Chapter 355

1K 103 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (355) ကျန်းရှီမြို့ရှိ သွေးထွက်သံယို တိုက်ပွဲတစ်ပွဲ

ကျန်းရှီမြို့၌။
မြို့တစ်ခုလုံး၌ အလွန် ဖြူဖွေးသော အလင်းတန်းများနှင့် ပြည့်နှက်လို့နေသည်။ သို့သော် ကျန်းရှီမြို့ အစွန်အဖျား၌ အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
များစွာသော သားရဲများက အလင်းတန်းအား လှိုင်းလုံးကြီးများသဖွယ် တိုက်ခိုက်နေကြသည်။
ထောင်သောင်းနှင့်ချီသော သားရဲစစ်သူကြီးများ၊ သားရဲဧကရာဇ် ခြောက်ကောင်၊ ဧကရာဇ်အဆင့် မကောင်းဆိုးဝါးတစ်ကောင်။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤသည်မှာ ဟွာရှနိုင်ငံ သမိုင်း၌ သို့မဟုတ် ကမ္ဘာ့သမိုင်းမှာတောင်မှ ရူးချင်စရာအကောင်းဆုံး သားရဲများ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိတ်လန့်ဖွယ်အကောင်းဆုံး သားရဲသည် ဧကရာဇ်အဆင့် သားရဲ ဖြစ်သည်။ ထိုသားရဲကား ခေါင်းကိုးလုံး စပါးကြီးမြွေပင်။
ထိုမြွေသည် မီတာများစွာ ရှည်လျားသည်။ ၎င်းခွေနေလျင် တောင်တစ်လုံးလိုပင်။ ၎င်းအား မည်းနက်နေသော ကြေးခွံများက ဖုံးအုပ်နေပြီး ဓား သို့မဟုတ် လှံနှင့်တောင်မှ တိုးမပေါက်နိုင်ပါ။
ယခုအချိန်၌ ၎င်း၏ မနှစ်မျို့ဖွယ်ကောင်းသော ခေါင်းကိုးလုံးက လျင်မြန်စွာ လှည့်နေသည်။ ၎င်း၏ ကြီးမားသော သွေးသံတရဲရဲနှင့် ပါးစပ်ကို ဟ၍ အစွယ်များကို လှစ်ဟပြလာသဖြင့် မြင်ကွင်းကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
၎င်းသည် သားရဲများကြားတွင် ဧကရာဇ်တစ်ပါးလိုပင်။ ၎င်းက သားရဲများအား ကိုးဆင့်သွေးဝင်္ကပါကို မနားတမ်း ထိုးဖောက်ရန် အမိန့်ပေးနေသည်။
သားရဲများအားလုံးသည် အလွန်ကြမ်းတမ်း၍ ကိုးဆင့်သွေးဝင်္ကပါအား သူတို့အသက်ကို ရင်း၍ ထိုးဖောက်လာကြသည်။
….
ထိုစဉ် လူသား သိုင်းပညာရှင်များက ကျန်းရှီမြေကွက်လပ်၌ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သိုင်းပညာရှင်များသည် သူတို့၏ ရန်သူများအား သေသည်အထိ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် နတ်ဆိုးစစ်တပ်မှသူများနှင့် ဆင်တူသည်။
“သတင်း”
ထိုစဉ် သိုင်းပညာရှင်တစ်ယောက်က စင်မြင့်ပေါ်သို့ ပြေးလာပြီး အမှောင်သခင်နှင့် ညအဖွဲ့မှ အခြား အဓိကကျသူများအား သတင်းပို့လာသည်။
“ဧကရာဇ်အဆင့် မကောင်းဆိုးဝါးက ကိုးဆင့်သွေးဝင်္ကပါကို စပြီး ထိုးဖောက်နေပါပြီ”
ထို့နောက်တွင်မူ ပို၍ပို၍ များပြားသော သိုင်းပညာရှင်များက သတင်းပို့ရန် ရောက်ရှိလာကြသည်။
“သတင်းပို့ပါတယ်၊ ဝင်္ကပါက ခေါင်းကိုးလုံး စပါးကြီးမြွေကို အပြင်ကနေ ပိတ်ဆို့ထားပါတယ်။ သားရဲတွေ စီးဝင်လာတာကို တားမြစ်ထားပါတယ်”
“သတင်းပို့ပါတယ်၊ လူသား နတ်ဘုရားအဆင့်နှစ်ယောက်က ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနဲ့ ပူးပေါင်းပြီး ကိုးဆင့်သွေးဝင်္ကပါကို တိုက်ခိုက်နေပါတယ်၊ ဝင်္ကပါက ပျက်ဆီးခံနီးနေပါပြီ”
*ဘာ*
သတင်းကို ကြားလိုက်ရပြီးနောက် ကျန်းရှီမြို့မှ သိုင်းပညာရှင်များ ခက်ချင်းဆိုသလို ထိတ်လန့် သွားကြသည်။
*လူသား နတ်ဘုရားအဆင့်တွေ*
*လူသား နတ်ဘုရားအဆင့်တွေက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးကို ကူညီနေတယ်တဲ့လား*
….
