
"မဟုတ်ဘူး၊ မင်း နိုင်ပါတယ်။ ငါ .... ငါ မင်းရဲ့ စီးတော်ယဉ်အဖြစ် ခစားနိုင်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့"
ယခုအချိန်တွင် သိမ်းငှက်၏ မျက်လုံးထဲတွင်တော့ ယဲ့ဖန်သည် သရဲသဘက်လိုပင် ဖြစ်သည်။ နိမ့်ကျသော ပုရွက်ဆိတ်လိုကောင်က သည်လောက် ထူးဆန်း၍ ရက်စက်သော လှည့်ကွက်ကို သုံးနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
"မရဘူး၊ မရနိုင်ဘူး၊ ဘယ်ရမလဲ..."
ယဲ့ဖန်သည် ခေါင်းကိုခါ၍ လှောင်ရယ်ရင်း ပြောလိုက်သည်။
"ငါက မင်းရဲ့ အသွေးအသားကို ပိုယူချင်နေတာ"
သူ့စကားအဆုံးတွင် ယဲ့ဖန်သည် သိမ်းငှက်ကို ဆောင့်နင်းပြီး ၎င်း၏ အမွေးကို ဆုပ်ကိုင်ကာ ဆောင့်ဆွဲလိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ သွေးသံတရဲရဲ အသားစများနှင့်အတူ ငှက်မွေးများစွာ လေထဲ လွင့်ပျံလာသည်။ သားရဲ ဧကရာဇ် မချိမဆံ့ အော်ဟစ်နေရသည်။ သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည် ဖြစ်သည်။
ယဲ့ဖန်သည် ရက်စက်သော နတ်ဘုရားကဲ့သို့ သိမ်းငှက်၏ ငှက်မွေးများအား ဆက်၍ လျင်မြန်စွာ ဆွဲနုတ်နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သိမ်းငှက်သည် ငယ်သံပါအောင် အော်ဟစ်သံများနှင့်အတူ သွေးအလိမ်းလိမ်း ဖြစ်လာသည်။
သို့သော် နာကျင်မှုကား မပြီးဆုံးသေးပေ။ ထိုအချိန်တွင် နတ်ဆိုးချီမျှင်စုများက ချက်ချင်း ထွက်ပေါ်လာကာ သိမ်းငှက်၏ ကြီးမားသော ခန္ဓာကိုယ်အား ရစ်ပတ်လာသည်။ ထို့နောက် ထို ကြီးမားသော ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်လာ၏။
ထို့နောက်တွင် ကြီးမားသော ငရဲမီးတစ်ခု ပေါ်ပေါက်လာပြီး ထိုခန္ဓာကိုယ်အား မီးမြှိုက်လေတော့သည်။
*ဟင်...ဟုတ်သား...အသားကင်နေတာပဲ*
ထိုစဉ် ရီကျန့်ထျန်းနှင့် ဓားသမားဂိုဏ်းမှ အခြား သိုင်းပညာရှင်များ သတိပြန်ဝင်လာကြသည်။ သို့သော် သူတို့ ကောင်းကင်သို့ မော်ကြည့်လိုက်သည့်အခါတွင် သူတို့အားလုံး ချက်ချင်း မှင်တက်သွားကြသည်။
ယဲ့ဖန်က သူတို့ သခင်ကြီးအဖြစ် ခံယူထားသော သိမ်းငှက်အား မီးကင်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
*မ...မဖြစ်နိုင်ဘူးလေ*
#ZAWGYI
စာစဥ္ (22) CHAPTER (325) ေကာင္းလိုက္တဲ့ အသားကင္ေလး
ထိုေခါင္းေလာင္းထိုးသံသည္ နားဝင္ခ်ိဳလွသလို ထိတ္လန႔္ဖြယ္ေကာင္းၿပီး ထူးဆန္းလွသည္။ ဘယ္ကေန ထြက္ေပၚလာမွန္းလည္း မည္သူမွ် မသိၾကေခ်။
