Chapter 371

996 105 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (371) ခင်ဗျား ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ

*ငါက နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေကို သတ်ခဲ့တယ်*
*ငါက … နတ်ဆိုးတစ်ကောင်ပဲ*
ယဲ့ဖန်၏ စကားများကို ကြားပြီးနောက် ခေလန်သည် ခေါင်းပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
ကမ္ဘာခြား သိုင်းပညာရှင်များကြားတွင် နတ်ဆိုးများသည် မေ့လျော့ခံ ဖြစ်နေသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။
ယခုအခါသည် စကြဝဠာထဲတွင် နတ်ဘုရား၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများ၏ ရွှေရောင်ခေတ် ဖြစ်သည်။
နတ်ဆိုးများသည် ကွယ်ပျောက် တိမ်ကောသွားပြီ ဖြစ်သည်။
သို့သော် ယခုအခါတွင် နတ်ဆိုးများအား ဤအရေးမပါလှသော ကမ္ဘာဂြိုဟ်၌ နတ်ဆိုးများအား ရှာဖွေတွေ့ရှိလာသည်။
ထို့ပြင် ခေလန်သည် ယဲ့ဖန်၏ မျက်နှာကို စိုက်ကြည့်ရင်း သူ့အတွေးထဲ၌ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို ပြန်အမှတ်ရသွားသည်။
လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာ အချိန်အခါတုန်းက သူသည် ဂရေးကလန်၏ တိုက်ရိုက်မျိုးဆက်များအား ကာကွယ်ရန် တာဝန်ယူရသည့် ကမ္ဘာခြားမုဆိုး လက်သစ်ပေါက်စလေး ဖြစ်သည်။
တစ်နေ့တွင် ဂရေးကလန်၏ သခင်ကြီးက တစ်စက္ကန့်စာ မှတ်တမ်းတင် ဗွီဒီယိုကို ဈေးကြီးပေး၍ ဝယ်ယူခဲ့ပြီး ကလန်တစ်ခုလုံး၏ တိုက်ရိုက်မျိုးဆက်များအား ဆင့်ခေါ်၍ ကြည့်စေခဲ့သည်။
ကာကွယ်စောင့်ရှောက်သူ ဖြစ်သော ခေလန်သည်လည်း ထိုမှတ်တမ်း ဗွီဒီယိုကို ကြည့်ခွင့်ရခဲ့၏။
သို့သော် ထိုဗွီဒီယို အတိုလေးက သူ့တစ်ဘဝလုံးကို လွှမ်းမိုးသွားခဲ့သည်။
ထိုဗွီဒီယိုထဲရှိ အနက်ရောင် ဝတ်စုံနှင့် ယောကျ်ားတစ်ယောက်သည် နတ်ဆိုးအရှင်သခင်ကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည်။
သူ၏ ရန်ဘက်သည် ဖိနှိပ်နိုင်သော ချီဓာတ်ရှိသည့် ထိပ်တန်း မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည်။
သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့်လူက ထိပ်တန်းမကောင်းဆိုးဝါးအား တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။
မည်သူမျှ လှုပ်ရှားမှုကို သေချာမမြင်လိုက်ရသလို သူ၏ လက်နက်ကိုလည်း သေချာမမြင်လိုက်နိုင်ချေ။
သူတို့မြင်လိုက်တာဟူ၍ အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးက သူ့လက်ဖဝါးမှနေ၍ အလင်းရောင် တစ်ချက် ထုတ်လွှတ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။
ထို့နောက်တွင်မူ ထိပ်တန်း မကောင်းဆိုးဝါး၏ ဦးခေါင်းသည် လေထဲသို့ လွင့်ပျံသွားသည်။
ထိုဖြစ်စဉ်တစ်ခုလုံးသည် တစ်က္ကန့်မျှတောင် မကြာလိုက်ပေ။
ထိပ်တန်းမကောင်းဆိုးဝါး၏ သွေးသံတရဲရဲနှင့် ဦးခေါင်းကို ခေလန် ရှင်းလင်းစွာ မှတ်မိနေသည်။ ထိုအချိန်က ခေလန်သာမက ဂရေးကလန်၏ ကလန်သားများအားလုံး ထိုဗွီဒီယိုအတိုလေးကြောင့် ထိတ်လန့်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားရှိသည့် ထိပ်တန်းမကောင်းဆိုးဝါးအား လွယ်လင့်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ပါ။
ထိုအချိန်တုန်းက ခေလန်သည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာတစ်ခြမ်းကိုသာ မြင်ခဲ့ရသည်။
