Chapter 368

966 109 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (368) ဓား၊ ပြန်လာခဲ့

“ရတနာတွေ၊ စကြဝဠာသုံး ဒင်္ဂါးတွေက ငါ့ကို နှုတ်ဆက်ဖို့ စောင့်နေတာကို ငါ မြင်နေရပြီကွ”
“ဟားဟား … ပွတာပဲဟေ့”
နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်က ကျန်းရှီမြို့သို့ ဦးတည်ကာ ဆင်းသက်လာသည်။
သူတို့က ကျန်းရှီမြို့မှ သိုင်းပညာရှင်များအား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
“ပုရွက်ဆိတ်တွေ၊ ဝေးဝေးသွားကြစမ်း”
နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်က သူတို့ လက်ဖဝါးများကို ဝင့်၍ ကျန်းရှီမြို့သားများကို သတ်ရန် ကြံရွယ်လာသည်။
ထူးဆန်းသည်က မည်သည့် မြို့သူမြို့သားကမှ ကြောက်လန့်နေပုံ မရပေ။ သူတို့အားလုံးက နတ်ဘုရား ဆရာသခင်အဆင့် မုဆိုးနှစ်ယောက်အား သေလူများသဖွယ် မှတ်ယူကာ လှောင်ရယ်နေကြသည်။
*ဘာ*
*ဘာလို့လဲဟ*
နတ်ဘုရား ဆရာသခင် အဆင့်နှစ်ယောက်လုံး မျက်မှောင်ကြုတ်မိသွားသည်။ သို့သော် သူတို့နှစ်ယောက်လုံး တိုက်ကွက် မဖော်ထုတ်ခင်မှာပင် အလွန် ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။
“မဖြစ်ဘူး”
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သည် အန္တရာယ်အရိပ်အငွေ့ပါသော ချီဓာတ်များက သူ့ကို လွှမ်းခြုံလာသလို ခံစားမိသဖြင့် ထိတ်လန့်သွားသည်။
ထို့နောက် သူ တတ်နိုင်သမျှ မြန်မြန် ရှောင်ရှားရန် ကြံစည်လိုက်သည်။ သို့ရာတွင် သေမင်း အငွေ့အသက်က သူထင်တာထက် ပိုလျင်မြန်စွာ ရောက်ရှိလာသည်။
ရွှစ်!
ဓားကျိုးတစ်လက်က တစ္ဆေကဲ့သို့ ပေါ်ထွက်လာသည်။ ထိုဓားသည် အလွန် ထက်ရှလှသဖြင့် နတ်ဘုရားဆရာသခင်အဆင့်၏ ရင်ဘတ်ကို ချက်ချင်း ထုတ်ချင်းဖောက်သွားပြီး သွေးများက လေထဲ ပန်းထွက်လာသည်။
ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ခန္ဓာကိုယ်သည် ထိတ်လန့်နေသော မျက်နှာနှင့်အတူ ရုတ်ချည်း တောင့်တင်းသွားသည်။
သို့သော် တိုက်ခိုက်မှုက မပြီးသေးပေ။ အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် နောက်ထပ် ကမ္ဘာခြား မုဆိုးသည် ဘာတွေ ဖြစ်သွားသလဲဆိုတာကို သတိမထားမိခင်မှာပင် တုန်ယင်သွားရသည်။
ရွှစ်!
သွေးစက်များက သူ့လည်ပင်းမှ ပန်းထွက်လို့လာသည်။ ထို့နောက် သွေးများ ပန်းထွက်လာပြီးနောက်တွင် ထိတ်လန့်၍ မယုံသင်္ကာဖြစ်နေသော မျက်နှာထားနှင့် သူ၏ ဦးခေါင်းသည် မြေကြီးပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျလာသည်။
ဘုန်းခနဲ အသံနှင့်အတူ နတ်ဘုရား ဆရာသခင်အဆင့် နှစ်ယောက်၏ အလောင်းများက မြေကြီးပေါ်သို့ ပြုတ်ကျလာသဖြင့် ဖုန်တထောင်းထောင်းထသွားရသည်။
တိတ်ဆိတ်ခြင်း။
ယခုအချိန်တွင် သူတို့အလောင်းများ၏ ဘေးပတ်ဝန်းကျင်သည် အလွန် အေးစက်လို့နေသည်။ အခြားသူများသည်လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။
လူတိုင်းက ကျန်းရှီမြို့မှ လမ်းပေါ်ရှိ အလောင်းနှစ်လောင်းကို ထိတ်လန့်တကြားကြည့်၍ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု ထင်မှတ်နေကြ၏။
ဂလု!