“သူတို့က ရှေးဟောင်းကလန်က တကယ့် နတ်ဘုရားတွေပဲ ဖြစ်ရမယ်”
အမှောင်သခင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
ယဲ့ဖန် ထွက်မသွားခင်က သူသည် ညအဖွဲ့သားများအား ကိုးဆင့်သွေးဝင်္ကပါက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် တကယ့် နတ်ဘုရားအဆင့် တစ်ယောက်အား ခုခံနိုင်သည်ဟု ပြောခဲ့သည်။
သို့သော် အကယ်၍များ တကယ့်နတ်ဘုရားအဆင့် သုံးယောက်က အတူတကွ ပူးပေါင်း၍ ဝင်္ကပါအား တိုက်ခိုက်မည်ဆိုလျင် ဝင်္ကပါက ကြာကြာခံနိုင်မည် မဟုတ်ပေ။
ကိုးဆင့်သွေးဝင်္ကပါက အနှေးနှင့်အမြန်ဆိုသလို ပျက်ဆီးတော့မည့်ပုံရသည်။
“အမှောင်သခင် ကျုပ်တို့ ဘာလုပ်သင့်သလဲ”
ဝံပုလွေရိုင်းက မေးလိုက်သော်လည်း ညအဖွဲ့မှ အခြားအဓိကကျသူများသည်လည်း စိတ်ဓာတ်ကျ နေကြသည်။
ရှေးဟောင်းကလန်များက ကျန်းရှီမြို့ကို လက်စားချေမည်ဆိုတာကို သူတို့ ခန့်မှန်းမိသော်လည်း လူသား နတ်ဘုရားအဆင့်များက ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနှင့် ပူးပေါင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပါ။
လူသားတွေအတွက် မည်မျှ ရှက်ဖွယ်ကောင်းလိုက်သနည်း။
သူ့စကားကို ကြားပြီးနောက် အမှောင်သခင်က ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူတို့က အခု ဝင်လာရဲမှတော့ ငါတို့ သူတို့ကို သတ်ပစ်ရမှာပေါ့”
ထိုသို့ပြောပြီး အမှောင်သခင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူက စင်မြင့်အောက်မှ ထောင်သောင်းနှင့်ချီသော သိုင်းပညာရှင်များအား မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်၍ ဟစ်အော်လိုက်သည်။
“ညီအစ်ကိုတို့၊ ငါတို့ သခင်ကြီးက ဒီမှာ မရှိပင်မယ့် ရန်သူတွေက ငါတို့ကို တိုက်ခိုက်နေကြတယ်။ ဒါက ကျန်းရှီ နတ်ဆိုးတွေအတွက် ငါတို့အင်အားတွေကို ထုတ်ပြရမယ့် အချိန်ကောင်းပဲ”
“မင်းတို့ ဓားတွေကို ဝင့်ထားကြ”
“မင်းတို့ရဲ့ ဒေါသတွေကို မကောင်းဆိုးဝါးတွေရဲ့ သွေးနဲ့ ငြှိမ်းပစ်လိုက်”
“မကောင်းဆိုးဝါးတွေရဲ့ အသက်နဲ့ မင်းတို့ရဲ့ ဂုဏ်ကျက်သရေကို တည်ဆောက်ကြ”
“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ရမယ်၊ သူတို့ ဘယ်လောက် သန်မာပါစေ သတ်ပစ်ရမယ်”
အမှောင်သခင်၏ စကားများကို ကြားပြီးနောက် နတ်ဆိုးတို့၏ သွေးများက မခံမရပ်နိုင်ဖြစ်ကာ ပွက်ပွက်ဆူလာသည်။ သူတို့၏ ကြမ်းကြုတ်သော စိတ်ဆန္ဒတို့အား မဖုံးထားနိုင်ကြတော့။
လူသတ်စက်များကဲ့သို့ အလောင်းများဖြင့်သာ သူတို့၏ နတ်ဆိုး ဂုဏ်ကျက်သရေကို တည်ဆောက် နိုင်မည်။
ထောင်သောင်းနှင့်ချီသော လူများက ချက်ချင်း သူတို့၏ ဓားများကို ဝင့်ကာ ဒေါသတကြီး ဟစ်ကြွေးလာကြသည်။
“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကိုသေရမယ်”
“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကိုသေရမယ်”
“နတ်ဆိုးတွေကို ရန်စရဲတဲ့ ဘယ်သူမဆို ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သေကိုသေရမယ်”
ထိုစဉ် ဂျွတ်ခနဲ အသံနှင့်အတူ ကိုးဆင့်သွေးဝင်္ကပါသည် ဧကရာဇ်အဆင့် မကောင်းဆိုးဝါးနှင့် နတ်ဘုရားအဆင့် နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ကျိုးပျက်သွားလေတော့သည်။
ဂါး!
