Chapter 312

1K 119 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (312) ညအဖွဲ့ပြန်လာပြီ

အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
ထိုအချိန်တွင် ကောင်းအိမ်တော်တွင်းရှိ ညအဖွဲ့သားများသည် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အဆင့်တက်လာကြသည်။
ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူတို့သည် မည်သည့် ဆေးလုံး သို့မဟုတ် အင်မော်တယ် သစ်သီးများအား ဝယ်ယူခွင့်မရှိသလို မည်သည့် ရေခီစွမ်းအင်ကိုမျှ မရရှိခဲ့ပါ။ ဓားသမားဂိုဏ်းမှ တပည့်တပန်းများ၏ ဖယ်ကျဉ်ခြင်းကို ခံရသဖြင့် သူတို့၏ ကျင့်ကြုမှုအဆင့်များ တိုးတက်မှု နှေးနေခဲ့သည်။
သို့သော် ယခု သူတို့ လျင်မြန်စွာ အဆင့်တက်လာကြပြီဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များဖြင့် ပြည့်ဝလာသဖြင့် သူတို့သည် သူတို့၏ လွှမ်းမိုးနိုင်သော ချီဓာတ်များအား မီးရှို့ခံလိုက်ရသည့် ယမ်းစာဘူးကဲ့သို့ ဝုန်းခနဲ ထုတ်လွှတ်လာနိုင်လေပြီ။
ထိပ်ပြောင်အားဆန်၏ အဆင့်တက်မှုက ရူးချင်စရာ အကောင်းဆုံးပင်။ ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူသည် နေ့တိုင်းနီးပါး တိုက်ခိုက်ခဲ့ရသည်။
သေရေးရှင်‌ရေး အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီဓာတ်များသည် ကျစ်လစ် သိပ်သည်းလာသည်။
ဆရာသခင် အလယ်အလတ်အဆင့်။
ဆရာသခင် နောက်ဆုံးအဆင့်။
ဆရာသခင် အထွတ်အထိပ်အဆင့်။
ဒဏ္ဍာရီ တစ်ပိုင်းအဆင့်။
....
ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်သည့်တိုင်အောင် သူ အဆင့်တက်သွားသည်က ရပ်တန့်ခြင်း မရှိသေးပေ။ အလွန့်အလွန် များပြားသော အားအင်များနှင့်အတူ သူသည် ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်သို့ ချက်ချင်း အဆင့်တက်သွားလေသည်။
ရို့စ်၏ တိုက်ပွဲဝင်ခွန်အားသည်လည်း ရူးမတတ် တိုးပွားလာသည်။ သူမ၏ ခွန်အားသည် ဒဏ္ဍာရီ အထွတ်အထိပ်သို့ မရောက်မချင်း ရပ်တန့်ခြင်း မရှိပေ။
ကျန်သော ညအဖွဲ့သားများသည်လည်း ဒဏ္ဍာရီအဆင့်သို့ အဆင့်တက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် ကောင်းအိမ်တော်အတွင်း၌ ဒဏ္ဍာရီအဆင့် ငါးရာကျော် ထွက်ပေါ်လာသည်။
သူတို့၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်များက အခြားသူများအား ကြောက်လန့် တုန်လှုပ်သွားစေသည်။ သူတို့သည် နတ်ဆိုးစစ်တပ်နှင့်တောင် သဏ္ဌာန်တူနေသည်။
ကောင်းအိမ်တော်၏ အပြင်ဘက် လမ်းပေါ်၌ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များနှင့် ပြွတ်သိပ်လို့နေသည်။ ကျန်းရှီမြို့၏ မြို့သူမြို့သား အားလုံးနီးပါးတို့က ယဲ့ဖန်အား အလွန် လေးစားသည့်ဟန်ဖြင့် မြင်တွေ့ခွင့်ရရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။
များစွာသော လူတန်းကြီးက မိုင်နှင့်ထောင်ချီ၍ ရှည်လျားလေသည်။ တစ်ဟုန်ထိုး တိုးပွားလာသော ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များ ရောက်ရှိလာသောအခါ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များသည်လည်း ခွန်အားများ တိုးပွားလာရသည်။
လူအုပ်ကြားထဲ၌ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသလို တက်ကြွပျော်ရွှင်စွာ ပြောဆိုနေသံများလည်း ထွက်ပေါ်လာ၏။
“အိုး...ဝိုး... ဆရာသခင် အထွတ်အထိပ်အဆင့်ပါလား။ ငါ မြင့်မားတဲ့အဆင့်ကို တက်ရောက်သွားနိုင်ပြီပဲ”
“ဟားဟား ... ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကွ။ ငါ ဒဏ္ဍာရီအဆင့်ကို ရောက်ပြီကွ”
“ငါ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပဲ။ ငါ ဒီအဆင့်မှာ ပြီးခဲ့တဲ့ တစ်လလုံးလုံး တန့်နေခဲ့တာ။ ငါ နောက်ဆုံးတော့ အဆင့်တက်သွားပြီကွ”
...