သို႔ေသာ္ ထိုေခါင္းေလာင္းသံ အဆုံးတြင္ ဖန္သားျပင္ေရွ႕ရွိ ဟြာရွ သိုင္းပညာရွင္မ်ားသည္ ထိုေခါင္းေလာင္းသံက ဓားသမားဂိုဏ္း၏ အသက္ရွင္ေနေသးေသာ သိုင္းပညာရွင္မ်ား၏ စိတ္ဝိညာဥ္ကို ယူေဆာင္သြားသည္ကို သတိထားမိသြားၾကသည္။
အသက္ရွင္ေနေသးေသာ သိုင္းပညာရွင္မ်ားသည္ ေျမႀကီးေပၚ ပုံလ်က္သား လဲက်ကာ မူးေဝေနၾကသည္။
ခြင္းလြင္ေတာင္ထိပ္ေပၚမွ မ်ားစြာေသာ သိုင္းပညာရွင္မ်ားသည္ ေျမႀကီးေပၚမွ သူတို႔ မနည္းကုန္း႐ုန္း၍ ထေနရသည္။
ထို႔အတူ ေကာင္းကင္၌ ၾကမ္းၾကဳတ္ေသာ သိမ္းငွက္၏ မ်က္လုံးမ်ားက ႐ုတ္တရက္ အေရာင္မွိန္သြားသည္။ သူ႔ေတာင္ပံမ်ားသည္ တဖ်ပ္ဖ်ပ္ခတ္ေနရာမွ ႐ုတ္တရက္ ရပ္သြားသည္။
ခ်က္ခ်င္းဆိုသလို သူ၏ ႀကီးမားေသာ ခႏၶာကိုယ္သည္ ေျမႀကီးေပၚသို႔ ျပဳတ္က်လာ၏။ ဤသည္ကို ၾကည့္ၿပီး ဟြာရွ သိုင္းပညာရွင္မ်ားအားလုံး မွင္တက္သြားၾကသည္။
ဤကဲ့သို႔ အျဖစ္အပ်က္မ်ိဳး ျဖစ္လာလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားမိခဲ့ၾကေပ။ ထိုစဥ္ တစ္စုံတစ္ေယာက္က စူးစူးဝါးဝါး ထေအာ္လာသည္။
"ၾကည့္ၾကဦး"
ထိုအခါ သိမ္းငွက္က ယဲ့ဖန္က ခုန္လႊားလိုက္သည့္ ေနရာသို႔ ျပဳတ္က်လာသည္ကို သူတို႔ ျမင္လိုက္ရသည္။ လက္ထဲ၌ ဓားကို ကိုင္ဆြဲ၍ ခုန္လႊားလိုက္ပုံက နတ္ဘုရားလိုပင္။
"ခုတ္ပိုင္းလိုက္စမ္း"
ယဲ့ဖန္က ႀကဳံးဝါးလိုက္ရင္း သူ႔လက္ဖဝါးအား ရက္စက္စြာ ေဝွ႔ယမ္းလိုက္သည္။ ဧရာမ ပု႐ြက္ဆိတ္ဓားက သိမ္းငွက္၏ ဘက္ေတာင္ပံအား ပိုင္းျဖတ္သြားသည္။
ခြၽင္! ခြၽင္! ခြၽင္!
ဧရာမ ပု႐ြက္ဆိတ္ဓားႏွင့္ သိမ္းငွက္၏ သံမဏိ ငွက္ေမြးတို႔ ထိမိသြားသည့္အခါတြင္ မီးပြားမ်ား ျဖစ္ေပၚလာသည္။
ထို႔အတူ ငွက္ေမြးမ်ားစြာ ျပတ္ထြက္သြားသည္။ အဆုံးတြင္ ဧရာမ ပု႐ြက္ဆိတ္ဓားက ၎၏ ကိုယ္ထဲသို႔ ထိုးေဖာက္သြားသျဖင့္ ေသြးမ်ား ပန္းထြက္လို႔လာ၏။
သားရဲဧကရာဇ္၏ ဘယ္ေတာင္ပံ အျဖတ္ခံလိုက္ရေလၿပီ။ ၾကမ္းၾကဳတ္ေသာ သိမ္းငွက္သည္ စူးရွလွေသာ နာက်င္မႈကို စုၿပဳံခံစားလာရသည္။ ႐ုတ္တရက္ ၎သည္ သတိျပန္ဝင္လာသည္။
သတိျပန္ဝင္လာသည္ႏွင့္ ၎၏ မ်က္ႏွာ၌ ေဒါသမ်ားျဖင့္ ျပည့္ႏွက္လို႔လာသည္။
"ငနာေလး ... မင္းကမ်ား"
သိမ္းငွက္သည္ ႐ုတ္တရက္ အေျခအေနေတြက ေျပာင္းျပန္ျဖစ္သြားလိမ့္မည္ဟု ဘယ္ေသာအခါကမွ ထင္မွတ္မထားခဲ့မိပါ။
ျပတ္သြားေသာ ဘယ္ေတာင္ပံမွ နာက်င္မႈက ၎အား ေသမတတ္ ေဒါသထြက္သြားရေစသည္။ ထို႔ေၾကာင့္ ၎သည္ ညာေတာင္ပံကို တဖ်ပ္ဖ်ပ္ခတ္ရင္း ယဲ့ဖန္ထံသို႔ ေျပးဝင္လာသည္။
ဝုန္း!
