Chapter 386

998 111 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (386) မင်းလို ပုရွက်ဆိတ်ကောင်က အသက်မရှင်သင့်ဘူး
*ငါ့အစေခံ ဘယ်ရောက်နေလဲ*
ယဲ့ဖန်၏ လွှမ်းမိုးနိုင်သော အသံက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီးနောက် အခြားသူများသည် သူတို့၏ လက်ကျန်ဘဝတွင် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့သို့သော အချိန်၌ ကမ္ဘာတစ်ခုလုံး တုန်ယင်လာသည်။ ထို့နောက်တွင်မူ ကမ္ဘာဂြိုဟ်၏ မြေမျက်နှာပြင်သည် ပေါက်ကွဲလာသဖြင့် ကောင်းကင်ထက်သို့ ဖုန်မှုန့်များ ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်က ကမ္ဘာ့မြေမျက်နှာပြင်ထဲမှ လွတ်မြောက် လာသလိုပင်။
“အဲ့ … အဲ့ဒါ ဘာကြီးလဲ”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် အဖြူရောင် ဆံပင်နှင့် မုတ်ဆိတ်မွေးတို့ ရှိသော အိုမင်းနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။
သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့ပုံပေါ်နေပြီး အိုမင်း၍ ဆွေးမြည့်နေသော ချီဓာတ်မျိုးကို ထုတ်လွှင့်လျက် ရှိသည်။
သူသည် ထိတ်လန့်ဖွယ် အင်အားရှိသော နတ်ဘုရားတစ်ပါးလိုပင်။
သို့သော် ယခုအချိန်၌ သူသည် အောက်ဘက်မှ ကမ္ဘာမြေအား သံသယဝင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လျက် ရှိ၏။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူသည် သူ့ကိုကြောက်လန့်၍ တုန်ယင်စေသော တစ်စုံတစ်ရာက ထိုနေရာ၌ ရှိနေသလို ခံစားနေမိသည်။
ဂရေဆန်၊ အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး အလွန် မှင်တက်သွားကြသည်။
ဤဂြိုဟ်ပေါ်၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြချေ။
ကမ္ဘာ့မြေမျက်နှာပြင် အက်ကွဲ၍ ပွင့်ထွက်လာချိန်တွင် သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုက လူတိုင်းအား ကြောက်လန့်ကာ တုန်လှုပ်သွားစေခဲ့သည်။
“အမှောင်သခင် ဒီမှာပါ”
….
ထိုသို့သောအချိန်တွင် ငရဲမှ ထွက်ပေါ်လာဟန်ရသည့် အလွန့်ကို ကြောက်လန့်ဖွယ်ကောင်းသော အသံကို လူတိုင်း ကြားလိုက်ရည်။
သူတို့နားစည်ထဲ ဗုံးပေါက်သလို ဖြစ်သွားပြီး သူတို့၏ နားများမှ သွေးများ စီးကျလာသည်။
ထို့ကြောင့် သူတို့သည် ထိုထိတ်လန့်ဖွယ်ကောင်းသည့် အသံလှိုင်းကြောင့် အသည်းအသန် နောက်ဆုတ်လိုက်ရသည်။
“မ …. မဖြစ်နိုင်ဘူး”
ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး အလွန် ချောက်ချားသွားကြသည်။
လူပုဂ္ဂိုလ်တစ်ယောက်က စကားလုံး အနည်းငယ်ဖြင့် သူတို့၏ နားစည်အား ပျက်ဆီးအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့မိပါ။ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထို့နောက် ဟွာရှနိုင်ငံရှိ တောင်ပေါင်းများစွာ ပေါက်ကွဲလာပြီးနောက် လွှမ်းမိုးနိုင်သော နတ်ဆိုးချီမျှင်စုများ တစ်ရှိန်ထိုး တက်လာသည်။
ဝုန်း!
