Chapter 346

1K 119 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (346) မကောင်းဆိုးဝါးများ

*မင်း အမုန်းဆုံးရန်သူကို အရက်စက်ဆုံး နည်းလမ်းနဲ့သတ်ရမယ်*
ယဲ့ဖန်၏ စကားကိုကြားပြီး ထိပ်ပြောင်အားဆန်သည် စိတ်လှုပ်ရှားလာပြီး အားရပါးရ ခေါင်းညိတ်ပြ လေသည်။
ထို့နောက် သူသည် ယဲ့ဖန် ပေးလိုက်သော ဆေးလုံးကို ယူ၍ မျိုချလိုက်သည်။
ဆေးလုံးက အစာအိမ်ထဲ ရောက်သွားသည်နှင့် ထိပ်ပြောင်အားဆန်သည် ပူနွေးမှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။
ဤသည်ကား ခွန်အားတိုးလာခြင်း ဖြစ်သည်။ ထို့အတူ ပြင်းထန်သော နတ်ဘုရားအဆင့် ခွန်အားတစ်မျိုးက သူ့ကိုယ်ထဲ၌ ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားများနှင့် အရိုးများသည် နဂါးများကဲ့သို့ ကျစ်လျစ်လာသည်။
ထိုသို့ရှိနေစဉ်တွင် ထိပ်ပြောင်အားဆန်သည် သူ့ကိုယ်သူ အဆုံးမရှိသော နတ်ဘုရားအဆင့် ခွန်အားကို ပိုင်ဆိုင်လာသည်ဟု ခံစားနေရသည်။
ထို့အပြင် ထိုပြင်းထန်သည့် နတ်ဘုရားအဆင့် ခွန်အားသည် သူ၏ နဖူးအလယ်တည့်တည့်သို့ လျင်မြန်စွာ ရွေ့လျားနေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရားအဆင့် အမြုတေ တစ်ဝက်ခန့် ဖြစ်တည်လာပြီး ထိုသင်္ကေတသည် အားဆန်က နတ်ဘုရားတစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။
ဤမြင်ကွင်းကြောင့် မြေကွက်လပ်ရှိ ယဲ့ဖန်၏ နောက်လိုက်များအားလုံး တက်ကြွလာပြီး လက်သီးလက်မောင်းတန်း၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။
“အားဆန်”
“အားဆန်”
“အားဆန်”
လက်ရှိအချိန်တွင် အားဆန်သည် ကျန်းရှီမြို့ရှိ လူတိုင်း၏ ကိုယ်စားပြုသူလို ဖြစ်နေ၏။ သူသည် နတ်ဘုရား တစ်ပိုင်းအဆင့်နှင့် အလယ်အလတ် နတ်ဘုရားအဆင့်မှလူအား တိုက်ခိုက်တော့မည် ဖြစ်သည်။
ကျန်းရှီသိုင်းပညာရှင်များသည် ရှေးဟောင်းကလန် သုံးခုနှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။
ယခုအချိန်တွင် အားဆန်၏ မျက်လုံးများသည် တောက်ပလျက်ရှိပြီး သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီ ဖြစ်သည်။
ထို့နောက် သူသည် ရှေ့သို့ တိုးလာပြီး ဟွမ်ဖူလင်းအား ကြမ်းကြုတ်သော အကြည့်များဖြင့် လှမ်းကြည့်ကာ ကြုံးဝါးလိုက်သည်။
“ပုရွက်ဆိတ်လိုကောင် မင်း သေဖို့ အဆင်သင့်ပဲလား”
*ဘာ*
ဟွမ်ဖူလင်း နားရှိလို့သာ ကြားရသော်လည်း မယုံနိုင်သလို ဖြစ်သွားရသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်က အလယ်အလတ် နတ်ဘုရားအဆင့်အား စိန်ခေါ်နေသည်တဲ့လား။
သူ ကိုယ့်သေတွင်းကိုယ်တူးနေတာပါလား။
“ကဲကဲ …. အသုံးမကျလိုက်တဲ့ အမှိုက်”
သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်ရင်း ဟွမ်ဖူလင်းသည် ရက်စက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“မင်းရဲ့ သခင်က မင်းကို သေစေချင်နေမှတော့ စကြတာပေါ့။ ငါက မင်းအိပ်မက်တွေ အမှန်ဖြစ်လာအောင် လုပ်ပေးမယ်”
ထိုသို့ပြောပြီး ဟွမ်ဖူလင်းသည် ရှေ့သို့ပြေးတက်လာပြီး ဟွမ်ဖူ နတ်ဘုရား လက်သီးကို ထုတ်ဖော်၍ ထိပ်ပြောင်အားဆန်အား အရူးအမူး ထိုးနှက်လာသည်။
