Chapter 258

1.3K 153 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (258) ယဲ့ဖန်!
ယန်ကျင့်တိုက်ခိုက်ရေး ကလပ်၌ ကလပ်၏ တံခါးကို ပိတ်လို့ထားသည်။
တံခါးအတွင်းဘက်၌ ညှီစို့စို့ အနံ့များ လှိုင်လှိုင်ထနေပြီး သိုင်းပညာရှင်များအား ပျို့အန်မတတ် ဖြစ်သွားစေသည်။
တိုက်ခိုက်ရေးကလပ်တစ်ခုလုံးတွင်း၌ ယန်ကျင့်မြို့၏ အဓိက ကလန်များမှ သိုင်းပညာရှင်များနှင့် ပြည့်နှက်လို့နေသည်။
ပွဲသို့ လာရောက်ကြသူများအား နေရာ သုံးပိုင်း ပိုင်း၍ နေရာချထားသည်။
ပထမနေရာ၌ ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်း၊ သူ၏ လက်အောက်ခံ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ခြောက်ယောက်နှင့် ဇာပုဝါ တပ်ထားသော မိန်းမပျိုလေးတစ်ယောက်တို့ ဖြစ်သည်။
ဒုတိယနေရာ၌ ကျိုကလန်နှင့် အမှောင်ဂိုဏ်းအဖွဲ့ဝင်တို့ ရှိသည်။ ကျိုကလန်၏ အကြီးအကဲ ဖြစ်သူ ကျိုဟမ့်ရှန်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်၏ ရှေ့၌ ထိုင်နေသည်။
သူ့ရှေ့မှ ကြမ်းပြင်တွင်တော့ ယဲ့မုန့်ထန်နှင့် ယဲ့ကလန်မှ အခြားအင်အားစုများ ထိုင်နေကြသည်။
တတိယနေရာ၌ ယန်ကျင့်မြို့မှ ကျန် အဓိက ကလန်များ ထိုင်နေကြသည်။ သို့သော် ထိုအချိန်တွင် အဓိက ကလန်များ၏ ခေါင်းဆောင်များအားလုံး သုန်မှုန်နေကြသည်။
ရွှစ်!
ထိုအသံနှင့်အတူ ဒဏ္ဍာရီအဆင့် တစ်ယောက်၏ ဦးခေါင်းသည် လက်ဖဝါးတစ်ချက်ကြောင့် ပြတ်ထွက်သွားကာ လေထဲသို့ သွေးများ လွင့်စဉ်လာသည်။
သူ့အလောင်းက ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် တတိယနေရာမှ အဓိကကလန်များ၏ အဓိက သိုင်းပညာရှင်များကြား၌ ပွက်လောရိုက်လာသည်။
"လေးယောက်မြောက် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သေသွားပြီ … ခွေးမသား"
"ရက်စက်တယ် … အဲ့ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်က တကယ့်ကို မကောင်းဆိုးဝါးပဲ .. သူတစ်ယောက်တည်းနဲ့ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် လေးယောက်ကို သတ်လိုက်ပြီ … မယုံနိုင်စရာပဲ"
"‌နောက် ဘယ်သူလာဦးမလဲ … ဟွာရှနိုင်ငံက ကိုရီးယားကို မယှဉ်နိုင်ဘူးလား"
အဓိကကလန်များ၏ တပည့်များသည် အလွန် ထိတ်လန့်နေသော မျက်လုံးများနှင့်အတူ ဖြူဖပ်ဖြူရော် ဖြစ်လာကြသည်။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်၏ တိုက်ပွဲဝင်ခွန်အားက သည်လောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပါ။
*သူက ပင်ကို တိုက်ခိုက်ရေး နတ်ဘုရားတစ်ပါးပဲ*
"နောက်တစ်ယောက် … ဒီကို လာပြီး အသေခံလိုက်"
ထိုစဉ် စည်းဝိုင်းထဲမှ ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။ တွန့်လိမ်နေသော နှုတ်ခမ်းမွှေးများ၊ ဖုဖောင်းထနေသော ကြွက်သားများနှင့် ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရက်စက်လှပေသည်။
အဓိကကလန်များမှ သိုင်းပညာရှင်များအား စိုက်ကြည့်ပြီး သူက မသတီစရာ အပြုံးမျိုး ပြုံး၍ ထပ်ပြောလာသည်။
"ဟားဟား … တီကောင်လိုကောင်တွေ … ငါ မင်းတို့အားလုံးကို သတ်ပစ်ပြီးတော့ ဟွာရှ အင်အားစုတိုင်းကို ရှင်းလင်းပစ်မယ်"
*သေစမ်း*
သူ၏ မောက်မာသော စကားကြောင့် အဓိကကလန်များမှ တပည့်များအားလုံး မျက်နှာ တင်းမာသွားကြသည်။