၎၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ညာေတာင္ပံေၾကာင့္ ယဲ့ဖန္ လြင့္ထြက္သြားကာ ေျမႀကီးေပၚ ျပဳတ္က်သြားသည္။
သို႔ေသာ္ ထို တိုက္ခိုက္မႈအဆုံးတြင္ ယဲ့ဖန္က ခ်က္ခ်င္း ျပန္ခုန္ထလာသည္။
"စူးစိုက္စမ္း"
ယဲ့ဖန္သည္ အ႐ူးအမူး ျဖစ္ေနေသာ မ်က္လုံးမ်ားျဖင့္ ႀကဳံးဝါးလာသည္။ ထို႔ေနာက္ ထိုတိုက္ခိုက္မႈအဆုံးတြင္ သူ၏ စိတ္ဝိညာဥ္က ေကာင္းကင္ခြင္း ေခါင္းေလာင္းအား ဒုတိယအႀကိမ္ ထိုးႏွက္လိုက္သည္။
နားဝင္ခ်ိဳလွေသာ ေခါင္းေလာင္းသံက မိုင္ႏွင့္ခ်ီ၍ ပ်ံ႕လြင့္သြားသည္။ ဓားသမားဂိုဏ္း၏ တပည့္မ်ား ႏိုးထလာခါနီးတြင္ သူတို႔ ပို၍ မူးေဝသြားၾကသည္။
သိမ္းငွက္သည္ ၎၏ ညာေတာင္ပံႏွင့္ ပ်ံထြက္ရန္ ျပင္စဥ္တြင္ ထပ္မံ၍ ရပ္တန႔္သြားသည္။
"ေသစမ္း"
၎က ထိတ္လန႔္တၾကား ေရ႐ြတ္လိုက္မိသည္။ တစ္ခ်ိန္တည္းလိုလိုမွာပင္ ၎၏ မ်က္လုံးမ်ားက ေမွးမွိန္လာျပန္၏။ ထို႔ေနာက္ ၎သည္ ေျမႀကီးေပၚသို႔ ျပဳတ္က်လာသည္။
ဝွစ္!
ယဲ့ဖန္သည္ သိမ္းငွက္၏ ဝမ္းဗိုက္ေအာက္ပိုင္းအား ထပ္မံ၍ ပိုင္းျဖတ္လိုက္သည္။ ထိုတိုက္ခိုက္မႈအဆုံးတြင္ သားရဲ ဧကရာဇ္၏ ေသြးမ်ားက ေကာင္းကင္ေပၚမွ ပန္းထြက္လာၿပီး ငယ္သံပါေအာင္ ေအာ္ဟစ္သံမ်ား ထြက္ေပၚလာသည္။
ထို႔အတူ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္ တစ္ခု ျဖစ္ေပၚလာ၏။
ေခါင္းေလာင္းသံမ်ား ဆက္တိုက္ ထြက္ေပၚလာၿပီး သိမ္းငွက္သည္ ေျမႀကီးေပၚသို႔ ထပ္ကာတလဲလဲ ျပဳတ္က်လာ၏။ ထို႔အတူ ယဲ့ဖန္သည္လည္း အႀကိမ္ႀကိမ္ အခါခါ ခုန္လႊားေနသည္။
သူ တစ္ႀကိမ္ ခုန္လိုက္တိုင္း သားရဲဧကရာဇ္၏ ႀကီးမားေသာ ခႏၶာကိုယ္ေပၚ၌ ခပ္နက္နက္ ဒဏ္ရာတစ္ခု ခ်န္ထားႏိုင္ခဲ့သည္။
ဓားခုတ္ရာ တစ္ခ်က္။
ဓားခုတ္ရာ ႏွစ္ခ်က္။
ဓားခုတ္ရာ သုံးခ်က္။
...