တက်ကြွ ပျော်ရွှင်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်အားလုံး နီးပါး ပိုမြင့်သည့် အဆင့်သို့ အဆင့်တက်သွားခဲ့ကြသည်။
ဝင်္ကပါ၏ စွမ်းအင်များက ကျန်းရှီတစ်မြို့လုံးကို ဖုံးအုပ်သွားပြီး ကျန်းရှီမြို့၏ ရေခီစွမ်းအင်များက ပို၍ ပွားများသထက် ပွားများလာသည်ကို သူတို့ သိလိုက်သည်။
ကျန်းရှီမြို့ရှိ လူတိုင်း လျင်မြန်သော အရှိန်အဟုန်ဖြင့် ပိုမြင့်သော အဆင့်သို့ အဆင့်တက်သွားကြသည်။ ထို့နောက် ကျန်းရှီမြို့ရှိ လူတိုင်းသည် ကောင်းအိမ်တော်ရှိ အဓိကခန်းမ၏ ခေါင်မိုးပေါ်၌ ရပ်နေသော ယဲ့ဖန်ကို လှမ်းကြည့်ပြီး အလွန် လေးစားကြည်ညိုဟန်ဖြင့် သံပြိုင် ကြွေးကြော်လိုက်ကြသည်။
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ကွ”
ထိုအချိန်တွင် ကျန်းရှီမြို့၏ သိုင်းပညာရှင်တစ်ယောက်က ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ ထို့နောက် ကျန်းရှီတစ်မြို့လုံး၌ ကျယ်လောင်သော ကြွေးကြော်သံများဖြင့် ပြည့်နှက်သွားသည်။
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
ထောင်သောင်းနှင့်ချီသော လူများက ပျော်ရွှင်စွာ ဟစ်ကြွေးကြသဖြင့် သူတို့၏ အသံများက ကမ္ဘာတောင် တုန်လှုပ်လောက်စေသည်။
ယခုသောအချိန်တွင် ယဲ့ဖန်သည် ညအဖွဲ့သား၏ ရင်ထဲတွင် နတ်ဘုရားဖြစ်ရုံသာမက ကျန်းရှီမြို့တစ်ခွင်ရှိ လူတိုင်း၏ ရင်ထဲတွင်လည်း နတ်ဘုရားတစ်ပါး ဖြစ်လာလေသည်။
....
ပေါ်ဟိုင်ပင်လယ်၏ ပင်လယ်ကမ်းခြေ ဒေသရှိ အမဲလိုက်ကွင်းပြင်ဟု ခေါ်သော စစ်တလင်း၌ ဖြစ်လေသည်။ ဤစစ်တလင်းနှင့် လူသားနှင့် မှင်စာများ၏ စစ်တလင်းများထဲမှ တစ်ခုဖြစ်သည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်သည် မြေကြီးပေါ် ထိုင်ချကာ အုတ်နံရံကို မှီ၍ ရေသောက်နေသည်။ သူ့တစ်ကိုယ်လုံးတွင် မှင်စာများ၏ သွေးများဖြင့် ပေကျံနေသည်။
သူ၏ တိုက်ပွဲဝင် ဓားမော့သည် မှင်စာများစွာကို သတ်ရာတွင် အသုံးပြုခဲ့ရသဖြင့် ပွန်းရာပဲ့ရာများနှင့် ဖုံးလွှမ်းနေသည်။
ဘေးပတ်လည်မှ သန်မာသော အမဲလိုက်သမားများ အားလုံးသည် ထိုလူငယ်လေးနှင့် ဝေးရာ၌ နေနေကြပြီး သူတို့၏ မျက်နှာထက်၌ အလွန် ကြောက်လန့်၊လေးစားဟန်များ ဖုံးလွှမ်းနေသည်။
ထိုလူငယ်လေးသည် သူသောင်တင်နေစဉ် အတောအတွင်း သူ့ခွန်အား တိုးပွားလာစေရန် အလို့ငှာ သားရဲကောင်များအား အမဲလိုက်ခြင်း ဖြစ်ကြောင်း အားလုံး သိကြလေသည်။
တစ်နေ့ပြီးတစ်နေ့။
တစ်ညပြီးတစ်ည။
သူသည် သားရဲကောင်များအား ပြိုင်ဘက်ကင်း လူသတ်စက်ကဲ့သို့ နေ့တိုင်း သတ်ဖြတ်ခဲ့သည်။ သူ အမဲလိုက်ခဲ့သော သားရဲကောင်များသည် အမဲလိုက်ကွင်းပြင်ရှိ ပထမအဆင့် အကောင်များ ဖြစ်သည်။
သူသည် ပေါ်ဟိုင်ပင်လယ်၏ ပင်လယ်ကမ်းခြေဒေသရှိ အမဲလိုက်ကွင်းပြင်၏ အရှင်သခင်ပင် ဖြစ်သည်။
ထိုလူငယ်လေးသည် ငြိမ်သက်ဆဲပင်။ သူ့အဆင့်တက်ရန်အတွက် အဘယ်ကြောင့် ရေကုန်ရေခမ်း ကြိုးစားနေမှန်း မည်သူမျှ မသိကြပါ။
သူသည် တစ်စုံတစ်ယောက်အား လွမ်းဆွတ်တမ်းတနေဟန်နှင့် မျက်ရည်များ သုတ်ခဲ့သည်ကိုသာ သူတို့ သိကြသည်။
“နှစ်ဝက်တောင် ရှိသွားပြီပဲ ...”