ထို့နောက်တွင်မူ ဧရာမ လက်ဝါးတစ်ဘက်က ကမ္ဘာမြေပေါ်သို့ ဗြုန်းခနဲ လက်ထောက်လာသည်။
ချောက်ချားဖွယ်ကောင်းလှ၏။
ထိုလက်ဖဝါးသည် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးထက် ပို၍ ကြီးမားနေသေးသည်။ ထို့ပြင် ထိုလက်ဖဝါး၌ နတ်ဆိုးချီဓာတ်များက ပေါများစွာ ဖုံးအုပ်နေသဖြင့် လူတိုင်း ကြောက်လန့်ကာ တုန်လှုပ်လာသည်။
သို့သော် ဤမျှနှင့် မပြီးသေးချေ။
ထိုလက်ဖဝါးသည် လက်မောင်းတစ်ဘက်နှင့် ဆက်သွယ်ထား၏။
၎င်း၏ ရှုပ်ယှက်ခတ်နေသော ကြွက်သားများနှင့် အရေပြားများအရ ဤသည် ကမ္ဘာတစ်ခုလုံးအား လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်ပုံပေါ်နေ၏။
ဤသည်မှာ လက်မောင်းတစ်ဘက်သာ ရှိသေးသည်။
လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်လာစဉ်တွင် ဧရာမလက်မောင်းတစ်ဘက်သည မိုးကောင်းကင်သို့ ထိုးတက်လာသည်။
ချက်ချင်း ဆိုသလိုပင် ကောင်းကင်ပေါ်မှ နတ်ဘုရားအဆင့် သိုင်းပညာရှင်တိုင်းသည် ထိုလက်မောင်းရှေ့တွင် သေးနုပ်သော ပုရွက်ဆိတ်များကဲ့သို့ တုန်ယင်ကာ ကြောက်လန့်လာကြသည်။
“အံ့ …. အံ့ဩဖို့ကောင်းလိုက်တာ။ ဘယ်လိုလုပ် လက်မောင်းတစ်ဘက်က သည်လောက် ကြီးနေရတာလဲ။ ဘာ … ဘာကြီးလဲဟ”
“အိုး … ဝိုး။ နတ်ဆိုးတစ်ကောင်က ဒီဂြိုဟ်ပေါ်မှာ ပုန်းနေတာပဲ ဖြစ်မယ်”
“ကြယ်တာရာတွေနဲ့ လဗိမာန်တွေကို ဖမ်းဆုပ်နိုင်တဲ့ လက်မောင်းတစ်ဘက်ပါလား။ သေလိုက်ပါတော့ကွာ”

ထိုသို့ ရှိနေစဉ်တွင် ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုများ အလွန် မှင်တက်လို့နေကြသည်။
ထိုလက်မောင်းသည် ကြီးမား၍ အကန့်အသတ်မဲ့လှသည်။
ကမ္ဘာမြေမှ ထိုးဖောက်၍ ထွက်လာပြီးနောက် ၎င်းသည် ချက်ချင်း ကောင်းကင်ထက်တိုင်အောင် ရောက်ရှိလာသည်။
ထို့ကြောင့် ကမ္ဘာတစ်ခုလုံးအား အမှောင်ထုက ဖုံးလွှမ်းသွားသည်။
ထို့နောက်တွင်မူ ထိုထိတ်လန့်ဖွယ်ကောင်းသည့် လွှမ်းမိုးနိုင်သော ဧရာမလက်ကြီးက ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားထံသို့ တိုးတင်လာသဖြင့် လေဟာနယ်အား တစ်လက်မချင်းစီ ကွဲအက်လာစေသည်။
“ဒါ …. ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ထိုစဉ် ဂရေးကလန်၏ ဘိုးဘေးသည် အလွန်တရာ ထိတ်လန့်နေသေးသည်။
“နတ်ဆိုးချီဓာတ်ပါလား။ ဒါက ….”
ဂရေးကလန်၏ ဘိုးဘေးသည် အလွန်တရာ ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေကာ မျက်လုံးပြူး၍ ရေရွတ်နေမိသည်။
ဖြစ်နိုင်ချေတစ်ခုကို သူ တွေးမိပြီးနောက် သူ ချက်ချင်း ကြောက်ရွံ့ကာ တုန်ယင်လာသည်။
*အမှောင်ဘုရင်လား*
*ဒါ ဖြစ်နိုင်စရာ မရှိဘူးလေ*
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ထိုထင်မြင်ချက်ကြောင့် အံ့အားသင့်နေသည်။
အမှောင်ဘုရင်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က ထိပ်တန်း နတ်ဆိုးတစ်ကောင် ဖြစ်သည်။
သူသည် ရက်စက်၏။
နတ်ဘုရားများနှင့် နတ်ဆိုးများ၏ စစ်ပွဲတွင် အမှောင်ဘုရင်သည် နတ်ဘုရားအားများ ချပ်ဝတ်တန်ဆာနှင့် ခမောက်တို့အား ပစ်ချ၍ ထွက်ပြေးအောင် ဖိအားပေးနိုင်ခဲ့သည်။ သူတို့၏ သွေးများဖြင့် မြစ်တစ်စင်း ဖြစ်လာအောင် ဖန်တီးခဲ့သည်။
စကြဝဠာထဲ၌ နာမည်ကျော်ကြားသော အော်ရိုရာ ကြယ်စုနယ်မြေမှ ပင်မနတ်ဘုရားဟောင်းသည် သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ဟု ပြောစမှတ်ပြုကြသည်။
အော်ရိုရာ ကြယ်စုနယ်မြေတစ်ခုလုံး အမှောင်ဘုရင်ကြောင့် ပျက်ကိန်းဆိုက်သွားခဲ့သည်။
သို့သော် အမှောင်ဘုရင် သေဆုံးသွားခဲ့သည်မှာ နှစ်တစ်သောင်း ရှိခဲ့ပြီဖြစ်သည်။
*ဘယ်လိုလုပ် …*
သို့သော် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ယဲ့ဖန်၏ စကားကို ပြန်အမှတ်ရသွားချိန်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားလေတော့သည်။