ဓားခုတ္ရာ တစ္ခုတိုင္းက ၎၏ အ႐ိုးထိေအာင္ နက္ရႈိင္းၿပီး ခြန္းလြင္ေတာင္ထိပ္ေပၚရွိ မိုးေကာင္းကင္၌ ေသြးမ်ား ျဖန္းပက္လာသည္။
စူးရွေသာ ေအာ္သံမ်ားက ဆက္တိုက္ ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွပါဘိ။
ဖန္သားျပင္ေရွ႕မွ ဟြာရွ သိုင္းပညာရွင္မ်ား အားလုံး ဤျမင္ကြင္းေၾကာင့္ နားေဝတိမ္ေတာင္ ျဖစ္ေနၾကသည္။
အဲ့ဒီေကာင္က လူသား နတ္ဘုရားအဆင့္ႏွင့္ ညီမွ်သည့္ သားရဲ ဧကရာဇ္ ျဖစ္သည္။ ၎၏ တိုက္ပြဲဝင္ ခြန္အားက လူသား နတ္ဘုရားအဆင့္ေတြထက္ ပို၍ ေၾကာက္ဖို႔ေကာင္းသည္ဟု ဆိုခဲ့ၾကသည္။
သို႔ေသာ္ ယခုအခါတြင္ေတာ့ ၎သည္ ယဲ့ဖန္ေၾကာင့္ ဒဏ္ရာ အျပင္းအထန္ ရေနၿပီး ၎၏ ေသြးမ်ားျဖင့္ ေပေရလို႔ေနသည္။
မယုံႏိုင္စရာ ေကာင္းလွပါဘိ။
"သန္မာလိုက္တာ။ သူက ေတာ္ေတာ့္ကို အင္အားႀကီးလြန္းတယ္"
ဟြာရွ သိုင္းပညာရွင္မ်ား အားလုံး စိတ္လႈပ္ရွားလာၾကသည္။ ထို ၾကမ္းၾကဳတ္ေသာ သိမ္းငွက္သည္ ဓားသမားဂိုဏ္း၏ သိုင္းပညာရွင္အားလုံးကို ကြၽန္ျပဳခဲ့သည္။ ထိုအတြက္ေၾကာင့္ ဟြာရွ သိုင္းပညာရွင္မ်ားအားလုံး ၎ကို အလြန္ မုန္းတီးၾကသည္။
ယဲ့ဖန္သည္ ဟြာရွ သိုင္းပညာရွင္မ်ား၏ အႀကီးမားဆုံး အိပ္မက္ကို ျဖည့္ဆည္းေပးလိုက္ျခင္း ျဖစ္သည္။
"ယဲ့ဖန္"
ထိုစဥ္ လူအုပ္ထဲမွ တစ္စုံတစ္ေယာက္က အ႐ူးအမူး ထေအာ္လာသည္။ ယဲ့ဖန္ဟူေသာ နာမည္က ဟြာရွ ႏိုင္ငံအႏွံ႔သို႔ ထပ္မံ၍ ပ်ံ႕ႏွံ႔သြားသည္။
"ယဲ့ဖန္"
"ယဲ့ဖန္"
.....
ဟြာရွ သိုင္းပညာရွင္တိုင္းက ယဲ့ဖန္သည္ သူတို႔ရင္ထဲ၌ နတ္ဘုရားတစ္ပါးျဖစ္ၿပီး သူတို႔အား ခြန္အား ေပးသနားသကဲ့သို႔ သူ၏ နာမည္ကို က်ယ္ေလာင္စြာ ဟစ္ေအာ္ေနၾကသည္။
ဝွစ္!