ထိုလူငယ်လေးသည် ရေခဲရေအား ပါးစပ်အပြည့် မော့ချလိုက်ရင်း သူ့မျက်လုံး၌ ဝမ်းနည်းရိပ်များက ထပ်မံ၍ ပေါ်လာသည်။
သူသည် သူ၏ ဝံပုလွေအုပ်အား တမ်းတနေသည့် ဒဏ်ရာရနေသော သင်းကွဲဝံပုလွေတစ်ကောင်နှင့် တူလှသည်။
“သခင်ကြီး ငါတို့ကို ထားသွားခဲ့တာ နှစ်ဝက်‌တောင် ရှိသွားပြီ။ ငါ့ရဲ့ တိုက်ပွဲဝင် ခွန်အားကလည်း ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ကို ရောက်လာပြီ။ ဒါပေမယ့် ဒါက ငါ့သခင်ကြီးရဲ့ သေဆုံးမှုကို လက်စားချေဖို့ ငါ့အတွက် မလုံလောက်သေးဘူး”
သူ ရေရွတ်နေရင်း ပူနွေးသော မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူက မျက်ရည်ကို သုတ်ကာ ဓားမော့ကို ကိုင်၍ ထရပ်လိုက်သည်။
သူသည် ထပ်မံ၍ အဆင့်တက်လာရန်အတွက် နောက်ထပ် သတ်ပွဲတစ်ခု ဆင်နွှဲရန် အဆင်သင့်ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် အမဲလိုက်ကွင်းပြင်ရှိ ကြီးမားသော LCD ဖန်သားက ကြီးမားသော လျှပ်စစ်လှိုင်းနှင့်အတူ တရှဲရှဲ မြည်လာသည်။
တစ်ခဏကြာသော် ထိုကြီးမားသော ဖန်သားပြင်က ဖျက်ခနဲ ပွင့်လာသည်။ ထို့နောက် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ပေါ်လာ၏။
“ဘာတွေ ဖြစ်နေတာလဲ”
အမဲလိုက်သမားများအားလုံး တိတ်ကျသွားသည်။ သူတို့အားလုံး ထိုဖန်သားပြင်ကိုသာ မော့ကြည့်နေကြသည်။
ထိုဖန်သားပြင်သည် ဟွာရှနိုင်ငံ၏ သားရဲများနှင့် ပြည့်နှက်နေသော ပင်လယ်ကမ်းဒေသနှင့် ပတ်သက်သော သတင်းများကိုသာ ထုတ်လွှင့်လေ့ရှိသည်။ သို့သော် ယခုအခါတွင် …
ထိုလူငယ်သည် ဖန်သားပြင်ပေါ်မှ သတင်းကို လုံးဝ စိတ်ဝင်စားပုံမပေါ်ပေ။ သူက ကမ်းစပ်သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်နေသည်။
သို့သော် ထိုအခိုက်တွင် ဖန်သားပြင်ပေါ်မှ လူက တည်ငြိမ်စွာ ပြောလာသည်။
“နှစ်ဝက်‌‌တောင် ကြာသွားပြီပဲ။ ညအဖွဲ့ ပြန်ပေါ်လာပြီ”
ထိုအသံကို ကြားသောအခါ ထိုလူငယ် ရပ်သွားသည်။ သူ ချက်ချင်း နောက်လှည့်ကာ ဖန်သားပြင်ကို မော့ကြည့်လာသည်။
ဖန်သားပြင်ပေါ်မှ လူကို ကြည့်နေရင်း ထိုလူငယ် မျက်ရည်များ စီးကျလို့လာသည်။
“သ…သခင်ကြီး”
ထိုလူငယ်လေးသည် သူ၏ မိသားစုဝင်အား ပြန်တွေ့လိုက်သည့် သင်းကွဲဝံပုလွေကဲ့သို့ ခပ်အက်အက် အသံဖြင့် ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသံက ပျော်ရွှင်မှုကြောင့် တုန်ခါလို့နေ၏။ သူ့မျက်လုံးတောင် သူ မယုံကြည်ရဲပေ။
“ငါ့သခင်ကြီး … ပြန်လာပြီ။ ဟားဟား…”
ထိုလူငယ် ရုတ်တရက် ရယ်မောလိုက်သဖြင့် သူ၏ အပြုံးနှင့် မျက်ရည်များက ဘေးမှလူများ၏ ရုပ်ခန္ဓာသာမက စိတ်ဝိညာဉ်ကိုပါ တုန်ခါသွားစေသည်။