ချက်ချင်းဆိုသလို သားရဲများ၏ ဟိန်းဟောက်သံများကို သူတို့ ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါး စစ်တပ်ကြီးက ဒီရေကဲ့သို့ စီးဝင်လာသည်။
မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါလိမ့်။
သို့သော် ကျန်းရှီမြို့မှ နတ်ဆိုးများသည် မကောင်းဆိုးဝါးများကို လုံးဝ မကြောက်ကြ၊ သူတို့အားလုံးက သူတို့၏ အပြင်းထန်ဆုံး ခွန်အားများကိုသာ ထုတ်ဖော်ထားကြသည်။
“သတ်”
ကြုံးဝါးသံနှင့်အတူ အမှောင်သခင်၊ သံလက် ဝံပုလွေရိုင်း၊ အမှောင်ဂိုဏ်းချုပ်နှင့် မိုရို သွေးစွန်းတစ္ဆေတို့အားလုံးက ရှေ့သို့ ပြေးတက်လာကြပြီး သူတို့နောက်မှ မိစ္ဆာ ဝိညာဉ်ရို်ငး၊ အရှင်ဝူနှင့် ထိပ်ပြောင်အားဆန်တို့ လိုက်ပါလာသည်။
ထောင်သောင်းနှင့်ချီသော နတ်ဆိုးများလည်း လိုက်ပါလာကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
လူသတ်ပွဲကြီး စတင်လေပြီ။ တိုက်ပွဲကား သေခြင်းရှင်ခြင်း အခြေအနေပင်။
သွေးများနှင့် ဒေါသတကြီး တိုက်ခိုက်ကြသော တိုက်ပွဲပင်။
သားရဲများ၏ ဦးခေါင်းများက တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။ နတ်ဆိုးများ တစ်ယောက်ပြီးတစ်ယောက် ဆွဲဖြဲခံလိုက်ရသည်။ ချင်းချင်းနီနေသော သွေးများက ကျန်းရှီမြို့၏ မြေကြီး၌ စွန်းထင်းလို့နေသည်။
ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားများနှင့် လူနှစ်ယောက်က အဆောက်အဦးထိပ်၌ ငြိမ်သက်စွာ ရပ်နေကြသည်။
“ဟီးဟီး … ကျန်းရှီမြို့တော့ အဆုံးသတ်ပြီပဲ။ ကောင်းလိုက်တဲ့ အကြံပဲ အစ်ကိုဟွမ်ဖူရာ”
စစ်မာချန်ဖုန်းက အားပါးတရ ပြုံးရယ်ရင်း ဟွမ်ဖူရွှမ်အား အထင်ကြီးစွာ ပြောလိုက်သည်။
ကိုးဆင့်သွေးဝင်္ကပါအား ထိုးဖောက်နိုင်ရန် ခေါင်းကိုးလုံး စပါးကြီးမြွေအား ကူညီလိုက်သည့်သူများက စစ်မာချန်ဖုန်းနှင့် ဟွမ်ဖူရွှမ်တို့ပင်။
သူ့စကားကြောင့် ဟွမ်ဖူရွှမ်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ဟမ့်၊ ဒါ အစပဲရှိသေးတယ်။ ကျုပ်တို့ ကျန်းရှီတစ်မြို့လုံးကို ရှင်းလင်းပြီးသွားတဲ့အခါကြရင် ကျုပ်တို့ တစ်ကမ္ဘာလုံးကို ထိတ်လန့်အောင် လုပ်နိုင်တော့မှာ”
“ငါတို့ အစီအစဉ်က အောင်မြင်သွားရင် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်က သူ့ဂုဏ်သတင်းကို ဆုံးရှုံးရလိမ့်မယ်၊ ဒါဆို ငါတို့ သူ့ကို သတ်ဖို့ အရမ်းလွယ်သွားလိမ့်မယ်”
ဟွမ်ဖူရွှမ်က ယုံကြည်မှုရှိဟန်ဖြင့် ပြုံး၍ ပြောလိုက်သည်။ သို့သော် သူ တစ်ဘက်လှည့်၍ အောက်မှ အခြေအနေကို စူးစမ်းလိုက်ချိန်၌ သူ အလွန် အံ့ဩသွားရသည်။
“ဒါ … လုံးဝကို မဖြစ်နိုင်ဘူး”
ဟွမ်ဖူရွှမ်က မယုံနိုင်ဖွယ် တစ်ခုခုကို မြင်လိုက်ရသလို ဖြစ်သွားသည်။ စစ်မာချန်ဖုန်း တစ်ဒင်္ဂမျှ မှင်တက်သွားခဲ့သည်။ ထို့နောက် စစ်တလင်းသို့ သူ လှမ်းကြည့်လိုက်သည်။ သူသည်လည်း ထိတ်လန့်သွားရသည်။
လူသတ်ပွဲပါတကား။ ဒါ တစ်ဘက်သတ် လူသတ်ပွဲတော်မျိုးပင်။
လူသားများက သားရဲများက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် သတ်ဖြတ်နေကြသည်။ ကျန်းရှီ သိုင်းပညာရှင်တစ်ယောက်ချင်းစီ သားရဲများက နတ်မင်းများကဲ့သို့ ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
သွေးများကြောင့် သူတို့တစ်ကိုယ်လုံး နီရဲနေပြီး သူတို့အား ငရဲမှ တက်လာသော နတ်ဆိုးများနှင့် ပိုတူသွားစေသည်။
ထိုသို့သော အချိန်တွင် သူတို့သည် သေရမည်ကို မကြောက်ကြပေ။ သူတို့၏ ရူးသွပ်မှုက အခြားသူများက ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ရာနှင့်ချီသော သားရဲဘုရင်များနှင့် ထောင်သောင်းနှင့်ချီသော သားရဲစစ်သူကြီးများ အသတ်ခံလိုက်ရသည်။
လူအုပ်ထဲတွင် သားရဲဧကရာဇ် ခြောက်ကောင်အား မိစ္ဆာ ဝိညာဉ်ရိုင်း၊ အရှင်ဝူနှင့် ထိပ်ပြောင်အားဆန်တို့က ပိတ်ဆို့ထားပြီး သူတို့သုံးယောက်လုံးသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။
သူတို့အားလုံး သေခြင်းရှင်ခြင်း တိုက်ပွဲများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသည်။ သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့်များ ဖြစ်သော်လည်း သူတို့၏ တိုက်ပွဲဝင်ခွန်အားများက သာမန် နတ်ဘုရားများထက် ပို၍ သာလွန်သည်။
ဝှစ်!
ငါးမန်ဧကရာဇ်က မိစ္ဆာ ဝိညာဉ်ရိုင်းထံသို့ ပြေးဝင်လာသည်။ နောက်ထပ် သားရဲဧကရာဇ်တစ်ကောင်က မိစ္ဆာဝိညာဉ်ရိုင်းအား တိုက်ခိုက်တော့မည်အချိန်တွင် သူ့ဘေးမှ ထိပ်ပြောင်အားဆန်က သူ့အား‌ မြေကြီးပေါ်၌ ပြားပြားဝပ်သွားအောင် နင်းလိုက်သည်။
ဝှစ်!