ထိုအသံႏွင့္အတူ သိမ္းငွက္၏ ညာေတာင္ပံသည္လည္း တစ္ခ်က္တည္းႏွင့္ ျပတ္ထြက္သြားသည္။
"မဟုတ္ဘူး"
သိမ္းငွက္သည္ အလြန္ တုန္လႈပ္ေနေသာ မ်က္လုံးမ်ားႏွင့္ ေအာ္လိုက္မိသည္။ သားရဲဧကရာဇ္ျဖစ္ေသာ သူသည္ သူ၏ ေတာင္ပံမ်ားက ေသးႏုပ္ေသာ ဒ႑ာရီတစ္ပိုင္းအဆင့္သာ ရွိသည့္ ငနာေလးေၾကာင့္ ျပတ္သြားမည္ဟု လုံးဝ ထင္မွတ္မထားခဲ့မိပါ။
သူ၏ အေတာင္ပံမ်ားကို ဆုံးရွံးခဲ့ၿပီးေနာက္ သိမ္းငွက္၏ ႀကီးမားေသာ ခႏၶာကိုယ္သည္ ေျမႀကီးေပၚသို႔ ခ်က္ခ်င္း ျပဳတ္က်လာသျဖင့္ ဧရာမ ခ်ိဳင့္ႀကီးတစ္ခု ျဖစ္ေပၚလာရသည္။
သူ၏ အေတာင္ပံမ်ားႏွင့္ ေသြးမ်ားႏွင့္ ေပက်ံေနၿပီး သူ၏ အသားမ်ားက ႏုတ္ႏုတ္စင္း ခံထားရၿပီး သူ၏ အေမြးမ်ားက အႏုတ္ခံထားရ၏။
ထို႔အျပင္ သူ၏ သံမဏိကဲ့သို႔ ခြၽန္ထက္ မာေက်ာေသာ လက္သည္းမ်ားက က်ိဳးေၾကေနသည္မွာ ၾကာလွၿပီ ျဖစ္သ္ည။
ယခုအခ်ိန္တြင္ သူသည္ ေျမႀကီးေပၚ လဲက်ေနၿပီး ခြန္အားဟူ၍ တစ္စက္မွ်ပင္ မရွိေတာ့ေပ။
"ငနာေလး၊ မင္း ... မင္း ဘာလွည့္ကြက္ေတြ သုံးခဲ့တာလဲ"
ၾကမ္းၾကဳတ္ေသာ သိမ္းငွက္က ယဲ့ဖန္အား မယုံႏိုင္ဟန္မ်ားျဖင့္ ေမးလိုက္သည္။ သူ ေခါင္းေလာင္းသံကို ၾကားလိုက္ရတိုင္း သူ၏ ခႏၶာကိုယ္က ေတာင့္တင္းသြားသည္ကို သူ ခံစားမိသည္။
ဤမွ် ထူးဆန္းသည့္ လွည့္ကြက္မ်ိဳး ကမာၻေပၚ၌ ရွိေနလိမ့္မည္ဟု သူ ထင္မွတ္မထားမိပါ။ သူ၏ အေမးေၾကာင့္ ယဲ့ဖန္က ႏႈတ္ခမ္းတြန႔္႐ုံ ၿပဳံး၍ ေျပာလိုက္သည္။
"ၾကက္ ဒါမွမဟုတ္ ေခြးကို သတ္သလိုမ်ိဳးပဲေလ"
*ဘာ*
သူ႔စကားေၾကာင့္ သိမ္းငွက္ ခ်က္ခ်င္း ေဒါသူပုန္ထလာသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ ယဲ့ဖန္၏ တင္းမာေသာ အသံက ထပ္မံ၍ ထြက္ေပၚလာသည္။
"ငါ မင္းကို အေရခြံႏႊာ၊ မင္း အသားကိုစား၊ မင္းရဲ႕ေသြးကို ေသာက္ၿပီး မင္းရဲ႕ အ႐ိုးကို ခ်ိဳးပစ္မယ္လို႔ မင္းကို ငါ ေျပာခဲ့သားပဲ။ မင္း အဆင္သင့္ျဖစ္ၿပီလား"
...