“ငါ့အစေခံတဲ့လား … သူ … သူက အမှောင်ဘုရင်ကို အစေခံလို့ ခေါ်တယ်ဆိုတော့ …”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ချက်ချင်း တစ်ဘက်လှည့်ကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်မိသည်။
ယဲ့ဖန်၏ မျက်နှာက သူ့အတွေးထဲမှ ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာတစ်ခုနှင့် ထပ်တူကျလာချိန်တွင် သူ ညည်းတွားလိုက်မိသည်။
“သေစမ်း”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ချက်ချင်း ဒူးထောက်ကျမလို ဖြစ်သွားသည်။
“အဲ့ဒါ … အဲ့ဒါ သူပါလား။ သူ အသက်ဆက်ရှင်သေးတာပါလား … သူ ပြန်လာပြီပဲ”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောက်လန့်မှုများနှင့် ပြည့်နှက်လာကာ ခေါင်းမွေးထောင်တော့မလို ဖြစ်လာသည်။
ထို့နောက် သူသည် ချက်ချင်း ဂိတ်ပေါက်သို့ ပြန်ပြေးသွားသည်။
*မြန်မြန်၊ မြန်မြန်၊ မြန်မြန်*
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောင်ကို မြင်လိုက်သော ကြွက်သဖွယ် ကြောက်လန့်လို့နေသည်။
ယခုအချိန်တွင် သူ့ကိုယ်ပွား၏ အမြန်နှုန်းသည် မူလကိုယ်ထက်တောင်မှ ပိုမြန်နေသေး၏။
ဤသည်ကို ကြည့်ပြီး ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး အလွန်အံ့အားသင့်သွားကြသည်။
“မ … မဖြစ်နိုင်လိုက်တာ”
ဂရေဆန် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ထွက်ပြေးနေသည်တဲ့လား။
*ခင်ဗျား ကျုပ်ကို နောက်နေတာလား*
ထိုစဉ် ချောက်ချားဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့သခင်ကြီးက မင်းကို သေစေချင်ရင် မင်းလို ပုရွက်ဆိတ်ကောင်က အသက်မရှင်နိုင်ဘူး”
သူတို့၏ အံ့ဩနေသော အကြည့်များအောက်တွင် နတ်ဆိုးချီဓာတ်များဖြင့် ဖွဲ့စည်းထားသည့် အကန့်အသတ်မဲ့သော လက်မောင်းတစ်ဘက်က ရုတ်တရက် ကိုယ်ပွားကို ဖမ်းဆီးလာသည်။
စက္ကန့်ပိုင်းမျှ အကြာတွင် ၎င်းသည် ၎င်း၏ လက်မနှင့် လက်ညှိုးကို သုံး၍ ကိုယ်ပွားအား ဖျစ်ညှစ်လာသည်။
ဒုန်း!
ကိုယ်ပွားသည် ပုရွက်ဆိတ်ကဲ့သို့ ချက်ချင်း ဖမ်းဆီးခံလိုက်ရလေတော့သည်။
“သေစမ်း”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးပေါက်ချမလို ဖြစ်နေ၏။
အမှောင်ဘုရင်၏ လက်ချောင်းများကြားထဲ ပိတ်မိနေစဉ် ပုရွက်ဆိတ်ထက်တောင် အားနည်းလာသည်ဟု သူ ခံစားမိနေသည်။ အကယ်၍ လက်ချောင်းနှစ်ချောင်းက ထပ်၍ အားစိုက်လာပါက ထိုလက်ချောင်းများက သူနှင့် သူ့စိတ်ဝိညာဉ်အား ချက်ချင်း သတ်ဖြတ်သွားနိုင်သည်။
“အရှင်မင်းမြတ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ခွင့်လွှတ်ပေးပါရန် တောင်းပန်တိုးလျှိုးလာသည်။ ဂရေဆန်နှင့် အခြား ကမ္ဘာခြားမုဆိုးများအားလုံး သူတို့၏ ဘိုးဘေးက ကြောက်မက်ဖွယ်ကောင်းသည့် လက်မောင်းပိုင်ရှင်ထက် ယဲ့ဖန်ကို ခွင့်လွှတ်ပေးပါရန် တောင်းပန်နေသည်ကို မယုံနိုင်သလို ဖြစ်နေသည်။
ထိတ်လန့်စရာကောင်းလှသည်။
ထိုသို့ရှိနေစဉ်တွင် ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများ၏ လောကအမြင်နှင့် ယုံကြည်မှုများ လုံးဝဥဿုံ ဖျက်ဆီးခံလိုက်ရလေတော့သည်။
“အရှင်မင်းမြတ် နိမ့်ကျတဲ့ ဒီလူက အရှင် အသက်ရှင်နေသေးတာကို သတိမပြုခဲ့မိလို့ပါ၊ အဲ့ဒါကြောင့် ကျွန်တော်မျိုး အရှင့်ကို မခန့်မှန်းမိတာပါ။ ကျွန်တော်မျိုး ကန်းနေခဲ့တာပါ”
“ဂရေးကလန်တစ်ခုလုံး သုတ်သင်ခံရမယ်ဆိုရင်တောင်မှ ကလန်က ဘယ်ကလန်သားကမှ အရှင့်ကို မတိုက်ခိုက်ရဲပါဘူး”
“အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး … ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
ထိုစဉ် ကိုယ်ပွား၏ အသံသည် လူတစ်ယောက်ထံမှ ခွင့်လွတ်မှုရရန် တောင်းခံနေခြင်းထက် နတ်ဆိုးတစ်ကောင်ထံမှ ခွင့်လွှတ်မှုရရန် တောင်းခံနေသကဲ့သို့ တုန်ယင်လို့နေသည်။
*အရှင်မင်းမြတ်တဲ့လား*
*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*