ထို့နောက် ထိပ်ပြောင်အားဆန်က သူ့ခေါင်းအား တစ်စစီဖြစ်အောင် ထိုးနှက်လိုက်သည်။
အခြားသူများ၏ ဘေးရှိ အရှင်ဝူသည်လည်း ရှေးဟောင်း နတ်ဘုရားများကဲ့သို့ တိုက်ခိုက်နေကာ ရေဘဝဲဧကရာဇ်အား ဆွဲဖြဲလိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် သုံးယောက်က သားရဲဧကရာဇ် သုံးယောက်ကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်လိုက်ကြသည်။
ဤမြင်ကွင်းကြောင့် ကျန်ရှိနေသော သားရဲဧကရာဇ်သုံးကောင်လုံး သေမတတ် ကြောက်လန့် သွားကြသည်။
တိုက်ပွဲအလယ်၌ အမှောင်သခင်၊ သံလက် ဝံပုလွေရိုင်း၊ မိုရို သွေးစွန်းတစ္ဆေနှင့် အမှောင်ဂိုဏ်းချုပ်တို့သည် ခေါင်းကိုးလုံး မှော်ဝင် စပါးကြီးမြွေအား အားကုန်ထုတ်၍ တိုက်ခိုက် နေကြသည်။
သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်း…
လေးယောက်လုံး၏ မျက်လုံးများက ရဲရဲနီနေသည်။ ခေါင်းကိုးလုံး မှော်ဝင်စပါးကြီးမြွေ၏ ခန္ဓာကိုယ်သည်လည်း ဆိုးရွားလှသော ဒဏ်ရာများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။
၎င်း၏ ခေါင်းကိုးလုံး၌ သုံးလုံးက အဖြတ်ခံလိုက်ရပြီးပြီ ဖြစ်သည်။ ၎င်းသည် အလွန် မွှန်ထူကာ တုန်ယင်နေသည်။
၎င်းသည် နတ်ဘုရားအဆင့် လေးယောက်၏ ဆိုးရွားစွာ ဖိနှိပ်ခြင်း ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“သေစမ်း”
ဤမြင်ကွင်းကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ချက်ချင်း မျက်နှာပျက်ယွင်းသွားကြသည်။
“ဒီအူကြောင်ကြောင်ကောင်တွေက ဘာတွေလဲကွာ”
နှစ်ယောက်စလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
“ငါတို့ ဒီ့ထက်ပိုစောင့်နေလို့ မရတော့ဘူး။ ငါတို့ သူတို့ကို ကိုယ်တိုင် သွားသတ်မှ ဖြစ်တော့မယ်”
တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သိုင်းပညာရှင်နှစ်ယောက်လုံး ပြင်းထန်သော လူသတ်လိုစိတ်များ ထုတ်ဖော်လိုက်သည်။
ထို့နောက် သူတို့သည် ကျန်းရှီ နတ်ဆိုးများထံသို့ ပြေးဝင်သွားကြသည်။
#Zawgyi
စာစဥ္ (24) CHAPTER (355) က်န္းရွီၿမိဳ႕ရွိ ေသြးထြက္သံယို တိုက္ပြဲတစ္ပြဲ
က်န္းရွီၿမိဳ႕၌။
ၿမိဳ႕တစ္ခုလုံး၌ အလြန္ ျဖဴေဖြးေသာ အလင္းတန္းမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။ သို႔ေသာ္ က်န္းရွီၿမိဳ႕ အစြန္အဖ်ား၌ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
မ်ားစြာေသာ သားရဲမ်ားက အလင္းတန္းအား လႈိင္းလုံးႀကီးမ်ားသဖြယ္ တိုက္ခိုက္ေနၾကသည္။
ေထာင္ေသာင္းႏွင့္ခ်ီေသာ သားရဲစစ္သူႀကီးမ်ား၊ သားရဲဧကရာဇ္ ေျခာက္ေကာင္၊ ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးတစ္ေကာင္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
ဤသည္မွာ ဟြာရွႏိုင္ငံ သမိုင္း၌ သို႔မဟုတ္ ကမာၻ႔သမိုင္းမွာေတာင္မွ ႐ူးခ်င္စရာအေကာင္းဆုံး သားရဲမ်ား ေရာက္ရွိလာျခင္း ျဖစ္သည္။
ထိတ္လန႔္ဖြယ္အေကာင္းဆုံး သားရဲသည္ ဧကရာဇ္အဆင့္ သားရဲ ျဖစ္သည္။ ထိုသားရဲကား ေခါင္းကိုးလုံး စပါးႀကီးေႁမြပင္။
ထိုေႁမြသည္ မီတာမ်ားစြာ ရွည္လ်ားသည္။ ၎ေခြေနလ်င္ ေတာင္တစ္လုံးလိုပင္။ ၎အား မည္းနက္ေနေသာ ေၾကးခြံမ်ားက ဖုံးအုပ္ေနၿပီး ဓား သို႔မဟုတ္ လွံႏွင့္ေတာင္မွ တိုးမေပါက္ႏိုင္ပါ။
ယခုအခ်ိန္၌ ၎၏ မႏွစ္မ်ိဳ႕ဖြယ္ေကာင္းေသာ ေခါင္းကိုးလုံးက လ်င္ျမန္စြာ လွည့္ေနသည္။ ၎၏ ႀကီးမားေသာ ေသြးသံတရဲရဲႏွင့္ ပါးစပ္ကို ဟ၍ အစြယ္မ်ားကို လွစ္ဟျပလာသျဖင့္ ျမင္ကြင္းကား အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
၎သည္ သားရဲမ်ားၾကားတြင္ ဧကရာဇ္တစ္ပါးလိုပင္။ ၎က သားရဲမ်ားအား ကိုးဆင့္ေသြးဝကၤပါကို မနားတမ္း ထိုးေဖာက္ရန္ အမိန႔္ေပးေနသည္။
သားရဲမ်ားအားလုံးသည္ အလြန္ၾကမ္းတမ္း၍ ကိုးဆင့္ေသြးဝကၤပါအား သူတို႔အသက္ကို ရင္း၍ ထိုးေဖာက္လာၾကသည္။
….