“သေလိုက်…သေစမ်း…သေလိုက်တော့”
ဟွမ်ဖူလင်းက မုန်းတီးနေသော မျက်လုံးများနှင့် ကြုံးဝါးရင်း အားဆန်၏ သွေးနှင့် ယဲ့ဖန်အား အရှက်ရအောင် လုပ်ချင်နေသည်။
ယဲ့ဖန် မှိုချိုးမျှစ်ချိုး ပြောခဲ့သမျှ၊ ပြုမူခဲ့သမျှကို အားဆန်၏ အသက်နှင့် ပေးဆပ်စေချင်နေသည်။
ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဟွမ်ဖူလင်းသည် သူ၏ တိုက်ပွဲဝင် ခွန်အားအကုန်လုံးကို ထုတ်ဖော်လုနီးပါး ဖြစ်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိပ်ပြောင်အားဆန် နောက်ဆုတ်ရန် ဖိအားပေးခံနေရသည်။ သို့သော် သူ့မျက်လုံးများက ပို၍ တောက်ပလာသည်။
ထို့နောက် နောက်ထပ် ပြင်းထန်သော ထိုးနှက်မှုတစ်ခုနှင့်အတူ ထိပ်ပြောင်အားဆန်သည် နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်ရပြီး ပြုံးနေသော နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူက ရယ်မောနေ၏။
“ဟားဟား … နတ်ဘုရားအဆင့်တဲ့ကွာ။ မင်း တတ်နိုင်တာ ဒါ အကုန်ပဲလား”
*ဘာ*
ထိပ်ပြောင်အားဆန်၏ ရဲတင်းလွန်းသော စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။
ထို့နောက် သူ ကြည့်နေစဉ်မှာပင် ထိပ်ပြောင်အားဆန်က မြေကြီးကို ဆောင့်နင်း၍ သူ့ထံသို့ အရှိန်မြှင့်၍ လာနေသည်။
လျင်မြန် ဖျတ်လတ်လှသည့် တိုက်ခိုက်မှုပါတကား။
ထို့အတူ အားဆန်သည် ရူးသွပ်မတတ် မျက်လုံးများနှင့် အော်ပြောလာသည်။
“မင်းက ငါ့သခင်ကြီးရဲ့ ရုပ်ထုကို ဖျက်ဆီးခဲ့မှတော့ ငါကလည်း တုံ့ပြန်တဲ့အနေနဲ့ မင်းလက်မောင်းကို ဖျက်ဆီးပစ်မယ်ကွ”
တစ်ချိန်တည်းမှာပင် အားဆန်က ဟွမ်ဖူလင်း၏ တစ်ဘက်တည်း ကျန်ရစ်ခဲ့သော လက်မောင်းအား အားနှင့် ဆုပ်ကိုင်လိုက်သည်။
“မင်း သေချင်နေတာပဲ”
ဟွမ်ဖူလင်းသည် ဒေါသထွက်လွန်း၍ စိတ်လွတ်မတတ် ဖြစ်ကာ အားဆန်၏ ရင်ညွန့်ရိုးအား သူ၏ ဟွမ်ဖူနတ်ဘုရားလက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း!
ဖိနှိပ်နိုင်သော အရှိန်အဟုန်နှင့်အတူ သူသည် သူ၏ လက်သီးချက်ဖြင့် အားဆန်၏ ရင်ညွန့်ရိုးအား ကျိုးကြေသွားအောင် လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
အံ့ဩဖွယ်ကောင်းသည်က ထိပ်ပြောင် အားဆန်သည် ထိုတိုက်ခိုက်မှုအား ရှောင်တောင်မရှောင်ပေ။ ထိုသို့လုပ်မည့်အစား သူသည် ရပ်မြဲရပ်နေ၍ ထိုလက်သီးချက်အား ခုခံနေသည်။
ဒုန်း!
ဂျွတ်!
ချက်ချင်းဆိုသလိုပင် ထိပ်ပြောင်အားဆန်၏ ရင်ညွန့်ရိုး နစ်ဝင်သွားသည်။ ထို့အတူ သူသည် စူးရှလှသော နာကျင်မှုကြောင့် တုန်ယင်သွားသည်။
သို့သော် သူ့မျက်လုံးများက ပို၍ တောက်ပလာပြီး ရုတ်တရက် ဟွမ်ဖူလင်း၏ လက်သီးအား သူ့လက်များဖြင့် ဖမ်းကိုင်လိုက်သည်။
“မလုပ်နဲ့”
ထိပ်ပြောင်အားဆန်က သူ့အသက်ကို စွန့်စား၍ တိုက်ခိုက်လာသူ၏ လက်သီးအား ဖမ်းဆုပ်လိမ့်မည်ဟု ဟွမ်ဖူလင်း လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သို့သော် ထိပ်ပြောင် အားဆန်၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းရန် သူ အချိန်မရတော့ပေ။
“ဖယ်စမ်း”
ထိပ်ပြောင်အားဆန်၏ မျက်လုံးထဲ၌ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူ၏ ခွန်အားကို တိုးမြှင့်လိုက်သည်။