ဂရေဆန်နှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံး တုန်လှုပ်သွားကြသည်။
ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ‘အရှင်မင်းမြတ်’ ဟု ခေါ်ဆိုသော ပုဂ္ဂိုလ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုမှန်း လူတိုင်း သိကြသည်။
ထို့နောက် ဂရေဆန်သည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း မျက်နှာတစ်ခုကို မှတ်မိရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
ဂရေးကလန်က ဈေးကြီးပေး၍ ဝယ်ခဲ့သော မှတ်တမ်းတင် ဗွီဒီယိုအတိုလေးတစ်ခုကို သူ ပြန်အမှတ်ရသွားပြီးနောက် သူ ချက်ချင်း တုန်ယင်သွားသည်။
“နတ်ဆိုးဧကရာဇ်၊ သူ … သူက နတ်ဆိုးဧကရာဇ်ပဲ”
တိတ်ဆိတ်ခြင်း။
ဂရေဆန်၏ ကြောက်စိတ်မွှန်နေသော အသံထွက်ပေါ်လာပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အစိမ်းရောင် အသားအရေရှိ အမျိုးသမီးနှင့် အခြားကမ္ဘာခြားမုဆိုးများအားလုံး မှင်တက်သွားကြသည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
*သည်လောက် ရှေးကျတဲ့ နာမည်မျိုးနဲ့ စကြဝဠာထဲက ထိပ်တန်း ဒဏ္ဍာရီလာလို ပုဂ္ဂိုလ်မျိုးက ဒီမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*
အစိမ်းရောင် အသားအရေရှိ အမျိုးသမီး၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်လာရသည်။
ထိုစဉ် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားသည် ယဲ့ဖန်၏ ခက်ထန်သော အသံကို ကြားလိုက်ရလေသည်။
“မင်းက လူမှားပြီး ရန်စမိပြီးမှတော့ မင်း အပြစ်ခံရမှာပေါ့”
ရွှစ်!
ယဲ့ဖန်၏ စကားအဆုံးတွင် ဧရာမလက်ကြီး၏ လက်မနှင့် လက်ညှိုးက အသာအယာ ဖိညှစ်လိုက်သဖြင့် ဂရေးကလန်မှ ဘိုးဘေး၏ ကိုယ်ပွားက ပေါက်ကွဲကာ သေဆုံးသွားလေတော့သည်။
#Zawgyi
စာစဥ္ (26) CHAPTER (386) မင္းလို ပု႐ြက္ဆိတ္ေကာင္က အသက္မရွင္သင့္ဘူး
*ငါ့အေစခံ ဘယ္ေရာက္ေနလဲ*
ယဲ့ဖန္၏ လႊမ္းမိုးႏိုင္ေသာ အသံက ေကာင္းကင္အႏွံ႔ ပဲ့တင္ထပ္သြားၿပီးေနာက္ အျခားသူမ်ားသည္ သူတို႔၏ လက္က်န္ဘဝတြင္ ဘယ္ေသာအခါမွ ေမ့ေပ်ာက္ႏိုင္မည္ မဟုတ္ေသာ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရေတာ့သည္။
ဝုန္း! ဝုန္း! ဝုန္း!
ထို႔သို႔ေသာ အခ်ိန္၌ ကမာၻတစ္ခုလုံး တုန္ယင္လာသည္။ ထို႔ေနာက္တြင္မူ ကမာၻၿဂိဳဟ္၏ ေျမမ်က္ႏွာျပင္သည္ ေပါက္ကြဲလာသျဖင့္ ေကာင္းကင္ထက္သို႔ ဖုန္မႈန႔္မ်ား ပ်ံ႕ႏွံ႔လာၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ နတ္ဆိုးတစ္ေကာင္က ကမာၻ႔ေျမမ်က္ႏွာျပင္ထဲမွ လြတ္ေျမာက္ လာသလိုပင္။
“အဲ့ … အဲ့ဒါ ဘာႀကီးလဲ”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ အျဖဴေရာင္ ဆံပင္ႏွင့္ မုတ္ဆိတ္ေမြးတို႔ ရွိေသာ အိုမင္းေနသည့္ အဘိုးအိုတစ္ေယာက္ ျဖစ္သည္။
သူသည္ ႏွစ္ေပါင္းမ်ားစြာ အသက္ရွင္ေနခဲ့ပုံေပၚေနၿပီး အိုမင္း၍ ေဆြးျမည့္ေနေသာ ခ်ီဓာတ္မ်ိဳးကို ထုတ္လႊင့္လ်က္ ရွိသည္။
သူသည္ ထိတ္လန႔္ဖြယ္ အင္အားရွိေသာ နတ္ဘုရားတစ္ပါးလိုပင္။
သို႔ေသာ္ ယခုအခ်ိန္၌ သူသည္ ေအာက္ဘက္မွ ကမာၻေျမအား သံသယဝင္ေနေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္လ်က္ ရွိ၏။
ဘာရယ္ေၾကာင့္မွန္း မသိေသာ္လည္း သူသည္ သူ႔ကိုေၾကာက္လန႔္၍ တုန္ယင္ေစေသာ တစ္စုံတစ္ရာက ထိုေနရာ၌ ရွိေနသလို ခံစားေနမိသည္။
ဂေရဆန္၊ အစိမ္းေရာင္ အသားအေရရွိ အမ်ိဳးသမီးႏွင့္ အျခား ကမာၻျခားမုဆိုးမ်ားအားလုံး အလြန္ မွင္တက္သြားၾကသည္။
ဤၿဂိဳဟ္ေပၚ၌ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ သိုင္းပညာရွင္တစ္ေယာက္ ရွိေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မထားခဲ့မိၾကေခ်။
ကမာၻ႔ေျမမ်က္ႏွာျပင္ အက္ကြဲ၍ ပြင့္ထြက္လာခ်ိန္တြင္ ေသြးပ်က္ဖြယ္ျမင္ကြင္းတစ္ခုက လူတိုင္းအား ေၾကာက္လန႔္ကာ တုန္လႈပ္သြားေစခဲ့သည္။
“အေမွာင္သခင္ ဒီမွာပါ”
….