ထို့နောက် အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ထိုလူငယ်က ဖန်သားပြင်ပေါ်မှ လူထံသို့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ အလွန် ရူးသွပ်၊ ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြောလိုကသည်။
“သခင်ကြီး၊ မိစ္ဆာ ဝိညာဉ်ရိုင်းက သခင့်အမိန့်ကို နာခံလျက်ပါ”
ထိုသို့ပြောပြီး မိစ္ဆာ ဝိညာဉ်ရိုင်းသည် ပြန်မတ်တပ်ရပ်လိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
ထို့နောက် အမဲလိုက်ကွင်းပြင်ရှိ အခြား အမဲလိုက်သမားများ အားလုံး တွေဝေသွားကြသည်။
*သ…သခင်ကြီးတဲ့လား*
သူတို့အားလုံး နားရှိလို့သာ ကြားရသော်လည်း မယုံနိုင်ပုံပေါ်နေသည်။
မှင်စာများစွာကို သတ်ဖြတ်ခဲ့သည့် အမဲလိုက်ကွင်းပြင်၏ အရှင်သခင်ဖြစ်သူ၊ ရူးသွပ်နေသည့် လူငယ်လေးက တစ်စုံတစ်ယောက်ကို သခင်ကြီးဟု ခေါ်လိုက်သည်တဲ့လား။
မ…မယုံနိုင်စရာကောင်းလှပါဘိ။

တစ်ချိန်တည်းမှာပင် အဆိုပါ ထူးဆန်းသော ဗွီဒီယိုကို ဟွာရှနိုင်ငံရှိ ရုပ်သံလိုင်းအားလုံးတွင် ဗိုင်းရပ်စ်ဝင်သကဲ့သို့ ထုတ်လွှင့်ပြသခဲ့ကြသည်။
နိုင်ငံတွင်းရှိ ရုပ်သံလိုင်းများအားလုံး၊ ကြီးမားသော ဖန်သားပြင်များနှင့် ရုပ်ရှင်ရုံများ၌ တူညီသော ဗွီဒီယိုကိုသာ ထုတ်လွှင့်လာခဲ့သည်။
“ညအဖွဲ့ ပြန်လာပြီ”
#ZAWGYI
စာစဥ္ (21) CHAPTER (312) ညအဖြဲ႕ျပန္လာၿပီ
အဆင့္တက္ျခင္း။
အဆင့္တက္ျခင္း။
အဆင့္တက္ျခင္း။
ထိုအခ်ိန္တြင္ ေကာင္းအိမ္ေတာ္တြင္းရွိ ညအဖြဲ႕သားမ်ားသည္ လ်င္ျမန္လွေသာ အရွိန္အဟုန္ျဖင့္ အဆင့္တက္လာၾကသည္။
ၿပီးခဲ့သည့္ ႏွစ္ဝက္အတြင္း သူတို႔သည္ မည္သည့္ ေဆးလုံး သို႔မဟုတ္ အင္ေမာ္တယ္ သစ္သီးမ်ားအား ဝယ္ယူခြင့္မရွိသလို မည္သည့္ ေရခီစြမ္းအင္ကိုမွ် မရရွိခဲ့ပါ။ ဓားသမားဂိုဏ္းမွ တပည့္တပန္းမ်ား၏ ဖယ္က်ဥ္ျခင္းကို ခံရသျဖင့္ သူတို႔၏ က်င့္ၾကဳမႈအဆင့္မ်ား တိုးတက္မႈ ေႏွးေနခဲ့သည္။
သို႔ေသာ္ ယခု သူတို႔ လ်င္ျမန္စြာ အဆင့္တက္လာၾကၿပီျဖစ္သည္။ ယခုအခ်ိန္တြင္ သူတို႔သည္ ေရခီစြမ္းအင္ႏွင့္ နတ္ဆိုးခ်ီဓာတ္မ်ားျဖင့္ ျပည့္ဝလာသျဖင့္ သူတို႔သည္ သူတို႔၏ လႊမ္းမိုးႏိုင္ေသာ ခ်ီဓာတ္မ်ားအား မီးရႈိ႕ခံလိုက္ရသည့္ ယမ္းစာဘူးကဲ့သို႔ ဝုန္းခနဲ ထုတ္လႊတ္လာႏိုင္ေလၿပီ။
ထိပ္ေျပာင္အားဆန္၏ အဆင့္တက္မႈက ႐ူးခ်င္စရာ အေကာင္းဆုံးပင္။ ၿပီးခဲ့သည့္ ႏွစ္ဝက္အတြင္း သူသည္ ေန႔တိုင္းနီးပါး တိုက္ခိုက္ခဲ့ရသည္။
ေသေရးရွင္‌ေရး အေျခအေနမ်ားစြာႏွင့္ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ သူ၏ ခႏၶာကိုယ္တြင္းရွိ ခ်ီဓာတ္မ်ားသည္ က်စ္လစ္ သိပ္သည္းလာသည္။
ဆရာသခင္ အလယ္အလတ္အဆင့္။
ဆရာသခင္ ေနာက္ဆုံးအဆင့္။
ဆရာသခင္ အထြတ္အထိပ္အဆင့္။
ဒ႑ာရီ တစ္ပိုင္းအဆင့္။
....