တစ်ခုခု ကျိုးပဲ့သွားသံ နှင့်အတူ ဟွမ်ဖူလင်း၏ ကျန်ရှိနေသော လက်မောင်းတစ်ဘက် ပြုတ်ထွက်သွားသည်။
“အား…အား…အား”
ဟွမ်ဖူလင်း အလွန်အမင်း တုန်လှုပ်၍ မယုံသင်္ကာဟန်များနှင့်အတူ နာကျင်စွာ အော်ဟစ်မိသည်။
*ဒဏ်ရာအတွက်ဒဏ်ရာတစ်ခု*
*အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း*
*သူ…သူက အရူးပဲ*
ဟွမ်ဖူလင်း သေမတတ် ကြောက်ရွံ့လာသည်။ သို့သော် သူ့လက်မောင်းများ ပြတ်သွားသော်လည်း သူ၏ တကယ့် အိပ်မက်ဆိုးကား မရောက်လာသေးပေ။
“မင်းက နတ်ဆိုးတွေရဲ့ အိမ်ဖြစ်တဲ့ ကျန်းရှီမြို့ကို သိမ်းပိုက်ချင်နေမှ‌တော့ ငါကလည်း မင်းရဲ့ လက်ပြင်ရိုးကို ဖြုတ်ရတာပေါ့”
ထိုသို့သော အားဆန်၏ စကားအဆုံး၌ ကျိုးပဲ့သံတစ်ခု ထပ်မံ၍ ထွက်ပေါ်လာသည်။ ထို့အပြင် အခြားသူများ၏ မျက်စိရှေ့၌ ထိပ်ပြောင်အားဆန်က သူ့လက်ဖဝါးအား ဟွမ်ဖူလင်း၏ ပခုံးထဲသို့ ထိုးစိုက်လိုက်သည်။
ဟွမ်ဖူလင်း၏ ပခုံးမှ သွေးများ ပန်းထွက်လာပြီးနောက် အားဆန်က လက်ပြင်ရိုးအား ဆွဲထုတ်လိုက်သဖြင့် ဟွမ်ဖူလင်း ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။
ထို့နောက် ဟွမ်ဖူလင်းသည် အလွန်ဖြူရော်နေသော မျက်နှာနှင့် နောက်သို့ ဆုတ်လိုက်သည်။
လက်မောင်းများ ဆုံးရှုံးလိုက်ရပြီး လက်ပြင်ရိုးတစ်ချောင်းပါ ဆုံးရှုံးလိုက်ရသဖြင့် သူ အိပ်မက်ဆိုး မက်နေသည်ဟုတောင် ခံစားလိုက်မိသည်။
သို့သော် လွတ်လမ်းဟူသည်ကား မရှိပေ။
“မင်းက ငါ့ကျန်းရှီ ညီအစ်ကိုတွေနဲ့ ညအဖွဲ့ရဲ့ နတ်ဆိုးတွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတော့ ငါ မင်းနံရိုးတွေကို ဆွဲထုတ်ပစ်မယ်”
ထိပ်ပြောင်အားဆန်သည် ရက်စက်သော အကြည့်များဖြင့် ဆက်ပြောလာသည်။ ထို့နောက် အားဆန်သည် ဟွမ်ဖူလင်းထံသို့ ပြေးဝင်လာပြီး သန်ကောင်တစ်ကောင်က လူတစ်ယောက်၏ အရိုးအား ကပ်တွယ်သကဲ့သို့ သူ၏ ချွန်ထက်လှသော လက်ဖဝါအား ဟွမ်ဖူလင်း၏ နံရိုးထဲသို့ အားနှင့် ထိုးစိုက်လိုက်သည်။
ထို့နောက်တွင်မူ သွေးသံတရဲရဲနှင့် နံရိုးအချို့ကို ဆွဲထုတ်လိုက်သည်။
ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလိုက်လေခြင်း။
သွေးပျက်ဖွယ်ကောင်းလှ၏။
အနီးအနားမှ ကမ္ဘာမြေ အဖွဲ့အစည်းချုပ်မှ သံတမန် ချာလီသည် ထိတ်လန့်ကြောက်ရွံ့လွန်း၍ ဘောင်းဘီတောင် စိုရွှဲနေပြီ ဖြစ်သည်။
ယဲ့ဖန်၏အစေခံက ဤမျှအချိန်တိုလေးအတွင်း၌ အဆင့်နှစ်ဆင့်ကျော်၍ နတ်ဘုရားအဆင့် တစ်ယောက်၏ နံရိုးများအား လက်ချည်းသက်သက်ဖြင့် ဆွဲထုတ်နိုင်သည်ကို သူ မယုံကြည်နိုင်ပါ။
သူ၏ ရူးသွပ်မှုနှင့် ရက်စက်မှုတို့က ယဲ့ဖန်၏ အကျင့်ကို ရောင်ပြန်ဟပ်နေသလိုပင်။
“အိုး…ဝိုး… ဘာလဲဟ …. သူတို့က မကောင်းဆိုးဝါးတွေပဲ”
ချာလီ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာရသည်။ သူ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဟွမ်ဖူလင်း အသည်းအသန် အော်ဟစ်နေရသည်။
ထို့အပြင် ဟွမ်ဖူလင်း၏ အရိုးများက သူ့ကိုယ်ထဲမှ တစ်ချောင်းပြီးတစ်ချောင်း ဆွဲဖြုတ်ခံနေရ၏။ မြေကြီးပေါ်၌ သွေးများ ဖုံးလွှမ်းနေပြီး ဟွမ်ဖူလင်းသည် သွေးအိုင်ထဲ၌ လဲကျလို့နေသည်။
ဒိန်း!
သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် ချာလီတစ်ယောက် ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်နေသည်။
*မကောင်းဆိုးဝါးတွေ*
သူ့စိတ်ထဲတွင် ယဲ့ဖန်၊ ထိပ်ပြောင် အားဆန်နှင့် ကျန်းရှီမြို့မှ အခြား သိုင်းပညာရှင်များအားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်သည်။
သူတို့သည် သွေးဆာ၍ ရက်စက်ကာ လူမဆန်ကြပေ။
ထိုသို့သော အချိန်တွင် ချာလီ အလွန်နောင်တရလာသည်။ မြေကြီးပေါ်မှ ဟွမ်ဖူလင်း၏ မျက်လုံးများသည်လည်း ဗလာဖြစ်လို့နေ၏။
သူ ရှုံးသွားပြီ။ ဤတိုက်ပွဲသည် မရှုမလှ ရှုံးနိမ့်သွားမှုကြီး ဖြစ်၏။
သူသည် နောင်တရ၊ စိုးရိမ်နေသလို ထိတ်လန့်၍ အငြိုးထား လာသည်။ကျန်းရှီမြို့မှ ပုရွက်ဆိတ်လိုကောင်၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု ထင်မထားခဲ့မိပါ။
တောက်! တောက်!
နတ်ဘုရားအဆင့်၏ သွေးများက အားဆန်၏ လက်ချောင်းများကြားမှ စီးကျလာပြီး သူသည် ပို၍ တက်ကြွလာဟန်ဖြင့် အော်ဟစ်လိုက်သည်။
“ငါ လုပ်နိုင်ပြီ။ ငါ နတ်ဘုရားအဆင့် တစ်ယောက်ကို သတ်လိုက်နိုင်ပြီ”
ထိပ်ပြောင်အားဆန် စိတ်လှုပ်ရှားလွန်း၍ ကတုန်ကယင်ဖြစ်နေသည်။ နတ်ဘုရားအဆင့် တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု သူ စိတ်မကူးခဲ့ဖူးပေ။
သူတို့ ခွန်အားများအားလုံးသည် ထိုလူ၏ ချီးမြှင့်မှုကြောင့်သာ ဖြစ်သည်။ ထိုအချက်ကို တွေးလိုက်မိသည်နှင့် ထိပ်ပြောင်အားဆန်သည် ပျော်ရွှင်နေသော အမူအရာဖြင့် ယဲ့ဖန်ထံသို့ လျှောက်လာသည်။
ဒုန်းခနဲ အသံနှင့်အတူ သူသည် ဒူးတစ်ဘက်ထောက်၍ ရင်ဘက်ပေါ် လက်တင်လိုက်ပြီး ပြောလိုက်သည်။
“သခင်ကြီး ကျွန်တော် သခင်ကြီး မျှော်လင့်ထားသလို လုပ်နိုင်ခဲ့ပါပြီ”
ထို့အတူ မြေကွက်လပ်တစ်ဝိုက်ရှိ ထောင်သောင်းနှင့်ချီသော သိုင်းပညာရှင်များက သံပြိုင် ကြွေးကြော်လာကြသည်။
“ဟွာရှ အရှင်သခင်”
#Zawgyi
စာစဥ္ (24) CHAPTER (346) မေကာင္းဆိုးဝါးမ်ား
*မင္း အမုန္းဆုံးရန္သူကို အရက္စက္ဆုံး နည္းလမ္းနဲ႔သတ္ရမယ္*
ယဲ့ဖန္၏ စကားကိုၾကားၿပီး ထိပ္ေျပာင္အားဆန္သည္ စိတ္လႈပ္ရွားလာၿပီး အားရပါးရ ေခါင္းညိတ္ျပ ေလသည္။
ထို႔ေနာက္ သူသည္ ယဲ့ဖန္ ေပးလိုက္ေသာ ေဆးလုံးကို ယူ၍ မ်ိဳခ်လိုက္သည္။
ေဆးလုံးက အစာအိမ္ထဲ ေရာက္သြားသည္ႏွင့္ ထိပ္ေျပာင္အားဆန္သည္ ပူေႏြးမႈတစ္ခုက သူ႔ခႏၶာကိုယ္တစ္ခုလုံးသို႔ ပ်ံ႕ႏွံ႔သြားသလို ခံစားလိုက္ရသည္။
ဤသည္ကား ခြန္အားတိုးလာျခင္း ျဖစ္သည္။ ထို႔အတူ ျပင္းထန္ေသာ နတ္ဘုရားအဆင့္ ခြန္အားတစ္မ်ိဳးက သူ႔ကိုယ္ထဲ၌ ျဖစ္ေပၚလာၿပီး သူ႔ခႏၶာကိုယ္အႏွံ႔ရွိ ႂကြက္သားမ်ားႏွင့္ အ႐ိုးမ်ားသည္ နဂါးမ်ားကဲ့သို႔ က်စ္လ်စ္လာသည္။