ဟွာရှနိုင်ငံ၏ အဓိက မြို့တော်က ဤကဲ့သို့ ကိုရီးယားလူမျိုးတစ်ယောက်၏ မသတီစရာ အပြုအမူကို ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။
အဓိကကလန်တစ်ခု၏ ခေါင်းဆောင်တစ်ယောက်က ကျိုဟမ့်ရှန့်အား စိုက်ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲကျို … ကျိုကလန်က ယန်ကျင့်မြို့ရဲ့ နံပါတ်တစ် ကလန်တစ်ခုလေ … ခင်ဗျားက ဘယ်လိုလုပ် ဒီနေရာမှာ ဒီလို ရိုင်းပျတဲ့ အပြုအမူကို သည်းခံနိုင်ရတာလဲ"
အခြား အဓိကကလန်ခေါင်းဆောင်များက ကျိုဟမ့်ရှန်အား ဒေါသတကြီး ဝိုင်းကြည့်လာကြသည်။ အခြား ဟွာရှနိုင်ငံသားများက နိုင်ငံအတွက် ရန်သူအား အသက်ပင် စွန့်၍ တိုက်ခိုက်နေစဉ်တွင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် ကလန်ဖြစ်သည့် ကျိုကလန်သည် ဘေးတွင် ထိုင်ကာ ပျော်စရာကဲ့သို့ ထိုင်ကြည့်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူတို့၏ ဒေါသတကြီး ပြစ်တင် ရှုံ့ချသံကို ကြားသောအခါ ကျိုဟမ့်ရှန်က မျက်လုံးကို အသာဖွင့်၍ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ဒီစိန်ခေါ်ပွဲက ကျိုကလန်နဲ့ ဘာမှ မသက်ဆိုင်ဘူး"
*ဘာ*
သူ့စကားကြောင့် ဟွာရှ အဓိက ကလန်များ၏ သိုင်းပညာရှင်များက ဒေါသမီးများ ဟုန်းဟုန်းတောက်လာသည်။
ကျိုဟမ့်ရှန်က သည်လောက် တစ်ကိုယ်ကောင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူတို့အားလုံးသည် ဒေါသစိတ်ကြောင့် နီမြန်းလာကြသည်။
"ဟားဟား … ဟွာရှသားတစ်ယောက်ကတော့ နဂါးတစ်ကောင် ပါလားဟေ့ … ကျန်တဲ့သူတွေ အားလုံးက တီကောင်တွေပဲ … ဒါ လုံးဝ မှန်တယ်"
ထိုအချိန်တွင် မောက်မာသော ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်က နောက်တစ်ကြိမ် ဟားတိုက်ရယ်မောလာသည်။
ထို့နောက် သူက ဟွာရှနိုင်ငံ၏ အဓိက ကလန်များကို ကြည့်ပြီး အလွန် အထင်သေးသော အကြည့်များဖြင့် မေးခွန်းထုတ်လာသည်။
"ဘာလဲ … မင်းတို့ ငါ့ကို ကြောက်နေတာလား … ဟွာရှသား ငကြောက်တွေ … မင်းတို့ ငါ့ကို အတူ လာတိုက်ရင်ကော ဘယ်လိုလဲ … ငါ မင်းတို့အားလုံးကို သတ်လို့ရတာပေါ့ကွာ … ဟားဟား"
ထင်တိုင်းကြဲလှပါဘိ။
မောက်မာလွန်းလှ၏။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်၏ စကားကြောင့် ကျိုဟမ်ရှန့်နှင့် သူ့နောက်လိုက်များမှ လွဲ၍ ဟွာရှနိုင်ငံသားများ ချက်ချင်းဆိုသလို အလွန် ဒေါသထွက်သွားကြသည်။
ရှက်စရာကောင်းလှသည်။
ကိုရီးယားလူမျိုးတစ်ယောက်က ဟွာရှနိုင်ငံ၏ အဓိက မြို့တော်၌ မောက်မာစွာ ပြုမူနေသည်။ ဟွာရှနိုင်ငံအတွက် မည်မျှ ရှက်စရာ ကောင်းလိုက်သနည်း။
ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ်တွင် ရုတ်တရက် သူတို့ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။
ဖျောင်ထိုက်ရှင်းက ကိုရီးယားလူမျိုး နားနေရာနေရာမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
"ဆရာ"
မောက်မာသော ကိုရီးယားလူမျိုးက ဖျောင်ထိုက်ရှင်းအား တလေးတစားနှင့် ဂါရဝပြုလာသည်။
"ဟမ့် … ငါတို့ နားနေရာနေရာကို အရင် ပြန်သွားတော့"
ဖျောင်ထိုက်ရှင်းက ထိုလူအား လက်ဝေ့ယမ်း၍ ပြောလိုက်သည်။ ထိုအခါ ထိုရိုင်းစိုင်းသောသူက ချက်ချင်း စည်းဝိုင်းထဲမှ ထွက်သွားသည်။