ထိုဗွီဒီယိုအတိုလေးအား ကြည့်ပြီးနောက် ထိုအနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် စကြဝဠာထဲတွင် အင်အားအကြီးမားဆုံး နတ်ဆိုးဧကရာဇ် ဖြစ်သည်ကို ခေလန် သိခဲ့ရသည်။
ယဲ့ဖန်၏ ပုံရိပ်သည် ခေလန်၏ မှတ်ဉာဏ်ထဲရှိ အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာတစ်ခြမ်းနှင့် တဖြည်းဖြည်း တစ်ထပ်တည်း ကျလာသည်။
စက္ကန့်ပိုင်းမျှအကြာတွင် ခေလန်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်လို့လာသည်။
ကြောက်စိတ်ကြောင့် သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားမလား မှတ်ယူရသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ မဖြစ်နိုင်ပါဘူး”
ခေလန်သည် ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေရင်း အသိစိတ် လွတ်လုနီးပါး ဖြစ်လာရသည်။
ဤမြင်ကွင်းကြောင့် အခြားသူများ အလွန် ထိတ်လန့်သွားကြသည်။
ခေလန်ဘာကို သိသွားသလဲဆိုတာကို မည်သူမျှ မသိကြပါ။ နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ထိတ်လန့်နိုင်ရတာပါလိမ့်။
သူတောင်းစားအိုကြီးသည် ခေလန်၏ အပြုအမူကို ကြည့်လိုက်ပြီးနောက် ယဲ့ဖန်အား လှမ်းကြည့်လိုက်မိသည်၊ ထို့နောက် သူ ကြောက်ရွံ့ထိတ်လန့်သွားသည်။
“ကြောက်စရာအကောင်းဆုံး တိုက်ဆိုင်မှုပါလား။ ဒါက … တကယ်ပဲ သူ ဖြစ်နေတာကိုး”
ကမ္ဘာပျက်မယ့်နေ့နှင့် ပတ်သက်၍ ကမ္ဘာ စောင့်ရှောက်သူ၏ ဟောကိန်းအရ ပါရမီရှင် တစ်ယောက်နှင့် ကြောက်စရာ အကောင်းဆုံး ထိတ်လန့်မှုတစ်ခု ရှိလာလိမ့်မည်ဟု ဆိုထားသည်။
ထိုတိုက်ဆိုင်မှု ဖြစ်ပေါ်လာပြီးလျင် အရာအားလုံး ပြောင်းလဲလာလိမ့်မည်ဟု ဟောကိန်း ထုတ်ထားသည်။
“အရှင်ခေလန်၊ ခင်ဗျား ဘာဖြစ်နေတာလဲ။ သူ့ကို သတ်လိုက်လေ။ သူက ခင်ဗျားရဲ့ လက်အောက်ငယ်သား အယောက်နှစ်ဆယ်ကို သတ်ခဲ့တာ”
ထိုအချိန်တွင် ကောင်းကင်အလင်းသခင်က ခေလန်ကို အရူးအမူး ပြောဆိုလာသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ကောင်းကင်အလင်းသခင်သည် မကောင်းသော နိမိတ်ကို ခံစားမိနေပြီး ခေါင်းမွေးထောင်လာသလို ဖြစ်လာရသည်။
သို့သော် ခေလန်က ကောင်းကင်အလင်းသခင်၏ ပြောဆိုမှုများကို လျစ်လျူရှုထားသည်။
သူက ယဲ့ဖန်ကိုသာ ဆက်၍ ကြည့်နေပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား … ခင်ဗျားက တကယ်ပဲ အဲ့လူလား”
ခေလန်၏ အမေးကြောင့် ယဲ့ဖန်က တိတ်ဆိတ်စွာ ပြုံးပြုလိုက်သည်။
သူ မည်သို့မျှ ပြန်မဖြေပါ။ ထိုအစား သူက ခေလန်ဆီသို့ တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း လှမ်းလာသည်။
ထိုစဉ် အနက်ရောင် ချီဓာတ်များက ယဲ့ဖန်၏ ဘေးပတ်လည်၌ ပေါ်ပေါက်လာပြီး သူ့အား ငရဲမှ နတ်ဆိုးတစ်ကောင်သဖွယ် ထင်မြင်မိစေသည်။
*ဟုတ်နေတာပဲ*
အဆက်မပြတ် တိုးပွားလာသော နတ်ဆိုးချီဓာတ်များကို ကြည့်ပြီး ခေလန် ကြက်သီးတဖြန်းဖြန်း ထလာသည်။
ဗွီဒီယိုထဲရှိ အနက်ရောင်ဝတ်စုံနှင့်လူသည်လည်း ယခုကဲ့သို့ တစ်ထပ်တည်း တူညီလှသည့် ချီဓာတ်များဖြင့် ဝန်းရံလျက် ရှိနေခဲ့သည်။
*သူက တကယ်ပဲ့ အဲ့လူပါလား*
ခေလန်သည် ခြေမခိုင်သလို ဖြစ်လာကာ လေထဲ၌ ဒူးထောက်လိုက်သည်။
“အရှင်မင်းမြတ် … အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ခင်ဗျား အသက်ရှင်နေသေးမှန်း ကျွန်တော် မသိခဲ့လို့ပါ။ ခင်ဗျားကို ရန်မစိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
….