ထိုသို႔ေသာအခ်ိန္တြင္ ငရဲမွ ထြက္ေပၚလာဟန္ရသည့္ အလြန႔္ကို ေၾကာက္လန႔္ဖြယ္ေကာင္းေသာ အသံကို လူတိုင္း ၾကားလိုက္ရည္။
သူတို႔နားစည္ထဲ ဗုံးေပါက္သလို ျဖစ္သြားၿပီး သူတို႔၏ နားမ်ားမွ ေသြးမ်ား စီးက်လာသည္။
ထို႔ေၾကာင့္ သူတို႔သည္ ထိုထိတ္လန႔္ဖြယ္ေကာင္းသည့္ အသံလႈိင္းေၾကာင့္ အသည္းအသန္ ေနာက္ဆုတ္လိုက္ရသည္။
“မ …. မျဖစ္ႏိုင္ဘူး”
ဂေရဆန္ႏွင့္ အျခား ကမာၻျခားမုဆိုးမ်ားအားလုံး အလြန္ ေခ်ာက္ခ်ားသြားၾကသည္။
လူပုဂၢိဳလ္တစ္ေယာက္က စကားလုံး အနည္းငယ္ျဖင့္ သူတို႔၏ နားစည္အား ပ်က္ဆီးေအာင္ လုပ္ႏိုင္လိမ့္မည္ဟု သူတို႔ ေတြးထင္မထားခဲ့မိပါ။ ေၾကာက္မက္ဖြယ္ ေကာင္းလွေပသည္။
ထို႔ေနာက္ ဟြာရွႏိုင္ငံရွိ ေတာင္ေပါင္းမ်ားစြာ ေပါက္ကြဲလာၿပီးေနာက္ လႊမ္းမိုးႏိုင္ေသာ နတ္ဆိုးခ်ီမွ်င္စုမ်ား တစ္ရွိန္ထိုး တက္လာသည္။
ဝုန္း!
ထို႔ေနာက္တြင္မူ ဧရာမ လက္ဝါးတစ္ဘက္က ကမာၻေျမေပၚသို႔ ျဗဳန္းခနဲ လက္ေထာက္လာသည္။
ေခ်ာက္ခ်ားဖြယ္ေကာင္းလွ၏။
ထိုလက္ဖဝါးသည္ ကမာၻျခား စစ္သေဘၤာတစ္စီးထက္ ပို၍ ႀကီးမားေနေသးသည္။ ထို႔ျပင္ ထိုလက္ဖဝါး၌ နတ္ဆိုးခ်ီဓာတ္မ်ားက ေပါမ်ားစြာ ဖုံးအုပ္ေနသျဖင့္ လူတိုင္း ေၾကာက္လန႔္ကာ တုန္လႈပ္လာသည္။
သို႔ေသာ္ ဤမွ်ႏွင့္ မၿပီးေသးေခ်။
ထိုလက္ဖဝါးသည္ လက္ေမာင္းတစ္ဘက္ႏွင့္ ဆက္သြယ္ထား၏။
၎၏ ရႈပ္ယွက္ခတ္ေနေသာ ႂကြက္သားမ်ားႏွင့္ အေရျပားမ်ားအရ ဤသည္ ကမာၻတစ္ခုလုံးအား လက္သီးတစ္ခ်က္ျဖင့္ ဖ်က္ဆီးႏိုင္ပုံေပၚေန၏။
ဤသည္မွာ လက္ေမာင္းတစ္ဘက္သာ ရွိေသးသည္။
လူတိုင္း လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာစဥ္တြင္ ဧရာမလက္ေမာင္းတစ္ဘက္သည မိုးေကာင္းကင္သို႔ ထိုးတက္လာသည္။
ခ်က္ခ်င္း ဆိုသလိုပင္ ေကာင္းကင္ေပၚမွ နတ္ဘုရားအဆင့္ သိုင္းပညာရွင္တိုင္းသည္ ထိုလက္ေမာင္းေရွ႕တြင္ ေသးႏုပ္ေသာ ပု႐ြက္ဆိတ္မ်ားကဲ့သို႔ တုန္ယင္ကာ ေၾကာက္လန႔္လာၾကသည္။
“အံ့ …. အံ့ဩဖို႔ေကာင္းလိုက္တာ။ ဘယ္လိုလုပ္ လက္ေမာင္းတစ္ဘက္က သည္ေလာက္ ႀကီးေနရတာလဲ။ ဘာ … ဘာႀကီးလဲဟ”
“အိုး … ဝိုး။ နတ္ဆိုးတစ္ေကာင္က ဒီၿဂိဳဟ္ေပၚမွာ ပုန္းေနတာပဲ ျဖစ္မယ္”