ထိုအခါတွင်မှ ဖျောင်ထိုက်ရှင်းက ဟွာရှနိုင်ငံ၏ အဓိက ကလန်များ ရှိရာကို ကြည့်၍ ပြောလိုက်သည်။
"ဟွာရှနိုင်ငံက ရောင်းရင်းတို့ … ကျုပ်က ဖျောင်ထိုက်ရှင်းပဲ"
ဖျောင်ထိုက်ရှင်းသည် အရပ်ရှည်သည်။ အိုမင်းနေသော မျက်နှာမျိုး ရှိသော်လည်း သူသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်နိုင်သည့် ချီဓာတ်ကို ထုတ်လွှတ်နေသည်။
သူ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ အခန်းထဲမှ မည်သူမျှ သူ့အား စေ့စေ့မကြည့်ရဲကြပါ။
စင်ပေါ်သို့ တက်လာပြီးနောက် ဖျောင်ထိုက်ရှင်းက အခြားသူများအားလုံးကို ဦးညွှတ်၍ ဂါရဝပြုလိုက်ပြီး ဆက်ပြောလိုက်သည်။
"မိတ်ဆွေတို့ … ကိုရီးယားသိုင်းပညာရှင်နဲ့ ဟွာရှသိုင်းပညာရှင်တို့ ကြားမှာ ဘာရန်ညှိုးမှ မရှိပါဘူး … ဒါပေမယ့် ယဲ့ဖန်က ကျုပ်သားနဲ့ မြေးကို သတ်ခဲ့တယ် … သူတို့ သေဆုံးမှုအတွက် ကျုပ် လက်စားချေမှ ဖြစ်မယ် … ဒီလိုမှမဟုတ်ရင်က ကျုပ်က လူဖြစ်ဖို့ မထိုက်တန်တော့ဘူး"
ဖျောင်ထိုက်ရှင်းရဲ့ မျက်လုံးများမှ သန်မာကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှင့်နေရင်း သူက ဆက်ပြောလာသည်။
"ဒါကြောင့် မင်းတို့ရဲ့ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တွေရဲ့ သေဆုံးမှုနဲ့ ဟွာရှနိုင်ငံရဲ့ သိုင်းပညာလောက ကျဆုံးသွားတာအတွက် မင်းတို့ ယဲ့ဖန်ကိုသာ အပြစ်တင်သင့်တယ်"

ဖျောင်ထိုက်ရှင်း၏ စကားအဆုံးတွင် ဟွာရှနိုင်ငံ၏ အဓိကကလန်များ၏ သိုင်းပညာရှင်များကြား၌ ပွက်လောရိုက်သွားသည်။
ဟွာရှသားများအားလုံး အလွန်အမင်း ဒေါသထွက်သွားကြသည်။
"အရူးကောင် … အဲ့ဒါ မင်းရဲ့သား ဖျောင်ကျင်းတျောင်က အရမ်း ရက်စက်လွန်းလို့ကွ … သူက ရှန့်ကျန်းမြို့က သိုင်းပညာရှင်အားလုံးကို သတ်ချင်ခဲ့တာ … အဲ့ဒါကြောင့် ယဲ့ဖန်က သူ့ကို သတ်ခဲ့တာ"
"အမှန်ပဲ … မင်းက ဟွာရှနိုင်ငံသားတွေကို အရင်သတ်ခဲ့တာ … မင်းက ငါတို့ကို ယဲ့ဖန်ကို အပြစ်တင်ဖို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ … မင်းက တော်တော် အရှက်မရှိတာပဲ"
"ယဲ့ဖန်က ဟွာရှနိုင်ငံရဲ့ သူရဲကောင်းပဲ … ဖျောင်ကျင်းတျောင် သေသင့်တယ် … ဖျောင်ကျိုးယိုလည်း သေသင့်တယ်"
ထိုအချိန်တွင် ရဲရင့်၍ ဖြောင့်မတ်သော ဟွာရှလူမျိုး အားလုံးနီးပါးက ယဲ့ဖန်ဘက်၌ ရပ်တည်ကာ လက်သီးလက်မောင်းတန်း၍ ကျယ်လောင်စွာ ပြောဆိုကြသည်။
"ယဲ့ဖန်"
"ယဲ့ဖန်"
"ယဲ့ဖန်"
"ယဲ့ဖန်"
ယခုအချိန်တွင် ယဲ့ဖန်သည် ဟွာရှ သိုင်းပညာရှင်များကို သတ်၍ ဟွာရှနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် တိုးတက်အောင် လုပ်ပေးခဲ့သော သူရဲကောင်း ဖြစ်ပေသည်။
သူတို့၏ ပြောဆိုသံများက တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ချက်ချင်းပင် ဖျောင်ထိုက်ရှင်းနှင့် ကျိုဟမ့်ရှန်တို့၏ မျက်နှာများက မည်းမှောင်လာသည်။
"သူရဲကောင်းတဲ့လား"
ကျိုဟမ့်ရှန်၏ မျက်လုံးများက တလက်လက်တောက်လာသည်။
"ကောင်းပြီလေ … ငါက သေသွားတဲ့ သခင်လေးအတွက် အဲ့သူရဲကောင်းရဲ့ ကလန်သားတွေကို သတ်ပေးရတာပေါ့"
ထိုသို့ပြောပြီး ကျိုဟမ်ရှန့်က လက်ဝေ့ယမ်း၍ အချက်ပြလိုက်သည်။ ထို့နောက် ယဲ့ကလန်၏ အင်အားစုများက ယဲ့ဖန့်ချန်၊ ယဲ့ရှုံး၊ ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များကို စည်းဝိုင်းထဲသို့ တွန်းထုတ်လာသည်။