လူသား သိုင်းပညာရှင်များသည် ထိတ်လန့်စိတ်ကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။
တောင်တစ်ခုလုံးကိုပင် လက်ဖဝါးချက် တစ်ချက်ဖြင့် ပျက်စီးသွားအောင် လုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ လူတိုင်းအား စိတ်ဓာတ်ကျ၍ ကြောက်လန့်စေခဲ့သော နတ်ဘုရား သေနာပတိအဆင့်ဖြစ်သူ ခေလန်က ယဲ့ဖန်ရှေ့ ကြောက်လန့်တကြားနှင့် တုန်ယင်စွာ ဒူးထောက်နေသည်တဲ့လား။
*ဒါ မဖြစ်နိုင်ဘူးလေ*
အခြားသူများအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
သူတောင်းစားအိုကြီး၊ လင်းဒီလော့ဖ်၊ တထာဂတနှင့် နဂါးနက်ဘုရင်မတို့အားလုံးတောင်မှ မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်နေကြသည်။
အထိတ်လန့်ဆုံးသူကား ကောင်းကင်အလင်းသခင်ပင်။
ကောင်းကင်အလင်းသခင် ဒယိမ်းဒယိုင် ဖြစ်သွားကာ မောပန်းနေသော ဟန်ပန်ဖြင့် လေထဲမှ ပြုတ်ကျတော့မလို ဖြစ်လာသည်။
သူသည် ခေလန်နှင့် ယဲ့ဖန်ကို ကြည့်ရင်း သူ အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။
“မဟုတ်ဘူး၊ ဘယ်လိုလုပ် အရှင်ခေလန်က ဒီလိုနိမ့်ကျတဲ့ကောင်ဆီ အညံ့ခံမှာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး…”
ကောင်းကင်အလင်းသခင်သည် သူ့မျက်လုံးအား ထပ်ခါထပ်ခါ ပွတ်သပ်နေသည်။
ယခုအဖြစ်အပျက်များအား မယုံကြည်ရန် ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျနေမိသည်။ သို့သော် မျက်စိရှေ့မှောက် ဖြစ်ပျက်နေသော အရာများအားလုံးက အမှန်တွေပင်။
*ပြေးရမယ်*
ထိုစဉ် ကောင်းကင်အလင်းသခင်သည် ဆက်၍ တွေးတောနေရန် အချိန်မရှိတော့ပေ။
သူ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ စ၍ လှုပ်ရှားလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ခု၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
*ငါတော့ ပွဲသိမ်းပြီပဲ*
သူ့ကို ဝိုင်းထားသော နတ်ဆိုးလူသား ရှစ်ယောက်ကို ကြည့်ရင်း ကောင်းကင်အလင်းသခင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းလို့လာ၏။
“အရှင်မင်းမြတ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ထိုစဉ် ယဲ့ဖန်က လေထဲရှိ ခေလန်နားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ခေလန်သည် ထိတ်လန့်တကြား အော်ဟစ်နေရင်း လူသားတစ်ယောက်ထက် နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်လာသည်။
*မင်းကို ခွင့်လွှတ်ပေးရမယ်*
ထို့နောက် ယဲ့ဖန်က အလွန် ကြမ်းကြုတ်သော အကြည့်များဖြင့် ပြန်ပြောလိုက်သည်။
“မင်း သေကိုသေရမယ်လို့ ငါ ပြောပြီးသားပဲ”

ယဲ့ဖန်၏ စကားကြောင့် ခေလန်၏ မျက်နှာက ပြာနှမ်းလာသည်။
*မဟုတ်ဘူး*
*ငါ မသေနိုင်ဘူး*