ထိုစဥ္ လူသား သိုင္းပညာရွင္မ်ားက က်န္းရွီေျမကြက္လပ္၌ တိတ္ဆိတ္စြာ ရပ္ေနၾကသည္။ သိုင္းပညာရွင္မ်ားသည္ သူတို႔၏ ရန္သူမ်ားအား ေသသည္အထိ တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနသည့္ နတ္ဆိုးစစ္တပ္မွသူမ်ားႏွင့္ ဆင္တူသည္။
“သတင္း”
ထိုစဥ္ သိုင္းပညာရွင္တစ္ေယာက္က စင္ျမင့္ေပၚသို႔ ေျပးလာၿပီး အေမွာင္သခင္ႏွင့္ ညအဖြဲ႕မွ အျခား အဓိကက်သူမ်ားအား သတင္းပို႔လာသည္။
“ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးက ကိုးဆင့္ေသြးဝကၤပါကို စၿပီး ထိုးေဖာက္ေနပါၿပီ”
ထို႔ေနာက္တြင္မူ ပို၍ပို၍ မ်ားျပားေသာ သိုင္းပညာရွင္မ်ားက သတင္းပို႔ရန္ ေရာက္ရွိလာၾကသည္။
“သတင္းပို႔ပါတယ္၊ ဝကၤပါက ေခါင္းကိုးလုံး စပါးႀကီးေႁမြကို အျပင္ကေန ပိတ္ဆို႔ထားပါတယ္။ သားရဲေတြ စီးဝင္လာတာကို တားျမစ္ထားပါတယ္”
“သတင္းပို႔ပါတယ္၊ လူသား နတ္ဘုရားအဆင့္ႏွစ္ေယာက္က ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးနဲ႔ ပူးေပါင္းၿပီး ကိုးဆင့္ေသြးဝကၤပါကို တိုက္ခိုက္ေနပါတယ္၊ ဝကၤပါက ပ်က္ဆီးခံနီးေနပါၿပီ”
*ဘာ*
သတင္းကို ၾကားလိုက္ရၿပီးေနာက္ က်န္းရွီၿမိဳ႕မွ သိုင္းပညာရွင္မ်ား ခက္ခ်င္းဆိုသလို ထိတ္လန႔္ သြားၾကသည္။
*လူသား နတ္ဘုရားအဆင့္ေတြ*
*လူသား နတ္ဘုရားအဆင့္ေတြက ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးကို ကူညီေနတယ္တဲ့လား*
….
“သူတို႔က ေရွးေဟာင္းကလန္က တကယ့္ နတ္ဘုရားေတြပဲ ျဖစ္ရမယ္”
အေမွာင္သခင္က သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ ေရ႐ြတ္လိုက္သည္။
ယဲ့ဖန္ ထြက္မသြားခင္က သူသည္ ညအဖြဲ႕သားမ်ားအား ကိုးဆင့္ေသြးဝကၤပါက ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးတစ္ေကာင္ သို႔မဟုတ္ တကယ့္ နတ္ဘုရားအဆင့္ တစ္ေယာက္အား ခုခံႏိုင္သည္ဟု ေျပာခဲ့သည္။
သို႔ေသာ္ အကယ္၍မ်ား တကယ့္နတ္ဘုရားအဆင့္ သုံးေယာက္က အတူတကြ ပူးေပါင္း၍ ဝကၤပါအား တိုက္ခိုက္မည္ဆိုလ်င္ ဝကၤပါက ၾကာၾကာခံႏိုင္မည္ မဟုတ္ေပ။
ကိုးဆင့္ေသြးဝကၤပါက အေႏွးႏွင့္အျမန္ဆိုသလို ပ်က္ဆီးေတာ့မည့္ပုံရသည္။
“အေမွာင္သခင္ က်ဳပ္တို႔ ဘာလုပ္သင့္သလဲ”
ဝံပုေလြ႐ိုင္းက ေမးလိုက္ေသာ္လည္း ညအဖြဲ႕မွ အျခားအဓိကက်သူမ်ားသည္လည္း စိတ္ဓာတ္က် ေနၾကသည္။
ေရွးေဟာင္းကလန္မ်ားက က်န္းရွီၿမိဳ႕ကို လက္စားေခ်မည္ဆိုတာကို သူတို႔ ခန႔္မွန္းမိေသာ္လည္း လူသား နတ္ဘုရားအဆင့္မ်ားက ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးႏွင့္ ပူးေပါင္းလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့ၾကပါ။
လူသားေတြအတြက္ မည္မွ် ရွက္ဖြယ္ေကာင္းလိုက္သနည္း။
သူ႔စကားကို ၾကားၿပီးေနာက္ အေမွာင္သခင္က ခက္ထန္ေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“သူတို႔က အခု ဝင္လာရဲမွေတာ့ ငါတို႔ သူတို႔ကို သတ္ပစ္ရမွာေပါ့”