သူတို့အားလုံးသည် ကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး သွေးအလိမ်းလိမ်း ဖြစ်နေသည်။
ယဲ့ကလန်၏ အပြုအမူများက ဟွာရှနိုင်ငံ၏ အဓိကကလန်များအား အလွန် ဒေါသထွက်စေကာ သူတို့အားလုံး ကျိုဟမ့်ရှန်ကို ကျယ်လောင်စွာ ဆဲဆိုကြလေသည်။
သို့သော် ကျိုဟမ့်ရှန်က လှောင်ရယ်၍ ပြောလိုက်သည်။
"တကယ်လို့ ယဲ့ဖန် ဒီနေ့ ဒီကို လာရင် သူ သေကိုသေရမယ် … သူ မလာဘူးဆိုရင် ငါတို့က ကျန်းရှီမြို့က ယဲ့ကလန်ကို သုတ်သင်ပစ်ပြီးတော့ သူ့ကိုလည်း သတ်ပစ်မယ်"
"အဲ့လိုမလုပ်ခင် ငါတို့က ဒီသူ့ကလန်သားတွေရဲ့ သွေးတွေနဲ့ ငါတို့ရဲ့ သေဆုံးသွားတဲ့ သခင်လေးကို ယစ်ပူဇော်မယ်"
ထို့နောက် ကျိုဟမ်ရှန့်က အချက်ပြ၍ အမိန့်ပေးလိုက်သည်။
"သူတို့ကို သတ်လိုက်"
သူ၏ ခက်ထန်သော စကားအဆုံးတွင် ယဲ့ဖန့်ချန်နှင့် အခြား ယဲ့ကလန်သားများ၏ နောက်ရှိ ပါးကွက်သားများက ဓားများကို ဝင့်လိုက်သည်။
ကလပ်ထဲရှိ လေထုသည် အလွန် ထိုင်းမှိုင်းသွားသည်။ သို့သော် ယဲ့ဖန့်ချန်နှင့် အခြား ယဲ့ကလန်သားများက လုံးဝ ကြောက်လန့်နေပုံ မပေါ်ပေ။
"ယဲ့ဖန် … ကောင်းကောင်း အသက်ရှင်ပါ … မင်းက ယဲ့ကလန်က ယောက်ျားတစ်ယောက်ပဲ … မင်းက အဘိုးရဲ့ သေဆုံးမှုအတွက် အဲ့လူညစ်ကောင်တွေ အားလုံးကို သတ်ပစ်ပြီး လက်စားချေပေးမှာပါ"
ယဲ့ဖန့်ချန်က အားမာန်အပြည့်နှင့် ထိုသို့ပြောလိုက်သည်။
ယဲ့လန်ကလည်း မျက်ရည်လည်ရွှဲနှင့် အော်ပြောလာသည်။
"ဖန် … ငါ မှားသွားခဲ့ပါတယ် … ငါ နင့်အပေါ် မောက်မာပြီး ရိုင်းစိုင်းမိခဲ့တယ် .. ဒါပေမယ့် နင်က ငါ့အစ်ကိုကြီးဖြစ်သလို ငါ့ရဲ့ သူရဲကောင်းပါ … နင် အသက် ဆက်ဆက်ရှင်ပေးပြီး ငါတို့ သေဆုံးမှုအတွက် လက်စားချေပေးပါ"
ထိုသို့ပြောပြီး ယဲ့လန်က သူမ မျက်လုံးကို မှိတ်လိုက်သည်။
#ZAWGYI
စာစဥ္ (18) CHAPTER (258) ယဲ့ဖန္!
ယန္က်င့္တိုက္ခိုက္ေရး ကလပ္၌ ကလပ္၏ တံခါးကို ပိတ္လို႔ထားသည္။
တံခါးအတြင္းဘက္၌ ညႇီစို႔စို႔ အနံ႔မ်ား လႈိင္လႈိင္ထေနၿပီး သိုင္းပညာရွင္မ်ားအား ပ်ိဳ႕အန္မတတ္ ျဖစ္သြားေစသည္။
တိုက္ခိုက္ေရးကလပ္တစ္ခုလုံးတြင္း၌ ယန္က်င့္ၿမိဳ႕၏ အဓိက ကလန္မ်ားမွ သိုင္းပညာရွင္မ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။
ပြဲသို႔ လာေရာက္ၾကသူမ်ားအား ေနရာ သုံးပိုင္း ပိုင္း၍ ေနရာခ်ထားသည္။
ပထမေနရာ၌ ကိုရီးယားႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ ေဖ်ာင္ထိုက္ရွင္း၊ သူ၏ လက္ေအာက္ခံ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ေျခာက္ေယာက္ႏွင့္ ဇာပုဝါ တပ္ထားေသာ မိန္းမပ်ိဳေလးတစ္ေယာက္တို႔ ျဖစ္သည္။
ဒုတိယေနရာ၌ က်ိဳကလန္ႏွင့္ အေမွာင္ဂိုဏ္းအဖြဲ႕ဝင္တို႔ ရွိသည္။ က်ိဳကလန္၏ အႀကီးအကဲ ျဖစ္သူ က်ိဳဟမ့္ရွန္က ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ငါးေယာက္၏ ေရွ႕၌ ထိုင္ေနသည္။
သူ႔ေရွ႕မွ ၾကမ္းျပင္တြင္ေတာ့ ယဲ့မုန႔္ထန္ႏွင့္ ယဲ့ကလန္မွ အျခားအင္အားစုမ်ား ထိုင္ေနၾကသည္။
တတိယေနရာ၌ ယန္က်င့္ၿမိဳ႕မွ က်န္ အဓိက ကလန္မ်ား ထိုင္ေနၾကသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ အဓိက ကလန္မ်ား၏ ေခါင္းေဆာင္မ်ားအားလုံး သုန္မႈန္ေနၾကသည္။
႐ႊစ္!