ထိုသို႔ရွိေနစဥ္တြင္ ထိပ္ေျပာင္အားဆန္သည္ သူ႔ကိုယ္သူ အဆုံးမရွိေသာ နတ္ဘုရားအဆင့္ ခြန္အားကို ပိုင္ဆိုင္လာသည္ဟု ခံစားေနရသည္။
ထို႔အျပင္ ထိုျပင္းထန္သည့္ နတ္ဘုရားအဆင့္ ခြန္အားသည္ သူ၏ နဖူးအလယ္တည့္တည့္သို႔ လ်င္ျမန္စြာ ေ႐ြ႕လ်ားေနသည္။
မ်က္စိတစ္မွိတ္ အတြင္းမွာပင္ နတ္ဘုရားအဆင့္ အျမဳေတ တစ္ဝက္ခန႔္ ျဖစ္တည္လာၿပီး ထိုသေကၤတသည္ အားဆန္က နတ္ဘုရားတစ္ပိုင္းအဆင့္သို႔ အဆင့္တက္သြားၿပီ ျဖစ္ေၾကာင္း ေဖာ္ျပေန၏။
ဤျမင္ကြင္းေၾကာင့္ ေျမကြက္လပ္ရွိ ယဲ့ဖန္၏ ေနာက္လိုက္မ်ားအားလုံး တက္ႂကြလာၿပီး လက္သီးလက္ေမာင္းတန္း၍ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လာၾကသည္။
“အားဆန္”
“အားဆန္”
“အားဆန္”
လက္ရွိအခ်ိန္တြင္ အားဆန္သည္ က်န္းရွီၿမိဳ႕ရွိ လူတိုင္း၏ ကိုယ္စားျပဳသူလို ျဖစ္ေန၏။ သူသည္ နတ္ဘုရား တစ္ပိုင္းအဆင့္ႏွင့္ အလယ္အလတ္ နတ္ဘုရားအဆင့္မွလူအား တိုက္ခိုက္ေတာ့မည္ ျဖစ္သည္။
က်န္းရွီသိုင္းပညာရွင္မ်ားသည္ ေရွးေဟာင္းကလန္ သုံးခုႏွင့္ တိုက္ခိုက္ေတာ့မည္ ျဖစ္သည္။
ယခုအခ်ိန္တြင္ အားဆန္၏ မ်က္လုံးမ်ားသည္ ေတာက္ပလ်က္ရွိၿပီး သူ၏ ဒဏ္ရာမ်ားအားလုံး ေပ်ာက္ကင္းသြားၿပီ ျဖစ္သည္။
ထို႔ေနာက္ သူသည္ ေရွ႕သို႔ တိုးလာၿပီး ဟြမ္ဖူလင္းအား ၾကမ္းၾကဳတ္ေသာ အၾကည့္မ်ားျဖင့္ လွမ္းၾကည့္ကာ ႀကဳံးဝါးလိုက္သည္။
“ပု႐ြက္ဆိတ္လိုေကာင္ မင္း ေသဖို႔ အဆင္သင့္ပဲလား”
*ဘာ*
ဟြမ္ဖူလင္း နားရွိလို႔သာ ၾကားရေသာ္လည္း မယုံႏိုင္သလို ျဖစ္သြားရသည္။
နတ္ဘုရားတစ္ပိုင္းအဆင့္က အလယ္အလတ္ နတ္ဘုရားအဆင့္အား စိန္ေခၚေနသည္တဲ့လား။
သူ ကိုယ့္ေသတြင္းကိုယ္တူးေနတာပါလား။
“ကဲကဲ …. အသုံးမက်လိုက္တဲ့ အမႈိက္”
သူ႔ခႏၶာကိုယ္ တစ္ခုလုံးမွ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ရင္း ဟြမ္ဖူလင္းသည္ ရက္စက္ေသာ မ်က္ႏွာထားျဖင့္ ျပန္ေျပာလိုက္သည္။
“မင္းရဲ႕ သခင္က မင္းကို ေသေစခ်င္ေနမွေတာ့ စၾကတာေပါ့။ ငါက မင္းအိပ္မက္ေတြ အမွန္ျဖစ္လာေအာင္ လုပ္ေပးမယ္”
ထိုသို႔ေျပာၿပီး ဟြမ္ဖူလင္းသည္ ေရွ႕သို႔ေျပးတက္လာၿပီး ဟြမ္ဖူ နတ္ဘုရား လက္သီးကို ထုတ္ေဖာ္၍ ထိပ္ေျပာင္အားဆန္အား အ႐ူးအမူး ထိုးႏွက္လာသည္။
“ေသလိုက္…ေသစမ္း…ေသလိုက္ေတာ့”
ဟြမ္ဖူလင္းက မုန္းတီးေနေသာ မ်က္လုံးမ်ားႏွင့္ ႀကဳံးဝါးရင္း အားဆန္၏ ေသြးႏွင့္ ယဲ့ဖန္အား အရွက္ရေအာင္ လုပ္ခ်င္ေနသည္။
ယဲ့ဖန္ မႈိခ်ိဳးမွ်စ္ခ်ိဳး ေျပာခဲ့သမွ်၊ ျပဳမူခဲ့သမွ်ကို အားဆန္၏ အသက္ႏွင့္ ေပးဆပ္ေစခ်င္ေနသည္။
ထို႔ေၾကာင့္ စကၠန႔္ပိုင္းအတြင္းမွာပင္ ဟြမ္ဖူလင္းသည္ သူ၏ တိုက္ပြဲဝင္ ခြန္အားအကုန္လုံးကို ထုတ္ေဖာ္လုနီးပါး ျဖစ္လာသည္။
ဝုန္း! ဝုန္း! ဝုန္း!