ဒ႑ာရီ အထြတ္အထိပ္အဆင့္သို႔ ေရာက္သည့္တိုင္ေအာင္ သူ အဆင့္တက္သြားသည္က ရပ္တန႔္ျခင္း မရွိေသးေပ။ အလြန႔္အလြန္ မ်ားျပားေသာ အားအင္မ်ားႏွင့္အတူ သူသည္ ဒ႑ာရီလာတစ္ပိုင္းအဆင့္သို႔ ခ်က္ခ်င္း အဆင့္တက္သြားေလသည္။
႐ို႕စ္၏ တိုက္ပြဲဝင္ခြန္အားသည္လည္း ႐ူးမတတ္ တိုးပြားလာသည္။ သူမ၏ ခြန္အားသည္ ဒ႑ာရီ အထြတ္အထိပ္သို႔ မေရာက္မခ်င္း ရပ္တန႔္ျခင္း မရွိေပ။
က်န္ေသာ ညအဖြဲ႕သားမ်ားသည္လည္း ဒ႑ာရီအဆင့္သို႔ အဆင့္တက္သြားၾကသည္။ ခ်က္ခ်င္းဆိုသလိုပင္ ေကာင္းအိမ္ေတာ္အတြင္း၌ ဒ႑ာရီအဆင့္ ငါးရာေက်ာ္ ထြက္ေပၚလာသည္။
သူတို႔၏ ဖိႏွိပ္ႏိုင္ေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ားက အျခားသူမ်ားအား ေၾကာက္လန႔္ တုန္လႈပ္သြားေစသည္။ သူတို႔သည္ နတ္ဆိုးစစ္တပ္ႏွင့္ေတာင္ သဏၭာန္တူေနသည္။
ေကာင္းအိမ္ေတာ္၏ အျပင္ဘက္ လမ္းေပၚ၌ က်န္းရွီၿမိဳ႕ရွိ သိုင္းပညာရွင္မ်ားႏွင့္ ႁပြတ္သိပ္လို႔ေနသည္။ က်န္းရွီၿမိဳ႕၏ ၿမိဳ႕သူၿမိဳ႕သား အားလုံးနီးပါးတို႔က ယဲ့ဖန္အား အလြန္ ေလးစားသည့္ဟန္ျဖင့္ ျမင္ေတြ႕ခြင့္ရရန္ ေရာက္ရွိေနၾကျခင္း ျဖစ္သည္။
မ်ားစြာေသာ လူတန္းႀကီးက မိုင္ႏွင့္ေထာင္ခ်ီ၍ ရွည္လ်ားေလသည္။ တစ္ဟုန္ထိုး တိုးပြားလာေသာ ေရခီစြမ္းအင္ႏွင့္ နတ္ဆိုးခ်ီဓာတ္မ်ား ေရာက္ရွိလာေသာအခါ က်န္းရွီၿမိဳ႕ရွိ သိုင္းပညာရွင္မ်ားသည္လည္း ခြန္အားမ်ား တိုးပြားလာရသည္။
လူအုပ္ၾကားထဲ၌ တဖ်စ္ဖ်စ္ တေျဖာက္ေျဖာက္ ျမည္သံမ်ား ဆက္တိုက္ ထြက္ေပၚလာသလို တက္ႂကြေပ်ာ္႐ႊင္စြာ ေျပာဆိုေနသံမ်ားလည္း ထြက္ေပၚလာ၏။
“အိုး...ဝိုး... ဆရာသခင္ အထြတ္အထိပ္အဆင့္ပါလား။ ငါ ျမင့္မားတဲ့အဆင့္ကို တက္ေရာက္သြားႏိုင္ၿပီပဲ”
“ဟားဟား ... ဒ႑ာရီတစ္ပိုင္းအဆင့္ကြ။ ငါ ဒ႑ာရီအဆင့္ကို ေရာက္ၿပီကြ”
“ငါ ေနာက္ဆုံးေတာ့ လုပ္ႏိုင္ခဲ့ၿပီပဲ။ ငါ ဒီအဆင့္မွာ ၿပီးခဲ့တဲ့ တစ္လလုံးလုံး တန႔္ေနခဲ့တာ။ ငါ ေနာက္ဆုံးေတာ့ အဆင့္တက္သြားၿပီကြ”
...