“ၾကယ္တာရာေတြနဲ႔ လဗိမာန္ေတြကို ဖမ္းဆုပ္ႏိုင္တဲ့ လက္ေမာင္းတစ္ဘက္ပါလား။ ေသလိုက္ပါေတာ့ကြာ”

ထိုသို႔ ရွိေနစဥ္တြင္ ဂေရဆန္ႏွင့္ အျခား ကမာၻျခားမုဆိုမ်ား အလြန္ မွင္တက္လို႔ေနၾကသည္။
ထိုလက္ေမာင္းသည္ ႀကီးမား၍ အကန႔္အသတ္မဲ့လွသည္။
ကမာၻေျမမွ ထိုးေဖာက္၍ ထြက္လာၿပီးေနာက္ ၎သည္ ခ်က္ခ်င္း ေကာင္းကင္ထက္တိုင္ေအာင္ ေရာက္ရွိလာသည္။
ထို႔ေၾကာင့္ ကမာၻတစ္ခုလုံးအား အေမွာင္ထုက ဖုံးလႊမ္းသြားသည္။
ထို႔ေနာက္တြင္မူ ထိုထိတ္လန႔္ဖြယ္ေကာင္းသည့္ လႊမ္းမိုးႏိုင္ေသာ ဧရာမလက္ႀကီးက ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားထံသို႔ တိုးတင္လာသျဖင့္ ေလဟာနယ္အား တစ္လက္မခ်င္းစီ ကြဲအက္လာေစသည္။
“ဒါ …. ဒါ လုံးဝ မျဖစ္ႏိုင္ဘူး”
ထိုစဥ္ ဂေရးကလန္၏ ဘိုးေဘးသည္ အလြန္တရာ ထိတ္လန႔္ေနေသးသည္။
“နတ္ဆိုးခ်ီဓာတ္ပါလား။ ဒါက ….”
ဂေရးကလန္၏ ဘိုးေဘးသည္ အလြန္တရာ ထိတ္လန႔္၍ မယုံသကၤာ ျဖစ္ေနကာ မ်က္လုံးျပဴး၍ ေရ႐ြတ္ေနမိသည္။
ျဖစ္ႏိုင္ေခ်တစ္ခုကို သူ ေတြးမိၿပီးေနာက္ သူ ခ်က္ခ်င္း ေၾကာက္႐ြံ႕ကာ တုန္ယင္လာသည္။
*အေမွာင္ဘုရင္လား*
*ဒါ ျဖစ္ႏိုင္စရာ မရွိဘူးေလ*
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ထိုထင္ျမင္ခ်က္ေၾကာင့္ အံ့အားသင့္ေနသည္။
အေမွာင္ဘုရင္သည္ လြန္ခဲ့သည့္ ႏွစ္တစ္ေသာင္းေက်ာ္က ထိပ္တန္း နတ္ဆိုးတစ္ေကာင္ ျဖစ္သည္။
သူသည္ ရက္စက္၏။
နတ္ဘုရားမ်ားႏွင့္ နတ္ဆိုးမ်ား၏ စစ္ပြဲတြင္ အေမွာင္ဘုရင္သည္ နတ္ဘုရားအားမ်ား ခ်ပ္ဝတ္တန္ဆာႏွင့္ ခေမာက္တို႔အား ပစ္ခ်၍ ထြက္ေျပးေအာင္ ဖိအားေပးႏိုင္ခဲ့သည္။ သူတို႔၏ ေသြးမ်ားျဖင့္ ျမစ္တစ္စင္း ျဖစ္လာေအာင္ ဖန္တီးခဲ့သည္။
စၾကဝဠာထဲ၌ နာမည္ေက်ာ္ၾကားေသာ ေအာ္႐ိုရာ ၾကယ္စုနယ္ေျမမွ ပင္မနတ္ဘုရားေဟာင္းသည္ သူ၏ လက္ဝါးတစ္ခ်က္တည္းျဖင့္ အသတ္ခံလိုက္ရသည္ဟု ေျပာစမွတ္ျပဳၾကသည္။
ေအာ္႐ိုရာ ၾကယ္စုနယ္ေျမတစ္ခုလုံး အေမွာင္ဘုရင္ေၾကာင့္ ပ်က္ကိန္းဆိုက္သြားခဲ့သည္။
သို႔ေသာ္ အေမွာင္ဘုရင္ ေသဆုံးသြားခဲ့သည္မွာ ႏွစ္တစ္ေသာင္း ရွိခဲ့ၿပီျဖစ္သည္။
*ဘယ္လိုလုပ္ …*