ထိပ္ေျပာင္အားဆန္ ေနာက္ဆုတ္ရန္ ဖိအားေပးခံေနရသည္။ သို႔ေသာ္ သူ႔မ်က္လုံးမ်ားက ပို၍ ေတာက္ပလာသည္။
ထို႔ေနာက္ ေနာက္ထပ္ ျပင္းထန္ေသာ ထိုးႏွက္မႈတစ္ခုႏွင့္အတူ ထိပ္ေျပာင္အားဆန္သည္ ေနာက္သို႔ ဆယ္လွမ္း ဆုတ္လိုက္ရၿပီး ၿပဳံးေနေသာ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာသည္။ သို႔ေသာ္ သူက ရယ္ေမာေန၏။
“ဟားဟား … နတ္ဘုရားအဆင့္တဲ့ကြာ။ မင္း တတ္ႏိုင္တာ ဒါ အကုန္ပဲလား”
*ဘာ*
ထိပ္ေျပာင္အားဆန္၏ ရဲတင္းလြန္းေသာ စကားေၾကာင့္ ဟြမ္ဖူလင္း၏ မ်က္ႏွာက ခ်က္ခ်င္း သုန္မႈန္လာသည္။
ထို႔ေနာက္ သူ ၾကည့္ေနစဥ္မွာပင္ ထိပ္ေျပာင္အားဆန္က ေျမႀကီးကို ေဆာင့္နင္း၍ သူ႔ထံသို႔ အရွိန္ျမႇင့္၍ လာေနသည္။
လ်င္ျမန္ ဖ်တ္လတ္လွသည့္ တိုက္ခိုက္မႈပါတကား။
ထို႔အတူ အားဆန္သည္ ႐ူးသြပ္မတတ္ မ်က္လုံးမ်ားႏွင့္ ေအာ္ေျပာလာသည္။
“မင္းက ငါ့သခင္ႀကီးရဲ႕ ႐ုပ္ထုကို ဖ်က္ဆီးခဲ့မွေတာ့ ငါကလည္း တုံ႔ျပန္တဲ့အေနနဲ႔ မင္းလက္ေမာင္းကို ဖ်က္ဆီးပစ္မယ္ကြ”
တစ္ခ်ိန္တည္းမွာပင္ အားဆန္က ဟြမ္ဖူလင္း၏ တစ္ဘက္တည္း က်န္ရစ္ခဲ့ေသာ လက္ေမာင္းအား အားႏွင့္ ဆုပ္ကိုင္လိုက္သည္။
“မင္း ေသခ်င္ေနတာပဲ”
ဟြမ္ဖူလင္းသည္ ေဒါသထြက္လြန္း၍ စိတ္လြတ္မတတ္ ျဖစ္ကာ အားဆန္၏ ရင္ၫြန႔္႐ိုးအား သူ၏ ဟြမ္ဖူနတ္ဘုရားလက္သီးျဖင့္ ျပင္းထန္စြာ ထိုးႏွက္လိုက္သည္။
ဝုန္း!
ဖိႏွိပ္ႏိုင္ေသာ အရွိန္အဟုန္ႏွင့္အတူ သူသည္ သူ၏ လက္သီးခ်က္ျဖင့္ အားဆန္၏ ရင္ၫြန႔္႐ိုးအား က်ိဳးေၾကသြားေအာင္ လုပ္ႏိုင္မည္ဟု ယုံၾကည္ခ်က္ ရွိသည္။
အံ့ဩဖြယ္ေကာင္းသည္က ထိပ္ေျပာင္ အားဆန္သည္ ထိုတိုက္ခိုက္မႈအား ေရွာင္ေတာင္မေရွာင္ေပ။ ထိုသို႔လုပ္မည့္အစား သူသည္ ရပ္ၿမဲရပ္ေန၍ ထိုလက္သီးခ်က္အား ခုခံေနသည္။
ဒုန္း!
ဂြၽတ္!
ခ်က္ခ်င္းဆိုသလိုပင္ ထိပ္ေျပာင္အားဆန္၏ ရင္ၫြန႔္႐ိုး နစ္ဝင္သြားသည္။ ထို႔အတူ သူသည္ စူးရွလွေသာ နာက်င္မႈေၾကာင့္ တုန္ယင္သြားသည္။
သို႔ေသာ္ သူ႔မ်က္လုံးမ်ားက ပို၍ ေတာက္ပလာၿပီး ႐ုတ္တရက္ ဟြမ္ဖူလင္း၏ လက္သီးအား သူ႔လက္မ်ားျဖင့္ ဖမ္းကိုင္လိုက္သည္။
“မလုပ္နဲ႔”
ထိပ္ေျပာင္အားဆန္က သူ႔အသက္ကို စြန႔္စား၍ တိုက္ခိုက္လာသူ၏ လက္သီးအား ဖမ္းဆုပ္လိမ့္မည္ဟု ဟြမ္ဖူလင္း လုံးဝ ထင္မွတ္မထားခဲ့မိေပ။
သို႔ေသာ္ ထိပ္ေျပာင္ အားဆန္၏ ဖမ္းဆုပ္မႈကို ေရွာင္တိမ္းရန္ သူ အခ်ိန္မရေတာ့ေပ။
“ဖယ္စမ္း”
ထိပ္ေျပာင္အားဆန္၏ မ်က္လုံးထဲ၌ ရက္စက္ေသာ အရိပ္အေယာင္မ်ား ျဖတ္ေျပးသြားၿပီး သူ၏ ခြန္အားကို တိုးျမႇင့္လိုက္သည္။
တစ္ခုခု က်ိဳးပဲ့သြားသံ ႏွင့္အတူ ဟြမ္ဖူလင္း၏ က်န္ရွိေနေသာ လက္ေမာင္းတစ္ဘက္ ျပဳတ္ထြက္သြားသည္။
“အား…အား…အား”
ဟြမ္ဖူလင္း အလြန္အမင္း တုန္လႈပ္၍ မယုံသကၤာဟန္မ်ားႏွင့္အတူ နာက်င္စြာ ေအာ္ဟစ္မိသည္။
*ဒဏ္ရာအတြက္ဒဏ္ရာတစ္ခု*
*အသက္တစ္ေခ်ာင္းအတြက္ အသက္တစ္ေခ်ာင္း*