*ငါက ဂရေးကလန်ရဲ့ ကမ္ဘာခြားမုဆိုးတွေရဲ့ ကပ္ပတိန်။ ငါတို့မှာ တောက်ပတဲ့ အနာဂတ် ရှိတယ်*
ထို့နောက် ခေလန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသော မျက်လုံးများနှင့် စစ်သင်္ဘောထံသို့ လျင်မြန်စွာ ထွက်ပြေးရန် ကြံစည်လာသည်။
သူ အဝေးသို့ ထွက်ပြေးချင်နေသည်။
နတ်ဆိုးဧကရာဇ်က စကြဝဠာထဲ၌ အသက်ရှင်နေသေးသည်ဟူသော သတင်းကို သူ ဖြန့်ချင်သည်။
သူ စစ်သင်္ဘောဆီသို့ ရောက်သည်နှင့် သူ ကမ္ဘာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးနိုင်မည် ဖြစ်သည်။
ဤနည်းဖြင့်သာ သူ့ကိုယ်သူ ကယ်တင်နိုင်မည်။
သူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ယဲ့ဖန်က ခေါင်းကိုခါ၍ အထင်သေးသလို အပြုံးနှင့် ပြောလိုက်သည်။
“ငါ မင်းကို သတ်ချင်နေရင် မင်း ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်မှာလဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က အနက်ရောင် အရိပ်များကို ထုတ်လွှတ်လိုက်သည်။ ထိုအရာကား ငရဲသား ပုရွက်ဆိတ်များပင်။
သူတို့သည် အရွယ်ရောက်လာပြီ ဖြစ်ပြီး လူတစ်ယောက်၏ လက်သီးအရွယ်အစားခန့် ကြီးမားလာပြီ ဖြစ်သည်။
သူတို့၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ချီဓာတ်က အရင်ကထက် ပိုသန်မာလာသည်။
သူတို့အား စုစည်းထားလျင် သူတို့သည် တစ်ဘက်လူအား ကြောက်လန့်စိတ်ဖြင့် ငိုမိအောင် လုပ်နိုင်လေသည်။
“သူတို့က … ဝိညာဉ်စား ပုရွက်ဆိတ်တွေပဲ”
ပုရွက်ဆိတ်များကို မြင်သည်နှင့် ခေလန် အလွန် သွေးပျက်သွားသည်။
“မလုပ်နဲ့”
စက္ကန့်ပို်ငးအတွင်းမှာပင် စူးရှလှသော အော်သံများနှင့်အတူ ခေလန်၏ ခန္ဓာကိုယ်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေတော့သည်။
#Zawgyi
စာစဥ္ (25) CHAPTER (371) ခင္ဗ်ား ဘယ္လိုလုပ္ အသက္ရွင္ေနေသးတာလဲ
*ငါက နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြ၊ မေကာင္းဆိုးဝါးေတြနဲ႔ တေစၦေတြကို သတ္ခဲ့တယ္*
*ငါက … နတ္ဆိုးတစ္ေကာင္ပဲ*
ယဲ့ဖန္၏ စကားမ်ားကို ၾကားၿပီးေနာက္ ေခလန္သည္ ေခါင္းေပါက္ကြဲေတာ့မတတ္ ျဖစ္ေနသည္။
ကမာၻျခား သိုင္းပညာရွင္မ်ားၾကားတြင္ နတ္ဆိုးမ်ားသည္ ေမ့ေလ်ာ့ခံ ျဖစ္ေနသည္မွာ အခ်ိန္ၾကာလွၿပီ ျဖစ္သည္။
ယခုအခါသည္ စၾကဝဠာထဲတြင္ နတ္ဘုရား၊ အင္ေမာ္တယ္မ်ားႏွင့္ မေကာင္းဆိုးဝါးမ်ား၏ ေ႐ႊေရာင္ေခတ္ ျဖစ္သည္။
နတ္ဆိုးမ်ားသည္ ကြယ္ေပ်ာက္ တိမ္ေကာသြားၿပီ ျဖစ္သည္။
သို႔ေသာ္ ယခုအခါတြင္ နတ္ဆိုးမ်ားအား ဤအေရးမပါလွေသာ ကမာၻၿဂိဳဟ္၌ နတ္ဆိုးမ်ားအား ရွာေဖြေတြ႕ရွိလာသည္။
ထို႔ျပင္ ေခလန္သည္ ယဲ့ဖန္၏ မ်က္ႏွာကို စိုက္ၾကည့္ရင္း သူ႔အေတြးထဲ၌ မယုံႏိုင္စရာျမင္ကြင္းတစ္ခုကို ျပန္အမွတ္ရသြားသည္။