စစ်သင်္ဘောတွင်းမှ လူသား သိုင်းပညာရှင်တစ်ယောက်သည် တံတွေးကို မနည်းမျိုချ၍ သူ့ဘေးမှ သိုင်းပညာရှင်ကို ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“ဆွဲဆိတ် … ငါ့ကို ဆွဲဆိတ်စမ်းပါ။ ငါ ပုံရိပ်ယောင်ထဲ ပိတ်မိနေတာမလား။ ငါ ရေတိမ်ဖြစ်နေတာများလား”
သူ၏ တောင်းဆိုမှုကြောင့် ဘေးမှ သိုင်းပညာရှင်သည် ချက်ချင်း သုန်မှုန်သွားသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ မျက်စိအတွင်းတိမ် ဖြစ်နေတာ ဖြစ်မယ်။ ငါ သေချာ မမြင်လိုက်ရဘူး”
လင်းဒီလော့ဖ်နှင့် အခြားကောင်းကင်နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည်လည်း ဇဝေဇဝါ ဖြစ်နေသည်။
*သူတို့ သေသွားတာလား*
*သူတို့ကို ဘယ်လိုအရာမျိုးက သတ်သွားတာလဲ*
လင်းဒီလော့ဖ် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။ ယခုလေးတင် လျင်မြန်သော အေးစက်စက် အလင်းတန်းနှစ်ခု ဖြတ်သွားသည်ကို သူ မြင်လိုက်ရသည်။
“အဲ့ဒါ ဓားကျိုးတစ်လက်ပဲ”
ထိုစဉ် သူတောင်းစားအိုကြီးက ပြောလာသည်။
တောက်! တောက်!
အခြားသူများ ကြည့်နေစဉ် သူတောင်းစားအိုကြီးသည် မယုံနိုင်ဖွယ် တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ နဖူးအလယ်တည့်တည့်မှ ချွေးများ စီးကျလာသည်။
ထို့အပြင် စစ်သင်္ဘော အပြင်ဘက်မှ ကမ္ဘာခြား မုဆိုးများကြား၌ ပွက်လောရိုက်လာသည်။
“ဆေဆာ”
“လော်ရီတာ”
ထို့အပြင် အခြား ကမ္ဘာခြား မုဆိုး ဆယ့်ရှစ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။ သူတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ဒေါသထွက်နေကြသည်။
ခေလန်တောင်မှ အလွန် ဒေါသထွက်လို့နေသည်။
“မဖြစ်နိုင်ဘူး”
ကောင်းကင်အလင်းသခင်သည်လည်း ထိတ်လန့်တုန်လှုပ်လို့နေသည်။
“သူတို့က နတ်ဘုရား ဆရာသခင်အဆင့်တွေလေ၊ အံ့ဩဖို့ကောင်းလိုက်တာ …”
ကောင်းကင်အလင်းသခင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်၅ကောင်းကင်အလင်းသခင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။
နတ်ဘုရား ဆရာသခင်အဆင့်များသည် သူ့ကဲ့သို့ သန်မာလှသည်။ သို့သော် သူတို့နှစ်ယောက်လုံး စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရလေပြီ။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
အခြားသူများ တိတ်ဆိတ်နေကြစဉ်တွင် နောက်ထပ် ပေါက်ကွဲသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။
“အဲ့ဓားကျိုးပဲ လာပြန်ပြီ”
ထိုစဉ် ကျန်ရှိနေသော ကမ္ဘာခြား မုဆိုးများ ကြည့်နေစဉ်မှာပင် ဓားကျိုးက စစ်သင်္ဘောထံသို့ ဝဲပျံလာသည်။
“ချီးပဲ အဲ့ဒါက ဖျက်စီးကြ”
ကမ္ဘာခြား မုဆိုးများအားလုံး ချက်ချင်း သွေးဆာနေသော မျက်လုံးများဖြင့် ဓားကျိုးထံသို့ ပြေးဝင်သွားကြသည်။
“ရပ်လိုက်”
ဤမြင်ကွင်းကို ကြည့်ပြီး ခေလန် ကြောက်လန့်သွားသည်။ သူ သူတို့အား တားဆီးချင်သော်လည်း နောက်ကျသွားချေပြီ။
ရွှစ်! ရွှစ်! ရွှစ်!