သို႔ေသာ္ ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ယဲ့ဖန္၏ စကားကို ျပန္အမွတ္ရသြားခ်ိန္တြင္ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္း ထသြားေလေတာ့သည္။
“ငါ့အေစခံတဲ့လား … သူ … သူက အေမွာင္ဘုရင္ကို အေစခံလို႔ ေခၚတယ္ဆိုေတာ့ …”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ခ်က္ခ်င္း တစ္ဘက္လွည့္ကာ ယဲ့ဖန္ကို စိုက္ၾကည့္လိုက္မိသည္။
ယဲ့ဖန္၏ မ်က္ႏွာက သူ႔အေတြးထဲမွ ထိတ္လန႔္ဖြယ္ေကာင္းေသာ မ်က္ႏွာတစ္ခုႏွင့္ ထပ္တူက်လာခ်ိန္တြင္ သူ ညည္းတြားလိုက္မိသည္။
“ေသစမ္း”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ခ်က္ခ်င္း ဒူးေထာက္က်မလို ျဖစ္သြားသည္။
“အဲ့ဒါ … အဲ့ဒါ သူပါလား။ သူ အသက္ဆက္ရွင္ေသးတာပါလား … သူ ျပန္လာၿပီပဲ”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ေၾကာက္လန႔္မႈမ်ားႏွင့္ ျပည့္ႏွက္လာကာ ေခါင္းေမြးေထာင္ေတာ့မလို ျဖစ္လာသည္။
ထို႔ေနာက္ သူသည္ ခ်က္ခ်င္း ဂိတ္ေပါက္သို႔ ျပန္ေျပးသြားသည္။
*ျမန္ျမန္၊ ျမန္ျမန္၊ ျမန္ျမန္*
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ေၾကာင္ကို ျမင္လိုက္ေသာ ႂကြက္သဖြယ္ ေၾကာက္လန႔္လို႔ေနသည္။
ယခုအခ်ိန္တြင္ သူ႔ကိုယ္ပြား၏ အျမန္ႏႈန္းသည္ မူလကိုယ္ထက္ေတာင္မွ ပိုျမန္ေနေသး၏။
ဤသည္ကို ၾကည့္ၿပီး ဂေရဆန္ႏွင့္ အျခား ကမာၻျခားမုဆိုးမ်ားအားလုံး အလြန္အံ့အားသင့္သြားၾကသည္။
“မ … မျဖစ္ႏိုင္လိုက္တာ”
ဂေရဆန္ မ်က္လုံးျပဴး မ်က္ဆံျပဴး ျဖစ္ေနသည္။
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ထြက္ေျပးေနသည္တဲ့လား။
*ခင္ဗ်ား က်ဳပ္ကို ေနာက္ေနတာလား*
ထိုစဥ္ ေခ်ာက္ခ်ားဖြယ္ေကာင္းေသာ အသံတစ္သံ ထြက္ေပၚလာသည္။
“ငါ့သခင္ႀကီးက မင္းကို ေသေစခ်င္ရင္ မင္းလို ပု႐ြက္ဆိတ္ေကာင္က အသက္မရွင္ႏိုင္ဘူး”
သူတို႔၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္တြင္ နတ္ဆိုးခ်ီဓာတ္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ အကန႔္အသတ္မဲ့ေသာ လက္ေမာင္းတစ္ဘက္က ႐ုတ္တရက္ ကိုယ္ပြားကို ဖမ္းဆီးလာသည္။
စကၠန႔္ပိုင္းမွ် အၾကာတြင္ ၎သည္ ၎၏ လက္မႏွင့္ လက္ညႇိဳးကို သုံး၍ ကိုယ္ပြားအား ဖ်စ္ညႇစ္လာသည္။
ဒုန္း!