ယဲ့ဖန္၏ စကားအဆုံးတြင္ သိမ္းငွက္၏ မ်က္လုံးမ်ားက ပ်ာယာခတ္လာသည္။ ထို႔ေနာက္ သူက ခြင့္လႊတ္ရန္ ေတာင္းဆိုေလေတာ့သည္။
"မဟုတ္ဘူး၊ မင္း ႏိုင္ပါတယ္။ ငါ .... ငါ မင္းရဲ႕ စီးေတာ္ယဥ္အျဖစ္ ခစားႏိုင္ပါတယ္။ ေက်းဇူးျပဳၿပီး ငါ့ကို မသတ္ပါနဲ႔"
ယခုအခ်ိန္တြင္ သိမ္းငွက္၏ မ်က္လုံးထဲတြင္ေတာ့ ယဲ့ဖန္သည္ သရဲသဘက္လိုပင္ ျဖစ္သည္။ နိမ့္က်ေသာ ပု႐ြက္ဆိတ္လိုေကာင္က သည္ေလာက္ ထူးဆန္း၍ ရက္စက္ေသာ လွည့္ကြက္ကို သုံးႏိုင္လိမ့္မည္ဟု သူ ထင္မွတ္မထားခဲ့မိပါ။
"မရဘူး၊ မရႏိုင္ဘူး၊ ဘယ္ရမလဲ..."
ယဲ့ဖန္သည္ ေခါင္းကိုခါ၍ ေလွာင္ရယ္ရင္း ေျပာလိုက္သည္။
"ငါက မင္းရဲ႕ အေသြးအသားကို ပိုယူခ်င္ေနတာ"
သူ႔စကားအဆုံးတြင္ ယဲ့ဖန္သည္ သိမ္းငွက္ကို ေဆာင့္နင္းၿပီး ၎၏ အေမြးကို ဆုပ္ကိုင္ကာ ေဆာင့္ဆြဲလိုက္သည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ ေသြးသံတရဲရဲ အသားစမ်ားႏွင့္အတူ ငွက္ေမြးမ်ားစြာ ေလထဲ လြင့္ပ်ံလာသည္။ သားရဲ ဧကရာဇ္ မခ်ိမဆံ့ ေအာ္ဟစ္ေနရသည္။ သို႔ေသာ္ အိပ္မက္ဆိုးကား ယခုမွ စတင္မည္ ျဖစ္သည္။
ယဲ့ဖန္သည္ ရက္စက္ေသာ နတ္ဘုရားကဲ့သို႔ သိမ္းငွက္၏ ငွက္ေမြးမ်ားအား ဆက္၍ လ်င္ျမန္စြာ ဆြဲႏုတ္ေနသည္။
မ်က္ေတာင္တစ္ခတ္ အတြင္းမွာပင္ သိမ္းငွက္သည္ ငယ္သံပါေအာင္ ေအာ္ဟစ္သံမ်ားႏွင့္အတူ ေသြးအလိမ္းလိမ္း ျဖစ္လာသည္။
သို႔ေသာ္ နာက်င္မႈကား မၿပီးဆုံးေသးေပ။ ထိုအခ်ိန္တြင္ နတ္ဆိုးခ်ီမွ်င္စုမ်ားက ခ်က္ခ်င္း ထြက္ေပၚလာကာ သိမ္းငွက္၏ ႀကီးမားေသာ ခႏၶာကိုယ္အား ရစ္ပတ္လာသည္။ ထို႔ေနာက္ ထို ႀကီးမားေသာ ခႏၶာကိုယ္သည္ ေလထဲသို႔ ေျမာက္တက္လာ၏။
ထို႔ေနာက္တြင္ ႀကီးမားေသာ ငရဲမီးတစ္ခု ေပၚေပါက္လာၿပီး ထိုခႏၶာကိုယ္အား မီးျမႇိဳက္ေလေတာ့သည္။
*ဟင္...ဟုတ္သား...အသားကင္ေနတာပဲ*
ထိုစဥ္ ရီက်န႔္ထ်န္းႏွင့္ ဓားသမားဂိုဏ္းမွ အျခား သိုင္းပညာရွင္မ်ား သတိျပန္ဝင္လာၾကသည္။ သို႔ေသာ္ သူတို႔ ေကာင္းကင္သို႔ ေမာ္ၾကည့္လိုက္သည့္အခါတြင္ သူတို႔အားလုံး ခ်က္ခ်င္း မွင္တက္သြားၾကသည္။
ယဲ့ဖန္က သူတို႔ သခင္ႀကီးအျဖစ္ ခံယူထားေသာ သိမ္းငွက္အား မီးကင္ေနသည္ကို သူတို႔ ေတြ႕လိုက္ရသည္။
*မ...မျဖစ္ႏိုင္ဘူးေလ*

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now