ကမ္ဘာမြေသားများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဓားကျိုးက ကမ္ဘာခြား မုဆိုးများအဖွဲ့ထဲသို့ လျှပ်စီးကဲ့သို့ ဝဲပျံလာပြီး တစ်ယောက်ပြီး တစ်ယောက် သွေးများ ပန်းထွက်လာ၏။
မကြာခင်မှာပင် ကမ္ဘာခြား မုဆိုးတစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားသည်။
ထို့နောက် ဒုတိယမြောက်တစ်ယောက်။
တတိယမြောက်တစ်ယောက်။
စတုတ္ထမြောက်တစ်ယောက်။

ဓားကျိုးက လူလေးယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်သည်။ ဤသို့ သွေးသံတရဲရဲနှင့် မြင်ကွင်းက အခြားသူများက ကြက်သီး တဖြန်းဖြန်း ထသွားစေသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ဘယ်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ၊ အထူးသဖြင့် ခေလန်ပင်။
ကမ္ဘာခြား မုဆိုးများ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားသည်ကို ကြည့်ရင်း ခေလန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။
ဒုန်း!
ထိုအသံနှင့်အတူ အလောင်းလေးလောင်းက ကျန်းရှီမြို့၏ လမ်းမထက်သို့ ပြုတ်ကျလာသည်။
ကမ္ဘာခြား မုဆိုး ခြောက်ယောက်၏ အလောင်းများက မြေကြီးပေါ်၌ တည်ရှိလို့နေသည်။
ချောက်ချားဖွယ်ကောင်းလှသည်။
ကမ္ဘာမြေသားများ ကြောက်လန့်လာကြသည်။ ခေလန်တောင်မှ ထိတ်လန့်ကာ ချွေးစို့လာ၏။
သူ့ခေါင်းထက်၌ ဝီခေါ်နေသော ဓားပျံပေါ်မှ ထူးဆန်းသော စာလုံးများကို သူ မြင်လိုက်၇သည်။ ခေလန် အလွန် ကြောင်အသွားသည်။
“ကောင်းကင်လက်နက်”
“ဒါ … မဖြစ်နိုင်လိုက်တာ”
လက်နက်များသည် လက်ရှိခေတ်၌ ရှေးပစ္စည်းများနှင့် အလွန် ကွဲပြားခြားနားသည်။
အထွတ်အမြတ်ထားသော ရှေးပစ္စည်းများနှင့် မှော်ဝင်ပစ္စည်းများရှိ စိတ်ဝိညာဉ်များသည် သေဆုံးလုနီးပါး ဖြစ်နေကာ ကြာရှည် မတည်ရှိနိုင်ပေ။
ထို့ကြောင့် အထွတ်အမြတ်ထားသော ရှေးပစ္စည်းများနှင့် မှော်ဝင်ပစ္စည်းများသည် အင်အား အကန့်အသတ် ရှိသည်။
သို့သော် လက်နက်များသည် အလွန် ခြားနားသည်။ လက်နက်များသည် သက်ရှိစိတ်ဝိညာဉ်များ မရှိဘဲ အင်အားမကြီးနိုင်ပါ။
လက်နက်များကို စိတ်ဝိညာဉ်များက ထိန်းချုပ်ထားသည်။ လုံးဝကို အသက်ရှိနေသေးသော စိတ်ဝိညာဉ်များပင်။
ကောင်းကင်လက်နက်များမှာမူ အလွန် အင်အားကြီးသော ဂရေးကလန်တောင်မှ ပိုင်ဆိုင်ရန် ခဲယဉ်းလှသည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော လက်နက်ကို ဘာမဟုတ်သော ဂြိုဟ်လေး၌ တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။
သို့သော် ပွဲကား မပြီးသေးပေ။
လေတိုးသံနှင့်အတူ ဓားကျိုးက ရုတ်တရက် ကမ္ဘာခြား စစ်သင်္ဘောရှေ့မှောက် ရောက်လာသည်။ ထို့နောက် ၎င်းမှ အနက်ရောင်ချီဓာတ်များ ထွက်ပေါ်လာပြီး အနက်ရောင် နဂါးဦးခေါင်းက လေထဲ ပေါ်လာသည်။
နတ်ဆိုးနဂါး၏ မျက်နှာသည် ရာဂစိတ်ကြောင့် သွားရည်တမြားမြား ဖြစ်နေပြီး ခြေတို၊ အမွေးဖွား၍ နှာခေါင်းပြား ခွေးငယ်တစ်ကောင်နှင့် တူနေသည်၊ ထိုစည် သူက စစ်သင်္ဘောကို ကြည့်၍ အော်ကြီးဟစ်ကျယ် ပြောလာသည်။