*သူ…သူက အ႐ူးပဲ*
ဟြမ္ဖူလင္း ေသမတတ္ ေၾကာက္႐ြံ႕လာသည္။ သို႔ေသာ္ သူ႔လက္ေမာင္းမ်ား ျပတ္သြားေသာ္လည္း သူ၏ တကယ့္ အိပ္မက္ဆိုးကား မေရာက္လာေသးေပ။
“မင္းက နတ္ဆိုးေတြရဲ႕ အိမ္ျဖစ္တဲ့ က်န္းရွီၿမိဳ႕ကို သိမ္းပိုက္ခ်င္ေနမွ‌ေတာ့ ငါကလည္း မင္းရဲ႕ လက္ျပင္႐ိုးကို ျဖဳတ္ရတာေပါ့”
ထိုသို႔ေသာ အားဆန္၏ စကားအဆုံး၌ က်ိဳးပဲ့သံတစ္ခု ထပ္မံ၍ ထြက္ေပၚလာသည္။ ထို႔အျပင္ အျခားသူမ်ား၏ မ်က္စိေရွ႕၌ ထိပ္ေျပာင္အားဆန္က သူ႔လက္ဖဝါးအား ဟြမ္ဖူလင္း၏ ပခုံးထဲသို႔ ထိုးစိုက္လိုက္သည္။
ဟြမ္ဖူလင္း၏ ပခုံးမွ ေသြးမ်ား ပန္းထြက္လာၿပီးေနာက္ အားဆန္က လက္ျပင္႐ိုးအား ဆြဲထုတ္လိုက္သျဖင့္ ဟြမ္ဖူလင္း ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္မိသည္။
ထို႔ေနာက္ ဟြမ္ဖူလင္းသည္ အလြန္ျဖဴေရာ္ေနေသာ မ်က္ႏွာႏွင့္ ေနာက္သို႔ ဆုတ္လိုက္သည္။
လက္ေမာင္းမ်ား ဆုံးရႈံးလိုက္ရၿပီး လက္ျပင္႐ိုးတစ္ေခ်ာင္းပါ ဆုံးရႈံးလိုက္ရသျဖင့္ သူ အိပ္မက္ဆိုး မက္ေနသည္ဟုေတာင္ ခံစားလိုက္မိသည္။
သို႔ေသာ္ လြတ္လမ္းဟူသည္ကား မရွိေပ။
“မင္းက ငါ့က်န္းရွီ ညီအစ္ကိုေတြနဲ႔ ညအဖြဲ႕ရဲ႕ နတ္ဆိုးေတြကို အႏိုင္က်င့္ခဲ့တယ္ဆိုေတာ့ ငါ မင္းနံ႐ိုးေတြကို ဆြဲထုတ္ပစ္မယ္”
ထိပ္ေျပာင္အားဆန္သည္ ရက္စက္ေသာ အၾကည့္မ်ားျဖင့္ ဆက္ေျပာလာသည္။ ထို႔ေနာက္ အားဆန္သည္ ဟြမ္ဖူလင္းထံသို႔ ေျပးဝင္လာၿပီး သန္ေကာင္တစ္ေကာင္က လူတစ္ေယာက္၏ အ႐ိုးအား ကပ္တြယ္သကဲ့သို႔ သူ၏ ခြၽန္ထက္လွေသာ လက္ဖဝါအား ဟြမ္ဖူလင္း၏ နံ႐ိုးထဲသို႔ အားႏွင့္ ထိုးစိုက္လိုက္သည္။
ထို႔ေနာက္တြင္မူ ေသြးသံတရဲရဲႏွင့္ နံ႐ိုးအခ်ိဳ႕ကို ဆြဲထုတ္လိုက္သည္။
ထိတ္လန႔္ေၾကာက္႐ြံ႕ဖြယ္ေကာင္းလိုက္ေလျခင္း။
ေသြးပ်က္ဖြယ္ေကာင္းလွ၏။
အနီးအနားမွ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္မွ သံတမန္ ခ်ာလီသည္ ထိတ္လန႔္ေၾကာက္႐ြံ႕လြန္း၍ ေဘာင္းဘီေတာင္ စို႐ႊဲေနၿပီ ျဖစ္သည္။
ယဲ့ဖန္၏အေစခံက ဤမွ်အခ်ိန္တိုေလးအတြင္း၌ အဆင့္ႏွစ္ဆင့္ေက်ာ္၍ နတ္ဘုရားအဆင့္ တစ္ေယာက္၏ နံ႐ိုးမ်ားအား လက္ခ်ည္းသက္သက္ျဖင့္ ဆြဲထုတ္ႏိုင္သည္ကို သူ မယုံၾကည္ႏိုင္ပါ။
သူ၏ ႐ူးသြပ္မႈႏွင့္ ရက္စက္မႈတို႔က ယဲ့ဖန္၏ အက်င့္ကို ေရာင္ျပန္ဟပ္ေနသလိုပင္။
“အိုး…ဝိုး… ဘာလဲဟ …. သူတို႔က မေကာင္းဆိုးဝါးေတြပဲ”
ခ်ာလီ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္း ထလာရသည္။ သူ၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ဟြမ္ဖူလင္း အသည္းအသန္ ေအာ္ဟစ္ေနရသည္။
ထို႔အျပင္ ဟြမ္ဖူလင္း၏ အ႐ိုးမ်ားက သူ႔ကိုယ္ထဲမွ တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း ဆြဲျဖဳတ္ခံေနရ၏။ ေျမႀကီးေပၚ၌ ေသြးမ်ား ဖုံးလႊမ္းေနၿပီး ဟြမ္ဖူလင္းသည္ ေသြးအိုင္ထဲ၌ လဲက်လို႔ေနသည္။
ဒိန္း!