လြန္ခဲ့သည့္ႏွစ္ရာေပါင္းမ်ားစြာ အခ်ိန္အခါတုန္းက သူသည္ ဂေရးကလန္၏ တိုက္႐ိုက္မ်ိဳးဆက္မ်ားအား ကာကြယ္ရန္ တာဝန္ယူရသည့္ ကမာၻျခားမုဆိုး လက္သစ္ေပါက္စေလး ျဖစ္သည္။
တစ္ေန႔တြင္ ဂေရးကလန္၏ သခင္ႀကီးက တစ္စကၠန႔္စာ မွတ္တမ္းတင္ ဗြီဒီယိုကို ေဈးႀကီးေပး၍ ဝယ္ယူခဲ့ၿပီး ကလန္တစ္ခုလုံး၏ တိုက္႐ိုက္မ်ိဳးဆက္မ်ားအား ဆင့္ေခၚ၍ ၾကည့္ေစခဲ့သည္။
ကာကြယ္ေစာင့္ေရွာက္သူ ျဖစ္ေသာ ေခလန္သည္လည္း ထိုမွတ္တမ္း ဗြီဒီယိုကို ၾကည့္ခြင့္ရခဲ့၏။
သို႔ေသာ္ ထိုဗြီဒီယို အတိုေလးက သူ႔တစ္ဘဝလုံးကို လႊမ္းမိုးသြားခဲ့သည္။
ထိုဗြီဒီယိုထဲရွိ အနက္ေရာင္ ဝတ္စုံႏွင့္ ေယာက်္ားတစ္ေယာက္သည္ နတ္ဆိုးအရွင္သခင္ကဲ့သို႔ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
သူ၏ ရန္ဘက္သည္ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္ရွိသည့္ ထိပ္တန္း မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္ေနသည္။
သို႔ေသာ္ ထိုအနက္ေရာင္ဝတ္စုံႏွင့္လူက ထိပ္တန္းမေကာင္းဆိုးဝါးအား တစ္ခ်က္တည္းျဖင့္ သတ္ပစ္ခဲ့သည္။
မည္သူမွ် လႈပ္ရွားမႈကို ေသခ်ာမျမင္လိုက္ရသလို သူ၏ လက္နက္ကိုလည္း ေသခ်ာမျမင္လိုက္ႏိုင္ေခ်။
သူတို႔ျမင္လိုက္တာဟူ၍ အနက္ေရာင္ဝတ္စုံႏွင့္လူငယ္ေလးက သူ႔လက္ဖဝါးမွေန၍ အလင္းေရာင္ တစ္ခ်က္ ထုတ္လႊတ္လိုက္သည္ကိုသာ ျမင္လိုက္ရသည္။
ထို႔ေနာက္တြင္မူ ထိပ္တန္း မေကာင္းဆိုးဝါး၏ ဦးေခါင္းသည္ ေလထဲသို႔ လြင့္ပ်ံသြားသည္။
ထိုျဖစ္စဥ္တစ္ခုလုံးသည္ တစ္ကၠန႔္မွ်ေတာင္ မၾကာလိုက္ေပ။
ထိပ္တန္းမေကာင္းဆိုးဝါး၏ ေသြးသံတရဲရဲႏွင့္ ဦးေခါင္းကို ေခလန္ ရွင္းလင္းစြာ မွတ္မိေနသည္။ ထိုအခ်ိန္က ေခလန္သာမက ဂေရးကလန္၏ ကလန္သားမ်ားအားလုံး ထိုဗြီဒီယိုအတိုေလးေၾကာင့္ ထိတ္လန႔္သြားၾကသည္။
အနက္ေရာင္ဝတ္စုံႏွင့္ အမ်ိဳးသားက ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ခြန္အားရွိသည့္ ထိပ္တန္းမေကာင္းဆိုးဝါးအား လြယ္လင့္တကူ သတ္ျဖတ္ႏိုင္လိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့ပါ။
ထိုအခ်ိန္တုန္းက ေခလန္သည္ အနက္ေရာင္ဝတ္စုံႏွင့္ အမ်ိဳးသား၏ မ်က္ႏွာတစ္ျခမ္းကိုသာ ျမင္ခဲ့ရသည္။
ထိုဗြီဒီယိုအတိုေလးအား ၾကည့္ၿပီးေနာက္ ထိုအနက္ေရာင္ဝတ္စုံႏွင့္ အမ်ိဳးသားသည္ စၾကဝဠာထဲတြင္ အင္အားအႀကီးမားဆုံး နတ္ဆိုးဧကရာဇ္ ျဖစ္သည္ကို ေခလန္ သိခဲ့ရသည္။
ယဲ့ဖန္၏ ပုံရိပ္သည္ ေခလန္၏ မွတ္ဉာဏ္ထဲရွိ အနက္ေရာင္ဝတ္စုံႏွင့္ အမ်ိဳးသား၏ မ်က္ႏွာတစ္ျခမ္းႏွင့္ တျဖည္းျဖည္း တစ္ထပ္တည္း က်လာသည္။
စကၠန႔္ပိုင္းမွ်အၾကာတြင္ ေခလန္သည္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသကဲ့သို႔ တုန္ယင္လို႔လာသည္။