“နဂါးမယ်လေး၊ ငါ မင်းကို တော်တော်လေး ရှာလိုက်ရတယ်ကွာ။ ငါ နေ့တိုင်းညတိုင်း မင်းရဲ့ ရနံ့ကို အနံ့ခံပြီး မာစတာဘိတ်နေရတယ်။ အဲ့ဒါကြောင့် ငါ့မျက်နှာက မျက်တွင်းတွေ ချောင်ပြီး သနားဖို့ကောင်းလာပြီ”
“ငါ့မှာ အတော်လေး အထီးကျန်နေရတယ်”
နတ်ဆိုးနဂါး၏ ညစ်တီးညစ်ပတ် စကားများကို ကြားလိုက်ရသဖြင့် အခြားသူများ စိတ်ထဲ အူကြောင်ကြောင် ဖြစ်သွားသည်။
သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လက်နက်ထဲ၌ ဤမျှ ညစ်ညမ်းသော စိတ်ဝိညာဉ်မျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။
*သောက်ကျိုးနည်း*
အခြားသူများ ကျယ်လောင်စွာ ဆဲဆိုချင်နေကြသည်၊ အထူးသဖြင့် အနက်ရောင် နဂါးဘုရင်မပင်။
*နဂါးမယ်လေး ဟုတ်လား*
*ချီးပဲ*
အနက်ရောင် နဂါးဘုရင်မသည် နတ်ဆိုးနဂါးအား တိုက်ခိုက်ချင်စိတ်တောင် ပေါက်လာသည်။
နဂါးတစ်ကောင်က သည်လောက် အရှက်မရှိစွာ ပြုမူလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပါ။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
နတ်ဆိုးနဂါးက သူ့ပါးစပ်မှ သွားရည်များကို သုတ်လိုက်ရင်း တစ်ခုခု ပြောရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် အရိုးကွဲမတတ် အေးစက်သော အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
“ဓား ပြန်လာခဲ့စမ်း”
ထိုရိုးစင်းသော စကားနှစ်လုံးက နတ်ဆိုးနဂါးအား ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။ သူ ချက် ဖင်တုန်အောင် ကြောက်လန့်ကာ ချက်ချင်းဆိုသလို ကျန်းရှီမြို့သို့ သုတ်သီးသုတ်ပျာနှင့် ပြန်ပြေးသွားသည်။
#Zawgyi
စာစဥ္ (25) CHAPTER (368) ဓား၊ ျပန္လာခဲ့
“ရတနာေတြ၊ စၾကဝဠာသုံး ဒဂၤါးေတြက ငါ့ကို ႏႈတ္ဆက္ဖို႔ ေစာင့္ေနတာကို ငါ ျမင္ေနရၿပီကြ”
“ဟားဟား … ပြတာပဲေဟ့”
နတ္ဘုရား ဆရာသခင္အဆင့္ ႏွစ္ေယာက္က က်န္းရွီၿမိဳ႕သို႔ ဦးတည္ကာ ဆင္းသက္လာသည္။
သူတို႔က က်န္းရွီၿမိဳ႕မွ သိုင္းပညာရွင္မ်ားအား စူးစူးရဲရဲ စိုက္ၾကည့္ေနၾကသည္။
“ပု႐ြက္ဆိတ္ေတြ၊ ေဝးေဝးသြားၾကစမ္း”
နတ္ဘုရား ဆရာသခင္အဆင့္ ႏွစ္ေယာက္က သူတို႔ လက္ဖဝါးမ်ားကို ဝင့္၍ က်န္းရွီၿမိဳ႕သားမ်ားကို သတ္ရန္ ႀကံ႐ြယ္လာသည္။
ထူးဆန္းသည္က မည္သည့္ ၿမိဳ႕သူၿမိဳ႕သားကမွ ေၾကာက္လန႔္ေနပုံ မရေပ။ သူတို႔အားလုံးက နတ္ဘုရား ဆရာသခင္အဆင့္ မုဆိုးႏွစ္ေယာက္အား ေသလူမ်ားသဖြယ္ မွတ္ယူကာ ေလွာင္ရယ္ေနၾကသည္။
*ဘာ*
*ဘာလို႔လဲဟ*
နတ္ဘုရား ဆရာသခင္ အဆင့္ႏွစ္ေယာက္လုံး မ်က္ေမွာင္ၾကဳတ္မိသြားသည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး တိုက္ကြက္ မေဖာ္ထုတ္ခင္မွာပင္ အလြန္ က်ယ္ေလာင္လွေသာ ေပါက္ကြဲသံတစ္ခုကို သူတို႔ ၾကားလိုက္ရသည္။
“မျဖစ္ဘူး”
နတ္ဘုရား ဆရာသခင္အဆင့္ တစ္ေယာက္သည္ အႏၲရာယ္အရိပ္အေငြ႕ပါေသာ ခ်ီဓာတ္မ်ားက သူ႔ကို လႊမ္းၿခဳံလာသလို ခံစားမိသျဖင့္ ထိတ္လန႔္သြားသည္။
ထို႔ေနာက္ သူ တတ္ႏိုင္သမွ် ျမန္ျမန္ ေရွာင္ရွားရန္ ႀကံစည္လိုက္သည္။ သို႔ရာတြင္ ေသမင္း အေငြ႕အသက္က သူထင္တာထက္ ပိုလ်င္ျမန္စြာ ေရာက္ရွိလာသည္။
႐ႊစ္!