တက္ႂကြ ေပ်ာ္႐ႊင္သံမ်ားက ဆက္တိုက္ ထြက္ေပၚလာသည္။ က်န္းရွီၿမိဳ႕ရွိ သိုင္းပညာရွင္အားလုံး နီးပါး ပိုျမင့္သည့္ အဆင့္သို႔ အဆင့္တက္သြားခဲ့ၾကသည္။
ဝကၤပါ၏ စြမ္းအင္မ်ားက က်န္းရွီတစ္ၿမိဳ႕လုံးကို ဖုံးအုပ္သြားၿပီး က်န္းရွီၿမိဳ႕၏ ေရခီစြမ္းအင္မ်ားက ပို၍ ပြားမ်ားသထက္ ပြားမ်ားလာသည္ကို သူတို႔ သိလိုက္သည္။
က်န္းရွီၿမိဳ႕ရွိ လူတိုင္း လ်င္ျမန္ေသာ အရွိန္အဟုန္ျဖင့္ ပိုျမင့္ေသာ အဆင့္သို႔ အဆင့္တက္သြားၾကသည္။ ထို႔ေနာက္ က်န္းရွီၿမိဳ႕ရွိ လူတိုင္းသည္ ေကာင္းအိမ္ေတာ္ရွိ အဓိကခန္းမ၏ ေခါင္မိုးေပၚ၌ ရပ္ေနေသာ ယဲ့ဖန္ကို လွမ္းၾကည့္ၿပီး အလြန္ ေလးစားၾကည္ညိဳဟန္ျဖင့္ သံၿပိဳင္ ေႂကြးေၾကာ္လိုက္ၾကသည္။
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ကြ”
ထိုအခ်ိန္တြင္ က်န္းရွီၿမိဳ႕၏ သိုင္းပညာရွင္တစ္ေယာက္က က်ယ္ေလာင္စြာ ေႂကြးေၾကာ္လိုက္သည္။ ထို႔ေနာက္ က်န္းရွီတစ္ၿမိဳ႕လုံး၌ က်ယ္ေလာင္ေသာ ေႂကြးေၾကာ္သံမ်ားျဖင့္ ျပည့္ႏွက္သြားသည္။
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
ေထာင္ေသာင္းႏွင့္ခ်ီေသာ လူမ်ားက ေပ်ာ္႐ႊင္စြာ ဟစ္ေႂကြးၾကသျဖင့္ သူတို႔၏ အသံမ်ားက ကမာၻေတာင္ တုန္လႈပ္ေလာက္ေစသည္။
ယခုေသာအခ်ိန္တြင္ ယဲ့ဖန္သည္ ညအဖြဲ႕သား၏ ရင္ထဲတြင္ နတ္ဘုရားျဖစ္႐ုံသာမက က်န္းရွီၿမိဳ႕တစ္ခြင္ရွိ လူတိုင္း၏ ရင္ထဲတြင္လည္း နတ္ဘုရားတစ္ပါး ျဖစ္လာေလသည္။
....
ေပၚဟိုင္ပင္လယ္၏ ပင္လယ္ကမ္းေျခ ေဒသရွိ အမဲလိုက္ကြင္းျပင္ဟု ေခၚေသာ စစ္တလင္း၌ ျဖစ္ေလသည္။ ဤစစ္တလင္းႏွင့္ လူသားႏွင့္ မွင္စာမ်ား၏ စစ္တလင္းမ်ားထဲမွ တစ္ခုျဖစ္သည္။
ထိုအခ်ိန္တြင္ လူငယ္တစ္ေယာက္သည္ ေျမႀကီးေပၚ ထိုင္ခ်ကာ အုတ္နံရံကို မွီ၍ ေရေသာက္ေနသည္။ သူ႔တစ္ကိုယ္လုံးတြင္ မွင္စာမ်ား၏ ေသြးမ်ားျဖင့္ ေပက်ံေနသည္။
သူ၏ တိုက္ပြဲဝင္ ဓားေမာ့သည္ မွင္စာမ်ားစြာကို သတ္ရာတြင္ အသုံးျပဳခဲ့ရသျဖင့္ ပြန္းရာပဲ့ရာမ်ားႏွင့္ ဖုံးလႊမ္းေနသည္။
ေဘးပတ္လည္မွ သန္မာေသာ အမဲလိုက္သမားမ်ား အားလုံးသည္ ထိုလူငယ္ေလးႏွင့္ ေဝးရာ၌ ေနေနၾကၿပီး သူတို႔၏ မ်က္ႏွာထက္၌ အလြန္ ေၾကာက္လန႔္၊ေလးစားဟန္မ်ား ဖုံးလႊမ္းေနသည္။
ထိုလူငယ္ေလးသည္ သူေသာင္တင္ေနစဥ္ အေတာအတြင္း သူ႔ခြန္အား တိုးပြားလာေစရန္ အလို႔ငွာ သားရဲေကာင္မ်ားအား အမဲလိုက္ျခင္း ျဖစ္ေၾကာင္း အားလုံး သိၾကေလသည္။