ထိုအသံႏွင့္အတူ ဒ႑ာရီအဆင့္ တစ္ေယာက္၏ ဦးေခါင္းသည္ လက္ဖဝါးတစ္ခ်က္ေၾကာင့္ ျပတ္ထြက္သြားကာ ေလထဲသို႔ ေသြးမ်ား လြင့္စဥ္လာသည္။
သူ႔အေလာင္းက ၾကမ္းျပင္ေပၚသို႔ ပစ္လဲက်သြားသည္။

ေၾကာက္မက္ဖြယ္ေကာင္းေသာ ျမင္ကြင္းေၾကာင့္ တတိယေနရာမွ အဓိကကလန္မ်ား၏ အဓိက သိုင္းပညာရွင္မ်ားၾကား၌ ပြက္ေလာ႐ိုက္လာသည္။
"ေလးေယာက္ေျမာက္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ေသသြားၿပီ … ေခြးမသား"
"ရက္စက္တယ္ … အဲ့ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္က တကယ့္ကို မေကာင္းဆိုးဝါးပဲ .. သူတစ္ေယာက္တည္းနဲ႔ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ေလးေယာက္ကို သတ္လိုက္ၿပီ … မယုံႏိုင္စရာပဲ"
"ေနာက္ ဘယ္သူလာဦးမလဲ … ဟြာရွႏိုင္ငံက ကိုရီးယားကို မယွဥ္ႏိုင္ဘူးလား"
အဓိကကလန္မ်ား၏ တပည့္မ်ားသည္ အလြန္ ထိတ္လန႔္ေနေသာ မ်က္လုံးမ်ားႏွင့္အတူ ျဖဴဖပ္ျဖဴေရာ္ ျဖစ္လာၾကသည္။
ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္၏ တိုက္ပြဲဝင္ခြန္အားက သည္ေလာက္ ေၾကာက္မက္ဖြယ္ေကာင္းလိမ့္မည္ဟု သူတို႔ လုံးဝ မထင္ထားခဲ့မိပါ။
*သူက ပင္ကို တိုက္ခိုက္ေရး နတ္ဘုရားတစ္ပါးပဲ*
"ေနာက္တစ္ေယာက္ … ဒီကို လာၿပီး အေသခံလိုက္"
ထိုစဥ္ စည္းဝိုင္းထဲမွ ႀကဳံးဝါးသံတစ္သံ ထြက္ေပၚလာသည္။ တြန႔္လိမ္ေနေသာ ႏႈတ္ခမ္းေမႊးမ်ား၊ ဖုေဖာင္းထေနေသာ ႂကြက္သားမ်ားႏွင့္ ထိုကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္သည္ သားရဲ႐ိုင္းတစ္ေကာင္ကဲ့သို႔ ရက္စက္လွေပသည္။
အဓိကကလန္မ်ားမွ သိုင္းပညာရွင္မ်ားအား စိုက္ၾကည့္ၿပီး သူက မသတီစရာ အၿပဳံးမ်ိဳး ၿပဳံး၍ ထပ္ေျပာလာသည္။
"ဟားဟား … တီေကာင္လိုေကာင္ေတြ … ငါ မင္းတို႔အားလုံးကို သတ္ပစ္ၿပီးေတာ့ ဟြာရွ အင္အားစုတိုင္းကို ရွင္းလင္းပစ္မယ္"
*ေသစမ္း*
သူ၏ ေမာက္မာေသာ စကားေၾကာင့္ အဓိကကလန္မ်ားမွ တပည့္မ်ားအားလုံး မ်က္ႏွာ တင္းမာသြားၾကသည္။
ဟြာရွႏိုင္ငံ၏ အဓိက ၿမိဳ႕ေတာ္က ဤကဲ့သို႔ ကိုရီးယားလူမ်ိဳးတစ္ေယာက္၏ မသတီစရာ အျပဳအမူကို ဘယ္လိုလုပ္ သည္းခံႏိုင္ပါမည္နည္း။
အဓိကကလန္တစ္ခု၏ ေခါင္းေဆာင္တစ္ေယာက္က က်ိဳဟမ့္ရွန႔္အား စိုက္ၾကည့္ကာ ေမးလိုက္သည္။
"အႀကီးအကဲက်ိဳ … က်ိဳကလန္က ယန္က်င့္ၿမိဳ႕ရဲ႕ နံပါတ္တစ္ ကလန္တစ္ခုေလ … ခင္ဗ်ားက ဘယ္လိုလုပ္ ဒီေနရာမွာ ဒီလို ႐ိုင္းပ်တဲ့ အျပဳအမူကို သည္းခံႏိုင္ရတာလဲ"
