Chapter 376

1K 105 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (376) မင်းက တကယ့်ကို အရှက်မရှိတာပဲ

ရွှစ်!
နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက်၏ လည်ပင်းမှ ချင်းချင်းနီနေသော သွေးများ ပန်းထွက်လာပြီး ထိုသွေးများက မြေကြီးပေါ်သို့ ကြဲပက်သွား၏။
ထို့နောက် ခေါင်းပြတ်နေသော အလောင်းသုံးလောင်းသည် စဉ့်တီတုံးပေါ်သို့ ပြုတ်ကျသွားသည်။
အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး ရင်ထဲ ဒိန်းခနဲ ဖြစ်ကာ ရင်တုန်ပန်းတုန် ဖြစ်လာကြသည်။
ဈေးတန်းတစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
*တစ်ချက်တည်းပါလား*
*တစ်ချက်တည်းနဲ့ အသက်သုံးချောင်းတောင်*
*ဒါမဖြစ်နိုင်ဘူးလေ*
သို့သော် သားသတ်သမားက အခြားသူများ၏ အမူအရာကို ဂရုမစိုက်ပေ။ ထို့နောက် သူက ဘောင်းဘီအိတ်ထဲမှ စီးကရက်ဘူးကို ထုတ်လိုက်သည်။
ထို့နောက် သူက စီးကရက်တစ်လိပ်ကို ထုတ်၍ မီးခြစ်နှင့် မီးညှိလိုက်သည်။
စီးကရက်ကို မီးညှိလိုက်သည့်အသံက နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံးအား အလွန် ကတုန်ကယင် ဖြစ်သွားစေသည်။
ထို့နောက် သူတို့ သတိပြန်ဝင်လာကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ အမူအရာများကို ပြန်ထိန်းလာကြသည်။
"မျိုးမစစ်ကောင်၊ သူ့ကို သတ်ကြ"
နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး၏ မျက်လုံးများက ‌ဒေါသကြောင့် ပြူးကျယ်နေကြသည်။
ဒေသခံ သားသတ်သမားတစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် သုံးယောက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိချေ။ မယုံနိုင်စရာ ကောင်းလှသည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး သားသတ်သမားကို ပြင်းထန်သော တိုက်ကွက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်လာကြသည်။
ထိုစဉ် နောက်ထပ် ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
သားသတ်သမားသည် စီးကရက်ကို ပါးစပ်ထဲ ခဲထားရင်း အသားကို ဆက်ခုတ်ထစ်နေသည်။ သူ့ထံမှ မည်သည့် ချီဓာတ်မှ ထွက်ပေါ်လာသည်ကို မခံစားမိပေ။
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ လက်သီးချက်က သူ၏ ဦးခေါင်းနားသို့ နီးကပ်လာစဉ် သူက ရုတ်ချည်းဆိုသလို သူ၏ ဝက်သားခုတ်ဓားအား ဝှေ့ယမ်းလိုက်သည်။
ဝှစ်!
ဓားရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ထိုနတ်ဘုရား ဆရာသခင်အဆင့်သည် နှစ်ပိုင်း အပိုင်းခံလိုက်ရပြီး စဉ့်တီတုံးပေါ်သို့ ပြုတ်ကျလာ၏။
"လေးယောက်မြောက်"
သားသတ်သမားက ခက်ထန်စွာ ပြောလိုက်သည်။
ထိုတိုက်ခိုက်မှုပြီးနောက် သူသည် သူ၏ ဝက်သားခုတ်ဓားအား ဝင့်လိုက်သည်။ လေတိုးသံနှင့်အတူ သူသည် လျင်မြန်လှသည့် တိုက်ကွက်များစွာကို ထုတ်ဖော်လာသည်။
ကျန်ရှိနေသော နတ်ဘုရား ဆရာသခင် ခြောက်ယောက်သည် နီးကပ်လာသော တိုက်ခိုက်မှုများကို မခန့်မှန်းနိုင်ကြချေ။
သူတို့ ထပ်ခါထပ်ခါ ခုတ်ထွင်းခံနေရသည်။ ထို့နောက် သူတို့၏ ပစ်မှတ်ထံသို့ ချဉ်းကပ်လာမှုက ပြီးဆုံးသွားသည်။
နတ်ဘုရား ဆရာသခင် ခြောက်ယောက်လုံး သည် အလွန် ထက်လှသော ဓားရောင်အောက်တွင် လေထဲ၌ တန့်ခနဲ ဖြစ်သွားကြ၏။
လက်ဖဝါးများ၊ လက်မောင်းများ၊ ခြေထောက်များ၊ ဝမ်းဗိုက်အောက်ပိုင်းများနှင့် ခေါင်းများ သူတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ အားလုံး အလွန် တောင့်တင်းလာသည်။
တောက်! တောက်!