ဓားက်ိဳးတစ္လက္က တေစၦကဲ့သို႔ ေပၚထြက္လာသည္။ ထိုဓားသည္ အလြန္ ထက္ရွလွသျဖင့္ နတ္ဘုရားဆရာသခင္အဆင့္၏ ရင္ဘတ္ကို ခ်က္ခ်င္း ထုတ္ခ်င္းေဖာက္သြားၿပီး ေသြးမ်ားက ေလထဲ ပန္းထြက္လာသည္။
ထိုနတ္ဘုရား ဆရာသခင္အဆင့္၏ ခႏၶာကိုယ္သည္ ထိတ္လန႔္ေနေသာ မ်က္ႏွာႏွင့္အတူ ႐ုတ္ခ်ည္း ေတာင့္တင္းသြားသည္။
သို႔ေသာ္ တိုက္ခိုက္မႈက မၿပီးေသးေပ။ ေအးစက္စက္ အလင္းတန္းတစ္ခ်က္ ျဖတ္ေျပးသြားၿပီးေနာက္ ေနာက္ထပ္ ကမာၻျခား မုဆိုးသည္ ဘာေတြ ျဖစ္သြားသလဲဆိုတာကို သတိမထားမိခင္မွာပင္ တုန္ယင္သြားရသည္။
႐ႊစ္!
ေသြးစက္မ်ားက သူ႔လည္ပင္းမွ ပန္းထြက္လို႔လာသည္။ ထို႔ေနာက္ ေသြးမ်ား ပန္းထြက္လာၿပီးေနာက္တြင္ ထိတ္လန႔္၍ မယုံသကၤာျဖစ္ေနေသာ မ်က္ႏွာထားႏွင့္ သူ၏ ဦးေခါင္းသည္ ေျမႀကီးေပၚသို႔ ျဖည္းညင္းစြာ ျပဳတ္က်လာသည္။
ဘုန္းခနဲ အသံႏွင့္အတူ နတ္ဘုရား ဆရာသခင္အဆင့္ ႏွစ္ေယာက္၏ အေလာင္းမ်ားက ေျမႀကီးေပၚသို႔ ျပဳတ္က်လာသျဖင့္ ဖုန္တေထာင္းေထာင္းထသြားရသည္။
တိတ္ဆိတ္ျခင္း။
ယခုအခ်ိန္တြင္ သူတို႔အေလာင္းမ်ား၏ ေဘးပတ္ဝန္းက်င္သည္ အလြန္ ေအးစက္လို႔ေနသည္။ အျခားသူမ်ားသည္လည္း နားေဝတိမ္ေတာင္ ျဖစ္ေနၾကသည္။
လူတိုင္းက က်န္းရွီၿမိဳ႕မွ လမ္းေပၚရွိ အေလာင္းႏွစ္ေလာင္းကို ထိတ္လန႔္တၾကားၾကည့္၍ သူတို႔ ထင္ေယာင္ထင္မွား ျဖစ္ေနသလားဟု ထင္မွတ္ေနၾက၏။
ဂလု!