ထိုသို႔ေျပာၿပီး အေမွာင္သခင္က ေရွ႕သို႔ တစ္လွမ္းတိုးလိုက္သည္။ ထို႔ေနာက္ သူက စင္ျမင့္ေအာက္မွ ေထာင္ေသာင္းႏွင့္ခ်ီေသာ သိုင္းပညာရွင္မ်ားအား မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္၍ ဟစ္ေအာ္လိုက္သည္။
“ညီအစ္ကိုတို႔၊ ငါတို႔ သခင္ႀကီးက ဒီမွာ မရွိပင္မယ့္ ရန္သူေတြက ငါတို႔ကို တိုက္ခိုက္ေနၾကတယ္။ ဒါက က်န္းရွီ နတ္ဆိုးေတြအတြက္ ငါတို႔အင္အားေတြကို ထုတ္ျပရမယ့္ အခ်ိန္ေကာင္းပဲ”
“မင္းတို႔ ဓားေတြကို ဝင့္ထားၾက”
“မင္းတို႔ရဲ႕ ေဒါသေတြကို မေကာင္းဆိုးဝါးေတြရဲ႕ ေသြးနဲ႔ ျငႇိမ္းပစ္လိုက္”
“မေကာင္းဆိုးဝါးေတြရဲ႕ အသက္နဲ႔ မင္းတို႔ရဲ႕ ဂုဏ္က်က္သေရကို တည္ေဆာက္ၾက”
“နတ္ဆိုးေတြကို ရန္စရဲတဲ့ ဘယ္သူ႔ကိုမဆို သတ္ပစ္ရမယ္၊ သူတို႔ ဘယ္ေလာက္ သန္မာပါေစ သတ္ပစ္ရမယ္”
အေမွာင္သခင္၏ စကားမ်ားကို ၾကားၿပီးေနာက္ နတ္ဆိုးတို႔၏ ေသြးမ်ားက မခံမရပ္ႏိုင္ျဖစ္ကာ ပြက္ပြက္ဆူလာသည္။ သူတို႔၏ ၾကမ္းၾကဳတ္ေသာ စိတ္ဆႏၵတို႔အား မဖုံးထားႏိုင္ၾကေတာ့။
လူသတ္စက္မ်ားကဲ့သို႔ အေလာင္းမ်ားျဖင့္သာ သူတို႔၏ နတ္ဆိုး ဂုဏ္က်က္သေရကို တည္ေဆာက္ ႏိုင္မည္။
ေထာင္ေသာင္းႏွင့္ခ်ီေသာ လူမ်ားက ခ်က္ခ်င္း သူတို႔၏ ဓားမ်ားကို ဝင့္ကာ ေဒါသတႀကီး ဟစ္ေႂကြးလာၾကသည္။
“နတ္ဆိုးေတြကို ရန္စရဲတဲ့ ဘယ္သူမဆို ဘယ္ေလာက္ပဲ အင္အားႀကီးေနပါေစ ေသကိုေသရမယ္”
“နတ္ဆိုးေတြကို ရန္စရဲတဲ့ ဘယ္သူမဆို ဘယ္ေလာက္ပဲ အင္အားႀကီးေနပါေစ ေသကိုေသရမယ္”
“နတ္ဆိုးေတြကို ရန္စရဲတဲ့ ဘယ္သူမဆို ဘယ္ေလာက္ပဲ အင္အားႀကီးေနပါေစ ေသကိုေသရမယ္”
ထိုစဥ္ ဂြၽတ္ခနဲ အသံႏွင့္အတူ ကိုးဆင့္ေသြးဝကၤပါသည္ ဧကရာဇ္အဆင့္ မေကာင္းဆိုးဝါးႏွင့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္၏ တိုက္ခိုက္မႈေၾကာင့္ က်ိဳးပ်က္သြားေလေတာ့သည္။
ဂါး!
ခ်က္ခ်င္းဆိုသလို သားရဲမ်ား၏ ဟိန္းေဟာက္သံမ်ားကို သူတို႔ ၾကားလိုက္ရသည္။ တစ္ခ်ိန္တည္းမွာပင္ မေကာင္းဆိုးဝါး စစ္တပ္ႀကီးက ဒီေရကဲ့သို႔ စီးဝင္လာသည္။
မည္မွ် ထိတ္လန႔္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါလိမ့္။
သို႔ေသာ္ က်န္းရွီၿမိဳ႕မွ နတ္ဆိုးမ်ားသည္ မေကာင္းဆိုးဝါးမ်ားကို လုံးဝ မေၾကာက္ၾက၊ သူတို႔အားလုံးက သူတို႔၏ အျပင္းထန္ဆုံး ခြန္အားမ်ားကိုသာ ထုတ္ေဖာ္ထားၾကသည္။
“သတ္”
ႀကဳံးဝါးသံႏွင့္အတူ အေမွာင္သခင္၊ သံလက္ ဝံပုေလြ႐ိုင္း၊ အေမွာင္ဂိုဏ္းခ်ဳပ္ႏွင့္ မို႐ို ေသြးစြန္းတေစၦတို႔အားလုံးက ေရွ႕သို႔ ေျပးတက္လာၾကၿပီး သူတို႔ေနာက္မွ မိစာၦ ဝိညာဥ္႐ို္ငး၊ အရွင္ဝူႏွင့္ ထိပ္ေျပာင္အားဆန္တို႔ လိုက္ပါလာသည္။
ေထာင္ေသာင္းႏွင့္ခ်ီေသာ နတ္ဆိုးမ်ားလည္း လိုက္ပါလာၾကသည္။
ဝွစ္! ဝွစ္! ဝွစ္!