ချင်းချင်းနီနေသော သွေးများက သူတို့ ဒဏ်ရာများမှ သွေးများ စိမ့်ကျလာသည်။
"မဖြစ်နိုင်ဘူး"
အဖွဲ့၏ ရှေ့ဆုံးမှ နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က ကြောက်လန့်ကာ တုန်ယင်သွားသည်။
ဤမျှ ထူးချွန်သော ဓားသိုင်းကွက်များကို သူ တစ်ခါမှ မမြင်ဖူးပေ။
မြန်သည်၊ မြန်လှသည်၊ မြန်လွန်းလှသည်။
သူ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသဖြင့် နတ်ဘုရား ဆရာသခင်အဆင့်များ သူ၏ တိုက်ခိုက်မှုများကို ရှောင်ရှားခြင်း မပြုနိုင်တော့ချေ။
နတ်ဆိုးပါလား။
ကမ္ဘာခြား မုဆိုးခြောက်ယောက်၏ မျက်လုံးထဲတွင် ထိုသားသတ်သမားသည် နတ်ဆိုး ဖြစ်လာသည်။
သူတို့ ထွက်ပြေးချင်နေကြသည်။
သို့သော် ထိုသို့သော အချိန်၌ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံနှင့်အတူ သူတို့အားလုံး တစ်စစီဖြစ်ကာ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းက လေထဲမှနေ၍ ဒိန်ခဲများသဖွယ် အောက်သို့ ပြုတ်ကျလာသည်။
သူတို့အားလုံး ချက်ချင်း သေဆုံးသွားကြသည်။
အချိန်တိုလေးအတွင်း၌ နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး အသတ်ခံလိုက်ရပြီး သားသတ်သမား၏ စဉ့်တီတုံးပေါ်၌ အသားတုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သူတို့၏ ရဲရဲနီနေသော သွေးများကြောင့် စဉ့်တီတုံးသည် နီရဲလို့နေ၏။
ထိုစဉ် သားသတ်သမားက ခေါင်းမော့လာသဖြင့် သူ၏ ရှင်းလင်း ပြတ်သား၍ ချောမောသော မျက်နှာက ထင်းခနဲ ပေါ်လွင်လာသည်။
သူ့အသွင်သည် အလွန် ဖြူစင်လှပြီး နတ်ဘုရား ဆရာသခင်များကို သတ်နေသည့်အစား ပုရွက်ဆိတ်များကို သတ်နေသကဲ့သို့ တည်ငြိမ်လှ၏။
"သားသတ်ပွဲကြီး စသင့်နေပြီ"
သားသတ်သမားက ပြုံး၍ ပြောလာသည်။
ထို့နောက် သူသည် လေထဲ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်၏။ ပြီးနောက်တွင်မူ နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်ကို ဆွဲယူ၍ ဆက်ခုတ်နေသည်။
....
ထိုသို့သော အချိန်မှာပင် အခြား နတ်ဘုရားဆရာသခင်အဖွဲ့ တစ်ဖွဲ့က ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ကမ္ဘာမြေ အဖွဲ့အစည်း၏ လူလုပ်ကျွန်းဆွယ်ရှိ အခြေစိုက်စခန်းသို့ ရောက်လာကြသည်။
သူတို့ ထိုနေရာသို့ ရောက်နေသည်နှင့် ပူလောင်နေသော သံအား ပုံသွင်းနေသော အသံကို ကြားလိုက်ရသည်။
ချွင်!