စစ္သေဘၤာတြင္းမွ လူသား သိုင္းပညာရွင္တစ္ေယာက္သည္ တံေတြးကို မနည္းမ်ိဳခ်၍ သူ႔ေဘးမွ သိုင္းပညာရွင္ကို ဇေဝဇဝါျဖင့္ ေျပာလိုက္သည္။
“ဆြဲဆိတ္ … ငါ့ကို ဆြဲဆိတ္စမ္းပါ။ ငါ ပုံရိပ္ေယာင္ထဲ ပိတ္မိေနတာမလား။ ငါ ေရတိမ္ျဖစ္ေနတာမ်ားလား”
သူ၏ ေတာင္းဆိုမႈေၾကာင့္ ေဘးမွ သိုင္းပညာရွင္သည္ ခ်က္ခ်င္း သုန္မႈန္သြားသည္။
“မဟုတ္ဘူး၊ မဟုတ္ဘူး။ ငါ မ်က္စိအတြင္းတိမ္ ျဖစ္ေနတာ ျဖစ္မယ္။ ငါ ေသခ်ာ မျမင္လိုက္ရဘူး”
လင္းဒီေလာ့ဖ္ႏွင့္ အျခားေကာင္းကင္နတ္ဘုရားအဆင့္ ႏွစ္ေယာက္လုံးသည္လည္း ဇေဝဇဝါ ျဖစ္ေနသည္။
*သူတို႔ ေသသြားတာလား*
*သူတို႔ကို ဘယ္လိုအရာမ်ိဳးက သတ္သြားတာလဲ*
လင္းဒီေလာ့ဖ္ မ်က္ခုံး တလႈပ္လႈပ္ ျဖစ္ေနသည္။ ယခုေလးတင္ လ်င္ျမန္ေသာ ေအးစက္စက္ အလင္းတန္းႏွစ္ခု ျဖတ္သြားသည္ကို သူ ျမင္လိုက္ရသည္။
“အဲ့ဒါ ဓားက်ိဳးတစ္လက္ပဲ”
ထိုစဥ္ သူေတာင္းစားအိုႀကီးက ေျပာလာသည္။
ေတာက္! ေတာက္!
အျခားသူမ်ား ၾကည့္ေနစဥ္ သူေတာင္းစားအိုႀကီးသည္ မယုံႏိုင္ဖြယ္ တစ္ခုခုကို ျမင္ေတြ႕လိုက္ရသကဲ့သို႔ နဖူးအလယ္တည့္တည့္မွ ေခြၽးမ်ား စီးက်လာသည္။
ထို႔အျပင္ စစ္သေဘၤာ အျပင္ဘက္မွ ကမာၻျခား မုဆိုးမ်ားၾကား၌ ပြက္ေလာ႐ိုက္လာသည္။
“ေဆဆာ”
“ေလာ္ရီတာ”
ထို႔အျပင္ အျခား ကမာၻျခား မုဆိုး ဆယ့္ရွစ္ေယာက္လုံး လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာၾကသည္။ သူတို႔အားလုံး ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ကာ ေဒါသထြက္ေနၾကသည္။
ေခလန္ေတာင္မွ အလြန္ ေဒါသထြက္လို႔ေနသည္။
“မျဖစ္ႏိုင္ဘူး”
ေကာင္းကင္အလင္းသခင္သည္လည္း ထိတ္လန႔္တုန္လႈပ္လို႔ေနသည္။
“သူတို႔က နတ္ဘုရား ဆရာသခင္အဆင့္ေတြေလ၊ အံ့ဩဖို႔ေကာင္းလိုက္တာ …”
ေကာင္းကင္အလင္းသခင္ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္၅ေကာင္းကင္အလင္းသခင္ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနသည္။
နတ္ဘုရား ဆရာသခင္အဆင့္မ်ားသည္ သူ႔ကဲ့သို႔ သန္မာလွသည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး စကၠန႔္ပိုင္းအတြင္း အသတ္ခံလိုက္ရေလၿပီ။
*ဒါ… လုံးဝ မျဖစ္ႏိုင္ဘူး*
အျခားသူမ်ား တိတ္ဆိတ္ေနၾကစဥ္တြင္ ေနာက္ထပ္ ေပါက္ကြဲသံတစ္ခုကို သူတို႔ ၾကားလိုက္ရသည္။
“အဲ့ဓားက်ိဳးပဲ လာျပန္ၿပီ”
ထိုစဥ္ က်န္ရွိေနေသာ ကမာၻျခား မုဆိုးမ်ား ၾကည့္ေနစဥ္မွာပင္ ဓားက်ိဳးက စစ္သေဘၤာထံသို႔ ဝဲပ်ံလာသည္။
“ခ်ီးပဲ အဲ့ဒါက ဖ်က္စီးၾက”
ကမာၻျခား မုဆိုးမ်ားအားလုံး ခ်က္ခ်င္း ေသြးဆာေနေသာ မ်က္လုံးမ်ားျဖင့္ ဓားက်ိဳးထံသို႔ ေျပးဝင္သြားၾကသည္။
“ရပ္လိုက္”
ဤျမင္ကြင္းကို ၾကည့္ၿပီး ေခလန္ ေၾကာက္လန႔္သြားသည္။ သူ သူတို႔အား တားဆီးခ်င္ေသာ္လည္း ေနာက္က်သြားေခ်ၿပီ။
႐ႊစ္! ႐ႊစ္! ႐ႊစ္!
ကမာၻေျမသားမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ဓားက်ိဳးက ကမာၻျခား မုဆိုးမ်ားအဖြဲ႕ထဲသို႔ လွ်ပ္စီးကဲ့သို႔ ဝဲပ်ံလာၿပီး တစ္ေယာက္ၿပီး တစ္ေယာက္ ေသြးမ်ား ပန္းထြက္လာ၏။
မၾကာခင္မွာပင္ ကမာၻျခား မုဆိုးတစ္ေယာက္ ေျမႀကီးေပၚ ျပဳတ္က်သြားသည္။
ထို႔ေနာက္ ဒုတိယေျမာက္တစ္ေယာက္။
တတိယေျမာက္တစ္ေယာက္။
စတုတၳေျမာက္တစ္ေယာက္။

ဓားက်ိဳးက လူေလးေယာက္ကို စကၠန႔္ပိုင္းအတြင္း သတ္ပစ္လိုက္သည္။ ဤသို႔ ေသြးသံတရဲရဲႏွင့္ ျမင္ကြင္းက အျခားသူမ်ားက ၾကက္သီး တျဖန္းျဖန္း ထသြားေစသည္။
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူး*
ဘယ္သူမွ် ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ၊ အထူးသျဖင့္ ေခလန္ပင္။
ကမာၻျခား မုဆိုးမ်ား တစ္ေယာက္ၿပီး တစ္ေယာက္ ေျမႀကီးေပၚ ျပဳတ္က်သြားသည္ကို ၾကည့္ရင္း ေခလန္၏ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာ၏။
ဒုန္း!
ထိုအသံႏွင့္အတူ အေလာင္းေလးေလာင္းက က်န္းရွီၿမိဳ႕၏ လမ္းမထက္သို႔ ျပဳတ္က်လာသည္။
ကမာၻျခား မုဆိုး ေျခာက္ေယာက္၏ အေလာင္းမ်ားက ေျမႀကီးေပၚ၌ တည္ရွိလို႔ေနသည္။
ေခ်ာက္ခ်ားဖြယ္ေကာင္းလွသည္။
ကမာၻေျမသားမ်ား ေၾကာက္လန႔္လာၾကသည္။ ေခလန္ေတာင္မွ ထိတ္လန႔္ကာ ေခြၽးစို႔လာ၏။
သူ႔ေခါင္းထက္၌ ဝီေခၚေနေသာ ဓားပ်ံေပၚမွ ထူးဆန္းေသာ စာလုံးမ်ားကို သူ ျမင္လိုက္၇သည္။ ေခလန္ အလြန္ ေၾကာင္အသြားသည္။
“ေကာင္းကင္လက္နက္”
“ဒါ … မျဖစ္ႏိုင္လိုက္တာ”
လက္နက္မ်ားသည္ လက္ရွိေခတ္၌ ေရွးပစၥည္းမ်ားႏွင့္ အလြန္ ကြဲျပားျခားနားသည္။
အထြတ္အျမတ္ထားေသာ ေရွးပစၥည္းမ်ားႏွင့္ ေမွာ္ဝင္ပစၥည္းမ်ားရွိ စိတ္ဝိညာဥ္မ်ားသည္ ေသဆုံးလုနီးပါး ျဖစ္ေနကာ ၾကာရွည္ မတည္ရွိႏိုင္ေပ။
ထို႔ေၾကာင့္ အထြတ္အျမတ္ထားေသာ ေရွးပစၥည္းမ်ားႏွင့္ ေမွာ္ဝင္ပစၥည္းမ်ားသည္ အင္အား အကန႔္အသတ္ ရွိသည္။
သို႔ေသာ္ လက္နက္မ်ားသည္ အလြန္ ျခားနားသည္။ လက္နက္မ်ားသည္ သက္ရွိစိတ္ဝိညာဥ္မ်ား မရွိဘဲ အင္အားမႀကီးႏိုင္ပါ။
လက္နက္မ်ားကို စိတ္ဝိညာဥ္မ်ားက ထိန္းခ်ဳပ္ထားသည္။ လုံးဝကို အသက္ရွိေနေသးေသာ စိတ္ဝိညာဥ္မ်ားပင္။
ေကာင္းကင္လက္နက္မ်ားမွာမူ အလြန္ အင္အားႀကီးေသာ ဂေရးကလန္ေတာင္မွ ပိုင္ဆိုင္ရန္ ခဲယဥ္းလွသည္။