ေသြးပ်က္ဖြယ္ေကာင္းသည့္ ျမင္ကြင္းေၾကာင့္ ခ်ာလီတစ္ေယာက္ ထိတ္လန႔္ကာ သတိလစ္မတတ္ ျဖစ္ေနသည္။
*မေကာင္းဆိုးဝါးေတြ*
သူ႔စိတ္ထဲတြင္ ယဲ့ဖန္၊ ထိပ္ေျပာင္ အားဆန္ႏွင့္ က်န္းရွီၿမိဳ႕မွ အျခား သိုင္းပညာရွင္မ်ားအားလုံးသည္ မေကာင္းဆိုးဝါးမ်ားသာ ျဖစ္သည္။
သူတို႔သည္ ေသြးဆာ၍ ရက္စက္ကာ လူမဆန္ၾကေပ။
ထိုသို႔ေသာ အခ်ိန္တြင္ ခ်ာလီ အလြန္ေနာင္တရလာသည္။ ေျမႀကီးေပၚမွ ဟြမ္ဖူလင္း၏ မ်က္လုံးမ်ားသည္လည္း ဗလာျဖစ္လို႔ေန၏။
သူ ရႈံးသြားၿပီ။ ဤတိုက္ပြဲသည္ မရႈမလွ ရႈံးနိမ့္သြားမႈႀကီး ျဖစ္၏။
သူသည္ ေနာင္တရ၊ စိုးရိမ္ေနသလို ထိတ္လန႔္၍ အၿငိဳးထား လာသည္။က်န္းရွီၿမိဳ႕မွ ပု႐ြက္ဆိတ္လိုေကာင္၏ သတ္ျဖတ္ျခင္းကို ခံရမည္ဟု ထင္မထားခဲ့မိပါ။
ေတာက္! ေတာက္!
နတ္ဘုရားအဆင့္၏ ေသြးမ်ားက အားဆန္၏ လက္ေခ်ာင္းမ်ားၾကားမွ စီးက်လာၿပီး သူသည္ ပို၍ တက္ႂကြလာဟန္ျဖင့္ ေအာ္ဟစ္လိုက္သည္။
“ငါ လုပ္ႏိုင္ၿပီ။ ငါ နတ္ဘုရားအဆင့္ တစ္ေယာက္ကို သတ္လိုက္ႏိုင္ၿပီ”
ထိပ္ေျပာင္အားဆန္ စိတ္လႈပ္ရွားလြန္း၍ ကတုန္ကယင္ျဖစ္ေနသည္။ နတ္ဘုရားအဆင့္ တစ္ေယာက္ကို သတ္ႏိုင္လိမ့္မည္ဟု သူ စိတ္မကူးခဲ့ဖူးေပ။
သူတို႔ ခြန္အားမ်ားအားလုံးသည္ ထိုလူ၏ ခ်ီးျမႇင့္မႈေၾကာင့္သာ ျဖစ္သည္။ ထိုအခ်က္ကို ေတြးလိုက္မိသည္ႏွင့္ ထိပ္ေျပာင္အားဆန္သည္ ေပ်ာ္႐ႊင္ေနေသာ အမူအရာျဖင့္ ယဲ့ဖန္ထံသို႔ ေလွ်ာက္လာသည္။
ဒုန္းခနဲ အသံႏွင့္အတူ သူသည္ ဒူးတစ္ဘက္ေထာက္၍ ရင္ဘက္ေပၚ လက္တင္လိုက္ၿပီး ေျပာလိုက္သည္။
“သခင္ႀကီး ကြၽန္ေတာ္ သခင္ႀကီး ေမွ်ာ္လင့္ထားသလို လုပ္ႏိုင္ခဲ့ပါၿပီ”
ထို႔အတူ ေျမကြက္လပ္တစ္ဝိုက္ရွိ ေထာင္ေသာင္းႏွင့္ခ်ီေသာ သိုင္းပညာရွင္မ်ားက သံၿပိဳင္ ေႂကြးေၾကာ္လာၾကသည္။
“ဟြာရွ အရွင္သခင္”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now