အျခား အဓိကကလန္ေခါင္းေဆာင္မ်ားက က်ိဳဟမ့္ရွန္အား ေဒါသတႀကီး ဝိုင္းၾကည့္လာၾကသည္။ အျခား ဟြာရွႏိုင္ငံသားမ်ားက ႏိုင္ငံအတြက္ ရန္သူအား အသက္ပင္ စြန႔္၍ တိုက္ခိုက္ေနစဥ္တြင္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ ကလန္ျဖစ္သည့္ က်ိဳကလန္သည္ ေဘးတြင္ ထိုင္ကာ ေပ်ာ္စရာကဲ့သို႔ ထိုင္ၾကည့္ေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့ေပ။
သူတို႔၏ ေဒါသတႀကီး ျပစ္တင္ ရႈံ႕ခ်သံကို ၾကားေသာအခါ က်ိဳဟမ့္ရွန္က မ်က္လုံးကို အသာဖြင့္၍ ခပ္တည္တည္ျဖင့္ ေျပာလိုက္သည္။
"ဒီစိန္ေခၚပြဲက က်ိဳကလန္နဲ႔ ဘာမွ မသက္ဆိုင္ဘူး"
*ဘာ*
သူ႔စကားေၾကာင့္ ဟြာရွ အဓိက ကလန္မ်ား၏ သိုင္းပညာရွင္မ်ားက ေဒါသမီးမ်ား ဟုန္းဟုန္းေတာက္လာသည္။
က်ိဳဟမ့္ရွန္က သည္ေလာက္ တစ္ကိုယ္ေကာင္းဆန္လိမ့္မည္ဟု မထင္ထားခဲ့သျဖင့္ သူတို႔အားလုံးသည္ ေဒါသစိတ္ေၾကာင့္ နီျမန္းလာၾကသည္။
"ဟားဟား … ဟြာရွသားတစ္ေယာက္ကေတာ့ နဂါးတစ္ေကာင္ ပါလားေဟ့ … က်န္တဲ့သူေတြ အားလုံးက တီေကာင္ေတြပဲ … ဒါ လုံးဝ မွန္တယ္"
ထိုအခ်ိန္တြင္ ေမာက္မာေသာ ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္က ေနာက္တစ္ႀကိမ္ ဟားတိုက္ရယ္ေမာလာသည္။
ထို႔ေနာက္ သူက ဟြာရွႏိုင္ငံ၏ အဓိက ကလန္မ်ားကို ၾကည့္ၿပီး အလြန္ အထင္ေသးေသာ အၾကည့္မ်ားျဖင့္ ေမးခြန္းထုတ္လာသည္။
"ဘာလဲ … မင္းတို႔ ငါ့ကို ေၾကာက္ေနတာလား … ဟြာရွသား ငေၾကာက္ေတြ … မင္းတို႔ ငါ့ကို အတူ လာတိုက္ရင္ေကာ ဘယ္လိုလဲ … ငါ မင္းတို႔အားလုံးကို သတ္လို႔ရတာေပါ့ကြာ … ဟားဟား"
ထင္တိုင္းႀကဲလွပါဘိ။
ေမာက္မာလြန္းလွ၏။
ကိုရီးယားလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္၏ စကားေၾကာင့္ က်ိဳဟမ္ရွန႔္ႏွင့္ သူ႔ေနာက္လိုက္မ်ားမွ လြဲ၍ ဟြာရွႏိုင္ငံသားမ်ား ခ်က္ခ်င္းဆိုသလို အလြန္ ေဒါသထြက္သြားၾကသည္။
ရွက္စရာေကာင္းလွသည္။
ကိုရီးယားလူမ်ိဳးတစ္ေယာက္က ဟြာရွႏိုင္ငံ၏ အဓိက ၿမိဳ႕ေတာ္၌ ေမာက္မာစြာ ျပဳမူေနသည္။ ဟြာရွႏိုင္ငံအတြက္ မည္မွ် ရွက္စရာ ေကာင္းလိုက္သနည္း။
ဟြာရွလူမ်ိဳး ဒ႑ာရီအဆင့္ သိုင္းပညာရွင္အဖြဲ႕တစ္ဖြဲ႕က တိုက္ခိုက္ရန္ ျပင္ေနစဥ္တြင္ ႐ုတ္တရက္ သူတို႔ ေျခသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။
ေဖ်ာင္ထိုက္ရွင္းက ကိုရီးယားလူမ်ိဳး နားေနရာေနရာမွ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ထြက္လာသည္။
"ဆရာ"
ေမာက္မာေသာ ကိုရီးယားလူမ်ိဳးက ေဖ်ာင္ထိုက္ရွင္းအား တေလးတစားႏွင့္ ဂါရဝျပဳလာသည္။
"ဟမ့္ … ငါတို႔ နားေနရာေနရာကို အရင္ ျပန္သြားေတာ့"
ေဖ်ာင္ထိုက္ရွင္းက ထိုလူအား လက္ေဝ့ယမ္း၍ ေျပာလိုက္သည္။ ထိုအခါ ထို႐ိုင္းစိုင္းေသာသူက ခ်က္ခ်င္း စည္းဝိုင္းထဲမွ ထြက္သြားသည္။