ဤမွ် ထိတ္လန႔္ဖြယ္ေကာင္းေသာ လက္နက္ကို ဘာမဟုတ္ေသာ ၿဂိဳဟ္ေလး၌ ေတြ႕ရလိမ့္မည္ဟု သူ ထင္မထားခဲ့ပါ။
သို႔ေသာ္ ပြဲကား မၿပီးေသးေပ။
ေလတိုးသံႏွင့္အတူ ဓားက်ိဳးက ႐ုတ္တရက္ ကမာၻျခား စစ္သေဘၤာေရွ႕ေမွာက္ ေရာက္လာသည္။ ထို႔ေနာက္ ၎မွ အနက္ေရာင္ခ်ီဓာတ္မ်ား ထြက္ေပၚလာၿပီး အနက္ေရာင္ နဂါးဦးေခါင္းက ေလထဲ ေပၚလာသည္။
နတ္ဆိုးနဂါး၏ မ်က္ႏွာသည္ ရာဂစိတ္ေၾကာင့္ သြားရည္တျမားျမား ျဖစ္ေနၿပီး ေျခတို၊ အေမြးဖြား၍ ႏွာေခါင္းျပား ေခြးငယ္တစ္ေကာင္ႏွင့္ တူေနသည္၊ ထိုစည္ သူက စစ္သေဘၤာကို ၾကည့္၍ ေအာ္ႀကီးဟစ္က်ယ္ ေျပာလာသည္။
“နဂါးမယ္ေလး၊ ငါ မင္းကို ေတာ္ေတာ္ေလး ရွာလိုက္ရတယ္ကြာ။ ငါ ေန႔တိုင္းညတိုင္း မင္းရဲ႕ ရနံ႔ကို အနံ႔ခံၿပီး မာစတာဘိတ္ေနရတယ္။ အဲ့ဒါေၾကာင့္ ငါ့မ်က္ႏွာက မ်က္တြင္းေတြ ေခ်ာင္ၿပီး သနားဖို႔ေကာင္းလာၿပီ”
“ငါ့မွာ အေတာ္ေလး အထီးက်န္ေနရတယ္”
နတ္ဆိုးနဂါး၏ ညစ္တီးညစ္ပတ္ စကားမ်ားကို ၾကားလိုက္ရသျဖင့္ အျခားသူမ်ား စိတ္ထဲ အူေၾကာင္ေၾကာင္ ျဖစ္သြားသည္။
သူတို႔ ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ ေကာင္းကင္လက္နက္ထဲ၌ ဤမွ် ညစ္ညမ္းေသာ စိတ္ဝိညာဥ္မ်ိဳး ရွိေနလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားမိၾကပါ။
*ေသာက္က်ိဳးနည္း*
အျခားသူမ်ား က်ယ္ေလာင္စြာ ဆဲဆိုခ်င္ေနၾကသည္၊ အထူးသျဖင့္ အနက္ေရာင္ နဂါးဘုရင္မပင္။
*နဂါးမယ္ေလး ဟုတ္လား*
*ခ်ီးပဲ*
အနက္ေရာင္ နဂါးဘုရင္မသည္ နတ္ဆိုးနဂါးအား တိုက္ခိုက္ခ်င္စိတ္ေတာင္ ေပါက္လာသည္။
နဂါးတစ္ေကာင္က သည္ေလာက္ အရွက္မရွိစြာ ျပဳမူလိမ့္မည္ဟု သူမ ထင္မွတ္မထားခဲ့ပါ။
ရွက္ဖို႔ေကာင္းလိုက္ေလျခင္း။
နတ္ဆိုးနဂါးက သူ႔ပါးစပ္မွ သြားရည္မ်ားကို သုတ္လိုက္ရင္း တစ္ခုခု ေျပာရန္ ျပင္လိုက္သည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ အ႐ိုးကြဲမတတ္ ေအးစက္ေသာ အသံက မိုးၿခိမ္းသံကဲ့သို႔ ထြက္ေပၚလာသည္။
“ဓား ျပန္လာခဲ့စမ္း”
ထို႐ိုးစင္းေသာ စကားႏွစ္လုံးက နတ္ဆိုးနဂါးအား ခ်က္ခ်င္း တုန္လႈပ္သြားေစခဲ့သည္။ သူ ခ်က္ ဖင္တုန္ေအာင္ ေၾကာက္လန႔္ကာ ခ်က္ခ်င္းဆိုသလို က်န္းရွီၿမိဳ႕သို႔ သုတ္သီးသုတ္ပ်ာႏွင့္ ျပန္ေျပးသြားသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now