နတ်ဘုရား ဆရာသခင်အဆင့်များ တစ်ဒင်္ဂမျှ တွေဝေသွားကြသည်။
ထို့နောက် သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တစ်နေရာလုံးကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သူမျှ ရှာမတွေ့ပေ။
"ဘာဖြစ်နေတာလဲ။ ကျုပ် အသံကြားလိုက်တာ သေချာပါတယ်။ ဘာလို့ ဒီမှာ ဘယ်သူမှ မရှိရတာလဲ"
နတ်ဘုရား ဆရာသခင်အဆင့်များ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မျက်မှောင်ကြုတ် လာကြသည်။
ထို့နောက် သူတို့သည် အသံလာရာသို့ ချက်ချင်း ပြေးသွားကြ၏။ အသံလာရာနှင့် နီးလာသည်နှင့်အမျှ အဘိုးအိုတစ်ယောက်က ချွေးတလုံးလုံးနှင့် ဓားတစ်ချောင်းအား ထုရိုက်၍ ပုံသွင်းနေသည်ကို သူတို့ မြင်လာရသည်။
သူသည် ဓားကျိုးတစ်ချောင်းအား သူ၏ တူဖြင့် ထုနှက်နေခြင်း ဖြစ်သည်။
ထူးဆန်းလှသည်။
ထိုအဘိုးအိုထံမှ မည်သည့်အသက်ဓာတ် စွမ်းအင်ကိုမျှ သူတို့ ရှာမတွေ့သဖြင့် နတ်ဘုရား ဆရာသခင်များ၏ မျက်နှာက ချက်ချင်း တင်းမာလာသည်။
ချက်ချင်းဆိုသလိုပင် သူတို့ ထိုအဘိုးအိုအား ဝိုင်းထားလိုက်ကြသည်။
"အဘိုးအိုကြီး ရပ်လိုက်စမ်း"
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က အဘိုးအိုအား ဝိုင်းထားပြီးသည်နှင့်‌ အော်လိုက်သည်။
သို့သော် ထိုအဘိုးအိုက ဘာမှ မမြင်သကဲ့သို့ သူ့လက်နက်ကိုသာ ဆက်၍ ပုံသွင်းနေသည်။
သူသည် ဆက်တိုက်ဆိုသလို ဓားကျိုးအား ထပ်ခါထပ်ခါ ထုဆစ်နေသည်။
*ဟမ်*
ဤမြင်ကွင်းကို ကြည့်ပြီး နတ်ဘုရား ဆရာသခင်များ၏ မျက်နှာထားများ ထိတ်လန့်လာကြသည်။ စိတ်ဆက်တတ်သော နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် လက်ကိုဆန့်၍ သူ၏ လက်သည်းများနှင့် ထိုအဘိုးအိုထံသို့ ချဉ်းကပ်သွားသည်။
"ခွေးအိုကြီး ဒီကို လာခဲ့စမ်း"
ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ လက်သည်းတိုက်ကွက်က အလွန် ပြင်းထန်လာသည်။
ဒိန်း!
သို့သော် သူ့လက်က အဘိုးထံသို့ မရောက်ခင်တွင် သူ၏ ဦးခေါင်းသည် အဘိုးအို၏ တူဖြင့် ထုနှက်ခြင်းကို ခံလိုက်ရသည်။
ဝုန်း!
သူ့ဦးခေါင်း ပေါက်ထွက်သွားလေတော့သည်။ မြင်ကွင်းက ရုတ်တရက် ဆန်လွန်းလှသည်။ အဘိုးအိုက တူကို မြောက်လိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ဘဲ ထိုတူက နတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းထက်သို့ ရောက်မှသာ သူတို့ သတိပြုမိသည်။
...
"နတ်ဘုရား သေနာပတိအဆင့်ဟ"
အခြား နတ်ဘုရား ဆရာသခင်အဆင့်များ ကြောက်ရွံ့ကာ ထိုအဘိုးအိုအား ဝိုင်းတိုက်ရန် ပြင်လာကြသည်။
ချွင်!
ထိုစဉ် ဓားကျိုးက မီးဖိုထဲမှ ပျံသန်းလာ၏။ လေတိုးသံနှင့်အတူ ထိုဓားကျိုးက နတ်ဘုရား ဆရာသခင်အဆင့်များကြား၌ ရေကူးနေသော မြွေတစ်ကောင်သဖွယ် ဖြတ်ပျံသွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
နတ်ဘုရား ဆရာသခင်အဆင့်များ တောင့်ခနဲ ဖြစ်သွားကာ သူတို့ရင်ဘတ်၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက်စီ ဖြစ်ပေါ်လာ၏။
သူတို့အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
"ကောင်း ... ကောင်းကင် လက်နက်ပါလား။ မဖြစ်နိုင်လိုက်တာ"
မည်သည့် နတ်ဘုရား ဆရာသခင်အဆင့်မှ ကိုယ့်မျက်လုံးကိုယ် မယုံကြပေ။
သို့သော် သူတို့၏ နတ်ဘုရားအဆင့် ခွန်အားများက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
သူတို့သည် လေထဲမှ နေ၍ ပွက်ပွက်ဆူနေသော အိုးထဲသို့ ပြုတ်ကျသွားသော ဖက်ထုပ်များသဖွယ် မြေကြီးပေါ် ပြုတ်ကျသွားသည်။
သို့သော် ကံကောင်း၍ ကျန်ရစ်နေသော နတ်ဘုရား ဆရာသခင်အဆင့် သိုင်းပညာရျင်များအားလုံး မှင်တက်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာပြီး ခပ်သုတ်သုတ် ထွက်ပြေးရန် ပြင်လာကြသည်။
တိုက်ပွဲကား ယခုမှ စမည်ဖြစ်သည်။
အဘိုးအိုသည် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်အား သူ၏ သံမဏိတူဖြင့် ထုနှက်လိုက်သည်။
ဓားကျိုးသည်လည်း ဓားချက်တစ်ချက်အတွင်း လူတစ်ယောက်၏ အသက်ကို နုတ်ယူလာသည်။
ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်လုံး ကောင်းကင်မှနေ၍ ဆက်တိုက် ပြတ်ကျလာသည်။
ဘုတ်!