ထိုအခါတြင္မွ ေဖ်ာင္ထိုက္ရွင္းက ဟြာရွႏိုင္ငံ၏ အဓိက ကလန္မ်ား ရွိရာကို ၾကည့္၍ ေျပာလိုက္သည္။
"ဟြာရွႏိုင္ငံက ေရာင္းရင္းတို႔ … က်ဳပ္က ေဖ်ာင္ထိုက္ရွင္းပဲ"
ေဖ်ာင္ထိုက္ရွင္းသည္ အရပ္ရွည္သည္။ အိုမင္းေနေသာ မ်က္ႏွာမ်ိဳး ရွိေသာ္လည္း သူသည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ဖိႏွိပ္ႏိုင္သည့္ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည္။
သူ မ်က္ေတာင္တစ္ခ်က္ခတ္လိုက္တိုင္း သူ႔မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာသည္။ အခန္းထဲမွ မည္သူမွ် သူ႔အား ေစ့ေစ့မၾကည့္ရဲၾကပါ။
စင္ေပၚသို႔ တက္လာၿပီးေနာက္ ေဖ်ာင္ထိုက္ရွင္းက အျခားသူမ်ားအားလုံးကို ဦးၫႊတ္၍ ဂါရဝျပဳလိုက္ၿပီး ဆက္ေျပာလိုက္သည္။
"မိတ္ေဆြတို႔ … ကိုရီးယားသိုင္းပညာရွင္နဲ႔ ဟြာရွသိုင္းပညာရွင္တို႔ ၾကားမွာ ဘာရန္ညႇိဳးမွ မရွိပါဘူး … ဒါေပမယ့္ ယဲ့ဖန္က က်ဳပ္သားနဲ႔ ေျမးကို သတ္ခဲ့တယ္ … သူတို႔ ေသဆုံးမႈအတြက္ က်ဳပ္ လက္စားေခ်မွ ျဖစ္မယ္ … ဒီလိုမွမဟုတ္ရင္က က်ဳပ္က လူျဖစ္ဖို႔ မထိုက္တန္ေတာ့ဘူး"
ေဖ်ာင္ထိုက္ရွင္းရဲ႕ မ်က္လုံးမ်ားမွ သန္မာၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊင့္ေနရင္း သူက ဆက္ေျပာလာသည္။
"ဒါေၾကာင့္ မင္းတို႔ရဲ႕ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ေတြရဲ႕ ေသဆုံးမႈနဲ႔ ဟြာရွႏိုင္ငံရဲ႕ သိုင္းပညာေလာက က်ဆုံးသြားတာအတြက္ မင္းတို႔ ယဲ့ဖန္ကိုသာ အျပစ္တင္သင့္တယ္"

ေဖ်ာင္ထိုက္ရွင္း၏ စကားအဆုံးတြင္ ဟြာရွႏိုင္ငံ၏ အဓိကကလန္မ်ား၏ သိုင္းပညာရွင္မ်ားၾကား၌ ပြက္ေလာ႐ိုက္သြားသည္။
ဟြာရွသားမ်ားအားလုံး အလြန္အမင္း ေဒါသထြက္သြားၾကသည္။
"အ႐ူးေကာင္ … အဲ့ဒါ မင္းရဲ႕သား ေဖ်ာင္က်င္းေတ်ာင္က အရမ္း ရက္စက္လြန္းလို႔ကြ … သူက ရွန႔္က်န္းၿမိဳ႕က သိုင္းပညာရွင္အားလုံးကို သတ္ခ်င္ခဲ့တာ … အဲ့ဒါေၾကာင့္ ယဲ့ဖန္က သူ႔ကို သတ္ခဲ့တာ"
"အမွန္ပဲ … မင္းက ဟြာရွႏိုင္ငံသားေတြကို အရင္သတ္ခဲ့တာ … မင္းက ငါတို႔ကို ယဲ့ဖန္ကို အျပစ္တင္ဖို႔ ဘယ္လိုလုပ္ ေျပာႏိုင္ရတာလဲ … မင္းက ေတာ္ေတာ္ အရွက္မရွိတာပဲ"
"ယဲ့ဖန္က ဟြာရွႏိုင္ငံရဲ႕ သူရဲေကာင္းပဲ … ေဖ်ာင္က်င္းေတ်ာင္ ေသသင့္တယ္ … ေဖ်ာင္က်ိဳးယိုလည္း ေသသင့္တယ္"
ထိုအခ်ိန္တြင္ ရဲရင့္၍ ေျဖာင့္မတ္ေသာ ဟြာရွလူမ်ိဳး အားလုံးနီးပါးက ယဲ့ဖန္ဘက္၌ ရပ္တည္ကာ လက္သီးလက္ေမာင္းတန္း၍ က်ယ္ေလာင္စြာ ေျပာဆိုၾကသည္။
"ယဲ့ဖန္"
"ယဲ့ဖန္"
"ယဲ့ဖန္"
"ယဲ့ဖန္"
ယခုအခ်ိန္တြင္ ယဲ့ဖန္သည္ ဟြာရွ သိုင္းပညာရွင္မ်ားကို သတ္၍ ဟြာရွႏိုင္ငံ၏ ဂုဏ္သိကၡာကို ျပန္လည္ တိုးတက္ေအာင္ လုပ္ေပးခဲ့ေသာ သူရဲေကာင္း ျဖစ္ေပသည္။