လူသတ္ပြဲႀကီး စတင္ေလၿပီ။ တိုက္ပြဲကား ေသျခင္းရွင္ျခင္း အေျခအေနပင္။
ေသြးမ်ားႏွင့္ ေဒါသတႀကီး တိုက္ခိုက္ၾကေသာ တိုက္ပြဲပင္။
သားရဲမ်ား၏ ဦးေခါင္းမ်ားက တစ္ခုၿပီးတစ္ခု ျပဳတ္က်လာသည္။ နတ္ဆိုးမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ဆြဲၿဖဲခံလိုက္ရသည္။ ခ်င္းခ်င္းနီေနေသာ ေသြးမ်ားက က်န္းရွီၿမိဳ႕၏ ေျမႀကီး၌ စြန္းထင္းလို႔ေနသည္။
ထိုစဥ္ ထိတ္လန႔္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ ခြန္အားမ်ားႏွင့္ လူႏွစ္ေယာက္က အေဆာက္အဦးထိပ္၌ ၿငိမ္သက္စြာ ရပ္ေနၾကသည္။
“ဟီးဟီး … က်န္းရွီၿမိဳ႕ေတာ့ အဆုံးသတ္ၿပီပဲ။ ေကာင္းလိုက္တဲ့ အႀကံပဲ အစ္ကိုဟြမ္ဖူရာ”
စစ္မာခ်န္ဖုန္းက အားပါးတရ ၿပဳံးရယ္ရင္း ဟြမ္ဖူ႐ႊမ္အား အထင္ႀကီးစြာ ေျပာလိုက္သည္။
ကိုးဆင့္ေသြးဝကၤပါအား ထိုးေဖာက္ႏိုင္ရန္ ေခါင္းကိုးလုံး စပါးႀကီးေႁမြအား ကူညီလိုက္သည့္သူမ်ားက စစ္မာခ်န္ဖုန္းႏွင့္ ဟြမ္ဖူ႐ႊမ္တို႔ပင္။
သူ႔စကားေၾကာင့္ ဟြမ္ဖူ႐ႊမ္က ၿပဳံး၍ ျပန္ေျပာလိုက္သည္။
“ဟမ့္၊ ဒါ အစပဲရွိေသးတယ္။ က်ဳပ္တို႔ က်န္းရွီတစ္ၿမိဳ႕လုံးကို ရွင္းလင္းၿပီးသြားတဲ့အခါၾကရင္ က်ဳပ္တို႔ တစ္ကမာၻလုံးကို ထိတ္လန႔္ေအာင္ လုပ္ႏိုင္ေတာ့မွာ”
“ငါတို႔ အစီအစဥ္က ေအာင္ျမင္သြားရင္ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ ယဲ့ဖန္က သူ႔ဂုဏ္သတင္းကို ဆုံးရႈံးရလိမ့္မယ္၊ ဒါဆို ငါတို႔ သူ႔ကို သတ္ဖို႔ အရမ္းလြယ္သြားလိမ့္မယ္”
ဟြမ္ဖူ႐ႊမ္က ယုံၾကည္မႈရွိဟန္ျဖင့္ ၿပဳံး၍ ေျပာလိုက္သည္။ သို႔ေသာ္ သူ တစ္ဘက္လွည့္၍ ေအာက္မွ အေျခအေနကို စူးစမ္းလိုက္ခ်ိန္၌ သူ အလြန္ အံ့ဩသြားရသည္။
“ဒါ … လုံးဝကို မျဖစ္ႏိုင္ဘူး”
ဟြမ္ဖူ႐ႊမ္က မယုံႏိုင္ဖြယ္ တစ္ခုခုကို ျမင္လိုက္ရသလို ျဖစ္သြားသည္။ စစ္မာခ်န္ဖုန္း တစ္ဒဂၤမွ် မွင္တက္သြားခဲ့သည္။ ထို႔ေနာက္ စစ္တလင္းသို႔ သူ လွမ္းၾကည့္လိုက္သည္။ သူသည္လည္း ထိတ္လန႔္သြားရသည္။
လူသတ္ပြဲပါတကား။ ဒါ တစ္ဘက္သတ္ လူသတ္ပြဲေတာ္မ်ိဳးပင္။
လူသားမ်ားက သားရဲမ်ားက ဖိႏွိပ္ႏိုင္ေသာ ဟန္ပန္ျဖင့္ သတ္ျဖတ္ေနၾကသည္။ က်န္းရွီ သိုင္းပညာရွင္တစ္ေယာက္ခ်င္းစီ သားရဲမ်ားက နတ္မင္းမ်ားကဲ့သို႔ ႐ူးသြပ္စြာ သတ္ျဖတ္ေနၾကသည္။
ဝွစ္! ဝွစ္! ဝွစ္!