ေၾကာက္စိတ္ေၾကာင့္ သူ႔စိတ္ဝိညာဥ္က ခႏၶာကိုယ္ထဲမွ လြင့္ထြက္သြားမလား မွတ္ယူရသည္။
“ဒါ လုံးဝ မျဖစ္ႏိုင္ဘူး။ သူ မျဖစ္ႏိုင္ပါဘူး”
ေခလန္သည္ ယဲ့ဖန္အား ထိတ္လန႔္တၾကား ၾကည့္ေနရင္း အသိစိတ္ လြတ္လုနီးပါး ျဖစ္လာရသည္။
ဤျမင္ကြင္းေၾကာင့္ အျခားသူမ်ား အလြန္ ထိတ္လန႔္သြားၾကသည္။
ေခလန္ဘာကို သိသြားသလဲဆိုတာကို မည္သူမွ် မသိၾကပါ။ နတ္ဘုရား ေသနာပတိအဆင့္ တစ္ေယာက္က ဘယ္လိုလုပ္ ဒီေလာက္ ထိတ္လန႔္ႏိုင္ရတာပါလိမ့္။
သူေတာင္းစားအိုႀကီးသည္ ေခလန္၏ အျပဳအမူကို ၾကည့္လိုက္ၿပီးေနာက္ ယဲ့ဖန္အား လွမ္းၾကည့္လိုက္မိသည္၊ ထို႔ေနာက္ သူ ေၾကာက္႐ြံ႕ထိတ္လန႔္သြားသည္။
“ေၾကာက္စရာအေကာင္းဆုံး တိုက္ဆိုင္မႈပါလား။ ဒါက … တကယ္ပဲ သူ ျဖစ္ေနတာကိုး”
ကမာၻပ်က္မယ့္ေန႔ႏွင့္ ပတ္သက္၍ ကမာၻ ေစာင့္ေရွာက္သူ၏ ေဟာကိန္းအရ ပါရမီရွင္ တစ္ေယာက္ႏွင့္ ေၾကာက္စရာ အေကာင္းဆုံး ထိတ္လန႔္မႈတစ္ခု ရွိလာလိမ့္မည္ဟု ဆိုထားသည္။
ထိုတိုက္ဆိုင္မႈ ျဖစ္ေပၚလာၿပီးလ်င္ အရာအားလုံး ေျပာင္းလဲလာလိမ့္မည္ဟု ေဟာကိန္း ထုတ္ထားသည္။
“အရွင္ေခလန္၊ ခင္ဗ်ား ဘာျဖစ္ေနတာလဲ။ သူ႔ကို သတ္လိုက္ေလ။ သူက ခင္ဗ်ားရဲ႕ လက္ေအာက္ငယ္သား အေယာက္ႏွစ္ဆယ္ကို သတ္ခဲ့တာ”
ထိုအခ်ိန္တြင္ ေကာင္းကင္အလင္းသခင္က ေခလန္ကို အ႐ူးအမူး ေျပာဆိုလာသည္။
ဘာရယ္ေၾကာင့္မွန္း မသိေသာ္လည္း ေကာင္းကင္အလင္းသခင္သည္ မေကာင္းေသာ နိမိတ္ကို ခံစားမိေနၿပီး ေခါင္းေမြးေထာင္လာသလို ျဖစ္လာရသည္။
သို႔ေသာ္ ေခလန္က ေကာင္းကင္အလင္းသခင္၏ ေျပာဆိုမႈမ်ားကို လ်စ္လ်ဴရႈထားသည္။
သူက ယဲ့ဖန္ကိုသာ ဆက္၍ ၾကည့္ေနၿပီး တုန္ယင္ေနေသာ အသံျဖင့္ ေမးလိုက္သည္။
“ခင္ဗ်ား … ခင္ဗ်ားက တကယ္ပဲ အဲ့လူလား”
ေခလန္၏ အေမးေၾကာင့္ ယဲ့ဖန္က တိတ္ဆိတ္စြာ ၿပဳံးျပဳလိုက္သည္။
သူ မည္သို႔မွ် ျပန္မေျဖပါ။ ထိုအစား သူက ေခလန္ဆီသို႔ တစ္လွမ္းခ်င္းစီ ျဖည္းျဖည္းခ်င္း လွမ္းလာသည္။
ထိုစဥ္ အနက္ေရာင္ ခ်ီဓာတ္မ်ားက ယဲ့ဖန္၏ ေဘးပတ္လည္၌ ေပၚေပါက္လာၿပီး သူ႔အား ငရဲမွ နတ္ဆိုးတစ္ေကာင္သဖြယ္ ထင္ျမင္မိေစသည္။
*ဟုတ္ေနတာပဲ*
အဆက္မျပတ္ တိုးပြားလာေသာ နတ္ဆိုးခ်ီဓာတ္မ်ားကို ၾကည့္ၿပီး ေခလန္ ၾကက္သီးတျဖန္းျဖန္း ထလာသည္။
ဗြီဒီယိုထဲရွိ အနက္ေရာင္ဝတ္စုံႏွင့္လူသည္လည္း ယခုကဲ့သို႔ တစ္ထပ္တည္း တူညီလွသည့္ ခ်ီဓာတ္မ်ားျဖင့္ ဝန္းရံလ်က္ ရွိေနခဲ့သည္။
*သူက တကယ္ပဲ့ အဲ့လူပါလား*
ေခလန္သည္ ေျခမခိုင္သလို ျဖစ္လာကာ ေလထဲ၌ ဒူးေထာက္လိုက္သည္။
“အရွင္မင္းျမတ္ … အရွင္မင္းျမတ္၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ။ ခင္ဗ်ား အသက္ရွင္ေနေသးမွန္း ကြၽန္ေတာ္ မသိခဲ့လို႔ပါ။ ခင္ဗ်ားကို ရန္မစိတဲ့အတြက္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ”
….