တစ္ေန႔ၿပီးတစ္ေန႔။
တစ္ညၿပီးတစ္ည။
သူသည္ သားရဲေကာင္မ်ားအား ၿပိဳင္ဘက္ကင္း လူသတ္စက္ကဲ့သို႔ ေန႔တိုင္း သတ္ျဖတ္ခဲ့သည္။ သူ အမဲလိုက္ခဲ့ေသာ သားရဲေကာင္မ်ားသည္ အမဲလိုက္ကြင္းျပင္ရွိ ပထမအဆင့္ အေကာင္မ်ား ျဖစ္သည္။
သူသည္ ေပၚဟိုင္ပင္လယ္၏ ပင္လယ္ကမ္းေျခေဒသရွိ အမဲလိုက္ကြင္းျပင္၏ အရွင္သခင္ပင္ ျဖစ္သည္။
ထိုလူငယ္ေလးသည္ ၿငိမ္သက္ဆဲပင္။ သူ႔အဆင့္တက္ရန္အတြက္ အဘယ္ေၾကာင့္ ေရကုန္ေရခမ္း ႀကိဳးစားေနမွန္း မည္သူမွ် မသိၾကပါ။
သူသည္ တစ္စုံတစ္ေယာက္အား လြမ္းဆြတ္တမ္းတေနဟန္ႏွင့္ မ်က္ရည္မ်ား သုတ္ခဲ့သည္ကိုသာ သူတို႔ သိၾကသည္။
“ႏွစ္ဝက္ေတာင္ ရွိသြားၿပီပဲ ...”
ထိုလူငယ္ေလးသည္ ေရခဲေရအား ပါးစပ္အျပည့္ ေမာ့ခ်လိုက္ရင္း သူ႔မ်က္လုံး၌ ဝမ္းနည္းရိပ္မ်ားက ထပ္မံ၍ ေပၚလာသည္။
သူသည္ သူ၏ ဝံပုေလြအုပ္အား တမ္းတေနသည့္ ဒဏ္ရာရေနေသာ သင္းကြဲဝံပုေလြတစ္ေကာင္ႏွင့္ တူလွသည္။
“သခင္ႀကီး ငါတို႔ကို ထားသြားခဲ့တာ ႏွစ္ဝက္‌ေတာင္ ရွိသြားၿပီ။ ငါ့ရဲ႕ တိုက္ပြဲဝင္ ခြန္အားကလည္း ဒ႑ာရီလာ အလယ္အလတ္အဆင့္ကို ေရာက္လာၿပီ။ ဒါေပမယ့္ ဒါက ငါ့သခင္ႀကီးရဲ႕ ေသဆုံးမႈကို လက္စားေခ်ဖို႔ ငါ့အတြက္ မလုံေလာက္ေသးဘူး”
သူ ေရ႐ြတ္ေနရင္း ပူေႏြးေသာ မ်က္ရည္မ်ား စီးက်လာသည္။ ထို႔ေနာက္ သူက မ်က္ရည္ကို သုတ္ကာ ဓားေမာ့ကို ကိုင္၍ ထရပ္လိုက္သည္။
သူသည္ ထပ္မံ၍ အဆင့္တက္လာရန္အတြက္ ေနာက္ထပ္ သတ္ပြဲတစ္ခု ဆင္ႏႊဲရန္ အဆင္သင့္ျဖစ္ေနသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ အမဲလိုက္ကြင္းျပင္ရွိ ႀကီးမားေသာ LCD ဖန္သားက ႀကီးမားေသာ လွ်ပ္စစ္လႈိင္းႏွင့္အတူ တရွဲရွဲ ျမည္လာသည္။
တစ္ခဏၾကာေသာ္ ထိုႀကီးမားေသာ ဖန္သားျပင္က ဖ်က္ခနဲ ပြင့္လာသည္။ ထို႔ေနာက္ အနက္ေရာင္ ဝတ္စုံႏွင့္ လူတစ္ေယာက္ ေပၚလာ၏။
“ဘာေတြ ျဖစ္ေနတာလဲ”
အမဲလိုက္သမားမ်ားအားလုံး တိတ္က်သြားသည္။ သူတို႔အားလုံး ထိုဖန္သားျပင္ကိုသာ ေမာ့ၾကည့္ေနၾကသည္။
ထိုဖန္သားျပင္သည္ ဟြာရွႏိုင္ငံ၏ သားရဲမ်ားႏွင့္ ျပည့္ႏွက္ေနေသာ ပင္လယ္ကမ္းေဒသႏွင့္ ပတ္သက္ေသာ သတင္းမ်ားကိုသာ ထုတ္လႊင့္ေလ့ရွိသည္။ သို႔ေသာ္ ယခုအခါတြင္ …