နောက်ဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် အယောက်သုံးဆယ်ပါသော အဖွဲ့တစ်ဖွဲ့လုံး သုတ်သင်ခံလိုက်ရလေတော့သည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
သာမန်လူများသာ ဤမြင်ကွင်းကို မြင်လိုက်ပါက သူတို့အားလုံး လိပ်ပြာလွင့်သွားလောက်သည်။
သို့သော် ထိုအချိန်တွင် အဘိုးအိုက မချိပြုံးပြုံး၍ ပြောလာသည်။
"ဟူး ... ငါလည်း အသက်ရလာပါလား။ ငါ နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်ပဲ သတ်နိုင်တော့တယ်"
သူ့စကားကို ကြားပြီးနောက် ဓားကျိုးက အဘိုးအိုရှေ့ ဖျတ်ခနဲ ပေါ်လာသည်။
ထို့နောက် ဓားကျိုးထဲမှနေ၍ နတ်ဆိုးနဂါး၏ အသံက ထွက်ပေါ်လာ၏။
"လူအိုကြီး ဒီနဂါးဘိုးဘိုးရှေ့မှာ မင်းအသက်ကို လာညည်းပြမနေနဲ့။ နားထောင်စမ်း၊ ဟိုးလွန်လေပြီးတဲ့အချိန်တုန်းက စကြဝဠာအနှံ့မှာ ငါ့အင်အားက ကျော်ကြားနေတုန်းကဆို မင်းရဲ့ ဘိုးဘေးက ရွှံ့နွံထဲမှာပဲ ရှိနေဦးမှာ"
သူတောင်းစားအိုကြီး ပြောစရာစကား ရှာမရတော့ပေ။
ထို့နောက် ဓားကျိုးက တစ်ဘက်လှည့်ကာ မီးဖိုကို သာမန်ကာလျှံကာမျှ ကြည့်၍ ပြောလိုက်သည်။
"ဒါပေမယ့် မင်းမှာ ကောင်းမွန်တဲ့ တိုက်ပွဲဝင်ခွန်အား မရှိဘူးဆိုပင်မယ်ြလည်း မင်း ငါ့ကို ကောင်းကောင်း နှိပ်ပေးနိုင်သားပဲ။ ငါ လွတ်မြောက်သွားတဲ့အချိန်ကျရင် ငါ မင်းကို ငါ့ကျောကို နှိပ်ခိုင်းဦးမယ်"
*မင်းကျောကို နှိပ်ခိုင်းမယ် ဟုတ်လား*
*ချီးပဲ ငါက သံကို ပုံသွင်းနေတာလေ*
သူ အားကုန်သုံး၍ သံတူနှင့် ရိုက်နှက်နေတာတောင်မှ ဒီနဂါး အယားပြေသလို ရှိရုံလေး ဖြစ်နေသည်ကို သူ သတိပြုမိသဖြင့် ဒေါသထွက်ကာ သွေးအန်မိမလို ဖြစ်လာသည်။
"ကဲ လူအိုကြီးရေ။ ဒီက ခံ့ညားတဲ့ နဂါးက မင်းနဲ့ အရေမရ အဖတ်မရတွေ မလုပ်ချင်တော့ဘူး"
"ငါ ငါ့ရဲ့ နဂါးပျိုမယ်လေးကို ရှာရဦးမယ်။ ခံ့ညားတဲ့ နဂါးက နဂါးပျိုမယ်လေးကို သွားကယ်မှာ။ အိုး ကြည်နူးဖို့ကောင်းလိုက်တာကွာ"
ထိုသို့ပြောပြီး ဓားကျိုးသည် ပစိဖိတ် သမုဒ္ဒရာထဲသို့ ပျံသန်းသွားသည်။
ထိုအခါမှသာ သူတောင်းစားအိုကြီးက နှုတ်ခမ်းကို မဲ့၍ တီးတိုးပြောလေတော့သည်။
"အရှက်မရှိလိုက်တဲ့ ဓားကျိုး"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now