သူတို႔၏ ေျပာဆိုသံမ်ားက တိုက္ခိုက္ေရး ကလပ္တစ္ခုလုံးကို ထိတ္လန႔္သြားေစသည္။ ခ်က္ခ်င္းပင္ ေဖ်ာင္ထိုက္ရွင္းႏွင့္ က်ိဳဟမ့္ရွန္တို႔၏ မ်က္ႏွာမ်ားက မည္းေမွာင္လာသည္။
"သူရဲေကာင္းတဲ့လား"
က်ိဳဟမ့္ရွန္၏ မ်က္လုံးမ်ားက တလက္လက္ေတာက္လာသည္။
"ေကာင္းၿပီေလ … ငါက ေသသြားတဲ့ သခင္ေလးအတြက္ အဲ့သူရဲေကာင္းရဲ႕ ကလန္သားေတြကို သတ္ေပးရတာေပါ့"
ထိုသို႔ေျပာၿပီး က်ိဳဟမ္ရွန႔္က လက္ေဝ့ယမ္း၍ အခ်က္ျပလိုက္သည္။ ထို႔ေနာက္ ယဲ့ကလန္၏ အင္အားစုမ်ားက ယဲ့ဖန႔္ခ်န္၊ ယဲ့ရႈံး၊ ယဲ့ရီယြင္ႏွင့္ အျခား ယဲ့ကလန္ မ်ိဳးဆက္ လူငယ္မ်ားကို စည္းဝိုင္းထဲသို႔ တြန္းထုတ္လာသည္။
သူတို႔အားလုံးသည္ ႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ခံထားရၿပီး ေသြးအလိမ္းလိမ္း ျဖစ္ေနသည္။
ယဲ့ကလန္၏ အျပဳအမူမ်ားက ဟြာရွႏိုင္ငံ၏ အဓိကကလန္မ်ားအား အလြန္ ေဒါသထြက္ေစကာ သူတို႔အားလုံး က်ိဳဟမ့္ရွန္ကို က်ယ္ေလာင္စြာ ဆဲဆိုၾကေလသည္။
သို႔ေသာ္ က်ိဳဟမ့္ရွန္က ေလွာင္ရယ္၍ ေျပာလိုက္သည္။
"တကယ္လို႔ ယဲ့ဖန္ ဒီေန႔ ဒီကို လာရင္ သူ ေသကိုေသရမယ္ … သူ မလာဘူးဆိုရင္ ငါတို႔က က်န္းရွီၿမိဳ႕က ယဲ့ကလန္ကို သုတ္သင္ပစ္ၿပီးေတာ့ သူ႔ကိုလည္း သတ္ပစ္မယ္"
"အဲ့လိုမလုပ္ခင္ ငါတို႔က ဒီသူ႔ကလန္သားေတြရဲ႕ ေသြးေတြနဲ႔ ငါတို႔ရဲ႕ ေသဆုံးသြားတဲ့ သခင္ေလးကို ယစ္ပူေဇာ္မယ္"
ထို႔ေနာက္ က်ိဳဟမ္ရွန႔္က အခ်က္ျပ၍ အမိန႔္ေပးလိုက္သည္။
"သူတို႔ကို သတ္လိုက္"
သူ၏ ခက္ထန္ေသာ စကားအဆုံးတြင္ ယဲ့ဖန႔္ခ်န္ႏွင့္ အျခား ယဲ့ကလန္သားမ်ား၏ ေနာက္ရွိ ပါးကြက္သားမ်ားက ဓားမ်ားကို ဝင့္လိုက္သည္။
ကလပ္ထဲရွိ ေလထုသည္ အလြန္ ထိုင္းမႈိင္းသြားသည္။ သို႔ေသာ္ ယဲ့ဖန႔္ခ်န္ႏွင့္ အျခား ယဲ့ကလန္သားမ်ားက လုံးဝ ေၾကာက္လန႔္ေနပုံ မေပၚေပ။
"ယဲ့ဖန္ … ေကာင္းေကာင္း အသက္ရွင္ပါ … မင္းက ယဲ့ကလန္က ေယာက္်ားတစ္ေယာက္ပဲ … မင္းက အဘိုးရဲ႕ ေသဆုံးမႈအတြက္ အဲ့လူညစ္ေကာင္ေတြ အားလုံးကို သတ္ပစ္ၿပီး လက္စားေခ်ေပးမွာပါ"
ယဲ့ဖန႔္ခ်န္က အားမာန္အျပည့္ႏွင့္ ထိုသို႔ေျပာလိုက္သည္။
ယဲ့လန္ကလည္း မ်က္ရည္လည္႐ႊဲႏွင့္ ေအာ္ေျပာလာသည္။
"ဖန္ … ငါ မွားသြားခဲ့ပါတယ္ … ငါ နင့္အေပၚ ေမာက္မာၿပီး ႐ိုင္းစိုင္းမိခဲ့တယ္ .. ဒါေပမယ့္ နင္က ငါ့အစ္ကိုႀကီးျဖစ္သလို ငါ့ရဲ႕ သူရဲေကာင္းပါ … နင္ အသက္ ဆက္ဆက္ရွင္ေပးၿပီး ငါတို႔ ေသဆုံးမႈအတြက္ လက္စားေခ်ေပးပါ"
ထိုသို႔ေျပာၿပီး ယဲ့လန္က သူမ မ်က္လုံးကို မွိတ္လိုက္သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now