လူသား သိုင္းပညာရွင္မ်ားသည္ ထိတ္လန႔္စိတ္ေၾကာင့္ သတိလစ္မတတ္ ျဖစ္သြားရသည္။
ေတာင္တစ္ခုလုံးကိုပင္ လက္ဖဝါးခ်က္ တစ္ခ်က္ျဖင့္ ပ်က္စီးသြားေအာင္ လုပ္ႏိုင္ခဲ့ၿပီး ကမာၻေပၚရွိ လူတိုင္းအား စိတ္ဓာတ္က်၍ ေၾကာက္လန႔္ေစခဲ့ေသာ နတ္ဘုရား ေသနာပတိအဆင့္ျဖစ္သူ ေခလန္က ယဲ့ဖန္ေရွ႕ ေၾကာက္လန႔္တၾကားႏွင့္ တုန္ယင္စြာ ဒူးေထာက္ေနသည္တဲ့လား။
*ဒါ မျဖစ္ႏိုင္ဘူးေလ*
အျခားသူမ်ားအားလုံး ထိတ္လန႔္ေၾကာက္႐ြံ႕သြားၾကသည္။
သူေတာင္းစားအိုႀကီး၊ လင္းဒီေလာ့ဖ္၊ တထာဂတႏွင့္ နဂါးနက္ဘုရင္မတို႔အားလုံးေတာင္မွ မယုံသကၤာဟန္မ်ားျဖင့္ ျပည့္ႏွက္ေနၾကသည္။
အထိတ္လန႔္ဆုံးသူကား ေကာင္းကင္အလင္းသခင္ပင္။
ေကာင္းကင္အလင္းသခင္ ဒယိမ္းဒယိုင္ ျဖစ္သြားကာ ေမာပန္းေနေသာ ဟန္ပန္ျဖင့္ ေလထဲမွ ျပဳတ္က်ေတာ့မလို ျဖစ္လာသည္။
သူသည္ ေခလန္ႏွင့္ ယဲ့ဖန္ကို ၾကည့္ရင္း သူ အိပ္မက္မက္ေနသည္ဟု ထင္ေနမိသည္။
“မဟုတ္ဘူး၊ ဘယ္လိုလုပ္ အရွင္ေခလန္က ဒီလိုနိမ့္က်တဲ့ေကာင္ဆီ အညံ့ခံမွာလဲ။ ဒါ လုံးဝ မျဖစ္ႏိုင္ဘူး…”
ေကာင္းကင္အလင္းသခင္သည္ သူ႔မ်က္လုံးအား ထပ္ခါထပ္ခါ ပြတ္သပ္ေနသည္။
ယခုအျဖစ္အပ်က္မ်ားအား မယုံၾကည္ရန္ ကိုယ့္ကိုယ္ကိုယ္ ေဖ်ာင္းဖ်ေနမိသည္။ သို႔ေသာ္ မ်က္စိေရွ႕ေမွာက္ ျဖစ္ပ်က္ေနေသာ အရာမ်ားအားလုံးက အမွန္ေတြပင္။
*ေျပးရမယ္*
ထိုစဥ္ ေကာင္းကင္အလင္းသခင္သည္ ဆက္၍ ေတြးေတာေနရန္ အခ်ိန္မရွိေတာ့ေပ။
သူ ခ်က္ခ်င္း ေနာက္လွည့္၍ ထြက္ေျပးရန္ ျပင္လိုက္သည္။ သို႔ေသာ္ သူ စ၍ လႈပ္ရွားလိုက္သည္ႏွင့္ ေၾကာက္မက္ဖြယ္ေကာင္းေသာ လူတစ္ခု၏ ဝိုင္းဝန္းပိတ္ဆို႔ျခင္းကို ခံလိုက္ရသည္။
*ငါေတာ့ ပြဲသိမ္းၿပီပဲ*
သူ႔ကို ဝိုင္းထားေသာ နတ္ဆိုးလူသား ရွစ္ေယာက္ကို ၾကည့္ရင္း ေကာင္းကင္အလင္းသခင္၏ မ်က္ႏွာက ခ်က္ခ်င္း ျပာႏွမ္းလို႔လာ၏။
“အရွင္မင္းျမတ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ”
ထိုစဥ္ ယဲ့ဖန္က ေလထဲရွိ ေခလန္နားသို႔ ေရာက္ရွိလာၿပီ ျဖစ္သည္။
ေခလန္သည္ ထိတ္လန႔္တၾကား ေအာ္ဟစ္ေနရင္း လူသားတစ္ေယာက္ထက္ နတ္ဆိုးတစ္ေကာင္ႏွင့္ ရင္ဆိုင္ေနရသကဲ့သို႔ ထိတ္လန႔္လာသည္။