ကိုယ္ပြားသည္ ပု႐ြက္ဆိတ္ကဲ့သို႔ ခ်က္ခ်င္း ဖမ္းဆီးခံလိုက္ရေလေတာ့သည္။
“ေသစမ္း”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ေၾကာက္လြန္းသျဖင့္ ေဘာင္းဘီထဲ ေသးေပါက္ခ်မလို ျဖစ္ေန၏။
အေမွာင္ဘုရင္၏ လက္ေခ်ာင္းမ်ားၾကားထဲ ပိတ္မိေနစဥ္ ပု႐ြက္ဆိတ္ထက္ေတာင္ အားနည္းလာသည္ဟု သူ ခံစားမိေနသည္။ အကယ္၍ လက္ေခ်ာင္းႏွစ္ေခ်ာင္းက ထပ္၍ အားစိုက္လာပါက ထိုလက္ေခ်ာင္းမ်ားက သူႏွင့္ သူ႔စိတ္ဝိညာဥ္အား ခ်က္ခ်င္း သတ္ျဖတ္သြားႏိုင္သည္။
“အရွင္မင္းျမတ္ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ”
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ခြင့္လႊတ္ေပးပါရန္ ေတာင္းပန္တိုးလွ်ိဳးလာသည္။ ဂေရဆန္ႏွင့္ အျခား ကမာၻျခားမုဆိုးမ်ားအားလုံး သူတို႔၏ ဘိုးေဘးက ေၾကာက္မက္ဖြယ္ေကာင္းသည့္ လက္ေမာင္းပိုင္ရွင္ထက္ ယဲ့ဖန္ကို ခြင့္လႊတ္ေပးပါရန္ ေတာင္းပန္ေနသည္ကို မယုံႏိုင္သလို ျဖစ္ေနသည္။
ထိတ္လန႔္စရာေကာင္းလွသည္။
ထိုသို႔ရွိေနစဥ္တြင္ ဂေရဆန္ႏွင့္ အျခားကမာၻျခားမုဆိုးမ်ား၏ ေလာကအျမင္ႏွင့္ ယုံၾကည္မႈမ်ား လုံးဝဥႆုံ ဖ်က္ဆီးခံလိုက္ရေလေတာ့သည္။
“အရွင္မင္းျမတ္ နိမ့္က်တဲ့ ဒီလူက အရွင္ အသက္ရွင္ေနေသးတာကို သတိမျပဳခဲ့မိလို႔ပါ၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳး အရွင့္ကို မခန႔္မွန္းမိတာပါ။ ကြၽန္ေတာ္မ်ိဳး ကန္းေနခဲ့တာပါ”
“ဂေရးကလန္တစ္ခုလုံး သုတ္သင္ခံရမယ္ဆိုရင္ေတာင္မွ ကလန္က ဘယ္ကလန္သားကမွ အရွင့္ကို မတိုက္ခိုက္ရဲပါဘူး”
“အရွင္မင္းျမတ္၊ ေက်းဇူးျပဳၿပီး … ကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ေပးပါ”
ထိုစဥ္ ကိုယ္ပြား၏ အသံသည္ လူတစ္ေယာက္ထံမွ ခြင့္လြတ္မႈရရန္ ေတာင္းခံေနျခင္းထက္ နတ္ဆိုးတစ္ေကာင္ထံမွ ခြင့္လႊတ္မႈရရန္ ေတာင္းခံေနသကဲ့သို႔ တုန္ယင္လို႔ေနသည္။
*အရွင္မင္းျမတ္တဲ့လား*
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူးေလ*
ဂေရဆန္ႏွင့္ အျခားကမာၻျခားမုဆိုးမ်ားအားလုံး တုန္လႈပ္သြားၾကသည္။
ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ‘အရွင္မင္းျမတ္’ ဟု ေခၚဆိုေသာ ပုဂၢိဳလ္သည္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ တည္ရွိမႈတစ္ခုမွန္း လူတိုင္း သိၾကသည္။
ထို႔ေနာက္ ဂေရဆန္သည္ ယဲ့ဖန္ကို စိုက္ၾကည့္ရင္း မ်က္ႏွာတစ္ခုကို မွတ္မိရန္ အတတ္ႏိုင္ဆုံး ႀကိဳးစားေနသည္။
ဂေရးကလန္က ေဈးႀကီးေပး၍ ဝယ္ခဲ့ေသာ မွတ္တမ္းတင္ ဗြီဒီယိုအတိုေလးတစ္ခုကို သူ ျပန္အမွတ္ရသြားၿပီးေနာက္ သူ ခ်က္ခ်င္း တုန္ယင္သြားသည္။
“နတ္ဆိုးဧကရာဇ္၊ သူ … သူက နတ္ဆိုးဧကရာဇ္ပဲ”
တိတ္ဆိတ္ျခင္း။
ဂေရဆန္၏ ေၾကာက္စိတ္မႊန္ေနေသာ အသံထြက္ေပၚလာၿပီးေနာက္ ေကာင္းကင္တစ္ခုလုံး တိတ္ဆိတ္သြားသည္။
အစိမ္းေရာင္ အသားအေရရွိ အမ်ိဳးသမီးႏွင့္ အျခားကမာၻျခားမုဆိုးမ်ားအားလုံး မွင္တက္သြားၾကသည္။
*နတ္ဆိုးဧကရာဇ္တဲ့လား*
*သည္ေလာက္ ေရွးက်တဲ့ နာမည္မ်ိဳးနဲ႔ စၾကဝဠာထဲက ထိပ္တန္း ဒ႑ာရီလာလို ပုဂၢိဳလ္မ်ိဳးက ဒီမွာ ဘယ္လိုလုပ္ ေပၚလာရတာလဲ*
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူးေလ*
အစိမ္းေရာင္ အသားအေရရွိ အမ်ိဳးသမီး၏ မ်က္ႏွာက ထိတ္လန႔္မႈေၾကာင့္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္လာရသည္။
ထိုစဥ္ ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားသည္ ယဲ့ဖန္၏ ခက္ထန္ေသာ အသံကို ၾကားလိုက္ရေလသည္။
“မင္းက လူမွားၿပီး ရန္စမိၿပီးမွေတာ့ မင္း အျပစ္ခံရမွာေပါ့”
႐ႊစ္!
ယဲ့ဖန္၏ စကားအဆုံးတြင္ ဧရာမလက္ႀကီး၏ လက္မႏွင့္ လက္ညႇိဳးက အသာအယာ ဖိညႇစ္လိုက္သျဖင့္ ဂေရးကလန္မွ ဘိုးေဘး၏ ကိုယ္ပြားက ေပါက္ကြဲကာ ေသဆုံးသြားေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now