ေသြးမ်ားေၾကာင့္ သူတို႔တစ္ကိုယ္လုံး နီရဲေနၿပီး သူတို႔အား ငရဲမွ တက္လာေသာ နတ္ဆိုးမ်ားႏွင့္ ပိုတူသြားေစသည္။
ထိုသို႔ေသာ အခ်ိန္တြင္ သူတို႔သည္ ေသရမည္ကို မေၾကာက္ၾကေပ။ သူတို႔၏ ႐ူးသြပ္မႈက အျခားသူမ်ားက ေၾကာက္လန႔္ကာ တုန္လႈပ္သြားေစသည္။
မ်က္ေတာင္ တစ္ခတ္အတြင္းမွာပင္ ရာႏွင့္ခ်ီေသာ သားရဲဘုရင္မ်ားႏွင့္ ေထာင္ေသာင္းႏွင့္ခ်ီေသာ သားရဲစစ္သူႀကီးမ်ား အသတ္ခံလိုက္ရသည္။
လူအုပ္ထဲတြင္ သားရဲဧကရာဇ္ ေျခာက္ေကာင္အား မိစာၦ ဝိညာဥ္႐ိုင္း၊ အရွင္ဝူႏွင့္ ထိပ္ေျပာင္အားဆန္တို႔က ပိတ္ဆို႔ထားၿပီး သူတို႔သုံးေယာက္လုံးသည္ အလြန္ ထိတ္လန႔္ဖြယ္ ေကာင္းလွသည္။
သူတို႔အားလုံး ေသျခင္းရွင္ျခင္း တိုက္ပြဲမ်ားကို အႀကိမ္ေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ဖူးသည္။ သူတို႔သည္ နတ္ဘုရားတစ္ပိုင္းအဆင့္မ်ား ျဖစ္ေသာ္လည္း သူတို႔၏ တိုက္ပြဲဝင္ခြန္အားမ်ားက သာမန္ နတ္ဘုရားမ်ားထက္ ပို၍ သာလြန္သည္။
ဝွစ္!
ငါးမန္ဧကရာဇ္က မိစာၦ ဝိညာဥ္႐ိုင္းထံသို႔ ေျပးဝင္လာသည္။ ေနာက္ထပ္ သားရဲဧကရာဇ္တစ္ေကာင္က မိစာၦဝိညာဥ္႐ိုင္းအား တိုက္ခိုက္ေတာ့မည္အခ်ိန္တြင္ သူ႔ေဘးမွ ထိပ္ေျပာင္အားဆန္က သူ႔အား ေျမႀကီးေပၚ၌ ျပားျပားဝပ္သြားေအာင္ နင္းလိုက္သည္။
ဝွစ္!
ထို႔ေနာက္ ထိပ္ေျပာင္အားဆန္က သူ႔ေခါင္းအား တစ္စစီျဖစ္ေအာင္ ထိုးႏွက္လိုက္သည္။
အျခားသူမ်ား၏ ေဘးရွိ အရွင္ဝူသည္လည္း ေရွးေဟာင္း နတ္ဘုရားမ်ားကဲ့သို႔ တိုက္ခိုက္ေနကာ ေရဘဝဲဧကရာဇ္အား ဆြဲၿဖဲလိုက္သည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
နတ္ဘုရားတစ္ပိုင္းအဆင့္ သုံးေယာက္က သားရဲဧကရာဇ္ သုံးေယာက္ကို မ်က္စိတစ္မွိတ္အတြင္း သတ္ျဖတ္ပစ္လိုက္ၾကသည္။
ဤျမင္ကြင္းေၾကာင့္ က်န္ရွိေနေသာ သားရဲဧကရာဇ္သုံးေကာင္လုံး ေသမတတ္ ေၾကာက္လန႔္ သြားၾကသည္။
တိုက္ပြဲအလယ္၌ အေမွာင္သခင္၊ သံလက္ ဝံပုေလြ႐ိုင္း၊ မို႐ို ေသြးစြန္းတေစၦႏွင့္ အေမွာင္ဂိုဏ္းခ်ဳပ္တို႔သည္ ေခါင္းကိုးလုံး ေမွာ္ဝင္ စပါးႀကီးေႁမြအား အားကုန္ထုတ္၍ တိုက္ခိုက္ ေနၾကသည္။
သတ္ျဖတ္ျခင္း၊ သတ္ျဖတ္ျခင္း၊ သတ္ျဖတ္ျခင္း…
ေလးေယာက္လုံး၏ မ်က္လုံးမ်ားက ရဲရဲနီေနသည္။ ေခါင္းကိုးလုံး ေမွာ္ဝင္စပါးႀကီးေႁမြ၏ ခႏၶာကိုယ္သည္လည္း ဆိုး႐ြားလွေသာ ဒဏ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီ ျဖစ္သည္။
၎၏ ေခါင္းကိုးလုံး၌ သုံးလုံးက အျဖတ္ခံလိုက္ရၿပီးၿပီ ျဖစ္သည္။ ၎သည္ အလြန္ မႊန္ထူကာ တုန္ယင္ေနသည္။
၎သည္ နတ္ဘုရားအဆင့္ ေလးေယာက္၏ ဆိုး႐ြားစြာ ဖိႏွိပ္ျခင္း ခံရလိမ့္မည္ဟု လုံးဝ ထင္မွတ္မထားခဲ့မိပါ။
“ေသစမ္း”
ဤျမင္ကြင္းေၾကာင့္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ခ်က္ခ်င္း မ်က္ႏွာပ်က္ယြင္းသြားၾကသည္။
“ဒီအူေၾကာင္ေၾကာင္ေကာင္ေတြက ဘာေတြလဲကြာ”
ႏွစ္ေယာက္စလုံး ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
“ငါတို႔ ဒီ့ထက္ပိုေစာင့္ေနလို႔ မရေတာ့ဘူး။ ငါတို႔ သူတို႔ကို ကိုယ္တိုင္ သြားသတ္မွ ျဖစ္ေတာ့မယ္”
တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္ခ်င္း ဖလွယ္လိုက္ၿပီးေနာက္ သိုင္းပညာရွင္ႏွစ္ေယာက္လုံး ျပင္းထန္ေသာ လူသတ္လိုစိတ္မ်ား ထုတ္ေဖာ္လိုက္သည္။
ထို႔ေနာက္ သူတို႔သည္ က်န္းရွီ နတ္ဆိုးမ်ားထံသို႔ ေျပးဝင္သြားၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now