*မင္းကို ခြင့္လႊတ္ေပးရမယ္*
ထို႔ေနာက္ ယဲ့ဖန္က အလြန္ ၾကမ္းၾကဳတ္ေသာ အၾကည့္မ်ားျဖင့္ ျပန္ေျပာလိုက္သည္။
“မင္း ေသကိုေသရမယ္လို႔ ငါ ေျပာၿပီးသားပဲ”

ယဲ့ဖန္၏ စကားေၾကာင့္ ေခလန္၏ မ်က္ႏွာက ျပာႏွမ္းလာသည္။
*မဟုတ္ဘူး*
*ငါ မေသႏိုင္ဘူး*
*ငါက ဂေရးကလန္ရဲ႕ ကမာၻျခားမုဆိုးေတြရဲ႕ ကပၸတိန္။ ငါတို႔မွာ ေတာက္ပတဲ့ အနာဂတ္ ရွိတယ္*
ထို႔ေနာက္ ေခလန္သည္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေနေသာ မ်က္လုံးမ်ားႏွင့္ စစ္သေဘၤာထံသို႔ လ်င္ျမန္စြာ ထြက္ေျပးရန္ ႀကံစည္လာသည္။
သူ အေဝးသို႔ ထြက္ေျပးခ်င္ေနသည္။
နတ္ဆိုးဧကရာဇ္က စၾကဝဠာထဲ၌ အသက္ရွင္ေနေသးသည္ဟူေသာ သတင္းကို သူ ျဖန႔္ခ်င္သည္။
သူ စစ္သေဘၤာဆီသို႔ ေရာက္သည္ႏွင့္ သူ ကမာၻမွ ျမန္ႏိုင္သမွ် ျမန္ျမန္ ထြက္ေျပးႏိုင္မည္ ျဖစ္သည္။
ဤနည္းျဖင့္သာ သူ႔ကိုယ္သူ ကယ္တင္ႏိုင္မည္။
သူ ထြက္ေျပးသြားသည္ကို ၾကည့္ရင္း ယဲ့ဖန္က ေခါင္းကိုခါ၍ အထင္ေသးသလို အၿပဳံးႏွင့္ ေျပာလိုက္သည္။
“ငါ မင္းကို သတ္ခ်င္ေနရင္ မင္း ဘယ္လိုလုပ္ အသက္ဆက္ရွင္ႏိုင္မွာလဲ”
ထိုသို႔ေျပာၿပီး ယဲ့ဖန္က အနက္ေရာင္ အရိပ္မ်ားကို ထုတ္လႊတ္လိုက္သည္။ ထိုအရာကား ငရဲသား ပု႐ြက္ဆိတ္မ်ားပင္။
သူတို႔သည္ အ႐ြယ္ေရာက္လာၿပီ ျဖစ္ၿပီး လူတစ္ေယာက္၏ လက္သီးအ႐ြယ္အစားခန႔္ ႀကီးမားလာၿပီ ျဖစ္သည္။
သူတို႔၏ ထိတ္လန႔္ေၾကာက္႐ြံ႕ဖြယ္ေကာင္းေသာ ခ်ီဓာတ္က အရင္ကထက္ ပိုသန္မာလာသည္။
သူတို႔အား စုစည္းထားလ်င္ သူတို႔သည္ တစ္ဘက္လူအား ေၾကာက္လန႔္စိတ္ျဖင့္ ငိုမိေအာင္ လုပ္ႏိုင္ေလသည္။
“သူတို႔က … ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြပဲ”
ပု႐ြက္ဆိတ္မ်ားကို ျမင္သည္ႏွင့္ ေခလန္ အလြန္ ေသြးပ်က္သြားသည္။
“မလုပ္နဲ႔”
စကၠန႔္ပို္ငးအတြင္းမွာပင္ စူးရွလွေသာ ေအာ္သံမ်ားႏွင့္အတူ ေခလန္၏ ခႏၶာကိုယ္သည္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ လႊမ္းမိုးျခင္းကို ခံလိုက္ရေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now