ထိုလူငယ္သည္ ဖန္သားျပင္ေပၚမွ သတင္းကို လုံးဝ စိတ္ဝင္စားပုံမေပၚေပ။ သူက ကမ္းစပ္သို႔ တစ္လွမ္းၿပီးတစ္လွမ္း ေလွ်ာက္ေနသည္။
သို႔ေသာ္ ထိုအခိုက္တြင္ ဖန္သားျပင္ေပၚမွ လူက တည္ၿငိမ္စြာ ေျပာလာသည္။
“ႏွစ္ဝက္‌ေတာင္ ၾကာသြားၿပီပဲ။ ညအဖြဲ႕ ျပန္ေပၚလာၿပီ”
ထိုအသံကို ၾကားေသာအခါ ထိုလူငယ္ ရပ္သြားသည္။ သူ ခ်က္ခ်င္း ေနာက္လွည့္ကာ ဖန္သားျပင္ကို ေမာ့ၾကည့္လာသည္။
ဖန္သားျပင္ေပၚမွ လူကို ၾကည့္ေနရင္း ထိုလူငယ္ မ်က္ရည္မ်ား စီးက်လို႔လာသည္။
“သ…သခင္ႀကီး”
ထိုလူငယ္ေလးသည္ သူ၏ မိသားစုဝင္အား ျပန္ေတြ႕လိုက္သည့္ သင္းကြဲဝံပုေလြကဲ့သို႔ ခပ္အက္အက္ အသံျဖင့္ ေရ႐ြတ္လိုက္သည္။ ထိုအခ်ိန္တြင္ သူ႔အသံက ေပ်ာ္႐ႊင္မႈေၾကာင့္ တုန္ခါလို႔ေန၏။ သူ႔မ်က္လုံးေတာင္ သူ မယုံၾကည္ရဲေပ။
“ငါ့သခင္ႀကီး … ျပန္လာၿပီ။ ဟားဟား…”
ထိုလူငယ္ ႐ုတ္တရက္ ရယ္ေမာလိုက္သျဖင့္ သူ၏ အၿပဳံးႏွင့္ မ်က္ရည္မ်ားက ေဘးမွလူမ်ား၏ ႐ုပ္ခႏၶာသာမက စိတ္ဝိညာဥ္ကိုပါ တုန္ခါသြားေစသည္။
ထို႔ေနာက္ အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ထိုလူငယ္က ဖန္သားျပင္ေပၚမွ လူထံသို႔ ဒူးတစ္ဘက္ေထာက္ကာ ရင္ဘတ္ေပၚ လက္တင္၍ အလြန္ ႐ူးသြပ္၊ ေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုကသည္။
“သခင္ႀကီး၊ မိစာၦ ဝိညာဥ္႐ိုင္းက သခင့္အမိန႔္ကို နာခံလ်က္ပါ”
ထိုသို႔ေျပာၿပီး မိစာၦ ဝိညာဥ္႐ိုင္းသည္ ျပန္မတ္တပ္ရပ္လိုက္ၿပီး ဖ်တ္ခနဲ ေပ်ာက္ကြယ္သြားသည္။
ထို႔ေနာက္ အမဲလိုက္ကြင္းျပင္ရွိ အျခား အမဲလိုက္သမားမ်ား အားလုံး ေတြေဝသြားၾကသည္။
*သ…သခင္ႀကီးတဲ့လား*
သူတို႔အားလုံး နားရွိလို႔သာ ၾကားရေသာ္လည္း မယုံႏိုင္ပုံေပၚေနသည္။
မွင္စာမ်ားစြာကို သတ္ျဖတ္ခဲ့သည့္ အမဲလိုက္ကြင္းျပင္၏ အရွင္သခင္ျဖစ္သူ၊ ႐ူးသြပ္ေနသည့္ လူငယ္ေလးက တစ္စုံတစ္ေယာက္ကို သခင္ႀကီးဟု ေခၚလိုက္သည္တဲ့လား။
မ…မယုံႏိုင္စရာေကာင္းလွပါဘိ။

တစ္ခ်ိန္တည္းမွာပင္ အဆိုပါ ထူးဆန္းေသာ ဗြီဒီယိုကို ဟြာရွႏိုင္ငံရွိ ႐ုပ္သံလိုင္းအားလုံးတြင္ ဗိုင္းရပ္စ္ဝင္သကဲ့သို႔ ထုတ္လႊင့္ျပသခဲ့ၾကသည္။
ႏိုင္ငံတြင္းရွိ ႐ုပ္သံလိုင္းမ်ားအားလုံး၊ ႀကီးမားေသာ ဖန္သားျပင္မ်ားႏွင့္ ႐ုပ္ရွင္႐ုံမ်ား၌ တူညီေသာ ဗြီဒီယိုကိုသာ ထုတ္လႊင့္လာခဲ့သည္။
“ညအဖြဲ႕ ျပန္လာၿပီ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now